25th DEC 2023 - Evening Daily News by Radio NUG


၂၀၂၃ ဒီဇင်င်ဘာလ ၂၅ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အရာတော်နယ် နောင်ကြီးအိုင်စခန်းကို တိုက်ခိုက်သိမ်းပိုက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးသေဆုံး

📌 ၂။ တိုင်းပြည်နဲ့ပြည်သူအတွက် စွမ်းသလောက်အထိ အမြဲကြိုးစားမယ်လို့ NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးပြောကြား

📌 ၃။ မြောက်ဦးတွင် စစ်ကောင်စီက အရပ်သားများကိုပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ ဦးသေဆုံးကာ ဦး ဒဏ်ရာရခဲ့ပြီး ၁ဝ ခန့် ဖမ်းဆီးခံရ

📌 ၄။ သမိုင်းလမ်းဆုံရှိ စစ်ကောင်စီဘန်ကာကို ရန်ကုန်ယူဂျီ ဖောက်ခွဲတိုက်ခိုက်

📌 ၅။ ရေတာာရှည် မြို့နယ်တွင် PDF ပူးပေါင်းတပ်နှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ဦးသေဆုံး

📌 ၆။ ABSDF ခေါင်းဆောင်များနှင့် နိုင်ငံတကာရောက် ရဲဘော်ဟောင်းများ တွေ့ဆုံ

📌 ၇။ ပုသိမ်ရွှေမုဌောဘုရား ရွှေသင်္ကန်းကပ်လှူရန် ကောက်ခံထားတဲ့ ငွေကျပ်သိန်း ,၀၀၀ ကို ရန်ပုံငွေအဖြစ် တိုင်းစစ်ကောင်စီက သိမ်းယူ

📌 ၈။ ရွှေဘိုမြို့နယ် မြင်းချင်း ပျူရွာ ကို သိမ်းပိုက်နိုင်ခဲ့တဲ့ တော်လှန်ရေးရဲဘော်များကို ပြည်သူများ အောင်သပြေပန်းများနဲ့ကြိုဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အရာတော်နယ် နောင်ကြီးအိုင်စခန်းကို တိုက်ခိုက်သိမ်းပိုက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးသေဆုံး


စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာရှိတဲ့ နောင်ကြီးအိုင်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၈ ဦး သေဆုံးသွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန ဒီဇင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။


အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦး တပ်စွဲထားတဲ့ နောင်ကြီးအိုင်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေ ဒီဇင်ဘာ ရက်က ပိတ်ဆို့ပြီး နေရောညပါ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ၁၈ ဦး သေဆုံးသွားပြီးတဲ့နောက် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စခန်းကို စွန့်ခွာထွက်ပြေးသွားကြတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အသိပေးထားပါတယ်။


စစ်ကောင်စီဘက်က စခန်းစွန်ခွာထွက်ပြေးသွားတာကြောင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ဝင်ရောက်ရှင်းလင်းပြီး စခန်းကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။


အရာတော်နယ် နောင်ကြီးအိုင်ရဲစခန်းမှာတပ်စွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ ဝင်တွေဟာ စက်တင်ဘာလ ၁ဝ ရက်နေ့ကစပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူလူထုကို ဖမ်းဆီး သတ်ဖြတ်တာ၊ ဒေသနေပြည်သူလူထုပိုင်ပစ္စည်းတွေကို ခိုးယူတာတွေ လုပ်ဆောင်နေတဲ့အတွက် ပြည်သူလူ ထုကို ဘေးလွတ်ရာရွှေ့ပြောင်းစေပြီး ပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။


အဆိုပါတိုက်ခိုက်မှုကို အရာတော်မြို့နယ် ပကဖ၊ တိုက်နယ် ၁၊၂၊၃၊၄၊၅၊၆၊၇ တာဝန်ခံများနဲ့ရဲဘော်များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မုံရွာခရိုင် တပ်ရင်း ၆၊ တပ်ရင်း ၁၈၊ တပ်ရင်း ၁၉၊ တပ်ရင်း ၂၄၊ တပ်ရင်း ၂၆ က ရဲဘော်တွေ စုပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


========================


📌📌 ၂။ တိုင်းပြည်နဲ့ပြည်သူအတွက် စွမ်းသလောက်အထိ အမြဲကြိုးစားမယ်လို့ NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးပြောကြား


ဒီဇင်ဘာ၂၅ရက်


တိုင်းပြည်နဲ့ပြည်သူအတွက် စွမ်းသလောက်အထိ အမြဲကြိုးစားမယ်လို့ NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းက  ဆိုရှယ်မီဒီယာမှတစ်ဆင့် အသိပေးဆိုထားပါတယ်။


"စွမ်းသလောက်အထိ အမြဲကြိုးစားလျက်..အမည်အတွက်မဟုတ်....တိုင်းပြည်နဲ့ပြည်သူအတွက်အတ္တအတွက်မဟုတ်...ခံယူချက်နဲ့ သိက္ခာအတွက်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနဟာ စကစရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်ကျူးလွန်မှုများကို နိူင်ငံတကာ တရားရုံးများမှာ တရားစွဲဆိုအရေးယူနိူင်ရေးဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၃။ မြောက်ဦးတွင် စစ်ကောင်စီက အရပ်သားများကိုပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ ဦးသေဆုံးကာ ဦး ဒဏ်ရာရခဲ့ပြီး ၁ဝ ခန့် ဖမ်းဆီးခံရ


ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း စစ်ကောင်တပ်က အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအရပ်သား ဦး သေဆုံးကာ ဦး ဒဏ်ရာရခဲ့ပြီး ၁ဝ ခန့် ဖမ်းဆီးခံခဲ့ရတယ် လို့ မြောက်ပိုင်းညီနောင်မဟာမိတ် ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ 


ခရစ္စမတ်အကြိုဖြစ်တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တိုက်ပွဲသတင်းများဖော်ပြရာမှာ ရခိုင်ဒေသစစ်ရေး အခြေအနေကို အခုလိုထည့်သွင်းဖော်ပြလိုက်တာဖြစ်ပါတယ်။


မြောက်ဦးမြို့နယ် ငွေတောင်ပေါက်တံတားရှိ စစ်ကောင်စီလက်အောက်ခံ ငွေတောင်ပေါက်ရဲစခန်းနဲ့ သူတော်မတောင် စစ်ကောင်စီစခန်းကို ရခိုင့်တပ်တော် AA က တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က အရပ်သားပြည်သူတွေကို လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုတွေလုပ်ခဲ့တာလို့လည်း အသိပေး ထားပါတယ်။ 


မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ- ၅၄ဝ နဲ့ ခမရ ၃၇၇ တပ်တို့က မြောက်ဦးမြို့နဲ့ အနီးအနားမှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီးနဲ့ အကြိမ် ၁ဝဝ ခန့် ပစ်ခတ်ခဲ့တာကြောင့် ဆင်ချဆိပ်ရပ် ကွက်မှ အမျိုးသား ၃ဦးသေဆုံးကာ၊ အမျိုးသား ဦးနဲ့အမျိုးသမီး၂ဦး ဒဏ်ရာရခဲ့သလို ရွာဟောင်းတော ကျေးရွာအတွင်း လက်နက်ကြီးကျည် လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသားတဦး ဒဏ်ရာရခဲ့ တယ်လို့ သိရပါတယ်။ 


 ထို့အပြင် အကြမ်းဖက်စစ်တပ်ကပစ်ခတ်တဲ့လက်နက်ကြီးကျည်တွေကြောင့် မြောက်ဦးမြို့ပေါ်က နေအိမ်အချို့ ပျက်စီးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ 


အလားတူ စစ်ကောင်စီလက်အောက်ခံ ခလရ ၃၇၇ တပ်ကလည်း မြောက်ဦးမြို့ အောင်မင်္ဂလာရပ်ကွက် ကုလားတန်တောင်ပိုင်းက အရပ်သား ဦးကို ဖမ်းဆီးခဲ့ပြီး ညနေပိုင်းမှာလည်း ဗန္ဓုလရပ်ကွက်က ဒေသခံ ဦးကို ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အသိပေးထားပါတယ်။


ဒီဇင်ဘာလ ၂၃ ရက်နေ့ကလည်း ဘူးသီးတောင်မြို့ အမှတ် ရပ်ကွက်က ဒေသခံတဦးကို ဖမ်းဆီးသွားပြီး လက်စွပ်၊ ငွေကျပ် သိန်းနဲ့ဓာတ်ဆီးဗူးကို လုယူသွားတယ်လို့ သိရပါတယ်။ 


စစ်ကောင်စီတပ်တွေဟာ စိတ်ဓာတ်ယိုယွင်းပျက်စီးနေပြီး တိုက်ရည်ခိုက်ရည်ကျဆင်းနေတာကြောင့် ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်တယ်လို့ ညီနောင်မဟာမိတ် ဖွဲ့က ပြောပါတယ်။ 


အခုလို စစ်ကောင်စီတပ်တွေက အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်တာတွေ ပိုများလာတာ‌ကြောင့် စစ်ရေးသတိဖြင့် နေထိုင်သွားလာကြဖို့လည်း ညီနောင်မဟာမိတ် ဖွဲ့က သတိပေး ထားပါတယ်။


========================


📌📌 ၄။ သမိုင်းလမ်းဆုံရှိ စစ်ကောင်စီဘန်ကာကို ရန်ကုန်ယူဂျီ ဖောက်ခွဲတိုက်ခိုက်


ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံမှာရှိတဲ့ စစ်ကောင်စီဘန်ကာကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Myanmar People Revolution Army, Yangon UG အဖွဲ့က အသိပေးထုတ်ပြန်လိုက်ပါတယ်။ 


ဒီဇင်ဘာလ ၂၄ ရက် နာရီကျော်အချိန်က ခရစ္စမတ်အကြိုအဖြစ် သမိုင်းလမ်းဆုံ မီးပွိုင့်မှာရှိတဲ့ စစ်ကောင်စီစခန်းကို တိုက်ခိုက်ခဲ့ရာမှာ ဗုံးအသုံးပြု တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက် ထိခိုက်သေဆုံးမှုရှိ နိုင်တယ်လို့လည်း အသိပေးထားပါတယ်။ 


အဆိုပါဗုံးခွဲတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးသေဆုံးသွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဖောက်ခွဲမှုပြုလုပ်ခဲ့တဲ့ Myanmar People Revolution Army, Yangon UG အဖွဲ့ကတော့ စုံစမ်းနေဆဲပဲလို့ ပြောပါတယ်။ 


Myanmar People Revolution Army, Yangon UG အဖွဲ့အနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ကတိသစ္စာပြုကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။ 


ခရစ္စမတ်အကြိုညဖြစ်တဲ့ ဒီဇင်ဘာလ ၂၄ ရက်ညပိုင်းမှာ ရန်ကုန် မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကျောင်းလမ်းနဲ့ သာကေတမြို့နယ်က ဝါးတားဘွန်းအနီးမှာလည်း ပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၅။ ရေတာာရှည် မြို့နယ်တွင် PDF ပူးပေါင်းတပ်နှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ဦးသေဆုံး


ဒီဇင်ဘာ ၂၅။


ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိမ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဦး သေဆုံးခဲ့တယ်လို့ ပုဝါနီစစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။


ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက် နာရီ ၄၃ မိနစ်ခန့်က ကဲလင်းဆိပ်ကျေးရွာအနီးကို စစ်တောင်း မြစ်ကမ်းအတိုင်း ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်ကို ပုဝါနီစစ်ကြောင်းနဲ့ ပူးပေါင်းစစ်ကြောင်း ရှေ့ပြေးပွိုင့်များက ကဲလင်းဆိပ် ကျေးရွာထိပ်မှ စောင့်ကြိုတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


"တိုက်ပွဲချိန် မိနစ် ၂၀ ခန့်ကြာပါတယ်။ (စစ်ကောင်စီတပ်အင်အား) ၅၃ ယောက်ပါ။ စကစ ဘက်က စစ်ကြောင်းဆုတ်ပြီး ပြန်ထိုးလာဆဲ အခြေအနေပါ" လို့ ပုဝါနီစစ်ကြောင်း တာဝန်ရှိသူတစ်ဦး က  People's Spring Media ကို ဖြေဆိုထားပါတယ်။


အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဦး တိုက်ပွဲအတွင်း သေဆုံးခဲ့ပြီး ဒါဏ်ရာရသူ ဦးကို ပြန်သယ်သွားစဉ် လမ်းမှာ ထပ်မံသေဆုံးခဲ့တာကြောင့် စုစုပေါင်း ဦး သေဆုံးခဲ့ပြီး အခြား ဒါဏ်ရာရ သူများလည်း ရှိတယ်လို့ ၎င်းက ဆိုပါတယ်။


စစ်ကောင်စီ စစ်ကြောင်းဟာ ဘိုတဲစု ကျေးရွာမှတဆင့် တောင်သာကျေးရွာဘက်ကို ချက်ချင်း ပြန်ဆုတ်သွားပြီး တိုက်ပွဲပြီးဆုံးပြီးနောက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ရာမှာ ကျည်အချို့နဲ့ စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ ပုဝါနီစစ်ကြောင်းက အသိပေး ထားပါတယ်။


ယခုတိုက်ပွဲကို ပုဝါနီစစ်ကြောင်းနဲ့ ကီးကူစစ်ကြောင်းတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ တစ်စုံတစ်ရာ အထိအခိုက်မရှိဘဲ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၆။ ABSDF ခေါင်းဆောင်များနှင့် နိုင်ငံတကာရောက် ရဲဘော်ဟောင်းများ တွေ့ဆုံ


ဒီဇင်ဘာ ၂၅။


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဗဟိုကော်မတီဝင် များနဲ့ နိုင်ငံတကာရောက် ABSDF ရဲဘော်ဟောင်းများ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ABSDF က သတင်းထုတ်ပြန် ထားပါတယ်။


ဒီဇင်ဘာလ ၂၄ ရက်နေ့က ABSDF ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်များ၊ နိုင်ငံတကာရေးရာ၊ မဟာမိတ်ရေးရာ တာဝန်ရှိ ဗဟိုကော်မတီဝင်များနဲ့ နိုင်ငံတကာရောက် ABSDF ရဲဘော်ဟောင်းများ Online မှတဆင့် တွေ့ဆုံခဲ့ကြပြီး အကြံပြုချက်များ၊ သဘောထားများနဲ့ ပူးပေါင်းဆောင်ရွက်မှုများ အတွက် ဆွေးနွေးတိုင်ပင် ခဲ့ကြတယ်လို့ သိရပါတယ်။


ABSDF အဖွဲ့အနေနဲ့ အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးရာမှာ ပါဝင်ခဲ့သော်လည်း စစ်တပ်ရဲ့ တစ်ကျော့ပြန် အာဏာသိမ်းမှုကို လက်မခံဘဲ မျိုးဆက်သစ်များကို လေ့ကျင့်စုဖွဲ့မှုများ ပြုလုပ်ပေးခဲ့ပြီး တော်လှန်ရေး အင်အားစုများနဲ့ ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်နေပါတယ်။ 


နွေဦးတော်လှန်ရေး ကာလတွင် ABSDF အနေဖြင့် မဟာမိတ် တော်လှန်ရေး အင်အားစုများနဲ့ ပူးပေါင်းပြီး တိုက်ပွဲပေါင်း ၂၈၀ ကျော် ဆင်နွဲခဲ့ကာ အဆိုပါတိုက်ပွဲများအတွင်း Absdf ရဲဘော် ၂၄ ဦး ကျဆုံးခဲ့ပြီး ၅၀ ဦး ဒါဏ်ရာရခဲ့တယ်လို့ အသိပေးထားပါတယ်။


ယခု ဒီဇင်ဘာအတွင်း KNU နယ်မြေ မုန်းမြို့သိမ်းတိုက်ပွဲနဲ့ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မော်လူးမြို့သိမ်း တိုက်ပွဲများတွင် ABSDF အနေနဲ့ ပါဝင်တိုက်ခိုက် ခဲ့ပါသေးတယ်။


========================


📌📌 ၇။ ပုသိမ်ရွှေမုဌောဘုရား ရွှေသင်္ကန်းကပ်လှူရန် ကောက်ခံထားတဲ့ ငွေကျပ်သိန်း ,၀၀၀ ကို ရန်ပုံငွေအဖြစ် တိုင်းစစ်ကောင်စီက သိမ်းယူ


ဒီဇင်ဘာ ၂၅။


ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ရွှေမုဌော ဘုရားမှာ ရွှေသင်္ကန်း ကပ်လှူရန် မြို့တွင်းအလှူရှင်များ ထံမှ ဘုရားဂေါပက အဖွဲ့က ကောက်ယူထားတဲ့ ငွေကျပ်သိန်း ,၀၀၀ ကို တိုင်းစစ်ကောင်စီက ရန်ပုံငွေအဖြစ် သိမ်းယူခဲ့တယ်လို့ ဂေါပကအဖွဲ့တဲ့ နီးစပ်သူ တစ်ဦးထံမှ သိရပါတယ်။


ရွှေမုဌောဘုရား ဘုရားဂေါပက အဖွဲ့က ဘုရားဆိုင်ခန်း ပိုင်ရှင်များနဲ့ မြို့တွင်းရှိ လုပ်ငန်းရှင်များ ထံမှ  ဘုရားရွှေသင်္ကန်းကပ်လှူရန်ဟုဆိုကာ တစ်ဦးလျှင် ၁၀ သိန်းကျပ် အတင်းအကျပ် ကောက်ခံခဲ့တာ ဖြစ်ပြီး ယခု ဒီဇင်ဘာလ တတိယပတ်တွင် ငွေကျပ် သိန်း ,၀၀၀ အထိ ရရှိခဲ့တယ်လို့ သိရပါတယ်။


ထိုသို့ကောက်ခံ ရရှိခဲ့တဲ့ ငွေကျပ်သိန်း ,၀၀၀ ကို တိုင်းစစ်ကောင်စီမှ ရန်ပုံငွေအဖြစ် သိမ်းယူ ခဲ့တာကြောင့် အလှူငွေ ကောက်ခံရန် အချိန်သုံးလ ထပ်တိုးခဲ့ပြီး အလှူငွေများ ပြန်လည်ကောက်ခံရန် ညွန်ကြားခဲ့တယ်လို့ ရွှေမုဌောဘုရား ဂေါပကအဖွဲ့နဲ့ နီးစပ်သူများကထံက သိရပါတယ်။ 


အခုလို စီးပွားရေး ကျပ်တည်းနေချိန်မှာ အလှူငွေတွေ ပါသွားလို့ဆိုပြီး မဖြစ်မနေ ထည့်ရမယ် ဆိုပြီး အလှူငွေများ လာထပ်ကောက် နေတာကြောင့် ဘုရားဆိုင်ခန်း ပိုင်ရှင်များ အနေနဲ့ အခက်အခဲများ ကြုံတွေ့နေရတယ်လို့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။


ထို့အပြင် အဆိုပါဘုရားမှ ရရှိထားတဲ့ အမေရိကန် ဒေါ်လာ ၃၀,၀၀၀ ထက်မနည်း ကိုလည်း တိုင်းစစ်ကောင်စီမှ သိမ်းဆည်းခဲ့ပြီး တစ်ဒေါ်လာလျှင် ,၁၀၀ ကျပ်နှုန်းဖြင့် လဲလှယ်ကာ ပြန်ထုတ်ပေး ခဲ့တယ်လို့လည်း ရွှေမုဌောဘုရား ဂေါပကအဖွဲ့နဲ့ နီးစပ်သူထံက သိရပါတယ်။


========================


📌📌 ၈။ ရွှေဘိုမြို့နယ် မြင်းချင်း ပျူရွာ ကို သိမ်းပိုက်နိုင်ခဲ့တဲ့ တော်လှန်ရေးရဲဘော်များကို ပြည်သူများ အောင်သပြေပန်းများနဲ့ကြိုဆို


ဒီဇင်ဘာ၂၅ရက်


ရွှေဘိုမြို့နယ် မြင်းချင်း ပျူရွာ ကို သိမ်းပိုက်နိုင်ခဲ့တဲ့ တော်လှန်ရေးရဲဘော်များကို ပြည်သူများ အောင်သပြေပန်းများနဲ့ကြိုဆိုခဲ့ကြောင်းကို

ဒီဇင်ဘာ၂၅ရက်မှာ ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်းက တရားဝင်အသိပေးဖော်ပြပါတယ်။


"ကျွန်တော်တို့ ဗျူဟာရဲ့ပထမခြေလှမ်း အောင်မြင်မှူ့ တစ်ခုအနေနဲ့ ရွှေဘိုမြို့နယ် မြင်းချင်း ပျူရွာ ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်"လို့ ဗိုလ်စွန်ရဲ(တပ်ရင်းမှူး)ကအသိပေးဆိုထားပါတယ်။


ရွှေဘိုခရိုင် အမှတ်၊(၁၈)တပ်ရင်း!ရွှေဘိုခရိုင် အမှတ် (၁၅) တပ်ရင်း! ရွှေဘိုခရိုင် အမှတ် (၁၇)တပ်ရင်း!ရွှေဘိုခရိုင်အမှတ် (၂၆)တပ်ရင်း တို့ဟာ ဗျူဟာစုဖွဲ့မှုအရ တစ်ဗျူဟာထဲဖြစ်ကြောင်းသိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ကိုခန့်နှင့်မင်းစစ်‌သွေးတို့မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment