4th DEC 2023 - Evening Daily News by Radio NUG


၂၀၂၃ ဒီဇင်င်ဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အင်တာနက် ဆက်သွယ်ရေးအတွက် ဂြိုလ်တုနည်းပညာသုံး ဆက်သွယ်ရေး လုပ်ငန်းများအား နေရာ (၅၀) ကျော်တွင် အကောင်အထည်ဖော် ပြီးစီးထားတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင် အသိပေး

📌 ၂။ နွေဦးဘဏ် အစုရှယ်ယာ တိုကင်ဝယ်ယူမှု  အမေရိကန် ဒေါ်လာ ၁၁.၈၅ သန်းဖိုးအထိ ရောက်ရှိခဲ့

📌 ၃။ ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်း ခု ထပ်မံသိမ်းယူနိုင်ခဲ့ပြီး သိန္နီတွင် စစ်သုံ့ပန်း ဦး ဖမ်းဆီးရမိဟု MNDAA ပြော

📌 ၄။ ကသာမြို့နယ်တွင် Non-CDM ၈၅ ဦး အလင်းဝင်လာ

📌 ၅။ ပလက်ဝတိုက်ပွဲတွင် စစ်တပ်က ဓာတုဓာတ်ငွေ့ပါသောဗုံးများဖြင့် တိုက်ခိုက်ခဲ့ဟု AA ထုတ်ပြန်

📌 ၆။ မူဆယ်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် လအရွယ် ကလေးတဦး သေဆုံးကာ နေအိမ်များပျက်စီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အင်တာနက် ဆက်သွယ်ရေးအတွက် ဂြိုလ်တုနည်းပညာသုံး ဆက်သွယ်ရေး လုပ်ငန်းများအား နေရာ (၅၀) ကျော်တွင် အကောင်အထည်ဖော် ပြီးစီးထားတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင် အသိပေး


ဒီဇင်ဘာ ၄။


အင်တာနက် ဆက်သွယ်ရေးအတွက် ဂြိုလ်တုနည်းပညာသုံး ဆက်သွယ်ရေး လုပ်ငန်းများအား နေရာ (၅၀) ကျော်တွင် အကောင်အထည်ဖော် ပြီးစီးထားတယ်လို့ CRPH ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင် အသိပေးပြောကြားခဲ့ပါတယ်။


ဒီဇင်ဘာလ ရက်နေ့က ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄၉/၂၀၂၃) မှာ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က အခုလို အသိပေး ပြောကြားခဲ့တာပါ။


ထို့အပြင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနရဲ့ လုပ်ငန်းဆောင်ရွက်ချက်များနဲ့ ရှေ့လုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြ ခဲ့ပါတယ်။


အစည်းအဝေးကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ နွေဦးဘဏ် အစုရှယ်ယာ တိုကင်ဝယ်ယူမှု  အမေရိကန် ဒေါ်လာ ၁၁.၈၅ သန်းဖိုးအထိ ရောက်ရှိခဲ့


ဒီဇင်ဘာ ၄။


ဒီဇင်ဘာလ ရက်နေ့ အထိ နွေဦးဘဏ် အစုရှယ်ယာ တိုကင်ဝယ်ယူမှုမှာ အမေရိကန် ဒေါ်လာ ၁၁.၈၅ သန်းဖိုးအထိ ရောက်ရှိခဲ့တယ်လို့ နွေဦးဖွံ့ဖြိုးရေးဘဏ် အလုပ်အမှုဆောင် အရာရှိချုပ် ဦးကယ်လ်ဗင်က ဒီဇင်ဘာ၃ရက်မှာ အသိပေးဆိုထားပါတယ်။


"ကျွန်တော်တို့ ICO ကို စိတ်အားထက်သန်စွာ ကြိုဆိုအားပေး တုံ့ပြန်ခဲ့ကြခြင်းဟာ အလွန် အားရစရာ ကောင်းလှပါတယ်။ စုစုပေါင်း တိုကင်ဝယ်ယူမှု နောက်ဆုံးစာရင်းအဖြစ် ဒီဇင်ဘာလ ရက်နေ့ အထိ အမေရိကန် ဒေါ်လာ ၁၁.၈၅ သန်းကို သမိုင်းမှတ်တမ်း တင်ရလောက်အောင် ရောက်ရှိခဲ့ တာကိုလည်း အသိပေး ကြေညာအပ်ပါတယ်" လို့ ဆိုပါတယ်။


ထို့အပြင် RM ချန်နယ်မှ ဝယ်ယူမှုကို ဒီဇင်ဘာလ ရက်နေ့ထိ ရက်တိုးမြင့် ခဲ့တာကြောင့် အဆင့်အဆင့် လုပ်ဆောင်ရသော ဝယ်ယူမှုစာရင်း ကိုက်ညှိစစ်ဆေး စာရင်းချုပ် စိစစ်အတည်ပြု ခြင်းများက တိုကင်ဖြန့်ဝေပေးမှု အနည်းငယ် နှောင့်နှေးစေခဲ့တာကို နားလည်ပေးဖို့ တောင်းဆိုထား ပါတယ်။


ထို့ကြောင့် RM များမှ တဆင့်ဝယ်ယူထားတဲ့ တိုကင်ဖြန့်ဝေခြင်းကို ဒီဇင်ဘာလ () ရက်နေ့မှ စတင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းကိုလည်း အသိပေးထားပါတယ်။


========================


📌📌 ၃။ ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်း ခု ထပ်မံသိမ်းယူနိုင်ခဲ့ပြီး သိန္နီတွင် စစ်သုံ့ပန်း ဦး ဖမ်းဆီးရမိဟု MNDAA ပြော


၁၀၂၇ စစ်ဆင်ရေး ၃၈ ရက်မြောက်နေဖြစ်တဲ့ ဒီဇင်ဘာလ ရက်နေ့မှာ ကိုးကန့်ဒေသမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ခုကို ထပ်မံသိမ်းယူနိုင်ခဲ့ပြီး သိန္နီခရိုင်မှာ စစ်သုံ့ပန်း ဦး ဖမ်းဆီးရမိခဲ့တယ်လို့ MNDAA က ထုတ်ဖော်ပြောဆိုလိုက် ပါတယ်။

ကိုးကန့်မြောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ကြောင်းတွေ ရှီးရှမ်းဒေသ အရှေ့ဘက်ခြမ်းအထိ ဝင်ရောက်လာနိုင်ခဲ့ပြီး တောင်ဘက်ခြမ်းစစ်ကြောင်းကလည်း တုန်ချိန်အပြင်ဘက် နယ်စပ်မှတ်တိုင် ၁၂၆ ၁၂၇ အထိ ချီတက်လာခဲ့ကာ ဒီဇင်ဘာလ ရက်နေ့မှာ MNDAA က တုန်ရှမ်းဒေသက စစ်ကောင်စီတပ်စခန်း ခု ထပ်မံသိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ 

တုန်ချိန်အပြင်ဘက် မာဟိုင်တောင်နေရာတွင် ယာယီတပ်စွဲထားသောစစ်ကောင်စီတပ်စခန်းကို နံနက် ၁ဝ နာရီ ၂ဝ မိနစ် မှာ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ရာ တိုက်ပွဲ တနာရီခွဲခန့်ဖြစ်ခဲ့ပြီးနောက် ၁၁ နာရီ ၄၆ မိနစ်ခန့်မှာ အောင်မြင်စွာသိမ်းပိုက် နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

အခြားတဘက်မှာလည်း MNDAA က အင်အားတစုဟာ စန်းတာအိုင်တောင်အောက်ခြေမှာတပ်စွဲထားတဲ့ စစ်ကောင်စီ ယာယီတပ်စခန်း ခုကို ရှင်းလင်းသုတ်သင်ခဲ့ပြီး အောင်မြင်စွာသိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။ 

ဒါ့အပြင် တုန်ရှမ်းဒေသ လောက်ရှုကုတ်ရွာအနောက်ဘက်တောင်ကုန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရင်း ၅၂၇ စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ချိန် နာရီကြာခဲ့ပြီး မွန်းလွဲ နာရီ ၄၈ မိနစ်ခန့်မှာ စခန်းကို သိမ်းယူ နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ဒီတိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိခဲ့ကာ လက်နက်ခဲ ယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

သိန္နီခရိုင်မှာ လုံခြုံရေးယူနေတဲ့အဖွဲ့ မူပန်ဒေသကို ရှင်းလင်းရေးလုပ်နေချိန်မှာ နန့်စလပ်ဗျူဟာကုန်းကနေ ထွက်ပြေး လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ဖွက်ထားခဲ့တဲ့ စိန်ပြောင်းတလက်အပါအဝင် လက်နက် မျိုးစုံနဲ့ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

MNDAA ဟာ ဒီဇင်ဘာလ ရက်နေ့မနက်ပိုင်းအထိ စစ်ကောင်စီတပ်စခန်းအကြီးအသေး စုစုပေါင်း ၂ဝ၂ ခု သိမ်းပိုက် ထားနိုင်ပြီး ချင်းရွှေဟော်၊ မုံးကိုး၊ ကွမ်လုံ၊ ပန်ဆိုင်း၊ ကုန်းကြမ်း စတဲ့မြို့ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့အပြင် ချင်းရွှေဟော်၊ မုံးကိုး၊ ပန်ဆိုင်းနဲ့ ကျင်းစံကျော်နယ်စပ်ဂိတ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။


========================


📌📌 ၄။ ကသာမြို့နယ်တွင် Non-CDM ၈၅ ဦး အလင်းဝင်လာ


ဒီဇင်ဘာ ၄။

မြို့နယ်အတွင်းမှ Non-CDM များ အလင်းဝင်ရောက်ရန် ကြေညာချက် နှစ်ကြိမ် ထုတ်ပြန်ခဲ့ ပြီးနောက် Non-CDM ၈၅ ဦး အလင်းဝင်ရောက်လာတယ်လို့ ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးက သတင်းထုတ်ပြန်ပါတယ်။


Non-CDM ဝန်ထမ်းများ အလင်းဝင်ခြင်းဆိုင်ရာ ကြေညာချက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း နှစ်ကြိမ် ကြေညာခဲ့ပြီး ပထမအကြိမ်တွင် ၅၆ ဦး နဲ့ ဒုတိယအကြိမ်တွင် ၂၉ ဦး အလင်းဝင်ရောက် လာခဲ့တာ ဖြစ်ပါတယ်။


ဒီဇင်ဘာလ ၁၄ ရက်နေ့ထိ အလင်းဝင်ရောက်လာခြင်း မရှိတဲ့ Non-CDM ဝန်ထမ်းများကို တည်ဆဲဥပဒေအရ ထိရောက်စွာအပြစ်ပေး အရေးယူမယ်လို့ ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ကြေညာချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။


Non - CDM ဝန်ထမ်းများ အလင်းဝင်လာပြီးနောက် ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးက ထုတ်ပြန်ထားပေးထားတဲ့ ဖုန်းနံပါတ်ကို စစ်ကောင်စီက ပိတ်သိမ်းသွားတာကြောင့် Telegram Acc.  @kathapap ကိုဆက်သွယ် အလင်းဝင်ကြဖို့ ဒီဇင်ဘာ ရက်နေ့မှာ ထပ်မံ အသိ‌ပေး ထုတ်ပြန် ထားပါတယ်။


အလင်းဝင်လာတဲ့ Non-CDM ဝန်ထမ်းများ အနေနဲ့ တော်လှန်ရေးကို ထိထိရောက်ရောက် ပါဝင်ကူညီခြင်း၊ CDM ဝန်ထမ်းများကို ထိထိရောက်ရောက် ကူညီခြင်းများ ဆောင်ရွက်ခဲ့ကြောင်း အထောက်အထား ခိုင်လုံပါက မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ထံမှာ တာဝန်ထမ်းဆောင်ဖို့ လျောက်ထားနိုင်ပြီးအကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု - CDM နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒ စာတမ်း" နှင့်အညီ စနစ်တကျ စိစစ်၍ ကာလတိုစာချုပ်ဖြင့် တာဝန်ပေးခြင်း ဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။


========================


📌📌 ၅။ ပလက်ဝတိုက်ပွဲတွင် စစ်တပ်က ဓာတုဓာတ်ငွေ့ပါသောဗုံးများဖြင့် တိုက်ခိုက်ခဲ့ဟု AA ထုတ်ပြန်


ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီဘက်က Chemical Warfare Agents ဓာတုဓာတ်ငွေ့ပါသောဗုံးများ အသုံးပြုတိုက်ခိုက်နေတယ်လို့ ရခိုင့်တပ်တော် AA က ဒီဇင်ဘာလ ရက်နေ့ညပိုင်းမှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ 


ပလက်ဝမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ တရအိုင်ဗျူဟာနဲ့ နူးဘူးဗျူဟာ စတဲ့စခန်းကုန်း ခုကို ရခိုင့်တပ်တော် AA က နိုဝင်ဘာလ ၁၄ ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာမှာ ဒီဇင်ဘာလ မှာဆိုရင် ၂၁ ရက်ရှိလာပြီဖြစ်ပါတယ်။ 


ရခိုင့်တပ်တော် AA ဘက်က ထိုးစစ်အရှိန်မြင့်လာတာနဲ့အမျှ အပြင်းအထန်ခုခံနေရတဲ့အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာလ ရက်နေ့မှာ Mi-35 Y-8Y 12 စတဲ့ တိုက်ခိုက်ရေးလေယာဉ်တွေနဲ့ အကြိမ် ၃ဝ ကျော်အထိ လေကြောင်းပစ် ကူတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။


ဒီဇင်ဘာလ ရက်နေ့ဟာ AA ဘက်က ထိုးစစ်အရှိန်မြင့်ဆုံးဖြစ်သလို စစ်တပ်ဘက်ကလည်း လေကြောင်းပစ်ကူ အများဆုံးလုပ်ခဲ့တဲ့နေ့ဖြစ်တယ်လို့ ရခိုင့်တပ်တော် AA က ရှင်းပြထားပါတယ်။ 


ရခိုင့်တပ်တော် AA အနေနဲ့ စစ်ကောင်စီရဲ့ ဗျူဟာကုန်း ခုကို အပြီးသတ်သိမ်းပိုက်နိုင်ရေး ထိုးစစ်ကို အရှိန်ဆက်လက် မြှင့်တင်သွားမှာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။ 


အခုလို အကြမ်းဖက်စစ်တပ်က စစ်ရာဇဝတ်မှုတွေကျူးလွန်နေတာကို မိမိရရမှတ်တမ်းတင်ရိုက်ကူးပြီး နီးစပ်ရာ အာရက္ခပြည်သူ့အစိုးရအဖွဲ့ထံ ပေးပို့ကြဖို့လည်း ရခိုင့်တပ်တော် AA က တိုက်တွန်းထားပါတယ်။ 


ရခိုင်ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်များကိုဖျက်ဆီးခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၊ တပ်ရင်း၊ တပ်မ များရဲ့လုပ်ရပ်ကို နေ့ရက်အလိုက် စနစ်တကျမှတ်တမ်းတင်ထားပြီးဖြစ်တဲ့အတွက် လက်တုံ့ပြန်တိုက်ခိုက်သွားတယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ မူဆယ်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် လအရွယ် ကလေးတဦး သေဆုံးကာ နေအိမ်များပျက်စီး


တအာင်းပြည်နယ် တပ်မဟာ စစ်ဒေသ မူဆယ်မြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် လသားအရွယ်ကလေးတဦးသေဆုံးခဲ့ရပြီး နေအိမ်များ ပျက်စီးခဲ့တယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။ 

ဒီဇင်ဘာလ ရက်နေ့ ညနေ နာရီ အချိန်က မူဆယ်မြို့နယ် စယ်လန့်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ဦး သေဆုံးကာ အိမ် ၁၀ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


အကြမ်းဖက်စစ်တပ်ဟာ တိုက်ပွဲဖြစ်တာမရှိတဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေကို လက်နက်ကြီးနဲ့ပစ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာတွေ လုပ်ဆောင်နေရာမှာ ပေါင် ၅ဝဝ ဗုံးတွေနဲ့ လူအများအပြားသေစေနိုင်တဲ့ Cluster Bomb လို လက်နက်တွေ အသုံးပြုတိုက်ခိုက်လာတာဟာ စစ်ရာဇဝတ်ကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့် မင်းစစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment