28th DEC 2023 - Evening Daily News by Radio NUG


၂၀၂၃ ဒီဇင်င်ဘာလ ၂၈ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေး အောင်မြင်စွာပြီးဆုံးမှုဟာ တော်လှန်ရေးအင်အားစုအားလုံးရဲ့ ပန်းတိုင်လည်းဖြစ်တယ်လို့ ဝန်ကြီးချုပ်ပြောကြား

📌 ၂။ အကြမ်းဖက်တပ်ရဲ့ ခိုင်မာတဲ့ အင်အားနဲ့ဖွဲ့စည်းမှုတို့ဟာ အကုန်ကျိုးပျက်သွားပြီလို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်ပြောကြား

📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အင်ဒိုနီးရှားနိူင်ငံမှာ အခက်အခဲဖြစ်နေတဲ့ ရိုဟင်ဂျာတွေကိုလူသားချင်းစာနာတဲ့ လိုအပ်တဲ့အကူအညီတွေပေးဖို့ မေတ္တာရပ်ခံထား

📌 ၄။ ဘက်ပြောင်းခိုလှုံလာသူတွေဟာ မိမိအသက်ကိုသာမက မိမိမိသားစုတွေရဲ့ အနာဂတ်ကိုပါကယ်ဆယ်နိုင်တဲ့ အနေအထားမျိုးဖြစ်တယ်လို့အတွင်းဝန် ဦးနိူင်ထူးအောင်ပြောကြား

📌 ၅။ ရှမ်းပြည်နယ်မြောက်ပိုင်းကနမ္မတူမြို့ကို TNLAသိမ်းပိုက်ရရှိ

📌 ၆။ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံရာဒေသအတွင်း စခန်းချထားသည့် စကစနှင့်ပျူစခန်း ၅ခုကို ဒရုန်းများနဲ့တိုက်ခိုက်

📌 ၇။“Federal Net” ကမ်ပိန်းမှာ  နိုင်ငံအလိုက် ထောက်ပို့ပါဝင်ထားမှုအရ အမေရိကန်၊ စင်ကာပူနဲ့မြန်မာတို့မှာ ရှေ့ပြေးအများဆုံးပါဝင်နေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေး အောင်မြင်စွာပြီးဆုံးမှုဟာ တော်လှန်ရေးအင်အားစုအားလုံးရဲ့ ပန်းတိုင်လည်းဖြစ်တယ်လို့ ဝန်ကြီးချုပ်ပြောကြား


ဒီဇင်ဘာ၂၈ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၄၀/၂၀၂၃ တွင်ပြောကြားခဲ့သော ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်ကို ဝန်ကြီးချုပ်ဆိုရှယ်မီဒီယာမှာ ဖော်ပြထားရာ နွေဦးတော်လှန်ရေး အောင်မြင်စွာပြီးဆုံးမှုဟာ တော်လှန်ရေးအင်အားစုအားလုံးရဲ့ ပန်းတိုင်လည်းဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောကြားထားပါတယ်


"ဒီတော်လှန်ရေးကြီး အောင်မြင်စွာပြီးဆုံးမှုဟာ ကျွန်တော်တို့ အားလုံးရဲ့ ပန်းတိုင်လည်း ဖြစ်နေတာမို့ ငါတို့ ဘယ်လောက်လုပ်နိုင်ခဲ့ကြသလဲဆိုတာ ပြန်လည်သုံးသပ်ရင်း ရှေ့နှစ်အတွက် အကောင်းဆုံး အင်အားတွေ ရရှိနိုင်ကြပါစေ"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။


၂၀၂၁ ခုနှစ် စက်တင်ဘာ၇ရက်မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ဖို့အမျိုးသားညီညွတ်ရေးအစိုးရဟာ ကြေညာခဲ့ပါတယ်။


လက်ရှိမှာ စစ်ရေးအရှိန်ကိုမြှင့်တင်လျက်ရှိပြီးတော့ စစ်အုပ်စုကို စစ်ရေး၊စီးပွားရေး၊ သံတမာန်ရေးတို့မှာ စစ်မျက်နှာ ဖွင့်ကာတိုက်ထုတ်လျက်ရှိနေပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်တပ်ရဲ့ ခိုင်မာတဲ့ အင်အားနဲ့ဖွဲ့စည်းမှုတို့ဟာ အကုန်ကျိုးပျက်သွားပြီလို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်ပြောကြား


ဒီဇင်ဘာ၂၈ရက်


အကြမ်းဖက်တပ်ရဲ့ ခိုင်မာတဲ့ အင်အားနဲ့ဖွဲ့စည်းမှုတို့ဟာ အကုန်ကျိုးပျက်သွားပြီလို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်က ဒီဇင်ဘာ၂၈ရက်တွင် ဆိုရှယ်မီဒီယာမှာသုံးသပ်‌ ပြောကြားထားပါတယ်။


"၁၉၆၈ မက္ကဆီကို အိုလံပစ် မှာ ဘော့ဘ် ဆိုတဲ့ သူက ၁၀ စက္ကန့်အောက် .၉၅ စက္ကန့် နဲ့ ပြေးပြပြီးတဲ့ နောက်ပိုင်းမှာ အဲ့ဒီ စိတ်ပိုင်းဆိုင်ရာ အတားအဆီးကျိုးပြီး စံချိန်သစ် တွေ တင်လာ လိုက်တာ နောက်ဆုံး အူစိန်ဘော့ ဆို .၅၈ စက္ကန့် နဲ့ပြေး နိုင်သွားပြီ။လက်ရှိတော်လှန်ရေး မှာ လည်း ယုံတမ်းစကားလို ဖြစ်တဲ့ စစ်တပ်ရဲ့ အင်စတီကျူးရှင်း တောင့်တင်းတယ်တို့၊ ၃၈ ခုမြောက် တို့၊ necessary evil ဆိုတဲ့ ဟာတွေ အကုန်ကျိုးပျက်သွားပါပြီ"လို့ ဆိုထားပါတယ်။


လက်ရှိမှာ အကြမ်းဖက်စကစဟာ တပ်သားသစ်ရှားပါးမှုများနဲ့ရင်ဆိုင်နေရပြီး စစ်မှုထမ်းဟောင်းများနှင့် အကျဥ်းကျနေတဲ့ စစ်ပြေး၊ရဲပြေးတို့ကိုပါပြန်လည်အသုံးပြုနေရပါတယ်။


========================


📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အင်ဒိုနီးရှားနိူင်ငံမှာ အခက်အခဲဖြစ်နေတဲ့ ရိုဟင်ဂျာတွေကိုလူသားချင်းစာနာတဲ့ လိုအပ်တဲ့အကူအညီတွေပေးဖို့ မေတ္တာရပ်ခံထား


ဒီဇင်ဘာ၂၈ရက်


အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အင်ဒိုနီးရှားနိူင်ငံမှာ အခက်အခဲဖြစ်နေတဲ့ ရိုဟင်ဂျာတွေကိုလူသားချင်းစာနာတဲ့အနေနဲ့ လိုအပ်တဲ့အကူအညီတွေပေးဖို့ မေတ္တာရပ်ခံထားလို့ လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီး ဦးအောင်ကျော်မိုးကဆိုပါတယ်။


ဒီဇင်ဘာ၂၇ရက် ဆိုရှယ်မီဒီယာမှာ အာချေဒေသရောက် ရိုဟင်ဂျာများ အခက်အခဲ ဖြစ်နေတဲ့ရုပ်သံကို လူ့အခွင့်ရေးဆိုင်ရာဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးကသုံးသပ်ပြောကြားထားပါတယ်။


"တစ်ချိန်က ရိုဟင်ဂျာတွေကို လူသားဆန်မှုအပြည့်အဝနဲ့ လက်ခံခဲ့တဲ့ အာချေဒေသခံ ပြည်သူတချို့ က ရိုဟင်ဂျာတွေကို လက်ခံချင်စိတ်ပပျောက်ပြီး အခုလို အမုန်းတရားအပြည့်နဲ့ နှင်ထုတ်လိုတဲ့အထိ စိတ်နေသဘောထားပြောင်းလာပုံက သွေးရိုးသားရိုးတော့ မဖြစ်နိုင်ဘူး။ နိုင်ငံတကာအနေနဲ့ အင်ဒိုနီးရှားအစိုးရကို ဒီအကျပ်တည်းကို ကိုင်တွယ်နိုင်ဖို့ လိုအပ်တဲ့ ပံ့ပို့ကူညီမှုတွေပေးဖို့လိုအပ်ပါတယ်။အိုအိုင်စီနိုင်ငံတွေအနေနဲ့လည်း လိုအပ်တဲ့ကူညီမှုအချိန်မနှောင်းခင်ပေးဖို့လိုအပ်ပါတယ်။ကျနော်တို့အစိုးရအနေနဲ့ လည်း သက်ဆိုင်ရာ Counter parts တွေနဲ့ ချိတ်ဆက်ပြီး လူသားချင်းစာနာတဲ့အနေနဲ့ လိုအပ်တဲ့အကူအညီတွေပေးဖို့ မေတ္တာရပ်ခံထားတာရှိပါတယ်"လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရဟာ လူ့အခွင့်အရေးနဲ့ ရိုဟင်ဂျာအရေးကိုလည်း အဓိကထားကိုင်တွယ်ဖြေရှင်းလျက်ရှိနေပါတယ်။


========================


📌📌 ၄။ ဘက်ပြောင်းခိုလှုံလာသူတွေဟာ မိမိအသက်ကိုသာမက မိမိမိသားစုတွေရဲ့ အနာဂတ်ကိုပါကယ်ဆယ်နိုင်တဲ့ အနေအထားမျိုးဖြစ်တယ်လို့အတွင်းဝန် ဦးနိူင်ထူးအောင်ပြောကြား


ဒီဇင်ဘာ၂၈ရက်


"လက်ရှိတော်လှန်ရေးမှာစခန်းသိမ်း၊မြို့သိမ်းအောင်ပွဲတွေရနေတာကိုဆက်ဆက်တွေ့နေရတာဖြစ်ပါတယ်။ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းတွေဟာ တစ်နေ့တစ်ခြားတိုက်စွမ်းရည်မြင့်လာသလို အဖက်ဖက်ကနေအသာစီးရနေတာကိုတွေ့ရပါတယ်။ဒီအချိန်မှာပဲ စကစတပ်သားတွေဟာ တစ်ဦးချင်းအလိုက်၊တပ်ရင်းအလိုက်အလင်းဝင်လာတာကိုလည်းတွေ့နေရပြီဖြစ်ပါတယ်။ဘက်ပြောင်းခိုလှုံလာသူတွေဟာ မိမိအသက်ကိုသာမကပဲနဲ့ မိမိမိသားစုတွေရဲ့ အနာဂတ်ကိုပါကယ်ဆယ်နိုင်တဲ့အနေအထားမျိုးဖြစ်တယ်"လို့ ဒီဇင်ဘာလအတွင်း NSTမှာ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိူင်ထူးအောင်ကသုံးသပ်ပြောဆိုထားပါတယ်။


လက်ရှိမှာ ၁၀၂၇ စစ်ဆင်ရေးကို ညီနောင်သုံးဖွဲ့ကဆင်နွှဲနေပြီး စကစတပ်များဟာ တပ်ရင်းအလိုက်လက်နက်ချအလင်းဝင်လာမှုလည်းရှိနေပါတယ်။


"မိမိရဲ့အနာဂတ်၊ တိုင်းပြည်ရဲ့အနာဂတ်၊ မိသားစုရဲ့အနာဂတ်တွေ အတွက်ကို ထောက်ရှုပြီးတော့ မှန်တဲ့ဘက်က ရပ်တည်ကြပါ။နိုင်မယ့်ဘက်ကို ရပ်တည်ကြပါ။ပြည်သူနဲ့ တသားတည်းရှိကြပါ လို့ အလေးအနက်တိုက်တွန်းလိုပါတယ်"လို့ အတွင်းဝန် ဦးနိူင်ထူးအောင်ကဆိုပါတယ်။


========================


📌📌 ၅။ ရှမ်းပြည်နယ်မြောက်ပိုင်းကနမ္မတူမြို့ကို TNLAသိမ်းပိုက်ရရှိ


ရှမ်းပြည်နယ် မြောက်ပိုင်းကနမ္မတူမြို့ကို TNLAသိမ်းပိုက်ရရှိပြီလို့ TNLAဘက်ကအတည်ပြုဆိုထားချက်များအရသတင်းရရှိပါတယ်။


ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်အတွင်းက နမ္မတူမြို့နယ်တစ်ခုလုံးကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က အပြီးသတ်သိမ်းပိုက်နိူင်ခဲ့တာဖြစ်ပါတယ်။


ဒီဇင်ဘာ ၂၀ ရက်နေ့တွင် စတင်တိုက်ခိုက်ပြီး ရက်အကြာ ဒီကနေ့မှာတော့ ခမရ-၃၂၄ တပ်စခန်းကို အပြီးသတ်တိုက်ခိုက်ပြီးနောက် တမြို့လုံးကို ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့ PDFInsightကလည်းဖော်ပြပါတယ်။


 ဒီဇင်ဘာလ (၂၇) ရက်နေ့၊ နံနက် () နာရီ (၃၀) မိနစ်အချိန်ခန့်တွင် တအာင်းပြည်နယ်၊ တပ်မဟာ () စစ်ဒေသ၊ နမ္မတူမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် တအာင်းတပ်မတော် (TNLA) တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့် () ကြိမ်၊ Mi-35 ဖြင့် () ကြိမ်၊ Y12 ဖြင့် () ကြိမ်နှင့် ဗုံး (၇၈) လုံး လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLAကအသိပေးထုတ်ပြန်ခဲ့ပါတယ်။


ခမရ-၃၂၄ တပ်စခန်းကို သိမ်းပိုက်ပြီးနောက် လက်နက်ခဲယမ်းများအပြင် စကစရဲ့ယာဥ်များပါသိမ်းပိုက်ရရှိခဲ့ပါတယ်။


========================


📌📌 ၆။ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံရာဒေသအတွင်း စခန်းချထားသည့် စကစနှင့်ပျူစခန်း ၅ခုကို ဒရုန်းများနဲ့တိုက်ခိုက်


ဒီဇင်ဘာ၂၈ရက်


ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံရာဒေသအတွင်း စခန်းချထားသည့် စကစနှင့်ပျူစခန်း ၅ခုကို ဒရုန်းများနဲ့တိုက်ခိုက်ခဲ့ကြောင်းကို ဒီဇင်ဘာ၂၈ရက်တွင် စစ်ရေးသတင်းကို ကျောက်ဆည်ခရိုင် တပ်ရင်း (နဂါးနီတပ်ရင်း)ကအတည်ပြုပါတယ်။


"ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံရာဒေသအတွင်း စခန်းချထားသည့် စကစနှင့်ပျူစခန်း ၅ခုကို ကျောက်ဆည်ခရိုင် တပ်ရင်း (နဂါးနီတပ်ရင်း) အမှတ် ၁၈၄၄ ကျောက်ဆည်ခရိုင် ဒရုန်းတပ်ရင်း နှင့် Lightning  Drone Force (မိတ္ထလာ)တို့ပူးပေါင်းပြီး Drone စစ်ဆင်ရေးတစ်ခုကို ယခုလ ၂၁ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ လုပ်ဆောင်ခဲ့တယ်"လို့ဆိုပါတယ်။


မန္တလေးတိုင်း မြင်းခြံမြို့နယ် တလုပ်မြို့အဝင် စကစစစ်ဆေးရေးဂိတ်နှင့် စကစတည်းခိုရာနေအိမ်တစ်လုံးကိုဒီဇင်ဘာ၂၄ ရက်နေ့က ၇၀ မမ Drone ဗုံးသီး ၄လုံးကြဲချခဲ့ပါတယ်။


ထို့အတူမြင်းခြံမြို့နယ်ကို ဧရာဝတီမြစ်ကမ်းအနေ ကာထားသည့် ကာကင်းရွာများထဲက ပျူအင်အားအများဆုံးရွာဖြစ်သည့် ညောင်တိုရွာကို ဒီဇင်ဘာ၂၁ ရက်နေ့က Drone ဗုံးသီး ၇၀ မမ ၂၄ လုံး ကြဲချခဲ့ပါတယ်။


 ရေစကြိုမြို့ပေါ်ရှိ စကစနှင့် ပျူစခန်း ကို ဗုံးသီး လုံး ချခဲ့ပြီးစစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်း စကစနှင့်ပျူ အင်အားအများဆုံးအထိုင်ချထားသည့် ကျောက်ရစ်ကျေးရွာကို ယခုလ ၂၄ ရက်နေ့က Drone ဗုံးသီး ၂၀ လုံး ချခဲ့ကာကျောက်ရစ်စခန်းကနေ ရွှေတချောင်းရွာသို့ စစ်ကြောင်းထွက်လာသည့် စကစနှင့်ပျူ အင်အား ၅၀ ခန့်ကိုလည်း ယခုလ ၂၃ ရက်နေ့က Drone ဗုံးသီး လုံး ကြဲချခဲ့ပါတယ်။


ရက်ကြာပြုလုပ်ခဲ့သည့် အဆိုပါစစ်ဆင်ရေးတွင် ၇၀ မမ Drone ဗုံးသီး ၅၈ လုံး ကြဲချခဲ့ပြီး စကစ  ၁၉ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာ ၂၀ ဦးခန့်ဆေးကုသခံနေရကြောင်းသိရပါတယ်။


========================


📌📌 ၇။ “Federal Net” ကမ်ပိန်းမှာ  နိုင်ငံအလိုက် ထောက်ပို့ပါဝင်ထားမှုအရ အမေရိကန်၊ စင်ကာပူနဲ့မြန်မာတို့မှာ ရှေ့ပြေးအများဆုံးပါဝင်နေ


ဒီဇင်ဘာ၂၈ရက်


“Federal Net” ကမ်ပိန်းမှာ  နိုင်ငံအလိုက် ထောက်ပို့ပါဝင်ထားမှုအရ အမေရိကန်၊ စင်ကာပူနဲ့မြန်မာတို့မှာ ရှေ့ပြေးအများဆုံးပါဝင်နေတယ်လို့သတင်းရရှိပါတယ်။


“Federal Net” ကမ်ပိန်းရဲ့ လက်ရှိရန်ပုံငွေကောက်ခံရရှိထားတဲ့ ရာခိုင်နှုန်းနဲ့ နိုင်ငံအလိုက် ထောက်ပို့ပါဝင်ထားတဲ့ စာရင်းကို ဖော်ပြလိုက်ပါတယ်။ ကမ်ပိန်းကာလကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့အထိ သတ်မှတ်ထားပါတယ်။ ကမ်ပိန်း ပြီးဆုံးဖို့ (၁၄)ရက် ကျန်ပါသေးတယ်။ လိုနေသေးတဲ့  [𝟯𝟮.𝟳%] ရာခိုင်နှုန်းကို မင်္ဂလာရှိတဲ့ နှစ်သစ်မှာ 𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭 ပရောဂျက် အမြန်ဆုံး အကောင်အထည်ဖော်နိုင်စေဖို့ "တစ်ယောက်တစ်လက် ဝိုင်းလို့ဆက် ထောက်ပို့ကွန်ရက် ပြည်သူ့အတွက်ဆိုသလိုပဲ တို့ပြည်သူတွေက ဝိုင်းဝန်းထောက်ပို့ ကူညီကြပါစို့"လို့ ဒီဇင်ဘာ၂၈ရက် Federal Net” ကမ်ပိန်းကတရားဝင်အသိပေးဆိုပါတယ်။


Federal Net” ကမ်ပိန်းမှာ  နိုင်ငံအလိုက် ထောက်ပို့ပါဝင်ထားမှုအရ အမေရိကန် ဒေါ်လာ (၁၄,၉၂၇ )ဒေါ်လာ၊ စင်ကာပူ( ,၉၇၄.၈၅)ဒေါ်လာ၊ မြန်မာ( ,၁၂၁.၂၇)ဒေါ်လာတို့ပါဝင်ထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက မြို့နယ် ၅မြို့နယ်တွင် အင်တာနက်တိုးချဲ့တပ်ဆင်နိုင်ရန် ရည်ရွယ်၍  "Fedral Net Campaign"လုပ်ဆောင်နေတာဖြစ်ပါတယ်။


Federal Net Campaign ရဲ့ကနဦးတည်ဆောက်ဖို့ လိုအပ်ချက်ဖြစ်တဲ့မြို့နယ် () မြို့နယ်အတွက် အမေရိကန် ဒေါ်လာ (.) သိန်းလိုအပ်မှာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီးဟန်မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment