22nd DEC 2023 - Evening Daily News by Radio NUG

 


၂၀၂၃ ဒီဇင်င်ဘာလ ၂၂ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ခွေးနိဂုံး ၂၀၂၃" ဆိုသကဲ့သို့ ယခုနှစ်အကုန်တွင် ပြည်သူများ အားတက်စေမည့် နှစ်သစ်ကူးလက်ဆောင်‌ပေး‌နိုင်ရန် ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ ချက်သမ္မတနိုင်ငံ၊ ပရာ့ဂ်တွင် သေနတ်ပစ်ခတ်မှုတွင် တိုက်ခိုက်မှုကို ခံစားခဲ့ရသူတိုင်းအတွက် ဝမ်းနည်းကြေကွဲမိတယ်လို့ NUGနိူင်ငံခြားရေးဝန်ကြီးပြောကြား

📌 ၃။ သြစတေးလျနိုင်ငံ၊ ပါ့သ်မြို့၌ ကျင်းပပြုလုပ်သော Curtin Human Rights Symposium တွင် တရားရေးဝန်ကြီးဦးသိန်းဦးစာတမ်းဖတ်ကြားခဲ့

📌 ၄။ စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ စီဒီအမ်နိုင်ငံဝန်ထမ်းများတတိယအကြိမ်စုံညီတွေ့ဆုံပွဲကျင်းပ

📌 ၅။ မင်းတုန်းမြို့နယ်  မင်းတုန်း () မိုင်ဂိတ်မှ ခြေလျင်စစ်ကြောင်းနှင့်အတူFaw ကား ၂စီးဖြင့် တက်လာသော ရန်သူ့စစ်ကြောင်းအား တော်လှန်ရေးရဲဘော်များကြားဖြတ်တိုက်ခိုက်

📌 ၆။ အထူးဒေသ()ကွတ်ခိုင်ခရိုင်အုပ်ချုပ်ရေးအဖွဲ့မှ စစ်ဘေးဒုက္ခသည်များကို ဘေးကင်းလုံခြုံသည့်နေရာသို့ ပို့ဆောင်ခဲ့

📌 ၇။ ဒရုန်းဖြင့် ဗုံးသီး ၂၇၀ ကြဲချတိုက်ခိုက်ခဲ့တဲ့ဘုံဇုံးစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးခဲ့

📌 ၈။ ပေါက်တောမြို့တွင်းတိုက်ပွဲကို စစ်သင်္ဘော () စီးဖြင့် အင်အားဖြည့်တင်းရန်လာခဲ့သော်လည်း ရခိုင့်တပ်တော်AAကပစ်ခတ်မှုကြောင့် စစ်သင်္ဘောတစ်စီးကိုထိမှန်ပြီး ရန်သူ့စစ်ကူအချို့သေဆုံး

📌 ၉။ မြိုင်မြို့နယ်အနောက်တောင်ပိုင်း ကိုင်းတောမစခန်းကနေ ထွက်လာတဲ့စကစတပ်များ ကန်ကလေးရွာကိုယနေ့မနက်ပစ်ခတ်ဝင်ရောက်သောင်းကျန်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ခွေးနိဂုံး ၂၀၂၃" ဆိုသကဲ့သို့ ယခုနှစ်အကုန်တွင် ပြည်သူများ အားတက်စေမည့် နှစ်သစ်ကူးလက်ဆောင်‌ပေး‌နိုင်ရန် ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


ဒီဇင်ဘာ၂၂ရက်


စစ်ခွေးနိဂုံး ၂၀၂၃" ဆိုသကဲ့သို့ ယခုနှစ်အကုန်တွင် ပြည်သူများ အားတက်စေမည့် နှစ်သစ်ကူးလက်ဆောင်‌ပေး‌နိုင်ရန် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောကြားလိုက်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး မှာဝန်ကြီးချုပ်ကထည့်သွင်းဆိုခဲ့တာဖြစ်ပါတယ်။


"တော်လှန်ပြည်သူများနှင့် ပြည်သူများအကြား သွေးခွဲမှုများ ပိုပြီးလုပ်ဆောင်လာခြင်းကို သတင်းအမှန်များဖြင့် ချေဖြတ်ရန်လိုအပ်ပါကြောင်း၊ မူလမျှော်မှန်းထားသည့် "စစ်ခွေးနိဂုံး ၂၀၂၃" ဆိုသကဲ့သို့ ယခုနှစ်အကုန်တွင် ပြည်သူများ အားတက်စေမည့် နှစ်သစ်ကူးလက်ဆောင်‌ပေး‌နိုင်ရန် ကော်မတီအနေဖြင့် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


လက်ရှိမှာ စစ်ရေးအရှိန်ကိုမြှင့်တင်လျက်ရှိပြီးတော့ စကစရဲ့ ဘဏ္ဍာငွေရလမ်းမှန်သမျှကို အမျိုးသားညီညွတ်ရေးအစိုးရကပိတ်ဆို့ဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၂။ ချက်သမ္မတနိုင်ငံ၊ ပရာ့ဂ်တွင် သေနတ်ပစ်ခတ်မှုတွင် တိုက်ခိုက်မှုကို ခံစားခဲ့ရသူတိုင်းအတွက် ဝမ်းနည်းကြေကွဲမိတယ်လို့ NUGနိူင်ငံခြားရေးဝန်ကြီးပြောကြား


ဒီဇင်ဘာ၂၂ရက်


ချက်သမ္မတနိုင်ငံ၊ ပရာ့ဂ်တွင် သေနတ်ပစ်ခတ်မှုတွင် တိုက်ခိုက်မှုကို ခံစားခဲ့ရသူတိုင်းအတွက် ဝမ်းနည်းကြေကွဲမိတယ်လို့ NUGနိူင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ဒီဇင်ဘာ ၂၁ရက်မှာ ဆိုရှယ်မီဒီယာမှာအသိပေးဆိုထားပါတယ်။


" ချက်သမ္မတနိုင်ငံ၊ ပရာ့ဂ်တွင် သေနတ်ပစ်ခတ်မှုအတွင်း တုန်လှုပ်ခြောက်ခြားခဲ့ရပြီး သေဆုံးသူများ၊ ၎င်းတို့၏ မိသားစုများနှင့် ထိခိုက်ဒဏ်ရာရသူများ အားလုံးနှင့်အတူ ဆုတောင်းမေတ္တာပို့သပါတယ်။ ဒီတိုက်ခိုက်မှုကို ခံစားခဲ့ရသူတိုင်းအတွက် ဝမ်းနည်းကြေကွဲမိပါတယ်"လို့ဆိုပါတယ်။


ပရက်ဂ်မြို့ရဲ့ ချားလ်စ် တက္ကသိုလ်ထဲမှာ ဒီဇင်ဘာ ၂၁ ရက် ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုဟာ ခေတ်သစ် ချက်နိုင်ငံ သမိုင်းမှာ အသေအပျောက် အများဆုံး အကြမ်းဖက်မှု တစ်ခု အနေနဲ့လည်း မှတ်တမ်းဝင်လာခဲ့ပါတယ်။ 


အဲဒီ ပစ်ခတ်မှုအတွင်း လူ ၁၄ ဦးထက်မနည်း သေဆုံးပြီး နောက်ထပ် အနည်းဆုံး ၂၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ 


အသက် ၂၄ နှစ်အရွယ် အမျိုးသားဟာ တက္ကသိုလ်ထဲ ဝင်ရောက် ပစ်ခတ်နေချိန် တက္ကသိုလ် ဝန်ထမ်းတွေဟာ အခန်းတွေထဲမှာ အလုံပိတ်ပြီး ပုန်းအောင်းနေခဲ့ကြရပါတယ်။


========================


📌📌 ၃။ သြစတေးလျနိုင်ငံ၊ ပါ့သ်မြို့၌ ကျင်းပပြုလုပ်သော Curtin Human Rights Symposium တွင် တရားရေးဝန်ကြီးဦးသိန်းဦးစာတမ်းဖတ်ကြားခဲ့


ဒီဇင်ဘာ၂၂ရက်


သြစတေးလျနိုင်ငံ၊ ပါ့သ်မြို့၌ ကျင်းပပြုလုပ်သော Curtin Human Rights Symposium တွင် တရားရေးဝန်ကြီးဦးသိန်းဦးစာတမ်းဖတ်ကြားခဲ့တယ်လို့ ဒီဇင်ဘာ၂၂ရက် တရားရေးဝန်ကြီးဌာနကအသိပေးဆိုပါတယ်။


တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးဟာ သြစတေးလျနိုင်ငံ  Curtin University  ၏ဖိတ်ကြားချက်အရ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ရက်နေ့ သြစတေးလျနိုင်ငံ၊ ပါ့သ်မြို့၌ ကျင်းပပြုလုပ်သော    Curtin Human Rights Symposium  တွင်  Human Rights and Transitional Justice in Myanmar  ခေါင်းစဉ်ဖြင့် စာတမ်း ဖတ်ကြားခဲ့တယ်လို့ဆိုပါတယ်။


အဆိုပါစာတမ်းဖတ်ပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးအဖြစ်  တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်ကောင်စီ၏  မတရား ဖမ်းဆီးခြင်းခံရ၍ ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရသူ Mr. Sean Turnell နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် မဟာမင်းကြီးအဖြစ် ဆောင်ရွက်ခဲ့သူ Chris Sidoti လည်းပါဝင် တက်ရောက်၍ ဆွေးနွေးခဲ့ကြပါတယ်။


  စာတမ်းဖတ်ပွဲတွင် တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး   ဖတ်ကြားခဲ့သည့်စာတမ်း မူရင်းအား တရားရေးဝန်ကြီးဌာန၏ ဆိုရှယ်မီဒီယာတွင်အပြည့်အစုံဖော်ပြထားပါတယ်။


========================


📌📌 ၄။ စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ စီဒီအမ်နိုင်ငံဝန်ထမ်းများတတိယအကြိမ်စုံညီတွေ့ဆုံပွဲကျင်းပ


ဒီဇင်ဘာ၂၂ရက်


စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ စီဒီအမ်နိုင်ငံဝန်ထမ်းများတတိယအကြိမ် စုံညီတွေ့ဆုံပွဲကျင်းပခဲ့ပါတယ်။


စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ စီဒီအမ်နိုင်ငံဝန်ထမ်းများ ဒုတိယအကြိမ်စုံညီတွေ့ဆုံပွဲကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက်နေ့၊  ဗီဒီယိုကွန်ဖရင့်မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


တွေ့ဆုံဆွေးနွေးပွဲတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၏ တာဝန်ရှိသူများ၊ ညှိနှိုင်းရေးမှူးများ၊ ဌာနဆိုင်ရာများ၏ စီဒီအမ် နိုင်ငံ့ဝန်ထမ်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မရှင် ဖွဲ့စည်းရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြပါတာ်။


ထို့နောက်မွန်းလွဲ၁၂နာရီ၃၀အချိန်အစည်းအဝေးအား အောင်မြင်စွာ ရုပ်သိမ်းခဲ့တယ်လို့စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကအသိပေးဖော်ပြပါတယ်။


========================


📌📌 ၅။ မင်းတုန်းမြို့နယ်  မင်းတုန်း () မိုင်ဂိတ်မှ ခြေလျင်စစ်ကြောင်းနှင့်အတူFaw ကား ၂စီးဖြင့် တက်လာသော ရန်သူ့စစ်ကြောင်းအား တော်လှန်ရေးရဲဘော်များကြားဖြတ်တိုက်ခိုက်


ဒီဇင်ဘာ၂၂ရက်


မင်းတုန်းမြို့နယ်  မင်းတုန်း () မိုင်ဂိတ်မှ ခြေလျင်စစ်ကြောင်းနှင့်အတူFaw ကား ၂စီးဖြင့် တက်လာသော ရန်သူ့စစ်ကြောင်းအား တော်လှန်ရေးရဲဘော်များကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ဒီဇင်ဘာ၂၂ရက်မှာ စစ်ရေးသတင်းကို ကျောင်းသားလက်ရုံးတပ်တော် (SAF)ကတရားဝင်အသိပေးဆိုထားပါတယ်။


" ဒီဇင်ဘာလ ၁၉ ရက်နေ့ တွင် မင်းတုန်းမြို့နယ် ကြို့၀၊ ကာမနိုင် ရွာအနီးသို့ မင်းတုန်း () မိုင်ဂိတ်မှ ခြေလျင်စစ်ကြောင်းနှင့်အတူFaw ကား ၂စီးဖြင့် တက်လာသော ရန်သူ့စစ်ကြောင်းအား ကျောင်းသားလက်ရုံးတပ်တော် (SAF) ပြည်သူ့ကာကွယ်ရေးတပ်မတော် - သရက်ခရိုင် အမှတ် ()တပ်ရင်း (Eagle Force) လွတ်မြောက်ရေးအင်အားစု စစ်သည်များတပ်ဖွဲ့ (W.O.L.F) တို့မှ ပူးပေါင်း၍ နံနက် (၀၉:၅၁) အချိန်ခန့်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


တိုက်ခိုက်မှုကြောင့်ရန်သူစစ်ကြောင်းမှထိခိုက်ကျဆုံးမှု အများပြားရှိခဲ့ပြီး  မဟာမိိတ်ပူးပေါင်းစစ်ကြောင်းမှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ 


========================


📌📌 ၆။ အထူးဒေသ()ကွတ်ခိုင်ခရိုင်အုပ်ချုပ်ရေးအဖွဲ့မှ စစ်ဘေးဒုက္ခသည်များကို ဘေးကင်းလုံခြုံသည့်နေရာသို့ ပို့ဆောင်ခဲ့


ဒီဇင်ဘာ၂၂ရက်


ဒီဇင်ဘာလ ၂၁ ရက်သတင်းအရ ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေ(၁၈)နာရီခန့် မြန်မာနိုင်ငံရှမ်းပြည်နယ်အထူးဒေသ()ကွတ်ခိုင်ခရိုင် အုပ်ချုပ်ရေးအဖွဲ့မှ စစ်ဘေးဒုက္ခသည်များကို ဘေးကင်းလုံခြုံသည့်နေရာသို့ပို့ဆောင်ပေးခဲ့ပါတယ်။


၎င်းဒုက္ခသည်သည်စုစုပေါင်း(၂၃)ယောက်ရှိပြီး ယခင်က(၁၀၅)မိုင်နေရာတွင်နေထိုင်ပြီး တာမိုးညင်းနေရာဘက် သို့စစ်ရှောင်ထွက်လာခဲ့ကြပါတယ်။


တာမိုးညင်းနေရာတွင် စစ်ပွဲမရှိသော်လည်း ၎င်းတို့နေရပ်သို့ ပြန်ဖို့ကြံစည်ပြီး ကွတ်ခိုင်ခရိုင်အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ယူပို့ဆောင်ပေးခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၇။ ဒရုန်းဖြင့် ဗုံးသီး ၂၇၀ ကြဲချတိုက်ခိုက်ခဲ့တဲ့ဘုံဇုံးစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးခဲ့


ဒီဇင်ဘာ၂၂ရက်


ဒရုန်းဖြင့် ဗုံးသီး ၂၇၀ ကြဲချတိုက်ခိုက်ခဲ့တဲ့ဘုံဇုံးစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးသေဆုံးခဲ့တယ်လို့ ဒီဇင်ဘာ၂၂ရက် စစ်ရေးသတင်းကို CDF-ဟားခါးကတရားဝင်အသိပေးဆိုပါတယ်။


ဟားခါးမြို့နယ်ရှိဘုံဇုံးစခန်းကို CDF ဟားခါး၊ ချင်းအမျိုးသားတပ်မတော်(CNA) CDF ထန်တလန်၊ CDF-KKG တို့ပူးပေါင်းပြီး ဒီဇင်ဘာ ၁၇ရက်တွင် တိုက်ခိုက်ခဲ့ပါတယ်။


ဒီဇင်ဘာ ၁၈ရက်တွင်စခန်း သိမ်းနိုင်ခဲ့ပြီး စစ်ဆင်ရေးအတွင်း ဒရုန်းဖြင့် ဗုံးသီး ၂၇၀ ကြဲချတိုက်ခိုက်ခဲ့ပါတယ်။


ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးကာ စကစရဲ့ဗိုလ်ကြီးအပါအဝင် ခြောက်ဦး အရှင်မိခဲ့တယ်လို့ဖော်ပြပါတယ်။


စခန်းသိမ်းတိုက်ပွဲမှာ လက်နက်ကြီး လက်နက်ငယ်မျိုးစုံ ၃၂လက်နှင့် ကျည်၊ ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ပါတယ်။


========================


📌📌 ၈။ ပေါက်တောမြို့တွင်းတိုက်ပွဲကို စစ်သင်္ဘော () စီးဖြင့် အင်အားဖြည့်တင်းရန်လာခဲ့သော်လည်း ရခိုင့်တပ်တော်AAကပစ်ခတ်မှုကြောင့် စစ်သင်္ဘောတစ်စီးကိုထိမှန်ပြီး ရန်သူ့စစ်ကူအချို့သေဆုံး


ဒီဇင်ဘာ၂၂ရက်


ဒီဇင်ဘာလ (၂၁) ရက်နေ့၊ မွန်းလွဲ () နာရီအချိန်ခန့်တွင် ရက္ခိုင်ပြည်၊ ပေါက်တောမြို့အတွင်း၌ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီ၏ လက်ကျန်တပ်ဖွဲ့ဝင်တစ်ချို့သည် မြို့တွင်းတိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ 


စစ်ကောင်စီဟာ  ပေါက်တောမြို့သို့ လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းရန် ကြိုးစားနေခဲ့သည်မှာ တစ်ပတ်ခန့်ကြာမြင့်ပြီဖြစ်သော်လည်း ရက္ခိုင့်တပ်တော်မှ ဆက်လက်ဖြတ်တောက်ထားဆဲပင်ဖြစ်တယ်လို့သိရပါတယ်။ 


ဒီဇင်ဘာ၂၁ရက်တွင်လည်း စစ်သင်္ဘော () စီးဖြင့် အင်အားဖြည့်တင်းရန်လာခဲ့သော်လည်း ရခိုင့်တပ်တော်AA ပစ်ခတ်မှုကြောင့် စစ်သင်္ဘောတစ်စီးကိုထိမှန်ပြီး ရန်သူ့စစ်ကူအချို့သေဆုံး၊ ဒဏ်ရာရခဲ့ပြီး ၎င်းစစ်သင်္ဘောလည်း နောက်လှည့်ပြန်ခဲ့ရတယ်လို့သတင်းရရှိပါတယ်။


ပေါက်တောမြို့ပေါ်မှ လက်ကျန် ရန်သူ့တပ်ဖွဲ့ဝင်အချို့သည် မြို့ပေါ်ရပ်ကွက်များဖြစ်သော ပန်းသီးရပ်ကွက်နှင့် ရပ်ကွက် () ထဲရှိ  လူနေအိမ်များအား တမင်ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။


========================


📌📌 ၉။ မြိုင်မြို့နယ်အနောက်တောင်ပိုင်း ကိုင်းတောမစခန်းကနေ ထွက်လာတဲ့စကစတပ်များ ကန်ကလေးရွာကိုယနေ့မနက်ပစ်ခတ်ဝင်ရောက်သောင်းကျန်း


ဒီဇင်ဘာ၂၂ရက်


မြိုင်မြို့နယ်အနောက်တောင်ပိုင်း ကိုင်းတောမစခန်းကနေ ထွက်လာတဲ့စကစတပ်များ ကန်ကလေးရွာကို ယနေ့မနက်ပစ်ခတ်ဝင်ရောက်သောင်းကျန်းခဲ့တယ်လို့ ဒီဇင်ဘာ၂၂ရက်မှာ စကစတပ်များလှုပ်ရှားမှုကို We Love Myaingကအသိပေးဆိုပါတယ်။


"မြိုင်မြို့နယ်အနောက်တောင်ပိုင်း ကိုင်းတောမစခန်းကနေ ကနေ့မနက် ၆နာရီ၃၀ခန့်က ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ

၇နာရီကျော် ဝန်းကျင်လောက်မှာ မြိုင်မြို့နယ်တောင်ပိုင်း ကန်ကလေးရွာကိုပစ်ခတ် ဝင်ရောက်နေတယ်"လို့ဆိုပါတယ်။


စကစတပ်များဟာ နယ်မြို့များမှာ အရပ်သားနေထိုင်ရာ ရွာများကိုပစ်မှတ်ထားတိုက်ခိုက်၍ တစ်နိူင်ငံလုံးမှာအရပ်သားနေအိမ်နှင့်အဆောက်အအုံပေါင်း ခုနစ်သောင်း ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment