10th DEC 2023 - Evening Daily News by Radio NUG


၂၀၂၃ ဒီဇင်င်ဘာလ ၁၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မြန်မာစစ်တပ်မှ အရာရှိ၊ စစ်သည်များအနေဖြင့် ပြည်သူကို သတ်ဖြတ်ခြင်းမပြုဘဲ ကျည်တစ်တောင့် ထပ်မပစ်ရုံဖြင့် နိုင်ငံအတွက် တံခါးသစ် ဖွင့်လှစ်ကြဖို့ အရှေ့တီမောသမ္မတက တိုက်တွန်းပြောကြား

📌 ၂။ မုန်းတိုက်ပွဲပြန် တော်လှန်ရေး ရဲဘော်များကို ဒေသခံ ပြည်သူများက လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြိုဆို

📌 ၃။ MNDAA က ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းများအနက် ပြည်သူ့စစ် ၄၉ ဦးကို ပြန်လွှတ်

📌 ၄။ စစ်ဆင်ရေးဒုတိယအဆင့်တွင် မြန်မာပြည်သူတရပ်လုံး ရရာလက်နက်ဖြင့် စစ်ကောင်စီကိုတော်လှန်ရန် ညီနောင် ဖွဲ့ တိုက်တွန်း

📌 ၅။ ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့မှ ထောက်ပို့ရဲဘော်ဖိတ်ခေါ်ခြင်း

📌 ၆။ မြိတ်မြို့အခြေစိုက် အမှတ် ၉၁၈ စစ်အင်ဂျင်နီယာ တပ်ရင်းက တပ်ကြပ်ကြီး စာရေး ဦး အလင်းဝင်

📌 ၇။ ကော့သောင်းမှာ စစ်ကောင်စီကြောင်း တိုက်ခိုက်ခံရပြီး ဦးသေဆုံး သေနတ် လက်သိမ်းဆည်းရမိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြန်မာစစ်တပ်မှ အရာရှိ၊ စစ်သည်များအနေဖြင့် ပြည်သူကို သတ်ဖြတ်ခြင်းမပြုဘဲ ကျည်တစ်တောင့် ထပ်မပစ်ရုံဖြင့် နိုင်ငံအတွက် တံခါးသစ် ဖွင့်လှစ်ကြဖို့ အရှေ့တီမောသမ္မတက တိုက်တွန်းပြောကြား


ဒီဇင်ဘာ ၁၀။


တီမောလက်စတေးနိုင်ငံ သမ္မတ ဂျိုးဆေးရာမိုဟောတာက မြန်မာစစ်တပ်မှ အရာရှိ၊ စစ်သည် -များ အနေဖြင့် ပြည်သူကို သတ်ဖြတ်ခြင်း မပြုဘဲ ကျည်တစ်တောင့် ထပ်မပစ်ရုံဖြင့် နိုင်ငံအတွက် တံခါးသစ် ဖွင့်လှစ်ကြဖို့ တိုက်တွန်းပြောဆို လိုက်ပါတယ်။


အမျိုးသားညီညွတ်ရေး အစိုးရက ယမန်နေ့က ထုတ်ပြန်ထားတဲ့ " မြန်မာစစ်တပ် တပ်ဖွဲဝင်များ အား တီမောလက်စတေးနိုင်ငံသမ္မတရဲ့ တိုက်တွန်းပြောကြားချက် " ဗီဒီယိုဖိုင်မှာ အထက်ပါအတိုင်း တိုက်တွန်းပြောဆို ခဲ့တာပါ။


မြန်မာနိုင်ငံတွင် ဒီမိုကရေစီ မျှော်လင့်ချက် ရောင်ခြည်သန်းနေချိန် ၂၀၁၅-၂၀၂၀ ကာလတွင် စစ်တပ်ရဲ့  အာဏာသိမ်းလိုက်ခြင်းကြောင့် ပျက်သုန်းသွားခဲ့ကြောင်း၊ နိုင်ငံတစ်ကာတွင် မြန်မာနိုင်ငံ အကြောင်းကို ၎င်းအနေနဲ့ သတိပေးနေရကြောင်း၊ နိုင်ငံတစ်ကာက မြန်မာ့ ဒီမိုကရေစီ အရေးထက် ရိုဟင်ဂျာ အရေးကိုသာ စိတ်ဝင်စား‌ နေကြကြောင်း အရှေ့တီမော သမ္မတက ဆိုပါတယ်။


ဒီနှစ်တွေမှာ ကျွန်ုပ်ဟာ နိုင်ငံတကာ အဖွဲအစည်းတွေကို မြန်မာနိုင်ငံအကြောင်း သတိပေး ခဲ့ပါတယ်။ ဒါပေမဲ့ အဖွဲအစည်း အားလုံးနီးပါးဟာ ရိုဟင်ဂျာလူမျိုးစုတွေရဲ့ ဆိုးရွားတဲ့ ပြဿနာတွေ အကြောင်းကိုသာ စိတ်ဝင်စား နေခဲ့ကြပါတယ်။ ရိုဟင်ဂျာ လူမျိုးတွေဟာ မြန်မာနိုင်ငံသားတွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံရဲ့ ပြဿနာက ရိုဟင်ဂျာတွေရဲ့ ပြဿနာထက် ပိုပြီးတော့ ကြီးပါတယ်။လို့ အရှေ့တီမော သမ္မတက ပြောပါတယ်။


လက်ရှိတွင် မြန်မာစစ်တပ်က ပြည်သူများကို သတ်ဖြတ်နေကြောင်း၊ မြန်မာစစ်တပ်မှ အရာရှိ၊ စစ်သည်များဟာ ပြည်သူထဲမှ မွေးဖွားလာသူဖြစ်တာကြောင့် ပြည်သူကို ကာကွယ်သင့်ကြောင်း၊ ပြည်သူ့ဘက်ကို သေနတ်ပြောင်း မလှည့် ကျည်တစ်ချက် မပစ်ရုံဖြင့် နိုင်ငံရဲ့တံခါးသစ်ကို ဖွင့်လှစ်ကြဖို့ ၎င်းက တိုက်တွန်းထားပါတယ်။


မြန်မာစစ်တပ်မှ စစ်သည်များ အနေဖြင့် သမိုင်းဝင် အခွင့်အရေး ရှိနေကြောင်း၊ အခွင့်အရေးကို အသုံးချပြီး မြန်မာနိုင်ငံအတွက်၊ အရှေ့တောင်အာရှအတွက်၊ အာရှအတွက် ဒီမိုကရေစီ ပြန်လည် ရရှိရေး ဆောင်ရွက်ကြဖို့ကိုလည်း အရှေ့တီမော သမ္မတက ထပ်လောင်းပြောဆိုပါတယ်။


"သင်တိုတွေမှာ သမိုင်းဝင်နိုင်မယ့် အခွင့်အရေးရှိပါတယ်။ ဒီသမိုင်းဝင်အခွင့်အရေးဟာ လုံခြုံမှု အပြည့်အဝရှိပြီးတော့ စစ်ပွဲတွေ ထပ်တိုက်စရာ မလိုတော့ပါဘူး။ စစ်တန်းလျားတွေကို ပြန်နိုင်မယ်။ ကိုယ့်ပြည်သူတွေကို သေနတ်နဲ့ ချိန်စရာမလိုတော့ဘူး။ သင်တိုရဲ့ လက်နက်တွေ စစ်တန်းလျား ပြန်ထားလိုက်ပါ။ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ပြည်သူ့တပ်မတော်နဲ့ လျှောက်လှမ်းကြပါ။ အချင်းချင်း ရိုင်းပင်းကူညီကြပါ။ ဒီဆိုးယုတ်မှုတွေကို အဆုံးသတ်ကြမယ်" လို့ အရှေ့တီမောသမ္မတက တိုက်တွန်းပြောဆို ထားပါတယ်။ 


တီမောလက်စတေးနိုင်ငံဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနဲ့ အကြမ်းဖက် မြန်မာစစ်တပ်ကို အရေးယူနိုင်ရေး အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ စင်မြင့်ထက်တွင် ကျယ်ကျယ်လောင် ပြောဆိုတောင်းဆိုနေသော နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။


========================


📌📌 ၂။ မုန်းတိုက်ပွဲပြန် တော်လှန်ရေး ရဲဘော်များကို ဒေသခံ ပြည်သူများက လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြိုဆို


ဒီဇင်ဘာ ၁၀။


ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့အခြေစိုက် စစ်ကောင်စီရဲ့ တပ်စခန်းများကို တိုက်ခိုက် အောင်မြင်ခဲ့ကြတဲ့ တော်လှန်ရေး ရဲဘော်များကို ဒေသခံပြည်သူများက လှိုက်လှိုက်လှဲလှဲ ကြိုဆို ဂုဏ်ပြု ခဲ့ကြတယ်လို့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ BPLA က အသိပေး ဖော်ပြထားပါတယ်။


ကျောက်ကြီးမြို့နယ်၊ မုန်းဒေသအခြေစိုက် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်အောင်မြင် ခဲ့သည့် ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်မတော် (BPLA) တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့ကို ဒေသခံပြည်သူများက ပန်းကုံးစွပ် ဂုဏ်ပြုကြိုဆိုခဲ့ပါတယ်" လို့ BPLA က ဆိုပါတယ်။


ကျောက်ကြီးမြို့နယ်၊ မုန်မြို့ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ - ၅၉၀) (ခမရ - ၅၉၉) တပ်ရင်း ဌာနချုပ်များနဲ့ မုန်းမြို့မ ရဲစခန်း၊ မုန်း-သာစည် တံတားကင်း၊ ကော့ပြင်း တပ်စခန်း တို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ရက်နေ့ ၁၁ နာရီ ဝန်းကျင်မှာ တော်လှန်ရေး ပူးပေါင်းတပ်တွေက စတင် ဝင်ရောက်တိုက်ခိုက် ခဲ့ကြပြီး ဒီဇင်ဘာ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။


========================


📌📌 ၃။ MNDAA က ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းများအနက် ပြည်သူ့စစ် ၄၉ ဦးကို ပြန်လွှတ်


ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ တိုက်ပွဲတွေမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေထဲက ပြည်သူ့စစ်အဖွဲ့ဝင် ၄၉ ဦးကို ပြန်လွှတ်ပေးလိုက်တယ်လို့ ကိုးကန့်တပ် MNDAA က ဒီဇင်ဘာလ ရက်နေ့ညမှာ ထုတ်ပြန်ခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ စစ်ကောင်စီတပ်တွေဘက်က ရှုံးနိမ့်မှုတွေနဲ့ရင်ဆိုင်နေရတဲ့အတွက် စစ်ကောင်စီ လက်အေက်ခံ ပြည်သူစစ်အဖွဲ့တွေပြိုကွဲတာ၊ မဟာမိတ်တပ်တွေဘက်ကို လာရောက်ပူးပေါင်းတာနဲ့ စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးခံရတာတွေရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဖမ်းဆီးခံရတဲ့သူတွေဟာ ကိုးကန့်ဒေသအမည်ကိုအသုံးပြုထားပေမယ့် ဗမာလူမျိုးတွေဖြစ်နေတယ်လို့လည်း အသိပေးထားပါတယ်။ 

ကိုးကန့်ဒေသမှာရှိတဲ့ပြည်သူ့စစ်အဖွဲ့တွေဟာ ဒေသခံတွေနဲ့ ဗမာလူမျိုးတွေအပါအဝင် အခြားလူမျိုးတွေနဲ့ပါ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် ရှုပ်ထွေးနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တဘက်မှာလည်း ပြည်သူ့စစ်အချို့ဟာ စစ်ကောင်စီတပ်တွေရဲ့ အမာခံအဖွဲ့ဝင်တွေဖြစ်နေပြီး မဟာမိတ်တပ်ဖွဲ့ တွေကို တိုက်ခိုက်နေဆဲဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။ 

ဖမ်းဆီးရမိခဲ့တဲ့ ပြည်သူ့စစ် စစ်သုံ့ပန်အဖွဲ့ဝင်တွေကို MNDAA က စစ်သုံ့ပန်ဥပဒေနဲ့အညီထားရှိပြီး MNDAA ရဲ့ တရားစီရင်ရေးဌာနက စုံစမ်းစစ်ဆေးမေးမြန်းပြီးတဲ့နောက် ဒီဇင်ဘာလ ရက်နေ့မှာ ပြန်လွှတ် ပေးလိုက်တာလို့ သိရပါတယ်။ 

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဦးဖုန်တဲ့ရိန် က ကိုးကန့် ရုပ်သေးအဖွဲ့ဝင်များ နယ်စပ်လုံခြုံရေးအဖွဲ့၊ ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့များထံပေးပို့သောအိတ်ဖွင့်စာမှာ ကိုးကန့်လူမျိုး အချင်းချင်းဖြစ်ပြီး အမျိုးသားရေးမျှတမှုကိုရပ်တည်ပါက ၎င်းတို့ကျူးလွန်ခဲ့သော ပြစ်မှုများ ကို အရေးမယူတော့ပါလို့ ဖော်ပြထားပါတယ်။


ထို့ကြောင့် စစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်နေနဲ့ ရုပ်သေးအဖွဲ့တွေအနေနဲ့ လက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်းသိမြင်ပြီး ပြည်သူ့ရင်ခွင်ကိုခိုလှုံကြဖို့ မျှော်လင့်နေတယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ စစ်ဆင်ရေးဒုတိယအဆင့်တွင် မြန်မာပြည်သူတရပ်လုံး ရရာလက်နက်ဖြင့် စစ်ကောင်စီကိုတော်လှန်ရန် ညီနောင် ဖွဲ့ တိုက်တွန်း


စစ်ဆင်ရေးဒုတိယအဆင့်မှာ မြန်မာပြည်သူတရပ်လုံး ရရာလက်နက်ကိုင်စွဲပြီး ရတဲ့နည်းလမ်းဖြင့် ရောက်တဲ့နေရာ ကနေ စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်ကြဖို့ ညီနောင်မဟာမိတ် ဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ 

၁၀၂၇ စစ်ဆင်ရေး ၄၄ ရက်မြောက်နေ့ စစ်ရေးသတင်းတွေကိုထုတ်ပြန်ရာမှာ ညီနောင်မဟာမိတ် ဖွဲ့က အခုလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။ 

စစ်ဆင်ရေး၏ ဒုတိယအဆင့်၌ ပြည်သူတစ်ယောက်ချင်းစီ၏ ပူးပေါင်းပါဝင်မှုသည် အထူးအရေးကြီးသည်။ ပြည်သူ တယောက်ချင်းစီမှ ပြည်သူအားလုံး စစ်အာဏာရှင်အား တော်လှန်ပုန်ကန်ခြင်းသည် စစ်ဆင်ရေးဒုတိယအဆင့်ရဲ့ အဓိကရည်မှန်းချက်ဖြစ်တယ်လို့ ညီနောင်မဟာမိတ် ဖွဲ့က ပြောပါတယ်။ 

လက်ရှိကာလဟာ ညီနောင်မဟာမိတ် ဖွဲ့အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယအဆင့်ကို အကောင်အထည်ဖော်နေချိန် ဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။

ညီနောင်မဟာမိတ် ဖွဲ့အနေနဲ့ စစ်ဆင်ရေးဖော်ဆောင်နေမှုကို တရက်မှမနားဘဲ သတ်မှတ်ထားတဲ့ စစ်ရေး နိုင်ငံရေး ရည်မှန်းချက်တွေ အထမြောက်အောင်ဆောင်ရွက်နေချိန်ဖြစ်တဲ့အတွက် စစ်ဆင်ရေးဒုတိယအဆင့်မှာ ပြည်သူတရပ် လုံးအနေနဲ့ စစ်ကောင်စီကို ရရာနည်းလမ်းနဲ့ ရောက်တဲ့နေရာကနေ တော်လှန်ပုန်ကန်ကြဖို့ တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ 

ဒါဟာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် မြန်မာပြည်သူလူထုတရပ်လုံးမှာ တာဝန်ရှိတယ်လို့ မီးမောင်း ထိုးပြလိုက်တာဖြစ်ပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးကိုလိုလားသူမှန်သမျှ လက်ရှိအချိန်မှာ ပုံစံတမျိုးမျိုးနဲ့ ပါဝင်နေပြီးသူဖြစ်နေရမယ်ဆိုတာကိုလည်း သတိပေးတပ်လှန့်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ 

ညီနောင်မဟာမိတ် ဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယအဆင့်ကို တရက်ပြီးတရက် ဆက်လက်အကောင်အထည်ဖော် လျက်ရှိပြီး ၎င်းတို့ရည်မှန်းချက်များနဲ့အတူ မြန်မာတနိုင်ငံလုံး မျှော်မှန်းထားတဲ့ ရည်မှန်းချက်များ မပြည့်ဝမချင်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့မှ ထောက်ပို့ရဲဘော်ဖိတ်ခေါ်ခြင်း


ဒီဇင်ဘာလ ( ၁ဝ )ရက်နေ့တွင် ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့၏ ကြေညာချက်အမှတ် (/၂၀၂၃)အရ ထောက်ပို့ရဲဘော်ဖိတ်ခေါ်ခြင်းကို  ခေါ်ယူလျှက်ရှိတယ်လို့ သိရပါတယ်။ တာဝန်ထမ်းဆောင်လိုသည့် ထောက်ပို့ရဲဘော်များအနေဖြင့် အောက်ဖေါ်ပြပါ စည်းကမ်းချက်များကိုလိုက်နာရမည်ဆောင်ရွက်ရပါမည်။


၁။ ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ သည် ချင်းပြည်နယ်ထဲတွင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စေရေးနှင့် တော်လှန်ရေးနှင့် ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်လိုသော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံအသီးသီးတွင် ရောက်ရှိနေထိုင် ကြသည့် ပြည်သူများအနေဖြင့် မိမိတို့ပြည်သူ့ရဲတပ်ဖွဲ့တွင်ထောက်ပို့ရဲဘော်အဖြစ် တာဝန် ထမ်းဆောင်ရန်အတွက်လူဦးရေအကန့်အသတ်မရှိဖိတ်ခေါ်အပ်ပါသည်။

၂။ မိမိတို့ပြည်သူ့ရဲတပ်ဖွဲ့ တွင်ထောက်ပို့ရဲဘော်အဖြစ် တာဝန်ထမ်းဆောင်မည့်သူများ၏ အချက်အလက်များသည် မြေပြင်ရှိ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များကဲ့သို့ သေချာပြုစုပြီး တော်လှန်ရေး အောင်မြင်သည့်အချိန်တွင် သတ်မှတ်ချက်နဲ့ ကိုက်ညီသူများအားပြည်သူ့ရဲတပ်ဖွဲ့ဝင်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရန်နှင့်တော်လှန်ရေးသူရဲကောင်းများအဖြစ်သမိုင်းတွင် အစဉ်အမြဲ တည်ရှိနိုင်ရေးအတွက် မှတ်တမ်းတင်ထားရှိမည်ဖြစ်ပါသည်။

၃။ထောက်ပို့ရဲဘော်အဖြစ် တာဝန်ထမ်းဆောင်မည့်သူများသည်လူမျိုး/ဘာသာ/ဇာတိနှင့်အသက်အရွယ်ခွဲခြားကန့်သတ်မှုမရှိတာဝန်ထမ်းဆောင်နိုင်ကြောင်း ထုတ်ပြန်အပ်ပါသည်ဟု ပါရှိပါတယ်။


========================


📌📌 ၆။ မြိတ်မြို့အခြေစိုက် အမှတ် ၉၁၈ စစ်အင်ဂျင်နီယာ တပ်ရင်းက တပ်ကြပ်ကြီး စာရေး ဦး အလင်းဝင်


ဒီဇင်ဘာ ၁၀။


တနင်္သာရီတိုင်း၊ မြိတ်မြို့အခြေစိုက် အမှတ် ၉၁၈ စစ်အင်ဂျင်နီယာ တပ်ရင်းက တပ်ကြပ်ကြီး စာရေးတစ်ဦး အလင်းဝင်ရောက် လာတယ်လို့ ကျားသစ်နက် စစ်ကြောင်းက အသိပေးထားပါတယ်။


ဒီဇင်ဘာလ ရက်နေ့မှာ အဆိုပါ တပ်ကြပ်ကြီးစာရေး () အဆင့်ရှိသူဟာ ကျားသစ်နက် စစ်ကြောင်းကို ဆက်သွယ်လာပြီး CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့လို့ နွေးထွေးစွာ ကြိုဆို စောင့်ရှောက်ထားတယ်လို့ ကျားသစ်နက် စစ်ကြောင်းက ဆိုပါတယ်။


အကြမ်းဖက် စစ်အုပ်စုဟာ တစ်နေ့တခြား ယိုယွင်းပျက်စီးနေပြီး ကျန်ရှိနေတဲ့ စစ်ကောင်စီ တပ်သားများ အနေနဲ့ ပြည်သူလူထုကို ကာကွယ်ဖို့ တာဝန်ခံသူများလို့ ခံယူထားရင် ပြည်သူ့ဘက်ကို အမြန်ဆုံး ရပ်တည်ပူးပေါင်းကြဖို့ တိုက်တွန်းထားပြီး CDM ၀င်လာတဲ့ တပ်သားများရဲ့ လူသား ဂုဏ်သိက္ခာကို ထိန်းသိမ်းကာ ဘ၀အာမခံချက်ရှိတဲ့ အစီအစဉ်များနဲ့ နွေးထွေးစွာ ကြိုဆိုနေမယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။


========================


📌📌 ၇။ ကော့သောင်းမှာ စစ်ကောင်စီကြောင်း တိုက်ခိုက်ခံရပြီး ဦးသေဆုံး သေနတ် လက်သိမ်းဆည်းရမိ


ဒီဇင်ဘာ ၁၀။


တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ဖောသုတ်ကျေးရွာ အနီးမှာ နယ်မြေရှင်းလင်းဖို့ လာတဲ့ စစ်ကောင်စီ စစ်ကြောင်း ခြုံခိုတိုက်ခိုက်ခံ ရတာကြောင့် ဦးသေဆုံး ခဲ့တယ်လို့ ကော့သောင်း မြို့နယ် ပကဖ က အသိပေး ထားပါတယ်။


စစ်ကောင်စီရဲ့ အမှတ် (၅၈၄) ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူး ဦးဆောင်တဲ့ အင်အား ၅၀ နီးပါး ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဒီဇင်ဘာ ရက်နေ့ မနက် ၁၀ နာရီ အချိန်ခန့်က ဖောသုတ်ကျေးရွာ အနီးသို့အရောက်မှာ ခြုံခိုတိုက်ခိုက် ခံခဲ့ရတာပါ။


နှစ်ဖက်ထိတွေ့တိုက်ပွဲ မိနစ်နှစ်ဆယ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်က ဒုတပ်ကြပ် တစ်ဦး အပါအဝင် နှစ်ဦး သေဆုံးခဲ့ပြီး ဒါဏ်ရာရ သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီထံက MA-1 သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ ဘက်မှာ အထိအခိုက် တစ်စုံတစ်ရာ မရှိဘူးလို့ သိရပါတယ်။


တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းဟာ ဖောသုတ်ကျေးရွာအနီးမှာ တစ်နေကုန် ပိတ်ဆို့စစ်ဆေးနေပြီး ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးစစ်ဆေးခဲ့ကာ ညနေပိုင်းမှာ ပြန်လွတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။


ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့ကလည်း ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာမှာ စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ဦး သေဆုံးခဲ့ပါသေးတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်စစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment