30th DEC 2023 - Morning Daily News by Radio NUG


၂၀၂၃ ဒီဇင်ဘာလ ၃၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်

📌 ၂။ KNDF ဗဟို facebook page hack ခံလိုက်ရသောကြောင့် ဆက်သွယ်ပြီး လှူဒါန်းမှုများမလုပ်ရန် အသိပေး

📌 ၃။ စစ်ကောင်စီတပ်မ(၉၉)မှ စစ်မြေပြင်တွင် ဒဏ်ရာရလူနာကို စွန့်လွှတ်ခဲ့သော်လည်း MNDAAမှ ကယ်ဆယ်ကုသပေး

📌 ၄။ ရေနံချောင်းမြို့နယ်၊ ကုက္ကိုခွကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များအား မကွေးခရိုင်၊အမှတ်()တပ်ရင်းနှင့် မဟာမိတ်ပူးပေါင်းတပ်များက  အနီးကပ်ပျောက်ကြားတိုက်ခိုက်မှုကြောင့် စကစတပ်သား ၁၇ဦးသေဆုံး

📌 ၅။ တမူးမြို့နယ်တွင် စကစတပ်များကို ချုံခိုတိုက်ခိုက်ခဲ့၍ ရန်သူ့ဘက်မှ  () ဦး သေဆုံးပြီး လက်နက်ငယ် () လက် သိမ်းဆည်းရမိ

📌 ၆။ မြိတ်မြို့နယ် တဂံကျေးရွာရှိ ငွေကြေးကောက်ခံလျှက်ရှိသော "တိုးဂိတ်"အား ကာကွယ်ရေးတပ်များဝင်ရောက်စီးနင်း

📌 ၇။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၂၇၃) ဦး ရှိခဲ့ပြီဖြစ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်


ဒီဇင်ဘာလ ၂၉ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၅၆/၂၀၂၃)ကို ဒီဇင်ဘာလ၂၉ရက်က ကျင်းပခဲ့ပါတယ်။


အစည်းအဝေးမှာ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊အဖွဲ့ဝင်၊  လူသားချင်းစာနာ‌ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ‌ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ကာအဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်၍ ဝန်ကြီးဌာနများမှ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများအပေါ်  သိရှိလိုသည်များကို မေးမြန်း‌ဆွေးနွေးခဲ့ကြ၍ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ KNDF ဗဟို facebook page hack ခံလိုက်ရသောကြောင့် ဆက်သွယ်ပြီး လှူဒါန်းမှုများမလုပ်ရန် အသိပေး


ဒီဇင်ဘာလ၂၉ရက်။

KNDF ဗဟို facebook page hack ခံလိုက်ရသောကြောင့် ဆက်သွယ်ပြီး လှူဒါန်းမှုများမလုပ်ရန် အသိပေးဆိုထားပါတယ်။


KNDF ဗဟို facebook page သည် ဒီဇင်ဘာလ  ၂၆ ရက်နေ့တွင် hack ခံလိုက်ရသောကြောင့်  လတ်တလောတွင် သတင်းထုတ်ပြန်ခြင်းများ မပြုလုပ်နိုင်သေးဘဲ ပြန်လည် အဆင်ပြေပါက ပြည်သူအား အသိပေးသွားမည်ဖြစ်ပြီး လတ်တလောတွင် KNDF ဗဟို  page သို့ ဆက်သွယ်ပြီး လှူဒါန်းမှုများမလုပ်ကြသေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်လို့ဖော်ပြပါတယ်။


လက်ရှိတွင် စကစတပ်လော်ဘီနှင့် တပ်ထောက်ခံသူများက တော်လှန်တော်လှန်ရေးလူမှုကွန်ရက်စာမျက်နှာများကို တိုက်ခိုက်မှုများလည်းရှိနေပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီတပ်မ(၉၉)မှ စစ်မြေပြင်တွင် ဒဏ်ရာရလူနာကို စွန့်လွှတ်ခဲ့သော်လည်း MNDAAမှ ကယ်ဆယ်ကုသပေး


ဒီဇင်ဘာလ ၂၉ရက်။

စစ်ကောင်စီတပ်မ(၉၉)မှ စစ်မြေပြင်တွင်ဒဏ်ရာရလူနာကို စွန့်လွှတ်ခဲ့သော်လည်း MNDAAမှ ကယ်ဆယ်ကုသပေးခဲ့ပါတယ်။


ဒီဇင်ဘာလ ၁၄ ရက်နေ့ စစ်ကောင်စီတပ်မ(၉၉)လက်အောက်ခံတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့တို့ မုံးကိုး ခရိုင် နန်ခုန့်ဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီသည် အထိနာသွားပြီး စစ်မြေပြင်မှ စွန့်ခွာချိန်တွင် စစ်ကောင်စီ တပ်သားတစ်ယောက်သည် ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိကာ  စစ်မြေပြင်တွင် စွန့်လွှတ် ကျန်ရစ်ခဲ့တယ်လို့ဆိုပါတယ်။


ဒီဇင်ဘာလ ၂၁ ရက်နေ့အချိန်ထိ ရက်ပေါင်းများစွာ အစာငတ်ခံရသော စစ်ကောင်စီ၏ ဒဏ်ရာရ တပ်သားသည်ကို MNDAAကတွေ့ရှိပြီး ဆေးကုသပေးခဲ့ပါတယ်။


ထိုတပ်သားမှာ ခင်မောင်အိုက် ၊အသက်(၄၂) နှစ် စစ်ကောင်စီတပ်မ(၉၉)လက်အောက်အထူးတပ်ရင်း(၁၅)တွင် တာဝန်ထမ်းဆောင်သော ဆေးတပ်သားတစ်ဦး ဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၄။ ရေနံချောင်းမြို့နယ်၊ ကုက္ကိုခွကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များအား မကွေးခရိုင်၊အမှတ်()တပ်ရင်းနှင့် မဟာမိတ်ပူးပေါင်းတပ်များက  အနီးကပ်ပျောက်ကြားတိုက်ခိုက်မှုကြောင့် စကစတပ်သား ၁၇ဦးသေဆုံး


ဒီဇင်ဘာလ၂၉ရက်။

ရေနံချောင်းမြို့နယ်၊ ကုက္ကိုခွကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်များအား မကွေးခရိုင်၊ အမှတ်()တပ်ရင်းနှင့် မဟာမိတ်ပူးပေါင်းတပ်များက  အနီးကပ်ပျောက်ကြားတိုက်ခိုက်မှုကြောင့် စကစတပ်သား ၁၇ဦးသေဆုံးခဲ့တယ်လို့ မကွေးခရိုင်၊ အမှတ်()တပ်ရင်းက ဒီဇင်ဘာ၂၉ရက်မှာ အတည်ပြုဆိုပါတယ်။


"ဒီဇင်ဘာလ ၂၇ရက် မနက်၄နာရီတွင် ရေနံချောင်းမြို့နယ်၊ ကုက္ကိုခွကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်များအား မကွေးခရိုင်၊ အမှတ်()တပ်ရင်းနှင့် မဟာမိတ်ပူးပေါင်းတပ်များက အထူးစစ်ဆင်ရေးတစ်ရပ်အနေဖြင့် သွားရောက်တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


 အနီးကပ်ပျောက်ကြားတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ အထိနာပြီး စကစတပ်သား ၁၇ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။


တိုက်ပွဲကြာမြင့်ချိန် ၂နာရီခန့်ကြာမြင့်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုကြောင့် ပူးပေါင်းတပ်မှ ရဲဘော်တစ်ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပါတယ်။


တိုက်ပွဲအချိန်ကြာမြင့်ခြင်း၊ ကျည်လုံလောက်မှုမရှိခြင်းတို့ကြောင့် စစ်ကောင်စီတပ်များအား အပြီးသတ်ချေမှုန်းနိုင်ခြင်းမရှိဘဲ ပူးပေါင်းတပ်များ ဆုတ်ခွာခဲ့ရပါတယ်။


========================


📌📌 ၅။ တမူးမြို့နယ်တွင် စကစတပ်များကို ချုံခိုတိုက်ခိုက်ခဲ့၍ ရန်သူ့ဘက်မှ  () ဦး သေဆုံးပြီး လက်နက်ငယ် () လက် သိမ်းဆည်းရမိ


ဒီဇင်ဘာလ ၂၉ရက်။

တမူးမြို့နယ်တွင် စကစတပ်များကို ချုံခိုတိုက်ခိုက်ခဲ့၍ ရန်သူ့ဘက်မှ  () ဦး သေဆုံးပြီး လက်နက်ငယ် () လက် သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ် ၁စစ်ဒေသက ဒီဇင်ဘာ၂၉ရက်မှာ အတည်ပြုဆိုပါတယ်။


"တမူးမြို့နယ်၊ အောင်ဇေယျ ဟုမ္မလင်းလမ်း၌ ဗမဝင်းမင်းထွန်း (ဒု-တပ်ရင်းမှူး) ဦးစီးသော ခမရ-၃၀၉၊ SNA နှင့် ပျူစောထီး ပူးပေါင်းအင်အား (၃၅) ဦးအား မိမိတို့ အထူးလှုပ်ရှား တပ်ရင်းနှင့် KNA(B) ပူးပေါင်းအဖွဲ့တို့မှ ဒီဇင်ဘာလ (၂၆) ရက်တွင် ချုံခိုတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


ထိတွေ့တိုက်ပွဲတွင်း ရန်သူ့ဘက်မှ  () ဦး သေဆုံးပြီး () ဦး ထိခိုက်ဒဏ်ရာရ၍ လက်နက်ငယ် () လက်၊ ဗုံးသီး (၃၁) လုံး၊ ကျည်မျိုးစုံ (၂၃၀၀) ကျော် သိမ်းဆည်းရမိတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၆။ မြိတ်မြို့နယ် တဂံကျေးရွာရှိ ငွေကြေးကောက်ခံလျှက်ရှိသော "တိုးဂိတ်"အား ကာကွယ်ရေးတပ်များဝင်ရောက်စီးနင်း


ဒီဇင်ဘာလ၂၉ရက်။

ဒီဇင်ဘာ ၂၈ ရက် (၁၂)နာရီ အချိန် မြိတ်မြို့နယ် တဂံကျေးရွာရှိ ငွေကြေးကောက်ခံလျှက်ရှိသော "တိုးဂိတ်"အား တောဗုံးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ (တနင်္သာရီ-ပကဖ)ကျွန်းစု-ပကဖ၊ အရိပ်ပြောက်ကျားအဖွဲ့(ပုလော-ပကဖ)အဖွဲ့နှင့် တိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်းကာ ဝင်ရောက်စီးနင်းခဲ့တယ်လို့အတည်ပြုပါတယ်။


၎င်းတိုးဂိတ်အား ဝင်ရောက်စီးနင်းရာ စစ်ကောင်စီအဖွဲ့ဝင်တစ်ဦး ထွက်ပြေးလွတ်မြှောက်သွားပြီး ဦး ဖမ်းဆီးရမိခဲ့ကာ ဖမ်းဆီးရမိသော တိုးဂိတ်စောင့် စကစ အဖွဲ့ဝင်များအား လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ပြီး ၎င်းတို့ ပိုင်ဆိုင်သော ပစ္စည်းများနှင့်တကွ ပြန်လည်လွတ်ပေးခဲ့တယ်လို့ဆိုပါတယ်။


ဒေသခံပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြရန်၊ အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးဆိုင်ရာကိစ္စများတွင် ပါဝင်ခြင်းမပြုကြရန် မိမိတို့ တော်လှန်ရေးအင်အားစုများမှ အလေးအနက်တောင်းဆိုပြီး ပူးပေါင်းဆောင်ရွက်နေကြသည့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်၊ အုပ်ချုပ်ရေးပစ်မှတ်များကို ထိရောက်စွာ အရေးယူဆောင်ရွက်မယ်လို့ဆိုပါတယ်။


========================


📌📌 ၇။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၂၇၃) ဦး ရှိခဲ့ပြီဖြစ်


ဒီဇင်ဘာလ၂၉ရက်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၂၇၃) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ဆိုပါတယ်။


အေအေပီပီအနေဖြင့် အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၇၀၀) ဝန်းကျင်စာရင်းကိုလည်း သီးခြားပြုစုထားတယ်လို့ဖော်ပြပါတယ်။


ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၅၆၅၆) ဦးရှိပြီး ထိုအထဲမှ (၁၉၈၅၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈၄၂၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment