ရခိုင်ဆားထုတ်လုပ်မှု စစ်ကောင်စီထိုးစစ်ကြောင့် ထိခိုက်နေပြီ မကြေးမုံ Radio NUG, December 24th, 2023



အကြမ်းဖက်စစ်တပ်ရဲ့ထိုးစစ်ဆင်မှုတွေကြောင့် လာမယ့်ဆားရာသီအတွက် ရခိုင်ဆား တောင်သူတွေ ထုတ်လုပ်မှုအတွက်စိုးရိမ်နေကြရပြီး ဆား အဆမတန်ဈေးတက်တာတွေ ကိုလည်း ကြုံတွေ့နေရပါတယ်။

ပေါက်တော မြို့နယ်ဟာ ရခိုင်ပြည်နယ်ရဲ့ နေလှန်းဆားအဓိကထုတ်လုပ်ရာဒေသဖြစ်ပါ တယ်။ လာမယ့် ဖေဖော်ဝါရီလဆန်းကစပြီး ပေါက်တောမြိုနယ်ရဲ့ ဆားရာသီချိန်ကို ရောက်လာမှာဖြစ်ပေမယ့် အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေက လူအင် အားသုံးပြီးလုပ်ကိုင်ရတဲ့ဆားလုပ်ငန်းတွေအတွက် လူစုစုမြင်ရင် ဗုံးကျဲတိုက်ခိုက်မှာကို လည်း စိုးရိမ်နေကြရပါတယ်။ ဒီအခြေနေကို ပေါက်တောမြိုနယ်မှ ဆားတောင်သူတစ်ဦး ကအခုလိုပြောပါတယ်။

“ဆားကွင်းဆိုတာကလေ ကျွန်တော်တို ဧက တစ်ရာ၊ ငါးဆယ်ကွင်းဆိုရင် လူ ငါးဆယ်၊ ခြောက်ဆယ်လောက် အလုပ်ကိုင်လုပ်ရတယ်၊ လေကြောင်းကနေ တိုက်ခိုက် တာလည်းရှိတယ်၊ လူအုပ်စုမြင်ရင် လှမ်းပစ်တာလည်းရှိတယ်။ အဲ့လိုအခက်အခဲတွေ လည်းရှိတယ်။ ပေါက်တောနဲ့ဆိုရင် ဆားကွင်းလုပ်တာတွေကတော်တော်ကိုနီးတာ။ ဟက်စကီးပျံတယ်ဆိုရင် လူအုပ်စုမြင်ရင် လှမ်းပစ်မလား၊ အဲ့လို စိုးရိမ်စိတ်တွေလည်း ရှိကြတယ်။ ဆီဈေးတက်တာလည်းရှိတယ်။ အခုတော့ ဒေသခံပြည်သူတွေကလည်း စစ်ရေးအခြေနေအရ ဟိုဘက်ရွာရွှေ့လိုက်၊ ဒီဘက်ရွာရွှေ့လိုက်နဲ့ သူတို ပုံမှန်နေထိုင်တဲ့ သူတွေလည်းနည်းနေတဲ့အခါကျတော့ တော်တော်လေးအခက်အခဲရှိမယ်လိုထင်တယ် ” 

ရခိုင်ပြည် နယ်ရဲ့ဆားထုတ်လုပ်မှုက နေလှန်းဆားကိုထုတ်လုပ်တာဖြစ်လို ကမ်းရိုး တန်း ဒေသဖြစ် ပေမယ့် ပြည်နယ်တစ်ခုလုံးမှာ ဆားထုတ်လုပ်လိုမရပဲ ရေထိန်းနိုင်တဲ့ ရွံစေး မြေများ ရှိရာ ပေါက်တောနဲ့ ကျောက်ဖြူမြိုနယ်မှာ ဆားကွင်းတွေအများဆုံးရှိနေပါတယ်။ ဒီကာလ‌တွေက ဆားကိုနှစ်ပေါက်သိုလှောင်ထား တတ်တဲ့ ကျောက်တော်လို၊ မြောက်ဦးလို ဒေသတွေမှာ ဆားပြတ်လပ်လာတဲ့အချိန်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ကျောက်တော်မြိုမှာ ဆားဈေးက ၇ဆလောက်မြင့်တက်သွားခဲ့ပြီး ပုံမှန်ဈေး ၁၅၀၀ ကနေ ကျပ်တစ် သောင်း အထိမြင့်တက်သွားတာဖြစ်ပါတယ်။ ၂ရက်အတွင်းမှာပဲ ဆားဈေးတွေ ပြန်ကျ လာပေမယ့် ဆားပြတ်လပ်သွားမှာ ကိုစိုးရိမ်နေကြပါတယ်။

“ပထမ ၂ရက်ပဲရှားခဲ့တယ်အစ်မ။ ၂ရက်ရှားခဲ့တယ်ဆိုတာ ဈေးက ၇၀၀၊ ၁၀၀၀ အထိတက်သွားတာပေါ့နော်။ ပုံမှန်ဈေး ၁၅၀ ကနေ။ အဲ့ဒီပြီးတော့ ၂ရက်လောက်ပါပဲ၊ ပုံမှန် ဈေးအတိုင်းပြန်ဖြစ်သွားပါတယ်၊ အခု ၁၅၀ပါပဲ အစ်မ ” 

ပင်လယ်ကိုမေးတင်ထားတဲ့ ရခိုင်ပြည်နယ်မှာ ဆားဈေးတက်တာ၊ ဆားပြတ်လပ်တာက အများပြည်သူကိုစိတ်ဝင်စားမှုမြင့်တက်စေပါတယ်။ တိုက်ပွဲတွေရပ်တန့်နေတဲ့ ရခိုင်ပြည် နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ရက်နေ့ကစပြိး ရခိုင့်တပ်တော် AA နဲ့ အကြမ်းဖက်စစ်တပ် တိုအကြား တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီနောက် မြိုနယ်တစ်ခုနဲ့တစ်ခုဖြတ် သန်းခွင့်မပေးတာ၊ ကုန်ပစ္စည်းသယ်ယူမှုကို ဖြတ်တောက်တာ စတာတွေကို အကြမ်း ဖက်စစ်တပ်က ကျူးလွန်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ပေါက်တောမြိုဟာ ကြည်းရေ လေပူး ပေါင်းစစ်ဆင်ရေး ကိုလည်းအကြိမ်ကြိမ် လာရောက် တိုက်ခိုက်တာခံနေရတဲ့ မြိုလည်းဖြစ်ပါတယ်။ စစ်ပွဲတွေကဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်ပေမယ့် လာမယ့် ဆား ရာ သီမှာ‌တော့ ပြည်နယ်အတွင်းဆားထုတ်လုပ်မှုကို မထိခိုက်အောင် ဆောင်ရွက်သွား မယ်လို အဆို ပါပေါက်တောမြိုက ဆားတောင်သူက ဖြည့်စွက်ပြောပါတယ်။

“ဟာ … ဆားထုတ်လုပ်မှုပေါ်မှာ အကန့်သတ်ကဖြစ်တာပေါ့။ ဆီကလည်းရှား တယ်။ သွားရေးလာရေးလည်းတော်တော်တော့ခက်တယ်၊ စကစ ကရေလမ်းတွေ၊ ကုန်း လမ်းတွေအကုန်လုံးပိတ်ထားတဲ့အခါကျ‌တော့ တစ်မြိုနယ်နဲ့ တစ်မြိုနယ်သွားလိုတောင်မ ရဘူး၊ တစ်ချိုနေရာတွေဆိုရင် မြိုနယ်တွင်းတောင်သွားလိုမရတာတွေရှိတယ်။ ဒါမယ့် ဖြစ်သလိုတော့လုပ်ရတော့မှာပေါ့၊ ဆားပြတ်လပ်လိုတော့မဖြစ်ဘူးလေ ” 

ရခိုင်ပြည်နယ်ရဲ့ ဆားထုတ်လပ်မှုက ပြည်နယ်အတွင်းမှာပဲ စားသုံးမှုရှိပြီး ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းနဲ့ ပြည်နယ်တွေကိုလည်း ဆက်သွယ်ရေးဖြတ်တောက်ထားတဲ့ အတွက် ပြည်နယ်တွင်းဆားဖူလုံမှုကအရေးကြီးနေပါတယ်။ ဒါကြောင့် ဆားတောင်သူတွေဟာ စစ် တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် လာမယ့် ဆားရာသီမှာ   ထုတ်လုပ်မှု အတွက် အခက် တွေ့မှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။

Share:

No comments:

Post a Comment