19th DEC 2023 - Morning Daily News by Radio NUG


၂၀၂၃ ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန နဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

📌 ၂။ မော်လူးမြို့တွင် စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြှပ်မိုင်း အလုံး ၃၀ ကို ရှင်းလင်းဖယ်ရှားခဲ့

📌 ၃။ ကောလင်းမြို့နယ်အတွင်း မူးယစ်ဆေးရောင်းဝယ်နေသူများကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ ဖမ်းဆီး

📌 ၄။ အကြမ်းဖက်စစ်တပ်က နမ့်ဆန်မြို့ကို လေယောဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ဦး ထပ်မံ သေဆုံး

📌 ၅။ ဘုံဇုံး တပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီမှ ဦးသေပြီး ဗိုလ်ကြီးအပါအဝင် ဦး အရှင်ဖမ်းမိ၊ CDF မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့

📌 ၆။ ဆားလင်းကြီးမြို့နယ်ရဲစခန်းအပါအဝင် စစ်တပ် တပ်စွဲထားသောနေရာများကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံး

📌 ၇။ ထီးလင်းမြို့နယ် ရေမျက်နီကျေးရွာတွင် တပ်စွဲနေသော စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှု ခလရ ၅ဝ တပ်ရင်းမှူးအပါအဝင် ဦးသေဆုံး

📌 ၈။ ကော့ကရိတ်မြို့နယ်ရှိ စစ်ဘေးရှောင်များကို ဒေါနစစ်ကြောင်း ပြည်သူ့ရေးရာဌာနက ဆန်၊ ဆီ၊ ဆား အပါအဝင် စားသောက်ကုန်များ ထောက်ပံ့

📌 ၉။ ကျောင်းသားလက်ရုံး တပ်တော်နှင့် ဒေသခံ အဖွဲ့အစည်းများ ပူးပေါင်းပြီး ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန နဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ


ဒီဇင်ဘာလ ၁၈ရက်။

အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၂၅/၂၀၂၃) ကို ဒီဇင်ဘာ ၁၈ ရက်နေ့ မနက် ၁၀ နာရီ အချိန်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


အစည်းအဝေးတွင် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ရာမှာတော်လှန်ရေးသည် မနိုင်ချင်၍ မရတော့ကြောင်း နိုင်ကိုနိုင်နေပြီ ဖြစ်၍ လုပ်သင့်လုပ်ထိုက်သည်များကို ပြတ်ပြတ်သားသား လုပ်ကိုင်ကြရန် လိုကြောင်း၊ အဖွဲ့အစည်း အချင်းချင်း စုစုစည်းစည်း ဆောင်ရွက်ကြရန်တိုက်တွန်းပြောကြား ခဲ့ပါတယ်။


ထိုနောက် တွဲဖက်အမြဲတမ်း အတွင်းဝန်မှ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များနဲ့ ပတ်သက်လို့ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက် များ၊ မြေပြင်အုပ်ချုပ်ရေးဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရတဲ့ အခက်အခဲများကို မေးမြန်းဆွေးနွေး ရာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြား ခဲ့ပါတယ်။


အစည်းအဝေးကို  အမြဲတမ်းအတွင်းဝန်၊ တွဲဖက်အမြဲတမ်းအတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ အထူးစုံစမ်း‌ ထောက်လှမ်းရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်‌ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး နေ့လယ် ၁၁ နာရီ အချိန်မှာ အစည်းအဝေးကို အောင်မြင်စွာ ရပ်နားခဲ့ပါတယ်။


========================


📌📌 ၂။ မော်လူးမြို့တွင် စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြှပ်မိုင်း အလုံး ၃၀ ကို ရှင်းလင်းဖယ်ရှားခဲ့


ဒီဇင်ဘာလ ၁၈ရက်။

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးမြို့တွင် စစ်ကောင်စီ ထောင်ထားခဲ့တဲ့ မြေမြှုတ်မိုင်း အလုံး ၃၀ ကို ဖယ်ရှားရှင်းလင်းခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။


မော်လူးမြို့တွင် ရန်သူ စစ်ကောင်စီတပ် ထောင်ထားခဲ့သော မြေမြှုတ်မိုင်းများကို ပြည်သူ့ ကာကွယ်ရေး တပ်မတော် PDF တပ်ရင်းများနဲ့ ပကဖ များက  ပြည်သူလူထု ထိခိုက်မှု မရှိစေရန် ရှာဖွေလျက်ရှိရာ မြေမြှုပ်မိုင်း အလုံး (၃၀) ကို ရှင်းလင်းဖယ်ရှားခဲ့ပြီး ဖြစ်တယ်" လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုထားပါတယ်။


မော်လူးမြို့ကို အမှတ် () စစ်ဒေသ ကွပ်ကဲမှုဖြင့်  KIA PDF KPDF ABSDF ဒေသခံ ပကဖနဲ့ ပလဖတို့ ပူးပေါင်းပြီး ဒီဇင်ဘာလ (၁၃) ရက်နေ့၊ နံနက် () နာရီတွင် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။


========================


📌📌 ၃။ ကောလင်းမြို့နယ်အတွင်း မူးယစ်ဆေးရောင်းဝယ်နေသူများကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ ဖမ်းဆီး


ဒီဇင်ဘာလ ၁၈ရက်။

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အတွင်း မူးယစ်ဆေးရောင်းဝယ်နေသူ ဦးကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီဇင်ဘာလ ၁၈ ရက် ညနေပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 


ယခုလ ရက်နေ့မှာ ကောလင်းမြို့နယ် မြို့ပေါ်ကာကွယ်ရေးအဖွဲ့ -ပကဖ၊ မြို့နယ်ပြည်သူ့လုံခြုံအဖွဲ့ ပလဖ နှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပအဖ တို့ ပူးပေါင်းပြီး မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ၊ ကွင်းဆက်တရားခံများကို ဖမ်းဆီးထိန်းသိမ်းခဲ့တာနဲ့ပတ်သက်ပြီး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ 


မူးယစ်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများအပါအဝင် ကွင်းဆက်တရားခံအဖြစ် ဖမ်းဆီးခံရသူတွေဟာ ကောလင်းမြို့ မြောက်အင်းရပ်ကွက်နေ ဝတုတ် ကုန်မာဆိုင် မိသားစုမှ ဦးရဲရင့်အောင်၊  ဒေါ် မြစန်းဌေးတို့ ဖြစ်ပြီး ၎င်းတို့ထံမှ ဘိန်းဖြူဆပ်ပြာခွက် ၁၅၅ ခွက်၊ ရာမ (အပြား ၁၅၀ ခန့်ပါ) ၁၆၇ ထုပ် ဘိန်းမဲ ၅၀ ကျပ်သားခန့် တထုပ်၊ ဘိန်းမဲ ၂၅ ကျပ်သားခန့်တထုပ် လက်စွပ် ကွင်း၊ ဆွဲကြိုး ကုံး လက်ကောက် အသေးတကွင်း ဆံထိုးတခု ပီချူးရုပ်တခု (ရွှေဟုယူဆရ) ငွေစက္ကူ ကျပ်သိန်း ၂၉ဝ ခန့် (၂၈,၈၂၅,၀၀၀ ကျပ်) သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ဆည်တိုကျေးရွာမှ မောင်ငဗျော်ဆိုသူထံမှ ဘိန်းဖြူဆပ်ပြာခွက် ၁၁ ခွက်၊ ကောလင်းမြို့ သုဝဏ္ဏရပ်ကွက်တွင်နေထိုင်သူ ဦးဝင်းမြင့်ထံမှ ဘိန်းဖြူ ဆပ်ပြာခွက် ခွက် Grand အရက် ချိုးပုလင်း (ဘိန်းဖြူထည့်ထားသော) တပုလင်း အုန်းဆီဘူး(အရွယ်အစား)တဘူး ငွေစက္ကူ ကျပ်သိန်း ၂ဝ (,၀၀၀,၀၀၀ ကျပ်) နားဆွဲ(ရွှေဟုယူဆရ) ခု၊ TECNO ဖုန်းတလုံး၊ ပန်းရောင်အိတ်တလုံး၊ ကောလင်းမြို့ မြိုကုန်း/မြိုမ ရပ်ကွက်နေ ဦးစည်သူလွင် () အီတူးထံမှ ဘိန်းဖြူ (ဒိန်ချဥ်ဘူးသေးအရွယ်)တဘူး၊ ငွေစက္ကူ - ကျပ်တသိန်းခွဲကျော် (၁၅၀,၃၅၀ ကျပ်) သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 


ကောလင်းခရိုင် ကောလင်းမြို့ကို အမှတ် စစ်ဒေသ ခရိုင်ကွပ်ကဲမှုအစီအစဉ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA ပြည်သူ့ကာကွယ်ရေးတပ်မတော် PDFနဲ့ တော်လှန်ရေးအဖွဲ့တွေက ယခုနှစ် နိုဝင်ဘာလ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စစ်တပ်က နမ့်ဆန်မြို့ကို လေယောဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ဦး ထပ်မံ သေဆုံး


ဒီဇင်ဘာလ ၁၈ရက်။

တအာင်းပြည်နယ် တပ်မဟာ စစ်ဒေသ နမ့်ဆန်မြို့နယ်ကို အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာလ ၁၈ ရက်နေ့ မှာ လေယာဉ်နဲ့ လာရောက်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ဦး ထပ်မံသေဆုံးခဲ့ရတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။ 


အကြမ်းဖက်စစ်တပ်ဟာ ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ နာရီအချိန်မှာ လေယာဉ်နဲ့ လာရောက်ပြီးဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အပြင် မန်တုံနဲ့ မိုင်းငေါ့မြို့တို့ကနေပြီး လက်နက်ကြီးနဲ့ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။ 


ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေ နာရီခွဲအချိန်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ပေါင် ၅ဝဝ ဗုံးတလုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


အခုလို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နမ့်ဆန်မြို့ ပြည်သူ့ဆေးရုံရှေ့က လမ်းမကြီးပေါ်  ကျရောက်ပေါက်ကွဲ ခဲ့ပြီး မန်လုံးရွာဒေသခံတဦး၊ ဇယ်ဘန်ကောက်ရွာဒေသခံ ဦး သေဆုံးခဲ့တယ်လို့  အသိပေးထားပါတယ်။


ဒီဇင်ဘာလ ၁ဝ ရက်နေ့ကစတင်ခဲ့တဲ့ နမ့်ဆန်မြို့တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပါ အဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ပန်လာရွာ၊ ငွန့်ဆိုင်းရွာ၊ နမ့်မဝေါရပ်ကွက်၊ မန်လုံးရွာနဲ့ ဇယ်ဘန်ရွာကဒေသခံ စုစုပေါင်း ဦးသေဆုံးခဲ့ရပြီဖြစ်တယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေး က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ ဘုံဇုံး တပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီမှ ဦးသေပြီး ဗိုလ်ကြီးအပါအဝင် ဦး အရှင်ဖမ်းမိ၊ CDF မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့


ဒီဇင်ဘာလ ၁၈ရက်။

ချင်းပြည်နယ်နဲ့ မကွေးတိုင်း နယ်စပ်ရှိ စစ်ကောင်စီရဲ့ ဘုံးဇုံး တပ်စခန်းကို ချင်းတော်လှန်‌ရေး ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ ဗိုလ်ကြီးတစ်ဦး အပါအဝင် ဦးကို အရှင်ဖမ်းမိ ခဲ့တယ်လို့ ချင်းအမျိုးသားတပ်မတော် (CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဆိုပါတယ်။


အင်အား ၇၀ ခန့်ရှိတဲ့ အဆိုပါ စစ်ကောင်စီ တပ်စခန်းကို ဒီဇင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းက ချင်းအမျိုးသားတပ်မတော် (CNA) ချင်းဒေသကာကွယ်ရေးတပ် (CDF) ဟားခါး၊ CDF ထန်တလန်၊ CDF-KKG ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


စခန်းသိမ်း တိုက်ပွဲဆင်နွဲနေချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်မှုများ ရှိခဲ့သော်လည်း ထိရောက်မှု မရှိဘူးလို့ ဆလိုင်းထက်နီက ပြောပါတယ်။


အဆိုပါ တိုက်ပွဲအတွင်း CDF ရဲဘော်နှစ်ဦး ကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလဲ ရှိခဲ့တယ်လို့ CDF ဟားခါး တပ်မှူးတစ်မှူးတစ်ဦးက ပြောပါတယ်။


တိုက်ပွဲအတွင်း လက်နက်များစွာ သိမ်းဆည်းရရှိခဲ့ပြီး ထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်သားများကိုလည်း လိုက်လံဖမ်းဆီး နေတယ်လို့လည်း ၎င်းက ဆိုပါတယ်။


အဆိုပါ တပ်စခန်းဟာ မကွေးတိုင်းမှ ချင်းပြည်နယ်မြို့တော် ဟားခါးသို့ ဝင်ရောက်နိုင်တဲ့ အဓိက လမ်းမပေါ်မှာ တည်ရှိနေတာ ဖြစ်ပါတယ်။


========================


📌📌 ၆။ ဆားလင်းကြီးမြို့နယ်ရဲစခန်းအပါအဝင် စစ်တပ် တပ်စွဲထားသောနေရာများကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံး


ဒီဇင်ဘာလ ၁၈ရက်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရဲစခန်းအပါအဝင် စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးသွားတယ်လို့ Royal Brothers People Defence Force က ထုတ်ပြန်ထားပါတယ်။


ဒီဇင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းမှာ ဆားလင်းကြီးမြို့နယ် ရဲစခန်းအပါအဝင် စစ်တပ် တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ဆေးရုံနေရာတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

 

အဆိုပါတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ပြန်လည်ပစ်ခတ်မှုတွေကြောင့် တိုက်ပွဲဖြစ်ချိန် တနာရီခန့် ကြာမြင့်ခဲ့ပြီး ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ က စစ်ကြောင်းမှူးနဲ့ ဒေသကာကွယ်ရေး ပူးပေါင်း အဖွဲ့က ရဲဘော် ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။ 


ဒီတိုက်ခိုက်မှုတွေကို ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ PDA Yinmarbinနဲ့အတူ တပ်ခွဲ တောင်ပံနီ အထူး ပြောက်ကျားတပ်ဖွဲ့၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ တပ်ခွဲ- Royal Brothers People Defence Force ဆားလင်းကြီးမြို့နယ် လက်နက်ကြီးမဟာမိတ်တပ်ပေါင်းစု၊ ချင်းတွင်းနွေဦး၊ SPDF မုံရွာခရိုင် တပ်ရင်း ၂၅ တပ်ခွဲ-၁၊ တပ်ခွဲ- Under Ground Force (မုံရွာ) တောသားကြီး၊ ဆားလင်းကြီး ပလဖ၊ တိုက်ဂါး၊ မဲမှောင်ပြောက်ကျားတပ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။


========================


📌📌 ၇။ ထီးလင်းမြို့နယ် ရေမျက်နီကျေးရွာတွင် တပ်စွဲနေသော စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှု ခလရ ၅ဝ တပ်ရင်းမှူးအပါအဝင် ဦးသေဆုံး


ဒီဇင်ဘာလ ၁၈ရက်။

မကွေးတိုင်း ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ရေမျက်နီကျေးရွာမှာ တပ်စွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့ရာ ခလရ ၅ဝ တပ်ရင်းမှူး အပါအဝင် ဦးသေဆုံးခဲ့တယ်လို့ Yaw Revolution Army- ထီးလင်းက ထုတ်ပြန်ပါတယ်။


ရေမျက်နီကျေးရွာအတွင်း ပြည်သူပိုင်နေအိမ်တွေမှာ ဖြန့်ကျက် တပ်စွဲထားပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူစားသောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒီဇင်ဘာလ ၁၈ ရက်နေ့ မနက် ၁ဝ နာရီမှာ ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 


အဆိုပါစစ်ကောင်စီတပ်ဖွဲ့ ရေမျက်နီကျေးရွာအတွင်း ပြည်သူပိုင်နေအိမ်တလုံးကနေထွက်လာပြီး ဆိုင်ကယ်စီးဖို့ ပြင်ဆင်နေချိန်မှာ တိုက်ခိုက်ခဲ့ရာ အခင်းဖြစ်နေရာမှာ ဦး လဲကျသေဆုံးသွားတာကို မျက်မြင်တွေ့ရှိခဲ့တယ်လို့ YRA ထီးလင်းက အသိပေးထားပါတယ်။


ထီးလင်းမြို့နယ် ရေမျက်နီကျေးရွာရဲစခန်းမှာ ရောက်ရှိနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ ဂန့်ဂေါမြို့မှာရှိတဲ့ ခလရ ၅ဝ မှဖြစ်ပြီး အင်အား ၁ဝဝ ကျော်ရှိတယ်လို့လည်း သိရပါတယ်။


ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ပြောက်ကျားစနစ်နဲ့တိုက်ခိုက်ခဲ့တာဖြစ်ပေမယ့် အကြမ်းဖက်စစ် တပ်ဘက် ပြန်လည်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။ 


အကြမ်းဖက်စစ်ကောင်စတပ်ဘက်က ပစ်အားနဲ့အဆမတန်ကွာနေတဲ့ကြားကနေ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ အန္တရယ်ကင်းစွာဆုတ်ခွာခဲ့ရတယ်လို့ YRA ထီးလင်းက ပြောပါတယ်။ 


ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ခိုက်ခြင်းခံရမှုကြောင့် သေဆုံးသွားသူတွေဟာ ဂန်ဂေါမြို့ ရှိ ခလရ ၅ဝ မှ တပ်ရင်းမှူး အေးမင်း၊ ၎င်း၏လက်ထောက်နှင့်အခြားတဦးဖြစ်တယ်လို့ တပ်တွင်းသတင်းရင်း မြစ်တွေဆီက အတည်ပြုချက်ရထားတဲ့အကြောင်းလည်း အသိပေးထားပါတယ်။


ဒီတိုက်ခိုက်မှုကို ဂန့်ဂေါခရိုင် တပ်ရင်း ၁၅၊ တပ်ရင်း ၁၆၊ တပ်ရင်း ၁၇ YRA ထီးလင်းနဲ့  ဂန့်ဂေါခရိုင် တပ်ရင်း-၁၈ YNRF တို့ ပါဝင်တဲ့ ပူးပေါင်းပြောက်ကျားတပ်စိတ်က လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။


========================


📌📌 ၈။ ကော့ကရိတ်မြို့နယ်ရှိ စစ်ဘေးရှောင်များကို ဒေါနစစ်ကြောင်း ပြည်သူ့ရေးရာဌာနက ဆန်၊ ဆီ၊ ဆား အပါအဝင် စားသောက်ကုန်များ ထောက်ပံ့


ဒီဇင်ဘာလ ၁၈ရက်။

ကောကရိတ်မြို့နယ်အတွင်း စစ်ဘေးရှောင်နေရသောဒေသခံပြည်သူ ၂ဝဝ ကျော်ကို ဒေါနစစ်ကြောင်း ပြည်သူ့ရေးရာဌာနက ဆန်၊ ဆီ၊ ဆား အပါအဝင် ကျပ် ၂၅ သိန်း တန်ဖိုးရှိ စားသောက်ကုန်များ ထောက်ပံ့ ပေးခဲ့တယ်လို့ Daw Na Column P29902 က ထုတ်ပြန်လိုက်ပါတယ်။ 

အာရှလမ်းပေါ်မှာပိတ်မိနေတဲ့ ကားသမားများအပါအဝင် မိသားစု ၂ဝဝ ကျော်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ဆန်၊ဆီ၊ ဆေး၊ ဆား ငရုတ်သီးမှုန့်များ၊ နနွင်းမှုန့်၊ အချိုမှုန့်၊ အာလူး၊ ငါးခြောက်နဲ့ အဟာရအတွက် ကြက်သားများ သွားရောက်ထောက်ပံ့ကူညီပေးခဲ့တာလို့ ပြောပါတယ်။


၁၅ ရက်တာ တိုက်ပွဲအတွင်း ကော့ကရိတ်မြို့နယ်ရှိ ကော့နွဲ့တပ်စခန်းများကိုတော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် အာရှလမ်းမကိုလည်း ဒေါနစစ်ကြောင်းအပါအဝင် တော်လှန်ရေး တပ်များက ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။


မြို့သိမ်းတိုက်ပွဲများဖော်ဆောင်မှုကြောင့် ကော့ကရိတ်မြို့အတွင်းရှိ ပြည်သူလူထု သောင်းကျော် စစ်ဘေးရှောင်ခဲ့ရတယ်လို့ ဒေါနစစ်ကြောင်းက အသိပေးထားပါတယ်။


ဒေါနစစ်ကြောင်းက ချေမှုန်းရေးတပ်သားတွေက တိုက်ခိုက်ရေးပိုင်းဖြင့် ပြည်သူလူထုကို ကာကွယ်‌ ပေးနေပြီးဒေါနစစ်ကြောင်း ပြည်သူရေးရာဌာက ပြည်သူလူထုနှင့် တွေ့ဆုံညှိနှိုင်းပညာပေးမှုများ ပြုလုပ်ကာ ကူညီစောင့်ရှောက်ပေးနေတယ်လို့ ဆိုပါတယ်။


ဘက်‌ပေါင်းစုံကနေ ဟန်ချက်ညီညီလုပ်ဆောင်နေတဲ့ ဒေါနစစ်ကြောင်းဟာ ပြည်သူ့ကာကွယ်ရေး တပ်မတော်ဆိုတဲ့အတိုင်း ပြည်သူများအားကိုးရတဲ့ပြည်သူကာကွယ်‌ရေးတပ်မတော်သားများအဖြစ် နေရာတိုင်းမှာ တာဝန်ထမ်းဆောင်လျက်ရှိ‌တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။


========================


📌📌 ၉။ ကျောင်းသားလက်ရုံး တပ်တော်နှင့် ဒေသခံ အဖွဲ့အစည်းများ ပူးပေါင်းပြီး ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက် 


ဒီဇင်ဘာလ ၁၈ရက်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် တစ်နေရာတွင် ကျောင်းသားလက်ရုံး တပ်တော် (SAF) နှင့် ဒေသခံ အဖွဲ့အစည်းများ ပူးပေါင်းပြီး ဒေသခံ ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက် ပေးလျက် ရှိတယ်လို့ SAF က သတင်းထုတ်ပြန် ထားပါတယ်။


ကျွန်ုပ်တို့ ကျောင်းသားလက်ရုံးတပ်တော်မှ စစ်ကိုင်းဒေသ၊ ဘုတလင်မြို့နယ် တနေရာတွင် ဒေသခံ တော်လှန်ရေး အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်း ဆရာဝန်များ၊ ဆေးမှူးများနှင့် ပူးပေါင်းကာ ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် ရည်ရွယ်၍ ရပ်ရွာအ‌ခြေပြု ဆေးခန်း ဖွင့်လှစ် ကုသပေးခြင်း ဆောင်ရွက်လျက် ရှိပါတယ်။လို့  ကျောင်းသားလက်ရုံး တပ်တော် (SAF)  အသိပေး ထားပါတယ်။


အဆိုပါ ဆေးခန်းသည် ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းအပြင် အဖွဲ့အစည်း အသီးသီးမှ လက်နက်ကိုင် တော်လှန်ရေး ရဲဘော်များကိုလည်း အရေးပေါ် ကုသမှု ပေးနိုင်ရန် ရည်ရွယ်ပါတယ် လို့လည်း SAF က ဆိုပါတယ်။


ကျောင်းသားလက်ရုံး တပ်တော် အနေနဲ့ စစ်ရေးလှုပ်ရှားနေ့တဲ့ ဒေသအသီးသီးရှိ ကျေးရွာများမှ ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းကိုလည်း အခါအားလျော်စွာ ဆောင်ရွက်နေတာ  ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment