22nd DEC 2023 - Morning Daily News by Radio NUG


၂၀၂၃ ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -

📌 ၁။ အကြမ်းဖက်စစ်တပ်အနေနဲ့ အဖက်ဖက်ကကျဆုံးဖို့ နီးသထက်နီးလာပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭ကမ်ပိန်းမှာ Chuffed crowd funding platform ကတဆင့် ပါဝင်ထောက်ပို့နိုင်

📌 ၃။ အကြမ်းဖက် စစ်ကောင်စီတပ်မှ မုန်းမြို့ရှိ ဈေးဆိုင်တန်းများအား မီးရှို့ဖျက်ဆီးခြင်းနှင့် ဒေသခံများကို မောင်းထုတ်ခြင်းများ ပြုလုပ်

📌 ၄။ K.N.L.A - ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ထံသို့ စစ်ကောင်စီတပ်မှ လက်နက်ခဲယမ်းနှင့်အတူ ဗိုလ်ကြီး တစ်ဦး အပါအဝင် ငါးဦး လာရောက်ပူးပေါင်း

📌 ၅။ တအာင်းပြည်နယ် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ တပ်ကြပ်()ဦးမှ စစ်မတိုက်လိုသောကြောင့် တအာင်းတပ်မတော် TNLA ထံ လက်နက်အပြည့်အစုံဖြင့် လာရောက်လက်နက်ချခဲ့

📌 ၆။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းအား ဒရုန်းဖြင့်တိုက်ခိုက်

📌 ၇။ မုံရွာနမခမှ အင်အား၅၀ဖြင့်စစ်ကြောင်းထွက်လာသော စကစများကိုအကျယ်၁၈လက်မ အရှည်၂ပေပေါက်ကွဲအားပြင်းသော မိုင်းလုံးကြီးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့

📌 ၈။ အကြမ်းဖက်စစ်အုပ်စုကြောင့် နိုင်ငံတဝန်း အမျိုးသမီး (၂၅) ဦးနှင့် အမျိုးသား (၄၈) ဦး စုစုပေါင်း (၇၃) ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ (၂၃) ဦးဖြင့် သေဆုံးမှု အများဆုံးဖြစ်

📌 ၉။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် "နွေဦးအောင်လံ ဆုတောင်းပွဲ(ဆဌမအကြိမ်)" ကျင်းပ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်တပ်အနေနဲ့ အဖက်ဖက်ကကျဆုံးဖို့ နီးသထက်နီးလာပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


ဒီဇင်ဘာလ ၂၁ရက်။

အကြမ်းဖက်စစ်တပ်အနေနဲ့ အဖက်ဖက်ကကျဆုံးဖို့ နီးသထက်နီးလာပြီလို့ ဒီဇင်ဘာ၂၁ရက်မှာ ကျင်းပတဲ့ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ  ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောပါတယ်။


 "တော်လှန်ရေးဖြစ်စဉ်တစ်ခုလုံးကို ခြုံကြည့်ရမယ်ဆိုရင် အကြမ်းဖက်စစ်တပ်အနေနဲ့ အဖက်ဖက်ကကျဆုံးဖို့ နီးသထက်နီးလာတာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူအကြား သွေးခွဲဖို့ ပိုပြီးလုပ်ဆောင်လာနေပါ‌တယ်။ ဒီအခြေအနေတွေကိုလည်း ကျွန်တော်တို့ရဲ့ တော်လှန်ရေး ရဲဘော်ရဲဖက်တွေရော ပြည်သူတွေကိုပါ သတင်းအမှန်တွေပေးပြီး သွေးခွဲစကားနဲ့ သတင်းတွေကို ချေဖျက်ကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်တပ်အနေနဲ့ အခုဆိုရင် နောက်ဆုံးထွက်ပေါက်ကိုလည်း ရလိုရငြားရှာဖွေနေတာ အားလုံး သတိပြုနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါ့ကြောင့် ဖြစ်တန်စွမ်းတွေ အားလုံးကို တွက်ချက်ပြီး တုံ့ပြန်နိုင်ဖို့ နည်းလမ်းအမျိုးမျိုးကိုလည်း ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် စကစအနေနဲ့ နိုင်ငံခြားသုံးငွေ ပြတ်လပ်မှုကို ကုစားနိုင်ဖို့  နဂိုက ငွေလဲလှယ်နှုန်းနဲ့ ပတ်သက်ပြီး အထူး တင်းကြပ်ထားတဲ့ မူဝါဒတွေကိုလည်း ပြန်လည်ဖြေလျော့ပေးနေရကာ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်စွမ်း မရှိတော့ဘူးလို့ဝန်ကြီးချုပ်ကဆိုပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭ကမ်ပိန်းမှာ Chuffed crowd funding platform ကတဆင့် ပါဝင်ထောက်ပို့နိုင်


ဒီဇင်ဘာလ၂၁ရက်။

𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭ကမ်ပိန်းမှာ Chuffed crowd funding platform ကတဆင့် ပါဝင်ထောက်ပို့နိုင်တယ်လို့𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭ကမ်ပိန်းကတရားဝင်အသိပေးဖော်ပြပါတယ်။


𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭ကမ်ပိန်းမှာ Chuffed crowdfunding platform ကတဆင့် ပါဝင်ထောက်ပို့နိုင်ဖို့ Linkကိုဖော်ပြထားပြီးlinkကနေ Debit (or) Credit Card ရှိယုံနဲ့  ကိုယ်တိုင်ကိုယ်ကျ လွယ်ကူလျှင်မြန်စွာ ထောက်ပို့လို့ ရတယ်လို့ သိရှိရပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက မြို့နယ် ၅မြို့နယ်တွင် အင်တာနက်တိုးချဲ့တပ်ဆင်နိုင်ရန် ရည်ရွယ်၍  "Fedral Net Campaign"လုပ်ဆောင်နေတာဖြစ်ပါတယ်။


Federal Net Campaign ရဲ့ကနဦးတည်ဆောက်ဖို့ လိုအပ်ချက်ဖြစ်တဲ့မြို့နယ် () မြို့နယ်အတွက် အမေရိကန် ဒေါ်လာ (.) သိန်းလိုအပ်မှာဖြစ်ပါတယ်။


========================


📌📌 ၃။ အကြမ်းဖက် စစ်ကောင်စီတပ်မှ မုန်းမြို့ရှိ ဈေးဆိုင်တန်းများအား မီးရှို့ဖျက်ဆီးခြင်းနှင့် ဒေသခံများကို မောင်းထုတ်ခြင်းများ ပြုလုပ်


ဒီဇင်ဘာလ (၂၁) ရက်။

အကြမ်းဖက် စစ်ကောင်စီတပ်မှ မုန်းမြို့ရှိ ဈေးဆိုင်တန်းများအား မီးရှို့ဖျက်ဆီးခြင်းနှင့် ဒေသခံများကို မောင်းထုတ်ခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဒီဇင်ဘာ၂၁ရက်မှာ ကေအဲန်ယူဗဟိုကအသိပေးဆိုထားပါတယ်။


" ဒီဇင်ဘာလ (၂၀) ရက်နေ့ ညနေ ()နာရီအချိန်တွင် ကေအဲန်ယူ-မူးမြို့နယ်တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ မုန်းမြို့ရှိဈေးဆိုင်တန်းများကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ဈေးဆိုင်တန်းများအား မီးရှို့ဖျက်ဆီးခြင်းများ မပြုလုပ်မီ ()ရက်ခန့်အလိုတွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်သားများမှ ထိုဈေးဆိုင်တန်းများရှိ ပစ္စည်းများကို ဖောက်ထွင်းကာ ဈေးပေါပေါဖြင့် လိုက်လံရောင်းချခဲ့တယ်"လို့ဖော်ပြပါတယ်။


ထို့အပြင် တစ်ချို့ရေခဲသေတ္တာနှင့် အခြားပစ္စည်းများကိုလည်း ဖျက်ဆီးခဲ့သည်သာမက တံတားပေါ်တွင် ပစ္စည်းများကို ဖျက်စီးပြီး မုန်းချောင်းထဲပစ်ချခဲ့ကာ မုန်းမြို့ထဲရှိ ဒေသခံများကိုလည်း အတင်းအဓမ္မ မောင်းထုတ်လျှက်ရှိတယ်လို့ဆိုပါတယ်။


ဈေးဆိုင်တွေကို ဖောက်ပြီး ကြက်ဥတစ်လုံးကို တစ်ရာ အင်္ကျီတစ်ထည် (သို့မဟုတ်) ဘောင်းဘီ တစ်ထည်ကို တစ်သောင်းထဲနဲ့ လိုက်ရောင်းနေတယ်ဟု မုန်းမြို့ပေါ်သို့ ဈေးသွားဝယ်သော ဒေသခံ တစ်ဦး၏ ပြောကြားချက်အရသိရပါတယ်။


========================


📌📌 ၄။ K.N.L.A - ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ထံသို့ စစ်ကောင်စီတပ်မှ လက်နက်ခဲယမ်းနှင့်အတူ ဗိုလ်ကြီး တစ်ဦး အပါအဝင် ငါးဦး လာရောက်ပူးပေါင်း


ဒီဇင်ဘာလ (၂၁) ရက်။

K.N.L.A - ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ထံသို့စစ်ကောင်စီတပ်မှ လက်နက်ခဲယမ်းနှင့်အတူ ဗိုလ်ကြီး တစ်ဦး အပါအဝင် ငါးဦး လာရောက်ပူးပေါင်းခဲ့တယ်လို့ ကေအဲန်ယူဒူးပလာယာခရိုင်ကတရားဝင်အသိပေးဆိုထားပါတယ်။


ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် K.N.L.A အမှတ်( ) တပ်မဟာ လုံခြုံရေး စစ်ကြောင်းထံသို့ တပ်မ (၄၄) လက်အောက်ခံ ခမရ-၁၀၂ တပ်ရင်းမှ ဗိုလ်ကြီး ကျော်ဗိုလ်ဗိုလ်ဟိန်းသည် MA-5 () လက်၊ 9mm ကျည်ဘောက် () ခု နှင့် ကျည် (၁၀) တောင့်၊ ဆေးတပ်သား အောင်မျိုးဝင်းသည် MA-3 () လက် နှင့် ၎င်းကျည်ဘောက် () ခု၊ တပ်သား အောင်ကိုမင်းသည် MA-3 () လက်၊ ၎င်းကျည်ဘောက် () ခု နှင့် .၅၆ ကျည်တောင့် (၁၅) တောင့် စသည့် လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်းခဲ့ကြတယ်"လို့ဆိုပါတယ်။


ဒီဇင်ဘာလ ၁၇ ရက်နေ့တွင်လည်း  အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ တပ်ရင်း (၁၀၂၂) တပ်နယ် () မှ B.G.F တပ်သား စောပေထူး() တော့ဘရားသည် M-4 () လက်၊ ၎င်းကျည်ဘောက် () ခု၊ .၅၆ ကျည် (၆၀) တောင့် နှင့် လက်ပစ်ဗုံး () လုံး စသည့် လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်းခဲ့ပြီး ဒီဇင်ဘာလ (၁၅) ရက်နေ့တွင်လည်း အလားတူ တပ်ရင်း (၁၀၂၂) တပ်နယ် () မှ B.G.F တပ်သား ကောင်းဆက်ထွန်းသည်လည်း M-4 Crbine () လက်၊ ၎င်းကျည်ဘောက်တို () ခု နှင့် .၅၆ ကျည်တောင့် (၂၀) တောင့် စသည့် လက်နက်ခဲယမ်းများနဲ့အတူ လာရောက် ပူးပေါင်းခဲ့ကြပါတယ်။


၎င်းတို့နှင့်အတူ ပါလာသော လက်နက်ခဲယမ်းများအလိုက် ဒူးပလာယာခရိုင် သတင်းနှင့် ပြန်ကြားရေးတွင် ထုတ်ပြန်ထားခဲ့သည့်အတိုင်း ဒူးပလာယာခရိုင်၊  အမှတ် () တပ်မဟာ မှ ထောက်ပံ့ငွေများဖြင့် ၎င်းတို့အား ထိုက်တန်စွာ ပြန်လည်ထောက်ပံ့ ပေးအပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၅။ တအာင်းပြည်နယ် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ တပ်ကြပ်()ဦးမှ စစ်မတိုက်လိုသောကြောင့် တအာင်းတပ်မတော် TNLA ထံ လက်နက်အပြည့်အစုံဖြင့် လာရောက်လက်နက်ချခဲ့


ဒီဇင်ဘာလ ၂၁ရက်။

တအာင်းပြည်နယ် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ တပ်ကြပ်()ဦးမှ စစ်မတိုက်လိုသောကြောင့် တအာင်းတပ်မတော် TNLA ထံ လက်နက်အပြည့်အစုံဖြင့် လာရောက်လက်နက်ချခဲ့တယ်လို့  PSLF/TNLAကတရားဝင်အသိပေးဖော်ပြပါတယ်။


စစ်ကောင်စီ ကွတ်ခိုင်ဗျုဟာ၊ လက်အောက်ခံ ခလရ-၄၅ တပ်မှ တပ်ကြပ် ကိုနိုင်ဟာ ဒီဇင်ဘာ ၂၁ရက်နေ့တွင် မိခင်တပ်ရင်းမှ စွန့်ခွာခဲ့ပြီး စစ်မတိုက်လိုသောကြောင့် တအာင်းတပ်မတော် PSLF/TNLA တပ်မဟာ()ထံ လက်နက် ()လက်၊ RPG-7 ()လက်နှင့် ခဲယမ်းများ လက်နက်အပြည့်အစုံဖြင့် လာရောက်လက်နက်ချခဲ့ပါတယ်။


ဒီဇင်ဘာ ၁၇ ရက်နေ့တွင်လည်း တပ်မဟာ()စစ်ဒေသ၊ နမ္မတူမြို့နယ် စစ်ကောင်စီ မန်စံကျေးရွာတပ်စခန်းတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ၎င်းတိုက်ပွဲအတွင်းလည်း စစ်ကောင်စီတပ်၏ ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ပါတယ်။


========================


📌📌 ၆။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းအား ဒရုန်းဖြင့်တိုက်ခိုက်


ဒီဇင်ဘာလ၂၁ရက်။

ဒီဇင်ဘာ၂၁ရက်မှာ စစ်ရေးသတင်းကို ကျောက်ဆည်ခရိုင်တပ်ရင်း- (နဂါးနီတပ်ရင်း)ကအသိပေးဆိုပါတယ်။


"စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရဲစခန်းအား ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပါတယ်။

ဒီဇင်ဘာ၁၉ရက်ည(၁၀)နာရီတွင် အမှတ် (၁၈၄၄) ဒရုန်းတပ်ဖွဲ့(ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့)မှ ဦးဆောင်၍ ကျောက်ဆည်ခရိုင်တပ်ရင်း- (နဂါးနီတပ်ရင်း) ပူးပေါင်းမဟာမိတ်ဒရုန်းတပ်ဖွဲ့ နှင့် နယ်မြေခံပကဖများ ပူးပေါင်းကာ ဒရုန်းများအသုံးပြု၍ ညောင်ပင်ဝန်းခွေးခြံအား ဒရုန်းဗုံးသီးအလုံး(၂၀)ကျော်ကျဲချတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်၍ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးရန်အတွက် လာရောက်နေသော စကစများ/ပျူများနှင့် ရဲများသောက်စားနေချိန်တွင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။


တိုက်ခိုက်မူတွင် စကစ()ဦးထက်မနည်းသေဆုံး၍ သေဆုံးသော စကစအလောင်းများအား အလောင်းဖျောက်ရေမြောခဲ့ကြောင်း သတင်းရရှိခဲ့ပါတယ်။


========================


📌📌 ၇။ မုံရွာနမခမှ အင်အား၅၀ဖြင့်စစ်ကြောင်းထွက်လာသော စကစများကိုအကျယ်၁၈လက်မ အရှည်၂ပေပေါက်ကွဲအားပြင်းသော မိုင်းလုံးကြီးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့


ဒီဇင်ဘာ၂၁ရက်

မုံရွာနမခမှ အင်အား၅၀ဖြင့် စစ်ကြောင်းထွက်လာသော စကစများကို အကျယ်၁၈လက်မ အရှည်၂ပေပေါက်ကွဲအား ပြင်းသော မိုင်းလုံးကြီးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


ဒီဇင်ဘာ၂၁ရက် စစ်ရေးသတင်းကို မုံရွာခရိုင်တပ်ရင်း(၁၆) Chin Dwin Brothersကအသိပေးဆိုပါတယ်။


"ဒီဇင်ဘာ၁၃ရက်နေ့ည နမခမှ အင်အား၅၀ဖြင့် စစ်ကြောင်းထွက်လာသော စကစများသည် နမခခြံရဲ့မြောက်ဘက် ဖန်းခါးကျင်းရွာသို့၂၅ယောက်၊ ဖန်းခါးကျင်းရွာရဲ့အနောက်ဘက်ရှိ ရေနံချက်ဖိုရှိရာ အနောက်မြောက်သို့၂၅ယောက်နဲ့နှစ်ကြောင်းခွဲထွက်လာကြပါတယ်။ မိုင်းလုံးကြီးကရေနံချက်ဖိုရဲ့ အနောက်ဘက်မီတာ၁၀၀ခန့် စကစတွေက ထီးတော်တင်ကားလမ်းကို ဖြတ်ကျော်ပီး မိုင်းလုံးကြီးရှိရာသို့ မီးထိုး၍ဦးတည်လာနေတာကြောင့် အကျယ်၁၈လက်မ အရှည်၂ပေပေါက်ကွဲအားပြင်းသော မိုင်းလုံးကြီးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အများအပြားထိခိုက်မှုခဲ့တယ်"လို့ဆိုပါတယ်။


ပေါက်ကွဲအားပြင်းသော မိုင်းကြီးကို ၂၀၂၂ ခုနှစ်မတ်လလောက်က ၄င်းနှင့်အရွယ်တူမိုင်းကြီးများကို နမခခြံရဲ့ ခြံစီးရိုးနားသုံးနေရာတွင် မြုပ်နှံထားခဲ့ပြီး၂၀၂၃ ခုနှစ်နိုဝင်ဘာလတည်းက စတင်အသက်သွင်းထားခဲ့တယ်လို့လည်း ဆိုပါတယ်။


မိုင်းကြီးခွဲလိုက်စဥ်က မိုင်းကြီးရဲ့အရှိန်ကြောင့် လေးမိုင်ငါးမိုင်ပတ်ချာလည် လူနေအိမ်အဆောက်ဦးများငလျင်လှုပ်သလိုတုန်ဟီးသွားခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၈။ အကြမ်းဖက်စစ်အုပ်စုကြောင့် နိုင်ငံတဝန်း အမျိုးသမီး (၂၅) ဦးနှင့် အမျိုးသား (၄၈) ဦး စုစုပေါင်း (၇၃) ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ (၂၃) ဦးဖြင့် သေဆုံးမှု အများဆုံးဖြစ်


ဒီဇင်ဘာ၂၁ရက်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ရက်နေ့မှ ၂၁ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် နိုင်ငံတဝန်း အမျိုးသမီး (၂၅) ဦးနှင့် အမျိုးသား (၄၈) ဦး စုစုပေါင်း (၇၃) ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ (၂၃) ဦးဖြင့် သေဆုံးမှု အများဆုံးဖြစ်တယ်လို့ဆိုပါတယ်။ 


၎င်း (၇၃) ဦးအနက် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက်မှာ (၂၉) ဦးဖြင့် အများဆုံးဖြစ်ပါတယ်။


ထို့ပြင် သုံးပတ်တာအတွင်း နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး (၁၉) ဦးနှင့် အမျိုးသား (၃၂) ဦး စုစုပေါင်း (၅၁) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှာ () ဦးစီဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရပါတယ်။


========================


📌📌 ၉။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် "နွေဦးအောင်လံ ဆုတောင်းပွဲ(ဆဌမအကြိမ်)" ကျင်းပ


ဒီဇင်ဘာလ၂၁ရက်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် "နွေဦးအောင်လံ ဆုတောင်းပွဲ(ဆဌမအကြိမ်)" ကို ဒီဇင်ဘာလ ၂၁ ရက်၊ မွန်းလွဲ နာရီ အချိန်တွင် Zoom Application Platform မှတဆင့် ကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။


ဆုတောင်းပွဲသို့ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးပါတီအသီးသီးနှင့် လူမှုအဖွဲ့အစည်းများ စသည်ဖြင့် တော်လှန်ရေး နယ်ပယ်အသီးသီး မှ တက်ရောက်ခဲ့ကြပြီး အဖွင့်နှုတ်ခွန်းဆက်စကား ကို LGBT တက်ကြွလှုပ်ရှားသူ ကိုဂမ်ထွဲ မှ ရှင်းလင်း‌ပြောကြားခဲ့ပါတယ်။ 


ထို့နောက် ဘာသာ အသီးသီးမှ ဘာသာရေးခေါင်းဆောင်များက ဆုတောင်းစကားများ မိန့်ကြားခဲ့ကြပြီး အဝေးရောက် ဧရာဝတီအသင်းအတွင်းရေးမှူး ဖိုးသင်္ကြန်နှင့် နိုင်ငံရေးအကျဉ်းသားဟောင်း မင်းသွေးသစ်တို့က တော်လှန်ရေးကဗျာတစ်ပုဒ်စီကို ရွတ်ဖတ် တင်ဆက်ခဲ့ပါတယ်။


ထို့နောက် ...နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်ပါစေ...စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းပါစေ...ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အမြန်ဆုံးတည်ဆောက်နိုင်ပါစေ... ဟု သံပြိုင်စုပေါင်းဆုတောင်းစကားများ ပြိုင်တူရွတ်ဆိုခဲ့ကြပြီး နိဂုံးချုပ်စကားကို ဆရာတော် ဦးဝါယမ မှ မိန့်ကြားခဲ့တယ်လို့ သိရှိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။


#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment