27th DEC 2023 - Evening Daily News by Radio NUG



၂၀၂၃ ဒီဇင်င်ဘာလ ၂၇ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ သပိတ်ကျင်းရှိ စစ်ကောင်စီတပ် စခန်းကုန်း သိမ်းပိုက်မှုတွင် သေနတ် လက်နှင့် ခဲယမ်းများ၊ စစ်အသုံးအဆောင်များ ရရှိဟု PDF စစ်ရုံးချုပ် ထုတ်ပြန်

📌 ၂။ စစ်ကောင်စီတပ်သည် စစ်ရာဇဝတ်မှုအကျူးလွန်ဆုံး စစ်တပ်အဖြစ် သမိုင်းဝင်ခဲ့ပြီဟု ညီနောင် ၃ဖွဲ့ ပြောကြား

📌 ၃။ မြောက်ဦး ခရိုင်ရဲစခန်းကို ရခိုင့်တပ်တော် အပြီးသတ်သိမ်းပိုက်

📌 ၄။ ရေဦးမြို့အဝင် ရွှေကျီးမင်းဂိတ်ရှိ စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

📌 ၅။ အုတ်ဖိုနှင့် ပေါက်ခေါင်းတို့တွင် စစ်ကောင်စီ ထောက်တိုင် ပျူစောထီး () ဦး ပစ်ခတ်ရှင်းလင်း ခံရ

📌 ၆။ ၂၀၂၄ နှစ်သစ်မှာလည်း မဆုတ်မနစ်ပဲ ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို အပြီးတိုင် တိုက်ထုတ်တွန်းလှန် တော်လှန်ကြဖို့ Federal Net Campaign တိုက်တွန်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ သပိတ်ကျင်းရှိ စစ်ကောင်စီတပ် စခန်းကုန်း သိမ်းပိုက်မှုတွင် သေနတ် လက်နှင့် ခဲယမ်းများ၊ စစ်အသုံးအဆောင်များ ရရှိဟု PDF စစ်ရုံးချုပ် ထုတ်ပြန်


ဒီဇင်ဘာ ၂၇။


မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ငါးတန့်အိုင်ကျေးရွာအနီးရှိ စစ်ကောင်စီ ပွိုင့်ကုန်းအား တိုက်ခိုက် သိမ်းပိုက်ခဲ့မှုတွင်  သေနတ် လက်၊ ခဲယမ်းများနဲ့ စစ်အသုံးအဆောင်များ အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF) စစ်ရုံးချုပ်က ဒီဇင်ဘာ ၂၆ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန် ခဲ့ပါတယ်။


ဒီဇင်ဘာလ ၂၅ ရက် ညနေ နာရီ မိနစ် ၄၀ ခန့်တွင် ငါးတန့်အိုင်ကျေးရွာ အနီးရှိ စစ်ကောင်စီ ပွိုင့်ကုန်းအား ဒေသတွင်း တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ရာ တိုက်ပွဲအတွင်း MA-10 RPG-7 () လက်၊ MA-12 () လက်၊ MA-11 () လက်၊ MA-3 () လက်၊ G-3 () လက်၊ RPG-7 ဒုံးသီး (၁၂) လုံး၊ RPG-7 ပို့ကျည် (၁၃) ခု၊ 60mm ဗုံးသီး () လုံး၊ 40mm ဗုံးသီး () လုံး၊ 7.62×51mm ကျည် (၁၀၅၈) တောင့်၊5.56 ကျည် (၅၀၁) တောင့်၊ 9mm ကျည် (၅၈) တောင့်၊ ရှေ့ထွက်မိုင်း (၁၀) လုံး၊ ကပ်သီး/မိုင်းဆွဲကြိုး () ခု၊ နင်းမိုင်း ( ၂၇) လုံး၊ အီနာဂါ (၁၅) လုံး၊ ကျည်ဘောက်(အစုံ) () ခု၊ Jammer (အကြီး)  () လုံး၊ Jammer (အသေး) () လုံး၊ ဟန်းဖုန်း () လုံး၊ ဝါယာကြိုး (၁၀) ခွေ၊ Battery အိုး () လုံး၊ Inverter () လုံး၊ နင်းမိုင်း Fuse () ခု၊ နင်းမိုင်းကပ်သီး () ခု၊ သေနတ်အိတ် () ခု၊ ခြင်းတောင်း () လုံး သိမ်းဆည်းနိုင်ခဲ့ကြောင်း PDF စစ်ရုံးချုပ်က အသိပေးထားပါတယ်။


အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများရှိပြီး အသေးစိတ်စိစစ်နေဆဲ ဖြစ်တယ်လို့ သပိတ်ကျင်း ပကဖ အဖွဲ့က ဆိုပါတယ်။


ထိုစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် (၅၀၉) တပ်ရင်း၊ အမှတ် (၅၁၀) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင် အမှတ် () တပ်ရင်း၊ ပြင်ဦးလွင်ခရိုင်ရုံးတပ်ဖွဲ့၊  သပိတ်ကျင်း တိုက်နယ် ပကဖ၊ ပြင်ဦးလွင်ခရိုင် Drone တပ်ဖွဲ့၊ အမှတ် () ရွှေဘိုခရိုင် Drone တပ်ဖွဲ့၊ Northern Tiger Drone တပ်ဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီတပ်သည် စစ်ရာဇဝတ်မှုအကျူးလွန်ဆုံး စစ်တပ်အဖြစ် သမိုင်းဝင်ခဲ့ပြီဟု ညီနောင် ၃ဖွဲ့ ပြောကြား


စစ်ရာဇဝတ်မှုတွေကို နေစဉ်ဆက်တိုက်ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ၂ဝ၂၃ ခုနှစ်မှာ စစ်ရာဇဝတ်မှုအကျူးလွန်ဆုံး အစိုးရစစ်တပ်အဖြစ် သမိုင်းဝင်ခဲ့ပြီလို့ ညီနောင်မဟာမိတ် ဖွဲ့က ပြောဆို လိုက်ပါတယ်။ 


ဒီဇင်ဘာလ ၂၆ ရက်နေ့ညပိုင်းမှာထုတ်ပြန်တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် ဖွဲ့ရဲ့ စစ်ရေးသတင်းတွေကို ထုတ်ပြန်ရာမှာ အခုလို့ ဖော်ပြလိုက်တာဖြစ်ပါတယ်။ 

 

ဖက်ဆစ်စစ်အာဏာရှင်တို့၏ အကျင့်ဝသီအတိုင်း မြိုရွာများအတွင်းသို့ လေကြောင်းက နေ့တိုင်းဗုံးကြဲ တိုက်ခိုက်မှုများကိုသာမက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးအဆိုပြုထားတဲ့ မြောက်ဦးယဉ်ကျေးမှုဒေသ၊ မြောက်ဦးရှေးဟောင်းသုတေသနပြတိုက်ကို လက်နက်ကြီးများဖြင့် တမင်တကာပစ်ခတ်တိုက်ခိုက်ခြင်း တို့ကိုပြုလုပ်ပြီး စစ်ရာဇဝတ်မှုများကို ပုံစံမျိုးစုံဖြင့် နေ့တိုင်းကျူးလွန်လျက်နေတာကြောင့် စစ်ကောင်စီသည် "၂၀၂၃ ခုနှစ်အတွင်း စစ်ရာဇဝတ်မှုအကျူးလွန်ဆုံး အစိုးရစစ်တပ်"အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ညီနောင်မဟာမိတ် ဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း သတ်မှတ်ထားတဲ့ စစ်ဆင်ရေးပစ်မှတ်များကို တခုပြီး တခု ရယူသိမ်းပိုက်နိုင်ရေးအတွက် ကြိုးပမ်းနေတယ်လို့ အသိပေးထားပါတယ်။


ထို့အတူအကြမ်းဖက်စစ်ကောင်စီကလည်း တနိုင်ငံလုံးအနှံ့ ၎င်းတို့ရဲ့ စစ်စခန်း တခုပြီးတခု မကျဆုံးစေရေး အတွက် လေကြောင်း၊ လက်နက်ကြီးပစ်ကူ၊ လူသားဒိုင်းကာများသုံးပြီး အသည်းအသန် ကာကွယ်နေရပြီလို့ ညီနောင် ဖွဲ့က ထုတ်ပြန်ထားပါတယ်။ 


တရုတ်နိုင်ငံမှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် ဖွဲ့ တွေ့ဆုံဆွေးနွေးမှု ပျက်ပြယ်သွားပြီးနောက် စစ်ကောင်စီကို စစ်ရာဇဝတ်မှုအကျူးလွန်ဆုံးစစ်တပ်လို့ ညီနောင်မဟာမိတ် ဖွဲ့က သုံးစွဲလိုက်တာ  ဖြစ်တယ်လို့ နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူတွေက မှတ်ချက်ပြုပါတယ်။


========================


📌📌 ၃။ မြောက်ဦး ခရိုင်ရဲစခန်းကို ရခိုင့်တပ်တော် အပြီးသတ်သိမ်းပိုက်


တိုက်ပွဲတွေပြင်းထန်နေတဲ့ မြောက်ဦးမြို့က ခရိုင်ရစခန်းကို ရခိုင့်တပ်တော် AA က အပြီးသတ် သိမ်းပိုက် လိုက်ပြီလို့ ညီနောင် ဖွဲ့က ဒီဇင်ဘာ ၂၆ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။


မြောက်ဦး ခရိုင်ရဲစခန်းကို ဒီဇင်ဘာ ၂၆ ရက် နာရီခန့်အချိန်မှာ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီး ပလက်ဝမြို့နယ်အတွင်းက ခဝဲဗျူဟာကုန်းကို အပြီးသတ်သိမ်းယူနိုင်ရေး ဆက်လက်တိုက်ခိုက်နေတယ်လို့ လည်း သိရပါတယ်။ 

 

မြောက်ဦး ခရိုင်ရဲစခန်းကို ရခိုင်တပ်တော် AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ထုတ်ပြန်ထား ပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ ဖော်ပြထားတာမရှိသေးပါဘူး။


ရခိုင်တပ်တော် AA အနေနဲ့ မြောက်ဦးမြို့တွင်းက ရဲစခန်းတွေကို သိမ်းပိုက်ရရှိနိုင်ရေးအတွက် ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မြို့အယင်အထွက်မှာရှိတဲ့ ငွေတောင်ပေါက် သူတော်မတောင် စစ်စခန်းနဲ့ မြောက်ဦးခရိုင်ရဲစခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ 


မြောက်ဦးအခြေစိုက်တပ်ရင်းတွဖြစ်တဲ့ ၃၇၇ ၊၃၇၈၊ ၅၄ဝ တပ်တွေက မြို့တွင်းနဲ့တိုက်ပွဲဖြစ်တဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်တာ၊ ဂျက်လေယာဉ်တွေနဲ့ ဗုံးကြဲတာတွေ လုပ်နေတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ 


အကြမ်းဖက်စစ်တပ်က အခုလို ပစ်ခတ်နေတာကြောင့် ဒီဇင်ဘာလ ၂၆ ရက်က စစ်ကောင်စီလက်အောက်ခံ ဆင်ချဆိပ်ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူး လက်နက်ကြီးစထိမှန်သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်း ရင်းမြစ်တွေက ပြောပါတယ်။


ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း အကြမ်းဖက်စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေကြောင့် မြောက်ဦး ဒေသခံ ဦးသေဆုံးက ၁၆ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့လည်း ပြောပါတယ်။


အခုလို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာကြောင့် ရခိုင်သမိုင်း တလျောက်ရေးထိုးထားတဲ့ ကျောက်စာတိုင်တွေနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းအမွေအနှစ်တွေ ပျက်စီးခဲ့ တယ်လို့ သိရပါတယ်။


========================


📌📌 ၄။ ရေဦးမြို့အဝင် ရွှေကျီးမင်းဂိတ်ရှိ စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်


စစ်ကိုင်းတိုင်း ရေဦးမြို့အဝင်က ရွှေကျီးမင်းစစ်ဆေးရေးဂိတ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း ၁၄ ရေဦး PDF က ထုတ်ပြန်ပါတယ်။


ရေဦးမြို့အဝင်က ရွှေကျီးမင်းဂိတ်မှာ အကြမ်းဖက်စစ်သားတွေ Jumper လာရောက်တပ်ဆင်နေတယ်လို့  သတင်းရတာကြောင့် ဒီဇင်ဘာ ၂၆ ရက် ညနေ နာရီခန့်အချိန်မှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


ရွှေဘိုခရိုင် တပ်ရင်း ၁၄ ရေဦး PDF က Fixed Wings Drone တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့အသိပေး ထားပါတယ်။


ဗုံးသီး လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုနဲ့ပျက်စီးဆုံးရှုံးမှုကိုသိရှိနိုင် ဖို့ ဆက်လက်စုံစမ်းနေတယ်လို့လည်း ရွှေဘိုခရိုင် တပ်ရင်း ၁၄ ရေဦး PDF က ထုတ်ပြန်ပါတယ်။


========================


📌📌 ၅။ အုတ်ဖိုနှင့် ပေါက်ခေါင်းတို့တွင် စစ်ကောင်စီ ထောက်တိုင် ပျူစောထီး () ဦး ပစ်ခတ်ရှင်းလင်း ခံရ


ဒီဇင်ဘာ ၂၇။


ပဲခူးတိုင်း အုပ်ဖိုမြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ် တို့တွင် အကြမ်းဖက် စစ်ကောင်စီ ထောက်တိုင် ပျူစောထီးနှစ်ဦး ပစ်ခတ်ရှင်းလင်း ခံရတယ်လို့ သိရပါတယ်။


ဒီဇင်ဘာလ ၂၃ ရက်နေ့ နေ့လယ် နာရီခွဲခန့်က သာယာဝတီခရိုင်၊ အုပ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာ ရဲကင်းစခန်း အနီးမှာ နေထိုင်တဲ့ အကြမ်းဖက် စစ်ကောင်စီ ထောက်တိုင် ပျူစောထီး သန်းဇော်ဦးကို တံငါကုန်းရွာအနီးမှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Black Dragon (GBK-PDF) က ဆိုပါတယ်။


အကြမ်းဖက် စစ်ကောင်စီရဲ့ အမာခံ ထောက်တိုင်တစ်ဦးဖြစ်တဲ့ သန်းဇော်ဦးဟာ တော်လှန်ရေး ရဲဘော်များရဲ့ သွားလာလှုပ်ရှားမှုများနဲ့ တော်လှန်ရေး တပ်ဖွဲ့များရဲ့ စခန်းတည်နေရာများကို စုံစမ်းပြီး စစ်ကောင်စီထံ သတင်းပေးခြင်း၊ ဒေသခံပြည်သူများကို စစ်ကောင်စီထံ သတင်းပေး ဖမ်းဆီးခိုင်းခြင်း၊ ရဲနှင့် စစ်တပ် အားကိုးဖြင့် ပြည်သူလူထုကို နည်းမျိုးစုံ ဖိနှိပ်ဒုက္ခပေးနေသဖြင့် စစ်ရေးပစ်မှတ်အဖြစ် အတည်ပြုကာ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ   Black Dragon (GBK-PDF) က ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။


ထို့အပြင် ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ညောင်ကိုင်းအုပ်စု၊ အုပ်ဖိုရွာမှာ နေတဲ့ စစ်ကောင်စီ ထောက်တိုင် စစ်မှုထမ်းဟောင်း၊ ပျူစောထီးခေါင်းဆောင် သိန်းမြင့်ကို ၎င်း၏နေအိမ်တွင် ဒီဇင်ဘာ ၂၄ ရက်နေ့က ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ( SPDF) က ပစ်ခတ်ရှင်းလင်း ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ ပစ်ခတ်မှုကြောင့် ပျူစောထီး သိန်းမြင့်မှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၎င်းရဲ့ သားဖြစ်သူ ပျူစောထီးအဖွဲ့ဝင် ခန့်ပြည့်စုံမှာ တော်လှန်ရေး ရဲဘော်များကို သတ်ပုတ်ချုပ်နှောင်ကာ ပြန်လည်ရန်မူတဲ့အတွက် ထပ်မံပစ်ခတ်ခဲ့ရပြီး ဒဏ်ရာ အပြင်းအထန် ရရှိကာ စစ်ဆေးရုံမှာ တင်ထားရ တယ်လို့ သိရပါတယ်။


========================


📌📌 ၆။ ၂၀၂၄ နှစ်သစ်မှာလည်း မဆုတ်မနစ်ပဲ ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို အပြီးတိုင် တိုက်ထုတ်တွန်းလှန် တော်လှန်ကြဖို့ Federal Net Campaign တိုက်တွန်း


ဒီဇင်ဘာ ၂၇။


၂၀၂၄ နှစ်သစ်မှာလည်း မဆုတ်မနစ်ပဲ ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို အပြီးတိုင် တိုက်ထုတ် တွန်းလှန် တော်လှန်ကြဖို့ Federal Net Campaign ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ၎င်းရဲ့လူမှုကွန်ယက် စာမျက်နှာကနေ တိုက်တွန်းလိုက်ပါတယ်။


"၂၀၂၃ နှစ်ဟောင်းမှာ မဆုတ်မနစ်ပဲ ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို တို့ပြည်သူတွေ တော်လှန်ခဲ့ ကြတယ်။ ၂၀၂၄ နှစ်သစ်မှာလည်း မဆုတ်မနစ်ပဲ ဖက်ဆစ်စစ်အာရှင်စနစ်ကို အပြီးတိုင် တိုက်ထုတ် တွန်းလှန် တော်လှန်ကြမယ်။ တော်လှန်ပြည်သူပီပီ နိုင်ရာတာဝန် ကိုယ်စီထမ်းရင်း တူတူပျော်ကြရမဲ့ နေရက်တွေအတွက် တို့အမျိုးတွေ တိုက်တဲ့သူက တိုက်မယ်၊ ကူတဲ့သူက ကူမယ်၊ လှူတဲ့သူက လှူကြမယ်၊ ကမ္ဘာကြီးနဲ့ အမြဲချိတ်ဆက်နိုင်ဖို့ဖက်ဒရယ်နက်ကမ်ပိန်းမှာ ကူကြစို့" လို့ Federal Net Campaign ကဆိုထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနက မြို့နယ် မြို့နယ်တွင် အင်တာနက် တိုးချဲ့တပ်ဆင်နိုင်ရန် ရည်ရွယ်ပြီး "Federal Net Campaign" ကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။


Federal Net Campaign ကနဦးတည်ဆောက်ဖို့ လိုအပ်ချက်ဖြစ်တဲ့ မြို့နယ် () မြို့နယ် အတွက် အမေရိကန် ဒေါ်လာ (.) သိန်းခန့်  လိုအပ်မှာ ဖြစ်ပြီး ပါဝင်လှူဒါန်းပေးကြဖို့ကို  Federal Net Campaign က တိုက်တွန်းထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ်‌သွေးတို့မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment