16th DEC 2023 - Morning Daily News by Radio NUG


၂၀၂၃ ဒီဇင်ဘာလ ၁၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းတက်ရောက်

📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက မိတ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဖက်ဒရယ်စနစ်နှင့် လူနည်းစုအခွင့်အရေးဆိုင်ရာ ဆရာ၊ ဆရာမဖြစ်သင်တန်းများကျင်းပ

📌 ၃။ ယောကာကွယ်ရေးတပ် - YDF (ဗဟိုလေ့ကျင့်ရေးဌာန)တွင် သင်တန်းဆင်းရဲဘော်များအား ကိုယ်ပိုင်အမှတ်ပေးအပ်ခြင်းနှင့် ရာထူးအဆင့် ခန့်အပ်ခြင်း အခမ်းအနားကျင်းပ

📌 ၄။ ကလေးငယ် သန်းခန့်လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များကို အရေးတကြီး လိုအပ်

📌 ၅။ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက မီဒီယာကဏ္ဍ၌ လုပ်ကိုင်ကြသော အမျိုးသား (၁၃) ဦးကို ဖမ်းဆီးခဲ့

📌 ၆။ မြိုင်မြို့နယ်တောင်ပိုင်း သာစည်ရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီး

📌 ၇။ နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦးသေဆုံးကာ ဒေသခံနေအိမ်များ မီးလောင်ပျက်စီး

📌 ၈။ ရေဦးမြို့နယ်မှထွက်လာသော အကြမ်းဖက်စကစစစ်ကြောင်းအား ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့

📌 ၉။ လွိုင်ကော်မြို့အတွင်း အရပ်ဝတ်ဖြင့်သွားလာနေသည့် ရဲတပ်သားတစ်ဦးအား  ဖမ်းဆီးရမိရာ လက်ပစ်ဗုံး()လုံးနှင့်အတူWYဆေးပြား(၁၂)ပြားပါတွေ့ရှိရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းတက်ရောက်


ဒီဇင်ဘာလ ၁၅ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၅၂/၂၀၂၃)ကိုဒီဇင်ဘာ၁၅ရက်ကကျင်းပခဲ့ပြီး ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းတက်ရောက်ခဲ့ပါတယ်။


အစည်းအဝေးမှာ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊အဖွဲ့ဝင်၊ ပညာ‌ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်တို့မှ အမှာစကားအသီးသီးပြောကြားခဲ့ပါတယ်။


ဆက်လက်၍ ဝန်ကြီးဌာနများမှ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများအပေါ်  သိရှိလိုသည်များကို မေးမြန်း‌ဆွေးနွေးခဲ့ကြ၍ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အဆိုပါအစည်းအဝေးသို့  ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက မိတ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဖက်ဒရယ်စနစ်နှင့် လူနည်းစုအခွင့်အရေးဆိုင်ရာ ဆရာ၊ ဆရာမဖြစ်သင်တန်းများကျင်းပ


ဒီဇင်ဘာလ ၁၅ရက်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက မိတ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဖက်ဒရယ်စနစ်နှင့် လူနည်းစု အခွင့်အရေးဆိုင်ရာ ဆရာ၊ ဆရာမဖြစ်သင်တန်းများ ကျင်းပခဲ့ပါတယ်။


ဒီဇင်ဘာ၁၅ရက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကအသိပေးဆိုပါတယ်။


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ရေးရာကော်မတီများဖြစ်သော ဖက်ဒရယ်ရေးရာကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် NUCC  ရေးရာကော်မတီတို့ ပူးပေါင်း၍ ဖက်ဒရယ်စနစ်နှင့် လူနည်းစုအခွင့်အရေးဆိုင်ရာ ဆရာ၊ ဆရာမဖြစ်သင်တန်းများအား မိတ်ဘက်အဖွဲ့အစည်းဖြစ်သည့် National Democratic Institute - NDI ပံ့ပိုးကူညီမှုများဖြင့် ကျင်းပခဲ့တယ်လို့ဆိုပါတယ်။


သင်တန်းများအား ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၁၂၂၀၂၃ ရက်နေ့မှ ၁၂၂၀၂၃ ရက်နေ့အထိ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ ပြည်ထောင်စု၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ကိုယ်စားလှယ်များအားလည်းကောင်း၊ ၁၂၂၀၂၃ ရက်နေ့မှ ၁၂၂၀၂၃ ရက်နေ့အထိ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ လွှတ်တော်ကိုယ်စားလှယ်များအားလည်းကောင်းနှင့် ၁၁၁၂၂၀၂၃ ရက်နေ့မှ ၁၃၁၂၂၀၂၃ ရက်နေ့အထိ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ လွှတ်တော်ကိုယ်စားလှယ်အားလည်းကောင်း စုစုပေါင်း သင်တန်းသား (၄၂) ဦးကို ပို့ချဆောင်ရွက်နိုင်ခဲ့ပါတယ်။ 


သင်တန်းများတွင် ပြည်တွင်းကျွမ်းကျင်ပညာရှင် ဦးကျော်စွာက ဖက်ဒရယ်စနစ် အခြေခံ သဘောတရားများ၊ လူနည်းစုအခွင့်အရေးဆိုင်ရာ စံနှုန်းများ၊ လုပ်ပိုင်ခွင့်အာဏာများ ခွဲဝေခြင်း၊ ဘဏ္ဍာငွေခွဲဝေမှုဆိုင်ရာ ဖက်ဒရယ်စနစ်၊ စုံလင်ကွဲပြားမှုနောက်ခံရှိသော လူ့အသိုက်အ၀န်းများတွင် ဒေသန္တရအုပ်ချုပ်ရေး တည်ဆောက်ခြင်းနှင့် ဒေသန္တရအုပ်ချုပ်ရေးအား ဒီဇိုင်းရေးဆွဲခြင်း အကြောင်းအရာများကို  ဆွေးနွေးပို့ချခဲ့ပြီး နိုင်ငံတကာကျွမ်းကျင်ပညာရှင်က လူမျိုးစု အခွင့်အရေးနှင့်ဖက်ဒရယ်ဝါဒအား ဆွေးနွေးပို့ချရာတွင် လူတစ်ဦးချင်း၏ အခွင့်အရေးများနှင့် လူမျိုးစုဓလေ့ထုံးတမ်း၊ ဥပဒေများ၊ လူမျိုးစုအုပ်ချုပ်ရေးအစီအမံများ၊ သတင်းအချက်အလက် သိပိုင်ခွင့်၊ လူမျိုးစုအခွင့်အရေးများအတွက် အရေးကြီးသည့်အချက်များ၊ လူမျိုးစုနယ်မြေများကို သတ်မှတ်သည့်အချက်များ စသည့်ခေါင်းစဉ်များဖြင့် ပို့ချမျှဝေခဲ့ပါတယ်။


========================


📌📌 ၃။ ယောကာကွယ်ရေးတပ် - YDF (ဗဟိုလေ့ကျင့်ရေးဌာန)တွင် သင်တန်းဆင်းရဲဘော်များအား ကိုယ်ပိုင်အမှတ်ပေးအပ်ခြင်းနှင့် ရာထူးအဆင့် ခန့်အပ်ခြင်း အခမ်းအနားကျင်းပ


ဒီဇင်ဘာလ ၁၅ရက်။

ယောကာကွယ်ရေးတပ် - YDF (ဗဟိုလေ့ကျင့်ရေးဌာန)တွင် သင်တန်းဆင်းရဲဘော်များအား ကိုယ်ပိုင်အမှတ်ပေးအပ်ခြင်းနှင့် ရာထူးအဆင့် ခန့်အပ်ခြင်း အခမ်းအနားကျင်းပခဲ့ပါတယ်။


 ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ သင်တန်းဆင်း ရဲဘော်များအား ကိုယ်ပိုင်အမှတ်များ အသိအမှတ်ပြု ထုတ်ပြန်ပေးခဲ့ပြီး စစ်အာဏာရှင်စနစ် ပြုတ်ကျရေးနှင့် ယောဒေသအတွက် အသက်၊ သွေး၊ ချွေးများ ရင်းနှီးကာ တော်လှန်ရေးအပေါ် သစ္စာရှိစွာ  တာဝန်ထမ်းဆောင်လျက်ရှိသော မိမိတို့ ယောကာကွယ်ရေးတပ် စစ်သည်တစ်ချို့ကိုလည်း ရာထူးအဆင့် ပြန်တမ်းများ ထုတ်ပြန်ပေးခဲ့ပါတယ်။


ထို့နောက် ယောကာကွယ်ရေးတပ်၏ ဦးဆောင်သူ ကိုမြတ်သူမှ အရာရှိ၊ အရာခံစစ်သည်များအား ရာထူးအဆင့် ပြန်တမ်းများ ပေးအပ်ပြီး ရဲဘော်များအနေဖြင့် မိမိတို့ ယောဒေသနှင့် ယောဒေသ ပြည်သူပြည်သားများ၏ အရေးအား ဦးထိပ်ထား ဆောင်ရွက်ကြရန်၊ ပြည်သူများအား မိဘသဖွယ်သဘောထားပြီး ပေးအပ်ထားသော တာဝန်နှင့် ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ကြရန် မှာကြားခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။


========================


📌📌 ၄။ ကလေးငယ် သန်းခန့်လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များကို အရေးတကြီး လိုအပ်


ဒီဇင်ဘာ၁၅ရက်။

မြန်မာနိုင်ငံမှာ ကလေးငယ် သန်းခန့်ဟာ လူသားချင်းစာနာထောက်ထားမှုအထောက်အပံ့များကို အရေးတကြီး လိုအပ်နေတယ်လို့ Unicef Myanmarက ဒီဇင်ဘာ၁၅ရက်မှာ အသိပေးဖော်ပြပါတယ်။


ကလေးငယ် သန်းခန့်ဟာ များပြားကျယ်ပြန့်လာသည့် ပဋိပက္ခများနှင့် နယ်မြေမငြိမ်းချမ်းမှုများကြောင့် ၂၀၂၄ခုနှစ်တွင် လူသားချင်းစာနာထောက်ထားမှုအထောက်အပံ့များကို အရေးတကြီး လိုအပ်နေပြီဖြစ်ပါတယ်လို့ဆိုပါတယ်။


ဒါ့အပြင်မြန်မာ့နိုင်ငံရေးအကြပ်အတည်း နှစ်တာကာလအတွင်း နိုင်ငံတွင်း မမျှော်လင့်သော ပဋိပက္ခများ တိုးပွားလာခြင်းကြောင့် နိုင်ငံတွင်းရှိ ကလေးငယ်များသည် အကြမ်းဖက်မှုများ၊ အကြီးမားဆုံးအခွင့်အရေး ချိုးဖောက်ခံရမှုများ၊ နေရပ်စွန့်ခွာမှုများ၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍတွင် ဆုတ်ယုတ်အားနည်းလာမှုများကို အများဆုံးရင်ဆိုင်ကြုံတွေ့လျက် ရှိနေတယ်လို့ ယူနီဆက်ဖ်မြန်မာကဆိုထားပါတယ်။


========================


📌📌 ၅။ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက မီဒီယာကဏ္ဍ၌ လုပ်ကိုင်ကြသော အမျိုးသား (၁၃) ဦးကို ဖမ်းဆီးခဲ့


ဒီဇင်ဘာလ ၁၅ရက်။

နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက မီဒီယာကဏ္ဍ၌ လုပ်ကိုင်ကြသော အမျိုးသား (၁၃) ဦးကို ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက မီဒီယာကဏ္ဍ၌ လုပ်ကိုင်ကြသော အမျိုးသား (၁၃) ဦးကို ဖမ်းဆီးခဲ့ပြီး ရန်ကုန်တိုင်းမှာ () ဦး ဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။


 ၎င်း (၁၃) ဦးအနက် (၁၀) ဦးမှာ လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။


အဆိုပါကာလအတွင်း နိုင်ငံတဝန်းရှိ အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံ တရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံရပြီး အကျဉ်းထောင်များ၌ ထိန်းသိမ်းခံနေရဆဲ မီဒီယာကဏ္ဍမှ အမျိုးသမီး () ဦးနှင့် အမျိုးသား () ဦး စုစုပေါင်း () ဦး ရှိခဲ့ပြီး ရန်ကုန်တိုင်းမှာ () ဦးဖြင့် အများဆုံး ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။


========================


📌📌 ၆။ မြိုင်မြို့နယ်တောင်ပိုင်း သာစည်ရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီး


ဒီဇင်ဘာ၁၅ရက်။

မြိုင်မြို့နယ်တောင်ပိုင်း သာစည်ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။


ဒီဇင်ဘာ၁၅ရက် မွန်းတည့်၁၂နာရီအချိန်မှာ စကစတပ်တွေဟာ မီးရှို့ခဲ့တာလို့ We Love Myaingက အတည်ပြုထားပါတယ်။


"မြိုင်မြို့နယ်တောင်ပိုင်း သာစည်ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးနေတဲ့ မြင်ကွင်းပါ။ ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကိုတော့မသိရသေးပါဘူး"လို့ဆိုပါတယ်။


အကြမ်းဖက်စကစနဲ့ လက်အောက်ခံအဖွဲ့များဟာ တစ်နိုင်ငံလုံးမှာ အိုးအိမ်ပေါင်းခုနစ်သောင်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့မှာအများဆုံးပါဝင်ပါတယ်။


========================


📌📌 ၇။ နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦးသေဆုံးကာ ဒေသခံနေအိမ်များ မီးလောင်ပျက်စီး


ဒီဇင်ဘာလ ၁၅ ရက်။

နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦးသေဆုံးကာ ဒေသခံနေအိမ်များ မီးလောင်ပျက်စီးခဲ့ပါတယ်။


ဒီဇင်ဘာ၁၅ရက် စကစရဲ့ လုပ်ရပ်များကို TNLAကအတည်ပြုဆိုပါတယ်။

 

"တအာင်းပြည်နယ် တပ်မဟာ()စစ်ဒေသ၊ နမ့်ဆန်မြို့နယ်တွင်  ဒီဇင်ဘာလ ၁၄ ရက်နေ့နှင့် ဒီဇင်ဘာလ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တစ်ဦးသေဆုံးပြီး ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် ဒေသခံနေအိမ်အများအပြား ထိခိုက်မီးလောင်ပျက်စီးခဲ့တယ်"လို့ဆိုပါတယ်။

 

ဒီဇင်ဘာလ ၁၄ ရက်နေ့ (၁၁း၀၀)အချိန်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် နမ့်ဆန်မြို့နယ် ငွန်ဆိုင်းကျေးရွာအား လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဦးဖိုးညွန့်၊ ဦးအိုက်ထုံး၊ ဦးခမ်းကျော်၊ ဦးထွန်းရင် တို့နေအိမ် ()လုံးထိမှန်မီးလောင်ခဲ့ပြီး အသက်(၇၀)ကျော်အရွယ် အဖိုးအိုတစ်ဦး မီးလောင်သေဆုံးခဲ့ရပါတယ်။

 

ထို့အပြင်ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်(၇◌း၀၀)အချိန်တွင် ငွန်ဆိုင်းကျေးရွာနှင့် နမ့်ဆန်မြို့အတွင်းသို့ လေကြောင်းဖြင့် ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဦးကံစိုး၊ ဦးထွန်းသိန်း၊ ဒေါ်ရွေယုံ တို့ နေအိမ်()လုံး နှင့် ငွန်ဆိုင်းရွာ ..က ကျောင်းအား ထိမှန်မီးလောင်ပျက်စီးခဲ့ကာ  နမ့်ဆန်မြို့ မင်္ဂလာရပ်ကွက်အတွင်း ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် ဦးချိုတူး (စံပယ်ဦးဈေးဆိုင်) မီးလောင်ပျက်စီးခဲ့ပါတယ်။

 

မွန်းလွဲ (၂း၀၀)ဝန်းကျင်တွင်လည်း စစ်ကောင်စီက လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခဲ့ပြီး နမ့်ဆန်မြို့ စစ်ကောင်စီတပ်၏ လက်ဖက်အချိုခြောက်စက်ရုံမီးလောင်ခဲ့ပါတယ်။

 

ဒီဇင်ဘာလ ၁၂ ရက်နေ့ နေ့လည်(၂း၀၀)အချိန်တွင် စစ်ကောင်စီတပ်က နမ့်ဆန်မြို့ နမ့်မဝေါရပ်ကွက်တွင် နေထိုင်သူ ဦးကျော်ဌေးကို ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့ရပါတယ်။


 နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ()ဦးသေဆုံးပြီး နေအိမ်(၃၀)နီးပါး ထိခိုက်ပျက်စီးခဲ့ပါတယ်။


========================


📌📌 ၈။ ရေဦးမြို့နယ်မှထွက်လာသော အကြမ်းဖက်စကစစစ်ကြောင်းအား ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့


ဒီဇင်ဘာလ ၁၅ ရက်

ရေဦးမြို့နယ်မှ ထွက်လာသော အကြမ်းဖက် စကစစစ်ကြောင်းအား ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ်(၁၄) တပ်ရင်းYE-U People’s Defence Forceက ဒီဇင်ဘာ၁၅ရက်မှာ အတည်ပြုပါတယ်။


"ရေဦးမြို့မှ စကစနဲ့ပျူ ခန့်မှန်းအင်အား ၈၀ ဝန်းကျင်ဖြင့် ရေဦးမြို့နယ် အနောက်ခြမ်း မုတ်စီကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကြောင်းအားရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်း (ရေဦး PDF)နှင့် မဟာမိတ် တပ်ရင်းများ ပူးပေါင်း၍ ဒရုန်းများဖြင့် ဗုံးကြဲ၍ တက်ညီလက်ညီ တိုက်ခိုက်ခဲ့ကြတယ်"လို့ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုများတွင် စကစများ အထိအခိုက်ရှိသဖြင့် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးအင်အားစုများဘက်မှ တစ်စုံတစ်ရာ အထိအခိုက်မရှိခဲ့ဘူးလို့သိရပါတယ်။


========================


📌📌 ၉။ လွိုင်ကော်မြို့အတွင်း အရပ်ဝတ်ဖြင့်သွားလာနေသည့် ရဲတပ်သားတစ်ဦးအား  ဖမ်းဆီးရမိရာ လက်ပစ်ဗုံး()လုံးနှင့်အတူWYဆေးပြား(၁၂)ပြားပါတွေ့ရှိရ


ဒီဇင်ဘာလ ၁၅ရက်။

လွိုင်ကော်မြို့အတွင်း အရပ်ဝတ်ဖြင့် WYဆေးပြားများ‌သယ်ဆောင်ကာ သွားလာနေသည့် ရဲတပ်သားတစ်ဦးအား ဒီဇင်ဘာလ၊ (၁၁)ရက်နေ့တွင် KNDFတပ်ရင်းအမှတ်() ရဲဘော်များမှ လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။


၎င်းနှင့်အတူသယ်ဆောင်လာသော အိတ်အား စစ်ဆေးကြည့်ရာ လက်ပစ်ဗုံး()လုံး၊ WYဆေးပြား(၁၂)ပြား၊ လက်ကိုင်ဖုန်း()လုံး နှင့် ငွေသားတချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။


အဆိုပါရဲတပ်သား တင်မောင်နိုင်သည် လွိုင်ကော်မြို့၊ တောင်ဈေးအနီးရှိ KBZ ဘဏ်တွင် တပ်စွဲထားသော ရဲတပ်ဖွဲ့ဝင်များထဲမှ တစ်ဦးဖြစ်ပြီး WYဆေးပြားများကို အပြင်မှဝယ်ယူကာ တပ်ဖွဲ့ဝင်များထံ ပြန်လည်ရောင်းချနေသူတစ်ဦးဖြစ်ပြီး ယခုဖြစ်စဉ်တွင်လည်း အပြင်တွင် ဆေးပြားများဝယ်ယူရန် အရပ်ဝတ်ဖြင့် သွားလာနေချိန်အတွင်း KNDF ရဲဘော်များမှ ဖမ်းဆီးခဲ့ပြီး သက်ဆိုင်ရာ KSP လက်ထဲသို့ အပ်နှင်းခဲ့တယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment