၂၀၂၃ ဒီဇင်င်ဘာလ ၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တော်လှန်ရေးအလှည့်အပြောင်း အချိုးအကွေ့ တစ်ခုကို မကြာခင် ရောက်ရှိလာလိမ့်မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဆို
📌 ၂။ ၁၀၂၇ စစ်ဆင်ရေးမှာCDMဆေးဝန်ထမ်းတွေ အက္ခရာကျနေဆဲဖြစ်တယ်လို့ ဝန်ကြီးဒေါက်တာတူးခေါင်ပြောကြား
📌 ၃။ မြန်မာ့အရေးဟောပြောပွဲကို ပါမောက္ခ ဒေါက်တာဒေါ်မီမီဝင်းဘတ်က ဂျပန် လွှတ်တော်တွင်းကြားနာပွဲကျင်းပခဲ့
📌 ၄။ ချင်းပြည် (Chinland) ကောင်စီဟာ ချင်းပြည်လွှတ်တော်၊ ချင်းပြည်အစိုးရနှင့် ချင်းပြည် တရားလွှတ်တော်ချုပ် တို့ကိုရက်ပေါင်း၆၀အတွင်း ဖွဲ့စည်းသွားမယ်လို့ အသိပေး
📌 ၅။ စစ်အုပ်စုဟာ မတရားမှုနဲ့တွဲလျက်အမှားတွေလည်းဆက်တိုက်ကျူးလွန်နေသလိုပြည်သူကလည်းအပြင်းအထန်ဆန့်ကျင်နေပြီဖြစ်တယ်လို့ဆို
📌 ၆။ ထိုးစစ်နဲ့ မြို့သိမ်းတိုက်ပွဲတွေကို အရှိန်မြှင့်တင်နိုင်ဖို့အတွက် ရွှေဘိုခရိုင် အမှတ် (၉) တပ်ရင်းကနေ ထောက်ပို့တပ်သားသစ် ခေါ်ယူ
📌 ၇။ စကစတပ်များ တန့်ဆည်မြို့နယ်လမ်းဆုံမြို့ အနောက်ဘက် ရွာသစ်ရွာ အားရောက်ရှိပြီး ရွာသစ်ရွာက ပြည်သူပိုင်နေအိမ် ၃ လုံးအား မီးရိူ့ဖျက်ဆီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တော်လှန်ရေးအလှည့်အပြောင်း အချိုးအကွေ့ တစ်ခုကို မကြာခင် ရောက်ရှိလာလိမ့်မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဆို
ဒီဇင်ဘာ၈ရက်
တော်လှန်ရေးအလှည့်အပြောင်း အချိုးအကွေ့ တစ်ခုကို မကြာခင် ရောက်ရှိလာလိမ့်မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှဒီဇင်ဘာ၇ရက်မှာကျင်းပခဲ့တဲ့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
"အခုလက်ရှိ အခြေအနေတွေမှာ တော်လှန်ရေးအင်အားစုတွေအားလုံးရဲ့ စစ်ရေးပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမို ပီပီပြင်ပြင် လုပ်ဆောင်လာနိုင်မှုကြောင့် ကျွန်တော်တို့ တော်လှန်ရေးဟာ အလှည့်အပြောင်း အချိုးအကွေ့ တစ်ခုကို မကြာခင် ရောက်ရှိလာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ကျွန်တော်တို့ တော်လှန်ရေး စတင်ဆင်နွှဲတဲ့အချိန်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီလောက်ခိုင်မာနေတဲ့ စစ်တပ်ဆိုတဲ့ အခြေခံအဆောက်အအုံကြီးကို ပြည်သူတွေရဲ့ ကြီးမားတဲ့စိတ်ဆန္ဒနဲ့ အင်အားတခုတည်းကို ယုံကြည်အားကိုးပြီး စတင်ခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ တော်လှန်ရေးအင်အားစုတွေက ဖြိုချနိုင်ပါ့မလားဆိုတဲ့ သံသယရှိခဲ့သလိုပဲ အခု အုပ်ချုပ်ရေး ဖော် ဆောင်မှုတွေကို ကောင်းကောင်းမွန်မွန် လုပ်နိုင်ပါ့မလားဆိုတဲ့ သံသယက ရှိနေကြဆဲ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
ထို့နောက် တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၄၈/၂၀၂၃)တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။
========================
📌📌 ၂။ ၁၀၂၇ စစ်ဆင်ရေးမှာCDMဆေးဝန်ထမ်းတွေ အက္ခရာကျနေဆဲဖြစ်တယ်လို့ ဝန်ကြီးဒေါက်တာတူးခေါင်ပြောကြား
ဒီဇင်ဘာ၈ရက်
"ကရင်နီမှာ အဓိက ဦးဆောင်တိုက်နေတာ MONREC (NUG) ဝန်ကြီး ၂ဦးရှိတယ်။ ခွန်ဘီထူး နဲ့ ခွန်စောဖူး။ သူတို့မှာ ပါဝင် အားဖြည့်နေတဲ့ CDM ဝန်ထမ်းတွေအများကြီးပါ။ အထူးသဖြင့်တော့ ဆေးဝန်ထမ်းတွေပေါ့။ ကျန်းမာ ဝန်ကြီးဌာနက ပံ့ပိုးပေးနေတဲ့ အပိုင်းရှိသော်လည်း Supply AND Demand မမျှ တဲ့ ပြသနာကြောင့် လိုအပ်ချက်က အရမ်းကိုများနေတာပါ။ ဆေးဝန်ထမ်းတွေရဲ့ ကဏ္ဍဟာ ဒီတော်လှန်ရေးမှာ အရမ်းထိရောက်ပါတယ်။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တိုင်းမှာ ရောက်နေတဲ့ ဆေးဝန်ထမ်းတွေဟာ အရန်သင့် အဖြစ်ဆုံး (အသုံးအတည့်ဆုံး) လို့ ပြောလို့ရပါတယ်။ သီးသန့်သင်တန်းပေးနေစရာမလိုပဲ လိုအပ်တဲ့နေရာ အဆင်သင့်အားဖြည့်နိုင်တာ သူတို့ပါပဲ။ ကြုံလို့ပြောရရင် ၁၀၂၇ စစ်ဆင်ရေးမှာလဲ သူတို့ အက္ခရာကျနေဆဲပါ"လို့ ဒီဇင်ဘာ၈ရက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က အသိပေးဆိုထားပါတယ်။
လက်ရှိမှာ NUGရဲ့ရှေ့တန်းဆေးရုံနဲ့ ဆေးပေးခန်းများတွင် CDMကျန်းမာရေးဝန်ထမ်းအများအပြားဟာဝန်ဆောင်မှုပေးလျက်ရှိပါတယ်။
========================
📌📌 ၃။ မြန်မာ့အရေးဟောပြောပွဲကို ပါမောက္ခ ဒေါက်တာဒေါ်မီမီဝင်းဘတ်က ဂျပန် လွှတ်တော်တွင်းကြားနာပွဲကျင်းပခဲ့
ဒီဇင်ဘာ၈ရက်
ဒီဇင်ဘာလ (၈) ရက်၊ သောကြာနေ့မနက် ၈ နာရီ တွင်ဂျပန်လွှတ်တော်ရုံးတွင်း၌ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများ၊ ရှေ့အလားအလာ များ ၊ အမေရိကန်အစိုးရ၏ မြန်မာ့အရေးဆိုင်ရာမူဝါဒများ နှင့် စပ်လျဉ်းပြီး မြန်မာ့အရေးဟောပြောပွဲကို ကျင်းပခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးကအသိပေးဆိုပါတယ်။
လွှတ်တော်တွင်း ကြားနာပွဲသို့ ဂျပန်လွှတ်တော်အမတ်များ၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဂျပန်မီဒီယာများ၊ မြန်မာ့အရေး ကို အားပေးထောက်ခံသော ဂျပန်လူမျိုးများနှင့် မြန်မာလူမျိုးများ တက်ရောက်ခဲ့ကြပါတယ်။
ထို့နောက်သိလိုသောမေးခွန်းများကို ပါမောက္ခ ဒေါက်တာဒေါ်မီမီဝင်းဘတ် နှင့် ဆွေးနွေးမေးမြန်းခဲ့ကြပါတယ်။
========================
📌📌 ၄။ ချင်းပြည် (Chinland) ကောင်စီဟာ ချင်းပြည်လွှတ်တော်၊ ချင်းပြည်အစိုးရနှင့် ချင်းပြည် တရားလွှတ်တော်ချုပ် တို့ကိုရက်ပေါင်း၆၀အတွင်း ဖွဲ့စည်းသွားမယ်လို့ အသိပေး
ဒီဇင်ဘာ၈ရက်
ပထမအကြိမ် ချင်းပြည် (Chinland) ကောင်စီညီလာခံကနေ ချင်းပြည် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ချင်းပြည်ကောင်စီ တို့ကို အတည်ပြုနိုင်ခဲ့တယ်လို့ အသိပေး ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ချင်းပြည် (Chinland) ကောင်စီဟာ ချင်းပြည်လွှတ်တော်၊ ချင်းပြည်အစိုးရနှင့် ချင်းပြည် တရားလွှတ်တော်ချုပ် တို့ကိုရက်ပေါင်း၆၀အတွင်း ဖွဲ့စည်းသွားမယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။
ပထမအကြိမ် ချင်းပြည် (Chinland) ကောင်စီညီလာခံကို ဒီဇင်ဘာ ၄ ရက်မှ ၇ ရက်နေ့အထိ Victoria Base မှာကျင်းပခဲ့ပြီး ၂၃၅ဦး ညီလာခံတက်ရောက်ပြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၅။ စစ်အုပ်စုဟာ မတရားမှုနဲ့တွဲလျက်အမှားတွေလည်းဆက်တိုက်ကျူးလွန်နေသလိုပြည်သူကလည်းအပြင်းအထန်ဆန့်ကျင်နေပြီဖြစ်တယ်လို့ဆို
ဒီဇင်ဘာ၈ရက်
စစ်အုပ်စုဟာ မတရားမှုနဲ့တွဲလျက်အမှားတွေလည်းဆက်တိုက်ကျူးလွန်နေသလိုပြည်သူကလည်းအပြင်းအထန်ဆန့်ကျင်နေပြီဖြစ်တယ်လို့
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိူင်မှ ဒီဇင်ဘာ၇ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
"လူအရေအတွက်နဲ့ လက်နက်ဆိုတာက ကာလတခုပဲ လူရှိန်မယ်။တကယ်တိုးကြည့်မှ ပြိုနေမှန်းသိတာ။ကာလရှည် ကျင့်ဝတ်ပျက် အခွင့်ထူးခံခဲ့သမျှ၊စွမ်းရည်မဲ့နေ၊မတရားမှုနဲ့တွဲလျက်အမှားတွေလည်းဆက်တိုက်ကျူးလွန် ပြည်သူကလည်းအပြင်းအထန်ဆန့်ကျင် ဒီလိုစစ်တပ်စိတ်ဓာတ်ပြိုသွားတာက ဓားတုံးတာပဲ။သံတမန်ရေး စွန့်ပယ်ခံရခိုက်ဘဏ္ဍာရေး သွက်ချာပါဒလိုက်ဒါတွေထည့်မပြောသေးပါဘူး"လို့ဆိုပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုဟာ ကရင်နီပြည်၊ စစ်ကိုင်းတိုင်း၊မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ အထိနာကျရှုံးလျက်ရှိပါတယ်။
========================
📌📌 ၆။ ထိုးစစ်နဲ့ မြို့သိမ်းတိုက်ပွဲတွေကို အရှိန်မြှင့်တင်နိုင်ဖို့အတွက် ရွှေဘိုခရိုင် အမှတ် (၉) တပ်ရင်းကနေ ထောက်ပို့တပ်သားသစ် ခေါ်ယူ
ဒီဇင်ဘာ၈ရက်
ထိုးစစ်နဲ့ မြို့သိမ်းတိုက်ပွဲတွေကို အရှိန်မြှင့်တင်နိုင်ဖို့အတွက် ရွှေဘိုခရိုင် အမှတ် (၉) တပ်ရင်းကနေထောက်ပို့ တပ်သားသစ် ခေါ်ယူနေတယ်လို့ ဒီဇင်ဘာလအတွင်းမှာ ရွှေဘိုခရိုင် အမှတ် (၉) တပ်ရင်းကအသိပေးဆိုပါတယ်။
"PDF စစ်သားတစ်ယောက် ရှေ့တန်းမှာ စစ်တိုက်နိုင်ဖို့အတွက်ဆိုရင် နောက်တန်းကနေ ထောက်ပို့လုပ်ပေးရတဲ့ ထောက်ပို့ရဲဘော် ၅ ဦး လိုအပ်ပါတယ်" ဆိုပြီး ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဖူးပါတယ်။ ဒါကြောင့် ထိုးစစ်တွေ အရှိန်မြှင့်တင်နိုင်ဖို့နဲ့ မြို့သိမ်းတိုက်ပွဲတွေ အောင်မြင်ဖို့ အတွက် ထောက်ပို့တပ်သားတွေ အဖြစ် ရွှေဘိုခရိုင် အမှတ်(၉) တပ်ရင်းမှာ ပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်"လို့ဆိုပါတယ်။
တာဝန်ထမ်းဆောင်မည့်သူများကို ရွှေဘိုခရိုင်တပ်ရင်း ၉ ရဲ့ ထောက်ပို့ရဲဘော်များအဖြစ် အသိမှတ်ပြုသွားမှာဖြစ်ပါတယ် ။
တပ်ရင်း၉ ရဲ့ ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက ADF ရဲ့ page Cb ကနေ ဆက်သွယ်နိုင်တယ်လို့ဆိုပါတယ်။
========================
📌📌 ၇။ စကစတပ်များ တန့်ဆည်မြို့နယ်လမ်းဆုံမြို့ အနောက်ဘက် ရွာသစ်ရွာ အားရောက်ရှိပြီး ရွာသစ်ရွာက ပြည်သူပိုင်နေအိမ် ၃ လုံးအား မီးရိူ့ဖျက်ဆီး
ဒီဇင်ဘာ၈ရက်
တန့်ဆည်မြိုနယ် စစ်ကောင်စီအခြေချ နေထိုင်သော ထွေအုပ်ရုံး၊မြို့မရဲစခန်း မှ ထွက်လာသော ခမရ ၇၀၈၊ ခမရ ၁၁. အင်အား ၅၀ ပါ ဘီလူးစကစစစ်ကြောင်းဟာဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၈ နာရီး အချိန်တွင် တနယ်ရွာသို့ ရောက်ရှိပီး ရွာအတွင်း မွှေနောက်ကာ တစ်ည ယာယီ တပ်စွဲခဲ့ပါတယ်။ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၇း၅၀ အချိန်တွင် မှန်ကြိုင်၊မှန်ရင်း၊သရက်ကွရွာ အား ရောက်ရှိပီး သရက်ကွရွာ အားတစ်ညတပ်စွဲခဲ့တယ်"လို့ဒီဇင်ဘာ၈ရက် တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအတည်ပြုဆိုပါတယ်။
ထို့နောက်ဒီဇင်ဘာလ ၇ နေ့ နံနက် ၇ နာရီးအချိန်တွင် လမ်းဆုံမြို့ အနောက်ဘက် ရွာသစ်ရွာ အားရောက်ရှိပြီးရွာသစ်ရွာအတွင်းရှိ ပြည်သူပိုင်နေအိမ် ၃ လုံးအား မီးရိူ့ဖျက်ဆီးကာ၊ဝရငယ်ရွာသို့ပြောင်းရွှေ တပ်စွဲထားခဲ့ပါတယ်။
ဒီဇင်ဘာလ ၈ နေ့ နံနက်၆း၄၅ အချိန်တွင် ဝရငယ်ရွာမှစစ်ကောင်စီ အခြေချထားသော ထွေအုပ်၊မြို့မ ရဲစခန်း အား ၉း၃၀ အချိန်တွင်ဝင်ရောက်သွားခဲ့တယ်လို့ဆိုပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment