28th DEC 2023 - Morning Daily News by Radio NUG


၂၀၂၃ ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ လောက်ကိုင်မြို့ နေရာတော်တော်များများကို MNDAA က ထိန်းချုပ်ထားပြီး လောက်ကိုင် (.က.) အနီးတွင် တိုက်ပွဲများ ပြင်းထန်နေ

📌 ၂။ စစ်ကောင်စီ တပ်စခန်း လေးခုကို သိမ်းပိုက်ထားပြီး နတ်သံကွင်းမြို့ရှိ တပ်စခန်းများကို ဆက်လက် ထိုးစစ်ဆင် နေတယ်လို့ KNU အသိပေး

📌 ၃။ မန်တုံ စစ်ကောင်စီစခန်းမှ လက်နက်ခဲယမ်းများ တတိယအကြိမ် ရရှိ

📌 ၄။ ရွှေပြည်အေးမြို့ ပြန်ရရှိရေး စစ်ကောင်စီက လေကြောင်း၊ ကြည်းကြောင်းဖြင့် စစ်ကြောင်းထိုးနေ

📌 ၅။ စစ်ကိုင်း မာလဲတောရွာစစ်စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေး 

📌 ၆။ မြင်းမူမြို့မရဲစခန်းနှင့် အထက ကျာင်းရှိ စစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

📌 ၇။ ရေစကြိုမြို့နယ် မင်းရွာတွင် တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို Fixed Wing Drone များဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံး

📌 ၈။ ရွှေဘိုခရိုင်တရားရုံးကို ဒရုံးဖြင့်ဗုံးကြဲတိုက်ခိုက် ရဲတဦးသေဆုံး

📌 ၉။ နေပြည်တော်တွင် စစ်ဆရာဝန် ဗိုလ်မှူးကြီးက ဇနီးဖြစ်သူကို သတ်ဖြတ်ပြီး အလောင်းကို စွန့်ပစ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လောက်ကိုင်မြို့ နေရာတော်တော်များများကို MNDAA က ထိန်းချုပ်ထားပြီး လောက်ကိုင် (.က.) အနီးတွင် တိုက်ပွဲများ ပြင်းထန်နေ


ဒီဇင်ဘာလ ၂၇ရက်။

လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) မှလွဲလို့ ကျန်နေရာ အများစုကို MNDAA က ထိန်းချုပ်ထားပြီး .က. အနီးတွင်လည်း တိုက်ပွဲများ ပြင်းထန်နေတယ်လို့ ဒေသခံ စစ်ရေးသတင်း ရင်းမြစ်တွေထံက သိရပါတယ်။


လောက်ကိုင်မြို့အဝင် တောင်ကုန်းပေါ်မှာ တည်ရှိတဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) တွင် နိုဝင်ဘာလ ၂၇ ရက်နေ့ ညပိုင်းက အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားနေပြီး ဒကစ အပါအဝင် စစ်ကောင်စီ တပ်စခခန်း နှစ်ခုကလွဲလို့ လောက်ကိုင်မြို့ကို MNDAA က ထိန်းချုုပ်ထားနိုင်ပြီလို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။


"လောက်ကိုင်မှာ ဒကစပဲ ကျန်တော့တယ်။ မြေပြင်က စစ်သားတွေအားလုံး မဟာမိတ်တွေဆီ လက်နက်ချသွားပြီ။ ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်တွေကိုလည်း ဖမ်းထားလိုက်ပြီ။ ပြည်သူ့စစ်အဖွဲ့တွေ အားလုံး လက်နက်ချပြီ" လို့ ဒေသခံ တစ်ဦးက People Spring Media မှာ ပြောထားပါတယ်။


ဒီဇင်ဘာ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အတွင်း လောက်ကိုင်တိုက်ပွဲများတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ရာနဲ့ချီ လက်နက်ချခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့တယ်လို့ သတင်းများ ထွက်ပေါ်နေပြီး စစ်ကောင်စီ တပ်သားများ လက်နက်ချနေမှုနဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု ရုပ်သံမှတ်တမ်းများလည်း လူမှုကွန်ယက်ပေါ်မှာ ထွက်ပေါ်ခဲ့ပါတယ်။


ကိုးကန့်တပ် (MNDAA) က လောက်ကိုင်ဒေသ ပြန်လည်ရရှိရေး ထိုးစစ်ဆင်ခဲ့ရာ ဒီဇင်ဘာလ ဒုတိယအပတ်တွင် တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုဖြင့် စစ်ရေးအနည်းငယ် ငြိမ်သက်ခဲ့သော်လည်း ဒီဇင်ဘာ ၁၈ ရက်နေ့တွင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တိုက်ပွဲပြင်းထန်စွာ ပြန်လည်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။


MNDAA နှင့် မဟာမိတ်တပ်များက အောက်တိုဘာ ၂၇ ရက်နေ့တွင်၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ပြီး ချင်းရွှေဟောင်၊ ကွမ်းလုံ၊ မုံးကိုး၊ ပန်ဆိုင်း၊ ကုန်းကြမ်းမြို့များနဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ် ခုထပ်မနည်းကို MNDAA က သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။


ကိုးကန့်ဒေသရဲ့ အဓိကမြို့တော်ဖြစ်တဲ့ လောက်ကိုင်မြို့ရှိ မြို့ရဲစခန်း၊ ထွေအုပ်ရုံး၊ ခလရ (၃၂၂) ဒေသကွပ်ကဲမှု ဦးစီးရုံး စတဲ့ စစ်ကောင်စီ တပ်စွဲထားရာ နေရာများကို MNDAA က ယခုရက်ပိုင်း တိုက်ပွဲများအတွင်း တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တာ ဖြစ်ပါတယ်။


တိုက်ပွဲများအတွင်း လောက်ကိုင်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ မကြာခဏ ဗုံးကျဲ တိုက်ခိုက်နေပြီး အရပ်သား ပြည်သူများ ထိခိုက်သေဆုံး နေရသလို လူနေအိမ်များစွာနဲ့ လမ်းတံတားများလည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီ တပ်စခန်း လေးခုကို သိမ်းပိုက်ထားပြီး နတ်သံကွင်းမြို့ရှိ တပ်စခန်းများကို ဆက်လက် ထိုးစစ်ဆင် နေတယ်လို့ KNU အသိပေး


ဒီဇင်ဘာလ ၂၇ရက်။

ကရင့်အမျိုးသား အစည်းအရုံး (KNU) ညောင်လေးပင်ခရိုင် တပ်မဟာ () နယ်မြေရှိ စစ်ကောင်စီ တပ်စခန်း သုံးခုကို တိုက်ခိုက်သိမ်းပိုက်ထားပြီး နတ်သံကွင်းမြို့ရှိ တပ်စခန်းများကို ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ KNU ဗဟိုက ဒီဇင်ဘာ ၂၇ ရက်နေ့မှာ အသိပေး ထုတ်ပြန် ထားပါတယ်။


ညောင်လေးပင်ခရိုင်၊ မူး(မုန်း) မြို့နယ်ရှိ စစ်ကောင်စီရဲ့ လည်ပတ် တပ်စခန်း၊ အုန်းနဲပင် တပ်စခန်း၊ နရွဲပင် တပ်စခန်းများကို ဒီဇင်ဘာလ ၂၆ ရက်နေ့က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး နတ်သံကွင်းရှိ စခန်းများကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိတယ်လို့  KNU က ဆိုပါတယ်။


အဆိုပါ စခန်းသိမ်း တိုက်ပွဲများတွင် စစ်ကောင်စီ တပ်သား ၂၀ ဦး သေဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၁၉ လက်နဲ့ ခဲယမ်းတချို့ သိမ်းပိုက်ရရှိ ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။


တိုက်ပွဲအတွင်း KNLA လက်အောက်ခံ တပ်ရင်းများနဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ ဘက်မှလည်း ထိခိုက်ကျဆုံးမှုများ ရှိတယ်လို့ အသိပေးထားပြီး အရေအတွက် အတိအကျကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။


အဆိုပါ စခန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နတ်သံကွင်းရှိ စစ်ကောင်စီ တပ်စခန်းများ ကို ဆက်လက်ထိုးစစ်ဆင်လျှက်ရှိပြီး တိုက်ပွဲဖြစ်နေစဉ်အတွင်း စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူ ပေးလျှက်ရှိကြောင်းကိုလည်း KNU က အသိပေး ထားပါတယ်။


========================


📌📌 ၃။ မန်တုံ စစ်ကောင်စီစခန်းမှ လက်နက်ခဲယမ်းများ တတိယအကြိမ် ရရှိ


ဒီဇင်ဘာလ ၂၇ရက်။

တအာင်းတပ်မတော် TNLA က သိမ်းပိုက်ထားတဲ့ မန်တုံမြို့ စစ်ကောင်စီစခန်းကနေ လက်နက်၊ ခဲယမ်းတွေ တတိယအကြိမ်မြောက် ထပ်မံ ရရှိခဲ့တယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေးက ဒီဇင်ဘာလ ၂၇ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ 


ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ ထွက်ဆိုချက်အရ စစ်ကောင်စီရဲ့ ခလရ ၁၃ဝ တပ်စခန်းအတွင်း ဆက်လက်ရှာဖွေစစ်ဆေးရာကနေ ဒီဇင်ဘာ ၂၇ ရက်မှာ တတိယအကြိမ် သိမ်းဆည်းရရှိခဲ့တာလို့ သိရပါတယ်။ 


တပ်မဟာ စစ်ဒေသ မန်တုံမြို့မှာရှိတဲ့ တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က ဒီဇင်ဘာ ၂၂ ရက်နေ့မှာ သိမ်းပိုက်ခဲ့ရာမှာ ဟောင်ဝစ်ဇာ လက်အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်နဲ့ စက်သေနတ်များ၊ RPG များနဲ့ ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့တဲ့အပြင် စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။


ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေရဲ့ပြောချက်အရ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာလည်း စစ်ကောင်စီရဲ့ ခလရ ၁၃ဝ တပ်စခန်းအတွင်းကနေ လက်နက်ခဲယမ်းတွေ ဒုတိယအကြိမ် ရှာဖွေရရှိခဲ့ပါသေးတယ်။ 


တတိယအကြိမ်ရရှိတဲ့ လက်နက်ခဲယမ်းတွေမှာ ငါးကြင်းမြီးစက်သေနတ်အပါအဝင် စိန်ပြောင်းတလက်နဲ့ လက်နက်ငယ် ၁၆ လက်နဲ့ လက်နက်ကြီး လက်နက်ငယ် ခဲယမ်းတွေဖြစ်တယ်လို့ TNLA သတင်းနှင့် ပြန်ကြားရေးဌာန ဓာတ်ပုံမှတ်တမ်းနဲ့ ထုတ်ပြန်ထားပါတယ်။ 


ထို့အပြင် တအာင်းပြည်နယ်အတွင်းမှာရှိတဲ့ နမ္မတူ၊ ကျောက်မဲ၊ လားရှိုး၊ ကွတ်ခိုင်မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးတွေကြောင့် ကျောက်မဲမြို့နယ် မန်ခေါက်ကျေးရွာက ဒေသတဥိး သေဆုံးကာ တဦး ဒဏ်ရာရရှိခဲ့ပြီး အိမ် လုံး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


📌📌 ၄။ ရွှေပြည်အေးမြို့ ပြန်ရရှိရေး စစ်ကောင်စီက လေကြောင်း၊ ကြည်းကြောင်းဖြင့် စစ်ကြောင်းထိုးနေ


ဒီဇင်ဘာလ ၂၇ရက်။

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့ ပြန်လည်ရရှိရေးအတွက် အကြမ်းဖက်စစ်တပ်က လေကြောင်း၊ ကြည်းကြောင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ Homalin People’s Defence Force - HPDF က အသိပေးထားပါတယ်။ 


ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ရွှေပြည်အေးမြို့ကို နိုဝင်ဘာ ၂၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ထားပြီးနောက် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ခလရ ၄ဝ၊ ရှမ်းနီအမျိုးသားများတပ် SNA နဲ့ ပျူစောထီးတွေပါတဲ့ ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် နေ့စဉ်ထိတွေ့တိုက်ပွဲတွေဖြစ်နေတယ်လို့ သိရပါတယ်။


ဒီဇင်ဘာ ၂၅ ကလည်း ရွှေပြည်အေးမြို့အနီးတဝိုက်ရှိ ကျေးရွာများကို ဗုံးသီး အလုံး ၂ဝ ခန့် ကြဲချတိုက်ခိုက်တာရှိပေမယ့် ထိခိုက်ဒဏ်ရာရတာတွေတော့မရှိခဲ့ဘူးလို့လည်း သိရပါတယ်။


စစ်ကောင်စီဘက်က အခုလိုလေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ မကြာခဏ လာရောက်တိုက်ခိုက်မှုတွေကြောင့် မြေပြင်ထိတွေ့မှုတွေရှိနေပေမယ့် ရွှေပြည်အေးမြို့ကို တော်လှန်ရေး အင်အားစုများက လက်ရှိအချိန်အထိ ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ Homalin People’s Defence Force - HPDF က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ စစ်ကိုင်း မာလဲတောရွာစစ်စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေး 


ဒီဇင်ဘာလ ၂၇ရက်။

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် မာလဲတောကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်ခုခံခြင်းမရှိဘဲ ထွက်ပြေးသွားတယ်လို့ Phoenix- SGG က ထုတ်ပြန်ပါတယ်။


ဒီဇင်ဘာလ ၂၄ ရက်နေ့က စစ်ကိုင်းမြို့နယ် မာလဲတောရွာက စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ နေထိုင်ရာ ပြည်သူ့စစ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးသွားတာကြေင့် စခန်းမှာရှိတဲ့ ဘန်ကာ ၁၆ ခုနဲ့ ဗုံးခိုကျင်း ခုကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲများက အသိပေးထားပါတယ်။ 


မာလဲတောရွာက ထွက်ပြေးသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က အင်အား ၃ဝ ခန့်ဟာ အုန်းတောရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့နဲ့ ပူးပေါင်းနေတယ်လို့လည်း သိရပါတယ်။


နယ်မြေရှင်းလင်းရေးလုပ်ငန်းကို Phoenix- SGG စစ်ကိုင်းမြို့နယ် ပကဖ၊ စစ်ကိုင်းခရိုင် အမှတ် တပ်ရင်း၊ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ Royal Falcon Guerrilla Force Fight For FederalYoung Wolf နဲ့ နယ်မြေခံတော်လှန်ရေးအဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၆။ မြင်းမူမြို့မရဲစခန်းနှင့် အထက ကျာင်းရှိ စစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်


ဒီဇင်ဘာလ ၂၇ရက်။

စစ်ကိုင်းတိုင်း မြင်းမူမြို့ပေါ်က မြို့မရဲစခန်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားတဲ့ အထက - စာသင်ကျောင်းကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Generation Z Power က အသိပေးထုတ်ပြန်ပါတယ်။


ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေ နာရီခွဲအချိန်က မြင်းမူမြို့မရဲစခန်းနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားတဲ့ အမှတ် အခြေခံပညာ အထက်တန်းကျောင်းကို Shar Htoo War နည်းပညာဒရုန်းဖြင့် ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး အသေးစိတ်သိရှိနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ တော်လှန်ရေးအင်အားစုများက အသိပေးထားပါတယ်။


အဆိုပါတိုက်ခိုက်မှုကို Generation Z Power- GZP (Mandalay) စစ်ကိုင်းခရိုင် အမှတ် တပ်ရင်း တပ်ခွဲ ၁၊ စစ်ကိုင်းခရိုင် အမှတ် တပ်ရင်း၊ အမှတ် တပ်ရင်း၊ မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- MMUPDF အညာညီနောင် တပ်ပေါင်းစု (ABCF) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။


========================


📌📌 ၇။ ရေစကြိုမြို့နယ် မင်းရွာတွင် တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို Fixed Wing Drone များဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံး


ဒီဇင်ဘာလ ၂၇ရက်။

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ မင်းရွာတွင် တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို  Fixed Wing Drone များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁၀ ဦး သေဆုံးခဲ့တယ်လို့  Anyar Federal Task Force (AFTF) က အသိပေးထားပါတယ်။


ဒီဇင်ဘာလ ၂၆ ရက်နေ့နဲ့ ၂၇ ရက်နေ့တို့တွင် မင်းရွာမှာ အခြေချ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို Shar-Htoo-Waw နည်းပညာ Fixed Wing Drone များဖြင့် ဗုံးသီး (20) လုံးကျဲချ တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ (၁၀) ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ AFTF က ဆိုပါတယ်။


၎င်းတိုက်ခိုက်မှုကို Anyar Federal Task Force (AFTF), Super Fighter Pdf (ရေစကြို), ရေစကြိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ (ပလဖ), Independence Army - IA, ညောင်ဦးခရိုင်၊ တပ်ရင်း () တပ်ခွဲ () ရဲဘော်ညီနောင် ပြောက်ကျားတပ်ဖွဲ့၊ ညောင်ဦးခရိုင် တပ်ရင်း (),  မြင်းခြံခရိုင် အမှတ် () တပ်ရင်း NRDF, စစ်ကိုင်းခရိုင် တပ်ရင်း () MSPDF အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၈။ ရွှေဘိုခရိုင်တရားရုံးကို ဒရုံးဖြင့်ဗုံးကြဲတိုက်ခိုက် ရဲတဦးသေဆုံး


ဒီဇင်ဘာလ ၂၇ရက်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာရှိတဲ့ ခရိုင်တရားရုံးကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ရာမှာ စစ်ကောက်စီလက်အောက့် ရဲတဦး သေဆုံးသွားတယ်လို့ Flying Dragon Force အဖွဲ့က ထုတ်ပြန်ပါတယ်။


ဒီဇင်ဘာ ၂၆ ရက်နေ့ ၁ဝ နာရီကျော်အချိန်က ရွှေဘိုမြို့ပေါ်မှာရှိတဲ့ ခရိုင်တရားရုံးကို ဒရုန်းနဲ့ ဗုံးသီး လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲ ဦးလည်း ပြင်းထန်ဒဏ်ရာရသွားတယ်လို့ အသိပေးထားပါတယ်။ 


အဆိုပါတိုက်ခိုက်မှုကို မဟာမိတ်ပူးပေါင်းအဖွဲ့က အညာဂျက်ဖိုက်တာ မစ်ရှင် အဖြစ် ဖော်ဆောင်ခဲ့တာလို့ သိရပါတယ်။ 


ရွှေဘိုခရိုင်တရားရုံးကို Flying Dragon Force Shwebo Crocodile ရွှေဘိုပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ ရွှေဘို အားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့၊ ရွှေဘိုစွန်ရဲ၊ မဟူရာရွှေဘိုသား၊ ကျားညီနောင်၊ NGWE DWIN REVOLUTION FORCE တံတားညီနောင် ပြောက်ကျားတပ်ဖွဲ့၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သိဒ္ဓိရှင်၊ နဂါးညီနောင်၊ Hero Brother အောင်စည်အောင်မောင်း၊ တာနောယက္ခ၊ ဗိုလ်လင်းရောင်(ဒပယ) သိင်္ခအားမာန်နဲ့ တန တပ်ပေါင်းစုတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


ပြည်သူလူထုကို ဖိနှိပ်အနိုင်ကျင့်ဗိုလ်ကျနေတဲ့ စစ်ကောင်စီယန္တရား သက်ဆိုးရှည်စေဖို့ လုပ်ဆောင်ပေးနေတဲ့ ထောက်တိုင်မှန်သမျှကို အမြစ်ဖြတ်ချေမှုန်းသွားမှာဖြစ်တာကြောင့် အကြမ်းကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်အောက်ခံတွေအနေနဲ့ ပြည်သူ့လူထုနဲ့အတူ ပူးပေါင်းပါဝင်ဖို့ Flying Dragon Force က တိုက်တွန်းထားပါတယ်။


========================


📌📌 ၉။ နေပြည်တော်တွင် စစ်ဆရာဝန် ဗိုလ်မှူးကြီးက ဇနီးဖြစ်သူကို သတ်ဖြတ်ပြီး အလောင်းကို စွန့်ပစ်


ဒီဇင်ဘာလ ၂၇ရက်။

နေပြည်တော် အမှတ် () တပ်မတော် သားဖွားမီးယက်နှင့် ကလေးဆေးရုံက စစ်ဆရာဝန် ပါရဂူ ဗိုလ်မှူးကြီး ဇေယျာလင်း ဆိုသူက သူ့ရဲ့ ဇနီးဖြစ်သူကို သတ်ပြီး အလောင်းကို လမ်းဘေးမှာ စွန့်ပစ်သွားတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။


ဒီဇင်ဘာလ ၂၅ ရက်နေ့ ညပိုင်းမှာ ဗိုလ်မှူးကြီး ဇေယျာလင်းက ၎င်းရဲ့ ဇနီးဖြစ်သူကို ခုတ်သတ်ခဲ့ပြီး ပုဗ္ဗသီရိမြို့နယ်၊ ဝဏ္ဏဒီပရပ်ကွက်၊ ရာဇသင်္ဃဟလမ်းနဲ့ ပိတောက်လမ်းထောင့်က ကျောက်စိမ်းဟိုတယ် ရှေ့နားမှာ အလောင်းကို စွန့်ပစ်ခဲ့တာ ဖြစ်ပါတယ်။


ဒေသခံပြည်သူတွေက ဒီဇင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းမှာ နှစ်ပိုင်းပြတ်နေတဲ့ အမျိုးသမီး ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး စစ်တပ်နဲ့ရဲက လာရောက်စုံစမ်း စစ်ဆေးခဲ့ရာ ဗိုလ်မှူးကြီး ဇေယျာလင်းရဲ့ ဇနီးဖြစ်သူမှန်း သိရှိခဲ့ရပြီး ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ၎င်းရဲ့ ဇနီးဖြစ်သူကို ကိုယ်တိုင် သတ်ခဲ့တာလို့ ပါရဂူ စစ်ဆရာဝန်က ဝန်ခံခဲ့ပါတယ်။


ဇနီးဖြစ်သူကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ ဗိုလ်မှူးကြီး ဇေယျာလင်းဟာ တပ်မတော် ဆေးတက္ကသိုလ် အမှတ်စဉ် () ကျောင်းဆင်းဖြစ်ပြီး နေပြည်တော်ရှိ အမှတ် () တပ်မတော် သားဖွား မီးယပ်နှင့် ကလေးဆေးရုံ (ခုတင် ၃၀၀) က သားဖွားမီးယပ် ပါရဂူ တစ်ဦးလည်း ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment