အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မတိုက်ပွဲတွေကြောင့် ချောကလက်သီး ကိုကိုးဈေးကွက် တင်ပို မှု လျော့ကျလာ….
မကြေးမုံ၊ Radio NUG, December 24th 2023


၂၀၂၃ခုနှစ်အတွက် ကိုကိုးသီးရာသီက အခု ဒီဇင်ဘာလမှာ နောက်ဆုံးအချိန်ရောက်ရှိလာ ပြီဖြစ်ပါတယ်။ ဒီနှစ်ကိုကိုးရာသီမှာလည်း စစ်တပ်က အဓမ္မနယ်မြေစိုးမိုးချင် တာကြောင့် ဒေသခံ ပြည်သူ့ကာကွယ် ရေးတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားလာရပြီး ကိုကိုး တောင်သူ တွေအတွက် ဈေးကွက် တင်ပိုဖို အခက်အခဲတွေဖြစ်ခဲ့ပါတယ်။ ဒီအခြေနေကို ကလိန် အောင်မြိုနယ်မှ ကိုကိုး စိုက်ပျိုးရောင်းချသူ တောင်သူ တစ်ဦးက အခုလိုပြောပါတယ်။ 

“ ဒါကျတော့ ဆုံးရှုးမှုတော့ရှိတယ်၊ သွားပိုဖိုကျတော့ နယ်မြေအခြေနေအရ ကားလမ်းခက်ခဲတော့ကိုယ့်ဆီမှာထွက်တဲ့သီးနှံကို ဘယ်လိုမှ ရောင်းလိုဝယ်လိုမရဘူး၊ တောင်သူအနေနဲ့ ဆုံးရှုးတာပေါ့ဒါ၊ ဝယ်လက်ဆီကိုမရောက်ဘူး၊ ဒါပေမယ့် ဒါကိုတော့ လည်းကြိုးစားပြီးတော့ဘယ်လိုလုပ်ရင်ကောင်းမလဲ စဥ်စားနေတယ်၊ တောင်သူမှာပဲ ကုန် ကြမ်းကိုထုတ်လိုရတဲ့ အဆင့်ထိရောက်အောင် နောက်ပိုင်းနည်းပညာပေး၊ သင်တန်းပေး  လုပ်ရမှာပေါ့နော်၊ ကိုယ့်ဆီမှာ လာရောင်းတဲ့အဆင့်ရောက်ရင် သူ့ဆီမှာပဲ လတ်တလော ကုန်ကြမ်းလုပ်လိုရအောင် နည်းပညာပေးရမှာပေါ့ ”

လက်ရှိကိုကိုးသီးပေါက်ဈေးက အခွံပါ သီးလုံးအစို တစ်ကီလိုဂရမ်ကို ကျပ် ၅၅၀ မှ ကျပ် ၇၀၀ အထိ ပေါက်ဈေးရှိခဲ့ ပါတယ်။ ကိုကိုးသီးကို ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ဆန်းပိုင်းက အကြမ်း ဖက်စစ်တပ်နဲ့ လက်တွဲဖြုတ်ခဲ့တဲ့ ပြင်သစ်Total သဘာဝ ဓာတ်ငွေ့စီမံကိန်းကနေ ကုမ္ပ ဏီရဲ့ ဒေသ ဖွံဖြိုး ရေးအ စီအစဥ်အရ ကိုကိုး မျိုးစေ့ တွေကို တင် သွင်းလာ တာဖြစ် ပါတယ်။  ဒေသခံတောင်သူတွေက ကွမ်းသီးခြံတွေအတွင်းကိုကိုးပင်ကို ကြားသီး နှံအဖြစ် စမ်း သပ် စိုက်ပျိုးခဲ့ကြပါတယ်။ သီးညှပ်ကနေ အပိုဝင်ငွေရဖို ရည် ရွယ် ပြီး ကိုကိုး တောင်သူ တွေ က ဆက် လက်စိုက် ပျိုးလာကြလို ၁၅နှစ်အကြာမှာ ကိုကိုးစိုက်ဧက ၂၅၀ လောက်ရှိလာပြီး စီးပွား ဖြစ်ကိုကိုးသီးထွက်ရှိနေတဲ့စိုက်ဧက က ဧက ငါးဆယ် လောက် ရှိ နေ တယ်လို ကိုကိုး တောင် သူတွေက ခန့်မှန်းကြပါ တယ်။ လတ်တလော ထားဝယ် ဒေသရဲ့လမ်းပန်းဆက် သွယ်ရေးအခက်အခဲတွေက ကိုကိုးသီးကနေ တန်ဖိုးမြှင့် ထုတ် ကုန်ဖြစ်တဲ့ ချောကလက်နဲ့ ဆက်စပ်ပစ္စည်းထုတ်လုပ်တဲ့ ရန်ကုန်မြိုအခြေစိုက် ကုမ္ပဏီ တွေကိုလည်း ထိခိုက်လာစေ တယ်လို ကိုကိုးအဝယ်တော်တစ်ဦးက အခုလိုပြောပါတယ်။ 


“ တောင်သူတွေက ပိုပြီးတော့ ထိခိုက်တယ်ပေါ့၊ ဘယ်လိုပြောမလဲ ကျွန်တော်တို ကုမ္ပဏီက လက်ခွဲဆိုတော့ လစာနဲ့ ငှားထားတဲ့အတွက်တော့ ကျွန်တော့အတွက်တော့ အ ခက်အခဲမရှိဘူး၊ ဒါမယ့် ကုမ္ပဏီက သူတိုလိုအပ်သလောကမရဘူး အဲ့ဒါတစ်ခုပဲရှိတယ် ပေါ့ ” 


ကိုကိုးသီးနှံက မွန်၊ ကရင်၊ တနင်သာရီဒေသရေမြေများနဲ့ ကိုက်ညီတဲ့အတွက် စိုက်ပျိုးရ လွယ်ကူပြီး တစ်နှစ်မှာ နှစ်ခါသီးတဲ့ နှစ်ရှည်ပင်ဖြစ်တဲ့အပြင် အထွက်နှုန်း လည်း ကောင်း မွန်ပါတယ်။ ကိုကိုးရာသီချိန်မှာ ပေါာလာသ မျှအသီးတွေကိုလည်း ပုံမှန်ဝယ်ယူ နိုင်တဲ့ ဈေးကွက်ရှိတာကြောင့် အခြားသီးနှံထက်စာရင် တောင်သူတွေက ကိုကိုးစိုက်ဖို ပိုပြီး စိတ် အားထက်သန်ရှိကြတယ်လို ကိုကိုးစိုက်ပျိုး ရောင်းချသူတွေကဆိုပါတယ်။ ကိုကိုး သီးနှံ ကိုစီးပွားဖြစ်စိုက်ပျိုးတဲ့သက်တမ်းက ၁၅နှစ် လောက်သာရှိသေးပေမယ့် ကုန်ကြမ်း က တစ်ဆင့် ချောကလက်၊ ကိုကိုး ထောပတ်၊ ကိုကိုးအမှုန့်၊ ကိုကိုးလက်ဖက် ခြောက်နဲ့ ချောကလက်ဝိုင်တွေကိုလည်း အိမ်တွင်းမှုလုပ်ငန်းအနေနဲ့ထုတ်လုပ်ထားပြီး ဒေသတွင်း မှာ ဖြန့်ချီရောင်းချနေပြီဖြစ်ပါတယ်။ ကိုကိုးသီးစိုက်ပျိုးမှုနဲ့အတူ တန်ဖိုးမြှင့် ထုတ်ကုန် ထုတ်လုပ်တဲ့လုပ်ငန်းတွေကလည်း  အကြမ်းဖက်စစ်တပ်ရဲ့အာဏာသိမ်းပြီးတဲ့ နောက် ကျ ဆင်းလို လာပါတယ်။ လတ်တလော ဖြစ်ပွားနေတဲ့ အခြေနေတွေနဲ့ ပတ်သက်ပြီး ကိုကိုး တောင်သူ တစ်ဦးကအခုလိုပြောပါတယ်။


“ ဘယ်ဖြစ်ချင်မလဲ၊ အားလုံးအေးအေးဆေးဆေးပဲဖြစ်ချင်တာပေါ့၊ အားလုံးအေး အေးဆေးဆေးသာဖြစ်ရင် အားလုံးအခြေနေက အရင်တိုင်းပဲ ဆိုရင် ကိုယ်တို ကိုကိုးက ယိုးဒယားထက်တောင်ကျော်နေပြီ၊ ယိုးဒယားထက်တန်းတူစိုက်ကြတာပဲ၊ သူတိုကရှေ့ ရောက်သွားပြီ။ ကိုယ်တိုကအနောက်မှာ ကျန်ခဲ့တုန်းပဲ ” 


စစ်တပ်ကအကြမ်းဖက်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ကိုကိုးရာသီကစလို တောင်သူတွေမှာ ကိုကိုးသီးကရတဲ့ဝင်ငွေက တောက်လျှောက်ကျဆင်းလာခဲ့ပြီး လာမယ့် ၂၀၂၄ ကိုကိုး ရာ သီမှာတော့ ကိုကိုးသီးတွေပုံမှန်ခူးဆွတ်ရိတ်သိမ်းပြီးဈေးကွက်တင်ပိုနိုင်ဖိုကို မျှော်လင့်နေ ကြပါတယ်။

Share:

No comments:

Post a Comment