19th DEC 2023 - Evening Daily News by Radio NUG


၂၀၂၃ ဒီဇင်င်ဘာလ ၁၉ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၂။ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရမ်းဗြဲ၌ ပထမဆုံးအကြိမ်တိုက်ပွဲဖြစ်၊ စစ်သား ၄ဦးသေဆုံး

📌 ၃။ ရေစကြိုတွင် လေကြောင်းအန္တရာယ်၊ လက်နက်အန္တရာယ်၊ မိုင်းအန္တရာယ် ကာကွယ်‌နိုင်ရေး အတွက် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များမှ ဟောပြောမှုများ ဆောင်ရွက်

📌 ၄။ သရက်ချောင်း မြို့နယ်တွင် နေအိမ်တွေကို ဝင်မွှေနေတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

📌 ၅။ ဒီပဲယင်းမြို့နယ်အတွင်းရှိကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းများကိုပါလုယူ

📌 ၆။ စစ်ကိုင်းတိုင်းတွင် စစ်ရှောင်စခန်းများကို အစားအသောက်နှင့် ဆန်အိတ်များကူညီထောက်ပံ့

📌 ၇။ မြန်မာ-တရုတ် နယ်စပ်မှာရှိတဲ့ ဘီပီ ၁၂၅ စစ်ဘေးရှောင်စခန်း နေရာရွှေ့ပြောင်းရန်စီစဉ် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေး


ဒီဇင်ဘာ ၁၈။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟို ကော်မတီနှင့် စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၅၃/၂၀၂၃) ကို ဒီဇင်ဘာ ၁၇ ရက် နေ့လယ် နာရီ အချိန်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


အစည်းအဝေးကို ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကား ပြောကြားခဲ့ ပါတယ်။


ဆက်လက်ပြီး ဝန်ကြီးဌာနများမှ လုပ်ငန်းစဉ်များ နဲ့ ပတ်သက်လို့ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွန်ချက်များ၊ လုပ်ငန်း ဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများ အပေါ် သိရှိလိုတာတွေကို မေးမြန်းဆွေးနွေးခဲ့ပြီး ဝန်ကြီးဌာန တာဝန်ရှိသူများ က ပြန်လည်ဖြေကြား ခဲ့ကြပါတယ်။ 


အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦးဆောင်ကာ ဒုတိယ ပြည်ထောင်စု ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို ညနေ နာရီ ခွဲအချိန်မှာ ရပ်နားခဲ့ပါတယ်။


========================


📌📌 ၂။ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရမ်းဗြဲ၌ ပထမဆုံးအကြိမ်တိုက်ပွဲဖြစ်၊ စစ်သား ၄ဦးသေဆုံး


၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရမ်းဗြဲကျွန်းမှာ ပထမဆုံးအကြိမ်တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီဘက်က ဦး သေဆုံးခဲ့တယ်လို့ ညီနောင်မဟာမိတ် ဖွဲ့က ထုတ်ပြန်ပါတယ်။ 


၁၀၂၇ စစ်ဆင်ရေး ၅၃ ရက်မြောက်နေ့မှာဖြစ်ခဲ့တဲ့ စစ်ရေးအခြေအနေကိုထုတ်ပြန်ရာမှာ အခုလိုထည့်သွင်း ဖော်ပြခဲ့တာဖြစ်ပါတယ်။ 


ဒီဇင်ဘာလ ၁၈ ရက်နေ့ မနက် ၈နာရီကျော်အချိန်က ရမ်းဗြဲမြို့တောင်ဘက် မီတာ ၂ဝဝ ကျော်အကွာမှာရှိတဲ့ အောင်ချမ်းသာစေတီတည်းထားရာတောင်ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နဲ့ ရခိုင့်တပ်တော် AA တို့ ရင်ဆိုင်တွေ့ဆုံခဲ့ရာမှ တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။


ရတ်တရက် ရင်ဆိုင်တွေ့ဆုံရာမှဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဦးသေဆုံးခဲ့တဲ့အပြင် လက်နက် ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရခိုင့်တပ်တော် AA က ပြောပါတယ်။


တိုက်ပွဲဖြစ်ချန်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီဘက်က စစ်သင်္ဘောနဲ့ဒရုန်းအသုံးပြုပြီးတိုက်ခိုက်ခဲ့တဲ့ အပြင် မွန်းတည့် ၁၂ နာရီခန့်အချိန်မှာလည်း ဂျက်ဖိုက်တာ၊ စစ်ရဟတ်ယာဉ်တွေနဲ့ ရမ်းဗြဲမြို့အနီးပတ်ဝန်း ကျင်ကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။ 

 

ထိုသို့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရမ်းဗြဲမြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆီဆိုင်တန်း မီးလောင် ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။


 စစ်တပ်က ကြည်းကြောင်း၊ရေကြောင်း၊လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် လောင်းချောင်း ရပ်ကွက်က သက်ကြီးပိုင်းအမျိုးသားတဦးသေဆုံးခဲ့ပြီး အရွယ်မရောက်သေးတဲ့ မိန်းခလေး ၂ဦး၊ ညောင်ပင်လှကျေးရွာက အမျိုးသားတဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့  ညီနောင်မဟာမိတ် ဖွဲ့က ထုတ်ပြန်ထားပါတယ်။ 


ထို့အပြင် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ မြောက်ဦးမြို့ အခြေစိုက် ခမရ ၅၄ဝ တပ်ရင်းက အရပ်သားပြည်သူ တွေ နေထိုင်ရာရပ်ကွက်ကို ၁၂ဝ မမ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခြောက်လှန့်ခဲ့သလို နာရီဝန်းကျင် အချိန်မှာလည်း စစ်တွေအခြေစိုက် အမှတ် ၁၂ ရဲ တပ်ရင်းက လက်နက်ကြီးတွေနဲ့ ပေါက်တောမြို့ကို ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၃။ ရေစကြိုတွင် လေကြောင်းအန္တရာယ်၊ လက်နက်အန္တရာယ်၊ မိုင်းအန္တရာယ် ကာကွယ်‌နိုင်ရေး အတွက် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များမှ ဟောပြောမှုများ ဆောင်ရွက်


ဒီဇင်ဘာ ၁၉။


မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ရှိ ပြည်သူများနဲ့ ကျောင်းသား၊ ကျောင်းသူများကို လေကြောင်းအန္တရာယ်၊ လက်နက်အန္တရာယ်၊ မိုင်းအန္တရာယ် ကာကွယ်‌နိုင်ရေး အတွက် ဟောပြောမှုများ ဆောင်ရွက်ခဲ့တယ်လို့  မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့မှ သိရပါတယ်။


အဆိုပါ ဟောပြောပွဲကို မြို့နယ် ပြည်သူ့အုပ်ချုပ်‌ရေး အဖွဲ့၊ မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့၊ မြို့နယ် ပြည်သူ့လုံခြုံရေး အဖွဲ့၊ မြို့နယ် ပညာရေး အဖွဲ့၊ မြို့နယ် ကျန်းမာရေး အဖွဲ့၊ မြို့နယ် လူသားစာနာ အဖွဲ့တို့မှ ပူးပေါင်းပြီး ကျေးရွာစဥ်အလိုက် လှည့်လည်ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 


အသိပညာပေး ဟောပြောမှုများတွင် လေကြောင်းအန္တရာယ်၊ လက်နက်ကြီး၊ လက်နက်ငယ်၊ မိုင်းအန္တရာယ်များ၊ ဓာထုအဆိပ်ငွေ့ အန္တရာယ်များနှင့် ရှေးဦးသူနာပြုနည်းများကို သရုပ်ပြခြင်း၊ Projector ဖြင့် ပြသခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ပြုလုပ်ခဲ့ကာ ဗုံးခိုကျင်းများ တူးထားရန်အတွက်လည်း တိုက်တွန်းနှိုး‌ဆော်ခဲ့ပါတယ်။


========================


📌📌 ၄။ သရက်ချောင်း မြို့နယ်တွင် နေအိမ်တွေကို ဝင်မွှေနေတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ


ဒီဇင်ဘာ ၁၉။


တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်တွေကို ဝင်ရောက်မွှေနှောက်နေတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက် ခံရတာကြောင့် ဦးထက်မနည်း ထိခိုက် သေဆုံးနိုင်တယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။


ဒီဇင်ဘာ ၁၇ ရက်နေ့ မနက် နာရီ အချိန်လောက်မှာ အင်အား ၅၀ နီးပါး ပါတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဟာ မြေသယ်ကား စီးနဲ့ ညောင်ဇင်ကျေးရွာထဲ ဝင်ရောက်လာပြီး တစ်အိမ်တက် တစ်အိမ်ဆင်း မွှေနှောက်ရှာဖွေ ခဲ့ပါတယ်။


နေအိမ်တွေကို ဝင်မွှေသွားတဲ့ စစ်ကောင်စီတပ်ဟာ မနက် ၁၀ နာရီ ခန့်က ညောင်ဇင်ကျေးရွာ ဈေးနဲ့ အခြေခံပညာ အထက်တန်းကျောင်း ကြားအရောက်မှာ မိုင်းဆွဲတိုက်ခိုက် ခံခဲ့ရတာပါ။


အလစ်ငိုက် မိုင်းဆွဲတိုက်ခိုက် ခံလိုက်ရတဲ့ စစ်ကောင်စီတပ်ဟာ သေနတ်နဲ့ ရမ်းသမ်းပစ်ခတ် ပြီးနောက် ဒဏ်ရာရ သူတွေကို ကားနဲ့တင်ဆောင်ပြီး သရက်နှစ်ခွ ကျေးရွာဘက်ကို ဆက်လက်ထွက်ခွာ သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။


တနင်္သာရီတိုင်းမှာတော့ အခုလအတွင်း စစ်ကောင်စီတပ်ဟာ ဒေသခံ ပြည်သူနေအိမ်တွေကို ဝင်ရောက် မွှေနှောက်ပြီး တန်းဖိုရှိပစ္စည်းတွေ အတင်းအဓမ္မရယူတာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထောက်ခံရင် သူပုန်အဖြစ် သတ်မှတ်ရှင်းလင်းမယ်လို့ ခြိမ်းခြောက် တာတွေ ရှိနေပါတယ်။


========================


📌📌 ၅။ ဒီပဲယင်းမြို့နယ်အတွင်းရှိကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းများကိုပါလုယူ


စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်းကကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ဟာ ဒေသခံတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့အပြင် ပြည်သူပိုင်ပစ္စည်းတွေကိုပါ လုယူနေတယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောပါတယ်။


အကြမ်းဖက်စစ်တပ်ဟာ ဒီဇင်ဘာလ ၁၆ ရက်နေ့ကစပြီး ဒီပဲယင်းမြို့နယ်ထဲကိုဝင်ရောက်လာခဲ့တာလို့ သိရပါတယ်။


ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ဟာ ပျော်ဘွယ်နဲ့ မစိုးရိမ်ကျေးရွာတွေကို ဝင်ရောက်ချိန်မှာ ဆီဆိုင်ဟောင်း ခုကို မီးရှို့ဖျက်ဆီးခဲ့ပြီး အောင်ချမ်းသာရွာကို ဝင်ရောက်ချိန်မှာ ကား တစီးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။


 အောင်ချမ်းသာရွာကို ဝင်ရောက်ခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာဆိုရင် ဒေသခံပြည်သူတဦးရဲ့ စပါးရောင်း ၇ငွေနဲ့ ရွှေတိုရွှေစတွေကိုပါ ခိုးယူသွားခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ပင်စည်ကျေးရွာနဲ့ ခွင့်တောင်းကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပေမယ့် ပျက်စီးဆုံးရှုံးမှု အခြေအနေကို မသိရသေးဘူးလို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က အသိပေးထားပါတယ်။


ဒီဇင်ဘာလ ၁၉ ရက်နေ့မနက်ပိုင်းမှာလည်း ပုဂံကျေးရွာ၊ လက်တီးကျေးရွာနဲ့ ယင်းတွေကျေးရွာတွေကို ဆက်တိုက် ဝင်ရောက်လာ‌ပျက်စီးဆုံးရှုံးမှုအခြေအနေကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 


ထိုစစ်ကြောင်းကြောင့် ဒီပဲယင်းအရှေ့ခြမ်းနဲ့ အနောက်ခြမ်းမှာရှိတဲ့ ပျော်ဘွယ်၊ အောင်ချမ်းသာ၊ ရွာရှည်၊ ပင်စီ၊ ခွန်တောင်း၊ ပုဂံ ၊လက်တီး၊ ယင်းတွေ ၊တနယ်၊ဆင်ရောက်ကုန်း ၊ပေါက်တော၊ နှောပင်၊ နှဘဲလှ စတဲ့  ကျေးရွာတွေက ပြည်သူတသောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်ရိက္ခာများ၊ ခြုံစောင်နဲ့ အနွေးထည်များ လိုအပ်နေတယ်လို့ သိရပါတယ်။ 


ဒီပဲယင်းမြိုကနယ်ထဲကကျေးရွာတွေကို စစ်ကြောင်းထိုးဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလည်း ဒရုန်းအသုံးပြုကာ ဗုံးသီးချတိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ သိရပါတယ်။


========================


📌📌 ၆။ စစ်ကိုင်းတိုင်းတွင် စစ်ရှောင်စခန်းများကို အစားအသောက်နှင့် ဆန်အိတ်များကူညီထောက်ပံ့


ဒီဇင်ဘာ ၁၉။

စစ်ကိုင်းတိုင်းတွင် တော်လှန်ရေး အင်အားစုများက စစ်ရှောင်စခန်းများရှိ စစ်ဘေးသင့် ပြည်သူ များကို ဒီဇင်ဘာလ ၁၈ ရက်နေ့က အစားအသောက်နဲ့ ဆန်အိတ်များ ကူညီထောက်ပံခဲ့ကြတယ်လို့ သိရပါတယ်။


စစ်ကိုင်းတိုင်း ၊ဆားလင်းကြီးမြို့နယ်တွင် အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ ဦးဆောင်ကာ ရက်ရှည်စစ်ရှောင်နေရတဲ့ စစ်ရှောင်ပြည်သူများထံ သွားရောက်ပြီး ထမင်းနှင့်ဟင်းများ လှူဒါန်းခဲ့တယ် လို့ ဆိုပါတယ်။


S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ မှလည်း ဒီဇင်ဘာလ အားကစားပွဲ အတွက် စစ်ဘေးသင့် ဒေသရှိ ကျောင်းများအတွက် အားကစားဝတ်စုံများ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ပုလဲမြို့နယ်အတွင်း ရက်ရှည် စစ်ဘေးရှောင်နေရတဲ့ စစ်ရှောင်ပြည်သူများကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားစာနာ ဝန်ကြီးဌာနက ထောက်ပံ့ကူညီသော ငွေသားအချို့နဲ့ ဆန်အိတ်များကို မြို့နယ် လူသားစာနာမှုတာဝန်ခံမှ သွားရောက်လှူဒါန်း ပေးခဲ့ပါသေးတယ်။


========================


📌📌 ၇။ မြန်မာ-တရုတ် နယ်စပ်မှာရှိတဲ့ ဘီပီ ၁၂၅ စစ်ဘေးရှောင်စခန်း နေရာရွှေ့ပြောင်းရန်စီစဉ် 


မြန်မာ-တရုတ်နယ်စပ်မြို့ဖြစ်တဲ့ လောက်ကိုင်မြို့နယ်က ဘီပီ -၁၂၅ စစ်ရှောင်စခန်းကို နေရာပြောင်းရွှေ့ဖို့ စီစဉ်နေတယ်လို့ ကိုးကန့်တပ်မတော် -MNDAA က အသိပေးထားပါတယ်။


ကိုးကန့်တပ်မတော် -MNDAA က တာဝန်ရှိသူတွေ ဒီဇင်ဘာလ ၁၆ ရက်နေ့က ဘီပီ -၁၂၅ စစ်ရှောင်စခန်းကို ရောက်ရှိလာပြီး စစ်ဘေးရှောင်တွေနဲ့တွေ့ဆုံရာမှာ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်


လောက်ကိုင်မြို့တွင်းနဲ့ မြို့ပြင်တဝိုက်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ MNDAA တို့ကြား စစ်ရေးတင်းမာနေ ပြီး တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တာကြောင့် နေရာရွှေ့ပြောင်းဖို့ စီစဉ်ရတာဖြစ်တယ်လို့ MNDAA တာဝန်ရှိသူတွေက ပြောပါတယ်။ 


တိုက်ပွဲကာလတလျှောက် တိုက်ပွဲကြားမှာပိတ်မိနေတဲ့ ဒုက္ခသည်တွေကို စစ်တပ်ဘက်က လေကြောင်းက နေပစ်ခတ်တာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေရှိတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ ဘီပီ ၁၂၅ ဟာ အလွန်အန္တရာယ်များတဲ့နေရာတခုဖြစ်လာတယ်။ စစ်တပ်ဘက်က အချိန်မရွေးတိုက်ခိုက်လာနိုင်ပါတယ်လို့ MNDAA အလုပ်အမှုဆောင်အဖွဲ့ အထွေထွေအတွင်းရေးမှူးက ပြောပါတယ်။ 


ထို့အပြင် ဒုက္ခသည်များလက်ရှိနေထိုင်ရာနေရာမှာ လူဦးရေများလွန်းပြီး အမှိုက်များကိုမရှင်းနိုင်ဘူးဆိုရင် ရောဂါတွေဖြစ်လာနိုင်တာကြောင့် နေရာပြောင်းရွှေ့ဖို့စီစဉ်ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

 

MNDAA အလုပ်အမှုဆောင်အဖွဲ့ဟာ စစ်ဘေးရှောင်ဒုက္ခသည်တွေကို ဆန်နဲ့ဟင်းသီးဟင်းရွက်တွေလည်း ခွဲဝေထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ 


တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းမှာ လောက်ကိုင်ဒေသခ့အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ညံ့ဖျင်းမှုကြောင့် ကုန်စျေးနှုန်း များ အဆမတန်မြင့်တက်ခဲ့ပြီး ဒုက္ခသည်တွေ စားစရာမရှိတဲ့အခြေအနေမျိုး ရောက်ခဲ့ရသလို ခိုးမှု၊ လုယက်မှု၊ ဓားပြမှု၊မုဒိမ်းမှု စတဲ့ရာဇဝတ်မှုတွေ ဆက်တိုက်ဖြစ်ခဲ့တယ်လို့ MNDAA အလုပ်အမှုဆောင်အဖွဲ့ အထွေထွေအတွင်းရေးမှူးက ပြောပါတယ်။ 


လက်ရှိအချိန်မှာ MNDAA အနေနဲ့ ဘီပီ-၁၂၅ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တာကြောင့် ဘယ်လို အခြေအနေမျိုးဖြစ်နေပါစေ ဒုက္ခသည်တွေစားဝတ်နေရေးကို MNDAA ဘက်က အပြည့်အဝ တာဝန်ယူ သွားမှာဖြစ်ပြီး ရာဇဝတ်မှုကျူးလွန်သူတွေကိုလည်း အရေးယူသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ်သွေးတို့မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment