24th NOV 2023 - Morning Daily News by Radio NUG


၂၀၂၃ နိုဝင်ဘာလ ၂၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ပြည်ထောင်စုဝန်ကြီးချုပ်တက်ရောက်

📌 ၂။  ကာကွယ်ရေး၀န်ကြီးဌာနအနေနဲ့ (၁၇) ကြိမ်မြောက် တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်အဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များသို့ ခန့်မှန်းအမေရိကန်ဒေါ်လာ 950,000 ကျော် ပေးပို့ခဲ့

📌 ၃။ ဆားလင်းကြီးမြို့နယ်၌ ကျေးရွာတစ်ရွာမှ မီးဘေးသင့် စစ်ဘေးရှောင် ကျောင်းသူကျောင်းသားများအတွက်  အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့ပေးသောပုံနှိပ်စာအုပ်များပေးအပ်ကူညီ

📌 ၄။ အဆုံးသတ်တိုက်ပွဲအတွက်ပြည်သူလူထုမှ ပူးပေါင်းပါဝင်ပေးရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-စစ်ဗျူဟာအမှတ်()ဆို

📌 ၅။ စစ်ကောင်စီတပ်တို့မှ MNDAA သိမ်းပိုက်ထားသော နမ့်စလပ် တောင်ကုန်းစခန်းထဲသို့ ဓာတု (အဆိပ်)ဗုံး ()လုံးလာရောက်ပစ်ခတ်ခဲ့

📌 ၆။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လူသားဒိုင်းကာနှင့် ဓါးစာခံအဖြစ် ပြန်ပေးဆွဲဖမ်းဆီးထားခြင်းခံရသော ပေါက်တော ဒေသခံ တစ်ရာကျော်အား ဒုတိယအသုတ်အဖြစ် ရက္ခိုင့်တပ်တော်AAမှထပ်မံကယ်ထုတ်နိုင်ခဲ့

📌 ၇။ တန့်ဆည်မြို့နယ် ကံထူးမရဲစခန်းမရဲတပ်သားတစ်ဦး လက်နက်နှင့်တကွ ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်း ရေဦး PDF ထံ အလင်းဝင်ရောက်လာ

📌 ၈။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တောင်ငူခရိုင် အမှတ် (၃၅၀၂) မှ ပြည်သူ့စစ်သားနှင့်ရဲ CDM PDF များအတွက် ပြည်သူ့ပန်းတိုင်မှ နိုဝင်ဘာလအတွက် CDM ထောက်ပံ့ချီးမြှင့်ငွေ သိန်းကျပ်စီ ပေးအပ်

📌 ၉။ The Wayရုပ်ရှင်ပြသခြင်းမှရရှိသော ရန်ပုံငွေဘတ်တစ်သိန်းတိတိကို ဝန်ကြီးချုပ်စီမံခန့်ခွဲမှုဖြင့် BPLAသို့ထောက်ပို့ပေးအပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ပြည်ထောင်စုဝန်ကြီးချုပ်တက်ရောက်


နိုဝင်ဘာလ  ၂၃  ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၄၇/၂၀၂၃) ကို နိုဝင်ဘာ၂၃ရက်ကျင်းပခဲ့ပြီး ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၄၆/၂၀၂၃)တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။  ကာကွယ်ရေး၀န်ကြီးဌာနအနေနဲ့ (၁၇) ကြိမ်မြောက် တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်အဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များသို့ ခန့်မှန်းအမေရိကန်ဒေါ်လာ 950,000 ကျော် ပေးပို့ခဲ့


နိုဝင်ဘာလ၂၃ရက်။

ကာကွယ်ရေး၀န်ကြီးဌာန အနေနဲ့ (၁၇) ကြိမ်မြောက် တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်အဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များသို့ ခန့်မှန်းအမေရိကန်ဒေါ်လာ 950,000 ကျော်ပေးပို့ခဲ့တယ်လို့ နိုဝင်ဘာ၂၃ရက်မှာ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRFကအသိပေးချက်အရ သိရှိရပါတယ်။


"ကာကွယ်ရေး၀န်ကြီးဌာန အနေနဲ့ (၁၇) ကြိမ်မြောက် တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်အဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များသို့ ခန့်မှန်းအမေရိကန်ဒေါ်လာ 950,000 ကျော် ပေးပို့ခဲ့ခြင်းဖြစ်ပြီး  PRF ထောက်ပို့တပ်သားများရဲ့ စက်တင်ဘာလအတွင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ ထောက်ပို့ငွေ - ခန့်မှန်းအမေရိကန်ဒေါ်လာ 523,103 ဒေါ်လာကို ထည့်၀င်အသုံးပြုခဲ့ခြင်းဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။


 (၁၇) ကြိမ်မြောက် တပ်ရင်းရိက္ခာနဲ့  အထွေထွေအသုံးစရိတ် ပေးအပ်မှုရဲ့ ၅၅ ရာခိုင်နှုန်းကို PRF ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်မှ ရဲဘော်များက စုပေါင်းတာဝန်ယူနိုင်ခဲ့တာဖြစ်ပါတယ်။


အောက်တိုဘာလအတွင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ ထောက်ပို့ငွေနဲ့ (၁၈) ကြိမ်မြောက် တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစားရိတ်ကို ပို့ပေးလျက်ရှိနေပြီး အသေးစိတ်အချက်အလက်များကို ထပ်မံအစီရင်ခံသွားမှာ ဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၃။ ဆားလင်းကြီးမြို့နယ်၌ ကျေးရွာတစ်ရွာမှ မီးဘေးသင့် စစ်ဘေးရှောင် ကျောင်းသူကျောင်းသားများအတွက်  အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့ပေးသောပုံနှိပ်စာအုပ်များပေးအပ်ကူညီ


နိုဝင်ဘာလ ၂၃ ရက်။

ဆားလင်းကြီးမြို့နယ်၌ ကျေးရွာတစ်ရွာမှ မီးဘေးသင့် စစ်ဘေးရှောင် ကျောင်းသူကျောင်းသားများအတွက်  အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့ပေးသောပုံနှိပ်စာအုပ်များပေးအပ်ကူညီခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရပါတယ်။


စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၌ ကျေးရွာတစ်ရွာမှ မီးဘေးသင့် စစ်ဘေးရှောင် ကျောင်းသူကျောင်းသားများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့ပေးသော လိုအပ်သည့် ပုံနှိပ်စာအုပ်များကို (-၁၁-၂၀၂၃)ရက်နေ့တွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာတာဝန်ခံမှ သွားရောက်၍ ပေးအပ်ခဲ့ပါတယ်။


ထို့နောက်ကျေးရွာတစ်ရွာမှ  ကလေးငယ်များအတွက် နိုဝင်ဘာ၂၂ရက်နေ့တွင်  ကြာဇံဟင်းခါး အာဟာရဒါန တိုက်ကျွေးခဲ့ပါတယ်။


========================


📌📌 ၄။ အဆုံးသတ်တိုက်ပွဲအတွက်ပြည်သူလူထုမှ ပူးပေါင်းပါဝင်ပေးရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-စစ်ဗျူဟာအမှတ်()ဆို


နိုဝင်ဘာလ၂၃ရက်။

အဆုံးသတ်တိုက်ပွဲအတွက် ပြည်သူလူထုမှပူးပေါင်းပါဝင်ပေးရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-စစ်ဗျူဟာအမှတ်()ဆိုပါတယ်။


"ယခုအချိန်သည်နွေဦးတော်လှန်ရေးအတွက် အဆုံးဖြတ်ကာလဖြစ်ကြောင်း ပြည်သူလူထုများအား အသိပေးလိုပါတယ်။ကရင်နီပြည်နယ်တွင် နိုဝင်ဘာလ ၁၁ ရက်နေ့မှစတင်ပြီး (11.11 Operation) ကို ဆင်နွှဲလာခဲ့ရာ ဖယ်ခုံ၊ ပင်လောင်း၊ မိုးဗြဲနှင့် အရှေ့ဘက်ကမ်းဒေသတွင်လည်း တော်လှန်စစ်များ ကြီးထွားလာခဲ့ရပါတယ်။ ဤအဆုံးဖြတ်တိုက်ပွဲကာလ၌ မိမိတို့၏ တော်လှန်ရေးခံယူချက်များကို ပြတ်သားစွာ ပြသနိုင်ကြရန်အတွက် ပြည်သူလူထု တရပ်လုံးကို ဖိတ်ခေါ်ရင်းနွေဦးတော်လှန်ရေးသမိုင်းအား အတူတကွရေးထိုးကြရန် ကျွန်ပ်တို့အနေဖြင့်  လှိုက်လှဲစွာကြိုဆိုပါတယ်။ ပြည်သူလူထုများမှ ကျွန်ပ်တို့ တော်လှန်ရေးတပ်များနှင့် ပူးပေါင်းပါဝင်နိုင်ပါတယ်"လို့ဆိုပါတယ်။


လူထုအနေနဲ့ စစ်ကောင်စီတပ်ဘက်မှ လှုပ်ရှားမှုများကို ပေးပို့ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များမှ ထုတ်ပြန်သော ဘေးကင်းလုံခြုံရေးဆိုင်ရာသတင်းများကို လိုက်နာခြင်း၊ လူငယ်များအနေဖြင့် တော်လှန်ရေးတပ်သားတွင် ပါဝင်ခြင်း၊ ထောက်ပို့ အင်အားဖြင့် လျှို့ဝှက်စွာ ပူးပေါင်းဆောင်ရွက်ခြင်းတို့လုပ်ဆောင်ကြရန်ဆိုထားပါတယ်။ 


========================


📌📌 ၅။ စစ်ကောင်စီတပ်တို့မှ MNDAA သိမ်းပိုက်ထားသော နမ့်စလပ် တောင်ကုန်းစခန်းထဲသို့ ဓာတု (အဆိပ်)ဗုံး ()လုံးလာရောက်ပစ်ခတ်ခဲ့


နိုဝင်ဘာလ၂၃ရက်။

စစ်ကောင်စီတပ်တို့မှ MNDAA သိမ်းပိုက်ထားသော နမ့်စလပ် တောင်ကုန်းစခန်းထဲသို့ ဓာတု (အဆိပ်)ဗုံး ()လုံးလာရောက်ပစ်ခတ်ခဲ့တယ်လို့သတင်းရရှိပါတယ်။


နိုဝင်ဘာလ (၂၃)ရက်နေ့ ညနေ (၁၅း၁၈)နာရီတွင် စစ်ကောင်စီတို့မှ MNDAA သိမ်းပိုက်ထားသော နမ့်စလပ် တောင်ကုန်းစခန်းထဲသို့ ဓာတု (အဆိပ်)ဗုံး ()လုံးလာရောက်ပစ်ခတ်ခဲ့တယ်လို့ The kokangကဖော်ပြပါတယ်။


ထိုသို့ပစ်ခတ်ခြင်းကြောင့် MNDAA တပ်ဖွဲ့တွင်တစ်ချို့ မှ အဆိပ်များရှူမိပြီး ခေါင်းမူးခြင်း၊ အော့အန်ခြင်းများ ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။


၁၀.၂၇ စစ်ဆင်ရေးကာလအတွင်း၌ စစ်ကောင်စီတို့မှ တပ်စခန်း (၂၀၀)နီးပါးနှင့် မြို့နယ် () ခုကို လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့အတွက်ကြောင့် ဓာတုလက်နက်များဆိုင်ရာသဘောတူညီချက်ကို ချိုးဖောက်ပြီး ဓာတုဗုံးများဖြင့် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအပေါ်  () ကြိမ်တိုင်တိုင် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်လို့ဆိုထားပါတယ်။


နိုဝင်ဘာ၁၈ ရက်နေ့တွင် TNLA သိမ်းပိုက်ထားသော တပ်စခန်းတစ်ခုသို့ ဓာတုဗုံးများလာရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် TNLA တပ်ဖွဲ့ဝင်တစ်ဦး အဆိပ်မိခဲ့ရပါတယ်။


ထို့အတူ ၁၄ ရက်နေ့တွင်လည်း TNLA မှ လားရှိုးမြို့နယ် မိုင်းကျက်တပ်စခန်း ဝင်ရောက်သိမ်းပိုက်ချိန်တွင် စစ်ကောင်စီတို့မှ ဓာတုဗုံးများဖြင့် တိုက်ခိုက်ခဲ့ပါသေးတယ်။


========================


📌📌 ၆။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လူသားဒိုင်းကာနှင့် ဓါးစာခံအဖြစ် ပြန်ပေးဆွဲဖမ်းဆီးထားခြင်းခံရသော ပေါက်တော ဒေသခံ တစ်ရာကျော်အား ဒုတိယအသုတ်အဖြစ် ရက္ခိုင့်တပ်တော်AAမှထပ်မံကယ်ထုတ်နိုင်ခဲ့


နိုဝင်ဘာလ (၂၃) ရက်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လူသားဒိုင်းကာနှင့် ဓါးစာခံအဖြစ် ပြန်ပေးဆွဲဖမ်းဆီးထားခြင်းခံရသော ပေါက်တော ဒေသခံ တစ်ရာကျော်အား ဒုတိယအသုတ်အဖြစ် ရက္ခိုင့်တပ်တော်AAမှထပ်မံကယ်ထုတ်နိုင်ခဲ့ပါတယ်။


"နိုဝင်ဘာလ (၂၂) ရက်နေ့တွင်လည်း ရန်သူ့လက်ထဲ ဖမ်းဆီးခံထားရသော ဓါးစားခံများနှင့် မြို့တွင်းရှိ နေအိမ်တချို့ ပုန်းအောင်းနေကြသောသူများ စုစုပေါင်း (၁၀၄) ဦးကို ဒုတိယအသုတ်အနေဖြင့် ထပ်မံကယ်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့အား လုံခြုံစိတ်ချရသောနေရာများသို့ ဆက်လက်ပို့ဆောင်လျက်ရှိတယ်"လို့ဆိုပါတယ်။


ဓားစာခံကယ်တင်ရေး၏ ပထမနေ့တွင် ရန်သူအခြေပြုထားသော နေရာ () နေရာမှ ရန်သူ (၃၀)ကျော်အား ရှင်းလင်းနိုင်ခဲ့ပြီး ဒုတိယနေ့တွင်လည်း ပေါက်တောမြို့တွင်း နေရာ () နေရာမှ ရန်သူ (၁၈) ဦး (မျက်မြင်)အား ထပ်မံရှင်းလင်းနိုင်ခဲ့ကာ ရန်သူဘက်မှ (၁၈) ဦးခန့် ဒဏ်ရာရရှိခဲ့ပါတယ်။ 


တိုက်ပွဲအတွင်း ဒရုန်းစက်များအပါအဝင် ရန်သူ၏လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းတချို့အား ထပ်မံသိမ်းဆည်းရရှိခဲ့ပါတယ်။


စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့တွင် ရဟန်းသံဃာများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးသူငယ်များပါဝင်သော ပေါက်တောမြို့ခံ များအား လူသားဒိုင်းကာနှင့် ဓါးစာခံများအဖြစ် ပြန်ပေးဆွဲ ဖမ်းဆီးထိန်းသိမ်းထားခဲ့ရာ မြို့ခံ ပြည်သူများအား ပြန်ပေးဆွဲဖမ်းဆီးထားပြီး () ရက်မြောက်နေ့ဖြစ်သော နိုဝင်ဘာလ (၂၁) ရက်နေ့တွင် ဓားစာခံများအားလုံးထဲမှ (၁၂၀) ဦးအား ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များမှ ပထမအသုတ် အနေဖြင့် ကယ်ထုတ်နိုင်ခဲ့ပြီး လုံခြုံစိတ်ချရသော နေရာသို့ ပိုဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်။


 ပေါက်တောမြို့အတွင်း လူသားဒိုင်းကာအဖြစ် ပြန်ပေးဆွဲခံထားရကာ ကျန်ရှိနေသေးသော ဓါးစာခံများ အန္တရာယ်ကင်းစွာလွတ်မြောက်နိုင်ရေးအတွက် ဆက်လက် ကြိုးပမ်းနေပြီး တစ်ပြိုင်နက်တည်းတွင် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဆက်လက် သုတ်သင် ရှင်းလင်းလျက်ရှိတယ်လို့ဆိုပါတယ်။


========================


📌📌 ၇။ တန့်ဆည်မြို့နယ် ကံထူးမရဲစခန်းမရဲတပ်သားတစ်ဦး လက်နက်နှင့်တကွ ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်း ရေဦး PDF ထံ အလင်းဝင်ရောက်လာ


နိုဝင်ဘာလ၂၃ရက်။

နိုဝင်ဘာ၉ရက်နေ့မှာ တန့်ဆည်မြို့နယ် ကံထူးမရဲစခန်းမရဲတပ်သားတစ်ဦး လက်နက်နှင့်တကွ ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်း ရေဦး PDF ထံ အလင်းဝင်ရောက်လာခြင်းဖြစ်ပြီး လက်နက်နှင့်အတူကျည်ဆန်များ ပါတစ်ပါတည်းယူဆောင်တယ်လို့သိရပါတယ်။


"အခုဖြစ်နေတာက ဘယ်သူကမှန်နေလဲဆိုတာအသိသာကြီးပါ။ ပြည်သူနဲ့အတူပူးပေါင်းပါ။ ကျန်ခဲ့တဲ့လူတွေလည်း နောက်မကျသေးဘူးဝင်လာပါ။ ကြိုဆိုပါတယ်"လို့အလင်းဝင်လာတဲ့ရဲတပ်ဖွဲ့ဝင် ကိုဝေဖြိုးကျော်ကပြောပါတယ်။


အဆိုပါရဲတပ်သားဟာ သေနတ်တစ်လက်နှင့်အတူကျည်၂၀၀ပါလာသည့်အတွက်ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်းရေဦး PDFမှလည်းထိုက်သင့်သည့်ဂုဏ်ပြုငွေချီးမြှင့်ပေးအပ်ခဲ့ပါတယ်။


========================


📌📌 ၈။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တောင်ငူခရိုင် အမှတ် (၃၅၀၂) မှ ပြည်သူ့စစ်သားနှင့်ရဲ CDM PDF များအတွက် ပြည်သူ့ပန်းတိုင်မှ နိုဝင်ဘာလအတွက် CDM ထောက်ပံ့ချီးမြှင့်ငွေ သိန်းကျပ်စီ ပေးအပ်


နိုဝင်ဘာလ၂၃ရက်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တောင်ငူခရိုင် အမှတ် (၃၅၀၂) မှ ပြည်သူ့စစ်သားနှင့်ရဲ CDM PDF များအတွက် ပြည်သူ့ပန်းတိုင်မှ နိုဝင်ဘာလအတွက် CDM ထောက်ပံ့ချီးမြှင့်ငွေ သိန်း ကျပ်စီ ပေးအပ်ခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က အသိပေးဆိုပါတယ်။


ပြည်သူ့ပန်းတိုင်အဖွဲ့သည် CDM ပြည်သူ့စစ်သားများ၏ အခြေခံရိက္ခာ၊ ကျန်းမာရေး၊ နေထိုင်ရေး၊ လုံခြုံနေရာများသို့ ရွှေ့ပြောင်းရေး၊ ပြန်လည်ထူထောင်ရေးတို့အတွက် လစဉ် အတတ်နိုင်ဆုံး ထောက်ပံ့ကူညီနေတယ်လို့သိရပါတယ်။ 


စစ်ကောင်စီတပ်ကို စွန့်ခွာလိုသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ ဆက်သွယ်ချိတ်ဆက်နိုင်သလို၊ ပြည်သူ့ပန်းတိုင် တယ်လီဂရမ်ချန်နယ် သို့မဟုတ် ဗိုက်ဘာ +66 94 652 9985 သို့လည်း ဆက်သွယ် အကူအညီတောင်းခံနိုင်ပါတယ်။


========================


📌📌 ၉။ The Wayရုပ်ရှင်ပြသခြင်းမှရရှိသော ရန်ပုံငွေဘတ်တစ်သိန်းတိတိကို ဝန်ကြီးချုပ်စီမံခန့်ခွဲမှုဖြင့် BPLAသို့ထောက်ပို့ပေးအပ်


နိုဝင်ဘာလ၂၃ရက်။

The Wayရုပ်ရှင်ပြသခြင်းမှရရှိသော ရန်ပုံငွေဘတ်တစ်သိန်းတိတိကို ဝန်ကြီးချုပ်စီမံခန့်ခွဲမှုဖြင့် BPLAသို့ထောက်ပို့ပေးအပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။


နိုဝင်ဘာ၂၃ရက်မှာ ထောက်ပို့ငွေရရှိမှုကို BPLAဘဏ္ဍာရေးနှင့်ထောက်ပံ့ရေးဌာနကအသိပေးဖော်ပြပါတယ်။


"ဝန်ကြီးချုပ်နဲ့ The Way အဖွဲ့သားများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်"လို့ဆိုပါတယ်။


The Wayရုပ်ရှင်ဟာ နိုင်ငံတကာမှာပြသလျက်ရှိပြီး နိုင်ငံတကာရောက်မြန်မာများရုံပြည့်ရုံလျှံသည်အထိ အားပေးမှုရရှိခဲ့ပြီး တော်လှန်ရေးရန်ပုံငွေအများဆုံးလည်းရရှိနေပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment