စစ်ဘေးရှောင်နေတဲ့ ကျင်စန်းကျော့ကုန်ကားဝင်း လက်နက်ကြီးကျမီးလောင်ပေါက်ကွဲလို့ ကျပ်ငွေ ဘီလီယံ ၄၀နီးပါးဆုံး….
မကြေးမုံ (Radio NUG) နိုဝင်ဘာ ၂၄၊ ၂၀၂၃
တရုတ်နိုင်ငံကတင်သွင်းလာတဲ့ မြန်မာပိုင် အထွေထွေလူသုံးကုန်ပစ္စည်းတွေတင်ဆောင် လာတဲ့ ကာလတန်ဖိုး ကျပ်သိန်းသုံးထောင်နီးပါးတန်ဖိုးရှိ ကုန်အပြည့်ပါတဲ့ ၁၂ဘီးတွဲ ကုန် ကားအစီးရေ ၁၂၈စီးဟာ မနေ့က နိုဝင်ဘာလ ၂၃ရက်နေ့ မနက်ပိုင်း မှာ လက်နက်ကြီးကျ ရောက်ပြီးပေါက်ကွဲလို့ မီးလောင်ပျက်စီးခဲ့ပါတယ်။ ရှမ်းပြည်မြောက် ပိုင်းကတစ်ဆင့် မြေ ပြန့်ကိုဆင်းလာကြမယ့် အဲ့ဒီကုန်ကားတွေဟာ ကျင်စန်းကျော့ 7 ဟွာ ကျင်ကုမ္ပဏီပိုင်ကား ရပ်နားကွင်းထဲမှာ တစ်လနီးပါးပိတ်မိနေခဲ့ပြီး ကားတွေမီးလောင်ချိန် မှာ စစ်ဘေးကြောင့် ဘေးလွတ်ရာပြေးရှောင်နေရတဲ့ ကားဆရာတွေ ပြန်မရောက် လာနိုင်လို့ကုန် တင်ယာဥ် တွေအများအပြားမီးလောင်ပျက်စီးခဲ့ရတာလည်းဖြစ်ပါတယ်။ မီးလောင်ပျက်စီးမှုအခြေ အနေကို မူဆယ်ကုန်ကားပိုင်ရှင်တစ်ဦးကအခုလိုပြောပါတယ်။
“ မီးတော့ငြိမ်သွားပြီအစ်မ၊ ကုန်သွားပြီလေ၊ လောင်လို့ရတဲ့ရာတွေလောင်ကုန်ပြီ လေ ”
စစ်အာဏာရှင်ဟောင်း နေဝင်းလက်ထက်မှာ ပြည်သူပိုင်လုပ်ငန်းတွေကိုသိမ်းယူပြီးတဲ့ နောက် မြန်မာ့လူသုံးကုန်ထုတ်လုပ်တဲ့လုပ်ငန်းတွေပျက်စီးသွားရပြီး တရုတ်နိုင်ငံရဲ့ ထုတ် ကုန်တွေကိုအများအပြားမှီခိုလာရတာဖြစ်ပါတယ်။ 7ဟွာကျင့်ကုန်ကားဝင်းထဲက မီးမ လောင်ပဲ ကျန်ခဲ့တဲ့ ကုန်တွေကိုပြန်သွင်းဖို့ တရုတ်ဘက်ကပြန်ခေါာထားတယ်လို့ ကုန်ကား ပိုင်ရှင် တစ်ဦးကပြောပါတယ်။
“ ဟုတ်တယ်၊ ကုန်တွေပါတယ်၊ အများအားဖြင့်က ကုန်စုံတွေ၊ အမြင့်ကြီးတွေဆို တော့ ဒါမယ့်အခုကတော့ ပြောသံကြားတာက အေးဂျင့်တွေကပြန်ခေါာတယ်၊ အများအား ဖြင့်အခုထွက်လာတဲ့ကုန်တွေ၊ ဒီခွင်ထဲမှာ အထွက်ကုန်တွေ၊ ရွှေလီထဲကနေ တရုတ်ပြည် ကနေ ငါတို့ မြန်မာပြည်ထဲကိုဝင်တဲ့ ကုန်စုံတွေ တော်တော်များများပါတယ်၊ သူတို့က မ နက်ဖြန်နောက်ဆုံးနေနဲ့ ကုန်ပါတဲ့ ကားတွေ ဟိုဘက်ကမ်းကိုပြန်သွင်းဖို့ လက်ခံပေးမယ် လို့လည်း ပြောတယ်။ ၃.၀၂.၆၈ အဲ့ဒါ သူကဘာကုန်တွေ တင်ထားတယ်၊ ကားနံပါတ်ရယ်၊ တဲ့ အေးဂျင့်ကနေပို့ပေးပါတဲ့ အကုန်လုံး ဟိုဘက်ကမ်းကိုပြန်သယ်ခိုင်းတာပေါ့၊ သူတို့က ဟိုဘက်ကမ်းမှာ ပိုစိတ်ချရတယ်ပေါ့၊ တရုတ်ပြည်က အဲ့လိုပြန်ခေါာတယ်အစ်မ ”
လတ်တလောမှာ နယ်စပ်ကုန်သွယ်ရေးစခန်း ၁၈ခုအနက် ကုန်သွယ်မှုတန်ဖိုး အများဆုံး ဖြစ်တဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေးစီးဆင်းရာ လမ်းကြောင်းဖြစ်တဲ့ မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးပိတ်ထားတာ တစ်လနီးပါးကြာမြင့်လာပြီးဖြစ်ပါတယ်။ ကျင်ဆန်း ကျော့ ကုန်ကားဝင်းမီးလောင်ပျက်စီးမှုက တစ်ရက်ထဲတင် ကျပ်ငွေ ဘီလီယံ ၄၀နီးပါးဆုံး ရှုံးရသလို မြောက်ပိုင်းလမ်းကြောတစ်လျှောက်မှာ ပိတ်မိနေတဲ့ တရုတ်အာလူး တင်သွင်း လာတဲ့ ကုန်စိမ်းကားတွေမှာလည်း အပျက်အစီးအဆုံးအရှုံးတွေရှိနေပါတယ်။
No comments:
Post a Comment