ရှမ်းပြည်တောင်ပိုင်းမှာ ဘိန်းစိုက်ပျိုးမှုကို တရားဝင်စိုက်ပျိုးမှုသဖွယ် လုပ်ကိုင်နေကြ မကြေးမုံ Radio NUG, December, 27, 2023


ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြိုနယ် မြိုရှောင်လမ်းတောက်လျှောက် လမ်းဘေးဝဲယာမှာ ဘိန်းစိုက်ခင်းတွေ ပေါ်ပေါ်ထင်ထင်နဲ့ အံ့ဩစရာကောင်းလောက်အောင် များပြားလာ တယ်လို ခရီးသွားပြည်သူတွေက ပြောဆိုနေကြပြီး လူမှုကွန်ယက်ပေါ်မှာလည်း ပျံ့နှံလာ ပါတယ်။  ဟိုပုံးနဲ့ ပင်လုံတကြောကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကရောက်ရှိခဲ့သူတစ်ဦးက အခုလိုပြောပါတယ်။

“ စီးပွားဖြစ်စိုက်တာ၊ ဟိုပုံးမြိုရဲ့ကိုရင်လေး ဘုရားဘေးလမ်းကြား ရွာအစပ်က နေ လွိင်လင်မြိုနယ်အကုန်လုံး ဟိုပုံးဟိုဘက်အကုန် အဲ့ဒီမှာ စိုက်တာ ဒုံးနောင်ချိုဆိုတဲ့ ရွာလေးမှာ စိုက်ထားတာ၊ ရှိသမျှတောင်ကုန်းအားလုံး ဘယ်ကုန်းမှမချန်ဘူး ဘိန်းတစ်မျိုး ထဲစိုက်တာ၊ ဘာအပင်မှ မရှိဘူး၊ ဘိန်းကြားမှာ မုန်ညှင်းပဲရှိတယ်။ ၃နှစ်အတွင်းမှာ ထူးထူးခြားခြားဖြစ်လာတာ၊ ပင်လုံ သွားတဲ့ မြိုပတ် လမ်းက နေသွားတာ။ အရင်က မမြင် ရဘူး။ အခုဆို ရှိသမျှနေရာ တောင်တွေအားလုံး ဘိန်းတွေစိုက်ကြတာ ” 

မူးယစ်ဆေးဝါးနဲ့ ရာဇဝတ် မှုနှိမ် နင်းရေးအဖွဲ UNODC ကပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ရက် နေ့ ကထုတ်ပြန်လိုက်တဲ့အစီရင် ခံစာမှာလည်း ရှမ်းပြည်နယ်ရဲ့ဘိန်းစိုက်ပျိုးမှုက ၁၇၅၀၀ က နေ အခုနှစ်မှာ စိုက်ဧက ၃၅၀၀ လောက်မြင့်တက်လာတယ်လို ထုတ်ပြန်ပါတယ်။ အာဏာ သိမ်းအကြမ်းဖက်စစ်တပ်ရဲ့ အုပ်ချုပ်ရေးဌာနတွေရှိနေပေမယ့် ဘိန်းစိုက်ခင်းတွေက အခု လိုဘာ့ကြောင့် ထင်ထင်ပေါ်ပေါ် စိုက်ပျိုးလာကြတာပါလဲ။ ရှမ်းပြည်တောင်ပိုင်းတကြော ကို နှံစပ်ကျွမ်းကျင်သူတစ်ဦးကတော့အခုလို သုံးသပ်ပါတယ်။

“ ဘိန်းစိုက်တဲ့ ဧရီယာကတော့ ရှမ်းတောင်မှာဆိုရင် ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ အဓိက စိုက်တယ်၊ ဆီဆိုင်တို့၊ ပင်လောင်းတို့၊ ဟိုပုံးတို့ဘက်တွေ အဓိက စိုက်တယ်၊ ပြီးရင် ရှမ်းတောင်နဲ့ တကြောထဲ ပင်လုံတို့၊ လဲချား၊ မိုင်းကိုင်တို့ အဲ့ဘက်တွေလည်း အဓိက စိုက်တယ်၊ ဘယ်ဘက်မှာ အဓိကစိုက်လဲဆိုရင် ပအိုခေါင်းဆောင်ကြီး ဦးအောင်ခမ်းထီ တို့နဲ့ပတ်သက်တဲ့ ဧရိယာတွေမှာ အဓိကစိုက်တယ်၊ ပအိုဝ့် နယ် ထဲမှာ ရှိတဲ့ ဘိန်းတွေကို အဓိကလုပ်နေတာက PNA ဦးအောင်ခမ်းထီတို့အုပ်စုရယ်၊ ရွက်ဆစ်တို့အုပ်စုတွေက အဓိကတောက်လျှောက်လုပ်တယ်။ အဲ့တော့ ပွင့်ပွင့်လင်း လင်းပြော ရင် တပ်နဲ့ အလျဥ်း သင့်တဲ့အုပ်စုတွေ၊ တိုက်ပွဲမဖြစ်တဲ့ အုပ်စုတွေ၊ အဲ့အုပ်စုတွေက မြန်မာပြည်မှာ ဘိန်းကို အဓိက စိုက်တယ်။ သယ်ယူတယ်၊ ထုတ်လုပ်တယ်။ အဲ့ဒီအတွက်ကို လည်း ပွင့်ပွင့်လင်းလင်းပြောရင် တပ်ဘက်က မျက်စိမှိတ်ပေးထားတယ်။ ဒီကွင်းဆက်ထဲ မှာ တပ်ကအရာရှိတွေ၊ ဌာနဆိုင်ရာအရာရှိတွေပါကြတယ်။ အဲ့ကွင်းဆက်ကြီးက ” 

ဘိန်းစိုက်ပျိုးထွက်ရှိမှုမှာလည်း အရင်ကထက် တစ်ဧကအထွက်နှုန်းတွေ ပိုတိုးလာတယ် လို UNODC က ထုတ်ပြန်ထားပြီး တကယ့်အခြေနေမှာလည်း ဘိန်းခင်းတွေကို အခြားသီး နှံစိုက်သလို ပိုက်လိုင်းတွေတပ်ဆင်ပြီး ရေပန်းစနစ်နဲ့ ရေပေးဝေထားတာကိုတွေ့မြင်ရပါ တယ်။ ဘိန်းစိုက်ပျိုးမှုက ဆယ်ဆအထိ အမြတ်ငွေကျန်လို ဝမ်းစာသီးနှံလောက်ပဲ စိုက်ပျိုး ပြီး ဘိန်းကိုဝင်ငွေရသီးနှံအဖြစ်အဓိကစိုက်ပျိုးထုတ်လုပ်လာကြတာပဲဖြစ်ပါတယ်။ ဒါ ကြောင့် UNODC ရဲ့ထုတ်ပြန်ချက်မှာလည်း မြန်မာနိုင်ငံဟာ ကမ္ဘာ့ဘိန်းဖြူထုတ်လုပ်မှုရဲ့ အဓိကအရင်းမြစ်ဖြစ်တဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုက အာဖဂန်နစ္စတန်နိုင်ငံ ကိုကျော်လွန် ပြီး ထိပ်တန်းနိုင်ငံအဖြစ်ရောက်ရှိနေတာဖြစ်ပါတယ်။

(ဓာတ်ပုံ - ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ပိုများလာသော ဟိုပုံးမြိုနယ်မှ ဘိန်းစိုက်ခင်းတစ်ခု အားပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းက တွေ့ရစဥ်)

Share:

No comments:

Post a Comment