10th NOV 2023 - Evening Daily News by Radio NUG


၂၀၂၃ နိုဝင်ဘာလ ၁၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အိမ်ပြန်လမ်းခရီးဟာ နီးနေပြီဖြစ်တာကြောင့် ရှိသမျှ အင်အားနဲ့ အစွမ်းကုန်ကြိုးစားကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်းပြောကြား

📌 ၂။ NUG အစိုးရနဲ့ ပိုမိုလက်တွဲလုပ်ဆောင်ဖို့အပါအဝင် စိုးမိုးနယ်မြေတွေဆီ အကူအညီတွေကို တိုက်ရိုက်ပေးပို့ဖို့ ကနေဒါအစိုးရကို ကနေဒါပါလီမာန်အမတ်များ စာပေးပို့

📌 ၃။ အပြည်ပြည်ဆိုင်ရာတရားရုံး၊ တရားသူကြီးနေရာများအတွက် ရွေးကောက်ပွဲကျင်းပရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပါဝင်မဲပေးခဲ့

📌 ၄။ ကောလင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၅၀) ဦးခန့် သေဆုံးပြီး လက်နက်ချ အညံ့ခံသူ စစ်သုံ့ပန်း (၂၁) ဦး ရှိ

📌 ၅။ မကွေးတိုင်းမှာ  အကြမ်းဖက်စစ်အုပ်စုကြောင့် စုစုပေါင်း (၈၈) ဦး သေဆုံးခဲ့ပြီး (၃၂) ဦးမှာ နည်းမျိုးစုံဖြင့် သတ်ဖြတ်ခံခဲ့ရ

📌 ၆။ ထီးချိုင့်မြို့ထဲကို အကြမ်းဖက်စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

📌 ၇။ စကစ စစ်ကြောင်း ဝင်ရောက်တပ်စွဲထားသော ဒီပဲယင်းမြို့ရှိ စကစ အထိုင်စခန်းအား ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်

📌 ၈။ "၁၁၁၁" နေ့ အကြို လှုပ်ရှားမှုအဖြစ် တလှိုင်းပြီး တလှိုင်းလာမယ် ဘန်နာစာတန်း ရန်ကုန်မြို့ တနေရာမှာ ရေဘဝဲအဖွဲ့ ချိတ်ဆွဲ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အိမ်ပြန်လမ်းခရီးဟာ နီးနေပြီဖြစ်တာကြောင့် ရှိသမျှ အင်အားနဲ့ အစွမ်းကုန်ကြိုးစားကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်းပြောကြား


နိူဝင်ဘာလ () ရက်နေ့က ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလိုဆိုပါတယ်။

"ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးတွေနဲ့ ကရင်နီဒေသက ၁၁၀၇ စစ်ဆင်ရေးကိုကြည့်ရင် တချို့တပ်ရင်းတွေဆိုရင် အားစိုက်ပြီး မတိုက်ခိုက်ရဘဲ အလွယ်တကူ သိမ်းနိုင်တာ၊ တချို့ဆို တပ်ရင်းလိုက် အလင်းဝင်လာ တာတွေကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါတွေကို သုံးသပ်ကြည့် လိုက်မယ်ဆိုရင် ပြည်သူ့နွေဦးတော်လှန်ရေးဟာ ဘယ်လောက်ထိ အားကောင်း နေပြီး စစ်ကောင်စီ အနေနဲ့ ဘယ်လောက်အထိ အင်အားချိနဲ့နေပြီလဲဆိုတာကို မျက်ဝါးထင်ထင် တွေ့ကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့် လာမယ့်ကာလများမှာတော့ အိမ်ပြန်လမ်းခရီးဟာ နီးနေပြီဖြစ်တာကြောင့် ရှိသမျှ အင်အားနဲ့ အစွမ်းကုန်ကြိုးစားကြပါလို့ တိုက်တွန်းသလိုပဲ ရှေ့လျှောက် ကျွန်တော်တို့ ကော်မတီဟာ အလုပ်တွေ အင်မတန်များပြားတော့မှာ ဖြစ်တာကြောင့် အင်အားသစ်များ မွေးထားကြဖို့လိုအပ်ပါတယ်" လို့ ဆိုပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုဟာ မြောင်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအပြင် နိုဝင်ဘာလ () ရက်နေ့ ကရင်နီဒေသ မယ့်စဲ့မှ ာစတင်လိုက်တဲ့ ၁၁၀၇ စစ်ဆင်ရေးကိုပါ ရင်ဆိုင်နေရပါတယ်။


========================


📌📌 ၂။ NUG အစိုးရနဲ့ ပိုမိုလက်တွဲလုပ်ဆောင်ဖို့အပါအဝင် စိုးမိုးနယ်မြေတွေဆီ အကူအညီတွေကို တိုက်ရိုက်ပေးပို့ဖို့ ကနေဒါအစိုးရကို ကနေဒါပါလီမာန်အမတ်များ စာပေးပို့


ဒီအကြောင်းအရာနှင့် ပတ်သက်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက နိုဝင်ဘာလ (၁၀) ရက်မှာ အခုလိုအသိပေးဆိုပါတယ်။

"ကနေဒါ ပါလီမန်က မြန်မာ့မိတ်ဆွေပါလီမန်အမတ်များကနေ တရားဝင်အစိုးရဖြစ်တဲ့ NUG အစိုးရနဲ့ ပိုမိုလက်တွဲလုပ်ဆောင်ဖို့၊ စိုးမိုးနယ်မြေတွေဆီ အကူအညီတွေကို တိုက်ရိုက်ပေးပို့ဖို့၊ ဆက်သွယ်ရေးနည်းအကူအညီအပါအဝင် တခြားအကူအညီတွေပေးဖို့ တောင်းဆိုတဲ့စာကို ကနေဒါအစိုးရဆီကို ဒီနေ့ ပေးပို့လိုက်ပါတယ်" လို့ ဝန်ကြီးက ဆိုပါတယ်။

တင်ပြတိုက်တွန်းချက်တွေကို အလေးထားပြီး ကနေဒါနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာမူဝါဒတွေ ပိုမိုတိုးတက်လာဖို့ ဝိုင်းဝန်းကြိုးပမ်းပေးကြတဲ့ အမတ်များကို မြန်မာပြည်သူများကိုယ်စား အထူးကျေးဇူးတင်ပါတယ်လို့ ဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးနှင့် အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် တို့သည်  Parliamentarian Friends of Democratic Burma အဖွဲ့၏ လွှတ်တော်အမတ်များအပါအဝင် မြန်မာ့အရေးကို တက်ကြွစွာလှုပ်ရှားနေသော ကနေဒါလွှတ်တော်အမတ်များနှင့် အောက်တိုဘာ ၂၅ ရက်နေ့က ပါလီမန်အဆောက်အအုံတွင်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။


========================


📌📌 ၃။ အပြည်ပြည်ဆိုင်ရာတရားရုံး၊ တရားသူကြီးနေရာများအတွက် ရွေးကောက်ပွဲကျင်းပရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပါဝင်မဲပေးခဲ့


နိုဝင်ဘာလ () ရက်နေ့က ကျင်းပတဲ့ (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ မျက်နှာစုံညီအစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာတရားရုံး၊ တရားသူကြီးနေရာများအတွက် ရွေးကောက်ပွဲကျင်းပပြုလုပ်ရာမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပါဝင်မဲပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice – ICJ) တွင် လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသော တရားသူကြီး (၁၅) ဦးအနက် အမေရိကန်ပြည်ထောင်စုမှ Judge Joan E. Donoghue သြစတြေးလျနိုင်ငံမှ Judge Hilary Charlesworth ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Judge Kirill Gevorgian မော်ရိုကိုနိုင်ငံမှ Judge Mohamed Bennouna နှင့် ဂျမေကာနိုင်ငံမှ Judge Patrick Lipton Robinson တို့ () ဦးသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ () ရက်တွင် ၎င်းတို့၏ ရာထူးသက်တမ်းများ ကုန်ဆုံးမည်ဖြစ်သောကြောင့် -၁၁-၂၀၂၃ ရက်နေ့တွင် ပြုလုပ်သည့် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၃၁) ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးတွင် အဆိုပါတရားရုံး၌ လစ်လပ်ရန်ရှိသော တရားသူကြီးနေရာများအတွက် ရွေးကောက်ပွဲ ကျင်းပခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းပါ ပါဝင်၍ မဲပေးရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး၌ လစ်လပ်မည့် တရားသူကြီး () နေရာအတွက် ဇမ်ဘီယာနိုင်ငံမှ ပါမောက္ခ Chaloka Beyani အီဂျစ်နိုင်ငံမှ H.E. Mr. Ahmed Amin Fathalla ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှ တရားသူကြီး Antoine Kesia-Mbe Mindua တောင်အာဖရိကနိုင်ငံမှ ပါမောက္ခ Dire Tladi ရိုမေးနီးယားနိုင်ငံမှ ပါမောက္ခ Bogdan-Lucian Aurescu မက္ကဆီကိုနိုင်ငံမှ H.E. Mr. Juan Manuel Gómez Robledo Verduzco အမေရိကန်ပြည်ထောင်စုမှ ပါမောက္ခ Sarah Hull Cleveland တို့က အသစ်ပါဝင်၍လည်းကောင်း၊ သြစတြေးလျနိုင်ငံမှ တရားသူကြီး Hilary Charlesworth နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ တရားသူကြီး Kirill Gevorgian တို့က ပြန်လည်ရွေးကောက်ခံ၍ လည်းကောင်း အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။


========================


📌📌 ၄။ ကောလင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၅၀) ဦးခန့် သေဆုံးပြီး လက်နက်ချ အညံ့ခံသူ စစ်သုံ့ပန်း (၂၁) ဦး ရှိ


အဆိုပါသတင်းနှင့် ပတ်သက်ပြီး နိုဝင်ဘာလ () ရက်နေ့ ညပိုင်းမှာ အမှတ် () စစ်ဒေသ စစ်ဦးစီးရုံးက အခုလို အသိပေးထုတ်ပြန်ပါတယ်။

"စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့ (ခရိုင်ရုံးစိုက်ရာမြို့) အား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်သူ့ကာကွယ်ရေးဝန်ကြီးဌာန (MOD) အမှတ် () စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့မှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ () ရက်နေ့ မနက် () နာရီမှ နိုဝင်ဘာလ () ရက်နေ့ ညနေ () နာရီအထိ () ရက်ကြာ တိုက်ခိုက်ပြီး အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပါတယ်" လို့ဆိုပါတယ်။

ကောလင်းမြို့အတွင်း စစ်ကောင်စီတပ်များ အဓိက အခြေချနေရာများဖြစ်သည့် ဒု-ဗမက သက်ပိုင်မြင့် ဦးစီးသည့် ခမရ-၃၆၉၊ အင်အား (၅၇) ဦးရှိ အထက်တန်းကျောင်း၊ ဒု-ဗမက သိန်းဇော်လင်း ဦးစီးသည့် ခမရ (၁၁၁၊ ၁၂၀) အင်အား (၄၀) ခန့်ရှိ အထွေထွေအုပ်ချုပ်ရေးရုံး၊ ဒု-ရဲမှူး သန်းလွင် (မြို့နယ်မှူး) ဦးစီးသည့် ရဲအင်အား (၆၆) ဦးရှိ ရဲစခန်း၊ ရွှေနွယ်ဖြိုး လက်ဖက်ရည်ဆိုင်နှင့် မီးရထားဘူတာတို့အား အမှတ် () စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ကောလင်းခရိုင် ကွပ်ကဲရေးရုံး၊ ကောလင်းခရိုင် အမှတ် (၁၊ ) တပ်ရင်း၊ စစ်ကိုင်းတိုင်း ပကဖ၊ ကောလင်းခရိုင်/မြို့နယ် ပကဖနှင့် Federal Wings ပူးပေါင်းအဖွဲ့တို့မှ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဖြတ်တောက်ရေးအနေဖြင့် ကောလင်းခရိုင် အမှတ် (၃၊ ) တပ်ရင်းနှင့် ဝန်းသိုမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ တာဝန်ယူဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။

ထို () ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီမှ ကောလင်းမြို့သို့ တံတားဦးမှ တက်လာသည့် ဂျက်တိုက်လေယာဉ်နှင့် ကန့်ဘလူမြို့ တကရ - ၆၀၀၆မှ တက်လာသည့် Mi-35 ရဟတ်ယာဉ်တို့ဖြင့် လေကြောင်း တိုက်ခိုက်မှုပေါင်း (၄၉) ကြိမ် ပြုလုပ်ခဲ့ပါတယ်။

၎င်းကောလင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၅၀) ဦးခန့် သေဆုံးပြီး လက်နက်ချ အညံ့ခံသူ စစ်သုံ့ပန်း (၂၁) ဦး ရှိခဲ့ပါတယ်။

တော်လှန်ရေးအင်အားစုဘက်မှ ရဲဘော် () ဦး တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ပြီး ရန်သူ့ဘက်မှ လက်နက်ကြီး/ငယ် စုစုပေါင်း (၆၉) လက်၊ Jammer () ခု၊ ခဲယမ်း၊ ကျည်အမြောက်အများနှင့် ရန်သူ့အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။


========================


📌📌 ၅။ မကွေးတိုင်းမှာ  အကြမ်းဖက်စစ်အုပ်စုကြောင့် စုစုပေါင်း (၈၈) ဦး သေဆုံးခဲ့ပြီး (၃၂) ဦးမှာ နည်းမျိုးစုံဖြင့် သတ်ဖြတ်ခံခဲ့ရ


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလ ရက်နေ့အထိ မကွေးတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၉) ဦးနှင့် အမျိုးသား (၆၉) ဦး စုစုပေါင်း (၈၈) ဦး သေဆုံးခဲ့ကြရတယ်လို့ သတင်းရရှိပါတယ်။

အဆိုပါအရေအတွက်၌ စစ်အုပ်စု၏ ဖမ်းဆီးခံရပြီးနောက် နည်းမျိုးစုံဖြင့် သတ်ဖြတ်ခံခဲ့ရသူမှာ (၃၂) ဦးဖြင့် သေဆုံးမှု အများဆုံးဖြစ်တယ်လို့သိရပါတယ်။

နိုဝင်ဘာလ () ရက်နေ့၊ (၁၀) နာရီခန့်အချိန်တွင် မကွေးတိုင်း၊ ပခုက္ကူမြို့၌ တပ်မ (၁၀၁) မှ ထွက်လာသော အင်အား (၁၀၀) ခန့် ပါဝင်သည့် အကြမ်းဖက်စစ်အုပ်စု၏ ယာဉ်လေးစီးသည် ကျောက်ဆောက်ကျေးရွာနှင့် ထန်းငယ်တော့ကျေးရွာအကြား၌ တိုက်ခိုက်ခံခဲ့ရပါတယ်။

နိုဝင်ဘာလ () ရက်နေ့၊ နံနက် () နာရီခန့်အချိန်တွင် မြိုင်မြို့နယ်၊ စီလောင်ကျေးရွာကို စစ်အုပ်စုက ဝင်ရောက်စီးနင်း၍ မီးရှို့ခဲ့သောကြောင့် နေအိမ်နှင့်အတူ ဒေါ်တင်ကြည်မှာ မီးရှို့သတ်ဖြတ်ခံခဲ့ရပြီး သေဆုံးခဲ့ရတယ်လို့ သိရှိရပါတယ်။


========================


📌📌 ၆။ ထီးချိုင့်မြို့ထဲကို အကြမ်းဖက်စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်


နိုဝင်ဘာလ (၁၀) ရက်၊ မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ထဲကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တယ်လို့ ထီးချိုင့် TR Team က အတည်ပြုပါတယ်။

"မနက် (၁၀) နာရီ၊ (၄၈) မိနစ် အချိန်တွင် မြစ်ကြီးနားဆင်း ဂျက်ဖိုက်တာ() စီး ဖြင့် စကစက ထီးချိုင့်မြို့ထဲ ဗုန်းကြဲတိုက်ခိုက်ပါတယ်။ (၁၁:၀၉) အချိန်တွင် တံတားဦးက တက်လာသော ဂျက်ဖိုက်တာ () စီးဖြင့် ထီးချိုင့်မြို့ထဲ ဗုန်းကြဲတိုက်ခိုက်ပါတယ်" လို့ ဆိုပါတယ်။

လတ်တလောမှာ ထီးချိုင့်အတွင်း ထိတွေ့တိုက်ပွဲများလည်းရှိနေပြီး စကစဟာ ကောလင်း၊ ခမ်းပတ်မြို့များကိုလည်းလက်လွှတ်ခဲ့ရပါတယ်။


========================


📌📌 ၇။ စကစ စစ်ကြောင်း ဝင်ရောက်တပ်စွဲထားသော ဒီပဲယင်းမြို့ရှိ စကစ အထိုင်စခန်းအား ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်


နိုဝင်ဘာလ (၁၀) ရက်မှာ အဆိုပါစစ်ရေးသတင်းကို ရွှေဘိုခရိုင်အမှတ် (၁၄) တပ်ရင်းက အတည်ပြုဆိုပါတယ်။

"နိုဝင်ဘာလ () ရက် ညနေ (:၂၅) အချိန်တွင် အကြမ်းဖက် စကစစစ်ကြောင်း ဝင်ရောက်တပ်စွဲထားသော ဒီပဲယင်းမြို့ ပုပ်ပါရုံအား ရွှေဘိုခရိုင် အမှတ် (၁၄) တပ်ရင်း ရေဦး PDF ရေဦး ပကဖ Sagaing Federal Wings စစ်ကိုင်းခရိုင်ပကဖ GTR (မြင်းမူ) စစ်ကိုင်းခရိုင်အမှတ်() တပ်ရင်း (MRA) တို့ပူးပေါင်း၍ ဒရုန်းများဖြင့် ဗုံးသီး (၁၆) လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်" လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စကစတပ်သား ()ဦး သေဆုံး၍ အထိအခိုက်အများအပြားရှိကြောင်းလည်း သိရပါတယ်။ 

အဆိုပါ စစ်ကြောင်းမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့များမှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။


========================


📌📌 ၈။ "၁၁၁၁" နေ့ အကြို လှုပ်ရှားမှုအဖြစ် တလှိုင်းပြီး တလှိုင်းလာမယ် ဘန်နာစာတန်း ရန်ကုန်မြို့ တနေရာမှာ ရေဘဝဲအဖွဲ့ ချိတ်ဆွဲ 


"၁၁၁၁" နေ့ အကြို လှုပ်ရှားမှုအဖြစ် တလှိုင်းပြီး တလှိုင်းလာမယ် ဘန်နာစာတန်းကို နိုဝင်ဘာလ (၁၀) ရက်နေ့ မနက်ပိုင်းမှာ  ရေဘဝဲ (ပြည်သူ့အကျိူးပြု လူငယ်အဖွဲ့အစည်း) က ရန်ကုန်မြို့တနေရာမှာ ချိတ်ဆွဲလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့တွင် ရေဘဝဲ (ပြည်သူ့အကျိူးပြု လူငယ်အဖွဲ့အစည်း)မှ "တလှိုင်းပြီး တလှိုင်းလာမယ်" စာတန်းအား ချိတ်ဆွဲ၍ ရန်ကုန်လူထုနှင့်အတူ ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲလျက်ရှိသော ညီနောင်မဟာမိတ် () ဖွဲ့ အပါအဝင် ဟန်ချက်ညီစွာ လှုပ်ရှားနေကြသော တနိုင်လုံးရှိ တော်လှန်ရေးအဖွဲ့အစည်းများနှင့် တသားတည်းရှိနေကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုများဟာ မြန်မာနိုင်ငံအနှံ့အပြားမှာ လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment