9th DEC 2023 - Evening Daily News by Radio NUG


၂၀၂၃ ဒီဇင်င်ဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကျယ်ပြန့်လာသည့် စိုးမိုးနယ်မြေများတွင် သဘာဝပတ်ဝန်းကျင်ကို  ကောင်းမွန်စွာ စီမံခန့်ခွဲ နိုင်ပြီလို့ ယာယီသမ္မတအသိပေးပြောကြား

📌 ၂။ စစ်ကောင်စီတပ်များဟာ အကြမ်းဖက်သမားများရဲ့ လုပ်ရပ်အတိုင်း ထပ်တူကျ လုပ်ခဲ့လို့  အကြမ်းဖက်တပ်ဖွဲ့စာရင်းဝင်သွားခဲ့ပြီလို့ ဒုဝန်ကြီး ဦးအောင်ကျော်မိုးပြောကြား

📌 ၃။ "စစ်တပ်၏အကြမ်းဖက်လုပ်ရပ်များအား ခွင့်လွှတ်ခြင်းမပြုရ" ​ခေါင်းစဥ်ဖြင့် (NUG) ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးစောဘလှသိန်းဟောပြောမည်

📌 ၄။ ယူကေအစိုးရက အရှေ့တောင်အာရှရှိ အတင်းအဓမ္မခိုင်းစေမှုများ ပြုလုပ်နေသည့် လုပ်ငန်းများကို ဒဏ်ခတ်ပိတ်ဆို့ရာမှာ မြန်မာနိူင်ငံမှ လူပုဂ္ဂိုလ်အချို့ပါဝင်

📌 ၅။ စစ်ကောင်စီ ခိုမုန်းတပ်စခန်းအတွင်း သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းအများအပြားကို TNLAဖော်ထုတ်ပြသ

📌 ၆။ စစ်ကိုင်းတိုင်းဒေသ တမူးမြို့အထက်ပိုင်း တုံးကျော်ကျေးရွာကို စကစတပ်များဝင်ရောက်၍ပါစတာနေအိမ်အပါအဝင် အိမ်ခြေ ၁၇ အိမ်ကျော်ကို မီးရှို့ဖျက်ဆီးသွား

📌 ၇။ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်မှ ရှေ့ပြေးအဖွဲ့ကိုတိုက်ခိုက်

📌 ၈။ "ဖက်ဆစ်တပ်ကို စွန့်ခွာကြ၊ ပြည်သူ့ရင်ခွင် ခိုလှုံကြ"ဘန်နာကို လောင်းလုံးမြို့ပေါ်က မြို့တော်ခန်းမရှေ့ယနေ့မနက်ချိတ်ဆွဲ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကျယ်ပြန့်လာသည့် စိုးမိုးနယ်မြေများတွင် သဘာဝပတ်ဝန်းကျင်ကို  ကောင်းမွန်စွာ စီမံခန့်ခွဲ နိုင်ပြီလို့ ယာယီသမ္မတအသိပေးပြောကြား


ဒီဇင်ဘာ၉ရက်


ဒီဇင်ဘာလ () ရက်တွင်ကျင်းပ‌သော ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဘောင်ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများ၏ (၂၈) ကြိမ်မြောက် ညီလာခံအစည်းအဝေး၏ ကမ္ဘာ့ရာသီဥတုဆိုင်ရာ ထိပ်သီးညီလာခံနှင့် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ ယာယီသမ္မတ ဒူဝါလရှီးလမှ ပေးပို့သည့် သဝဏ်လွှာမှာ အခုလိုဆိုထားပါတယ်။


မြန်မာနိုင်ငံဟာ ရာသီဥတုပြောင်းလဲမှုကို အလွန်အမင်း ထိခိုက်ခံစားလွယ်တဲ့နိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံအကျပ်အတည်းနှင့် ကြုံတွေ့နေရသည့် ကာလအတွင်း ကျွန်ုပ်တို့၏ သဘာဝ သယံဇာတ များကို စစ်အာဏာရှင်မှ မတရား ထုတ်ယူနေမှုများကြောင့် ဤထိခိုက်ခံစားရမှု အခြေအနေသည် ပိုမို ဆိုးဝါးလာပါတယ်။ ယခုအခါတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ၏ စိုးမိုးအုပ်ချုပ်နိုင်သည့် နယ်မြေများ ကျယ်ပြန့်လာသည့်အတွက် ပတ်ဝန်းကျင်ကို  ကောင်းမွန်စွာ စီမံခန့်ခွဲ နိုင်သည်သာမက စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များကို လက်လှမ်းမီ ရရှိနိုင်ရေးအတွက် ရာသီဥတုတိုက်ဖျက်ရေးကတိကဝတ်များကို အကောင်အထည်ဖော် ဆောင်ရွက်လာနိုင်ပြီ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် ၂၀၃၀ ပြည့်နှစ်၌ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးမှ CO2e တန်သန်းပေါင်း ၁၀၅.၂၄ လျှော့ချ သွားရန်၊ သစ်တောပြုန်းတီးမှု ၅၀ ရာခိုင်နှုန်း လျှော့ချ၍ Cumulative Net Emissions CO2e တန်သန်းပေါင်း ၁၂၃. လျှော့ချသွားရန်၊ LPG မီးဖို တစ်သန်းဖြန့်ဝေ၍ CO2e တန်သန်းပေါင်း ၁၄.၉၄ လျှော့ချသွားရန်၊ ကျေးလက်နေပြည်သူ . သန်းအတွက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်မှ လျှပ်စစ်မီး ဖြန့်ဖြူး ပေး၍ CO2e တန်သန်း .၇၁၉ လျှော့ချသွားရန်ဟူသည့် နိုင်ငံ၏ စွမ်းဆောင်နိုင်မှုအပေါ် အခြေခံချမှတ် ထားသော ကတိကဝတ်များကို  ဆက်လက် ကတိကဝတ်ပြု အကောင်အထည်ဖော်သွားမယ်လို့ယာယီသမ္မတထပ်လောင်းဆိုပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီတပ်များဟာ အကြမ်းဖက်သမားများရဲ့ လုပ်ရပ်အတိုင်း ထပ်တူကျ လုပ်ခဲ့လို့  အကြမ်းဖက်တပ်ဖွဲ့စာရင်းဝင်သွားခဲ့ပြီလို့ ဒုဝန်ကြီး ဦးအောင်ကျော်မိုးပြောကြား


ဒီဇင်ဘာ၉ရက်


ဒီဇင်ဘာ၈ရက်တွင် လူ့အခွင့်ရေးရာ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးမှ ဆိုရှယ်မီဒီယာတစ်ဆင့် အခုလိုဆိုထားပါတယ်။


"လက်နက်ကိုင်တပ်ဖွဲ့တစ်ခုကို သူတို့က နိုင်ငံ့ရန်စွယ်တွေကို ကာကွယ်နေသူတွေလား လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေကြသူတွေလား ဒါမှမဟုတ် လွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်ရင်း ပြည်သူလူထုအပေါ် ရာဇဝတ်မှုတွေကျုးလွန်နေသူလားဆိုတာကို သူတို့တွေ တိုက်ပွဲအတွင်း ပြုမှုဆောင်ရွက်ချက်တွေ သုံ့ပန်းတွေအပေါ်ထားတဲ့ ဆက်ဆံမှုတွေ လက်နက်ချအလင်းဝင်သူတွေအပေါ် စီမံမှုတွေနဲ့ ရပ်ရွာလူထုကို ဘယ်လိုမျိုး သဘောထား ဆက်ဆံနေတာလဲဆိုတာနဲ့ အကဲဖြတ်ကြတယ်။ သတ်မှတ်ကြတယ်။ အာဏာသိမ်းစစ်ကောင်စီဟာ အကြမ်းဖက်သမားများရဲ့ လုပ်ရပ်အတိုင်း ထပ်တူကျ လုပ်ခဲ့လို့ ယနေ့ အကြမ်းဖက်တပ်ဖွဲ့စာရင်းဝင်သွားခဲ့ပါပြီ။ ပြည်သူ့ကာကွယ်ရေးတပ်၊ လူမျိုးစုလွတ်မြောက်ရေးတပ်၊ လူမျိုးစုတပ်၊ တပ်တော်အစရှိတဲ့ တပ်ဖွဲ့တွေနဲ့လည်း လက်နက်ကိုင်တို့ တစ်သဝေမတိမ်း လိုက်နာကျင့်ကြံဖို့ လိုအပ်တဲ့ စည်းကမ်းနည်းနာများကို လိုက်နာရပါ့မယ်။ ဦးဆောင်သူများ တာဝန်ရှိသူများအနေနဲ့လည်း အောက်ခြေအဆင့်အထိ စည်းကမ်းနည်းနာများကို လိုက်နာနေတာ ရှိ၊ မရှိ စိစစ်ကြပ်မတ်ဖို့ လိုပါတယ်"လို့ဆိုပါတယ်။


 ထို့အပြင်(ရခိုင်)ပြည်လိုမျိုး မတူကွဲပြားခြားနားမှုတွေ ရှိတဲ့ ဒေသမျိုးမှာ အခြေစိုက်ရပ်တည်နေတဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ဒေသခံ ပြည်သူတွေကို ကာကွယ်ဖို့ စောင့်ရှောက်ဖို့နဲ့ မတူကွဲပြားတဲ့ ဘာသာ၊ လူမျိုး၊ ဓလေ့ထုံးတမ်းတွေကို သိရှိပြီး၊ တန်းတူညီတူ ဆက်ဆံဖို့ တာဝန်ရှိတယ်လို့ ဒုဝန်ကြီးကထပ်လောင်းပြောပါတယ်။


========================


📌📌 ၃။ "စစ်တပ်၏အကြမ်းဖက်လုပ်ရပ်များအား ခွင့်လွှတ်ခြင်းမပြုရ" ​ခေါင်းစဥ်ဖြင့် (NUG) ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးစောဘလှသိန်းဟောပြောမည်


ဒီဇင်ဘာ၉ရက်


ဂျပန့်လွှတ်တော်သက်တမ်း ၃ကြိမ်ဆက်တိုက် အရွေးခံထားရပြီး၊ မြန်မာ့ဒီမိုကရေစီ အရေးကို အားပေးထောက်ခံလျက်ရှိသော လွှတ်တော်အမတ်များ သမဂ္ဂ၏ အတွင်းရေးမှူးလည်း ဖြစ်သည့်အပြင် မြန်မာ့အရေးနှင့် ပတ်သက်၍ တတ်စွမ်းသမျှ ကြိုးပမ်းအားထုတ်ပေးလျက်ရှိသည့် ဂျပန်နိုင်ငံ အောက်လွှတ်တော်အမတ် ဆရာအိရှိဘရှိ မိချိဟိရောမှမြန်မာ့နိုင်ငံရေးနှင့်ဒီမိုကရေစီသွားရာလမ်း - ယခု ဘာလုပ်ပေးနိုင်ကြမလဲဟူသော ခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊မြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးစောဘလှသိန်း မှလည်း "မြန်မာစစ်တပ်၏အကြမ်းဖက်လုပ်ရပ်များအား ခွင့်လွှတ်ခြင်းမပြုရ" ​ခေါင်းစဥ်ဖြင့် ဟီရိုရှိးမားမြို့တွင်ဒီဇင်ဘာလ ၂၄ ရက် (တနင်္ဂနွေနေ့)နေ့လယ် ၃နာရီခွဲမှ ညနေ နာရီအထိ ဟောပြောပို့ချသွားမှာဖြစ်ပါတယ်။


========================


📌📌 ၄။ ယူကေအစိုးရက အရှေ့တောင်အာရှရှိ အတင်းအဓမ္မခိုင်းစေမှုများ ပြုလုပ်နေသည့် လုပ်ငန်းများကို ဒဏ်ခတ်ပိတ်ဆို့ရာမှာ မြန်မာနိူင်ငံမှ လူပုဂ္ဂိုလ်အချို့ပါဝင်


ဒီဇင်ဘာ၉ရက်


"အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းအား အတည်ပြုလက်မှတ်ထိုးပြီး ၇၅ နှစ်မြောက်နှစ်တွင် ယူကေအစိုးရက လူ့အခွင့်အရေး ချိုးဖောက်သူများကို ဒဏ်ခတ်ပိတ်ဆို့လိုက်ပါတယ်။ယူကေအစိုးရသည် အရှေ့တောင်အာရှရှိ အတင်းအဓမ္မခိုင်းစေမှုများ ပြုလုပ်နေသည့် လုပ်ငန်းများကို ဒဏ်ခတ်ပိတ်ဆို့လိုက်သည်။ ဤဒဏ်ခတ်ပိတ်ဆို့မှုတွင် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှုများတွင်ပါဝင်ခဲ့ပြီး၊ ကျူးလွန်ခံရသူများအား အွန်လိုင်း လိမ်လည်မှုလုပ်ငန်းများတွင် အဓမ္မစေခိုင်းကာ လိမ်လည်မှုလုပ်ငန်းကြီးများဖြစ်လာစေရန် ဦးတည်လုပ်ဆောင်စေခြင်းတို့တွင် ပါဝင်ပတ်သက်ခဲ့သည့် လူပုဂ္ဂိုလ် () ဦးနှင့် အဖွဲ့အစည်း () ခုကို ပစ်မှတ်ထားတယ်"လို့ဒီဇင်ဘာလအတွင်း ယူကေသံရုံးမြန်မာကအသိပေးဖော်ပြပါတယ်။


ရွှေကုက္ကိုလ်သို့  လူကုန်ကူးခြင်းကြောင့် မြန်မာနိုင်ငံမှ ဒဏ်ခတ်ပိတ်ဆို့ခြင်းခံရသူများမှာ  She Zhijiang ( ရှု- ကျွာ- ကျန်း) ဗိုလ်မှူးကြီး စောချစ်သူ၊စောမင်းမင်းဦးတို့ပါဝင်ပါတယ်။


မြန်မာနိုင်ငံတစ်နိုင်ငံတည်းတွင် အနည်းဆုံး လူပေါင်း ၁၂၀,၀၀၀ သည် အထက်ဖော်ပြပါ လိမ်လည်မှုလုပ်ငန်းများတွင် အတင်းအကျပ် အလုပ်ခိုင်းစေခံနေရသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။


ယူကေ နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးရုံး (FCDO) သည် လူကုန်ကူးမှုကျူးလွန်ခံရသော ယူကေနိုင်ငံသား အနည်းစုကို ယူကေသို့ ပြန်ရန် ကူညီပေးခဲ့ပါတယ်။


နိုင်ငံခြားရေးဝန်ကြီး David Cameron က

ကမ္ဘာတဝှမ်းက သာမန်ပြည်သူတွေရဲ့ အခြေခံအခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို နင်းခြေတဲ့ ရာဇ၀တ်သားတွေရဲ့လုပ်ရပ်နဲ့ ဖိနှိပ်ချုပ်ချယ်တဲ့အစိုးရများကို ကျွန်တော်တို့ လက်မခံပါဘူး။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကို အတည်ပြုပြီး ၇၅ နှစ်မြောက်မှာ ယူကေနဲ့ မိတ်ဖက်နိုင်ငံများက လွတ်လပ်ခွင့်များအား ပိတ်ပင်သူများကို မဆုတ်မနစ် ဆက်လက် အရေးယူသွားမယ်လို့ ရှင်းလင်းစွာ အသိပေးလိုပါတယ်လို့ဆိုထားပါတယ်။


========================


📌📌 ၅။ စစ်ကောင်စီ ခိုမုန်းတပ်စခန်းအတွင်း သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းအများအပြားကို TNLAဖော်ထုတ်ပြသ


ဒီဇင်ဘာ၉ရက်


"တအာင်းပြည်နယ်၊ တပ်မဟာ()စစ်ဒေသ၊ မန်တုံမြို့နယ် စစ်ကောင်စီ ခိုမုန်းတပ်စခန်းကို ဒီဇင်ဘာ ၇ရကျနေ့ ညနေ (၄း၃၀)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်"လို့ ဒီဇင်ဘာ၉ရက်မှာ PSLFTNLAက လက်နက်ခဲယမ်းများကိုအသိပေးဖော်ပြပါတယ်။


၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ 60 MM လက်နက်ကြီးအပါအဝင်၊ ပစ္စတို()လက်၊ လက်နက်()လက်၊ ခဲယမ်းများစွာနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့ပါတယ်။


========================


📌📌 ၆။ စစ်ကိုင်းတိုင်းဒေသ တမူးမြို့အထက်ပိုင်း တုံးကျော်ကျေးရွာကို စကစတပ်များဝင်ရောက်၍ပါစတာနေအိမ်အပါအဝင် အိမ်ခြေ ၁၇ အိမ်ကျော်ကို မီးရှို့ဖျက်ဆီးသွား


ဒီဇင်ဘာ ၉ရက် 


"စစ်ကိုင်းတိုင်းဒေသ တမူးမြို့အထက်ပိုင်း တုံးကျော်ကျေးရွာကို ဒီဇင်ဘာလ ရက် ၁၁နာရီခွဲအချိန်ခန့်တွင် စစ်ကောင်စီနဲ့၎င်းလက်အောက်ခံများမှ မီးရှို့ဖျက်ဆီးမှုကြောင့် EBC ဘုရားကျောင်းဝင်းအတွင်း ပါစတာနေအိမ် အပါအဝင် အိမ်ခြေ ၁၇အိမ်ကျော် မီးလောင်ပျက်စီးသွားကာ ပြည်သူများ ညတွင်းချင်း ဘေးလွတ်ရာသို့ထွက်ပြေးကြရပါတယ်"လို့ကူကီးအမျိုးသားတပ်မတော် KNA-Burmaကအတည်ပြုထားပါတယ်။


တုံးကျော်ကျေးရွာသည် အိမ်ခြေ ၃၀၀ ကျော်ရှိကာ တမူး-အောင်ဇေယျကားလမ်းပေါ်တွင်တည်ရှိသည့် ကူကီးကျေးရွာတစ်ခုဖြစ်ကာ  ၁၁ နာရီ၌ မြို့သစ်မြို့တွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်လာကာ ကျေးရွာအတွင်း သေနတ်ဖောက်ပြီး စတင်မီးရှို့ခြင်းဖြစ်ပါတယ်။


ကျနော်တို့ တုံးကျော်ကျေးရွာမှာ တိုက်ပွဲလည်းမရှိဘူး၊ သနန်တို့ မြို့သစ်တို့ဘက်က စစ်ရှောင်တွေတောင် ကျနော်တို့ရွာကို လာခိုလုံကြတယ်။ အဲဒါကို  ဘာဖြစ်လို့အခုလိုလာပြီး မီးရှို့တာလဲ နားမလည်ဘူး။ ဒါသက်သက်မဲ့ ကျနော်တို့ ကူကီးရွာတွေကိုဖျက်ဆီးချင်နေတဲ့ စစ်တပ်ရဲ့ဗျူဟာတစ်ခုဖြစ်တယ်။ ခုလဲ ဒီဇင်ဘာ ရက်နေ့က KNA-Burma နဲ့ ခရိုင်တပ်တို့ပေါင်းပြီး အောင်ဇေယျ စခန်းကိုတိုက်ကြတယ် အဲမှာ စကစဘက်က အတော်အထိနာပြီး တချို့လဲ ထွက်ပြေးကြတယ်လို့ကြားတယ် အဲဒါကို မကြေနပ်လို့ ဘာလက်နက်မှမရှိတဲ့ ဒီရွာကိုလာပြီး သေနတ်တွေဖောက်တယ် အိမ်တွေမီးရှို့တယ်။ သူတို့ရဲ့တန်ပြန်တိုက်ခိုက်မှုတွေက ပြည်သူတွေကို ပစ်မှတ်ထားတယ်လို့ယူဆတယ်လို့ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးမှပြောကြားပါတယ်။


========================


📌📌 ၇။ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်မှ ရှေ့ပြေးအဖွဲ့ကိုတိုက်ခိုက်


ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ် မာရမ်းကျေးရွာဘက်သို့ နိုဝင်ဘာ ရက် နံနက်ပိုင်းက အင်အား ၅၀ ခန့်ဖြင့် ခမရ (၅၈၄)မှ တပ်ရင်းမှူးကိုယ်တိုင်ဦးစီး၍ မြေသယ်ကားတစ်စီး၊ အိမ်စီးကားတစ်စီးဖြင့်လာရောက်ခဲ့တယ်လို့ ဒီဇင်ဘာ၈ရက်မှာ စစ်ရေးသတင်းကို ကော့သောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။


ထို့နောက် ၎င်းယာဥ်တန်းမှ အင်အား ၂၀ ခန့်ကိုထုတ်နှုတ်၍ ရှေ့ပြေးအနေဖြင့် ကင်းထောက်စေရာ ဖော့သုတ်သချိုင်းအနီး အသင့်စောင့်စိုင်းနေသော ကော့သောင်း(ပကဖ)မှ ရဲဘော်များက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။


တိုက်ပွဲတွင် စစ်ကောင်စီတပ် ရှေ့ကင်းအဖွဲ့မှ နှစ်ဦးဒဏ်ရာရရှိကာ တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သားတစ်ဦးသေဆုံး၍ သေနတ်တစ်လက်ရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၈။ "ဖက်ဆစ်တပ်ကို စွန့်ခွာကြ၊ ပြည်သူ့ရင်ခွင် ခိုလှုံကြ"ဘန်နာကို လောင်းလုံးမြို့ပေါ်က မြို့တော်ခန်းမရှေ့ယနေ့မနက်ချိတ်ဆွဲ


ဒီဇင်ဘာလ ရက်


ဒီဇင်ဘာ၉ရက် မှာ လှုပ်ရှားမှုကို ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(ထားဝယ်ခရိုင်)ကအခုလို အသိပေးဆိုပါတယ်။


"ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီဝင်တချို့မှ ဒီဇင်ဘာလ ရက်နေ့ ဒီနေ့မနက်ပိုင်းက လောင်းလုံးမြို့ပေါ်က မြို့တော်ခန်းမနဲ့ ဆေးရုံရှေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်"လို့ဆိုပါတယ်။


အဲဒီလှုပ်ရှားမှုကို အာဏာသိမ်းစစ်ကောင်စီဘက်တော်သားတွေအနေနဲ့ ဖက်ဆစ်တပ်ကိုစွန့်ခွာပြီး ပြည်သူ့ဘက်သို့ ကူးပြောင်းလာကြဖို့တိုက်တွန်းတဲ့အနေနဲ့ မြို့တော်ခန်းမရှေ့မှာ 'ဖက်ဆစ်တပ်ကို စွန့်ခွာကြ၊ ပြည်သူ့ရင်ခွင် ခိုလှုံကြ' ဘန်နာကို ချိတ်ဆွဲကြပြီး လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment