1st JAN 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဇန်နဝါရီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အာဏာရှင်ကို တိုက်ထုတ်တော်လှန်နေသူတွေမှာ အာဏာရှင်စရိုက်မျိုး လုံးဝပြုမူလို့ မရဘူးလို့ ယာယီသမ္မတပြော

📌 ၂။ ချင်းတော်လှန်ရေးအဖွဲ့ ဖွဲ့က ချင်းညီနောင် ဖွဲ့စည်းကြောင်းကြေညာ

📌 ၃။ ရွှေဘိုခရိုင် အမှတ် (၁၄) တပ်ရင်း - ရေဦး PDF ဖွဲ့စည်းတည်ထောင်ခြင်း () နှစ်ပြည့် အခမ်းအနား ကျင်းပ

📌 ၄။ ခိုးယူခံထားရသော KNDF ဗဟို လူမှုကွန်ယက်စာမျက်နှာ ပြန်လည်ရယူနိုင်ပြီလို့ အသိပေး

📌 ၅။ မိုးဗြဲမြို့ပေါ်ရပ်ကွက်များကို မိုင်းရှင်းလင်းရေးလုပ်ဆောင်ရာ စစ်တပ်ကထောင်ထားသောမိုင်း ၁ဝ လုံးကျော် တွေ့ရှိ

📌 ၆။ ထီးချိုင့်မြို့နယ်တွင် တိုက်ပွဲဖြစ်ခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၇နှစ် အရွယ် ကလေးငယ်သေဆုံး

📌 ၇။ ဆားလင်းကြီးမြို့မရဲစခန်းနဲ့ မြို့တော်ခန်းမကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

📌 ၈။ မတ္တရာမြို့တွင် စစ်ကောင်စီ စစ်ကြောင်းနဲ့ ပျူရွာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

📌 ၉။ နှစ်သစ်အကြို စစ်ဆင်ရေး အနေဖြင့် ရေးမြို့နယ်ရှိ စကခ (၁၉) လက်အောက်ခံ တပ်ရင်း ရင်းအား တော်လှန်ရေး မဟာမိတ် တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အာဏာရှင်ကို တိုက်ထုတ်တော်လှန်နေသူတွေမှာ အာဏာရှင်စရိုက်မျိုး လုံးဝပြုမူလို့ မရဘူးလို့ ယာယီသမ္မတပြော


ဒီဇင်ဘာလ ၃၁ရက်။

အာဏာရှင်ကို တိုက်ထုတ်တော်လှန် နေကြသူတွေမှာ အာဏာရှင်ဆန်တဲ့ အကျင့်စရိုက်မျိုး လုံးဝ ပြုမူလို့ မရဘူးလို့ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။


ဒီဇင်ဘာလ ၃၁ ရက်နေ့က အမျိုးသားညီညွတ်ရေး အစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလရဲ့ နှစ်သစ်ကူး နိုင်ငံတော် အခြေပြု မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

 

"လက်နက်ကိုင် ခုခံစစ်ကို ဆင်နွှဲနေသည့်တိုင် ဖက်ဆစ် စစ်တပ် အမူအကျင့်တွေကို ကျွန်တော်တို့ဟာ ဆက်ခံလို့မရဘူး ဆိုတာသတိပြုမိဖို့ လိုပါတယ်။ အာဏာရှင်ကို တိုက်ထုတ်တော်လှန် နေသူတွေမှာ အာဏာရှင်စရိုက်မျိုး လုံးဝပြုမူလို့ မရပါ။ ခုခံတော်လှန်စစ်မှာ တရားသော စစ်ရေး နည်းလမ်းတွေအတိုင်း လိုက်နာဖို့လိုပါတယ်" လို့ ယာယီသမ္မတ က ဆိုပါတယ်။


ထို့အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းက ချမှတ်ထားတဲ့ စစ်ရေးကျင့်ဝတ်တွေကိုလည်း လေးစား လိုက်နာရမှာ ဖြစ်တယ်လို့လည်း ယာယီသမ္မတကြီးက ထည့်သွင်းပြောကြား ခဲ့ပါတယ်။


========================


📌📌 ၂။ ချင်းတော်လှန်ရေးအဖွဲ့ ဖွဲ့က ချင်းညီနောင် ဖွဲ့စည်းကြောင်းကြေညာ


ဒီဇင်ဘာလ ၃၁ရက်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာပေါ်လာတဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNF ချင်းအမျိုးသား ကောင်စီ Chin National Council - Mindat/CDF ဇိုမီးဖက်ဒရယ်အစည်းအရုံး Zomi Federal Union- ZFU/PDF-Zoland တို့က ချင်းညီနောင်အဖွဲ့အဖြစ် ဖွဲ့စည်းလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ 


ချင်းညီနောင်အဖွဲ့အဖြစ် ဖွဲ့စည်းလိုက်ပြီဖြစ်တာကြောင့် ချင်းပြည်နယ်လုံးဆိုင်ရာ ကိစ္စတွေနဲ့ ချင်းတမျိုးသားလုံးနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ ချင်းညီနောင် ၃ဖွဲ့ရဲ့ ဘုံသဘောတူညီချက်နဲ့သာ ပူးပေါင်းပါဝင်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ချင်းညီနောင်အဖွဲ့ထဲက အဖွဲ့တဖွဲ့ကို နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း မတော်မတရား ကျူးကျော်ထိပါးလာရင် အတူတကွ ပူးပေါင်းရင်ဆိုင်ပြီး တွန်းလှန်တုံ့ပြန်သွားမှာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။ 


ထို့အပြင် ချင်းညီနောင် ဖွဲ့ရဲ့ ဘုံသဘောတူညီချက်နဲ့ကိုက်ညီတဲ့ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနဲ့ ချင်းပြည်အရေး၊ ချင်းတမျိုးသားလုံးအရေးနဲ့ ပြည်ထောင်စုအရေးတို့ကို ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဒီဇင်ဘာ ၃ဝ ရက်စွဲနဲ့ကြေညာတဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 


တဖက်မှာလည်း ချင်းအမျိုးသားတပ်ဦး CNF/CNA ချင်းဒေသကာကွယ်ရေးတပ် CDF တွေနဲ့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေပါဝင်တဲ့ ချင်းပြည်ကောင်စီကို ဖွဲ့စည်းဆောင်ရွက်နေတာရှိပါတယ်။


========================


📌📌 ၃။ ရွှေဘိုခရိုင် အမှတ် (၁၄) တပ်ရင်း - ရေဦး PDF ဖွဲ့စည်းတည်ထောင်ခြင်း () နှစ်ပြည့် အခမ်းအနား ကျင်းပ


ဒီဇင်ဘာလ ၃၁ရက်။

ဒီဇင်ဘာလ ၂၉ ရက်နေ့က ကျရောက်ခဲ့တဲ့ ရွှေဘိုခရိုင် အမှတ် (၁၄) တပ်ရင်း - ရေဦး PDF ရဲ့  နှစ်ပြည့် အခမ်းအနားကို ရွှေဘိုခရိုင်အတွင်း နေရာတစ်ခုမှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။


မြေပြင်အခြေအနေ အမျိုးမျိုးကြောင့် အခမ်းအနားကို နှစ်ရက်နောက်ကျပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အခက်အခဲကြားမှ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


အခမ်းအနားတွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF အလံအား အလေးပြုခြင်းဖြင့် စတင်ခဲ့ပြီး တပ်ရင်းမှ တော်လှန်ရေးအတွင်း အသက်ပေးလှူခဲ့ကြတဲ့ ရဲဘော်များနဲ့အတူ စစ်အာဏာရှင် တော်လှန်ရေးအတွင်း အသက်ပေးခဲ့ကြတဲ့ အာဇာနည် သူရဲကောင်းများကို () မိနစ်ခန့် ငြိမ်သက် အလေးပြုခဲ့ကြပါတယ်။


ထို့နောက် စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော် ဥက္ကဌ၊ ရေဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ၊ ရွှေဘိုခရိုင်အမှတ် (၁၄) တပ်ရင်းမှ တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးတို့မှ အမှတ်တရ အားပေး ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြပါတယ်။


ဆက်လက်ပြီး ရဲဘော်ရဲဘက်များ အချင်းချင်း စည်းလုံးညီညွတ်မှု ပိုမိုရရှိစေရန် ရိုးရာ အားကစားနည်းများဖြင့် ပြိုင်ပွဲများ ကျင်းပပေးခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် (၁၄) တပ်ရင်း ထံမှ သိရပါတယ်။


========================


📌📌 ၄။ ခိုးယူခံထားရသော KNDF ဗဟို လူမှုကွန်ယက်စာမျက်နှာ ပြန်လည်ရယူနိုင်ပြီလို့ အသိပေး


ဒီဇင်ဘာလ ၃၁ရက်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ဗဟို ရဲ့ လူမှုကွန်ယက်စာမျက်နှာ Karenni Nationalities Defense Force-KNDF ကို ပြန်လည်ရယူနိုင်ခဲ့ပြီဖြစ်တယ်လို့ KNDFက ကြေညာပါတယ်။ 


KNDF ဗဟို ရဲ့ လူမှုကွန်ယက်စာမျက်နှာကို ဟက်ကာတွေက ဒီဇင်ဘာ ၂၆ ရက်က စတင်တိုက်ခိုက်ပြီး ထိန်းချုပ်ထားခဲ့ရာကနေ KNDF Facebook Team က ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ပြန်လည်ရယူနိုင်ခဲ့တာလို့ အသိပေးထားပါတယ်။


ထို့ကြောင့် KNDF နဲ့ ကရင်နီပြည်အတွင်းက စစ်ရေးသတင်းတွေကို ပြန်လည်တင်ပြသွားမှာဖြစ်ပြီး သတင်းအချက်ရယူခြင်း၊ ကူငွေထည့်ဝင်ခြင်းများကိုလည်း Messenger ကနေတဆင့် ပြန်လည်ဆက်သွယ်နိုင်ပြီလို့ သိရပါတယ်။  


KNDF ဗဟို ရဲ့ လူမှုကွန်ယက်စာမျက်နှာကို ဟက်ကာတွေထိန်းချုပ်ထားတဲ့ ဒီဇင်ဘာလ ၂၆ ရက်မှ ၃ဝ ရက် နေ့အတွင်း KNDF နဲ့ သက်ဆိုင်မှုမရှိတဲ့ အကြောင်းအရာတွေနဲ့ ဓာတ်ပုံတွေတင်ခဲ့တာတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတဲ့ မိဘပြည်သူတွေအနေနဲ့ နားလည်ခွင့်လွှတ်ပေးဖို့ Admin Team က တောင်းပန်ထားပါတယ်။ 


ထို့အပြင် KNDF ဗဟို ရဲ့ လူမှုကွန်ယက်စာမျက်နှာ ပြန်လည်ရယူနိုင်ဖို့ အဖက်ဖက်က ကူညီပေးခဲ့သူများနဲ့ Facebook Team ကိုလည်း ကျေးဇူးတင်ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ မိုးဗြဲမြို့ပေါ်ရပ်ကွက်များကို မိုင်းရှင်းလင်းရေးလုပ်ဆောင်ရာ စစ်တပ်ကထောင်ထားသောမိုင်း ၁ဝ လုံးကျော် တွေ့ရှိ


ဒီဇင်ဘာလ ၃၁ရက်။

ကရင်နီပြည်နယ်အတွင်း ကရင်နီပူးပေါင်းတပ်များ သိမ်းပိုက်ထားတဲ့ မိုးဗြဲမြို့ပေါ်ရပ်ကွက်တွေအတွင်း မိုင်းရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာမှာ စစ်တပ်ကထောင်ထားတဲ့ မိုင်းမျိုးစုံ ၁ဝ လုံးကျော် ရှင်းလင်းနိုင်ခဲ့တယ်လို့ Mobyae People Defence Force- Local PDF က ထုတ်ပြန်ထားပါတယ်။ 


မိုးဗြဲမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲခဲ့တဲ့ ရပ်ကွက်အချို့ကို နိုဝင်ဘာလ ၂ဝ ရက်နေ့ကစပြီး မိုင်းရှင်းလင်းရေးလုပ်ခဲ့ရာနေ အခုလိုတွေ့ရှိခဲ့တာလို့ Mobyae - Local PDF ဗဟိုနှင့် သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။ 


ထို့အပြင် မိဘပြည်သူတွေရဲ့တောင်းဆိုချက်အရ ပြည်သူပိုင်နေအိမ်များ မီးဘေးအန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ ရပ်ကွက်အတွင်း ထူထပ်နေတဲ့ ခြုံပင်၊ မြက်ပင်တွေကို ရှင်းလင်းပေးခဲ့ရာမှာ အိမ်၊ ခြံ မြေကွက်ပေါင်း ၃ဝ ကျော်ကို ရှင်းလင်းပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။


Mobyae People Defence Force- Local PDF အနေနဲ့ ၁၁၁၁ စစ်ဆင်ရေးမှာ ပါဝင်နေပြီး ဒီမောဆိုနဲ့ လွိုင်ကော်ဘက်မှာ ပါဝင်လှုပ်ရှားနေသလို မိုးဗြဲမြို့ပေါ်က ကျန်နေသေးတဲ့ ရပ်ကွက်အချို့မှာ ဆက်လက် ရှင်းလင်းပေးနေတယ်လို့ အသိပေးထားပါတယ်။ 


နိုဝင်ဘာလ ၁၁ ရက်က စတင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေးအတွင်း မိုးဗြဲမြို့ကို နိုဝင်ဘာ တတိယပတ်မှာ စတင် ထိန်းချုပ်နိုင်ခဲ့ပြီး မြို့အနီးမှာရှိတဲ့ ခမရ- ၄၂၂ တပ် တခုကိုသာ သိမ်းပိုက်ဖို့ ကျန်တော့တယ်လို့ မိုးဗြဲ-ဖယ်ခုံ စစ်ဆင်ရေးမဟာမိတ်အင်အားစုက ကြေညာထားပါတယ်။


========================


📌📌 ၆။ ထီးချိုင့်မြို့နယ်တွင် တိုက်ပွဲဖြစ်ခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၇နှစ် အရွယ် ကလေးငယ်သေဆုံး


ဒီဇင်ဘာလ ၃၁ရက်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အိမ်တလုံး မီးလောင်ပျက်စီးခဲ့ပြီး အသက် နှစ်အရွယ် ကလေးငယ်တဦး သေဆုံးခဲ့တယ်လို့ Tigyaing Revolution -TR က ထုတ်ပြန်ထားပါတယ်။ 


တံတားဦးလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာတစီးက ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲ နာရီခွဲခန့်အချိန်မှာ ထီးချိုင့်မြို့နယ် ကန်ပေါက်ရွာအနီးမှာ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 


အဆိုပါဗုံးကြဲခံရမှုကြောင့် ကန်ပေါက်ဘုန်းကြီးကျောင်းရှေ့တလုံး၊ ကန်ပေါက်ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကြားမှာတလုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ အသိပေးထားပါတယ်။


ထိုသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကန်ပေါက်ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကြားက အိမ်တလုံး မီးလောင်ပျက်စီးခဲ့ပြီး အသက် နှစ် အရွယ် ကလေးတဦးသေဆုံးခဲ့တယ်လို့ Tigyaing Revolution -TR က ပြောပါတယ်။


ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြစ်ကြီးနားက တက်လာတဲ့ ဂျက်ဖိုက်တာတစီးက ထီးချိုင့်မြို့ပေါ်နဲ့ မြတောင်ရွာ ဘက်ကို ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။


ထီးချိုင့်မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ တော်လှန်ရေးအဖွဲ့တွေ နိုဝင်ဘာလ ရက်ကစပြီး ကြိုးစားနေတာကြောင့် တိုက်ပွဲတွေ မကြာခဏဖြစ်လေ့ရှိသလို အကြမ်းဖက်စစ်ကောင်စီကလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။


========================


📌📌 ၇။ ဆားလင်းကြီးမြို့မရဲစခန်းနဲ့ မြို့တော်ခန်းမကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်


ဒီဇင်ဘာလ ၃၁ရက်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ မြို့မရဲစခန်းနဲ့ မြို့တော်ခန်းမတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းတမာန် လေကြောင်းစစ်ဆင်ရေး အဖွဲ့ထံမှ သိရပါတယ်။


ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ နာရီခန့်တွင် ဆားလင်းကြီးမြို့၊ မြို့မရဲစခန်းနဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အခြေချ တပ်စွဲထားရာ မြို့တော်ခန်းမတို့ကို တော်လှန်‌ရေး တပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးသီး လုံး ကျဲချတိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုကို စုံစမ်းနေဆဲဖြစ်ပြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်နေတဲ့ကြားက ပူးပေါင်းတပ်ဖွဲ့ဝင်များ အန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ စစ်ဆင်ရေးကို Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team (3) PDAF Shar Htoo Waw နည်းပညာတပ်ဖွဲ Team (4) SSTF မုံရွာခရိုင်တပ်ရင်း (၂၄) ခွဲ () တိမ်တမာန် လေကြောင်း စစ်ဆင်ရေး ဆားလင်းကြီးမြိုနယ် (ပကဖ) ကျောက်လုံးကြီး KLG တပ်မဟာ Seven People Defense Force - Mandalay Union Brothers - UB (ပြည်သူ့အကျိုးဆောင်အဖွဲ) ဒေါနစစ်ကြောင်း ဖိုးမောင်ပြန်လာပြီ ဇာတ်ကား ထောက်ပို့အဖွဲ Support To Federal Democracy CONNECT နှင့် ဒေသခံ ပကဖ အဖွဲ့များနှင့် တပ်ရင်း၊ တပ်ဖွဲများ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။


========================


📌📌 ၈။ မတ္တရာမြို့တွင် စစ်ကောင်စီ စစ်ကြောင်းနဲ့ ပျူရွာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်


ဒီဇင်ဘာလ ၃၁ရက်။

မန္တလေးတိုင်း၊ မတ္တရာမြိုနယ်၊ ဆောက်ခြုံပေါက် ကျေးရွာထဲကို ဝင်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ပျူရွာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့  ပြည်သူ့ကာကွယ်ရေး မြိုပြပြောက်ကျား တပ်ဖွဲ့ (မန္တလေး) Generation Z Power တပ်ဖွဲ့က ဆိုပါတယ်။


ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၅၀ ခန့်က မတ္တရာမြိုနယ်၊ ဆောက်ခြုံပေါက် ကျေးရွာကို စစ်ကြောင်း ကြောင်းဖြင့် ထိုးလာတဲ့ စစ်ကောင်စီ တပ်သားများနဲ့ နေ့လည် ၁၂ နာရီ အချိန်တွင် ညောင်ကုန်းပျူရွာ တို့ကို ဒရုန်းဖြင့် ဗုံးသီးလေးလုံး ကျဲချ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သားများ ထိခိုက်ဒဏ်ရာရတာတွေ ရှိနိုင်တယ်လို့ ပြည်သူ့ -ကာကွယ်ရေး မြိုပြပြောက်ကျား တပ်ဖွဲ့ (မန္တလေး) က ပြောပါတယ်။


အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျား တပ်ဖွဲ့ (မန္တလေး) Generation Z Power တပ်ဖွဲ့၊ ပုသိမ်ကြီး ပကဖ မတ္တရာ ပကဖ BRA Shar Htoo Waw နည်းပညာ ဒရုန်းအဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၉။ နှစ်သစ်အကြို စစ်ဆင်ရေး အနေဖြင့် ရေးမြို့နယ်ရှိ စကခ (၁၉) လက်အောက်ခံ တပ်ရင်း ရင်းအား တော်လှန်ရေး မဟာမိတ် တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်


ဒီဇင်ဘာလ ၃၁ရက်။

နှစ်သစ်အကြို စစ်ဆင်ရေး အနေဖြင့် ရေးမြို့နယ် အခြေစိုက် စကခ (၁၉) လက်အောက်ခံ တပ်ရင်း နှစ်ရင်းအား မွန်ပြည်နယ် တောင်ပိုင်းရှိ တော်လှန်ရေး  မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့မှ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက် နာရီ ၄၅ မိနစ်ခန့်တွင် ရေးမြို့နယ်၊ အခြေစိုက် စကခ - (၁၉) လက်အောက်ခံ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၅၉၁) နှင့် ခမရ (၅၈၃) တို့ကို  မဟာမိတ် ပူးပေါင်း တပ်ဖွဲ့တို့မှ လက်နက်ကြီး၊ RPG ၆၀ မမ၊ ဒရုန်း၊ လက်နက်ငယ်တို့ဖြင့် ထိုးစစ်ဆင် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် ၎င်းစစ်ကောင်စီ တပ်ရင်းများမှ အနီးရှိ ကျောင်းရွာ၊ အိုင်ရှည်နှင့် ကမ်းနီရွာ အနီးသို့ လက်နက်ကြီးများဖြင့် အကြိမ်ရေ ၃၀ ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ စစ်ဆင်ရေးကို မွန်ပြည်နယ်တောင်ပိုင်း အခြေစိုက် တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များဖြစ်ကြတဲ့ မွန်ပြည်တော်လှန်ရေးတပ် - MSRF ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ် - YGF ABSDF တပ်ရင်း () မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း - MSRO Ye Air Force - YAF တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


မွန်ပြည်နယ်တောင်ပိုင်း အခြေစိုက် တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များအနေဖြင့် နိုဝင်ဘာလ ၃၀ ရက်နေ့က သစ္စာရေသောက်ပြီး မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။


၂၀၂၃ ခုနှစ် အတွင်း တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေ အနေဖြင့် ဟန်ချက်ညီ ပူးပေါင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပြီး လာမယ့် နှစ်သစ်တွင်လည်း စစ်ဆင်ရေး အရှိန် မြှင့်တင်သွားမယ်လို့ ကတိပြု အသိပေး ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment