11th DEC 2023 - Morning Daily News by Radio NUG



၂၀၂၃ ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တော်လှန်ရေးကို အကြောင်းပြပြီး လူ့အခွင့်အရေးကို လစ်လျှူရှုထားလို့ မရဘူးလို့ ယာယီသမ္မတပြော

📌 ၂။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

📌 ၃။ ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနတို့အမျိုးသမီးများကို အကြမ်းဖက်မှု ရပ်တန့်စေရေး ၁၆ ရက်တာလှုပ်ရှားမှုပူးတွဲကျင်းပ

📌 ၄။ လွိုင်ကော်မြို့ရှိ ပြည်နယ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်သိမ်းပိုက်

📌 ၅။ လောက်ကိုင်မြို့ရှိ ကားရောင်းဝယ်ရေးဆိုင်ကို ဓားပြတိုက်ခဲ့သော ပြည်သူ့စစ်အဖွဲ့ဝင် ဦးကို ချင်းရွှေဟော် စစ်ဆေးရေးဂိတ်တွင်ဖမ်းမိ

📌 ၆။ မုံရွာ - အရာတော်လမ်းပိုင်းတွင် စစ်ကား ၂စီးကိုတိုက်ခိုက်မှု စစ်ကြောင်းမှူးသေဆုံးကာ ၁၉ ဦး ဒဏ်ရာရ

📌 ၇။ ကျွန်းစုမြိုနယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ဦး သေဆုံး

📌 ၈။ တမူးမြို့နယ် အထက်ပိုင်း ကူကီးကျေးရွာများအား  စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်

📌 ၉။ စစ်တွေ၊ပုဏ္ဏားကျွန်းနှင့် မင်းပြားတွင် စစ်တပ်ကလက်နက်ကြီးများ၊ဒရုန်းဖြင့်ပစ်ခတ်မှုကြောင့် ကလေးတဦးသေဆုံးကာ ဒဏ်ရာရသူများရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တော်လှန်ရေးကို အကြောင်းပြပြီး လူ့အခွင့်အရေးကို လစ်လျှူရှုထားလို့ မရဘူးလို့ ယာယီသမ္မတပြော


ဒီဇင်ဘာလ ၁၀ရက်။

တော်လှန်ရေးကို အကြောင်းပြပြီး လူ့အခွင့်အရေးကို လစ်လျှူရှုထားလို့ မရဘူးလို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီသမ္မတက ပြောကြားလိုက်ပါတယ်။


ဒီဇင်ဘာလ ၁၀ ရက်နေ့က ကျင်းပခဲ့တဲ့ လူ့အခွင့်အရေးနေ့ စကားဝိုင်း ဆွေးနွေးပွဲ အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက အခုလို ပြောကြားခဲ့တာပါ။


လက်ရှိအချိန်မှာ တော်လှန်ရေး ကာလအတွင်း ဖြတ်သန်းနေကြရပေမယ့် ခုခံတော်လှန်စစ် ကာလ အတွင်းမှာလည်း ပြည်သူလူထုအတွက် လူ့အခွင့်အ‌ရေး အပြည့်အဝ ရနိုင်အောင် တိုက်နိုင်သမျှ ကြိုးစားအားထုတ်နေ ကြရမှာ ဖြစ်တယ်လို့ ယာယီသမ္မတက ဆိုပါတယ်။


"အထွေထွေလုံခြုံရေးနဲ့ အထွေထွေ အကျပ်အတည်းတွေကြောင့် လူထုက ဆုံးရှုံးလိုက်ရတဲ့ လူ့အခွင့်အရေးကို ကျွန်တော်တို့ဟာ တော်လှန်ရေး အကြောင်းပြပြီး လျစ်လျှူရှုထားလို့ မရပါဘူး။ လက်ရှိ ကျွန်တော်တို့အားလုံး ပူးပေါင်းဆင်နွှဲ နေကြတဲ့‌ နွေဦးတော်လှန်ရေးသည်ပင်လျှင် ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေးနဲ့ လူ့အခွင့်အရေး ဆိုတဲ့ အခြေခံစံတန်ဖိုးတွေ ပြည့်ပြည့်ဝဝ ရရှိအောင် ဦးတည်ကြိုးစားနေခြင်း ဖြစ်တယ်လို့ ပြောချင်ပါတယ်"လို့ ယာယီသမ္မတကြီးက ပြောကြားခဲ့တာပါ။


ထို့အပြင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ပြည်သူလူထုကို ကင်းဝေးအောင် ယခုလက်ရှိ နွေဦးတော်လှန်ရေးကို အားလုံး အဘက်ဘက်ကနေ ဝိုင်းဝန်းပါဝင် ထမ်းရွက်နေကြတာ ဖြစ်တယ်လို့ ယာယီသမ္မတက ထပ်လောင်းပြောကြား ခဲ့ပါတယ်။


========================


📌📌 ၂။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ


ဒီဇင်ဘာလ ၁၀ရက်။

အမျိုးသားညီညွတ်ရေး အစိုးရ၊ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၃၇/၂၀၂၃) ကို ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက် ၁၀ နာရီ အချိန်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။


အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ () သုဝဏ္ဏမှ အမှာစကား‌ ပြောကြားခဲ့ပါတယ်။


ထို့နောက် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွန်ချက်များ၊ လုပ်ငန်း ဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနဲ့ ပတ်သတ်ပြီး သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆောင်ရွက်ခဲ့ပါတယ်။


အဆိုပါ တွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိခဲ့ပါတယ်။


========================


📌📌 ၃။ ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနတို့အမျိုးသမီးများကို အကြမ်းဖက်မှု ရပ်တန့်စေရေး ၁၆ ရက်တာလှုပ်ရှားမှုပူးတွဲကျင်းပ


ဒီဇင်ဘာလ ၁၀ရက်။

ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနတို့အမျိုးသမီးများကို အကြမ်းဖက်မှု ရပ်တန့်စေရေး ၁၆ ရက်တာ လှုပ်ရှားမှုပူးတွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။


ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင် ပြည်သူ့အခြေပြု စာသင်ကျောင်းတစ်ခုမှာ ဒီဇင်ဘာလ ရက်နေ့က  ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများနဲ့ ကျေးရွာ ပြည်သူလူထုကို ဂျန်ဒါအခြေပြု အကြမ်းဖက်မှုဖြစ်ပေါ်စေသော အဓိက အကြောင်းအရင်းများ၊ အမျိုးသမီးနဲ့ ပတ်သက်တဲ့ အခွင့်အရေး များကို ရှင်းလင်းပြောကြား ခဲ့ကြပါတယ်။


အမျိုးသမီးနှင့် မိန်းကလေးများကို ကာကွယ်ဖို့ အတူတကွ ပါဝင်ပံ့ပိုးစို့ခေါင်းစဉ်ဖြင့် ကျင်းပခဲ့တဲ့ ၎င်းအခမ်းအနားကို ကရင်နီပြည်နယ် IEC မှ တာဝန်ရှိသူများ ရပ်/ကျေး တာဝန်ခံများ၊ အမျိုးသမီး ၊လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနတို့မှ ပူးတွဲကျင်းပခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၄။ လွိုင်ကော်မြို့ရှိ ပြည်နယ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်သိမ်းပိုက်


ဒီဇင်ဘာလ ၁၀ ရက်။

ကရင်နီပြည် လွိုင်ကော်မြို့မှာရှိတဲ့ ပြည်နယ်ရဲစခန်းကို KNDF ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ Progressive Karenni People Force – PKPF သတင်းနှင့် ပြန်ကြားရေးဗျူရိုက ဒီဇင်ဘာလ ၁ဝ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ 

အဆိုပါစခန်းကို ဒီဇင်ဘာလ ရက်နေ့ညကတည်းက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပေမယ့် စစ်ကောင်စီဘက်က လေယာဉ်တွေနဲ့ ဆက်တိုက်ဗုံးကြဲနေတာကြောင့် ဒီဇင်ဘာလ ၁ဝ ရက်နေ့ မွန်းလွဲပိုင်းမှသာ သတင်းထုတ်ပြန်နိုင်တာလို့ အသိပေးထားပါတယ်။

ပြည်နယ်ရဲရုံးကို ဒီမနက်ပဲရ။ တော်လှန်ရေးတပ်ပေါင်းစုက သိမ်းလိုက်တယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ ရောက်နေပြီ ဆိုပြီး တောင်ဈေးတစ်ခုလုံးကို လေယာဉ်နဲ့ ပတ်ကြဲတယ်။ ဘယ်လောက်တောင် မဲမဲမြင်ရာပစ်သလဲဆို အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ စစ်တပ်ကြီးက လေယာဉ်နဲ့ကြဲချတာ တောင်ကွဲစေတီပါမကျန်ပဲလို့ Karanni Guys အဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။  

ပြည်နယ်ရဲစခန်းကို သိမ်းပိုက်ရရှိချိန်မှာ လက်နက်ခဲယမ်းတွေအပါအဝင် ရဲတပ်ဖွဲ့ဝင်တွေအသုံးပြုတဲ့ ဆိုင်ကယ်တွေ၊ ရဲကားနဲ့ အဓိကရုန်းနှိမ်နင်းရာမှာအသုံးပြုတဲ့ကားတွေပါ သိမ်းဆည်းရရှိခဲ့တယ်လို့ ကနဦး အသိပေးထားပြီး အသေးစိတ်ကို ထပ်မံထုတ်ပြန်ပေးမယ်လို့သိရပါတယ်။


========================


📌📌 ၅။ လောက်ကိုင်မြို့ရှိ ကားရောင်းဝယ်ရေးဆိုင်ကို ဓားပြတိုက်ခဲ့သော ပြည်သူ့စစ်အဖွဲ့ဝင် ဦးကို ချင်းရွှေဟော် စစ်ဆေးရေးဂိတ်တွင်ဖမ်းမိ


ဒီဇင်ဘာလ ၁၀ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ရှိ ကားရောင်းဝယ်ရေးဆိုင်တဆိုင်ကို ဓားပြတိုက်ပြီး ထွက်ပြးဖို့ ကြံစည်ခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ဦးကို ချင်းရွှေဟော်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ကိုးကန့် MNDAA ပြန်ကြားရေးဌာန The Kokang က ထုတ်ပြန်လိုက်ပါတယ်။ 

ဓားပြတိုက်ခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့ဟာ ဒီဇင်ဘာလ ရက်နေ့ညပိုင်းက ကားရောင်းဝယ်ရေးဆိုင်ထဲကို လက်နက်ကိုင် ဆောင်ဝင်လာခဲ့ပြီး ဆိုင်အလုပ်သမား ဦးကို ရိုက်နှက်ခဲ့တဲ့အပြင် Ford အမျိုးအစား ကားတစီးကို ယူဆောင်သွားခဲ့ တယ်လို့ သိရပါတယ်။

ဒီပြည်သူ့စစ်အဖွဲ့ဝင် ဦးဟာ လုယူလာတဲ့ကားကို အသုံးပြုပြီး စစ်ပြေးဒုက္ခသည်အဖြစ်ဟန်ဆောင်ကာ ဒီဇင်ဘာလ ရက်နေ့မှာ ချင်းရွှေဟော်စစ်ဆေးရေးကို ဖြတ်သန်းစဉ် ဖမ်းဆီးနိုင်ခဲ့တာလို့လည်း အသိပေးထားပါတယ်။ 

ဖမ်းဆီးရမိတဲ့သူတွေထဲက ဦးဟာ ကိုးကန့်ရှင့်ထန်ပြည်သူ့စစ်အဖွဲ့ဝင်တွေဖြစ်ပြီး အခြားတဦးမှာ တာရွှေထန် ပြည်သူစစ်အဖွဲ့ဝင်ဖြစ်တယ်လို့ သိရပါတယ်။

လုယက်မှုကို ဦးဆောင်ခဲ့သူဟာ ယခင်ကစစ်ကောင်စီတပ်ဖွဲ့ဝင်ဖြစ်ခဲ့ပြီး တပ်ပြေးတဦးဖြစ်တဲ့အတွက် စစ်ပြေးမှုနဲ့ ထောင်ကျခဲ့ပြီး တပ်ကနေထုတ်ပယ်ခံခဲ့ရသူလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဓားပြတိုက်ခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့ဟာ ကားအရောင်းဆိုင်မှာရှိတဲ့ မီးခံသေတ္တာကိုမဖွင့်နိုင်တဲ့အတွက် Ford အမျိုးအစား ကားတစီးနဲ့ ဆိုင်အလုပ်သမား ဦးရဲ့ လက်ကိုင်ဖုန်းနဲ့ တရုတ်ငွေ / ထောင်ခန့်ကို လုယူသွားခဲ့တာလို့လည်း သိရပါတယ်။ 

လက်ရှိမှာ ဓားပြတိုက်ခံရတဲ့ ကားကို ဆိုင်ပိုင်ရှင်သူဌေးနဲ့အလုပ်သမားတွေ လာရောက်ထုတ်ယူသွားပြီလို့ သိရပါတယ်။

ဒီဇင်ဘာလ ရက်နေ့တုန်းကလည်း ကိုးကန့်အမျိုးသားတဦးရဲ့ကားကို ယာဉ်မောင်းအလုပ်သမားက ခိုးယူသွားတဲ့ ဖြစ်စဉ် ရှိခဲ့ပြီး ချင်းရွှေဟော်ဂိတ်မှာပဲ ဖမ်းဆီးရမိခဲ့တဲ့အတွက် ကားပိုင်ရှင်ထံ လွှဲပြောင်းပေးခဲ့တယ်လို့ ထပ်သိရပါ တယ်။ 

လောက်ကိုင်ဒေသဟာ လတ်တလောမှာ စစ်နယ်မြေဖြစ်နေပြီး တိုက်ပွဲတွေဖြစ်နေတာကြောင့် ပြည်သူ လူထုကို ဓားပြတိုက်တာ၊ လုယက်တာ စတဲ့ လုပ်ရပ်တွေလုပ်ဆောင်လာနိုင်တာကြောင့် ဒေသခံအိမ်ရှင်တွေနဲ့ ခရီးသွား ပြည်သူတွေအနေနဲ့ အထူးသတိထားနေထိုင်သွားလာကြဖို့ MNDAAက တိုက်တွန်းထားပါတယ်။


========================


📌📌 ၆။ မုံရွာ - အရာတော်လမ်းပိုင်းတွင် စစ်ကား ၂စီးကိုတိုက်ခိုက်မှု စစ်ကြောင်းမှူးသေဆုံးကာ ၁၉ ဦး ဒဏ်ရာရ


ဒီဇင်ဘာလ ၁၀ ရက်။

စစ်ကိုင်းတိုင်း မုံရွာ-အရာတော်တော်လမ်းပေါ်ရှိ ထူးရာရသေ့ကျောင်းကနေ အရာတော် .. (၁၀) တပ်ကိုသွားတဲ့ စစ်ကား စီးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူးသေဆုံးပြီး အရာရှိအပါအဝင် ၁၉ ဦး ဒဏ်ရာရရှိသွားတယ်လို့ Danger Force LPDF က ထုတ်ပြန်ပါတယ်။ 

ဒီဇင်ဘာလ ရက်နေ့ နံနက် နာရီ ကျော်အချိန်က မုံရွာ-အရာတော်တော်လမ်းမပေါ်မှာရှိတဲ့ ထူးရာရသေ့ကျောင်း ကနေ အရာတော် .. (၁၀) တပ်ကိုသွားတဲ့ စစ်ကား ၂စီးကို တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ သံပြားကာကား စီးကို ထူးရာရသေ့ကျောင်းအကျော်ကနေစပြီး ကမ်းဖြူကျေးရွာအထိ ပဒေသာမိုင်းပွိင့် ၁၁ နေရာ၊ မိုင်း အလုံး ၆၀၊ လက်နက်ငယ်  ၂၀ လက်နဲ့ ကိုက် ၅၀ အကွာကနေ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုမှာ ကား စီး ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကြောင်းမှူးသေဆုံးကာ ဗိုလ်တဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့အပြင် အခြားအဆင့် ၁၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့  တပ်တွင်းဖရဲသီးတွေပြောကြားချက်ကို ကိုးကားပြီး ထုတ်ပြန်ထားပါတယ်။ 

အဆိုပါတိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ထူးရာရသေ့ကျောင်းမှာကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းတကြောင်း၊ ကျွန်းဖိုပင်ကျေးရွာမှ စစ်ကြောင်း တကြောင်း၊ တုံးတင်ကန်ကျေးရွာမှ စစ်ကြောင်းတကြောင်း စုစုပေါင်းစစ်ကြောင်း ကြောင်း ကမ်းဖြူကျေးရွာမှာ ခေတ္တခဏတပ်စွဲပြီး အရာတော်မြိုထဲသို့ ဝင်သွားတယ်လို့ အသိပေးထားပါတယ်။

ယင်းစစ်ဆင်ရေးကို Danger Force LPDF မုံရွာခရိုင်အထူးလှုပ်ရှားတပ်ဖွဲ့၊ မိုင်းမင်းသား မြေအောက် ပြောက်ကျားတပ်ဖွဲ့၊ AMT မြေပြင်ပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းနီတပ်ဖွဲ့၊ ဒုံးပျံ တပ်ဖွဲ့၊ သပြေညိုပြောက်ကျားတပ်ဖွဲ့၊ မုံရွာခရိုင်တပ်ရင်း-၂၇ နဲ့ DRA တပ်ဖွဲ့တို့  ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။


========================


📌📌 ၇။ ကျွန်းစုမြိုနယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ဦး သေဆုံး


ဒီဇင်ဘာလ ၁၀ရက်။ 

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒရုန်းဖြင့် ဗုံးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ဦးသေဆုံးခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရပါတယ်။


ဒီဇင်ဘာလ ရက်နေ့ မနက် နာရီ ခွဲခန့်မှာ ကျွန်းစုမြို့နယ် မင်းဂုတ်ကျေးရွာရှိ ပျူစောထီးနဲ့ စစ်ကောင်စီတပ် ပူးပေါင်းအဖွဲ့နဲ့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း () တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


နာရီခန့်ကြာတဲ့ အဆိုပါ တိုက်ပွဲအတွင်း Dragon Squad မှ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ဦး သေဆုံးခဲ့ပြီး ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။


၎င်းတိုက်ခိုက်မှုကို မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း မှ ဦးဆောင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း - () တပ်ခွဲ () တနင်္သာရီမြိုနယ် ပကဖ ကျွန်းစုမြိုနယ် ပကဖ၊ ပုလောမြိုနယ် ပကဖ၊ တနင်္သာရီတိုင်း စစ်ဆင်ရေးဌာန - Drone လက်ရုံးတပ်ဖွဲ့၊  Drogon Squad တို့က ပူးပေါင်းလုပ်ဆောင် ခဲ့ကြတာလို့ သိရပါတယ်။


========================


📌📌 ၈။ တမူးမြို့နယ် အထက်ပိုင်း ကူကီးကျေးရွာများအား  စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်


ဒီဇင်ဘာလ ၁၀ရက်။

ချင်းပြည်နယ်၊ တမူးမြို့နယ်၊ အထက်ပိုင်း ကူးကီးကျေးရွာများကို စစ်ကောင်စီမှလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့တယ်လို့ ကူကီးအမျိုးသားတပ်မတော် (မြန်မာပြည်) KNA-Burma က အသိပေး ထားပါတယ်။


ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ နာရီခွဲ ခန့်မှာ တမူးအထက်ပိုင်း ကူးကီးကျေးရွာများကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက် တာတွေကို ပြုလုပ်နေတယ်လို့ ဆိုပါတယ်။


အဆိုပါ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် မန်တော်ကျေးရွာရှိ နေအိမ်တစ်လုံး မီးလောင် ပျက်စီး သွားခဲ့ပြီး လူသူထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။


ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက်တွင် တမူး - ဟုမ္မလင်း အကြားရှိ အောင်ဇေယျ တပ်စခန်းကို ကူကီး အမျိုးသားတပ်မတော် (မြန်မာပြည်) KNA-Burma နှင့် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစု (PDF) များမှ အပြီးသတ် သိမ်းနိုင်ခဲ့ပါတယ်။


========================


📌📌 ၉။ စစ်တွေ၊ပုဏ္ဏားကျွန်းနှင့် မင်းပြားတွင် စစ်တပ်ကလက်နက်ကြီးများ၊ဒရုန်းဖြင့်ပစ်ခတ်မှုကြောင့် ကလေးတဦးသေဆုံးကာ ဒဏ်ရာရသူများရှိ


ဒီဇင်ဘာလ ၁၀ရက်။

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ စစ်တွေ၊ပုဏ္ဏားကျွန်းနဲ့ မင်းပြားမြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက် ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

မင်းပြားမြို့ ကျိန်တောင်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေက ဒီဇင်ဘာလ ၁ဝ ရက်နေ့ ညနေ နာရီချန့်အချိန်မှာ လက်နက်ကြီးကျည်တွေနဲ့ပစ်ခတ်ခဲ့ရာ ဥက္ကာပျံရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးတဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံကို ပို့ဆောင်ခဲ့ရာ ဆေးရုံရောက်ချိန်မှာ သေဆုံးသွားတယ်လို့သိရပါတယ်။ 

မင်းပြားမြို့မှာ ခမရ ၃၈ဝ၊ ခမရ ၅၄၁၊ ၃၇၉ စတဲ့တပ်ရင်းတွေအပြင် ကျိန်တောင် တောင်ထိပ်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ရင်းတခုနဲ့ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသတွင်းသတင်းတွေကိုဖော်ပြနေတဲ့ Western News က ဖော်ပြထားပါတယ်။ 

အလားတူ စစ်တွေနဲ့ပုဏ္ဏားကျွန်းမြို့နယ်မှာရှိတဲ့ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေအပါအဝင် ဒရုန်းတွေနဲ့ပါ ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် အပြစ်မဲ့အရပ်သားထိခိုက်မှုရှိခဲ့ပြီး နေအိမ်အချို့ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ 

ဒီဇင်ဘာလ ၁ဝ ရက်နေ့ မနက် ၁ဝ ခန့်အချိန်က ပုဏ္ဏားကျွန်းမြို့နယ်မှာရှိတဲ့ ပဒေသာရွာသစ်ထဲ လက်နက်ကြီးကျည် လုံး ကျရောက်ပေါက်ကွဲခဲ့ရာ နေအိမ်များပျက်စီးခဲ့ပေမယ့် လူနဲ့တိရိစ္ဆာန်တွေ သေဆုံးမှုမရှိခဲ့ဘူးလို့ Western News မှာ ဖော်ပြထားပါတယ်။ 

အဆိုပါလက်နက်ကြီးကျည်တွေဟာ စစ်တွေမြို့အခြေစိုက် ပါဒလိတ်စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ထို့အတူ ဒီဇင်ဘာလ ၁ဝ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဝါဘိုကျေးရွားအတွင်း ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ကျောင်းသားတဦးဒဏ်ရာရရှိခဲ့ပြီး အိမ်တလုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment