10th DEC 2023 - Morning Daily News by Radio NUG


၂၀၂၃ ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ NUGအစိုးရရဲ့  လုပ်ဆောင်နိုင်ခဲ့မှုတွေဟာ ပြည်သူလူထုရဲ့ တက်ကြွတဲ့ ထောက်ခံမှု၊ ပါဝင်မှုတွေကြောင့်သာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ ဖက်ဒရယ်လှိုင်းများနှင့် လူ့အခွင့်အရေးပြည့်ဝသော အနာဂတ် စကားဝိုင်းဆွေးနွေးပွဲ ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ်တို့တက်ရောက်မယ်

📌 ၃။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီနှင့် တိုင်းနှင့်ပြည်နယ် အလုပ်အမှုဆောင်များအစည်းအဝေး နိုင်ငံခြားရေးဝန်ကြီးတက်ရောက်ကာ ဂျပန်နိုင်ငံခရီးစဥ်အကြောင်းကိုရှင်းလင်းဆွေးနွေး

📌 ၄။ ပြည်သူ့ရင်ခွင်ခိုလှုံကြတဲ့ တပ်ရဲ CDMer များထံ သွားရောက်လည်ပတ်ပြီး ပြည်သူများထံကလာတဲ့ ကူညီပံ့ပိုးမှုကို လက်ဆင့်ကမ်းပေးအပ်ခဲ့တယ်လို့ ဒုဝန်ကြီး ငိုင်တမ်းမောင်အသိပေး

📌 ၅။ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ အိချွန်းယဉ်ကျေးမှုဖောင်ဒေးရှင်းက ချီးမြှင့်သောအိချွန်း လူထုအကျိုးဆောင်ဆုကိုရီယားNUGကိုယ်စားလှယ်ရုံးကလက်ခံရယူ

📌 ၆။ နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံမြို့ရှိ စကစတပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်ခဲ့

📌 ၇။ မူးမြို့ပေါ်တိုက်ပွဲအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်သား (၁၂၀) ဦး သေဆုံးပြီး (၅၀) ဦး ဒဏ်ရာရကြောင်း ကေအဲန်ယူဗဟို အတည်ပြု


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ NUGအစိုးရရဲ့  လုပ်ဆောင်နိုင်ခဲ့မှုတွေဟာ ပြည်သူလူထုရဲ့ တက်ကြွတဲ့ ထောက်ခံမှု၊ ပါဝင်မှုတွေကြောင့်သာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


ဒီဇင်ဘာလ ၉ရက်။

NUGအစိုးရရဲ့  လုပ်ဆောင်နိုင်ခဲ့မှုတွေဟာ ပြည်သူလူထုရဲ့ တက်ကြွတဲ့ ထောက်ခံမှု၊ ပါဝင်မှုတွေကြောင့်သာဖြစ်တယ်လို့ ဒီဇင်ဘာလ ၉ရက်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ CDM ဝန်ထမ်းများ တွေ့ဆုံဆွေးနွေးပွဲမှာ ဝန်ကြီးချုပ်က ထည့်သွင်းပြောပါတယ်။


 ပညာရေးဝန်ကြီးဌာနအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ စတင်ဖွဲ့စည်းခဲ့တဲ့ အချိန်ကစပြီး ပညာရေးဝန်ဆောင်မှု ပေးနိုင်ဖို့အတွက် မြို့နယ်တွေမှာ ပညာရေးဘုတ်အဖွဲ့များ ဖွဲ့စည်းကာ home based learning စနစ် စတင်ခဲ့ရာမှာ အားလုံးရဲ့ အင်တိုက်အားတိုက် ကြိုးစားဆောင်ရွက်ခဲ့မှုတွေကြောင့် အခုဆိုရင် online ကျောင်းတွေ၊ တက္ကသိုလ်တွေကို ဖွင့်လှစ်နိုင်ပြီး အခုလို တော်လှန်ရေးကာလအတွင်းမှာတောင် ပညာသင်ကြားမှု အဆက်မပြတ်စေဖို့အတွက် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့တာ အင်မတန် ချီးကျူးဂုဏ်ပြုစရာ ကောင်းပါတယ်။ ကျွန်တော်တို့အစိုးရရဲ့ အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့မှုတွေကို ပြန်လည်သုံးသပ်မယ်ဆိုရင် ပြည်သူလူထုရဲ့ တက်ကြွတဲ့ ထောက်ခံမှု၊ ပါဝင်မှုတွေကြောင့်နဲ့ တာဝန်ရှိသူတွေရဲ့ အခက်အခဲတွေကြားက ကြိုးပမ်းအားထုတ်မှုတွေကြောင့် ဖြစ်ပါတယ်"လို့ဆိုပါတယ်။


ထို့အပြင် မြို့သိမ်းတိုက်ပွဲတွေ ဆောင်ရွက်ပြီးစီးတဲ့အခါမှာတော့ ပိုမိုပြီး စနစ်တကျရှိတဲ့ ပညာရေး ဝန်ဆောင်မှုတွေကို လုပ်ဆောင်နိုင်ဖို့ ကြိုတင်ပြင်ဆင်နေကြပြီလို့လည်း သိရတယ်လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။


တွေ့ဆုံဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊အမြဲတမ်းအတွင်းဝန်များက ဦးဆောင်ပြီး ဒေသအလိုက်  ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်ပြီး လုပ်ငန်းဆောင်ရွက်နေမှုများ၊ အခက်အခဲနှင့် လိုအပ်ချက်များ၊ စိန်ခေါ်မှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၂။ ဖက်ဒရယ်လှိုင်းများနှင့် လူ့အခွင့်အရေးပြည့်ဝသော အနာဂတ် စကားဝိုင်းဆွေးနွေးပွဲ ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ်တို့တက်ရောက်မယ်


ဒီဇင်ဘာလ ၉ရက်။

(၇၅) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် "ဖက်ဒရယ်လှိုင်းများနှင့် လူ့အခွင့်အရေးပြည့်ဝသော အနာဂတ်ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ (Panel Discussion) ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ (တနင်္ဂနွေနေ့) မြန်မာစံတော်ချိန် နံနက် (၁၀) နာရီ တိတိအချိန်တွင် ကျင်းပသွားမယ်လို့သိရှိရပါတယ်။ 


အဆိုပါဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ်၊ မန်းဝင်းခိုင်သန်းတို့ မှ အဖွင့်မိန့်ခွန်း ပြောကြားမည်ဖြစ်ပြီး ဒေါ်မေဇင်လတ်(Karreni Human Rights Group-KNHRG) ခွန်ဝေထူး (ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ)နှင့် နိုင်လဝီမန်း (မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ-တရားရေးကော်မတီ) တို့က ဆွေးနွေးသွားကြမယ်လို့သိရပါတယ်။


အဆိုပါဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၀ရက် မြန်မာစံတော်ချိန် နံနက် (၁၀) နာရီတိတိတွင် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန , PVTV  , DVB သတင်းဌာန , မဇ္ဇျိမသတင်းဌာန နှင့် မီဒီယာများ၏ Official Facebook Page များတွင် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သွားမယ်လို့သိရပါတယ်။


========================


📌📌 ၃။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီနှင့် တိုင်းနှင့်ပြည်နယ် အလုပ်အမှုဆောင်များအစည်းအဝေး နိုင်ငံခြားရေးဝန်ကြီးတက်ရောက်ကာ ဂျပန်နိုင်ငံခရီးစဥ်အကြောင်းကိုရှင်းလင်းဆွေးနွေး


ဒီဇင်ဘာလ()ရက်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်ကော်မတီ(CWC)နှင့် တိုင်းနှင့်ပြည်နယ် အလုပ်အမှုဆောင်များလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၄၈/၂၀၂၃)ကို ဒီဇင်ဘာ၉ရက်နေ့က ကျင်းပခဲ့ပါတယ်။


အဆိုပါလုပ်ငန်းညှိနှိုင်း(ပုံမှန်)အစည်းသို့ သဘာပတိ မန်းဂျော်နီနှင့်အတူ ဗဟိုအလုပ်ကော်မတီဝင်များ၊ ဗဟိုကော်မတီဝင်များ၊ တိုင်း/ပြည်နယ်(၁၄)ခုမှအလုပ်အမှုဆောင်များစုံညီစွာတက်ရောက်ခဲ့ကြပါတယ်။


အစည်းအဝေးမှာ အမျိုးသားညီညွှတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်မှ ဂျပန်နိုင်ငံခရီးစဥ် နှင့်စပ်လျဥ်း၍အစည်းအဝေးသို့ တက်ရောက်ရှင်းလင်း​​နွေးခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ ပြည်သူ့ရင်ခွင်ခိုလှုံကြတဲ့ တပ်ရဲ CDMer များထံ သွားရောက်လည်ပတ်ပြီး ပြည်သူများထံကလာတဲ့ ကူညီပံ့ပိုးမှုကို လက်ဆင့်ကမ်းပေးအပ်ခဲ့တယ်လို့ ဒုဝန်ကြီး ငိုင်တမ်းမောင်အသိပေး


ဒီဇင်ဘာလ ၉ရက်။

ပြည်သူ့ရင်ခွင်ခိုလှုံကြတဲ့ တပ်ရဲ CDMer များထံ သွားရောက်လည်ပတ်ပြီး ပြည်သူများထံကလာတဲ့ ကူညီပံ့ပိုးမှုကို လက်ဆင့်ကမ်းပေးအပ်ခဲ့တယ်လို့ ဒုဝန်ကြီး ငိုင်တမ်းမောင်အသိပေးဆိုပါတယ်။


ဒီဇင်ဘာလ ၉ရက်မှာ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး ငိုင်တမ်းမောင်က ဆိုရှယ်မီဒီယာမှာဆိုပါတယ်။


"ပြည်သူ့ရင်ခွင်ခိုလှုံကြတဲ့ တပ်ရဲ CDMer များထံ သွားရောက်လည်ပတ်ပြီး ပြည်သူများထံကလာတဲ့ ကူညီပံ့ပိုးမှုကို လက်ဆင့်ကမ်းပေးအပ်ခဲ့ပါတယ်။ အားပေးစကားပြောကြားရင်း တော်လှန်ရေးအောင်ပွဲတွေအကြောင်းလည်း မျှဝေဖြစ်ခဲ့တယ်။ ပြည်သူ့ရင်ခွင်ခိုလှုံကြမဲ့ တပ်ရဲ CDMer များကို ပြည်သူများက အစဉ်အမြဲကြိုဆိုနေပါတယ်"လို့ဆိုပါတယ်။


ထို့အပြင် စစ်ဘေးရှောင်ရင်း နာမကျန်းဖြစ်တဲ့ အဖွားတစ်ဦးဆီလည်း သွားရောက်လည်ပတ် အားပေးစကားပြောခဲ့တယ်လို့ ဒုဝန်ကြီးကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၅။ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ အိချွန်းယဉ်ကျေးမှုဖောင်ဒေးရှင်းက ချီးမြှင့်သောအိချွန်း လူထုအကျိုးဆောင်ဆုကိုရီယားNUGကိုယ်စားလှယ်ရုံးကလက်ခံရယူ


ဒီဇင်ဘာလ ၉ရက်။

ဒီဇင်ဘာ၉ရက်မှာ ကိုရီးယားNUGကိုယ်စားလှယ်ရုံးက အခုလိုအသိပေးဆိုပါတယ်။


"အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးသည် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ အိချွန်းယဉ်ကျေးမှုဖောင်ဒေးရှင်းက ချီးမြှင့်သော လူထုအကျိုးဆောင်ဆုကို ဒီဇင်ဘာလ ၉ရက်မှာ လက်ခံရယူခဲ့တယ်။ 


ဆိုးလ်၊ အိချွန်းယဉ်ကျေးမှုဖောင်ဒေးရှင်းသည် ပျော်ရွှင်စရာ လူမှုအသိုက်အဝန်းအား တည်ဆောက်ရန် လူထုနှင့်အတူ တသားတည်း တက်ကြွစွာ ဆောင်ရွက်နေကြသော လူထုအကျိုးဆောင် အဖွဲ့အစည်းများကို ရွေးချယ်၍ နှစ်စဉ် ဆုချီးမြှင့်ခြင်း ဖြစ်ပါတယ်။


ဆိုလ်းမြို့ရှိ အိချွန်းယဉ်ကျေးမှုဖောင်ဒေးရှင်းခန်းမ၌ ကျင်းပသည့် ဆုပေးပွဲသို့ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်း တက်ရောက် ဆုလက်ခံခဲ့ပြီး၊ မြန်မာ့တော်လှန်ရေး အခြေအနေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။


ယခု ၂၀၂၃ ခုနှစ် အတွက် ဒုတိယအကြိမ်မြောက် လူထုအကျိုးဆောင်ဆုရှင်များအား ရွေးချယ်ရာတွင် ယခင်နှစ်ကဲ့သို့ ကိုရီးယားလူမှုအဖွဲ့အစည်းများကိုသာ ရွေးချယ်ခြင်း မဟုတ်ပဲ ထူးခြားစွာဖြင့် မြန်မာ့ဒီမိုကရေစီရေးအတွက် တက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေသည့်  မြန်မာအဖွဲ့အစည်းဖြစ်သည့် ကိုရီးယားNUGကိုယ်စားလှယ်ရုံးကို ထည့်သွင်း ရွေးချယ်ခဲ့ခြင်းဖြစ်တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၆။ နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံမြို့ရှိ စကစတပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်ခဲ့


ဒီဇင်ဘာလ ၉ရက်။

တအာင်းပြည်နယ်တွင် PSLF/TNLA မှ ဖော်ဆောင်သော ၁၀၂၇ စစ်ဆင်ရေးကို ဒီဇင်ဘာ ()ရက်နေ့မှာ အသိပေးဆိုပါတယ်။


"တပ်မဟာ()စစ်ဒေသ၊ နမ့်ခမ်းမြို့နယ် စစ်ကောင်စီ စခန်းသစ်ကုန်းကို ဒီဇင်ဘာလ ၉ရက် နံနက် (၅း၂၅)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ထို့အတူတပ်မဟာ()စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ် စစ်ကောင်စီ ကွတ်ခိုင်တပ်စခန်းကို  ညနေ (၄း၅၀)နာရီ အချိန်ခန့်တွင် တအာင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်ခဲ့ပါတယ်။


မန်တုံမြို့ စစ်ကောင်စီ ခလရ-၁၃၀ တပ်စခန်းကို  နံနက်( ၉း၅၅)နာရီ အချိန်ခန့်တွင်  တအာင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်ခဲ့သေးတယ်လို့ဆိုပါတယ်။


စစ်ကောင်စီ၏နမ့်ဖတ်ကာတပ်စခန်းမှ တိုက်ပွဲဖြစ်ပွားရာ နမ့်ခမ်းစခန်းသစ်ကုန်းဘက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် (၁၂)ကြိမ် ပစ်ကူ တိုက်ခိုက်ပေးခဲ့ပြီး ကျောက်မဲမြို့နယ် စစ်ကောင်စီ မိုင်းငေါ့နှင့် ကျောက်မဲတပ်စခန်းမှ ဟူစွန်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် (၁၁)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။


 တပ်မဟာ()စစ်ဒေသ၊ နမ့်ခမ်းမြို့နယ် စခန်းသစ်ကုန်းဘက်တွင် စစ်ကောင်စီတပ်မှ Mi35/Y12/Jet Fighter ဖြင့် (၁၁)ကြိမ် လာရောက်ပစ်ကူပေး တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၇။ မူးမြို့ပေါ်တိုက်ပွဲအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်သား (၁၂၀) ဦး သေဆုံးပြီး (၅၀) ဦး ဒဏ်ရာရကြောင်း ကေအဲန်ယူဗဟို အတည်ပြု


ဒီဇင်ဘာလ ၉ရက်။

ဒီဇင်ဘာလ ၉ရက်မှာ စစ်ရေးသတင်းကို ကေအဲန်ယူဗဟိုကအသိပေးထားပါတယ်။


ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ တပ်မဟာ () မူးမြို့နယ်အတွင်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ () ရက်နေ့ (၁၁း၄၀) မိနစ်အချိန်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်း တပ်များမှ မုန်းမြို့ပေါ်ရှိ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ တပ်စခန်းများကို စတင်တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ဆိုပါတယ်။


စစ်ဆင်ရေး စတင်သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ () ရက်နေ့မှ ဒီဇင်ဘာလ () ရက်နေ့အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားရာ ခမရ (၅၉၀) တပ်ရင်း ဌာနချုပ်၊ မုန်းမြို့မရဲစခန်းနှင့် ကော့ပြင် တပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ခမရ (၅၉၉) တပ်ရင်းဌာနချုပ်နှင့် မုန်းသာစည်တံတားကင်း တို့အား တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပါတယ်။


ထိုတိုက်ပွဲများအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်သား (၁၂၀)ဦး သေဆုံးပြီး (၅၀)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ များနှင့် တော်လှန်ရေးပူးပေါင်း တပ်များဘက်မှလည်း တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးလှူခဲ့ရသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိခဲ့တယ်လို့အတည်ပြုပါတယ်။


တိုက်ပွဲဖြစ်ပွားစဉ်ကာလအတွင်းအကြမ်းဖက်စစ်ကောင်စီလေတပ်မှ မြို့ပေါ်နှင့် အနီးအနားရှိ ကျေးရွာများအား ()ရက် () ဆက်တိုက် လေကြောင်းမှ တိုက်ခိုက်မှုများကို အကြိမ်ရေမြောက်များစွာပြုလုပ်ခဲ့တဲ့အတွက် ပြည်သူလူထု ထိခိုက်၊ သေဆုံးမှုများလည်းရှိခဲ့သော်လည်း ယခုအချိန်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များဟာ မြို့ပေါ်နှင့် အချို့ကျေးရွာတို့တွင် ပြန်လည် နေရာယူထားသောကြောင့် ထိခိုက်သေဆုံးခဲ့ရသော ပြည်သူလူထု အရေအတွက်၊ နေအိမ်ပျက်စီးမှု အရေအတွက်တို့အား အတည်ပြု နိုင်ရန်အတွက်ကြန့်ကြာလျှက်ရှိတယ်လို့ဆိုပါတယ်။


========================


📌📌 ၈။ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာစေရေး စုပေါင်းဆန္ဒထုတ်ဖော်ပွဲကို Australia နိုင်ငံ Brisbane မြို့တွင် မြန်မာအင်အားစုများကျင်းပ


ဒီဇင်ဘာလ ၉ရက်။

ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာစေရေး စုပေါင်းဆန္ဒထုတ်ဖော်ပွဲကို Australia နိုင်ငံ Brisbane မြို့တွင်မြန်မာအင်အားစုများကျင်းပခဲ့ပါတယ်။


"၇၅ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ပွဲနှင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ကျဆုံးရေး၊ ဒီမိုကရေစီ လူ့အခွင့်အရေးနှင့် တရားမျှတမှု ရရှိရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာစေရေး စုပေါင်းဆန္ဒထုတ်ဖော်ပွဲကို Australia နိုင်ငံ Brisbane မြို့တွင်ပြုလုပ်ခဲ့ပါတယ်"လို့ဆိုပါတယ်။


အဆိုပါဆန္ဒထုတ်ဖော်ပွဲကို CRPH/NUG Support Group (QLD) နှင့်Queensland Myanmar Youth Collective (QMYC) မှပူးပေါင်းစီစဉ်၍ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အမှတ်တရစကားများ ပြောကြားခဲ့ပါတယ်။


ထို့နောက် ခေတ်အဆက်ဆက် ဒီမိုကရေစီတော်လှန်ရေးအတွက် ပေးဆပ်ခဲ့ကြသော သူရဲကောင်းများအား ဂုဏ်ပြုဆုတောင်းပေးခြင်းများ အပြင် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းမှ ပေးပို့သော မိန့်ခွန်းအား ဖတ်ကြားခြင်းများဖြင့် ကျင်းပခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment