31st DEC 2023 - Evening Daily News by Radio NUG

 


၂၀၂၃ ဒီဇင်င်ဘာလ ၃၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အင်တာနက် ဖြတ်တောက်ခံထားရတဲ့ နေရာအချို့မှာ ပြည်သူလူထုက Federal Net စတင်သုံးစွဲလို့ ရနေပြီလို့ ဝန်ကြီး ဦးထင်လင်းအောင်ပြောကြား

📌 ၂။ စစ်ကောင်စီက ခေတ်အဆက်ဆက်ပြုလုပ်နေတဲ့ သွေးခွဲမှု၊မက်လုံးနှင့်အာဏာများဖြင့် မြူဆွယ်မှုများကို သတိထားရန် တော်လှန်ရေးအင်အားစုများကို ညီနောင် ၃ဖွဲ့ သတိပေး

📌 ၃။ လောက်ကိုင်တွင် အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်သည့်အတွက် အရပ်သားများနှင့်နိုင်ငံခြားသားများ အမြန်တိမ်းရှောင်ကြရန် MNDAA သတိပေး

📌 ၄။ မုံရွာ ပလဖ စခန်းကို စီးနင်းခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှု စစ်သား ဦးသေဆုံး

📌 ၅။ ရေစကြိုနှင့် မြိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

📌 ၆။ ဝက်လက်မြို့နယ်တွင် စစ်ကောင်စီ တပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား နှစ်ဦး သေဆုံး

📌 ၇။ ကော့ကရိတ်မြို့နယ် တောင်ကြာအင်းရဲစခန်းနဲ့ စာသင်ကျောင်းမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှု စစ်သား ၂၇ ဦးထက်မနည်း သေဆုံး 

📌 ၈။ နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များတွင် အကြမ်းဖက် ခံရမှုကြောင့် ၂၀၂၃ တစ်နှစ်အတွင်း နိုင်ငံရေး အကျဉ်းသား ၁၈ ဦး သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အင်တာနက် ဖြတ်တောက်ခံထားရတဲ့ နေရာအချို့မှာ ပြည်သူလူထုက Federal Net စတင်သုံးစွဲလို့ ရနေပြီလို့ ဝန်ကြီး ဦးထင်လင်းအောင်ပြောကြား


ဒီဇင်ဘာ ၃၁။


အင်တာနက် ဖြတ်တောက်ခံထားရတဲ့ မြို့နယ်တချို့မှာ ပြည်သူလူထုအနေနဲ့ Federal Net နဲ့ အင်တာနက် စတင်သုံးစွဲလို့ ရနေပြီလို့ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားပြောဆို ထားတာပါ။


"Federal Net ပြည်သူ့အတွက် Internet ကို လူထုသုံးစွဲလို့ရအောင် လနဲ့ လအတွင်းလို့ ပြောခဲ့တဲ့အတိုင်း ခုဆိုရင် အင်တာနက် ဖြတ်တောက်ခံထားရတဲ့ နေရာအချို့မှာ လူထုက စတင် သုံးစွဲလို့ ရနေပါပြီ။ ဒါဟာ လူထုနဲ့ တော်လှန်ရေးအတွက် နှစ်သစ်လက်ဆောင်ပါ" လို့ ဝန်ကြီးက ဆိုထားပါတယ်။


ထို့အပြင် "Federal Net Campaign" မှ ပထမဆုံး အင်တာနက် ဝန်ဆောင်မှု Pilot Project  စတင်စမ်းသပ် ပေးခဲ့တဲ့ မြို့နယ်တစ်ခုမှ ပြည်သူတစ်ဦးရဲ့ စကားသံကိုလည်း MOCIT က ထုတ်ပြန်ခဲ့ ပါတယ်။


အမျိုးသားညီညွတ်ရေး အစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနက အင်တာနက် ဖြတ်တောက်ခံ ထားရတဲ့ မြို့နယ် () မြို့နယ်မှာ အင်တာနက် ဝန်ဆောင်မှု တိုးချဲ့တပ်ဆင်နိုင်ရန် ရည်ရွယ်ပြီး "Federal Net Campaign" ကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။


Campaign ကာလကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်နေ့အထိ သတ်မှတ်ထားပြီး ကမ်ပိန်း သတ်မှတ်ချက် ပြည့်မှီဖို့ လိုအပ်နေသေးတယ်လို့ သိရပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီက ခေတ်အဆက်ဆက်ပြုလုပ်နေတဲ့ သွေးခွဲမှု၊မက်လုံးနှင့်အာဏာများဖြင့် မြူဆွယ်မှုများကို သတိထားရန် တော်လှန်ရေးအင်အားစုများကို ညီနောင် ၃ဖွဲ့ သတိပေး


အကြမ်းဖက်စစ်ကောင်စီက ခေတ်အဆက်ဆက်ပြုလုပ်လေ့ရှိတဲ့ သွေးခွဲမှု၊မက်လုံးနှင့်အာဏာများဖြင့် မြူဆွယ်မှုများကို အထူးသတိထားကြရန် မြောက်ပိုင်းမဟာမိတ် ညီနောင် ဖွဲ့က သတိပေးပြောကြား လိုက်ပါတယ်။


စစ်ကောင်စီရဲ့ မက်လုံးပေးမြူဆွယ်မှုတွေကို တော်လှန်ရေးကာလတလျောက်ကြုံတွေ့ခဲ့ဘူးတဲ့ အတွေ့အ ကြုံနဲ့သခင်ခန်းစာတွေကိုးကားပြီး ညီနောင်မဟာမိတ် ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် MNDAA တအာင်းတပ် TNLA နဲ့ ရခိုင့်တပ်တော် AA တို့က သတိပေးလိုက်တာဖြစ်ပါတယ်။ 


မြန်မာနိုင်ငံ စစ်အာဏာရှင်ဖြုတ်ချရေးသမိုင်းမှာ တကြိမ်တခါမျှ မမျှော်မှန်းဖူးတဲ့ ရန်သူ့ပစ်မှတ်များကို တခုပြီးတခု အလဲထိုးသိမ်းပိုက်ရယူနိုင်ခဲ့ပေမယ့် ရန်သူ (စကစ) ကိုလျှော့မတွက်ကြဖို့ တော်လျန်ရေး စေတနာနဲ့ သတိပေးရတာဖြစ်တယ်လို့ ညီနောင် ဖွဲ့က ပြောပါတယ်။


မိမိတို့အနေနဲ့ သတ်မှတ်ထားတဲ့ စစ်ရေးရည်မှန်းချက်တွေကို အပြည့်အဝရယူရင်း မြန်မာပြည်သူလူထု တရပ်လုံး လိုလားနေတဲ့ဆန္ဒကိုလည်း တပါတည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ညီနောင် ၃ဖွဲ့ အသိပေးထုတ်ပြန်ထားပါတယ်။ 


ထို့အပြင် စစ်ကောင်စီ၏ ကိုယ်ကျိုးစီးပွားနဲ့ အာဏာတည်မြဲစေဖို့ အသက်ပေးတိုက်ခိုက်နေရတဲ့ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲဝင်များကိုလည်း ပြည်သူ့ရင်ခွင်ကို အမြန်ဆုံးခိုလှုံကြဖို့ ညီနောင်မဟာမိတ်သုံးဖွဲက ထပ်မံတိုက်တွန်းထားပါတယ်။


========================


📌📌 ၃။ လောက်ကိုင်တွင် အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်သည့်အတွက် အရပ်သားများနှင့်နိုင်ငံခြားသားများ အမြန်တိမ်းရှောင်ကြရန် MNDAA သတိပေး


ကိုးကန့်ဒေသ လောက်ကိုင်မြို့နယ်အတွင်းမှာ အချိန်မရွေး တိုက်ပွဲတွေဖြစ်လာနိုင်တာကြောင့် ဒေသခံ အရပ်သားတွေနဲ့ နိုင်ငံခြားသားများ အမြန်ဆုံးတိမ်းရှောင်ကြဖို့ ကိုးကန့်တပ် MNDAA က သတိပေး ထုတ်ပြန်လိုက်ပါတယ်။ 


မြန်မာနိုင်ငံ ရှမ်းပြည်နယ် အထူးဒေ-၁စစ်အုပ်ချုပ်မှုကော်မတီက ဒီဇင်ဘာ ၃၀ရက်နေ့စွဲနဲ့ စစ်မြေပြင်ကနေ အမြန်ဆုံးထွက်ခွာတိမ်းရှောင်ကြရန် အသိပေးစာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ 


အကြမ်းဖက်စစ်ကောင်စီက ပြည်သူလူထုရဲ့ အသက်အန္တရယ်ကို ဂရုမစိုက်ဘဲ ပြည်သူများနေထိုင်ရာနေရာ တွေကို လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာကြောင့် လတ်တလောမှာ အပြစ်မဲ့ပြည်သူ များစွာသေဆုံးခဲ့ရပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 


လက်ရှိမှာ လောက်ကိုင်ဒေသအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့အကြွင်းအကျန်တွေနဲ့ ကိုးကန့်ရုပ်သေးအဖွဲ့ တို့ဟာ ဆက်လက် ပေကပ်ခေါင်းမာပြီး တိုက်ခိုက်နေတဲ့အတွက် ဒေသတွင်းတိုက်ပွဲများ၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ အချိန်မရွေးဖြစ်လာနိုင်တာကြောင့် ပြည်သူများရဲ့အသက်အန္တရယ် လုံခြုံရေး စိုးရိမ် စရာ ဖြစ်လာတယ်လို့ အသိပေးထားပါတယ်။ 


ထို့ကြောင့် ပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ပေးနိုင်ဖို့ အထူးဒေသအတွင်းမှာရှိတဲ့ ပြည်သူလူထုအနေနဲ့ ဘေးကင်းလုံခြုံတဲ့နေရာတွေကို အမြန်ဆုံးတိမ်းရှောင်နေထိုင်ကြဖို့၊ ဒေသတွင်းမှာ ရှိနေတဲ့ နိုင်ငံခြားသားတွေအနေနဲ့လည်း MNDAA ရဲ့ သက်ဆိုင်ရာဌာနထံ စာရင်ပေးပြီး တရားဝင်လမ်း ကြောင်းကနေ အမြန်ဆုံး အိမ်ပြန်ကြဖို့ တိုက်တွန်းထားပါတယ်။  


MNDAA အနေဖြင့် တရုတ်နိုင်ငံနဲ့အတူ အွန်လိုင်းလိမ်လည်လုပ်ငန်း (ကျားဖျင်) လုပ်ဆောင်သူများကို ဆက်လက်ပူးပေါင်းဖမ်းဆီးသွာမှာဖြစ်တယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။ 


========================


📌📌 ၄။ မုံရွာ ပလဖ စခန်းကို စီးနင်းခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှု စစ်သား ဦးသေဆုံး


စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ညောင်ပင်သစ်ကျေးရွာမှာရှိတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့- ပလဖ စခန်းကို ဝင်ရောက် စီးနင်းတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံးခဲ့တယ်လို့ Golden Eagle Force - Monywa က ထုတ်ပြန်ထားပါတယ်။


အရာတော်မြို့နယ်အတွင်းကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ ဒီဇင်ဘာလ ၂၉ ရက်  မနက် နာရီခန့်အချိန်မှာ မုံရွာမြို့နယ် ညောင်ပင်သစ်ကျေးရွာမှာရှိတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့- ပလဖ စခန်းကို ဝင်ရောက်စီးနင်းခဲ့တာလို့ သိရပါတယ်။ 


အကြမ်းဖက်စစ်တပ်က စီးနင်းတိုက်ခိုက်မှုကြောင့် ပြည်သူ့လုံခြုံရေးအဖွဲ့- ပလဖ က တပ်ဖွဲ့ဝင်တဦး ဖမ်းဆီး သတ်ဖြတ်ခံရပြီး စခန်းမှာရှိတဲ့ ပစ္စည်းတွေ ဆုံးရှုံးခဲ့ရတယ်လို့လည်း သိရပါတယ်။


အခုလို ပြည်သူ့လုံခြုံရေးအဖွဲ့- ပလဖ စီးနင်းခံရပြီးတဲ့နောက် Golden Eagle Force - Monywa နဲ့ ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့အပါအဝင် တော်လှန်ရေးအင်အားစုများ ပူးပေါင်းအဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် RPG တလုံးနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ဖရိုဖရဲဖြစ်သွားတယ်လို့ ပြောပါတယ်။


အထိနာပြီး ဖရိုဖရဲဖြစ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို အသင့်စောင့်နေတဲ့ မြေပြင်ပူးပေါင်းအဖွဲ့က ပိတ်ဆို့ပစ်ခတ်ခဲ့တာကြောင့် စစ်သား ဦး သေဆုံးပြီး ဦး ဒဏ်ရာရရှိသွားတာကြောင့် နမခကနေ တက်လာတဲ့ Mi 35 နဲ့ ပစ်ကူပေးခဲ့ရတဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 


အကြမ်းဖက်စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးအင်အားအာစုတွေ ပြန်လည်ဆုတ်ခွာခဲ့ရပေမယ့် အထိအခိုက်မရှိခဲ့ဘူးလို့ Golden Eagle Force - Monywa က ထုတ်ပြန်ထား ပါတယ်။


========================


📌📌 ၅။ ရေစကြိုနှင့် မြိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ


ဒီဇင်ဘာ ၃၁။


မကွေးတိုင်း၊ ရေစကြိုနှင့် မြိုင်မြို့နယ် တို့တွင် စစ်ကောင်စီတပ်ကို ဒရုန်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။


ဒီဇင်ဘာလ ၂၇ ရက်နေ့ နေ့လည် ၁၂ ခွဲခန့်က ရေစကြိုမြို့နယ်၊ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၂၅၈) မှ ထွက်လာတဲ့ အင်အား ၃၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို (၆၀) မမ လေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


 ထို့အပြင် ဒီဇင်ဘာလ ၂၈ ရက်နေ့ကလည်း ရေစကြိုမြို့နယ်၊ မြို့မရဲစခန်းရှေ့မှာ စစ်ဆေးနေတဲ့ စစ်ကောင်စီ တပ်သားများနဲ့ ရဲများကို (၆၀) မမ နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့လည်း ၎င်းက ဆက်ပြောပါတယ်။


အဆိုပါ တိုက်ခိုက်မှု နှစ်ခုအတွင်း စစ်သားတစ်ဦးနဲ့ ရဲတစ်ဦး ဒါဏ်ရာရကာ ရေစကြို ဆေးရုံကို တင်ထားတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရပါတယ်။


အလားတူ ဒီဇင်ဘာလ ၂၉ ရက်နေ့ကလည်း မကွေးတိုင်း၊ မြိုင်မြိုနယ် အထွေထွေ အုပ်ချုပ်ရေး မှူးရုံးနဲ့ မန္တလေး ဂိတ်တို့အား ဒရုန်းဖြင့် အီနာဂါ ဗုံးသီး ၂၄ လုံး ကျဲချ တိုက်ခိုက်ခဲ့တယ်လို့ မြိုင် (ပကဖ) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။


ပစ်မှတ် အတိအကျ ထိတာကြောင့် အထိအခိုက်များနိုင်ပြီး ဂိတ်ထဲက စစ်ကောင်စီ တပ်သား တွေ ထွက်ပြေးသွားတယ်လို့ သတင်းရကြောင်း မြိုင် (ပကဖ) အဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။


အဆိုပါ စစ်ဆင်ရေးကို မြိုင် (ပကဖ) တပ်ရင်း () တပ်ရင်း () တပ်ခွဲ () နှင့် ဗိုလ်မြွေဆိုးအဖွဲ့ မြိုင် (ပကဖ) ဒရုန်းတပ်ဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၆။ ဝက်လက်မြို့နယ်တွင် စစ်ကောင်စီ တပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား နှစ်ဦး သေဆုံး


ဒီဇင်ဘာ ၃၁။


စစ်ကိုင်းတိုင်း၊ ဝက်လက်မြိုနယ်၊ ရွာသာကြီးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ဦး သေဆုံးခဲ့တယ်လို့ Ngwe Dwin Revolution Force က အသိပေးဆိုပါတယ်။


ဒီဇင်ဘာလ ၃၀ ရက်နေ့ မနက် ၁၁ နာရီ ခွဲခန့်က ရွာသာကြီးကျေးရွာရှိ စစ်ကောင်စီ တပ်သားနဲ့ ပျူစောထီးများကို မောင်းသူမဲ့ လေယာဉ်ငယ်ဖြင့် ဗုံးသီး လုံး၊ ညနေ နာရီခွဲခန့်တွင် ဗုံးသီး လုံး ကျဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ဦး သေဆုံးပြီး ဦးခန့် ဒါဏ်ရာရ ခဲ့တယ်လို့ Ngwe Dwin Revolution Force က ဆိုပါတယ်။


ရွာက လမ်းဘေးမှာ ဆိုတော့ ဗုံးကွဲပြီး နှစ်ယောက်တော့ သွေးတွေ ဒလ ဟောထွက်ပြီး ဆွဲသွား တာကို မြင်တယ်လို့ ကင်းထောက်တွေဆီက သိရတယ်လို့ Ngwe Dwin Revolution Force တာဝန်ရှိသူ တစ်ဦးက ပြောပြပါတယ်။


ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က ၆၀ မမ လုံး အပါအဝင် လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို Ngwe Dwin Revolution Force MRTF MMU ကျားညီနောင် LPDF နှင့် ရွာသာကြီးတိုက်နယ် ပကဖ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၇။ ကော့ကရိတ်မြို့နယ် တောင်ကြာအင်းရဲစခန်းနဲ့ စာသင်ကျောင်းမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှု စစ်သား ၂၇ ဦးထက်မနည်း သေဆုံး 


ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် တောင်ကြာအင်းရဲစခန်းနဲ့ စာသင်ကျောင်းမှာတပ်စွဲနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကျားဖြစ်စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။


ကော့ကရိတ်မြို့နယ်မှာရှိတဲ့ တောင်ကြာအင်းရဲစခန်းနဲ့ စာသင်ကျောင်းမှာတပ်စွဲနေတဲ့ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ခမရ ၂ဝ၈၊ ခမရ ၅၄၆ တပ်က စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေး တပ်မတော် ကျားဖြူစစ်ကြောင်း တပ်ခွဲ နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့က ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ တိုက်ခိုက် ခဲ့တာလို့ သိရပါတယ်။ 

  

အဆိုပါတိုက်ခိုက်မှုကို KNLA KNDO ပြည်သူ့ကာကွယ်ရေး တပ်မတော် ကျားဖြူစစ်ကြောင်း တပ်ခွဲ နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တဦး ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် အသက်ပေးလှူခဲ့ရတယ်လို့ အသိပေးထားပါတယ်။ 


ကော့ကရိတ်မြို့နယ်အတွင်းကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ကာ လေကြောင်းပစ်ကူ တွေနဲ့ ထိုးစစ်ဆင်နေပေမယ့် အထိနာနေတယ်လို့ ကျားဖြူစစ်ကြောင်းက စစ်ရေးသတင်းရင်းမြစ်က ပြောပါ တယ်။


ကျားဖြူစစ်ကြောင်းဟာ မြောက်ပိုင်းညီနောင်မဟာမိတ် ဖွဲ့က ဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ယှဉ်တွဲပြီး ပါဝင်ဆင်နွှဲနေတဲ့ စစ်ကြောင်းတခုဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၈။ နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များတွင် အကြမ်းဖက် ခံရမှုကြောင့် ၂၀၂၃ တစ်နှစ်အတွင်း နိုင်ငံရေး အကျဉ်းသား ၁၈ ဦး သေဆုံး


ဒီဇင်ဘာ ၃၁။


မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များတွင် စစ်ကောင်စီ၏ အကြမ်းဖက် ခံရမှုကြောင့် ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၁၈ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (AAPP) က ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။


ထို ၁၈ ဦးစလုံးမှာ စစ်ကောင်စီ လက်အောက်ခံ အကျဉ်းဦးစီးနဲ့ ရဲတွေရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့ သူတွေဖြစ်ပြီး သေဆုံးမှု ဖြစ်စဉ်တိုင်းတွင် စစ်ကောင်စီက သတ်ဖြတ်ခဲ့တယ် ဆိုတဲ့အကြောင်းကို ဘယ်တော့မှ ဝန်ခံခဲ့တာ မရှိဘူးလို့ AAPP ဦးဆောင်ကော်မတီဝင် တစ်ဦးဖြစ်သူ ကိုသိုက်ထွန်းက ပြောပါတယ်။


အဲဒီမှာဆိုရင် ၁၂ ဦး ကတော့ ဒိုက်ဦးထောင်ကနေသာယာဝတီထောင်၊ အင်းစိန်ထောင်ကို အပြောင်းမှာ ထွက်ပြေးရန် ကြံစည်လို့ ခြောက်လှန့်ပစ်ခတ် လိုက်ရပါတယ်ဆိုပြီး အသတ်ခံလိုက်ရ ပါတယ်လို့ ကိုသိုက်ထွန်းက Myanmar Pressphoto Agency ကို ဖြေဆိုထားပါတယ်။


ထိုသို့ သတ်ဖြတ်ခံခဲ့ရတဲ့ ရုပ်အလောင်းများကို ပြန်လည်ရရှိခြင်း မရှိဘဲ ကျန်းမာရေးကို အကြောင်းပြကာ မိသားစုဝင်များကို စာပေးပို့ခြင်းသာ ရှိတယ်လို့ ၎င်းက ဆက်ပြောပြပါတယ်။

 

စစ်ကောင်စီရဲ့ သတ်ဖြတ်ခြင်း ခံရသူများမှာ ပုသိမ်အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ဦး၊ ဒိုက်ဦးအကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ၁၃ ဦး၊ မြင်းခြံ အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား တစ်ဦး၊ ရန်ကုန် အင်းစိန်ထောင်မှ နိုင်ငံရေး အကျဉ်းသား ၂ဦး၊ မုံရွာ အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ၁ဦးတို့ ဖြစ်ကြောင်း သိရပါတယ်။


ယခုစာရင်းမှာ မြန်မာနိုင်ငံအတွင်း အကျဉ်းထောင် ၄၀ ကျော် ရှိတဲ့အနက် ပြည်နယ်နှင့်တိုင်း ၁၂ ခုမှ အကျဉ်းထောင် ၃၆ ခုကို ကောက်ယူပြုစုထားတာ ဖြစ်တယ်လို့ AAPP က ဆိုပါတယ်။


ထိုသို့ အကျဉ်းအထောင်အတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများမှာ လက်ရှိတွင် ဖြစ်နေဆဲ ဖြစ်တဲ့အတွက် ပြည်သူလူထုနဲ့ ကမ္ဘာတစ်ဝှမ်းရှိ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ သိရှိပြီး စစ်ကောင်စီကို ဖိအားတစ်စုံတစ်ရာ ပြုလုပ်လာနိုင်စေရန် ရည်ရွယ်ပြီး ထုတ်ပြန်တာ ဖြစ်တယ်လို့ AAPP က အသိပေး ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ်သွေးတို့မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment