17th DEC 2023 - Morning Daily News by Radio NUG


၂၀၂၃ ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနှင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ CDM ဝန်ထမ်းများ တွေ့ဆုံဆွေးနွေး

📌 ၂။ သြစတျေးလျနိုင်ငံမှာကျင်းပတဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှုပွဲတော် ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းနှင့် ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်တို့မှ တက်ရောက်

📌 ၃။ အကြမ်းဖက်စစ်အုပ်စုအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုဆိုင်ရာ စည်းမျဉ်းများကို ချိူးဖေါက်သူများအတွက် ရေးသားချမှတ်ထားသည့် ပြစ်ဒဏ်များကို ချမှတ်ကျင့်သုံးရန် NUCCတောင်းဆို

📌 ၄။ စစ်ကောင်စီလုပ်ဆောင်နေတဲ့ စစ်ရေးဆိုင်ရာအစီအမံတွေကို ကြည့်ခြင်းအားဖြင့်  စစ်အာဏာရှင်စနစ်သက်ဆိုး ရှည်ရေးနဲ့လူထုအတွက် အကျိုးမပြုတဲ့ တိုင်းပြည်အုပ်ချုပ်ရေးကို ဖော်ဆောင်ချင်လို့ပဲ ဖြစ်တယ်လို့ KNUဥက္ကဋ္ဌပဒိုစောကွယ်ထူးဝင်းပြောကြား

📌 ၅။𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭ကမ်ပိန်း ၄၂.၄၆ ရာခိုင်နှုန်းအထိရရှိလာ

📌 ၆။ တမူးခရိုင်၊ ခမ်းပါတ်မြို့ကို စစ်ကြောင်းထိုးလာသော အင်အား (၂၀၀) ခန့်ပါဝင်သည့် ရန်သူ့တပ်များ ဆုတ်ခွာထွက်ပြေး၊ရန်သူ့အလောင်း (၁၀) လောင်း ကျော်တွေ့ရှိ

📌 ၇။ နမ့်ခမ်းစခန်းသစ်ကုန်း မကျဆုံးရေးအတွက် စစ်ကောင်စီတပ်မှ ရဟတ်ယာဥ်နဲ့ လာပို့တဲ့  စစ်ကူလူအင်အားများကို တအာင်းတပ်မတော် TNLA ကချေမှုန်းခဲ့ပြီး စကစရဲ့ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သုံ့ပန့်များပါ ဖမ်းဆီးရမိ

📌 ၈။ Shwe Nyar Myae PDF အဖွဲ့ရဲ့G3 ကျည် ထည့်ပစ်လို့ ရတဲ့ တစ်ထောင့်ထိုး Sniper ထုတ်လုပ်အောင်မြင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနှင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ CDM ဝန်ထမ်းများ တွေ့ဆုံဆွေးနွေး


ဒီဇင်ဘာလ ၁၆ ရက်။

ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနှင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ CDM ဝန်ထမ်းများ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


ဒီဇင်ဘာ၁၆ရက် တွေ့ဆုံဆွေးနွေးပွဲသို့ နံနက် မြန်မာစံတော်ချိန် (၁၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊  ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန မှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများနှင့် CDM ဝန်ထမ်းများတက်ရောက်ခဲ့ပါတယ်။


တွေ့ဆုံပွဲတွင်ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှပြောကြားရာ-


"အခုလိုတော်လှန်ရေးရဲ့ အရှိန်အဟုန် ပိုမိုမြင့်တက်လာပြီး မြို့သိမ်းတိုက်ပွဲများကို ဖော်ဆောင်နေချိန်မှာဆိုရင် ဝန်ကြီးဌာနရဲ့ အခန်းကဏ္ဍဟာ ပိုမိုပြီး အရေးပါလာတာကို တွေ့ရမှာ ဖြစ်ပါကြောင်း။ မြို့သိမ်းပြီးနောက် စီမံခန့်ခွဲမှုတွေပြုလုပ်ပြီး စဥ်ဆက်မပြတ် အခြေအနေတွေကို လေ့လာစောင့်ကြည့်နေနိုင်ဖို့ဆိုတာ ဆက်သွယ်ရေး အားမကောင်းရင်  ဘယ်ကဏ္ဍကိုမှ ကောင်းစွာ လုပ်ဆောင်နိုင်မှာ မဟုတ်ပါကြောင်း။ အခုနောက်ပိုင်းမှာ စစ်ကောင်စီဟာ အင်တာနက် ဖြတ်တောက်ရုံသာမဟုတ်ဘဲ ဆက်သွယ်ရေးဖုန်းလိုင်းများကိုပါ ဖြတ်တောက်မှုတွေ ရှိလာတာမို့ ဒီလိုအခြေအနေတွေကို ဖြတ်ကျော်နိုင်ဖို့အတွက် စီမံဆောင်ရွက်ရမယ့် ကိစ္စတွေကို ဆွေးနွေးခဲ့ကြပြီးတဲ့အတိုင်း လိုအပ်တဲ့ ကြိုတင်စီမံမှုတွေကိုလည်း ဆက်လက် ဆောင်ရွက်သွားကြဖို့ လိုအပ်ပါကြောင်း။ ဆက်လက်ပြီးတော့လည်း ဒီနွေဦးတော်လှန်ရေးမှာ ကျွန်တော်တို့ရဲ့ ပြည်သူတွေနဲ့အတူ ပြည်သူလူထုကို ဆက်လက်ဗဟိုပြုရင်း တော်လှန်ရေး ခရီးကို မဆုတ်မနစ် ဇွဲသန်သန်နဲ့ ဆက်လက် လျှောက်လှမ်းရင်း အောင်မြင်မှုဆီ အတူသွားကြရမှာဖြစ်ပါကြောင်း"ဝန်ကြီးချုပ်ကပြောပါတယ်။


တွေ့ဆုံဆွေးနွေးပွဲတွင် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်၊ အမြဲတမ်းအတွင်းဝန်များက ဦးဆောင်ပြီး ဒေသအလိုက်  ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်ပြီး လုပ်ငန်းဆောင်ရွက်နေမှုများ၊ အခက်အခဲနှင့် လိုအပ်ချက်များ၊ စိန်ခေါ်မှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၂။ သြစတျေးလျနိုင်ငံမှာကျင်းပတဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှုပွဲတော် ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းနှင့် ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်တို့မှ တက်ရောက်


ဒီဇင်ဘာလ ၁၆ရက်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက သြစတျေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ မဲလ်ဗန်ခန်းမတွင် ဗမာ့ရိုးရာ ယဉ်ကျေးမှုနှင့် ရိုးရာအစားအစာ ပွဲတော်ကို ကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။


အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းနှင့် ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်တို့မှ တက်ရောက်ကာ အဖွင့်အမှာစကားပြောကြားခဲ့ကြပါတယ်။


အဆိုပါအခမ်းအနားသို့ ကချင်၊ ကရင်နီ၊ ချင်း၊ ကရင် တိုင်းရင်းသားများရိုးရာ အကအလှများ၊ မြန်မာ့ရိုးရာ အငြိမ့်၊ သံချပ်၊ ဆိုင်းဝိုင်းများ၊ ခေတ်ပေါ်တေးဂီတများဖြင့် ဖျော်ဖြေခဲ့ကြပြီး ဆစ်ဒနီ၊ မဲလ်ဘုန်းမှ မြန်မာပြည်ဖွား တိုင်းရင်းသားညီအကိုမောင်နှမများ အင်အား ၅၀၀ ကျော်ခန့် ပါဝင်ဆင်နွှဲခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ အကြမ်းဖက်စစ်အုပ်စုအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုဆိုင်ရာ စည်းမျဉ်းများကို ချိူးဖေါက်သူများအတွက် ရေးသားချမှတ်ထားသည့် ပြစ်ဒဏ်များကို ချမှတ်ကျင့်သုံးရန် NUCCတောင်းဆို


ဒီဇင်ဘာလ ၁၆ရက်။

အကြမ်းဖက်စစ်အုပ်စုအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုဆိုင်ရာ စည်းမျဉ်းများကို ချိူးဖေါက်သူများအတွက် ရေးသားချမှတ်ထားသည့် ပြစ်ဒဏ်များကို ချမှတ်ကျင့်သုံးရန် NUCCကတောင်းဆိုလိုက်ပါတယ်။


ဒီဇင်ဘာလ (၁၆)ရက်မှာ အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ဂျက်လေယာဥ်လောင်စာဆီ၊ နှစ်မျိုးသုံးလောင်စာ (သာမန်အရပ်သုံးနှင့်စစ်ကားသုံး) ကို စင်္ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ဝယ်ယူနိုင်ရန်အတွက် ငွေကြေးလွှဲပြောင်းမှုများကို ဆောင်ရွက်ပေးသည့် ဘဏ်များ၊ လောင်စာဆီတဆင့်ခံသိုလှောင်ပေးသည့် (Bunker) ကုမ္ပဏီများ၊ ရေကြောင်းအာမခံကုမ္ပဏီများနှင့် သင်္ဘောအေဂျင်စီများအား စီးပွားရေး ပိတ်ဆို့မှုကို ချိုးဖောက်သည့်အတွက် ပြစ်ဒဏ်များချမှတ်ပေးရန် တောင်းဆိုသော ကြေညာချက်ကို NUCCကထုတ်ပြန်ပါတယ်။


အမေရိကန်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ပ နိုင်ငံခြားငွေစိစစ်မှုဌာနရုံး (Department of the Treasury, Office of Financial Assets Control (OFAC) of the United States of America) နှင့် ဗြိတိန်နိုင်ငံ၊ စီးပွားရေးပိတ်ဆို့မှုဆိုင်ရာ စီမံခန့်ခွဲမှုရုံး (Office of Financial Sanctions Implementation (OFSI) under the Treasury of HM Government of the United Kingdom) တို့ အနေဖြင့် အကြမ်းဖက်စစ်အုပ်စုအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုဆိုင်ရာ စည်းမျဉ်းများကို ချိူးဖေါက်သူများအတွက် ရေးသားချမှတ်ထားသည့် ပြစ်ဒဏ်များကို ချမှတ်ကျင့်သုံးရန် တောင်းဆိုတယ်လို့ဖော်ပြပါရှိပါတယ်။


အကြမ်းဖက်စစ်အုပ်စုသည် စစ်ရေးဆုံးရှုံးမှုများ၊ နိုင်ငံခြားငွေပိတ်ဆို့ခံရခြင်းနှင့် ဆက်စပ်ပြဿနာများကြောင့် သိသာစွာယိုင်နဲ့ လာနေပြီး မြန်မာနိုင်ငံအပေါ်ချမှတ်သည့် ပိတ်ဆို့အရေးယူမှုများ ချိုးဖောက်သူများအပေါ် လက်တွေ့ကျကျ ဒါဏ်ခတ်ခြင်းကို ကျင့်သုံးမှသာ စနစ်တစ်ခု အပြောင်းအလဲကို ပံ့ပိုးသည်မှာ ထိရောက် အောင်မြင်မှာဖြစ်တယ်လို့ဆိုပါတယ်။


 အပြည်ပြည်ဆိုင်ရာမှ ဒဏ်ခတ်ခြင်းကို ညှိနှိုင်းကျင့်သုံးမှုသည် အကြမ်းဖက် စစ်အုပ်စု၏ ကျဆုံးခန်းသို့ လျင်မြန်စွာ ရောက်ရှိစေပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ်ဆီသို့ လမ်းခင်းပေးရာလည်း ရောက်မယ်လို့ဆိုထားပါတယ်။


သို့ဖြစ်ပါ၍ အကြမ်းဖက်စစ်အုပ်စုအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုဆိုင်ရာ စည်းမျဉ်းများ ကို ချိူးဖေါက်သူများအတွက် ဥပဒေပြုချမှတ်ထားသည့် ပြစ်ဒဏ်များကို ချမှတ်ကျင့်သုံးရန် တောင်းဆို လိုက်တယ်လို့ဖော်ပြထားပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီလုပ်ဆောင်နေတဲ့ စစ်ရေးဆိုင်ရာအစီအမံတွေကို ကြည့်ခြင်းအားဖြင့်  စစ်အာဏာရှင်စနစ်သက်ဆိုး ရှည်ရေးနဲ့လူထုအတွက် အကျိုးမပြုတဲ့ တိုင်းပြည်အုပ်ချုပ်ရေးကို ဖော်ဆောင်ချင်လို့ပဲ ဖြစ်တယ်လို့ KNUဥက္ကဋ္ဌပဒိုစောကွယ်ထူးဝင်းပြောကြား


ဒီဇင်ဘာလ ၁၆ရက်။

စစ်ကောင်စီလုပ်ဆောင်နေတဲ့ စစ်ရေးဆိုင်ရာအစီအမံတွေကို ကြည့်ခြင်းအားဖြင့်  စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေးနဲ့ လူထုအတွက်အကျိုးမပြုတဲ့ တိုင်းပြည်အုပ်ချုပ်ရေးကို ဖော်ဆောင်ချင်လို့ပဲ ဖြစ်တယ်လို့ KNUဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းမှ ပြည်သူလူထုထံသို့ ပြောကြားသော သတင်းစကားမှာဆိုထားပါတယ်။


"စစ်ကောင်စီလုပ်ဆောင်နေတဲ့ စစ်ရေးဆိုင်ရာအစီအမံတွေကို ကြည့်ခြင်းအားဖြင့် အတိုချုံ့ပြောရရင် စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေးနဲ့ လူထုအတွက်အကျိုးမပြုတဲ့ တိုင်းပြည်အုပ်ချုပ်ရေးကို ဖော်ဆောင်ချင်လို့ပဲ ဖြစ်တယ်။

အကျိုးစီးပွားအနေနဲ့ကတော့ စစ်တပ်တစ်ခုလုံးအတွက်မဟုတ်ဘဲ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့စီးပွားဖက်တွေအတွက်ပဲ ဖြစ်တယ်။ ရှေ့တန်းမှာအသက်စွန့်၊ ကိုယ်ကျိုးစွန့်တဲ့တပ်သားတွေအတွက်ကတော့ ဘာအကျိုးခံစားခွင့်မှ ရှိမှာမဟုတ်ပါဘူး"လို့ဆိုပါတယ်။


ဒါ့အပြင် ရှေ့တန်းရောက် စကစရဲ့ ရဲဘော်တပ်သားတွေအနေနဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ လာရောက်ပူးပေါင်းပြီး လူထုဘက်က ရပ်တည်ကြဖို့ကိုလည်းတိုက်တွန်းဆိုထားပါတယ်။


========================


📌📌 ၅။𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭ကမ်ပိန်း ၄၂.၄၆ ရာခိုင်နှုန်းအထိရရှိလာ


ဒီဇင်ဘာလ ၁၆ရက်။

𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭ကမ်ပိန်း ၄၂.၄၆ ရာခိုင်နှုန်းအထိရရှိလာတယ်လို့ ဒီဇင်ဘာ၁၆ရက်ညပိုင်း မှာ 𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭ကမ်ပိန်းက တရားဝင်အသိပေးဆိုထားပါတယ်။


"Day26 မှာ 42.46%ကမ်ပိန်းက အရှိန်ရလာပြီနော့ ….. အမျိုးတို့။𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭ကမ်ပိန်းမှာ မကူရသေးတဲ့သူတွေလဲ target မြန်မြန်ပြည့်မှီဖို့  မြန်မြန်လေးလာကူကြပါ"လို့ဆိုထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက မြို့နယ် ၅မြို့နယ်တွင် အင်တာနက်တိုးချဲ့တပ်ဆင်နိုင်ရန် ရည်ရွယ်၍  "Fedral Net Campaign"လုပ်ဆောင်နေတာဖြစ်ပါတယ်။


အဆိုပါကမ်းပိန်းကို နိုင်ငံတကာ Fundraisers များမှတဆင့် ပါဝင် ကူညီနိုင်မှာဖြစ်သလို ဝန်ကြီးဌာနရဲ့ ဆိုရှယ်မီဒီယာ link တွင်လည်း ကိုယ်တိုင်ဝင်ရောက်ကူညီလို့ရပြီဖြစ်ပါတယ်။


Federal Net Campaign ရဲ့ ကနဦးတည်ဆောက်ဖို့ လိုအပ်ချက်ဖြစ်တဲ့ မြို့နယ် () မြို့နယ်အတွက် အမေရိကန် ဒေါ်လာ (.) သိန်းလိုအပ်မှာဖြစ်ပါတယ်။


========================


📌📌 ၆။ တမူးခရိုင်၊ ခမ်းပါတ်မြို့ကို စစ်ကြောင်းထိုးလာသော အင်အား (၂၀၀) ခန့်ပါဝင်သည့် ရန်သူ့တပ်များ ဆုတ်ခွာထွက်ပြေး၊ရန်သူ့အလောင်း (၁၀) လောင်း ကျော်တွေ့ရှိ


ဒီဇင်ဘာလ (၁၆) ရက်။

တမူးခရိုင်၊ ခမ်းပါတ်မြို့ကို စစ်ကြောင်းထိုးလာသော အင်အား (၂၀၀) ခန့်ပါဝင်သည့် ရန်သူ့တပ်များ ဆုတ်ခွာထွက်ပြေးခဲ့တယ်လို့ ဒီဇင်ဘာ၁၆ရက်မှာ ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုဆိုပါတယ်။


"စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့ကို စစ်ကြောင်းထိုးလာသော အင်အား (၂၀၀) ခန့်ပါဝင်သည့် ရန်သူ့ တပ်အား အမှတ် () စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ကိုင်းတိုင်း အထူးတပ်ရင်းများ၊ ခရိုင်တပ်ရင်းများ၊ ပကဖနှင့် တော်လှန်ရေးတပ်ဖွဲ့များက တွန်းလှန်တိုက်ထုတ်ရာ ယနေ့နံနက်တွင် ရန်သူ့တပ်ပျက်၍   ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်"လို့ဆိုပါတယ်။


ရန်သူ့ထံမှ MA-10 RPG 7 () လက်၊ MG-3 () လက်၊ MA-S1 MK2 () လက် အပါအဝင် လက်နက်မျိုးစုံ (၁၇) လက် သိမ်းပိုက်ရရှိခဲ့ပါတယ်။


ယခုအခါ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး အနည်းဆုံး အရာရှိ () ဦးအပါအဝင် ရန်သူ့အလောင်း (၁၀) လောင်း ကျော်တွေ့ရှိထားတယ်လို့ဆိုပါတယ်။


ဒါ့အပြင် တမူးခရိုင်၊ ခမ်းပါတ်မြို့ကို စစ်ကြောင်းထိုးလာသော အင်အား (၂၀၀) ခန့်ပါဝင်သည့် ရန်သူ့တပ်များ(၃၀)ဦးခန့် သေဆုံးပြီး (၁၈)ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ နောက်ဆက်တွဲ တိုက်ပွဲသတင်းထုတ်ပြန်ချက် ကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

 

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်မှ (၁၆) ရက်ထိ စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ခမ်းပါတ်မြို့သို့ ကလေးမြို့နယ်မှ စစ်ကြောင်းထိုးလာသော အမှတ် (၇၇) တပ်မဌာနချုပ် လက်အောက်ခံ ခမရ (၃၉၁) နှင့် ခလရ (၂၂၈)မှ ဗိုလ်မှူး အောင်စိုးသူ ဦးစီးသော ရန်သူ့စစ်ကြောင်းကို အမှတ် () စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ကိုင်းတိုင်း အထူးတပ်ရင်းများ၊ ခရိုင်တပ်ရင်းများ၊ ပကဖနှင့် CNDF RCDF တော်လှန်ရေးတပ်ဖွဲ့များက တွန်းလှန်တိုက်ထုတ်ခဲ့ခြင်း ဖြစ်ပါတယ်။ 


========================


📌📌 ၇။ နမ့်ခမ်းစခန်းသစ်ကုန်း မကျဆုံးရေးအတွက် စစ်ကောင်စီတပ်မှ ရဟတ်ယာဥ်နဲ့ လာပို့တဲ့  စစ်ကူလူအင်အားများကို တအာင်းတပ်မတော် TNLA ကချေမှုန်းခဲ့ပြီး စကစရဲ့ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သုံ့ပန့်များပါ ဖမ်းဆီးရမိ


 ဒီဇင်ဘာလ ၁၆ရက်။

တအာင်းပြည်နယ်၊ တပ်မဟာ()စစ်ဒေသ၊ နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ စခန်းသစ်မကျဆုံးရေးအတွက် စစ်ကောင်စီတပ်မှ ရဟတ်ယာဥ်ဖြင့် ပို့ဆောင်လိုက်သော စစ်ကူလူအင်အားများကို တအာင်းတပ်မတော် PSLF/TNLA က လိုက်လံရှင်းလင်းချေမှုန်းခဲ့ပါတယ်။


ဒီဇင်ဘာ ၁၂ ရက်နေ့တွင် စစ်ကောင်စီတပ်မှ စခန်းသစ်ကုန်းဘက်သို့ စစ်ကူပေးရန် နမ့်ခမ်းမြို့နယ်၊ နောင်ကောင်ကျေးရွာ သချိုင်းကုန်းနှင့် ကွန်လုံကျေးရွာဘောလုံးကွင်းဘက်တွင် ရဟတ်ယာဥ်ဖြင့် စစ်ကူလူအင်အား (၁၀၀)နီးပါး ()ကြိမ် လာရောက်ပို့ချခဲ့ပါတယ်။ စစ်ကောင်စီတပ်မှ ပို့ဆောင်လိုက်သော စစ်ကူလူအင်အားများကို တအာင်းတပ်မတော် PSLF/TNLA က ယမန်နေ့ ဒီဇင်ဘာ ၁၅ရက်နေ့ထိ လိုက်လံရှင်းလင်းချေမှုန်းရာတွင် စစ်ကောင်စီတပ်မှ ဖရိုဖရဲဖြစ်ပြီး အကျအဆုံးများခဲ့တယ်"လို့ဆိုပါတယ်။


 ချေမှုန်းခံလိုက်ရသော စစ်ကောင်စီတပ်ထံမှ ပစ္စတို()လက်၊ လက်နက်မျိုးစုံ (၃၈)လက်၊ ကျည်ဆံမြောက်များစွာ၊ ဆက်သွယ်ရေးစက်၊ ဗိုလ်ကြီးအဆင့်ပါ အလောင်းများစွာနှင့် စစ်သုံးဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပါတယ်။ 


ဖမ်းဆီရမိခဲ့သော စကခ-၇၊ အမှတ် (၄၂၆) စစ်သုံ့ပန့်များမှာ ဗိုလ်မှူး မောင်စိုင်းကျော်တူအောင်၊  တပ်ကြပ်ကြီး မျိုးမင်းသန့် ၊တပ်သား အောင်မျိုးခိုင် တပ်သား ကောင်းထက်ဇော် တို့ဖြစ်ပါတယ်။


========================


📌📌 ၈။ Shwe Nyar Myae PDF အဖွဲ့ရဲ့G3 ကျည် ထည့်ပစ်လို့ ရတဲ့ တစ်ထောင့်ထိုး Sniper ထုတ်လုပ်အောင်မြင်


ဒီဇင်ဘာလ ၁၆ရက်။

Shwe Nyar Myae PDF အဖွဲ့ရဲ့ G3 ကျည် ထည့်ပစ်လို့ ရတဲ့ တစ်ထောင့်ထိုး Sniper ထုတ်လုပ်အောင်မြင်ခဲ့တယ်လို့ ဒီဇင်ဘာ၁၆ရက်မှာ Shwe Nyar Myae PDFက တရားဝင်အသိပေးဆိုပါတယ်။


"ကျွန်တော်တို့ Shwe Nyar Myae PDF အဖွဲ့ရဲ့ ထုတ်လုပ်ရေး တာဝန်ယူထားသော ရဲဘော်များမှ G3 ကျည် ထည့်ပစ်လို့ ရတဲ့ တစ်ထောင့်ထိုး Sniper ထုတ်လုပ်အောင်မြင်ကြောင်း ပြည်သူများအား အသိပေးလိုပါတယ်"လို့ဆိုပါတယ်။


လက်ကိုင်ဒင်နှင့်ကိုယ်ထည်မှာ သစ်သားနှင့်ဆက်စပ်တီထွင်ထားခြင်းဖြစ်ပါတယ်။


"တစ်တောင့်ထိုး တစ်ချက်ပစ်ဆိုပေမယ့် ကျွန်တော်တို့ ဒီတော်လှန်ရေး အစပြုခဲ့တာဟာ ခါးချိုးသေနတ်၊ တူမီးများဖြစ်တဲ့အတွက် တစ်တောင့်ထိုး တစ်ချက်ပစ်တွေတော့ လုံးဝ မေ့ထားလို့ မရပါဘူးဗျ"လို့ Shwe Nyar Myae PDFကဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment