26th DEC 2023 - Evening Daily News by Radio NUG



၂၀၂၃ ဒီဇင်င်ဘာလ ၂၆ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပတ်ဝန်းကျင်ဆိုင်ရာ အကြံပေးလုပ်ငန်း ဆောင်ရွက်နေသူများနှင့် အဖွဲ့အစည်းများ မှတ်ပုံတင်ကြေး ပေးသွင်းရမည်ဟု NUG ထုတ်ပြန်

📌 ၂။ စစ်ကောင်စီကို တော်လှန်နေကြသည့်အဖွဲ့တိုင်း တော်လှန်ရေးအရှိန် ယခုထက် အရှိန်အဟုန်မြင့်ရန် ညီနောင် ဖွဲ့ ထပ်မံတိုက်တွန်း

📌 ၃။ မြစ်သာဆည် စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးသေဆုံး၊ သေနတ် လက်နှင့် စစ်အသုံးအဆာင်များရရှိ

📌 ၄။ မြောင်နဲ့ မြင်းခြံရှိ စစ်ကောင်စီ စစ်ကြောင်းနဲ့ စခန်းကို Drone ဖြင့်တိုက်ခိုက်

📌 ၅။ မြင်းခြံရှိ ကုက္ကဲရဲစခန်းကို မောင်းသူမဲ့ လေယာဥ်ငယ်ဖြင့် ဗုံးချတိုက်ခိုက်

📌 ၆။ ခလယ်လွီထူ ခရိုင်အတွင်း စစ်ကောင်စီ တပ်များရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ကလေးငယ် ဦး အပါအဝင် ပြည်သူ ဦး ထိခိုက်ပြီး နေအိမ် လုံး ပျက်စီးခဲ့

📌 ၇။ နတ်သံကွင်းမြို့ရှိ စစ်ကောင်စီ စခန်းများကို KNLA, PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီး မြို့ကို ထိန်းချုပ်ထား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပတ်ဝန်းကျင်ဆိုင်ရာ အကြံပေးလုပ်ငန်း ဆောင်ရွက်နေသူများနှင့် အဖွဲ့အစည်းများ မှတ်ပုံတင်ကြေး ပေးသွင်းရမည်ဟု NUG ထုတ်ပြန်


ပတ်ဝန်းကျင်ဆိုင်ရာ အကြံပေးလုပ်ငန်းများဆောင်ရွက်နေသူများနှင့် အဖွဲ့အစည်းများ မှတ်ပုံတင်ကြေး ပေးသွင်းရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ 


၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ရက်နေ့မတိုင်မီ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်၊ ကနဦးပတ်ဝန်းကျင် ဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ငန်းများဆောင်ရွက်နေတဲ့ တတိယပုဂ္ဂိုလ် သို့မဟုတ် အဖွဲအစည်းများ ပတ်ဝန်းကျင်ဆိုင်ရာအကြံပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှာ ကြားကာလ အကြံပေးမှတ်ပုံတင် သက်တမ်းတိုးခြင်းကို လက်ခံဆောင်ရွက်သွားနိုင်ဖို့ ကြေညာချက်ကို ထုတ်ပြန်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ 


အမည်စာရင်းမှတ်ပုံတင်ရာမှာ ၂ဝ၂၁ ခုနှစ် ဖော်ဖော်ဝါရီလ ရက်နေ့မတိုင်မီ ကြားကာလအကြံပေး လက်မှတ် (Transitional Consultant Registration-TCR) ရရှိထားသော၊ လျှောက်ထားပြီးသော တတိယပုဂ္ဂိုလ်နှင့် အဖွဲအစည်းများ (Individual / Organization) ကို စိစစ်ပြီး ရွေးချယ်လက်ခံသွားမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။ 


သက်တမ်းတိုးဖို့ပျက်ကွက်နေတဲ့ အဖွဲအစည်းက အဖွဲဝင်များအနေနဲ့ တစ်ဦးချင်း (Individual) မှတ်ပုံတင် လိုပါက ကြားကာလအကြံပေးလက်မှတ် (TCR) မရှိပေမယ့် လာရောက်လျှောက်ထားနိုင်တယ်လို့ NUG သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက အသိပေးထားပါတယ်။ 


ပတ်ဝန်းကျင်ဆိုင်ရာ အကြံပေးမှတ်ပုံတင်ခြင်းအတွက် တတိယပုဂ္ဂိုလ်များအနေဖြင့် ကျပ် ၅သိန်း၊ အဖွဲအစည်းများအနေဖြင့် ကျပ် ၁၅ သိန်း ပေးသွင်းရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။ 


TCR မှတ်ပုံတင်သက်တမ်းမှာ အမျိုးသားညီညွတ်ရေးအစိုက မှတာဝန်ယူထားတဲ့ ကြားကာလနှင့် သက်တမ်းတူညီမှာဖြစ်တယ်လို့ သိရပါတယ်။ 


အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှာ TCR မှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်ခြင်းမရှိတဲ့ တတိယပုဂ္ဂိုလ်၊ အဖွဲအစည်းများနှင့် ၎င်းအဖွဲအစည်းမှ အဖွဲဝင်များကို အမည်ပျက်စာရင်းသွင်းမှာဖြစ်တယ်လို့လည်း သတိပေးထားပါတယ်။

 

အမည်ပျက်စာရင်းသွင်းထားတဲ့ တတိယပုဂ္ဂိုလ် သို့မဟုတ် အဖွဲအစည်းများနှင့် ၎င်းတို့ရေးဆွဲပြုစုထားသော ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်၊ ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာများကို အသိမှတ်ပြုမှာမဟုတ်ဘူးလို့လည်း ပါရှိပါတယ်။ 


ပတ်ဝန်းကျင်ဆိုင်ရာ အကြံပေးလုပ်ငန်းများဆောင်ရွက်မည့် တတိယပုဂ္ဂိုလ် သို့မဟုတ် အဖွဲအစည်းမျာ းအနေဖြင့် ကြားကာလ TCR မှတ်ပုံတင်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန Website ဖြစ်တဲ့ https://monrec.nugmyanmar.org/tcrregistry/ 

မှာ  ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ရက်နေ့ကနေ မတ်လ ၃၁ ရက်အတွင်း ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့ အသိပေးကြေညာလိုက်ထားပါတယ်။


ပတ်ဝန်းကျင်ဆိုင်ရာ အကြံပေးလုပ်ငန်းများဆောင်ရွက်နေသည့် တတိယပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲအစည်းဆိုတာ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်၊ ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းမျာ းဆောင်ရွက်နေတဲ့ ပညာရှင် သို့မဟုတ် အဖွဲ့အစည်းလို့ သိရပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီကို တော်လှန်နေကြသည့်အဖွဲ့တိုင်း တော်လှန်ရေးအရှိန် ယခုထက် အရှိန်အဟုန်မြင့်ရန် ညီနောင် ဖွဲ့ ထပ်မံတိုက်တွန်း


၁၀၂၇ စစ်ဆင်ရေးကစတင်ကာ မြန်မာနိုင်ငံအနှံ့အပြား ဘုံရန်သူစစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေကြတဲ့ အဖွဲ့အစည်းတိုင်း တော်လှန်ရေးအရှိန်ကို ယခုထက် အရှိန်မြင့်တင်လုပ်ဆောင်ကြဖို့ ညီနောင်မဟာမိတ် ဖွဲ့ က ထပ်မံတိုက်တွန်းလိုက်ပါတယ်။ 


ညီနောင်မဟာမိတ် ဖွဲ့ရဲ့ စစ်ဆင်ရေး ရက် ၆ဝ ပြည့် တိုက်ပွဲသတင်းများထုတ်ပြန်ရာမှာ အခုလိုထည့်သွင်း ဖော်ပြလိုက်တာဖြစ်ပါတယ်။ 


ရက်ပေါင်း ၆၀ အထိရောက်ရှိလာခဲ့ပြီဖြစ်တဲ့ ညီနောင်မဟာမိတ် ဖွဲ့ရဲ့  ၁၀၂၇ စစ်ဆင်ရေးမှာ မျှော်မှန်း ထားတာထက် ရလဒ်ကောင်းများ ပေါ်ထွက်လာခဲ့သကဲ့သို မိမိတို့စစ်ဆင်ရေးနဲ့အတူ ဟန်ချက်ညီလိုက်ပါပြီး အကြမ်းဖက်စစ်ကောင်စီ၏ ရှုံးနိမ့်နေမှုများကို အခွင့်ကောင်းယူနိုင်ခဲ့ကြသော အဖွဲအစည်းအချိုရှိခဲ့တယ်လို့  ညီနောင် ဖွဲ့က ပြောပါတယ်။


ဒီအဖွဲ့အစည်းအချို့ကလည်း ၎င်းတို့နယ်မြေတွေမှာ စစ်ကောင်စီရဲ့အားနည်းချက်ကို အမိအရဆုပ်ကိုင်ပြီး စခန်းသိမ်းတိုက်ပွဲ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။ 


ကိုယ်တိုက်မှကိုယ်ရမည်နှင့် ရန်သူ့လက်နက် ကိုယ့်လက်နက် ဟူသော အခြင်းအရာများကို ယခုစစ်ဆင်ရေး မှာ အထင်းသားတွေ့မြင်နိုင်မှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


စစ်ကောင်စီကို အမြန်ဆုံးတိုက်ထုတ်ခြင်းဟာ မိမိအဖွဲ့အစည်းအတွက် စစ်ရေးရည်မှန်းချက် ပြည့်ဝသည် သာမက မြန်မာပြည်သူလူထုတစ်ရပ်လုံး အလိုလားဆုံးသောဆန္ဒကို ဖြည့်ဆည်းပေးရာရောက်တယ်လို့လည်း အသိပေးထားပါတယ်။ 


ထိုကြောင့် ၁၀၂၇ စစ်ဆင်‌ရေးကစ၍ မြန်မာနိုင်ငံအနှံအပြားကနေဘုံရန်သူ‌စစ်ကောင်စီကို တော်လှန် တိုက်ခိုက်နေကြတဲ့ တော်လှန်ရေးအဖွဲအစည်းများအနေဲ့ စစ်ဆင်ရေးကို တဆင့်ပြီးတဆင့် ပြိုင်တူမြှင့်တင် သွားဖို့ ညီနောင်မဟာမိတ် ဖွဲ့က တိုက်တွန်းထားပါတယ်။


========================


📌📌 ၃။ မြစ်သာဆည် စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးသေဆုံး၊ သေနတ် လက်နှင့် စစ်အသုံးအဆာင်များရရှိ


ချင်းပြည်နယ်နှင့်မကွေးအစပ်မှာရှိတဲ့ မြစ်သာဆည်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦး သေဆုံး ပြီး သေနတ် လက်နှင့် စစ်အသုံးအဆောာင်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ZZLMS ညီနောင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။ 


ဂန့်ဂေါမြို့နယ် မြစ်သာဆည် စစ်ကောင်စီစခန်းကို ချင်းဒေသကာကွယ်ရေးတပ်တွေဖြစ်တဲ့ CDF-Zophei CDF-Zotung CDF-Lautu CDF-Mara CDF-Senthang စတဲ့ ညီနောင် ၅ဖွဲ့၊ CDF-Mindat CDF-KKG CNO/CNDF ဂန့်ဂေါခရိုင် PDF Unbroken Generation နှင့် ပကဖ တို့ပါဝင်တဲ့ ပူးပေါင်း အဖွဲ့က ဒီဇင်ဘာ ၂ဝ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းမှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။ 


သိမ်းဆည်းရမိတဲ့လက်နက်တွေဟာ လက်နက်ငယ် လက်၊ ဒရုန်းပစ် သေနတ်တလက်၊ မိုင်း၊ လက်ပစ်ဗုံး၊ ကျည်များနှင့် RPG ကျည်တွေဖြစ်တယ်လို့ CDF-Zotung ရဲ့ဖော်ပြချက်အရ သိရပါတယ်။ 


အဆိုပါ စခန်းသိမ်းတိုက်ပွဲမှာ CDF-Mindat က ရဲဘော်တဦးကျဆုံးခဲ့ပြီး ရဲဘော်အချို့ ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 


စခန်းသိမ်းတိုက်ပွဲမှာ ထိခိုက်ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ပေးဆပ်မှုကို လေးစားအသိအမှတ်ပြုပြီး တပ်ဖွဲ့ဝင် များရဲ့ မိသားစုများနဲ့ထပ်တူ ဝမ်းနည်းကြောင်း ZZLMS ညီနောင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ မြောင်နဲ့ မြင်းခြံရှိ စစ်ကောင်စီ စစ်ကြောင်းနဲ့ စခန်းကို Drone ဖြင့်တိုက်ခိုက်


ဒီဇင်ဘာ ၂၆။


စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် နှင့် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ စစ်ကောင်စီ စစ်ကြောင်းနဲ့ စခန်းများကို ဒေသတွင်း တော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


ဒီဇင်ဘာလ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်း၊ မြောက်မြို့နယ်၊ ကျောက်ရစ်စခန်းမှ ထောက်ပို့ပစ္စည်း လာယူတဲ့ စစ်ကောင်စီ တပ်သားများကို နနွင်းကိုင်းကျေးရွာနဲ့ ရွှေတချောင်းကျေးရွာ အရောက်တွင် Myingyan District Drone Strike အမှတ် (၁၈၄၈) ဒရုန်းတပ်နဲ့ Shar Htoo Waw နည်းပညာ Team (2) ပူးပေါင်းမဟာမိတ် အဖွဲ့များက မောင်းသူမဲ့ လေယာဉ်ဖြင့် သုံးကြိမ် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း အမှတ် (၁၈၄၈) ဒရုန်းတပ် တာဝန်ရှိသူက ဆိုပါတယ်။


အဆိုပါ စစ်ကြောင်းဟာ ကျောက်ရစ်စခန်းသို့ ပြန်ဝင်ခဲ့ပြီးနောက် နံနက် နာရီကနေ နေ့လယ် နာရီ အထိ စခန်းအတွင်းရှိ အဆောင်များ၊ ကင်းချထားရာ နေရာများကို ဒရုန်းဖြင့် ဗုံးသီး ၂၃ လုံးချကာ တိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM) ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။


၎င်းကျောက်ရစ်စခန်း စစ်ဆင်ရေးကို  CDSOM 001 Drone Team ကျောက်ဆည်ခရိုင် တပ်ရင်း နဂါးနီ ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း () မြောင်မြို့နယ် ပလဖ၊ ချောင်းဦးမြို့နယ် ပလဖ၊ MRF မြောင်၊ မုံရွာခရိုင် တပ်ရင်း (၁၅) LACR 8 Stars အဖွဲ့၊ Black Wolf MDY PDF တို့ ပူးပေါင်း ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


ထို့အပြင် ထိုနေ့ (ဒီဇင်ဘာ ၂၄) ညနေပိုင်းမှာလည်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ရှိ စစ်ကောင်စီတပ် အထိုင်ချရာ နေရာနဲ့ ကင်းစခန်းကို ညနေ နာရီမှ နာရီအထိ ဒရုန်းဖြင့် ဗုံးသီး လုံးချကာ တိုက်ခိုက်ခဲ့ပြီး ပစ်မှတ်ထိမှန် ပေါက်ကွဲခဲ့တယ်လို့ CDSOM တာဝန်ရှိသူက ပြောပါတယ်။


အဆိုပါ တလုပ်စခန်း စစ်ဆင်ရေးကို CDSOM 001 Drone Team ကျောက်ဆည်ခရိုင် တပ်ရင်း နဂါးနီ ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း ၂၊ မြောင်မြို့နယ် ပလဖ၊ LACR 8 Stars အဖွဲ့၊ Wolf Brotherအဖွဲ့​-​မြောင်၊ Black Wolf MDY PDF တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၅။ မြင်းခြံရှိ ကုက္ကဲရဲစခန်းကို မောင်းသူမဲ့ လေယာဥ်ငယ်ဖြင့် ဗုံးချတိုက်ခိုက်


ဒီဇင်ဘာ ၂၆။


မန္တလေးတိုင်း၊ မြင်းခြံမြိုနယ်ရှိ ကုက္ကဲနယ်မြေရဲစခန်းကို မောင်းသူမဲ့လေယာဥ်ငယ် နှစ်စီးနဲ့ ဗုံးကျဲချ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများ ရှိတယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။


ကုက္ကဲနယ်မြေရဲစခန်းကို ဒီဇင်ဘာ ၂၃ ရက်နေ့ မနက် ၁၀ နာရီခွဲမှ ညနေ နာရီအထိ  Shar Htoo Waw နည်းပညာသုံး Fixed Wing မောင်းသူမဲ့လေယာဥ်ငယ် နှစ်စင်းဖြင့် ၆၀၀ ဂရမ် ဗုံးသီး ၁၀ လုံး ကျဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


"ကုက္ကဲရဲစခန်းမှာ အင်အား ၂၀ လောက်ရှိတယ်၊ နောက်ထပ် အယောက် ၃၀ ကျော် လာပူးပေါင်း တယ်လို့ သတင်းရလို သွားချခဲ့တာပါ။" ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) တာဝန်ရှိသူ တစ်ဦးက People Spring ကို ဖြေဆိုထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုကြောင့် စခန်းအတွင်းရှိ စစ်သားနှင့်ရဲ သုံးဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရသွားကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ )က ပြောပါတယ်။


၎င်းတိုက်ပွဲအတွင်း လေယာဉ်ငယ် တစ်စီးမှာ စက်ချို့ယွင်းမှုကြောင့် စစ်အုပ်စုရဲ့ စခန်းအနီးမှာ ပျက်ကျခဲ့ပေမယ့် အရဲစွန့်ပြီး ပြန်လည်ကောက်ယူခဲ့ရတယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို နဂါးနီ ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) နဲ့ ရွှေခြံသား ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။


ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်ကလည်း မြင်းခြံမြိုနယ်၊  ညောင်တိုပျူရွာကို ဒရုန်းဖြင့် ဗုံးသီး အလုံး ၂၀ ကျော် ချကာ တိုက်ခိုက်ခဲ့ပြီး စစ်ဗိုလ်တစ်ဦး အပါအဝင် နှစ်ဦး သေဆုံးခဲ့တယ်လို့ မြင်းခြံမြိုနယ် ပြည်သူ့ကာကွယ်ရေး အဖွဲက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ ခလယ်လွီထူ ခရိုင်အတွင်း စစ်ကောင်စီ တပ်များရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ကလေးငယ် ဦး အပါအဝင် ပြည်သူ ဦး ထိခိုက်ပြီး နေအိမ် လုံး ပျက်စီးခဲ့


ဒီဇင်ဘာ ၂၆။


ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်အတွင်း စစ်ကောင်စီ တပ်များရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ကလေးငယ် ဦး အပါအဝင် ပြည်သူ ဦး ထိခိုက်ပြီး နေအိမ်တစ်လုံး ပျက်စီးခဲ့တယ်လို့ KNU က ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ အသိပေးဆိုပါတယ်။


ခလယ်လွီထူ ခရိုင်အတွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်များမှ ပြည်သူများကို ပစ်မှတ်ထားပြီး လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေယာဉ်နဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းတို့ကြောင့် ကလေးငယ် တစ်ဦး အပါအဝင် ပြည်သူ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်()လုံး၊ ခုံတန်းလျား () ခုနှင့် ပေပါပုံးများ ပျက်စီးခဲ့ရတယ်လို့ KNU က ဆိုထားပါတယ်။

ဒီဇင်ဘာလ (၂၅) ရက်နေ့ နေ့လည် () နာရီခွဲ အချိန်တွင် လယ်ဒိုမြို့နယ်အတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီရဲ့ ပိန်းဇလုပ်အခြေစိုက်တပ် ခလရ-၂၆၄ သည် အလှိုင်ကျေးရွာသို့ ၁၂၀ မမ လက်နက်ကြီး ()လုံး ပစ်ခတ်ခဲ့ရာ ထိုလက်နက်ကြီးသည် ဦးမျိုးမြင့်သန်း၏ နေအိမ်အနီးတွင် ကျရောက် ပေါက်ကွဲပြီး ဦးမျိုးမြင့်သန်း၏ ခုံတန်းလျား()ခုနှင့် ပေပါပုံး()လုံး၊ ဒေါ်သီတာတိုး၏ နေအိမ်နှင့် ပေပါပုံးများ ပျက်စီးသွားခဲ့ရသည့်အပြင် ညနေ (၅း၅၃) အချိန်တွင် ခလရ-၂၆၄ မှ ဖိုးတနှင့် ရွာသာယာ ကြားတွင် လက်နက်ကြီး () လုံး၊ (၈း၅၆) မိနစ် အချိန်တွင် အနားဘော်ကျေးရွာသို့ လက်နက်ကြီး () လုံး  ထပ်မံပစ်ခတ် ခဲ့ပါတယ်။


ဒီဇင်ဘာလ (၂၃) ရက်နေ့နဲ့ (၂၄) ရက်နေ့ တို့တွင် လယ်ဒိုမြို့နယ်နှင့် ဆောထိမြို့နယ်တို့တွင် ခလရ-၂၆၄ က ၈၁ မမ၊ ၁၂၀ မမ နဲ့ ၁၅၅ မမ လက်နက်ကြီးများကို ရေတွင်းကုန်း ကျေးရွာသို့ ()လုံး၊ တောင်ခင်ကျေးရွာသို့ () လုံး၊ ချုံအင်းကျေးရွာသို့ () လုံး စုစုပေါင်း (၁၃) လုံး ပစ်ခတ်ခဲ့ တဲ့အပြင် ဒီဇင်ဘာလ (၂၄) ရက်နေ့ () နာရီ အချိန်ခန့်တွင် ဂျက်ဖိုက်တာ () စင်းဖြင့် တုံးတံတားကျေးရွာကို ဗုံး () လုံး၊ ရွှေငါးဖြူလမ်းခွဲတွင် () လုံး စုစုပေါင်း () လုံး ပစ်ခတ်ခဲ့တယ်လို့ KNU ကဆိုပါတယ်။


တစ်ချိန်တည်းမှာပင် ခလရ-၂၆၄ က ဟောင်ဝစ်ဇာ လက်နက်ကြီး () လုံးပစ်ခတ်ခဲ့ရာ ဒေသခံ ပြည်သူလူထုများ လုပ်ကိုင်စားသောက်ရာ နေရာဖြစ်တဲ့ ကျခဲလေး သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အင်းဗလာ ကျေးရွာမှ နော်ထီးဝါးဝါး (၁၂) နှစ်မှာ ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။


ထို့အပြင် မူးမြို့နယ်အတွင်း ဒီဇင်ဘာ (၂၄) ရက်နေ့ (၇း၄၅) မိနစ်အချိန်တွင် ရွှေဝါတပ်ရင်း ခလရ-၃၀၇ မှ သဖန်းပင်ကျေးရွာကို ၁၂၀ မမ လက်နက်ကြီး () လုံး ပစ်ခတ်ခဲ့ရာ ထိုလက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် တင်မျိုးအောင် (၄၄) နှစ်မှာ ကျည်စထိမှန်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိ ခဲ့ပါတယ်။


========================


📌📌 ၇။ နတ်သံကွင်းမြို့ရှိ စစ်ကောင်စီ စခန်းများကို KNLA, PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီး မြို့ကို ထိန်းချုပ်ထား


ဒီဇင်ဘာ ၂၆။


ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့မှ စစ်ကောင်စီ စခန်းများကို KNLA, PDF ပူးပေါင်း တပ်ဖွဲ့များက ဒီနေ့ မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့ကို ထိန်းချုပ်ထားနိုင်ပြီ လို့ PDF စစ်ရေးသတင်းများကို ဖော်ပြနေတဲ့ PDF Insight က ဆိုပါတယ်။


ဒီဇင်ဘာလ ၂၆ ရက်နေ့ မနက် နာရီလောက်က ရဲစခန်းအပါအဝင် နတ်သံကွင်းမြို့ တစ်ဝိုက်ရှိ စစ်ကောင်စီ တပ်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ တိုက်ပွဲများ ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။


လက်ရှိအချိန်တွင် နတ်သံကွင်းမြို့ကို တော်လှန်ရေး အင်အားစုများက ထိန်းချုပ်ထားနိုင်ပြီး နယ်မြေရှင်းလင်းရေး ပြုလုပ်နေကာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။


စစ်တပ်ထောက်ခံ တယ်လီဂရမ် ချန်နယ်များမှာတော့ နတ်သံကွင်းမြို့မှ စစ်စခန်းများ ယနေ့ နံနက် ၅နာရီမှ စတင်၍ တိုက်ခိုက်ခံရပြီး လေကြောင်းပစ်ကူ ပေးနေကြောင်း ရေးသားဖော်ပြ နေကြ ပါတယ်။


စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းရှိ နတ်သံကွင်းမြို့ဟာ ကျောက်ကြီးမြို့နယ်နဲ့ ပဲနွယ်ကုန်းမြို့ အကြား တည်ရှိပြီး စစ်တောင်းတံတား (နတ်သံကွင်း) ထိပ်ရှိ စစ်ကောင်စီဂိတ်၊ နတ်သံကွင်းမြို့ရှိ ရဲစခန်း၊ စိန်ပန်းဘုန်းကြီးကျောင်း၊ နရွဲပင်တံတားထိပ်၊ လပတ်ရွာ၊ အုန်းနဲပင်တံတား စတဲ့ နေရာများမှာ စစ်ကောင်စီတပ်က အထိုင်ချထားတာ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ဒီဇင်ဘာလ ရက်နေ့ကလည်း နတ်သံကွင်းမြို့ရှိ ရဲစခန်း အပါအဝင် စစ်ကောင်စီ တပ်စခန်း အချို့ကို တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက် ခဲ့သော်လည်း စခန်းများအား ထိန်းချုပ်နိုင်ခြင်း မရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်နှင့်မင်းစစ်‌သွေးတို့မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment