26th DEC 2023 - Morning Daily News by Radio NUG


၂၀၂၃ ဒီဇင်ဘာလ ၂၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲကျင်းပ

📌 ၂။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနဲ့ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း ရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၃။ "စစ်မြေပြင်မှာတိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ ရဲဘော်ရဲဘက်များအားလုံးဟာ သူရဲကောင်းများဖြစ်ကြတယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးပြော

📌 ၄။ ရှေးဟောင်းမြို့တော် မြောက်ဦးကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်နေပြီး အရပ်သား ဦး ထပ်မံ သေဆုံးကာ ရှေးဟောင်းပြတိုက်နဲ့ စေတီပုထိုးများ ထိခိုက်ပျက်စီး

📌 ၅။ သိမ်းပိုက်ထားတဲ့စစ်ကောင်စီ ခလရ-၁၃၀ တပ်စခန်းအတွင်း ဆက်လက် ရှာဖွေစစ်ဆေးရာတွင်   လက်နက်နှင့် ခဲယမ်းများစွာ ထပ်မံသိမ်းဆည်းရရှိတယ်လို့ TNLAကအသိပေး

📌 ၆။ ရွှေဘိုနယ် မြင်းချင်း ပျူရွာကိုတိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦး သေဆုံးပြီး ပြည်သူ့စစ် အဖွဲ့ဝင်များကို သေနတ် လက်နဲ့အတူဖမ်းဆီးရမိ

📌 ၇။ သာစည်အကျဥ်းထောင်မှ စစ်ကောင်စီ တပ်သားများကို နှစ်ကြိမ် တိုက်ခိုက်ခဲ့ရာမှာ ဦး သေဆုံးခဲ့ပြီး လက်နက် လက် ရရှိ

📌 ၈။ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့၏ ကြိုးပမ်းမှုဖြင့်Christmas လက်ဆောင်အဖြစ် စစ်ရှောင်အိမ်ထောင်စုများကိုဆန် ဆီ ငါးခြောက် နှင့် ကြာဇံထုပ်များ မျှဝေလှူဒါန်းခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲကျင်းပ


ဒီဇင်ဘာလ ၂၅ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၅၅/၂၀၂၃)ကို ဒီဇင်ဘာ၂၅ရက်က ကျင်းပခဲ့ပါတယ်။


အစည်းအဝေးမှာ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊အဖွဲ့ဝင်၊  အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ()နိုင်သုဝဏ္ဏမှ  အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်၍ ဝန်ကြီးဌာနများမှ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများအပေါ်  သိရှိလိုသည်များကို မေးမြန်း‌ဆွေးနွေးခဲ့ကြ၍ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနဲ့ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း ရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေး


ဒီဇင်ဘာလ ၂၅ရက်။

အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန နဲ့ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၂၅/၂၀၂၃) ကို ဒီဇင်ဘာ ၂၅ ရက်နေ့ မနက် ၁၀ နာရီ အချိန်မှာ ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။


အစည်းအဝေးတွင် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ တွဲဖက် အမြဲတမ်း အတွင်းဝန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွန်ချက်များ၊ မြေပြင် အုပ်ချုပ်ရေး ဆောင်ရွက်နေမှုများနဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲများကို မေးမြန်းဆွေးနွေးခဲ့ရာမှာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြား ပေးခဲ့ပါတယ်။


အစည်းအဝေးကို တွဲဖက်အမြဲတမ်း အတွင်းဝန်မှ ဦးဆောင်ပြီး ပြည်သူ့အုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း‌ထောက်လှမ်းရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် အစည်းအဝေးကို ရပ်နားခဲ့ကြတယ်လို့ သိရပါတယ်။


========================


📌📌 ၃။ "စစ်မြေပြင်မှာတိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ ရဲဘော်ရဲဘက်များအားလုံးဟာ သူရဲကောင်းများဖြစ်ကြတယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးပြော


ဒီဇင်ဘာလ၂၅ရက်။

"စစ်မြေပြင်မှာတိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ ရဲဘော်ရဲဘက်များအားလုံးဟာ သူရဲကောင်းများဖြစ်ကြတယ်လို့ လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီး ခွန်ဗဟန်းထန်ကပြောပါတယ်။


ဒီဇင်ဘာ၂၅ရက် လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက ၁၀၂၇ စစ်ဆင်ရေးထောက်ခံပွဲနှင့် ရံပုံငွေပွဲ မိန့်ခွန်းကောက်နုတ်ချက်ကိုဖော်ပြပါတယ်။


"စစ်မြေပြင်မှာ တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ ရဲဘော်ရဲဘက်များ အားလုံးဟာ ကျွန်တော်တို့ရဲ့ သူရဲကောင်းဖြစ်သလို နွေဦးတော်လှန်ရေးမှာ နည်းလမ်းပေါင်းစုံကနေတိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ပြည်သူအယောက်ဆီတိုင်းကလည်း ကျွန်တော်တို့ရဲ့ သူရဲကောင်းတွေဖြစ်ပါတယ်"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် စက်တင်ဘာ၇ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ဖို့ကြေညာခဲ့ပြီး လက်ရှိ၂၀၂၃ ခုနှစ်မှာ စစ်ရေးအရှိန်ကိုမြှင့်တင်ခဲ့ပါတယ်။


========================


📌📌 ၄။ ရှေးဟောင်းမြို့တော် မြောက်ဦးကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်နေပြီး အရပ်သား ဦး ထပ်မံ သေဆုံးကာ ရှေးဟောင်းပြတိုက်နဲ့ စေတီပုထိုးများ ထိခိုက်ပျက်စီး


ဒီဇင်ဘာလ ၂၅ရက်။

ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းမြို့တော် မြောက်ဦးတွင် စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်နေတာကြောင့် အရပ်သားတစ်ဦး ထပ်မံသေဆုံးခဲ့ပြီး နှစ်ရက်အတွင်း လက်နက်ကြီးကြောင့် သေဆုံးသူ လေးဦးအထိ ရှိနေပြီလို့ မြို့ခံများက ပြောပါတယ်။


ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ရက္ခိုင့်တပ်တော် (AA) က မြောက်ဦးမြို့မရဲစခန်း၊ သူတော်မတောင် စခန်းနှင့် မြောင်းဘွေရဲစခန်းတို့ကို တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီရဲ့ မြောက်ဦးမြို့ အခြေစိုက် တပ်ရင်းများမှ အရပ်သားများနေထိုင်ရာ နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပါတယ်။


ထိုသို့ပစ်ခတ်မှုကြောင့် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် အရပ်သား ၁၃ ဦး ထိခိုက် ဒဏ်ရာရခဲ့ပြီး ၎င်းတို့ထဲမှ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ဒီဇင်ဘာ ၂၅ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီး ထပ်မံပစ်ခတ်နေတာကြောင့် အရပ်သား ဦး ထိခိုက်ခဲ့ပြီး တစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။


"လက်နက်ကြီးက တနေကုန် ပစ်တာပါ။ ညနေ နာရီလောက်မှ ရပ်သွားတယ်။ အရပ်သား သုံးယောက်ထိတယ်။ တစ်ဦး သေဆုံးပါတယ်။ နွားလေးကောင် သေပါတယ်" လို့ ဒေသခံ တစ်ဦးက People Spring ကို ဖြေဆိုထားပါတယ်။


ထို့အပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မြောက်ဦး ရှေးဟောင်းမြို့တော်ရှိရှေးဟောင်းပြတိုက်နဲ့ စေတီပုထိုးများ အပါအဝင် နေအိမ်တချို့ ထိခိုက်ပျက်စီးမှုများ ရှိခဲ့တယ်လို့ သိရ ပါတယ်။


မြောက်ဦးမြို့ရှိ ရှေးဟောင်းစေတီတော်များအား ပစ်ခတ်ဖျက်ဆီးခြင်းဟာ ရခိုင်တိုင်းရင်းသားတို့ရဲ့ နှလုံးသား တည့်တည့်ကို ချိန်ရွယ်ပစ်ခတ်ခြင်း ဖြစ်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပြောဆိုထားပါတယ်။


စိတ်ဓာတ်ပျက်စီး ယိုယွင်းနေကာ တိုက်ရည်ခိုက်ရည် ကျဆုံးလျက်ရှိပြီး စစ်မြေပြင်မှာ အထိနာနေတဲ့ စစ်ကောင်စီတပ်က ပြည်သူလူထုကိုသာ အဓိကထားပြီး ဦးတည် တိုက်ခိုက်နေကြောင်း မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ သိမ်းပိုက်ထားတဲ့စစ်ကောင်စီ ခလရ-၁၃၀ တပ်စခန်းအတွင်း ဆက်လက် ရှာဖွေစစ်ဆေးရာတွင်   လက်နက်နှင့် ခဲယမ်းများစွာ ထပ်မံသိမ်းဆည်းရရှိတယ်လို့ TNLAကအသိပေး


ဒီဇင်ဘာ၂၅ရက်

သိမ်းပိုက်ထားတဲ့စစ်ကောင်စီ ခလရ-၁၃၀ တပ်စခန်းအတွင်း ဆက်လက် ရှာဖွေစစ်ဆေးရာတွင် လက်နက်နှင့် ခဲယမ်းများစွာ ထပ်မံသိမ်းဆည်းရရှိတယ်လို့ TNLAက ဒီဇင်ဘာ၂၅ရက်မှာ အသိပေးဆိုပါတယ်။


တပ်မဟာ()စစ်ဒေသ၊ မန်တုံမြို့ရှိ စစ်ကောင်စီ တပ်စခန်းတို့ကို တအာင်းတပ်မတော် PSLF/TNLA က ဒီဇင်ဘာ ၂၂ ရက်နေ့တွင် စစ်ကောင်စီ၏ ဟောင်ဝစ်ဇာလက်နက်နှင့် လက်နက်များစွာ သိမ်းဆည်းရမိပါတယ်။


ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများ၏ ထွက်ဆို ပြောပြချက်အရ စစ်ကောင်စီ ခလရ-၁၃၀ တပ်စခန်းအတွင်း ဆက်လက် ရှာဖွေစစ်ဆေးရာတွင် ယနေ့ ဒီဇင်ဘာ ၂၅ ရက်နေ့တွင်  လက်နက်နှင့် ခဲယမ်းများစွာ ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။


တပ်မဟာ()စစ်ဒေသ နမ္မတူမြို့နယ်တွင် နမ္မတူအခြေစိုက် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း (၃၂၄)က လက်နက်ကြီးဖြင့် (၁၉)ကြိမ် အရပ်သားပြည်သူရှိရာသို့ ဦးတည်ပစ်ခတ်မှုကြောင့် မန်ဆာကြီးအုပ်စု၊ နားလင်းကျေးရွာတွင် ကျရောက်ပေါက်ကွဲကာ  နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး နေအိမ်အတွင်းရှိ ဆန်၊ ဆီ၊ ငွေ သိန်း (၂၀)ကျပ် ကျော် မီးလောင်ဆုံးရှုံးသွားခဲ့ရပါတယ်။


========================


📌📌 ၆။ ရွှေဘိုနယ် မြင်းချင်း ပျူရွာကိုတိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦး သေဆုံးပြီး ပြည်သူ့စစ် အဖွဲ့ဝင်များကို သေနတ် လက်နဲ့အတူဖမ်းဆီးရမိ


ဒီဇင်ဘာလ ၂၅ရက်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်က မြင်းချင်းရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးသေဆုံးပြီး ပြည်သူ့စစ်အဖွဲ့ဝင်များကို သေနတ် လက်နဲ့အတူ ဖမ်းဆီးရရှိခဲ့တယ်လို့ တိုက်ပွဲဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားပါ တယ်။


မြင်းချင်းပျူရွာကို ရွှေဘိုခရိုင်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ရင်း ရင်းက ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက် နာရီခန့်အချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် နာရီခန့်အချိန်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ပြည်သူ့ ကာကွယ်ရေးတပ်မတော်အလံကို လွှင့်ထူနိုင်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း နယ်စည်းမခြား တော်လှန်ရေးအင်အားစုက အသိပေးထားပါတယ်။  


စစ်ကောင်စီလက်အောက်ခံ ရဲများနှင့် ပျူစောထီးတွေတပ်စွဲနေတဲ့ ကင်း ခုနဲ့ ဘန်ကာကို တိုက်ပွဲချိန် တနာရီ အတွင်း သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့စခန်းချနေတဲ့ စာသင်ကျောင်းကို နံနက် နာရီအချိန်မှာ သိမ်းယူနိုင်ခဲ့တာလို့ သိရပါတယ်။


အကြမ်းဖက်စစ်တပ်ဟာ ကျေးရွာနေပြည်သူများကို မတရားဖိနှိပ်ကာ ဆက်ကြေးကောက်ခြင်း၊ ပျူစောထီး လက်နက်ကိုင်အဖြစ် အတင်းအဓမ္မစုဆောင်းခြင်းများ ပြုလုပ်နေတာကြောင့် ရွှေဘိုခရိုင်မှာရှိတဲ့ တပ်ရင်း ရင်း ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း အသိပေးထားပါတယ်။ 


အဆိုပါတိုက်ခိုက်မှုမှာ ပြည်သူ့စစ်လို့ခေါ်တဲ့ ပျူစောထီး အမျိုးသား  ၂၉ ဦး၊ အမျိုးသမီး ၃၁ ဦး စုစုပေါင်း ၆ဝ ဦးကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်ငယ် လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


စခန်းသိမ်းတိုက်ပွဲမှာ တောကြီးမြွေပွေးတပ်ဖွဲ့က ရဲဘော်တဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း ၁၇ တောကြီးမြွေပွေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


ကျွန်တော်တို့ဗျူဟာရဲ့ ပထမခြေလှမ်း အောင်မြင်မှုတခုအနေနဲ့ ရွှေဘိုမြို့နယ် မြင်းချင်းပျူရွာကို သိမ်းနိုင်ခဲ့တာလို့ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းက တပ်ရင်းမှူး ဗိုလ်စွန်ရဲက ပြောပါတယ်။  


ယင်းတိုက်ပွဲကို ရွှေဘိုခရိုင် တပ်ရင်း ၁၈၊ တပ်ရင်း ၁၅၊ တပ်ရင်း ၁၇ တပ်ရင်း ၂၆ တို့နဲ့စုဖွဲ့ထားတဲ့ ဗျူဟာနဲ့ နယ်မြေခံ ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


မြင်းချင်းပျူရွာကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေကို ဒေသခံပြည်သူတွေ က အောင်သပြေပန်းတွေနဲ့ကြိုဆိုခဲ့ကြတဲ့အတွက် မိဘပြည်သူများကို အထူးပင်ကျေးဇူးတင်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ရုပ်သံမှတ်တမ်းတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။ 


လက်ရှိမှာ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားတဲ့ ပျူစောထီးများကို စစ်သုံ့ပန်းမူဝါဒနဲ့အညီ ထိန်းသိမ်းထားပြီး ပျူအဖြစ် စုဆောင်ခံရသူများနှင့် သာမန်အရပ်သားများကို စီစစ်ခွဲခြားပြီး ကောင်းမွန်စွာထိန်းသိမ်းစောင့် ရှောက်ထားတယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း နယ်စည်းမခြား တော်လှန်ရေးအင်အားစုက အသိပေး ထားပါတယ်။


========================


📌📌 ၇။ သာစည်အကျဥ်းထောင်မှ စစ်ကောင်စီ တပ်သားများကို နှစ်ကြိမ် တိုက်ခိုက်ခဲ့ရာမှာ ဦး သေဆုံးခဲ့ပြီး လက်နက် လက် ရရှိ


ဒီဇင်ဘာလ ၂၅ရက်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ သာစည်အကျဉ်းထောင်မှ ထွက်လာတဲ့ စစ်ကောင်စီ တပ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သူများကို ဆေးရုံပို့ဆောင်ရာတွင် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ဦး သေဆုံးပြီး လက်နက် လက် ရရှိခဲ့တယ်လို့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး (BLDF) အဖွဲ့ ထံမှ သိရပါတယ်။


ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက် နာရီ ခွဲခန့်က မုံရွာမြို့နယ် သာစည်ရဲစခန်းအနီး အသစ်ဆောက်နေတဲ့ အကျဉ်းထောင်မှ ထွက်လာတဲ့ စစ်ကောင်စီ တပ်သား ၁၀ ဦးခန့်ကို ဒေသတွင်း‌ တော်လှန်ရေး အင်အားစုများက ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


အပြန်အလှန် ပစ်ခတ်မှု မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးကာ ငါးဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ BLDF တာဝန်ရှိသူက ပြောပါတယ်။


ထိခိုက်ဒဏ်ရာရသူများကို အလုံမြို့ စစ်ဆေးရုံသို့ လူနာတင်ကားဖြင့် ပိုဆောင်စဉ် မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တို့က စောင့်ဆိုင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ဦးသေဆုံးပြီး လက်နက် လက် ရရှိခဲ့တယ်လို့ သိရပါတယ်။


သာစည်အကျဉ်းထောင်မှ စစ်သားများဟာ ဒေသခံ ပြည်သူများကို အဓမ္မ ငွေကြေးကောက်ခံ နေကြောင်း သတင်းရသဖြင့် နေ့စဉ် ကင်းပုန်းဝပ် စောင့်ဆိုင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်လို့ BLDF အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။


ပထမ စစ်ဆင်ရေးကို ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF-Gara စခန်း) ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (Special Region Attack Force-SRAF) တပ်ခွဲ နဲ့အတူ 9 Million အဖွဲ့၊ ယင်းမာပင်ခရိုင် အမှတ်(၃၀) တပ်ရင်း၊ Future Star အဖွဲ့၊ မုံရွာခရိုင် တပ်ရင်း (၂၅) တပ်ခွဲ() Y.A.S.F မုံရွာခရိုင်တပ်ရင်း (၂၁) တပ်ခွဲ() မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ တိုက်နယ် () တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၈။ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့၏ ကြိုးပမ်းမှုဖြင့်Christmas လက်ဆောင်အဖြစ် စစ်ရှောင်အိမ်ထောင်စုများကိုဆန် ဆီ ငါးခြောက် နှင့် ကြာဇံထုပ်များ မျှဝေလှူဒါန်းခဲ့


ဒီဇင်ဘာ၂၅ရက်။

အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့၏ ကြိုးပမ်းမှုဖြင့်Christmas လက်ဆောင်အဖြစ် စစ်ရှောင်အိမ်ထောင်စုများကိုဆန် ဆီ ငါးခြောက်နှင့် ကြာဇံထုပ်များ မျှဝေလှူဒါန်းခဲ့ပါတယ်။


ပြည်တွင်းပြည်ပမှ အလှူရှင်များပံ့ပိုးကူညီမှုနှင့်အတူအလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့၏ ကြိုးပမ်းမှုဖြင့် Christmas လက်ဆောင်အဖြစ် စစ်ရှောင်အိမ်ထောင်စုများကို ဆန် ဆီ ငါးခြောက်နှင့် ကြာဇံထုပ်များ မျှဝေလှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။


စစ်ရှောင်အိမ်ထောင်စု တစ်စုအတွက် ဆန်  ( ) ပြည်၊ ဆီ ( ၃၀ ကျပ်သား ) ( ) ဗူး၊ ငါးခြောက် ( ) ထုပ်၊ ကြာဇံထုပ်  ( ) ထုပ် မျှဝေလှူဒါန်းခဲ့ကြပါတယ်။


ရဲဘော်များကလည်းစုပေါင်းကာ အဟာရဒါနအဖြစ် စစ်ရှောင်ကလေးငယ်များကိုကြက်သားဆန်ပြုတ်တိုက်ကျွေးကုသိုလ်ယူခဲ့ကြတယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution 

Share:

No comments:

Post a Comment