12th JAN 2024 - Morning Daily News by Radio NUG


၂၀၂၄ ဇန်နဝါရီလ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ၂၀၂၄ ခုနှစ်ဟာ စစ်အုပ်ချုပ်ရေးယန္တရားကို အပြီးသတ် ဖျက်သိမ်းရမှာလည်းဖြစ်သလို ပြည်သူ့အုပ်ချုပ်ရေးယန္တရားကိုလည်း စနစ်တကျ ထူထောင်ဖို့ကို လုပ်ဆောင် ကြမယ့်နှစ်ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ ထိန်းချုပ်စိုးမိုးနယ်မြေများတွင် တရားဥပဒေစိုးမိုးမှုနှင့် တရားစီရင်ရေးစနစ်ကို ပြည်သူများ လက်လှမ်းမှီလာနိုင်ရေးဟာ အင်မတန်မှ အရေးကြီးလာပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၃။ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်နှင့် ပခုက္ကူခရိုင်အတွင်းရှိ စစ်ရှောင်စခန်းများထံသို့  ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းသွားရောက်၍ လူသားချင်းစာနာမှု အကူအညီများပံ့ပိုးပေးအပ်ခဲ့

📌 ၄။ စစ်ကောင်စီနဲ့ ညီနောင်သုံးဖွဲ့ကြားက တတိယ အကြိမ်ဆွေးနွေးပွဲ ရလဒ်မထွက်၊ ဆွေးနွေးပွဲပျက် 

📌 ၅။ ဆောတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံကို တာဝန်မှရပ်နား

📌 ၆။ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအားပစ်သတ်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရတဲ့ အုပ်ချုပ်ရေးမှူးဟောင်းနှင့် ရွာသား ဦး ၁၀ ရက်ကျော် ကြာသည်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေး

📌 ၇။ စစ်တောင်းမြစ်အရှေ့ခြမ်းဒေသတွင် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များပေါ် ပြည်သူလူထုမှ ဆန္ဒထုတ်ဖော်


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ နယ်လှည့် မီးရှို့နေတဲ့ ရန်သူ့စစ်ကြောင်းကို  ခင်ဦးမြို့နယ်၊ အင်တိုင်းကြီးကျေးရွာ အနောက်ဘက်တွင် ကာကွယ်ရေးတပ်ဖွဲ့များ ဖြတ်တောက် တိုက်ခိုက်ရာ ရန်သူ့တပ်ဖွဲ့ဝင် () ဦး သေဆုံး

🚩 ၂။ ကန့်ဘလူမြို့နယ်၊ တင်ငုတ်ကြီးရွာတွင် အခြေပြုထားသော စစ်ကောင်စီနှင့်ပျုစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်

🚩 ၃။ ရေးသိမ်းငှက်အဖွဲ့တောင်ပိုင်းစစ်ဒေသ   စစ်ဒေသခွဲအမှတ် () ဒေါနစစ်ကြောင်းနဲ့ ပူးပေါင်း

🚩 ၄။ တောင်ငူမြို့နယ်၊ ကယားပြုံးချောင်း အနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား အများအပြား သေဆုံးကာ ၁၀ ဦး အရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ 

🚩 ၅။ လားရှိူးမြို့နယ် ပန်ခေါ်ကျေးရွာ၊ ပန်ဖတ်ကျေးရွာ၊ ကောင်ဖြူကျေးရွာ၊ ပန်နားကျေးရွာ၊  ပန်ဟုံကျေးရွာ၊ ကုန်းဆာကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်မှလေကြောင်းနှင့်စံချိန်တင်ဗုံးလုံးရေတစ်ရာကျော်လာရောက်ပစ်ခတ်တိုက်ခိုက်

🚩 ၆။ ရေစကြိုမြို့နယ် ပညင်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဘိုးဘွား ဦးသေဆုံး

🚩 ၇။ မိုးကုတ်မြို့ အနောက်ပိုင်း ဘော်မားကျေးရွာသို့ အကြမ်းဖက် စစ်ကောင်စီမှ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်ရာ အရပ်သားတစ်ဦးလက်နက်ကြီးကျည်ထိမှန်၍ ပွဲချင်းပြီးသေဆုံးသွား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ၂၀၂၄ ခုနှစ်ဟာ စစ်အုပ်ချုပ်ရေးယန္တရားကို အပြီးသတ် ဖျက်သိမ်းရမှာလည်းဖြစ်သလို ပြည်သူ့အုပ်ချုပ်ရေးယန္တရားကိုလည်း စနစ်တကျ ထူထောင်ဖို့ကို လုပ်ဆောင် ကြမယ့်နှစ်ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


ဇန်နဝါရီလ ၁၁ရက်။

ဇန်နဝါရီလ ၁၁ရက်မှာ ကျင်းပတဲ့ ကြားကာလဒေသန္တရ  ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်က အခုလိုပြောပါတယ်။


"စိုးမိုးထိန်းချုပ်နယ်မြေတွေလည်း ဒီနှစ်မှာ တဆင့်ပြီးတဆင့် တိုးတက်လာအောင် လုပ်ဆောင်ပေးကြဖို့ သက်ဆိုင်ရာ တာဝန်ရှိသူများကိုလည်း တိုက်တွန်းလိုပါကြောင်း။ ကျွန်တော်တို့အနေနဲ့ လက်နက်၊ ခဲယမ်း လိုအပ်ချက် ရှိနေပေမယ့်လည်း စုစုစည်းစည်းနဲ့ ခိုင်မာတဲ့ စိတ်ဓာတ်တွေနဲ့ ယနေ့လိုအောင်ပွဲတွေ တဆင့်ပြီးတဆင့်ရလာခဲ့တဲ့ အနေအထားကို ဗျူဟာကျကျ စစ်ရေးဖိအားတွေ ဆက်တိုက်ပေးသွားနိုင်မယ်ဆိုရင် အောင်ပွဲတွေ ဆက်လက်ဆင်နွှဲနေနိုင်မှာ ဖြစ်ပါကြောင်း။ ဒီနှစ်ဟာ စစ်အုပ်ချုပ်ရေးယန္တရားကို အပြီးသတ် ဖျက်သိမ်းရမှာလည်းဖြစ်သလို ပြည်သူ့အုပ်ချုပ်ရေးယန္တရားကိုလည်း စနစ်တကျ ထူထောင်ဖို့ကို လုပ်ဆောင်ကြမယ့်နှစ်ဖြစ်တာကြောင့် စစ်ရေးအပိုင်းနဲ့ အုပ်ချုပ်ရေးအပိုင်းတွေမှာပါ တစ်ပြိုင်တည်း အစီအမံတွေလည်း စနစ်တကျ ချမှတ်သွားကြဖို့ လိုပါကြောင်း" ဝန်ကြီးချုပ်ကပြောပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ (/၂၀၂၄) တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ ထိန်းချုပ်စိုးမိုးနယ်မြေများတွင် တရားဥပဒေစိုးမိုးမှုနှင့် တရားစီရင်ရေးစနစ်ကို ပြည်သူများ လက်လှမ်းမှီလာနိုင်ရေးဟာ အင်မတန်မှ အရေးကြီးလာပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


ဇန်နဝါရီလ ၁၁ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်စိုးမိုးနယ်မြေများတွင် တရားဥပဒေစိုးမိုးမှုနှင့် တရားစီရင်ရေးစနစ်ကို ပြည်သူများ လက်လှမ်းမှီလာနိုင်ရေးဟာ အင်မတန်မှအရေးကြီးလာပြီဖြစ်ကြောင်း ဇန်နဝါရီလ ၁၁ရက်မှာ ပြုလုပ်တဲ့ ကြားကာလပြည်သူ့တရားစီရင်ရေးဖော်ဆောင်မှုကော်မတီအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောပါတယ်။


 "စစ်ရေးအရှိန်မြင့်ဖိအားပေးလာနိုင်သည်နှင့် ကျွန်တော်တို့အစိုးရအနေနဲ့ နယ်မြေများ တိုက်ခိုက် စိုးမိုးသိမ်းပိုက်လာနိုင်ပြီး ၎င်းနယ်မြေများရှိ ပြည်သူများရဲ့ လုံခြုံရေးကဏ္ဍ၊ ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍ၊ ပြည်သူများရဲ့နေ့စဉ်လူမှုဘ၀ကို အကာအကွယ်ပေးနိုင်ရေးကဏ္ဍများနဲ့အတူ တရားဥပဒေစိုးမိုးမှုနှင့် တရားစီရင်ရေးစနစ်ကို ပြည်သူများ လက်လှမ်းမှီလာနိုင်ရေးဟာ အင်မတန်မှအရေးကြီးလာပြီဖြစ်ပါကြောင်း။ ဒါကြောင့် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ထိန်းချုပ်စိုးမိုးနယ်မြေများတွင် လွတ်လပ်၍ မျှတသော တရား စီရင်ရေးတစ်ရပ် လွှမ်းခြုံ၀န်ဆောင်မှုပြုနိုင်စေရန်အတွက် ကြားကာလ ပြည်သူ့ တရားစီရင်ရေး ဖော်ဆောင်မှု ကော်မတီဖွဲ့စည်းပြီး focal ဖြစ်တဲ့ တရားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကျန်၀န်ကြီးဌာနများ ပေါင်းစပ်ကာ ကြိုးစား ဖော်ဆောင်လျက်ရှိသည်မှာလည်း အားလုံးအသိပဲ ဖြစ်ပါကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။

ထို့နောက်တက်ရောက်လာကြသော ကြားကာလပြည်သူ့တရားစီရင်ရေးဖော်ဆောင်မှုကော်မတီအဖွဲ့ဝင်များမှ (၁၁/၂၀၂၃) တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်နှင့် ပခုက္ကူခရိုင်အတွင်းရှိ စစ်ရှောင်စခန်းများထံသို့  ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းသွားရောက်၍ လူသားချင်းစာနာမှု အကူအညီများပံ့ပိုးပေးအပ်ခဲ့


ဇန်နဝါရီလ၁၁ ရက်။ 

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်နှင့် ပခုက္ကူခရိုင်အတွင်းရှိ စစ်ရှောင်စခန်းများထံသို့  ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းသွားရောက်၍ လူသားချင်းစာနာမှု အကူအညီများ ပံ့ပိုးပေးအပ်ခဲ့တယ်လို့ ဇန်နဝါရီ၁၁ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ဖော်ပြပါတယ်။


ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပတ်အကြာသွားရောက်ခဲ့သည့် ခရီးစဥ်အတွင်း မကွေးတိုင်းအတွင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်လူသားစာနာတာဝန်ခံများနှင့်တွေ့ဆုံရာတွင် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ လုပ်ဆောင်နေမှုများနှင့် ပြည်သူ့တော်လှန်ရေးအောင်မြင်နေမှုအခြေအနေများ ရှင်းပြခြင်း၊ စစ်ဘေးရှောင်စခန်းများရှိ စစ်ဘေးရှောင်ပြည်သူများအတွက် စစ်ဘေးရှောင်ထောက်ပံ့ငွေကို မြို့နယ်ခေါင်းဆောင်များနှင့် မြို့နယ်လူသားစာနာတာဝန်ခံများထံ ပေးအပ်ကာ အားပေးစကားပြောကြားခြင်း၊ ဝန်ကြီးဌာနနှင့် မြို့နယ်လူသားစာနာ တာဝန်ခံများပူးပေါင်း၍ စာသင်ကျောင်းများ၌ ဗုံးခိုကျင်းများအား ကြည့်ရှု့စစ်ဆေးခြင်း၊ မြို့နယ် PDF တပ်ရင်းမှူးများနှင့် တွေ့ဆုံ၍ ပကဖ စစ်သင်တန်းတစ်ခုသို့ သွားရောက်ကာ သင်တန်းသားများကို အားပေးစကားပြောကြားခြင်း၊ မြို့နယ်များ၌ ဖွင့်လှစ်ထားသည့် ဆေးခန်းများနှင့် သူနာပြုသင်တန်းကျောင်း၊ စာသင်ကျောင်းများသို့ သွားရောက်ကာ မြေပြင်၌ ကိုယ်တိုင်ကိုယ်ကျ ပြည်သူ့အကျိုးဆောင်ရွက်ပေးနေကြသည့် ဆရာဝန်များ၊ ကျောင်းဆရာ/မများ၊ ကျောင်းသူ/သားများအား ကျေးဇူးတင်စကား၊ အားပေးစကားပြောကြားခဲ့ခြင်းတို့ဆောင်ရွက်ခဲ့ပါတယ်။


ထို့အပြင် မျက်စိနှစ်ဘက်လုံးနှင့် လက်တစ်ဘက်ဆုံးရှုံးရသည့် ရဲဘော်တစ်ဦးထံ သွားရောက်လည်ပတ်ကာ ကူညီပံ့ပိုးငွေပံ့ပိုးခဲ့ခြင်း၊ ကျဆုံးရဲဘော်တစ်ဦး၏ ရက်လည်တရားနာ ဆွမ်းသွက်အစီအစဉ်တွင်ပါဝင်ဆောင်ရွက်ခြင်း၊ ခရစ်စမတ်နေ့ရက်နှင့် နှစ်သစ်ကူးရက်များ၌ ရောက်ရှိသည့်မြို့နယ်များအတွင်းရှိ ပြည်သူများနှင့်တသားတည်း ခရစ်စမတ်ပွဲ၊ နှစ်သစ်ကူးပွဲများတွင် ပါဝင်ဆင်နွဲခြင်းများကို ဆောင်ရွက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီနဲ့ ညီနောင်သုံးဖွဲ့ကြားက တတိယ အကြိမ်ဆွေးနွေးပွဲ ရလဒ်မထွက်၊ ဆွေးနွေးပွဲပျက် 


ဇန်နဝါရီလ ၁၁ရက်။

တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်ပေးမှုဖြင့် စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့တို့ တတိယ အကြိမ် ဆွေးနွေးပွဲ တစ်ရပ်ကို ကူးမင်းမြို့မှာ ပြုလုပ်ခဲ့ကြပေမယ့် ရလဒ်မထွက်ဘဲ ဆွေးနွေးပွဲပျက်သွားတယ်လို့ သျှမ်းသံတော်ဆင့် သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။


ဇန်နဝါရီ ရက်ကနေ ရက်အထိ ပြုလုပ်ခဲ့တဲ့ အဆိုပါ ဆွေးနွေးပွဲမှာ စစ်ကောင်စီက ကိုးကန့် အထူးဒေသ () ကို ကိုးကန့်တပ် (MNDAA) ကို အုပ်ချုပ်ခွင့် ပေးမည်ဖြစ်ပေမယ့် MNDAA အနေနဲ့ လက်နက်ချပြီး စစ်ကောင်စီ လက်အောက်မှာ နေရမယ်လို့ တောင်းဆိုခဲ့တဲ့အတွက် MNDAA ဘက်က တင်းမာမှုဖြစ်ပြီး ဆွေးနွေးပွဲ ပျက်သွားခဲ့တာလို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း ကိုးကန့်တပ်မတော် (MNDAA) က ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ တစ်ခုလုံးကို သိမ်းပိုက်ထားပြီး အထူးဒေသအဖြစ် တည်ထောင်နိုင်ပြီ ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာ ထားပါတယ်။ 


စစ်ကောင်စီ နဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့တို့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက် မှ ၁၃ ရက် ထိ တရုတ်နိုင်ငံမှာ ပထမဆုံး တွေ့ဆုံဆွေးနွေးခဲ့ပြီး ယာယီအပစ်ခတ် ရပ်စဲရန် သဘောတူညီခဲ့ကြပေမယ့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။


အလားတူ ဒီဇင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၂၄ ရက်ထိ ဒုတိယအကြိမ်အဖြစ် ထပ်မံတွေ့ဆုံခဲ့ပြီး စစ်ကောင်စီဘက်မှ ရှမ်းမြောက်ဒေသ စစ်ရှိန်လျော့ရေးနှင့် ညီနောင်မဟာမိတ်ဘက်က လူသားချင်း စာနာထောက်ထားမှုတို့ဖြင့် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသေးတယ်။


တတိယအကြိမ် ဆွေးနွေးမှု ပျက်ပြီးတဲ့နောက် ရှမ်းမြောက်ဒေသက တိုက်ပွဲတွေဟာ လာရှိုးနဲ့ မန္တလေးလို မြို့ကြီးတွေအထိ ပျံ့နှံ့သွားနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေပြီး စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။


တစ်ဖက်မှာ နိုင်ငံနှင့်အဝှမ်း တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ကောင်စီက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ဖို့ အပြင်းအထန် လှုပ်ရှားနေပြီး NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဇန်နဝါရီလ ရက်နေ့နဲ့ ၁၀ ရက်နေ့က တွေ့ဆုံဆွေးနွေး ခဲ့သေးတယ်လို့ သိရပါတယ်။


========================


📌📌 ၅။ ဆောတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံကို တာဝန်မှရပ်နား


ဇန်နဝါရီလ ၁၁ရက်။

ဆောတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံကို တာဝန်မှရပ်နားလိုက်တယ်လို့ ဇန်နဝါရီလ ၁၁ရက်မှာ ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တရားဝင်အသိပေးဖော်ပြပါတယ်။


လာဘ်ပေးလာဘ်ယူမှု၊ NUG အစိုးရနာမည်အားအသုံးချ၍ အခွန်ငွေဟု ကောက်ခံကာငွေကြေးအလွဲသုံးစားမှုများ၊ ပလဖအချုပ်ထောင်တွင်ဖြစ်ပွားခဲ့သော အုပ်စုဖွဲ့မုဒိမ်းမှု၌ အမှုမှန်မပေါ်ပေါက်ရေး ဖုန်းကွယ်ခြင်း/ဖိအားပေးခြင်းများပြုလုပ်ခဲ့ခြင်းများကြောင့် ကြားကာလဗဟိုသို့ တင်ပြထားသော ဆောတိုက်နယ်အုပ်ချုပ်ရေးတာဝန်ခံအမှုအား ကြားကာလဗဟိုမှ ဆောတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ ဦးထွန်းထွန်းဝင်းအား တာဝန်များမှရပ်နားလိုက်ပါတယ်လို့ဆိုပါတယ်။


၎င်းနှင့်ဆက်စပ်ပြီး အုပ်ချုပ်ရေးလုပ်ငန်းစဥ်များ ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်မလိုတော့ဘဲ ဆက်လက်ဆက်စပ် ပူးပေါင်းဆောင်ရွက်၍ ဖြစ်ပေါ်လာသောနောက်ဆက်တွဲပြဿနာများအား ပူးပေါင်းဆောင်ရွက်သူများမှသာ အပြည့်အဝ တာဝန်ယူဖြေရှင်းကြရမယ်လို့ ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအသိပေးကြေညာပါတယ်။


========================


📌📌 ၆။ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအားပစ်သတ်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရတဲ့ အုပ်ချုပ်ရေးမှူးဟောင်းနှင့် ရွာသား ဦး ၁၀ ရက်ကျော် ကြာသည်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေး


ဇန်နဝါရီလ ၁၁ရက်။

ပဲခူးတိုင်း၊ ဂန့်ဂေါ်ပင်ကျေးရွာအုပ်စုရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မောင်ဉာဏ်ဆိုသူအား ပစ်သတ်ခဲ့သည်ဆိုတဲ့ စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရတဲ့ အုပ်ချုပ်ရေးမှူးဟောင်း ဦးမောင်နိုင်ဆိုသူနှင့် ရွာသားနှစ်ဦးမှာ ၁၀ ရက်ကျော် ကြာမြင့်လာတဲ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘူးလို့ ဒေသခံများထံမှ သိရပါတယ်။


ပစ်သတ်ခံခဲ့ရတဲ့ အုပ်ချုပ်ရေးမှူး မောင်ဉာဏ်ကို ၂၀၂၃ ဒီဇင်ဘာ ၃၁ ရက်နေ့ မနက်ပိုင်းမှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ နှင့် တပ်ခွဲ မှ ရဲဘော်များ ပူးပေါင်းပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ အဆိုပါအဖွဲ့များက သတင်းထုတ်ပြန်ထားပါတယ်။


အုပ်ချုပ်ရေးမှူး မောင်ဉာဏ်ဟာ ပျူစောထီးသင်တန်းဆင်းဖြစ်ပြီး ကျေးရွာအတွင်းရှိ လူငယ်များကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ အတွင်းသို့ဝင်ရန် စည်းရုံးခြင်း၊ ပျူစောထီးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် တော်လှန်ရေး ရဲဘော်များ၏ သတင်းများကို စုံစမ်းထောက်လှမ်းနေခြင်းများကြောင့် ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၂၈၀၂ က ဆိုပါတယ်။


ဖမ်းဆီးခံထားရတဲ့ သူများက တော်လှန်ရေး တပ်ဖွဲ့များနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ အရပ်သားတွေ ဖြစ်တယ်လို့  ၂၈၀၂ တပ်ရင်းက ဆိုပြီး စစ်ဆင်ရေး ဆောင်ရွက်ခဲ့တဲ့ မိမိတို့ ရဲဘော်များမှာ ဘေးကင်း လုံခြုံတဲ့နေရာမှာ ရှိနေတယ်လို့လည်း အသိပေး ထားပါတယ်။


အုပ်ချုပ်ရေးမှူးဟောင်း ဦးမောင်နိုင်နဲ့အတူ ရွာသား ဦးကိုပါ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ဦး ကိုတော့ ပြန်လွတ်ပေးခဲ့ကာ ဆယ်ရက်ကျော် ကြာတဲ့အထိ ကျန်သုံးဦးရဲ့ အခြေအနေကို မသိရသေးဘူး လို့ ရွာသားတစ်ဦးက ပြောပြပါတယ်။


အုတ်ဖို စစ်ကြောရေးမှာလို့‌ ပြောတယ်။ နှိပ်စက်ခံနေရတယ်တဲ့၊ သေလား၊ ရှင်လားလဲ သေချာ မသိရဘူး၊ အမှုဖွင့်ထားတာ‌လဲ မကြားသေးဘူးလို့ အဆိုပါ ကျေးရွာတွင် နေထိုင်တဲ့ အသက် ၂၀ ရွယ် လူငယ်တစ်ဦးက ပြောပါတယ်။


စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ဦးမောင်နိုင် ဆိုသူဟာ NLD အစိုးရ လက်ထက်က  ဂန့်ဂေါ်ပင် ကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်ကောင်စီက ၎င်းတို့ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူး သေဆုံးခဲ့ခြင်းနဲ့ ပတ်သက်ပြီး ယခင် အုပ်ချုပ်ရေးမှူးဟောင်းအား စွပ်စွဲဖမ်းဆီးထားတာ ဖြစ်ပါတယ်။


========================


📌📌 ၇။ စစ်တောင်းမြစ်အရှေ့ခြမ်းဒေသတွင် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များပေါ် ပြည်သူလူထုမှ ဆန္ဒထုတ်ဖော်


ဇန်နဝါရီလ ၁၁ရက်။

ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ တပ်မဟာ () ဆောထိမြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းဒေသရှိ ကျေးရွာများ၌ ယနေ့ကျရောက်သော ၂၇၆၃ နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အား ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသော ပြည်သူ လူထုများမှ ဆန္ဒထုတ်ဖော်ခြင်းများကိုလည်းလုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။


အခမ်းအနားသို့ ဆောထိမြို့နယ်အမြဲတမ်းကော်မတီဝင်နှင့် စစ်တောင်းမြစ်အရှေ့ခြမ်းဒေသမှူးဖြစ်သည့် ပဒိုအယ်စတား အပါအဝင် ကျေးရွာရှိ ရပ်မိရပ်ဖများနှင့် ပြည်သူလူထုစုစုပေါင်း (၂၀၀) နီးပါး တက်ရောက်ဂုဏ်ပြုကျင်းပခဲ့ကြပြီး စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းဒေသတစ်ဝမ်းလုံးတွင် ကရင်အမျိုးသား နှစ်သစ်ကူးနေ့အခမ်းအနားကို ကျင်းပခဲ့ပါတယ်။


အခမ်းအနားကို မနက်အာရုံတက်အချိန်တွင် စတင်ကျင်းပခဲ့ပြီး ကရင်အမျိုးသားလံတော်အား လွှင့်တင်ခြင်းအစီအစဉ်ဖြင့် စတင်ကာ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများအား ပြောပြခြင်း၊ ဝတ်ပြုဆုတောင်ခြင်းတို့ကို ပြုလုပ်ခဲ့ပြီး ကရင်မျိုးသားသီချင်းသီဆိုခဲ့ကြပါတယ်။


ထို့နောက် ပြည်သူလူထုများမှ ၎င်းတို့နေထိုင်ရာ နေရာဒေသများအတွင်း ဖြစ်ပေါ်နေသော အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်ပြီး ၎င်းတို့၏ ဆန္ဒသဘောထားအားထုတ်ဖော်ခြင်း အစီအစဉ်တစ်ရပ်ကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။


ပြည်သူလူထုများထုတ်ဖော်ခဲ့သော ဆန္ဒသဘောထားများမှာကရင်ပြည်ချက်ချင်းပေး၊ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ၊ လူမျိုးရေးအဓိကရုန်းအလိုမရှိ၊ စစ်ကောင်စီတပ်မှ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများ ချက်ချင်းရပ်၊ စစ်ကောင်စီတပ်မှ ကျေးရွာများအတွင်းသို့ လေယာဉ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ချက်ချင်းရပ်စတဲ့အချက်များပါဝင်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ နယ်လှည့် မီးရှို့နေတဲ့ ရန်သူ့စစ်ကြောင်းကို  ခင်ဦးမြို့နယ်၊ အင်တိုင်းကြီးကျေးရွာ အနောက်ဘက်တွင် ကာကွယ်ရေးတပ်ဖွဲ့များ ဖြတ်တောက် တိုက်ခိုက်ရာ ရန်သူ့တပ်ဖွဲ့ဝင် () ဦး သေဆုံး


ဇန်နဝါရီ (၁၁) ရက်နေ့ 

ဇန်နဝါရီလ ၁၁ရက်မှာ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ရေးသတင်းကို အသိပေးထုတ်ပြန်ပါတယ်။


"၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့၊ နံနက် (၁၀:၄၀) နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့တွင် အခြေပြုပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး အကြမ်းဖက်နေသည့် ခမရ (၁၁/၇၀၈)နှင့် ပျုစောထီး စုစုပေါင်း အင်အား (၉၃) ဦးပါ စစ်ကြောင်းသည်  ခင်ဦးမြို့နယ်၊ အင်တိုင်းကြီးကျေးရွာ အရှေ့ဘက်တွင် ထောင်ထားသော မိုင်းထိပြီး ရန်သူ့တပ်ဖွဲ့ဝင် () ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်"လို့ဆိုပါတယ်။


အဆိုပါ ရန်သူ့စစ်ကြောင်းကို ခင်ဦးမြို့နယ်၊ အင်တိုင်းကြီးကျေးရွာ အနောက်ဘက်တွင် နေ့လည် (:၀၇) နာရီမှ (:၂၀) နာရီခန့်ထိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရွှေဘိုခရိုင် တပ်ရင်း () က ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်ဖွဲ့ဝင် () ဦး သေဆုံး၊ (၁၀) ဦး ထိခိုက်ဒဏ်ရာ ပြင်းထန် ရရှိခဲ့ကြောင်းလည်းသတင်း ရရှိပါတယ်။


========================


🚩🚩 ၂။ ကန့်ဘလူမြို့နယ်၊ တင်ငုတ်ကြီးရွာတွင် အခြေပြုထားသော စစ်ကောင်စီနှင့်ပျုစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်


ဇန်နဝါရီလ (၁၁) ရက်နေ့ 

ဇန်နဝါရီလ ၁၁ရက်မှာ စစ်ရေးသတင်းကို ကာကွယ်ရေးဝန်ကြီးဌာနကအသိပေးဖော်ပြပါတယ်။


အမှတ် () စစ်ဒေသ၊ ကန့်ဘလူခရိုင်ကွပ်ကဲရေးဦးဆောင်မှုဖြင့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ တင်ငုတ်ကြီးရွာတွင် အခြေပြုထားသော စစ်ကောင်စီနှင့် ပျုစောထီးစခန်းကို  ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားတပ်ဖွဲ့များ၊ မြို့နယ်/ရပ်ကျေးပကဖများက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။


တိုက်ပွဲမှာ  ကာဘိုင် () လက်၊ G-3 () လက်၊ Shoot Gun () လက်အပါအဝင် ကျည်နှင့်ခဲယမ်းပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကာ ရန်သူ့တပ်ဖွဲ့ဝင် (၂၅) ဦး သေဆုံးခဲ့ကြောင်း ကနဦးအသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ရေးသိမ်းငှက်အဖွဲ့တောင်ပိုင်းစစ်ဒေသ   စစ်ဒေသခွဲအမှတ် () ဒေါနစစ်ကြောင်းနဲ့ ပူးပေါင်း


ဇန်နဝါရီလ ၁၁ရက်။

ရေးသိမ်းငှက်အဖွဲ့တောင်ပိုင်းစစ်ဒေသ   စစ်ဒေသခွဲအမှတ် () ဒေါနစစ်ကြောင်းနဲ့ ပူးပေါင်းလိုက်တယ်လို့ ဇန်နဝါရီလ ၁၁ရက်မှာ ဒေါနစစ်ကြောင်းက အသိပေးဆိုပါတယ်။


ရေးသိမ်းငှက်အဖွဲ့သည် ယခင် Local PDF နယ်မြေခံ (.က.)အဖြစ် ယနေ့အချိန်အထိ တော်လှန်ရေးခရီးတစ်လျှောက် ရပ်တည်လာခဲ့ရာမှ ပြည်သူ့ ကာကွယ်ရေးတပ်မ‌တော်၊ တောင်ပိုင်းစစ်ဒေသ   စစ်ဒေသခွဲအမှတ် () ဒေါနစစ်ကြောင်းနဲ့ ပူးပေါင်းကာ ဒေါနစစ်ကြောင်း၏ ချေမှုန်းရေးရဲဘော်များအဖြစ်  တော်လှန်ရေး ခရီးလမ်းပြီးဆုံးသည်ထိ ပူးပေါင်း လက်တွဲ‌ဆောင်ရွက်သွားကြမယ်လို့ဆိုပါတယ်။


လက်ရှိမှာလည်း PDFပူးပေါင်းစစ်ကြောင်းများနဲ့ဒေသခံကာကွယ်ရေးအဖွဲ့များဟာ ပူးပေါင်းလျက်ရှိပါတယ်။


========================


🚩🚩 ၄။ တောင်ငူမြို့နယ်၊ ကယားပြုံးချောင်း အနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား အများအပြား သေဆုံးကာ ၁၀ ဦး အရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ 


ဇန်နဝါရီလ ၁၁ရက်။

ဇန်နဝါရီလ ၁၀ ရက်  မွန်းလွဲ နာရီ မိနစ် ၂၀ ခန့်က ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကယားပြုံးချောင်း ကျေးရွာ အနီးကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၇၀ ကျော်ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို KNLA, PDF ပူးပေါင်းတပ်ဖွဲ့က ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ ကအသိပေးထားပါတယ်။


ကယားပြုံး‌ချောင်း အထွက်မှာ ရှမ်းပြုံးချောင်းရွာထိပ် လမ်းဆုံလေးရှိတယ်၊ အဲဒီထောင့်မှာ ပိတ်ပြီးတော့မှ စောင့်တွယ်လိုက်တာ၊ အဲဒီမှာ ၃၀‌ လောက်ကျပြီးတော့ ၁၀ ယောက်ဖမ်းမိတယ်၊ လက်နက်တွေလည်းရတယ်၊ အခုတော့ ထပ်ဆိုင်နေတယ်လို့ သတင်းရတယ်လို့ PDF တပ်ရင်း ၃၅၀၁ မှ တာဝန်ရှိသူ တစ်ဦးကဆိုပါတယ်။


အဆိုပါ စစ်ကြောင်းကို လက်နက်ချရန် သတိပေးခဲ့ပေမယ့် လက်နက်ချအညံခံခဲ့ခြင်း မရှိသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရာ စစ်ကောင်စီ တပ်သား ၃၀ ကျော် သေဆုံးခဲ့ပြီး ၁၀ ဦး အရှင် ဖမ်းမိခဲ့ကာ လက်နက်၊ ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို တောင်ငူခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၃၅၀၁ နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ လားရှိူးမြို့နယ် ပန်ခေါ်ကျေးရွာ၊ ပန်ဖတ်ကျေးရွာ၊ ကောင်ဖြူကျေးရွာ၊ ပန်နားကျေးရွာ၊  ပန်ဟုံကျေးရွာ၊ ကုန်းဆာကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်မှလေကြောင်းနှင့်စံချိန်တင်ဗုံးလုံးရေတစ်ရာကျော်လာရောက်ပစ်ခတ်တိုက်ခိုက်


ဇန်နဝါရီလ ၁၁ရက်။

ဇန်နဝါရီလ ၁၁ရက်မှာ TNLAက စကစရဲ့လေကြောင်းတိုက်ခိုက်မှုသတင်းကိုအခုလိုအသိပေးဆိုပါတယ်။


"တပ်မဟာ()စစ်ဒေသ၊ လားရှိူးမြို့နယ် ပန်ခေါ်ကျေးရွာ၊ ပန်ဖတ်ကျေးရွာ၊ ကောင်ဖြူကျေးရွာ၊ ပန်နားကျေးရွာ၊  ပန်ဟုံကျေးရွာ၊ ကုန်းဆာကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်မှ Mi35 ဖြင့် ()ကြိမ်၊ Y12 ဖြင့် (၁၅)ကြိမ် ဗုံး (၁၃၀)လုံး လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်"လို့ဖော်ပြပါတယ်။


အလားတူ တပ်မဟာ()စစ်ဒေသ၊ လားရှိူးမြို့နယ် စစ်ကောင်စီတပ်မှ ကုန်းဆာကျေးရွာ၊ ပန်တားကျေးရွာ၊ ပန်ဖတ်ကျေးရွာသို့ လက်နက်ကြီးဖြင့် (၃၄)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။


ထို့အပြင် တပ်မဟာ()စစ်ဒေသ၊ နမ့်ဆန်မြို့နယ် ကွမ်းဟယ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် ()ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။


========================


🚩🚩 ၆။ ရေစကြိုမြို့နယ် ပညင်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဘိုးဘွား ဦးသေဆုံး


ဇန်နဝါရီလ ၁၁ရက်။

 ဇန်နဝါရီလ ရက်နေ့ မွန်းလွဲ နာရီခွဲခန့်အချိန်မှာ မကွေးတိုင်း ရေစကြိုမြို့နယ် ပညင်းရွာအတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲတာကြောင့် အသက် ၇၅ နှစ်အရွယ် အမျိုးသားတဦးနဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတဦး လက်နက်ကြီးစထိမှန် သေဆုံးခဲ့တာလို့ Info Committee Yesagyo အသိပေးထားပါတယ်။ 


ထို့အပြင် ဖူလုံကျေးရွာအတွင်းသို့လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ် အချို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 


ပညင်းကျေးရွာနဲ့ ဖူလုံကျေးရွာတို့ဟာ ခလရ ၂၅၈ တပ်အနီးမှာရှိတဲ့ ရွာတွေဖြစ်တယ်လို့ ရေစကြိုမြို့ခံတွေထံက သိရပါတယ်။  


ရေစကြိုမြို့နယ်ဟာ တော်လှန်ရေးအားကောင်းတဲ့နယ်ဖြစ်တာကြောင့် စစ်ကောင်စီတပ်တွေနဲ့ စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မကြာခဏတိုက်ခိုက်လေ့ရှိပါတယ်။


========================


🚩🚩 ၇။ မိုးကုတ်မြို့ အနောက်ပိုင်း ဘော်မားကျေးရွာသို့ အကြမ်းဖက် စစ်ကောင်စီမှ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်ရာ အရပ်သားတစ်ဦးလက်နက်ကြီးကျည်ထိမှန်၍ ပွဲချင်းပြီးသေဆုံးသွား


ဇန်နဝါရီလ ၁၁ရက်။

ဇန်နဝါရီလ ၁၁ရက်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ မိုးကုတ်မြို့နယ်က  အသိပေးဆိုပါတယ်။


"ဇန်နဝါရီလ ၁၀ရက်ည ၈း၃၀ ခန့်တွင် မိုးကုတ်မြို့ အနောက်ပိုင်း ဘော်မားကျေးရွာသို့ အကြမ်းဖက် စစ်ကောင်စီမှ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်ရာ ဦးလော်ဇုန်း အသက် ၄၅ နှစ်အား ထိမှန်၍ ပွဲချင်းပြီးသေဆုံးသွား ၄င်းနေထိုင်သော အိမ်နှင့် ဘေးအိမ် တစ်အိမ်လည်း လက်နက်ကြီးထိမှန်ပျက်စီးသွားခဲ့တယ်"လို့ဆိုပါတယ်။


အကြမ်းဖက် စစ်ကောင်စီသည် စစ်ရေး၊နိုင်ငံရေး၊သံတမန်ရေး၊စီးပွားရေး အဖက်ဖက်တွင် ပြိုကွဲနေပြီး ဘက်စုံ အရှူံးနှင့် ရင်ဆိုင်နေရချိန်တွင် ပြည်သူများအား ရန်သူသဖွယ် သတ်မှတ်၍ စစ်ရေးပစ်မှတ်မဟုတ်သော ကျေးရွာများသို့ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ် သတ်ဖြတ်ခြင်းသည် နိုင်ငံတကာ လူ့အခွင့်အရေးကို ချိုးဖောက်ရာ ရောက်တယ်လို့လည်း မိုးကုတ်ပကဖကဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment