2nd DEC 2023 - Morning Daily News by Radio NUG



၂၀၂၃ ဒီဇင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။လူသားစာနာအကူအညီတွေ ထိထိရောက်ရောက်ပေးနိုင်ဖို့အတွက် သတင်းအချက်အလက်တွေ လုံလုံခြုံခြုံနဲ့ အချိန်မီရရှိနိုင်ဖို့ ဆက်သွယ်ရေးက အလွန်အရေးကြီး‌တယ်"လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား

📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် တက်ရောက်ဆွေးနွေး

📌 ၃။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ ခရိုင်၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယဝန်ကြီး ခူးထဲဘူးတက်ရောက်

📌 ၄။ ပညာရေးစုံညီပွဲတော်အခမ်းအနား တနင်္သာရီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတက်ရောက်

📌 ၅။ နိုင်ရာဝန်ထမ်းကာ ရင်းနှီးမြှပ်နှံခဲ့ကြသော ပြည်သူများ၏ ခွန်အားကြောင့် အစုရှယ်ယာ ရောင်းချငွေ စုစုပေါင်း 12 Million နီးပါး အထိ ရရှိနေကြောင်း နွေဦးဖွံဖြိုးရေးဘဏ်အသိပေး

📌 ၆။ တပ်မဟာ၆ ဦးစီးပူးပေါင်းတပ် ကော့ကရိတ်မြို့အနီးရှိ ကော့နွဲ့စခန်းအားသိမ်းဆည်းရမိထားတယ်လို့ KNLAအသိပေး

📌 ၇။ ကုန်းကြမ်းစခန်းသိမ်းတိုက်ပွဲတွင်စစ်ကောင်စီ အရှေ့မြောက်တိုင်းစစ်ဌာနမှခလရ(၁၂၅)တပ်ရင်းတစ်ရင်းလုံး အလံဖြူမြှောက်ပြီး လက်နက်ချ အရှုံးခံခဲ့ပြီး အမြှောက်ကြီးများသိမ်းဆည်းရမိခဲ့

📌 ၈။ လွိုင်ကော်မြို့ရှိ စစ်ကောင်စီ တပ်စွဲထားသည့်နေရာများကို ဒရုန်း ဖြင့် တိုက်ခိုက်ချေမှုန်းခဲ့ပြီး ခလရ - ၅၄ တပ်တွင်းရှိ လက်နက်ခဲယမ်းတိုက်ကိုပါ ဖျက်ဆီးခဲ့

📌 ၉။ ရွှေပြည်အေးမြို့အား သိမ်းပိုက်ထိန်းချုပ်သည့်အချိန်မှစပြီးအကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးအပါအဝင်လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။လူသားစာနာအကူအညီတွေ ထိထိရောက်ရောက်ပေးနိုင်ဖို့အတွက် သတင်းအချက်အလက်တွေ လုံလုံခြုံခြုံနဲ့ အချိန်မီရရှိနိုင်ဖို့ ဆက်သွယ်ရေးက အလွန်အရေးကြီး‌တယ်"လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား


ဒီဇင်ဘာလ ရက်။

လူသားစာနာအကူအညီတွေ ထိထိရောက်ရောက်ပေးနိုင်ဖို့အတွက် သတင်းအချက်အလက်တွေ လုံလုံခြုံခြုံနဲ့ အချိန်မီရရှိနိုင်ဖို့ ဆက်သွယ်ရေးက အလွန်အရေးကြီး‌တယ်"လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြားလိုက်ပါတယ်။


လူသားစာနာအကူအညီတွေ ထိထိရောက်ရောက်ပေးနိုင်ဖို့အတွက် သတင်းအချက်အလက်တွေ လုံလုံခြုံခြုံနဲ့ အချိန်မီရရှိပြီး ပြည်သူတွေကို ကူညီနိုင်ဖို့၊ ဝန်ဆောင်မှုလုပ်ငန်းတွေကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ ဆက်သွယ်ရေးက အလွန်အရေးကြီး‌ပါတယ်လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက မြို့နယ် ၅မြို့နယ်တွင် အင်တာနက်တိုးချဲ့တပ်ဆင်နိုင်ရန် ရည်ရွယ်၍  "Fedral Net Campaign"လုပ်ဆောင်နေတယ်လို့သတင်းရရှိပါတယ်။


အဆိုပါကမ်းပိန်းကို ၁လသတ်မှတ်ထားပြီး နိုင်ငံတကာ Fundraisers များမှတဆင့် ပါဝင်ကူညီနိုင်မှာဖြစ်သလို ဝန်ကြီးဌာနရဲ့ ဆိုရှယ်မီဒီယာ link တွင်လည်း ကိုယ်တိုင်ဝင်ရောက်ကူညီလို့ရပြီဖြစ်ပါတယ်။


Federal Net Campaign ရဲ့ကနဦးတည်ဆောက်ဖို့ လိုအပ်ချက်ဖြစ်တဲ့မြို့နယ် () မြို့နယ်အတွက် အမေရိကန် ဒေါ်လာ (.) သိန်းလိုအပ်မှာဖြစ်ပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် တက်ရောက်ဆွေးနွေး


ဒီဇင်ဘာလ  ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၄၈/၂၀၂၃)ကို ဒီဇင်ဘာ၁ရက်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ အဖွဲ့ဝင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်၍ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများအပေါ်  သိရှိလိုသည်များကို မေးမြန်း‌ဆွေးနွေးခဲ့ကြ၍ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ ခရိုင်၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယဝန်ကြီး ခူးထဲဘူးတက်ရောက်


ဒီဇင်ဘာ   ရက်။

ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ များ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေးကိုဒီဇင်ဘာ၁ရက် မနက် (၁၀:၀၀) နာရီအချိန်တွင်ကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ဒုတိယပြည်ထောင်စုဝန်ကြီး ခူးထဲဘူးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။


ဆက်လက်၍  ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ လုပ်ငန်းဆောင်ရွက်များအပေါ် ရှင်းလင်းပြောကြားခဲ့ပြီး၊ တက်ရောက်လာသော ခရိုင်၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ လုပ်ငန်း ဆောင်ရွက်ချက်များ၊ အခက်အခဲများကို မေးမြန်းဆွေးနွေးကြကာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပါတယ်။


အစည်းအဝေးသို့  ဒုတိယဝန်ကြီး ခူးထဲဘူးမှ ဦးဆောင်ကာ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းခရိုင်၊ မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့များမှ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ ပညာရေးစုံညီပွဲတော်အခမ်းအနား တနင်္သာရီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတက်ရောက်


ဒီဇင်ဘာလ ၁ရက်။

ပညာရေးစုံညီပွဲတော်အခမ်းအနား တနင်္သာရီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတက်ရောက်ခဲ့ပါတယ်။


တနင်္သာရီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အုပ်ချုပ်မှုနယ်မြေအတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ တနင်္သာရီမြို့နယ်ပညာရေးဘုတ်အဖွဲ့မှ စီမံခန့်ခွဲလျက်ရှိသော ခေတ်သစ်နွေဦးပြည်သူ့အခြေပြုကျောင်း ပညာရေးစုံညီပွဲတော် အခမ်းအနားသို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများမှ တက်ရောက်ချီးမြှင့်ခဲ့တယ်လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရဟာ ကြားကာလပညာသင်ကြားရေးကို စိုးမိုးနယ်မြေများနှင့် အွန်လိုင်းသင်ကြားရေးများတွင်အကောင်အထည် ဖော်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၅။ နိုင်ရာဝန်ထမ်းကာ ရင်းနှီးမြှပ်နှံခဲ့ကြသော ပြည်သူများ၏ ခွန်အားကြောင့် အစုရှယ်ယာ ရောင်းချငွေ စုစုပေါင်း 12 Million နီးပါး အထိ ရရှိနေကြောင်း နွေဦးဖွံဖြိုးရေးဘဏ်အသိပေး


ဒီဇင်ဘာလ ၁ရက်။

နိုင်ရာဝန်ထမ်းကာ ရင်းနှီးမြှပ်နှံခဲ့ကြသော ပြည်သူများ၏ ခွန်အားကြောင့် အစုရှယ်ယာ ရောင်းချငွေ စုစုပေါင်း 12 Million နီးပါး အထိ ရရှိနေကြောင်း နွေဦးဖွံဖြိုးရေးဘဏ်မှ အသိပေးကြေညာပါတယ်။


"တော်လှန်စိတ်ပြင်းပြပြီး တိုင်းပြည်အနာဂတ်အတွက် နိုင်ရာဝန်ထမ်းကာ ရင်းနှီးမြှပ်နှံခဲ့ကြသော ပြည်သူများ၏ ခွန်အားကြောင့် အစုရှယ်ယာ ရောင်းချငွေ စုစုပေါင်း 12 Million နီးပါးအထိ ရရှိနေပါတယ်။ Application မှ တိုက်ရိုက်ရောင်းချထားသော အစုရှယ်ယာ တိုကင်များအား သက်ဆိုင်ရာ အကောင့်များထံသို့ ခွဲဝေပို့ဆောင်ပြီး ဖြစ်ပါတယ်"လို့ဆိုပါတယ်။


အစုရှယ်ယာ တိုကင်ရောင်းချမှုသည် နိုဝင်ဘာလ ၂၇ ရက်တွင် ပြီးဆုံးသွားသော်လည်း Relationship Manager များအတွက်မူ စာရင်းကိုက်ညှိခြင်း၊ မဖြည့်ရသေးသော အစုရှယ်ယာ အမှာစာများ ဖြည့်ရန်နှင့် စာရင်းအမှားများရှိပါက ပြင်ဆင်ချိန်ရရန် အတွက် RM System အား  ဒီဇင်ဘာ ရက်နေ့ မြန်မာစံတော်ချိန် ၁၂ နာရီအထိ ဖွင့်ထားပေးမှာဖြစ်တယ်လို့သိရပါတယ်။


ထို့ကြောင့် RM များမှ တဆင့် ဝယ်ယူသူများ အားလုံးအား ဒီဇင်ဘာ ရက် နောက်ပိုင်းမှ စတင်၍ အစုရှယ်ယာတိုကင်များအား ခွဲဝေပို့ဆောင်သွားမယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၆။ တပ်မဟာ၆ ဦးစီးပူးပေါင်းတပ် ကော့ကရိတ်မြို့အနီးရှိ ကော့နွဲ့စခန်းအားသိမ်းဆည်းရမိထားတယ်လို့ KNLAအသိပေး


ဒီဇင်ဘာလ ၁ရက်။

တပ်မဟာ၆ဦးစီးပူးပေါင်းတပ်မှ ကော့ကရိတ်မြို့အနီးရှိကော့နွဲ့စခန်းအားသိမ်းဆည်းရမိထားတယ်လို့  KNLA GHQကအသိပေးဆိုထားပါတယ်။


"ဒီဇင်ဘာ၁ရက် မနက်တပ်မဟာ၆ဦးစီးပူးပေါင်းတပ်မှ ကော့ကရိတ်မြို့အနီးရှိကော့နွဲ့စခန်းအားသိမ်းဆည်းရမိပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပါတယ်"လို့ဆိုပါတယ်။


ကော့ကရိတ်မြို့ အထွက်နေရာနဲ့ မြိုတွင်းနေရာများမှာ ဒီဇင်ဘာ၁ရက် မနက်ပိုင်းကတည်းက မြို့တွင်းတိုက်ပွဲများ ဖြစ်ပွားလျက်ရှိတယ်လို့ဒေသခံများကအတည်ပြုဆိုထားပါတယ်။


========================


📌📌 ၇။ ကုန်းကြမ်းစခန်းသိမ်းတိုက်ပွဲတွင်စစ်ကောင်စီ အရှေ့မြောက်တိုင်းစစ်ဌာနမှခလရ(၁၂၅)တပ်ရင်းတစ်ရင်းလုံး အလံဖြူမြှောက်ပြီး လက်နက်ချ အရှုံးခံခဲ့ပြီး အမြှောက်ကြီးများသိမ်းဆည်းရမိခဲ့


ဒီဇင်ဘာလ ၁ရက်။

ကုန်းကြမ်းစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ အရှေ့မြောက်တိုင်းစစ်ဌာနမှ ခလရ(၁၂၅)တပ်ရင်းတစ်ရင်းလုံး အလံဖြူမြှောက်ပြီး လက်နက်ချ အရှုံးခံခဲ့ပြီး အမြှောက်ကြီးများသိမ်းဆည်းရမိခဲ့ပါတယ်။


ဒီဇင်ဘာ၁ရက်နေ့မှာ MNDAAက ကုန်းကြမ်းစခန်းသိမ်းတိုက်ပွဲ၏ အသေးစိတ် အခြေအနေနှင့် သိမ်းဆည်းရရှိသောလက်နက်များကို ဖော်ပြအသိပေးထားပါတယ်။


"နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် စေတီကြီးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကုန်းကြမ်းတပ်စခန်းကြီးကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးMNDAA () ရက်တိုင်တိုင်အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကုန်းကြမ်းတပ်စခန်းကြီးကို အောင်မြင်စွာအပြတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။


၎င်းတပ်စခန်းတပ်စွဲထားသော စစ်ကောင်စီ အရှေ့မြောက်တိုင်းစစ်ဌာနမှ ခလရ(၁၂၅)တစ်ရင်းလုံးသည် အလံဖြူမြှောက်ပြီး လက်နက်ချ အရှုံးခံခဲ့ပြီးတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ (၁၀)ယောက်ခန့်သေဆုံးခဲ့ပါတယ်။


ကုန်းကြမ်းတပ်စခန်းမှ လက်နက်ချသူနှင့် ဖမ်းဆီးခံရသူများ (စစ်မိသားစု)အပါအဝင် စုစုပေါင်း (၂၇၂)ယောက်ထက်မကရှိခဲ့ကာ အသေးစိတ်ကို ဆက်လက်၍ပြုစု နေတယ်လို့ဆိုပါတယ်။


MNDAAမှ ကုန်းကြမ်းတပ်စခန်းကြီးတွင် သိမ်းဆည်းရရှိသောလက်နက်များ ၇၆ မမအမြောက်ကြီး ()လက် ၆၀ မမ မှ ၁၂၀ မမ စိန်ပြောင်းအမြောက်အများ နောက်ပွင့်စိန်ပြောင်း() လက် စက်သေနတ်ကြီးနှင့် ရိုင်ဖယ်အချို့များကို သိမ်းဆည်းရရှိခဲ့ပါတယ်။


========================


📌📌 ၈။ လွိုင်ကော်မြို့ရှိ စစ်ကောင်စီ တပ်စွဲထားသည့်နေရာများကို ဒရုန်း ဖြင့် တိုက်ခိုက်ချေမှုန်းခဲ့ပြီး ခလရ - ၅၄ တပ်တွင်းရှိ လက်နက်ခဲယမ်းတိုက်ကိုပါ ဖျက်ဆီးခဲ့


ဒီဇင်ဘာလ ၁ရက်။

လွိုင်ကော်မြို့ရှိ စစ်ကောင်စီ တပ်စွဲထားသည့်နေရာများကို ဒရုန်း ဖြင့် တိုက်ခိုက်ချေမှုန်းခဲ့ပြီး ခလရ - ၅၄ တပ်တွင်းရှိ လက်နက်ခဲယမ်းတိုက်ကိုပါ ဖျက်ဆီးခဲ့တယ်လို့ Loikaw PDF X Falcon ကစစ်ရေးသတင်းကိုအတည်ပြုပါတယ်။


"1111 Operation / ၂၁ ရက်နေ့မြောက်တွင် မိမိတို့ Loikaw PDF နှင့် Falcon Wings တို့သည် လွိုင်ကော်မြို့ရှိ စစ်ကောင်စီ တပ်စွဲထားသည့် နေရာများကို ဒရုန်းဖြင့် တိုက်ခိုက်ချေမှုန်းခဲ့ပြီး ခလရ - ၅၄ တပ်တွင်းရှိ လက်နက်ခဲယမ်းတိုက်ကိုပါ ဖျက်ဆီးခဲ့တယ်"လို့ဆိုပါတယ်။


 1111 Operartion စတင်ချိန်မှ ယနေ့ထိ မဟာမိတ်တပ်ပေါင်းစုနှင့်အတူ ဦးလည်မသုန် ပါဝင်နေပြီး အကြမ်းဖက်စစ်ကောင်စီ ကရင်နီတွင် အမြစ်ပြတ်တောက်ရေးကို မြေပြင် ဝေဟင် အဆက်မပြတ် ဆင်နွှဲလျက်ရှိတယ်လို့ဆိုပါတယ်။


အကြမ်းဖက်စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် အရပ်သားများ ထိခိုက်လျက်ရှိနေပြီး ပြည်သူများ လွိုင်ကော်မြို့သို့ ပြန်လည်ဝင်ရောက်ခြင်း မပြုကြသေးရန်မေတ္တာရပ်ခံထားပါတယ်။


========================


📌📌 ၉။ ရွှေပြည်အေးမြို့အား သိမ်းပိုက်ထိန်းချုပ်သည့်အချိန်မှစပြီးအကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးအပါအဝင်လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်


ဒီဇင်ဘာလ ၁ရက်။

ရွှေပြည်အေးမြို့အား သိမ်းပိုက်ထိန်းချုပ်သည့်အချိန်မှစပြီး အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးအပါအဝင်လေကြောင်းမှပစ်ခတ်တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။


ဒီဇင်ဘာ၁ရက် စကစတပ်ရဲ့လုပ်ရပ်များကို ခန္တီးခရိုင်အမှတ်၂တပ်ရင်းHPDFကအသိပေးဆိုပါတယ်။


"ရွှေပြည်အေးမြို့အား သိမ်းပိုက်ထိန်းချုပ်သည့်အချိန်မှစပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီမှ ချင်းတွင်းမြစ်တစ်ဖက်ကမ်းမှနေ၍ MA-8 (81mm extended range mortar) နှစ်ပြောင်းဖြင့်လည်းကောင်း၊ Mi2 အပေါ်မှ 81mm, 60mm ဗုံးသီးများဖြင့်လည်းကောင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နောင်ဆန်းကျင်၊ ဇီးပင်သာ၊ မယ်ဇလီ ကျေးရွာများသို့ ဒီဇင်ဘာ ၁ရက်နေ့အချိန်အထိ နေ့စဥ်ရက်ဆက် ပစ်ခတ်ကြဲချလျက်ရှိတယ်"လို့ဆိုပါတယ်။


ထို့အပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နောင်ဆန်းကျင်ကျေးရွာ ရှိ ဘုန်းကြီးကျောင်း အား အကြမ်းဖက်စစ်ကောင်စီမှ Jet Fighter ဖြင့် ၂၈ နိုဝင်ဘာ တွင် ပေါင် ၅၀၀ ဗုံးသီး တစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment