18th DEC 2023 - Evening Daily News by Radio NUG


၂၀၂၃ ဒီဇင်င်ဘာလ ၁၈ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။စစ်ကောင်စီကို ကူညီနေတဲ့ နိုင်ငံတကာ ဘဏ်နဲ့ ကုမ္ပဏီတွေကို အရေးယူပေးဖို့ NUCC တောင်းဆို

📌 ၂။ မဲလ်ဘုန်းမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားရေးရာ ယဥ်ကျေးမှု စုံညီပွဲတော်ကို လူ့အခွင့်အရေးဝန်ကြီး တက်ရောက်

📌 ၃။ မြန်မာ့တပ်မတော်၏ "ငါမသေ ငါ့စခန်းမကျစေရ"ဆောင်ပုဒ် သမိုင်းတွင်ကျန်ရစ်ခဲ့ပြီဖြစ်၍ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ပြည်သူ့ရင်ခွင် အမြန်ဝင်ကြရန် ညီနောင် ၃ဖွဲ့ ထပ်သတိပေး

📌 ၄။ ချင်းအမျိုးသားတပ်ဦးခေါင်းဆောင်များ ရိခေါဒါရ်မြို့သို့သွားရောက်

📌 ၅။ ကရင်ပြည်နယ် တပ်မဟာ နယ်မြေအတွင်း အခိုင်အမာတပ်စွဲထားသော မို့လို့ကျိုး စစ်စခန်းကို KNLA နှင့် တပ်ပေါင်းစု သိမ်းပိုက်

📌 ၆။ စစ်ကောင်စီ တပ်စွဲထားတဲ့ မြောက်ခင်ရန်း ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင် ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

📌 ၇။ မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသောနေရာ ခုကို ဗုံးဖြင့်တိုက်ခိုက်မှု စစ်သား ဦးသေဆုံး

📌 ၈။ ခမ်းပါတ်တိုက်ပွဲတွင် ဒဏ်ရာပြင်းထန် စစ်သားများကို စစ်ကောင်စီတပ် ချန်ထားပြီး ကိုယ်လွတ်ရုန်း ထွက်ပြေး၊ စစ်သုံ့ပန်း ဦး ထပ်ဖမ်းမိ

📌 ၉။ ချင်းပြည်နယ် မြောက်ပိုင်းကနေ ကလေးဆင်းမယ့် ကားတွေအတွက် လမ်း () ရက်အထိ ဖွင့်ထားပေး

📌 ၁၀။ အာဏာသိမ်းစစ်ကောင်စီ သက်ဆိုးရှည်စေမည့်လုပ်ရပ်များ ဆက်မလုပ်ရန် တရုတ်အစိုးရကို မြန်မာအဖွဲ့ ၂၅ဝ ကျော် အိပ်ဖွင့်စာပို့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။စစ်ကောင်စီကို ကူညီနေတဲ့ နိုင်ငံတကာ ဘဏ်နဲ့ ကုမ္ပဏီတွေကို အရေးယူပေးဖို့ NUCC တောင်းဆို


ပိတ်ဆို့အရေးယူခံထားရတဲ့ စစ်ကောင်စီကို လောင်စာဆီကစလို့ ကူညီပံပိုးနေတဲ့ နိုင်ငံတကာ ဘဏ်နဲ့ ကုမ္ပဏီတွေကို အရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က တောင်းဆိုလိုက်ပါတယ်။

ဂျက်လေယာဉ်လောင်စာဆီ အပါအဝင် အရပ်သုံးနဲ့ စစ်ကားသုံးနိုင်တဲ့ နှစ်မျိုးသုံး လောင်စာဆီ တွေကို ဝယ်ယူနိုင်ဖို့ ဆောင်ရွက်ပေးနေတဲ့ ဘဏ်တွေ၊ ကုမ္မဏီတွေနဲ့ သင်္ဘော အေဂျင်စီတွေအား  စီးပွားရေး ပိတ်ဆို့မှုကို ချိုးဖောက်သည့်အတွက် ပြစ်ဒဏ် ချမှတ်ပေးဖို့ကို ဒီဇင်ဘာလ ၁၆ ရက်မှာ NUCC က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာပါ။

ဒီကြေညာချက်ကို ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးနဲ့၊ ဗြိတိန်သံရုံးကို ပို့ပါတယ်။ ကျွန်တော်တို့ ချဥ်းကပ်နေတာက မြန်မာနိုင်ငံက sanction ချထားတဲ့ နိုင်ငံတွေအနေနဲ့ sanction ချတယ်ဆိုတာနဲ့ မပြီးသေးပါဘူး။ ဆန်ရှင်ကို ချိုးဖောက်တဲ့သူတွေကို အရေးယူပေးဖို့ဆိုတာကို တောင်းဆိုထားတာ ဖြစ်တဲ့ အတွက်ကြောင့် အဓိက sanction ချထားတဲ့ US နဲ့ UK နှစ်နိုင်ငံကို တင်သွင်းပါတယ်။လို့ NUCC မှ ဦးမောင်မောင်က ဆိုပါတယ်။

အကြမ်းဖက် စစ်အုပ်စုကို ဂျက်လေယာဥ် လောင်စာဆီ၊ နှစ်မျိုးသုံးလောင်စာ (သာမန်အရပ်သုံး နှင့် စစ်ကားသုံး) ကို စင်္ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ဝယ်ယူနိုင်ရန် ငွေကြေးလွှဲပြောင်းမှုများကို ဆောင်ရွက်ပေးတဲ့  ဘဏ်များ၊ လောင်စာဆီ တဆင့်ခံ သိုလှောင်ပေးတဲ့ (Bunker) ကုမ္ပဏီများ၊ ရေကြောင်းအာမခံကုမ္ပဏီများနှင့် သင်္ဘောအေဂျင်စီများအား အရေးယူပေးဖို့ အဓိက တောင်းဆိုထားတာပါ။

စစ်အုပ်စုရဲ့ လေယာဥ်တွေဟာ နေ့စဥ်နဲ့အမျှ အရပ်သား ပစ်မှတ်တွေကို ပစ်မှတ်ထားပြီး ဗုံးကြဲသတ်ဖြတ်နေတာတွေ အမြန်ဆုံး ရပ်တန့်ဖို့ရာ လိုတယ်ဗျ။ အဲဒါကိုလည်း အဓိက ရည်ရွယ်တာ ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ လေယာဥ်တွေ အကုန်လုံး မြေပြင်ကနေ ပျံမတက်နိုင်မယ့် အနေအထားမျိုးကို ရည်ရွယ်ပြီးတော့ ဒါကို လုပ်ဆောင်တာ ဖြစ်ပါတယ်။လို့ NUCC မှ ဦးတိုးကျော်လှိုင်က ဆိုပါတယ်။

နေ့စဥ်နဲ့အမျှ ဗုံးကြဲသတ်ဖြတ် ခံနေရတဲ့ ပြည်သူလူထုကို ဆက်ပြီးတော့ အဲဒီလို ဒုက္ခတွေ မခံရစေချင်တော့တဲ့အတွက် ဒီကြေညာချက်ကို ထုတ်ပြန်ပြီး အဓိကထား တိုက်တွန်းခဲ့တာ ဖြစ်ပြီး အကြမ်းဖက် စစ်အုပ်စုအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုဆိုင်ရာ စည်းမျဉ်းများကို ချိူးဖေါက်သူများအတွက် ဥပဒေပြု ချမှတ်ထားတဲ့ ပြစ်ဒဏ်များကို ချမှတ်ကျင့်သုံးရန် တောင်းဆိုလိုက်တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။


========================


📌📌 ၂။ မဲလ်ဘုန်းမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားရေးရာ ယဥ်ကျေးမှု စုံညီပွဲတော်ကို လူ့အခွင့်အရေးဝန်ကြီး တက်ရောက်


သြစတျေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ မဲလ်ဗန် ခန်းမတွင် ရိုးရာယဉ်ကျေးမှုနဲ့ ရိုးရာအစားအစာ ပွဲတော်ကို ဒီဇင်ဘာလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်တို့မှ တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ကြပါတယ်။

အဆိုပါ အခမ်းအနားတွင် ကချင်၊ ကရင်နီ၊ ချင်း၊ ကရင် တိုင်းရင်းသားရိုးရာ အကအလှများ၊ မြန်မာ့ရိုးရာ အငြိမ့်၊ သံချပ်၊ ဆိုင်းဝိုင်းများ၊ ခေတ်ပေါ်တေးဂီတများဖြင့် ဖျော်ဖြေခဲ့ကြပြီး ဆစ်ဒနီ၊ မဲလ်ဘုန်းမှ မြန်မာပြည်ဖွား တိုင်းရင်းသား ညီအကိုမောင်နှမများ အင်အား ၅၀၀ ကျော်ခန့် ပါဝင်ဆင်နွှဲ ခဲ့ကြတယ်လို့ သိရပါတယ်။


========================


📌📌 ၃။ မြန်မာ့တပ်မတော်၏ "ငါမသေ ငါ့စခန်းမကျစေရ"ဆောင်ပုဒ် သမိုင်းတွင်ကျန်ရစ်ခဲ့ပြီဖြစ်၍ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ပြည်သူ့ရင်ခွင် အမြန်ဝင်ကြရန် ညီနောင် ၃ဖွဲ့ ထပ်သတိပေး


မြန်မာတပ့်မတော်၏ "ငါမသေငါ့စခန်းမကျစေရ" ဆောင်ပုဒ်သည် သမိုင်းတွင်ကျန်ရစ်ခဲ့ပြီဖြစ်၍" စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြည်သူ့ရင်ခွင် အမြန်ဝင်ကြရန် ညီနောင် ၃ဖွဲ့ က ထပ်မံသတိပေးပြော ကြားလိုက်ပါတယ်။ 

၁၀၂၇ စစ်ဆင်ရေး ၅၂ ရက်မြောက်ဖြစ်တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့ စစ်ရေးသတင်းများကိုဖော်ပြရာမှာ အခုလို ထပ်မံသတိပေးပြောကြားလိုက်တာဖြစ်ပါတယ်။

စစ်ဆင်ရေး ရက်ပေါင်း ၅၀ ကျော်အတွင်း စစ်ကောင်စီတပ်တွေအနေနဲ့ တိုက်ပွဲအများစုကို စစ်ကူမပို့နိုင် တော့တဲ့အခြေအနေကို မီးမောင်းထိုးဖော်ပြလိုက်တာလည်း ဖြစ်ပါတယ်။

ငါ့အသက်ကို ညီနောင်မဟာမိတ် ဖွဲ့က ဘယ်အချိန်လာယူမလဲဆိုသော စိုးရိမ်ပူပန်မှုများနှင့်အတူ ခုခံစစ်ကို မည်သည့် စစ်ကူမျှမပါဘဲ ရင်ဆိုင်နေရပြီဖြစ်တယ်လို့ ညီနောင် ဖွဲ့က ပြောပါတယ်။ 

ထို့ကြောင့် မြန်မာ့တပ်မတော်သားများအနေဖြင့် အသက်မသေလိုပါက ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံး ဝင်ရောက်ခိုလှုံကြဖို့ ထပ်မံတိုက်တွန်းလိုက်တာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။ 

ထို့အပြင်အသက်ကိုဉာဏ်စောင့်ဆိုသည်ကိုလည်း စေတနာဖြင့် အသိပေးလိုက်ပါသည်လို့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။ 

စစ်ကူမပေးနိုင်တော့တဲ့စစ်ကောင်စီဟာ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပြင်ဆင်မှုမျတွေ ဆက်တိုက်ပြုလုပ်နေတဲ့ အတွက် ညီနောင် ဖွဲ့ လှုပ်ရှားရာနေရာများနဲ့ သတ်မှတ်ထားတဲ့ စစ်ဆင်ရေးနယ်မြေတွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်းနေဆဲဖြစ်တယ်လို့ ညီနောင်မဟာမိတ် ဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


📌📌  ချင်းအမျိုးသားတပ်ဦးခေါင်းဆောင်များ ရိခေါဒါရ်မြို့သို့သွားရောက်


ချင်းဒေသကာကွယ်ရေး ပူးပေါင်းတပ်များ ပထမဆုံးသိမ်းယူနိုင်ခဲ့တဲ့ ရိခေါဒါရ်မြို့ကို ချင်းအမျိုးသားတပ်ဦး CNF က ခေါင်းဆောင်တွေ သွားရောက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ချင်းအမျိုးသားတပ်ဦး ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖက်ဒရယ်ပြည်ထောင်စု ရေးရာဝန်ကြီး ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင် အပါအဝင် CNF က ခေါင်းဆောင်တွေ သွားရောက်ခဲ့ ကြတာဖြစ်ပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ကြတဲ့ CNA/CNF နှင့် CDF-Hualngaoram ကရဲဘော်တွေနဲ့လည်း တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။

အခုလိုတွေ့ဆုံခဲ့တာနဲ့ပတ်သက်လို့ ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်က ၎င်းရဲ့လူမှုကွန်ယက် စာမျက်နှာ ကနေ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ အသိပေးထားပါတယ်။ 

ချင်း လူမျိုးတို့ ရဲ့ အမျိုးသား သင်္ကေတ အသဲနှလုံးပုံ ရိရေကန် နှင့် Indo-Burma ကုန်သွယ်ရေးလမ်း ကြောင်းမြို့ Rih Khawdar မြို့တို့ကို လွှတ်မြောက်အောင်တိုက်ပေးတဲ့ CNF/CNA နှင့် CDF-Hualngaoram က သူရဲကောင်းရဲဘော်များနှင့် ခေါင်းဆောင်ကြီးများနှင့်အတူ အောင်မြေနင်း ခဲ့ကြပါသည်။လို့ ဖော်ပြထားပါတယ်။

မြန်မာ-အိန္ဒိယနယ်စပ်မှာရှိပြီး ကုန်သွယ်ရေးအရအရေးပါတဲ့ ရိခေါဒါရ်မြို့ကို ချင်းတော်လှန်ရေးပူးပေါင်း တပ်ဖွဲ့က နိုဝင်ဘာလ ၁၃ ရက်နဲ့ ၁၄ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ချင်းအမျိုးသားအလံကို လွှင့်ထူခဲ့ပါတယ်။


========================


📌📌 ၅။ ကရင်ပြည်နယ် တပ်မဟာ နယ်မြေအတွင်း အခိုင်အမာတပ်စွဲထားသော မို့လို့ကျိုး စစ်စခန်းကို KNLA နှင့် တပ်ပေါင်းစု သိမ်းပိုက်

 

ကရင်ပြည်နယ် တပ်မဟာ - နယ်မြေအတွင်း အခိုင်အမာတပ်စွဲထားတဲ့စစ်ကောင်စီစခန်း ထီးထ/ ဖဲထာ (မို့လို့ကျိုး) စခန်းကို KNU/KNLA နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ Force For Federal Democracy-FFD က ဒီဇင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ 

ကရင်ပြည်နယ်နဲ့ ကရင်နီပြည်အစပ်မှာရှိတဲ့ ထီးထ/ဖဲထာ (မို့လို့ကျိုး) စခန်းဟာ အကြမ်းဖက်စစ်တပ်က နှစ်ပေါင်း ၃၀ ခန့် အခိုင်အမာတပ်စွဲပြီး ခြေကုပ်ရယူထားတဲ့စခန်းကြီးဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစခန်းကို KNU/KNLA နဲ့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ နာရီခန့်အချိန်မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြတာလို့ FFD က အသိပေး ထားပါတယ်။ 

ထီးထစခန်းမှာ စစ်တပ်အင်အား ၁၂၀ ခန့်ရှိပြီး ကွန်ကရစ်ကတုတ်ကျင်း ကြီးငယ် ၃၀ ခန့်နဲ့ အခိုင်အမာတပ်စွဲ ထားပြီး ခြေကုပ်ရယူထားတဲ့ စခန်းဖြစ်တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး ကြိမ်တိုင် ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ရတယ်လို့လည်း သိရပါတယ်။

တိုက်ပွဲဖြစ်နေစဉ်အတွင်းမှာ စစ်ကောင်စီဘက်က ရဟတ်ယာဉ်တွေနဲ့ စစ်လက်နက်ပစ္စည်းများ ချပေးခြင်း၊ တိုက်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းများ အကြိမ်ကြိမ်ပြုလုပ်နေတဲ့ကြားကနေ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာလို့ ပြောပါတယ်။ 

စခန်းသိမ်းတိုက်ပွဲမှာပါဝင်တဲ့ FFD (Force for Federal Democracy) တပ်ဖွဲ့ကလည်း Missile တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drone အမြောက်အမြားဖြင့် တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ပြီး အခက်အခဲများစွာထဲမှ စစ်တပ်၏ခံစစ် ပျက်စီးစေရန်  အကောင်းဆုံးထိုးနှက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

FFD တပ်ဖွဲ့က စစ်တပ် စခန်းအနီးမှာ ယာယီစခန်းတခုထားကာ ရက်ပေါင်း ၂၀ နီးပါး နေ့စဉ်တိုက်ခိုက်ခဲ့ရပြီး  စစ်တပ်၏စိတ်ဓာတ်နဲ့ ခံစစ်ဖွဲစည်းပုံကို ဖွဲမီးသဏ္ဍန်တိုက်စစ်ဖြင့် တမြေ့မြေ့ခြွေချတိုက်ခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

FFD တပ်ဖွဲ့က Drone တွေနဲ့ စစ်ကောင်စီစခန်းကို ဝေဟင်ကနေစိုးမိုးထားနိုင်ခဲ့ပြီး ဖိနှိပ်ထားခြင်း၊ Missile တွေနဲ့ အဝေးကနေခြိမ်းခြောက်ခြင်းများ ရက်ပေါင်းများစွာပြုလုပ်ခဲ့ပြီးတဲ့နောက် မြေပြင်ချေမှုန်းရေးတပ် များနဲ့အတူ စစ်ကောင်စီရဲ့ ပွိင့် ၉၃၉မဆုတ်တမ်းခံစစ်စခန်းလို့ခေါ်တဲ့ ဖဲထာစခန်းကို အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ Force For Federal Democracy-FFD က ထုတ်ပြန်ထားပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီကအခိုင်အမာတပ်စွဲထားတဲ့ ဖဲထာစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ လက်နက် ခဲယမ်းတွေသိမ်းဆည်းရရှိမှုနဲ့ စစ်ကောင်စီဘက်က ထိခိုက်မှုသေဆုံးမှုစာရင်းကို စိစစ်နေဆဲဖြစ်တာကြောင့် ထုတ်ပြန်ထားတာမရှိသေးပါဘူး။


========================


📌📌 ၆။ စစ်ကောင်စီ တပ်စွဲထားတဲ့ မြောက်ခင်ရန်း ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင် ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်


အကြမ်းဖက် စစ်ကောင်စီ တပ်စွဲထားတဲ့ မြောက်ခင်ရန်း ကျေးရွာမှ ထွက်ပြေးတိမ်းရှောင် လာတဲ့ စစ်ဘေးရှောင် ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့တယ်လို့  ဂန့်ဂေါမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့က အသိပေးဆိုပါတယ်။

ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ မြောက်ခင်ရန်း ကျေးရွာမှ ထွက်ပြေးတိမ်းရှောင် လာတဲ့ စစ်ဘေးရှောင် ပြည်သူများကို ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့၊ ဂန့်ဂေါမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့နှင့် နှလုံးလှလူမှုကူညီရေး အဖွဲ့ဝင်များမှ သွားရောက်တွေ့ဆုံ ခဲ့ပါတယ်။

ထိုသို့ တွေ့ဆုံရာမှာ ဆန်ရိက္ခာထောက်ပံ့ခြင်း၊ ပြင်ပအလှူရှင်တဦးမှ ယက္ကန်းယက်လုပ်ငန်း ကျွမ်းကျင်တဲ့ စစ်ဘေးရှောင်များထံ ပေးအပ်တဲ့ ထောက်ပံ့ငွေများကို အလှူရှင်ကိုယ်စား ပေးအပ်ခြင်းနဲ့ နှစ်သိမ့်ဆွေးနွေး အားပေးစကားများ ပြောကြားခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၇။ မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသောနေရာ ခုကို ဗုံးဖြင့်တိုက်ခိုက်မှု စစ်သား ဦးသေဆုံး


စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲရာနေရာ ခုကို လက်ပစ်ဗုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးသွားတယ်လို့ Golden Eagle Force- Monywa က အသိပေးထားပါ တယ်။

ဒီဇင်ဘာ ၁၇ ရက်နေ့ မနက် နာရီခန့်အချိန်က မုံရွာဂေါက်ကွင်းအနီးမှာရှိတဲ့ အမှတ် ၁၆ ခြေလျင်တပ်ရင်း အတွင်း လက်ပစ်ဗုံးဖြင့် ပစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ထို့အပြင် ဒီဇင်ဘာလ ၁၆ ရက်နေ့ ညပိုင်းမှာလည်း မုံရွာမြို့ နတ်လူထိပ်ပန်ရက်ကွက်ရုံးနဲ့ မုံရွာ-မန္တလေး ကားလမ်း စက်မှုဇုန်လမ်းခွဲအနီးက အထက်တန်းကျောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို လက်ပစ်ဗုံးပစ်သွင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှု ကြိမ်မှာ နတ်လူထိပ်ပန်ရပ်ကွက်ရုံးမှာအထိုင်ချနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလဲရှိခဲ့တယ်လို့ Golden Eagle Force- Monywa က ထုတ်ပြန်ထားပါ တယ်။

အခုလို ဗုံးပစ်သွင်းပြီးတိုက်ခိုက်ခံလိုက်ရတဲ့အတွက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေက ပြန်လည်ပစ် ခတ်မှုတွေပြုလုပ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Golden Eagle Force- Monywa နဲ့ မြို့ပြ UG တဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါ တယ်။ 

မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီဂိတ်စခန်းများကို တက်နိုင်သမျှရှောင်ရှားသွားလာခြင်းဖြင့် တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ကြဖို့ ဒေသတော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံထားပါတယ်။


========================


📌📌 ၈။ ခမ်းပါတ်တိုက်ပွဲတွင် ဒဏ်ရာပြင်းထန် စစ်သားများကို စစ်ကောင်စီတပ် ချန်ထားပြီး ကိုယ်လွတ်ရုန်း ထွက်ပြေး၊ စစ်သုံ့ပန်း ဦး ထပ်ဖမ်းမိ


တမူးခရိုင်၊ ခမ်းပါတ်မြို့ကို ပြန်သိမ်းဖို့အတွက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကိုတော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ရာမှာ တပ်ပျက်ပြီး ထွက်ပြေးနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် များအနက် သုံးဦးဖမ်းကို မိထားပြီး လက်နက်ခဲယမ်း များကိုလည်း ထပ်မံသိမ်းဆည်း နိုင်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားတဲ့ ခမ်းပါတ်မြို့ကို ပြန်သိမ်းမယ်ဟုဆိုကာ အင်အား ၂၀၀ကျော်ဖြင့် ဒီဇင်ဘာ ၁၀ ရက်မှ ၁၆ ရက်ထိ စစ်ကြောင်းထိုး တိုက်ခိုက်လာတဲ့  စစ်ကောင်စီရဲ့ တပ်မ (၇၇) လက်အောက်ခံ ခမရ (၃၉၁) နဲ့ ခလရ (၂၂၈) မှ ဗိုလ်မှူး အောင်စိုးသူ ဦးစီးသော စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်မှ ၃၀ ဦးသေဆုံးပြီး ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဖရိုဖရဲဖြင့် ဆုတ်ခွာထွက်ပြေးသွားပြီး စစ်သုံ့ပန်း နှစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း NUG, ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

တပ်ပျက်ပြီး ဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက လိုက်လံဖမ်းဆီးခဲ့ရာ  ဒီဇင်ဘာ ၁၇ ရက်နေ့မှာ သုံးဦး ထပ်မံဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

"သူတို့ ရဲဘော်တွေထဲက ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး မသွားနိုင်မလာနိုင်တဲ့ သူတွေဆို ဒီတိုင်း ထားခဲ့တာ။ သေနတ်ကိုပဲ ကောက်သွားပြီး ကိုယ်လွတ်ရုန်း ပြေးကြတာ။ အရာရှိပဲ အပါ ပြန်ဆွဲတာ" ဟု ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းကို အမှတ် () စစ်ဒေသ ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) စစ်ကိုင်းတိုင်း အထူးတပ်ရင်းများ၊ ခရိုင်တပ်ရင်းများ၊ ပကဖ နဲ့ တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ  MA ၁၂ လက်၊  RPG 7 တစ်လက်၊ MG-3 တစ်လက်၊ MA-S1 တစ်လက်၊ MK2 တစ်လက် အပါအဝင် လက်နက်မျိုးစုံ ၁၇ လက် သိမ်းပိုက်ရရှိ ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၉။ ချင်းပြည်နယ် မြောက်ပိုင်းကနေ ကလေးဆင်းမယ့် ကားတွေအတွက် လမ်း () ရက်အထိ ဖွင့်ထားပေး


ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်း-တီးတိန် ကနေ လလေးမြို့ကို ဆင်းမယ့် ကားတွေအတွက် ရက် လမ်းဖွင့်ထားတယ်လို့ CDF Civic Defense Militia CDM Siyin က ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ထုတ်ပြန် ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်း-တီးတိန်ကို တက်မယ့် ကားတွေ ကိုတော့ ခွင့်မပြုသေးဘူးလို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့ကနေ  ချင်းပြည်နယ်မြောက်ပိုင်းနဲ့ အိန္ဒိယနိုင်ငံ နယ်စပ်တွေအထိ အဓိက သွားလာလို့ရတဲ့ ဖလမ်း၊ တီးတိန်၊ သိုင်းငင်း ကားလမ်းမကြီးကို နိုဝင်ဘာလ ၂၇ ရက်နေ့ကစလို့ CDF Civic Defense Militia – CDM – Siyin က လုံခြုံရေး အခြေနေကြောင့်  ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

ကားလမ်းမကြီးပိတ်ထားတာ ရက်ကြာလာတာနဲ့မျှ ချင်းပြည်နယ်ကနေ  ကလေးမြို့ကို ပြန်လာမယ့် ကားအစီးရေ ရာနဲ့ချီ  ပိတ်မိနေခဲ့သလို ဒေသတချို့မှာ စားသောက်ကုန် ပြတ်လတ်တာတွေထိ  ဖြစ်ပေါ်နေ ပါတယ်။


========================


📌📌 ၁၀။ အာဏာသိမ်းစစ်ကောင်စီ သက်ဆိုးရှည်စေမည့်လုပ်ရပ်များ ဆက်မလုပ်ရန် တရုတ်အစိုးရကို မြန်မာအဖွဲ့ ၂၅ဝ ကျော် အိပ်ဖွင့်စာပို့


ပြည်သူ့အစိုးရထံကနေ အာဏာလုယူထားတဲ့ အာဏာသိမ်းစစ်ကောင်စီ သက်ဆိုးရှည်စေမယ့်လုပ်ရပ်တွေ ရပ်တန်းကရပ်ဖို့ မြန်မာအရပ်ဘက်အဖွဲ့အစည်း ၂၅ဝ ကျော်က အိပ်ဖွင့်စာပေးပို့ပြီး တောင်းဆိုလိုက်ပါတယ်။ 

အထွေထွေသပိတ်ပေါင်းစပ်ညှိနှိင်းရေးအင်အားစု -GSCB အပါအဝင် မြန်မာလူထုအခြေပြုနှင့် တော်လှန်ရေးအဖွဲအစည်း ၂၅၅ ဖွဲ့က တရုတ်သမ္မတ ရှီကျင့်ဖျင်အပါအဝင် တရုတ်နိုင်ငံတာဝန်ရှိသူများနှင့် တရုတ်ပြည်သူများကို ဒီဇင်ဘာ ၁၇ ရက် နေ့စွဲနဲ့ အိတ်ဖွင့်ပေးစာပေးပို့ခဲ့တာဖြစ်ပါတယ်။

ဒီအိပ်ဖွင့်စာမှာ မြန်မာပြည်သူလူထုရဲ့ သဘောထားဆန္ဒနဲ့ ပြည်သူ့တော်လှန်ရေးကြီးရဲ့ အခြေအနေမှန်ကို အသိပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ပြည်သူလူထုထောက်ခံမှု လုံးဝကင်းမဲ့နေပြီး အဖက်ဖက်က အထွေထွေအကြပ်အတည်း ဆိုက်နေတဲ့ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုဟာ ၎င်းတို့သက်ဆိုးရှည်ရေးနဲ့ အာဏာတည်မြဲစေရေး အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံက  တာဝန်ရှိသူတွေကို နည်းလမ်းပေါင်းစုံသုံးပြီး ချည်းကပ်ကာ အကူအညီတောင်းနေတာကို သိရှိထားတယ်လို့လည်း အိပ်ဖွင့်စာမှာ ဖော်ပြထားပါတယ်။

ယခုရက်ပိုင်းတွေမှာ အကြမ်းဖက်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်အုပ်စုကို တွန်းလှန်နေမှုကို ရပ်တန့်ဖို့၊ အာဏာသိမ်းစစ်အုပ်စုနဲ့ တွေ့ဆုံဆွေးနွေးဖို့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုအချို့ကို တရုတ်အစိုးရ တာဝန်ရှိသူတွေက ဖိအားပေးတောင်းဆိုခဲ့တာတွေအတွက် မြန်မာပြည်သူတွေ အမျက်ဒေါသဖြစ်စေတယ် လို့လည်း အသိပေးထားပါတယ်။ 

ထို့ကြောင့် မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုကိုဆန့်ကျင်ပြီး ပြည်သူ့တော်လှန်ရေးကြီးကို အစွမ်းကုန် ဆင်နွှဲနေကြတဲ့ မြန်မာပြည်လူလူထုတရပ်လုံးရဲ့ အသံနဲ့ သဘောထားဆန္ဒကို အလေးထား ဂရုပြုဖို့ တောင်းဆိုထားပါတယ်။ 

ထို့အပြင် မြန်မာပြည်သူတရပ်လုံး ပါဝင်ဆင်နွှဲနေကြတဲ့ ပြည်သူ့တော်လှန်ရေးကြီးအပေါ် အနှောက်အယှက်၊ အဟန့်အတားဖြစ်စေနိုင်တဲ့ အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုကို သက်ဆိုးရှည်စေနိုင်တဲ့လုပ်ရပ်တွေ အမြန်ဆုံးရပ်တန့်ဖို့လည်း ပါဝင်ပါတယ်။

အခုလို ယုံကြည်လေးစားစွာနဲ့ပေးပို့လိုက်တဲ့ သတင်းစကားတွေကို အလေးမထားဘဲ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စု သက်ဆိုးရှည်ရေးနဲ့ အာဏာတည်မြဲစေရေး ထောက်ခံပံ့ပိုးမှုတွေ ဆက်လုပ်နေမယ်ဆိုရင် မြန်မာပြည်သူလူထုဘက်ကလည်း တုံ့ပြန်ဆောင်ရွက်သင့်တာတွေ မဖြစ်မနေ လုပ်ဆောင်ရမှာဖြစ်တယ်လို့ မြန်မာလူထုအခြေပြုနှင့် တော်လှန်ရေးအဖွဲအစည်း ၂၅၅ ဖွဲ့က သတိပေး ထားပါတယ်။


အခုတင်ပြတဲ့သတင်းတွေကို ရေဒီယိုအန်ယူဂျီသတင်းထောက် ကိုခန့်နှင့် မင်းစစ်သွေးတို့က စုစည်းပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment