12th JAN 2024 - Evening Daily News by Radio NUG


၂၀၂၄ ဇန်နဝါရီလ ၁၂ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ (၆၁) နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့သဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ပေးပို့

📌 ၂။ ကနန်ကျေးရွာလေကြောင်းတိုက်ခိုက်မှု ဖြစ်စဥ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင််းပွဲအမျိုးသားညီညွတ်ရေးအစိုးရကျင်းပ

📌 ၃။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ရေးဆွဲရေး ကော်မရှင်တွင် ပါဝင်လာရေး သပိတ်ကော်မတီများနှင့် တွေ့ဆုံ

📌 ၄။ သွေးစည်းညီညွတ်မှုနဲ့ အတူတကွရှိနေမှုကို ပြသမယ့် လူထုလှုပ်ရှားမှုကြီးအတွက် "နွေဦးအိမ်ပြန်လမ်း" ကို စတင်မိတ်ဆက်

📌 ၅။ အာဆီယံ အထူးသံတမန်နှင့် အာဏာသိမ်း စစ်ခေါင်းဆောင် တွေ့ဆုံ


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တအောင်းနှင့် ရက္ခိုင်ဒေသများကို စစ်ကောင်စီက လေယာဉ်၊ ရဟတ်ယာဉ်၊ ဒရုန်း၊ စစ်ရေယာဉ်များနှင့် လက်နက်ကြီး တိုက်ခိုက်မှုများ ဆက်လုပ်နေ၊ ရက္ခိုင်တွင် ပြည်သူ့နေအိမ်များ မီးရှိဖျက်ဆီး

🚩 ၂။ တင်ငုတ်ကြီးရွာ ပျူစောထီးအထိုင်စခန်းအား ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များမှ တိုက်ခိုက်ပြီးနောက် အနီးနားရှိကျေးရွာ ရွာအား  စစ်ကောင်စီတပ်မှအကြမ်းဖက်မီးရှို့ဖျက်ဆီးခဲ့

🚩 ၃။ (၆၁)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် PSLF/TNLA မှအကျဉ်းသား (၂၃၂)ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး (၆၀)ဦးအား ပြစ်ဒဏ်လျှော့ပေါ့ပေး

🚩 ၄။ ပုလဲမြို့နယ်တွင် ချင်းပြည်နယ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦး လက်နက်များ နှင့်တကွ အလင်းဝင် 

🚩 ၅။ မြိုင်မြို့ အထွက်စစ်ဆေးရေးဂိတ်အား ဝင်ရောက်ပစ်ခက် ရှင်းလင်းခဲ့ ရာ ဂိတ်အတွင်း ဘန်ကာထဲရှိ ရဲနှစ်ဦးသေဆုံး

🚩 ၆။ အုတ်ဖိုတွင် သေနတ်ထုတ်ယူထားသော အကြမ်းဖက်စစ်ကောင်စီ၏ထောက်တိုင် စစ်ထွက်ပျူစောထီးကို ပစ်ခတ်ရှင်းလင်းခံရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ (၆၁) နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့သဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ပေးပို့


ဇန်နဝါရီလ ၁၂ ရက်


ဇန်နဝါရီ၁၂ရက်မှာ ကျရောက်သည့် (၆၁) နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်


တအာင်းပြည်သူအားလုံး ၁၉၆၃ ခုနှစ်မှစတင်ကာ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နှင့် တန်းတူညီမျှမှုတို့အတွက် စစ်အာဏာရှင် စနစ်လက်အောက်မှ လွတ်မြောက်နိုင်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ကြသည်မှာ ယနေ့တွင် (၆၁) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်လို့ဆိုပါတယ်။


 ထူးမြတ်သည့်အခါသမယတွင် တအာင်းပြည်သူများနှင့်တကွ တိုင်းရင်းသားညီနောင်များအားလုံး တော်လှန်စိတ်ခွန်အားအပြည့်ဖြင့် လျှောက်လှမ်းနေသည့် နွေဦးခရီးလမ်းတွင် အောင်ပွဲအလီလီ ဆင်နွှဲနိုင်ကြကာ ဘေးအန္တရာယ်အပေါင်း ကင်းဝေးကြပါစေ ကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်လို့ဖော်ပြပါတယ်။


တအာင်းပြည်သူများသည် စစ်အာဏာရှင် ခေတ်အဆက်ဆက်တွင်သာမက ယနေ့နွေဦး တော်လှန်ရေးတွင်လည်း အခြားသော တော်လှန်ရေးအဖွဲ့အစည်းများနှင့်အတူ စစ်ရေး၊ နိုင်ငံရေး အခြေအနေများကို ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်ကာ အောင်ပွဲများစွာ ရရှိလျက်ရှိကာ ၁၀၂၇ စစ်ဆင်ရေးမှ ပေါ်ပေါက်လာသည့် အောင်ပွဲများတွင် တအာင်းပြည်သူများ၏ ရဲစွမ်းသတ္တိ ကိုလည်း အထင်အရှားမြင်တွေ့ရတယ်လို့ဆိုပါတယ်။


ခေတ်အဆက်ဆက် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြသော တအာင်းသူရဲကောင်းခေါင်းဆောင်ကြီးများနှင့်အတူ ယနေ့နွေဦးတော်လှန်ရေး တွင်လည်း မြင့်မြတ်စွာ အသက်၊ ခန္ဓာရင်းနှီးပေးဆပ်ခဲ့ကြသော တအာင်းအာဇာနည်သူရဲကောင်း အပေါင်းအား လေးစားစွာ ဦးညွှတ်အလေးပြုလျက် စစ်မိစ္ဆာစနစ်ဆိုးလက်အောက်တွင် နှစ်ပေါင်း များစွာ အတူတကွ အဖိနှိပ်ခံခဲ့ရသည့် တိုင်းရင်းသားပြည်သူများ၊ တော်လှန်ရေးအင်အားစုတစ်ရပ်လုံးနှင့်အတူ လက်ရှိကာလတွင်သာမက နောင်အနာဂတ်တွင် စစ်အာဏာရှင်စနစ်အား မြန်မာ့မြေပေါ်မှ အပြီးတိုင်ကွယ်ပျောက်သွားရေးအတွက် နိုင်ငံရေးအရ ဆွေးနွေးခြင်း၊ အပြန်အလှန် နားလည်ယုံကြည်မှုများ တည်ဆောက်ခြင်းတို့ဖြင့် ကျော်လွှားသွားမည်ဖြစ်ကြောင်း ကတိသစ္စာဖြင့် (၆၁) နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့သဝဏ်လွှာ အားပေးပို့အပ်တယ်လို့ဖော်ပြပါရှိပါတယ်။


========================


📌📌 ၂။ ကနန်ကျေးရွာလေကြောင်းတိုက်ခိုက်မှု ဖြစ်စဥ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင််းပွဲအမျိုးသားညီညွတ်ရေးအစိုးရကျင်းပ


ဇန်နဝါရီ၁၂ရက်


စစ်ကိုင်းတိုင်း တမူးခရိုင်၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့နယ်(ခွဲ)ကနန်ကျေးရွာလေကြောင်းတိုက်ခိုက်မှု ဖြစ်စဥ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင််းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရက ကျင်းပခဲ့ပါတယ်။


ဇန်နဝါရီ၁၂ရက် ကနန်ကျေးရွာလေကြောင်းတိုက်ခိုက်မှု ဖြစ်စဥ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင််းပွဲမှာ ဖြစ်စဥ်ကို ဆရာမရတီအုန်းကလည်းမြေပြင်အတွေ့အကြုံကိုပြောပြခဲ့ပါတယ်။


"အဲဒီနေ့က ဗုံးကြဲတိုက်ခိုက်မှုအပြီး လူနာတွေသယ်လာကြတယ်။အဲဒီမှာ ကျမကိုလာခေါ်တယ်။ကားပေါ်မှာ ပါလာတယ်။လာကြည့်ပေးပါဦးဆိုတာ ခေါင်းက ဦးနှောက်တွေမရှိတော့ဘူး။နောက်တစ်ယောက်ကဗိုက်ကအူတွေပါထွက်နေပြီ။အသက်မရှိတော့ဘူး။နောက်တစ်ယောက်ကမျက်စိကခေါင်းနောက်ကိုထွက်နေပြီ။သူလည်းအသက်မရှိတော့ဘူး"လို့ဆရာမရတီအုန်းက ပြောပါတယ်။


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ () ရက်နေ့၊ နံနက် (၁၀) နာရီ (၅၀) မိနစ်တွင် တိုက်ပွဲများလုံးဝဖြစ်ပွားထားခြင်း မရှိသည့် စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့နယ်(ခွဲ) ကနန်ရွာသို့ အကြမ်းဖက်စစ်အုပ်စုက A-5 တိုက်လေယာဉ်ဖြင့် ပေါက်ကွဲအား ပြင်းထန်သော ဗုံးများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။


အဆိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အသက် () နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ (၁၇) ဦးသည်   ခြေ၊ လက်ပြတ်တောက်ခြင်း၊ ဦးခေါင်းထိမှန်ခြင်း၊ ဝမ်းဗိုက်များပွင့်ကာ အူများထွက်ကြခြင်း စသည့်ပုံစံများဖြင့် သေဆုံးခဲ့ကြရပါတယ်။


"သူတို့လာပြီးဗုံးကြဲသွားတဲ့ဘုရားကျောင်းနဲ့စာသင်ကျောင်း ကနန်ရပ်ကွက်က တကယ့်ကိုလူနေရပ်ကွက်စစ်စစ်ပါ။ အဲဒီမှာလာဗုံးကြဲသွားတော့လူတွေအများကြီးထိသွားတယ်။ ကျအတို့ကဆက်ပြီး ကူညီပေးတာဆေးဖိုးတွေကူညီပေးနိူင်ခဲ့တယ်"လို့ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ မြို့နယ်တာဝန်ခံ မခိုင်လေးကပြောပါတယ်။


အဆိုပါ ကနန်လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်အား စကစဘက်ကငြင်းဆိုထားသော်လည်း လေယာဥ်ဗုံးကြဲသည့် ရုပ်သံမှတ်တမ်းအထောက်အထားများကို ရရှိထားတယ်လို့ ဆိုပါတယ်။


"ဒီလိုလေယာဥ်နဲ့လာဗုံးချတာ၊စစ်ရာဇဝတ်မှုကျူးလွန်တာ၊ဒီလိုမျိုးအထောက်အထားတွေကျနော်တို့စုဆောင်းထားတယ်။ ဒီစုဆောင်ထားတဲ့ဟာတွေကို နိူင်ငံတကာအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးယန္တရား အဲဒီလိုအဖွဲ့အစည်းတွေမှာ စကစကျူးလွန်တဲ့ဟာတွေကို တရားစွဲဆိုနိူင်ဖို့အထောက်အထားတွေ သူတို့တွေနဲ့လည်းကျနော်တို့တွဲ လုပ်နေကြတယ်"လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကပြောကြားပါတယ်။


အဆိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အသက်() နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ စုစုပေါင်း (၁၉) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ် (၁၀) လုံးခန့်ထိမှန်ပျက်စီးခဲ့ကာ စာသင်ကျောင်းနှစ်ထပ်ဆောင်()လုံးနှင့် ခရစ်ယာန်ဘုရားကျောင်း လည်း ထိမှန်ပျက်စီးခဲ့ပါတယ်။


========================


📌📌 ၃။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ရေးဆွဲရေး ကော်မရှင်တွင် ပါဝင်လာရေး သပိတ်ကော်မတီများနှင့် တွေ့ဆုံ


ဇန်နဝါရီ၁၂ရက်


စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ရေးဆွဲရေး ကော်မရှင်တွင် ပါဝင်လာရေး သပိတ်ကော်မတီများနှင့် တွေ့ဆုံပွဲကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက်နေ့၊  ၁၀း၀၀နာရီအချိန် ဗီဒီယိုကွန်ဖရင့်မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဇန်နဝါရီ၁၂ရက်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကအသိပေးဆိုပါတယ်။


တွေ့ဆုံဆွေးနွေးပွဲတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၏ ဥက္ကဌ၊ ဒုတိယ ဥက္ကဌ နှင့် ယူနစ်လွှတ်တော်ရေးရာကော်မတီများမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ညှိနှိုင်းရေးမှူးများတက်ရောက်ခဲ့ကြပြီး  စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ရေးဆွဲရေး ကော်မရှင်တွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါတယ်။


စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် သပိတ်ကော်မတီများစဥ်ဆက်မပြတ်တွေ့ဆုံနိုင်ရေးနှင့် လွှတ်တော်၏ ရှေ့လုပ်ငန်းစဥ်များ အကောင်အထည်ဖော်ရာတွင် ဝင်ရောက်ဆွေးနွေး အကြံပြုနိုင်ရေးကို အမြဲတံခါးဖွင့် ကြိုဆိုထားကြောင်းအသိပေးဆိုပါတယ်။


========================


📌📌 ၄။ သွေးစည်းညီညွတ်မှုနဲ့ အတူတကွရှိနေမှုကို ပြသမယ့် လူထုလှုပ်ရှားမှုကြီးအတွက် "နွေဦးအိမ်ပြန်လမ်း" ကို စတင်မိတ်ဆက်


ဇန်နဝါရီ ၁၂။


နွေဦးတော်လှန်ရေးမှာ တိုက်ပွဲဝင်နေကြတဲ့ တိုက်ပွဲဝင်ရဲဘော် အားလုံးအပေါ် ပြည်သူ့ထောက်ခံ ယုံကြည်မှုနဲ့ သွေးစည်းမှုကို ပြသဖို အဓိကရည်ရွယ်ပြီး သွေးစည်းညီညွတ်မှုနဲ့ အတူတကွရှိနေမှုကို ပြသတဲ့လူထုလှုပ်ရှားမှုကြီးကို လုပ်ဆောင်သွားမယ်ဆိုတဲ့ "နွေဦးအိမ်ပြန်လမ်း" စာမျက်နှာ တခုကို ဇန်နဝါရီ ၁၁ ရက်မှာ မိတ်ဆက်လိုက်တာကို တွေ့ရပါတယ်။


အဆိုပါ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ "အချိန်တန်တော့ အိမ်ပြန်လမ်းပေါ်  အားလုံးရောက်ခဲ့ ကြပြီ။ ဒါဟာ အလကားနေရင်း ဖြစ်လာတာမဟုတ်။ တော်လှန်ပြည်သူ အားလုံး၊ တော်လှန်ရေး အင်အားစု အားလုံး () နှစ်စာ ရုန်းခဲ့ကြ ဖောက်ခဲ့ကြတဲ့ လမ်းပါ" လို့ ဖော်ပြထားပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ ကတည်းက စခဲ့တဲ့ တော်လှန်ရေး () ငါးလုံး ပြည်လုံးကျွတ် အထွေထွေသပိတ် အပါအဝင် သပိတ်ပေါင်းစုံကို ဖြတ်သန်းခဲ့အပြီးမှာ ပြည်သူ့ခုခံ တော်လှန်စစ်ကနေ တဆင့် အရေးကြီးတဲ့ အချိုးအကွေ့ မှတ်တိုင်တွေဖြစ်တဲ့၁၀၂၇ စစ်ဆင်ရေး၁၁၀၇ စစ်ဆင်ရေး၁၁၁၁ စစ်ဆင်ရေးတွေအထိ ခရီးဆက်လာခဲ့တာ တလှိုင်းပြီး တလှိုင်း စစ်ဆင်ရေးတွေ၊ ဒီအောင်ပွဲ တွေနဲ့အတူ ဆယ်စုနှစ်များကြာ ဖောက်ခဲ့ကြတဲ့ တိုင်းရင်းသား ပြည်သူအားလုံးရဲ့ အိမ်ပြန်လမ်းခရီးဟာ ဆိုက်ရောက်လာခဲ့ပြီ ဖြစ်သလို အားလုံး အိမ်အတူတူ ပြန်ကြမယ့် လမ်းပေါ် ခြေချမိနေကြပြီ လို့လည်း ဆိုထားပါတယ်။


နွေဦးအိမ်ပြန်လမ်းစာမျက်နှာမှာ အိမ်ပြန်ကြမယ့် အကြောင်းတွေကို ကိုယ်အားသန်ရာ အနုပညာနဲ့ ပုံဖော်ညွှန်းဆို ကြမယ့်အပြင် ပြည်သူတွေအနေနဲ့ ပေးစာတွေလည်း ရေးပိုနိုင်မှာဖြစ်သလို အိမ်ပြန်လမ်းတွေ ပိုဖြောင့်ဖြူးဖို အိမ်ပြန်လက်မှတ်တွေလည်း အတူဝယ်ယူနိုင်ပြီး အိမ်နဲ့ ဝေးနေကြသူ အားလုံး အိမ်ပြန်လမ်းကိုကိုယ်တိုင်ဖောက် ကိုယ့်အိမ်ကိုယ်အရောက်ပြန်ကြမယ်လို မိတ်ဆက်ရေးသား ထားတာကို တွေ့ရပါတယ်။


========================


📌📌 ၅။ အာဆီယံ အထူးသံတမန်နှင့် အာဏာသိမ်း စစ်ခေါင်းဆောင် တွေ့ဆုံ


ဇန်နဝါရီ ၁၂။


အာဆီယံ အလှည့်ကျဥက္ကဌ လာအိုနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်နဲ့ မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ကြတယ်လို့ စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် မီဒီယာတွေမှာ ဇန်နဝါရီလ ၁၁ ရက်နေ့က ဖော်ပြပါတယ်။


စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံနိုင်ငံတွေ သဘောတူထားတဲ့ ဘုံသဘောတူညီချက် () ချက်ကို မြန်မာ စစ်ကောင်စီက အကောင်အထည် ဖော်ဆောင်ရာမှာ တိုးတက်မှု မရှိနေတာကြောင့် စိတ်ပျက်စရာ ဖြစ်နေချိန်မှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန် အလွန်ကီယိုကစ်တီခွန်ကို အာဏာသိမ်း စစ်ခေါင်းဆောင်က နေပြည်တော်မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။


အာဆီယံအဖွဲ့က စစ်ကောင်စီကို  အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့နဲ့ ဘုံသဘောတူညီချက် ရပ် ဖော်ဆောင်ဖို့ကို ထပ်တလဲလဲ တိုက်တွန်းခဲ့ပေမယ့် သက်ရောက်မှု မရှိသလောက် နည်းပါးခဲ့တာပါ။


မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေကို အာဆီယံဒေသတွင်း ထိပ်သီးဆွေးနွေးပွဲတွေမှာ တက်ရောက်ခွင့် ပိတ်ပင်ထားပေမယ့် အထူးကိုယ်စားလှယ် ရုံးမှတစ်ဆင့် စစ်ကောင်စီနဲ့ ဆက်ဆံရေး ပြုလုပ်နေတာ ရှိပါတယ်။


စစ်ခေါင်းဆောင်နဲ့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ တွေ့ဆုံဆွေးနွေးမှုမှာ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် အစိုးရရဲ့ ကြိုးပမ်းမှုတွေကို ဆွေးနွေးခဲ့ ကြတယ်လို့ စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် the Global New Light of Myanmar သတင်းစာက ဖော်ပြထားပါတယ်။


ထို့အပြင် စစ်ခေါင်းဆောင်က နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီရဲ့ လမ်းညွှန်မြေပုံအတိုင်း စစ်ကောင်စီက အာဆီယံ ဘုံသဘောတူညီချက် ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေတယ် ဟု ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်မင်းစစ်‌သွေးတို့မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ တအောင်းနှင့် ရက္ခိုင်ဒေသများကို စစ်ကောင်စီက လေယာဉ်၊ ရဟတ်ယာဉ်၊ ဒရုန်း၊ စစ်ရေယာဉ်များနှင့် လက်နက်ကြီး တိုက်ခိုက်မှုများ ဆက်လုပ်နေ၊ ရက္ခိုင်တွင် ပြည်သူ့နေအိမ်များ မီးရှိဖျက်ဆီး


ဇန်နဝါရီ ၁၂။


တအောင်းနှင့် ရက္ခိုင်ဒေသများကို စစ်ကောင်စီဘက်မှ လက်နက်ကြီး ပစ်ခတ်မှုများ၊ လေယာဉ်၊ ရဟတ်ယာဉ်၊ ဒရုန်းနှင့် စစ်ရေယာဉ်များ အသုံးပြု တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင် နေတယ်လို့ ညီနောင်မဟာမိတ် သုံးဖွဲက သတင်းထုတ်ပြန်ပါတယ်။


ထိုသို့ တိုက်ခိုက်ရာမှာ တအောင်းဒေသရှိ ကျေးရွာများကို လက်နက်ကြီးများ၊ ရဟတ်ယာဉ်‌၊ လေယာဉ်များ အသုံးပြုတိုက်ခိုက်ခဲ့ပြီး ရခိုင်ဒေသတွင် လေကြောင်းတိုက်ခိုက်မှုအပြင် စစ်ရေယာဉ်နှင့် ဒရုန်းများကိုပါ အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


မနေ့က တစ်ရက်တည်းမှာပဲ စစ်ကောင်စီက တအာင်းတပ် (TNLA) တပ်မဟာ () စစ်ဒေသ၊ လားရှိးမြိုနယ်၊ ပန်ခေါ်ကျေးရွာ၊ ပန်ဖတ်ကျေးရွာ၊ ကောင်ဖြူကျေးရွာ၊ ပန်နားကျေးရွာ၊ ပန်ဟုံကျေးရွာ နှင့် ကုန်းဆာကျေးရွာများ အနီးတစ်ဝိုက်ကို Mi-35 ရဟတ်ယာဉ်ဖြင့် () ကြိမ်၊ Y12 လေယာဉ်ဖြင့် (၁၅) ကြိမ်တိုင် လာရောက်ပြီး ဗုံး ၁၃၀ ခန့် ကြဲချတိုက်ခိုက် ခဲ့ပါတယ်။ 


ထိုအပြင် စစ်ကောင်စီ ဂျက်ဖိုက်တာများက နမ့်ဆန်မြိုနယ်၊ ကွမ်းဟယ်ကျေးရွာကို () ကြိမ် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့လည်း ညီနောင်သုံးဖွဲ့က ဆိုပါတယ်။


ရက္ခိုင်ပြည်နယ်တွင် မင်းပြားမြိုအား ယမန်နေ့ မနက်ပိုင်းမှ နေ့လယ်ပိုင်းအထိ စစ်ကောင်စီက တိုက်လေယာဉ်၊ Mi-35 ရဟတ်ယာဉ်နှင့် စစ်သင်္ဘောများဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက် ခဲ့တယ်ပြီး မြို့ပေါ်ရပ်ကွက်များပေါ် ကျရောက်ပေါက်ကွဲခဲ့ကာ နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် စစ်ကောင်စီ ရေတပ်မှ တပ်ဖွဲ့ဝင်များဟာ မင်းပြားမြို့အတွင်း ဝင်ရောက်ပြီး မြိုပေါ်ရပ်ကွက်ရှိနေအိမ်အချိုကို မီးရှိဖျက်ဆီးခဲ့တဲ့အပြင်  ပေါက်တောမြိုနယ်၊ တောင်းဖူးကျေးရွာ မှာလည်း ရွာလုံးကျွတ်နီးပါး ဓာတ်ဆီလောင်း မီးရှိဖျက်ဆီး ခဲ့ကြတယ်လို့ ညီနောင်သုံးဖွဲ့က ဆိုပါတယ်။


"ဇန်နဝါရီ၁၁ရက်နံနက် () နာရီအချိန်၌ ရန်သူ့နေဗီ () စီးမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား (၃၀) ကျော်သည် ပေါက်တော မြို့နယ်၊ တောင်းဖူးကျေးရွာသို့ ဝင်ရောက်လာခဲ့၍ ကျေးရွာတွင်းရှိ ရွာလုံးကျွတ်နီးပါး နေအိမ်များအား ဓါတ်ဆီ လောင်း မီးရှို့ဖျက်ဆီးခဲ့ကြတယ်"လို့  ညီနောင်သုံးဖွဲ့ကအတည်ပြုဆိုပါတယ်။


စစ်တွေမြိုအခြေစိုက် စစ်ကောင်စီ အမှတ် (၁၂) ရဲတပ်ရင်းမှ အရပ်သားပြည်သူများ နေထိုင်ရာ ပေါက်တောမြိုနှင့် အနီးအနားကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့တဲ့အပြင် ဒရုန်းများဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။


ထို့အပြင် တအောင်းဒေသနှင့် ရက္ခိုင်ဒေသများရှိ ကျေးရွာများကို လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက် လုပ်ဆောင်နေပြီး ပလက်ဝမြို့နယ်အတွင်း ရက္ခိုင်တပ်တော် AA ရဲ့ အပြီးသတ် စခန်းသိမ်း တိုက်ပွဲများ ဖော်ဆောင်နေကာ တိုက်ပွဲများ ပြင်းထန်နေတယ်လို့ ညီနောင်သုံးဖွဲ့က ဇန်နဝါရီ ၁၁ ရက်နေ့ စစ်ရေးသတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ တင်ငုတ်ကြီးရွာ ပျူစောထီးအထိုင်စခန်းအား ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များမှ တိုက်ခိုက်ပြီးနောက် အနီးနားရှိကျေးရွာ ရွာအား  စစ်ကောင်စီတပ်မှအကြမ်းဖက်မီးရှို့ဖျက်ဆီးခဲ့


ဇန်နဝါရီ၁၂ရက်


ကန့်ဘလူမြို့နယ်၊ထန်းကုန်းတိုက်နယ်အတွင်းရှိတင်ငုတ်ကြီးရွာ ပျူစောထီးအထိုင်စခန်းအား ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များမှ တိုက်ခိုက်ပြီးနောက် အနီးနားရှိကျေးရွာ ရွာအား  စစ်ကောင်စီတပ်မှအကြမ်းဖက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဇန်နဝါရီ၁၂ရက်မှာ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် ကအသိပေးဆိုပါတယ်။


"ဇန်နဝါရီလ ၁၁ ရက်နေ့မနက်တွင် ကန့်ဘလူမြို့နယ်၊ထန်းကုန်းတိုက်နယ်အတွင်းရှိ တင်ငုတ်ကြီးရွာ ပျူစောထီးအထိုင်စခန်းအား ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များမှ  တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်   စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၁၃၀ ခန့်မှ စစ်ကြောင်းနှစ်ကြောင်းခွဲကာ ကိုးမြို့ရွာ၊တောင့်တည်းကုန်းရွာနှင့် သရက်ခေါင်းရွာ ရွာတို့အား အကြမ်းဖက်မီးရှို့ဖျက်ဆီးခဲ့တယ်"လို့ဆိုပါတယ်။


 ၎င်းစစ်ကောင်စီစစ်ကြောင်းသည်ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ရင်းမှတဆင့် သံချပ်ကာကား စီးဖြင့် တင်ငုတ်ကြီးရွာသို့ အင်အားဖြည့်တင်းရန် ထွက်ခဲ့သော စစ်ကြောင်းဖြစ်ပြီး တင်ငုတ်ကြီးရွာသို့ ရောက်ရှိပြီးနောက် စစ်ကြောင်းနှစ်ကြောင်းခွဲထွက်ကာ အနီးနားရှိ ကျေးရွာ ရွာအား အကြမ်းဖက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပါတယ်။


ထိုစစ်ကောင်စီတပ်များ အကြမ်းဖက်စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေခြင်းကြောင့်  ငါးရာနဲ၊သိုးဘိုး၊ကိုးမြို့(အမြဲစစ်ရှောင်)၊တောင့်တည်းကုန်း၊ဖလံချိုင်၊သရက်ခေါင်း၊ညောင်ဇင်ကြီး၊မင်းကုန်းနှင့် ဘိုတည်းကုန်းစသည့် ကျေးရွာ ရွာမှ အပြစ်မဲ့ပြည်သူ  (၁၀၀၀၀)ခန့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။


========================


🚩🚩 ၃။ (၆၁)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် PSLF/TNLA မှအကျဉ်းသား (၂၃၂)ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး (၆၀)ဦးအား ပြစ်ဒဏ်လျှော့ပေါ့ပေး


ဇန်နဝါရီ၁၂ရက်


(၆၁)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျနေကြသည့် အကျဉ်းသူ/အကျဉ်းသား (၂၉၂)ဦးအား ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး - PSLF/TNLA မှ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လျှော့ပေါ့ခံစားခွင့်ပြုလိုက်တယ်လို့ ဇန်နဝါရီလ (၁၂)ရက် PSLF/TNLA မှတရားဝင်အသိပေးဆိုပါတယ်။


အဆိုပါ အကျဉ်းသူ/သား (၂၉၂)ဦးအနက် ထောင်ဒဏ် ()လမှ () နှစ်အထိ ပြစ်ဒဏ်ကျခံနေရသည့် အကျဥ်းသူ/သား (၂၃၂)ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး ထောင်ဒဏ် နှစ်မှ ၂၀ နှစ်အထိ ပြစ်ဒဏ်ကျခံနေရသည့် အကျဥ်းသူ/သား (၆၀)ဦးအား ပြစ်ဒဏ်လျှော့ပေါ့ခံစားခွင့်ပြုခဲ့တယ်လို့သတင်းရရှိပါတယ်။


အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်ပေါ့လျှော့ခံစားခွင့်တွင် မုဒိမ်းမှု၊ သက်ငယ်မုဒိမ်းမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် ပြစ်မှုကျူးလွန်သူများ ပါဝင်ပါတယ်။


ယခင်က လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည့်အထဲတွင် တိုက်ပွဲအတွင်းဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းများပါဝင်ခဲ့ပြီး ယခုတစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်တွင် စစ်သုံ့ပန်များမပါဝင်ဘူးလို့သိရပါတယ်။


========================


🚩🚩 ၄။ ပုလဲမြို့နယ်တွင် ချင်းပြည်နယ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦး လက်နက်များ နှင့်တကွ အလင်းဝင် 


ဇန်နဝါရီ ၁၂။


စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ချင်းပြည်နယ်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦး လက်နက်များ နှင့်တကွ အလင်းဝင်လာတာကြောင့် ဆုငွေများ ချီးမြှင့်ခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ (..) က သတင်းထုတ်ပြန် ပါတယ်။


ဇန်နဝါရီလ ၁၁ ရက်နေ့က  ပုလဲမြို့နယ် (..) နှင့် (.က.) အဖွဲ့ဆီကို ချင်းပြည်နယ် တစ်နေရာမှ စစ်သား ဦးက လက်နက်အပြည့်အစုံဖြင့် ပြည်သူ့ရင်ခွင် ခိုလှုံအလင်းဝင် လာတယ်လို့ သိရပါတယ်။


အဆိုပါ အလင်းဝင်လာတဲ့ စစ်သား ဦးမှ ၎င်းတို့နဲ့ အတူ MA1 တစ်လက်၊ MA3 တစ်လက်၊ လက်ပစ်ဗုံး လုံး၊ ကျည်ဘောက် ခု၊ .၅၆ ကျည်ဆန် ၄၉၀ တောင့် တို့ကို ယူဆောင်လာခဲ့တာ ဖြစ်ပါတယ်။


အခုလို့ လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် အလင်းဝင်ခိုလှုံလာတဲ့ စစ်သား ဦးကို  ပုလဲမြို့နယ် (..) နှင့် (.က.) အဖွဲ့တို့က တစ်ဦးလျှင် ငွေကျပ် သိန်း ၇၀ စီနှင့် ပုလဲမြို့နယ် လူသားစာနာ တာဝန်ခံက သိန်းကျပ်စီ ဂုဏ်ပြုချီးမြှင့် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ မြိုင်မြို့ အထွက်စစ်ဆေးရေးဂိတ်အား ဝင်ရောက်ပစ်ခက် ရှင်းလင်းခဲ့ ရာ ဂိတ်အတွင်း ဘန်ကာထဲရှိ ရဲနှစ်ဦးသေဆုံး


ဇန်နဝါရီ၁၂ရက်


ဇန်နဝါရီ၁၁ရက်ညနေပိုင်းတွင် မကွေးတိုင်း၊ မြိုင်မြို နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖြစ်ကြသော ဗိုလ် မြွေဆိုးတပ်ဖွဲ့ / မြိုင်ပကဖ တပ်ရင်း 2 တပ်ခွဲ 3/တပ်ခွဲ4 တို့နှင့်အတူတပ်ရင်း17တို့သည် မြိုင်မြို့ အထွက်စစ်ဆေးရေးဂိတ်အား ဝင်ရောက်ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ ဇန်နဝါရီ၁၂ရက်စစ်ရေးသတင်းကို မြိုင်ပကဖက အတည်ပြုဆုပါတယ်။


ပစ်ခတ်မှုကြောင့်စကစ ဘန်ကာထဲရှိ ရဲနှစ်ဦးကို အသေပစ်ခတ်နိုင်ခဲ့ပြီး ကျန် စကစများအားလက်ပစ်ဗုံး နှစ်လုံးပစ်ခဲ့တယ်လို့ဆိုပါတယ်။


ထို့နောက် မြိုင်မြို့တွင်း မှ စကစ၂၅ဦးခန့်နှင့်အတူ တပ်ကူများ လာရောက်သဖြင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွါ ခဲ့တယ်လို့ဆိုပါတယ်။


========================


🚩🚩 ၆။ အုတ်ဖိုတွင် သေနတ်ထုတ်ယူထားသော အကြမ်းဖက်စစ်ကောင်စီ၏ထောက်တိုင် စစ်ထွက်ပျူစောထီးကို ပစ်ခတ်ရှင်းလင်းခံရ


ဇန်နဝါရီ ၁၂ရက်


ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာတွင် နေထိုင်သော အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင် စစ်ထွက် ပျူစောထီး မင်းမင်းကို ၄င်းနေထိုင်ရာ အိမ်အနီး ဂမုန်းတံတားထိပ်၌ ဇန်နဝါရီ (၁၀)ရက်နေ့ မွန်းလွဲ ()နာရီခန့်တွင် သာယာဝတီခရိုင် PDF  တပ်ရင်း ၃၈၀၂၊ တပ်ခွဲ - Dragon Brothers (GBK-PDF) က ရှင်းလင်းခဲ့တယ်လို့အတည်ပြုပါတယ်။


အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင် မင်းမင်းမှာ စစ်ထွက်ဖြစ်၍  စစ်ကောင်စီထံမှ လက်နက်ထုတ်ယူ ကိုင်ဆောင်‌နေသော ပျူစောထီးလည်းဖြစ်တယ်လို့ဆိုပါတယ်။ 


၎င်းသည် စစ်ကောင်စီနှင့် ပူးပေါင်းကာ ပြည်သူများကို ခြိမ်းခြောက်ဆဲဆိုခြင်း၊ ရိုက်နှက်စစ်ဆေးခြင်း၊ ပြည်သူ့ထောက်ပို့များကို စုံစမ်းဖော်ထုတ်ခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တည်နေရာများကို ထောက်လှမ်းကာ စစ်ကောင်စီ၏စစ်ကြောင်းနှင့်အတူ အမြဲလိုက်ပါခြင်းတို့ကို ပြုလုပ်နေသည့် နယ်မြေကျွမ်းကျင်သော ပျူစောထီးဖြစ်တယ်လို့ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့် မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment