13th JAN 2024 - Evening Daily News by Radio NUG

 

၂၀၂၄ ဇန်နဝါရီလ ၁၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်အာဏာရှင်စနစ်ကိုအမြစ်ဖြတ်နိူင်မှသာ ဖက်ဒရယ်ဒီမိုကရေစီနိူင်ငံ ဖြစ်လာမယ်ဆိုတဲ့ ဘုံတူညီမှု ယုံကြည်မှုတွေလည်းရှိနေကြပြီးဖြစ်တယ်လို့ ယာယီသမ္မတ ပြော

📌 ၂။ လက်ရှိ နိုင်ငံရေး၊ စစ်ရေး အလှည့်အပြောင်းများက စစ်အာဏာရှင်စနစ်ရဲ့ သင်္ချိုင်းတံခါးဝကို ဆွဲဖွင့်လိုက်ပြီဟု လူ့ဘောင်သစ် ထုတ်ပြန်

📌 ၃။ တအာင်းတော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၂၀၀ ကျော် TNLA လွှတ်ပေးခဲ့ပြီး စစ်သုံပန်းများ မပါဝင်ဟု အသိပေး

📌 ၄။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ တွင် NUG အစိုးရ၏ နွေဦးထီ project မှ ကျန်းမာရေး CDM ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ်သိန်း ရှစ်ဆယ်ကျော် ကူညီနိုင်ခဲ့

📌 ၅။ အကြမ်းဖက်စစ်ကောင်စီက ပြည်တွင်းဆန်စျေးကွက်ကို ထိန်းချုပ်မှုတွေ တိုးမြင့်ပြုလုပ်နေတဲ့သတင်းကို‌တော့ မကြေးမုံက ပေးပို့ထားပါတယ်


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မိုးမိတ်မြို့နယ် မန်ဖွယ်ရွာဟောင်း စေတီကုန်းအနီးတွင်  မိုးမိတ်ဗျူဟာ  လက်အောက်ခံ  ခလရ  ၂၂၃  စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကချင်လွတ်‌မြောက်ရေးတပ်မတော် (K.I.A)အပါအဝင်PDFပူးပေါင်းတပ်တို့ထိတွေ့တိုက်ပွဲ ဖြစ်ပွား

🚩 ၂။ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာ၂ ရွာအား စစ်ကောင်စီတပ်မှ ထပ်မံမီးရှို့၊ပြည်သူပိုင်နေအိမ် ၇၂ လုံးမီးလောင်ပျက်ဆီး

🚩 ၃။ အပစ်ရပ်သဘောတူပြီး တစ်ရက်မပြည့်မှီ တအောင်းဒေသ မြို့နယ်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးသုံး တိုက်ခိုက် ခဲ့တယ်လို့ ညီနောင်သုံးဖွဲ့ အသိပေး

🚩 ၄။ ပုလဲနယ် ဇီးဖြူကုန်း ပျူစောထီးရွာမှ ရွာသား ဦး ထွက်ပြေးလွတ်မြောက်လာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်အာဏာရှင်စနစ်ကိုအမြစ်ဖြတ်နိူင်မှသာ ဖက်ဒရယ်ဒီမိုကရေစီနိူင်ငံ ဖြစ်လာမယ်ဆိုတဲ့ ဘုံတူညီမှု ယုံကြည်မှုတွေလည်းရှိနေကြပြီးဖြစ်တယ်လို့ ယာယီသမ္မတ ပြော


ဇန်နဝါရီ၁၃ရက်


စစ်အာဏာရှင်စနစ်ကိုအမြစ်ဖြတ်နိူင်မှသာ ဖက်ဒရယ်ဒီမိုကရေစီနိူင်ငံ ဖြစ်လာမယ်ဆိုတဲ့ ဘုံတူညီမှု ယုံကြည်မှုတွေလည်းရှိနေကြပြီးဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ဇန်နဝါရီလအတွင်းမှာ ပြောကြားခဲ့ပါတယ်။


"စစ်အာဏာရှင်စနစ်ကိုအမြစ်ဖြတ်နိူင်မှသာ အမိမြန်မာနိူင်ငံဟာ တန်းတူညီမျှမှု၊လွတ်လပ်မှုနဲ့ငြိမ်းချမ်းမှုအပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိူင်ငံ ဖြစ်လာမယ်ဆိုတဲ့ ဘုံတူညီမှု ယုံကြည်မှုတွေလည်းရှိနေကြပြီးဖြစ်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ စကစဟာ စစ်ရေးအရရှုံးနိမ့်နေပြီး အိမ်နီးချင်းနိူင်ငံများကို ကြားခံထား၍ နိူင်ငံရေးအမြတ်ထုတ်ရန် ကြံဆောင်လျက်ရှိပါတယ်။


========================


📌📌 ၂။ လက်ရှိ နိုင်ငံရေး၊ စစ်ရေး အလှည့်အပြောင်းများက စစ်အာဏာရှင်စနစ်ရဲ့ သင်္ချိုင်းတံခါးဝကို ဆွဲဖွင့်လိုက်ပြီဟု လူ့ဘောင်သစ် ထုတ်ပြန်


ဇန်နဝါရီ ၁၃။


လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ နိုင်ငံရေး အမြင်သဘောထားကို ထုတ်ပြန်အသိပေးခဲ့တာ ဖြစ်ပြီး နွေဦးတော်လှန်ရေး လက်တွေ့တိုက်ပွဲရဲ့ ရပ်တည်ချက်နှင့် တိမ်းညွှတ်မှုကို ဘယ်လိုအင်အားစုမျိုးရဲ့ ဘယ်လို လမ်းလွှဲမှု၊ ဘယ်လိုသွေဖီမှုမျိုးကမှ ကျော်လွန်ရန် မဖြစ်နိုင်တော့ဟု DPNS က ဆိုထားပါတယ်။


မိမိတို့ ပါတီအနေနဲ့ ထင်မြင်ချက်ပေးရရင် စစ်အာဏာရှင်စနစ်ရဲ့ သွေးရူးသွေးတန်း ရုန်းကန်မှုတွေ၊ စစ်အုပ်စုရဲ့ အသက်ရှု ချောင်ရာချောင်ကြောင်း နည်းနာတွေအားလုံး သက်တမ်းလွန် (expired) ဆေးတွေပါ။ အကြောင်းက ဗမာပြည်မှာ လူမျိုးပေါင်းစုံ ပြည်သူတွေ တခဲနက် ဆင်နွှဲနေကြတဲ့ နွေဦးတော်လှန်ရေး ပြည်သူ့ ခုခံစစ်ကြီး ပေါ်ပေါက်ခဲ့ပြီ ဖြစ်လိုပါပဲလို့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ DPNS ရဲ့ပြန်ချက်မှာ ဖော်ပြထားပါတယ်။


မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးကို ကြိုဆိုတုန့်ပြန် အားဖြည့်တိုက်ပွဲ ဆင်လာခဲ့ကြတဲ့ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ကရင်နီ စတဲ့ ဒေသများမှ နွေဦးတော်လှန်ရေး အင်အားစုများရဲ့ စစ်ရေးလှုပ်ရှားမှုများ ကလည်း စစ်ကောင်စီကို မျက်ဖြူစိုက်စေခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် စစ်တပ်သမိုင်းတစ်လျောက် တပ်တွင်းအကျပ်အတည်းများ မကြုံစဖူး ပေါ်ပေါက်ခဲ့ကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အများအပြား လက်နက်ချခဲ့ကြသလို  ထိပ်တန်းဗိုလ်ချုပ်ကြီးများကို အရေးယူခြင်း မျိုးလည်း ဖြစ်ခဲ့တယ်လို့ DPNS က ပြောပါတယ်။


စစ်ကောင်စီက နိုင်ငံသား ပြည်သူများအပေါ် အကြမ်းတမ်းဆုံး သတ်ဖြတ်မှုများ ကျူးလွန်ပြီးချိန်တွင် ၎င်းလုပ်နေကျအတိုင်း ချကျွေးစရာ နိုင်ငံရေးထွက်လမ်း ဖြစ်နေတဲ့ ရွေးကောက်ပွဲ ဆိုသည်မှာ ပြည်သူလူထု၊ တော်လှန်ရေးအင်အားစု အသီးသီးနှင့် နိုင်ငံတကာ မျက်နှာစာများတွင် အသုံးမဝင်တော့ကြောင်း DPNS က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


📌📌 ၃။ တအာင်းတော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၂၀၀ ကျော် TNLA လွှတ်ပေးခဲ့ပြီး စစ်သုံပန်းများ မပါဝင်ဟု အသိပေး


ဇန်နဝါရီ ၁၃။


တအာင်းအမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် TNLA လက်အောက်ရှိ အကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ်ကျ နေကြတဲ့ အကျဉ်းသူ/သား (၂၉၂) ဦးအား PSLF/TNLA မှ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လျှော့ပေါ့ ခံစားခွင့် ပြုလိုက်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။


ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ (၆၁) နှစ်ပြည့် တအာင်းအမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ် အဖြစ် အခုလို လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လျှော့ပေါ့ ခံစားခွင့်ပေးခဲ့တာ ဖြစ်တယ်လို့ PSLF/TNLA မှ ထုတ်ပြန်ပါတယ်။


လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လျှော့ပေါ့ ခံစားခွင့် ပေးခဲ့ရာတွင် ပြစ်မှုကျူးလွန်သူများနဲ့ ရာဇဝတ်မှု ကျူးလွန်သူများ သာပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ယခင်က လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လျှော့ပေါ့ခံစားခွင့် ပေးရာတွင် တိုက်ပွဲအတွင်း ဖမ်းဆီးရမိ ခဲ့တဲ့ စစ်သုံပန်းများ ပါဝင်ခဲ့ပြီး ယခုတစ်ကြိမ်တွင် စစ်သုံပန်းများ မပါဝင်ဘူးလို့ သိရပါတယ်။


========================


📌📌 ၄။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ တွင် NUG အစိုးရ၏ နွေဦးထီ project မှ ကျန်းမာရေး CDM ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ်သိန်း ရှစ်ဆယ်ကျော် ကူညီနိုင်ခဲ့


ဇန်နဝါရီ၁၃ရက်


"၂၀၂၃ ခုနှစ် အောက်တိုဘာ တွင် NUG အစိုးရ၏ နွေဦးထီ အစီအစဉ်မှ ထောက်ပံ့ငွေများကို ဌာနအသီးသီးသို့ ခွဲဝေထောက်ပံ့ခဲ့ရာ ကျန်းမာရေး CDM ဝန်ထမ်းများအတွက် ထောက်ပံ့ငွေခွဲတမ်းစုစုပေါင်း ကျပ်သိန်း ရှစ်ဆယ်ကျော် ကို ကျန်းမာရေး CDM ဝန်ထမ်း (171) ယောက် မှ မျှဝေ ရရှိခဲ့ပါတယ်"လို့ ဇန်နဝါရီ၁၃ရက်မှာ CDM Medical Networkကအသိပေးဖော်ပြပါတယ်။


ကျန်းမာရေး CDM ဝန်ထမ်း စုစုပေါင်း သုံး သောင်း ကျော် ရှိသည့် အနက်မှ စားဝတ်နေရေးခက်ခဲနေသော ဝန်ထမ်းများကို အတတ်နိုင်ဆုံးဦးစားပေး ထောက်ပံ့ပေးခဲ့ပါတယ်။ 


နွေဦးထီ ထိုးသားပြည်သူ တစ်ရပ်လုံးကို CDM Medical Network  အနေဖြင့် နွေဦးထီ ထောက်ပံ့ကြေးငွေရရှိ သွားသော ကျန်းမာရေး CDM ဝန်ထမ်းများ အားလုံးကိုယ်စား အထူးကျေးဇူးတင်ကြောင်းဆိုထားပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်ကောင်စီက ပြည်တွင်းဆန်စျေးကွက်ကို ထိန်းချုပ်မှုတွေ တိုးမြင့်ပြုလုပ်နေတဲ့သတင်းကို‌တော့ မကြေးမုံက ပေးပို့ထားပါတယ်


အကြမ်းဖက်စစ်တပ်ရဲ့သိုလှောင်ရုံကြီးတွေအပါအဝင် လက်လီဆန်သိုလှောင်လုပ်ငန်းတွေကိုပါ အတင်းကြပ်စစ်ဆေးမှုတွေ ပြုလုပ်လာပါတယ်။ 

ပြီးခဲ့တဲ့ဇွန်လ ၂၆ရက်နေ့ကစပြီး ဆန်တန်ချိန် ၅၀နဲ့ စပါးတင်း ငါးထောင်နဲ့အထက် သိုလှောင်ပါက စာရင်းပေးပို့သွားဖို့ ဆန်စပါးအသင်းချုပ်ကစတင်ကြေငြာခဲ့ပြီးတဲ့နောက် အခုအခါမှာ စူပါမားကက်အရောင်းစင်တာများပါမကျန် ဆိုင်တင်ရောင်းချထားတဲ့ ပြည်တွင်းသုံး ကီလိုဆန်အထုတ်ငယ်တွေကိုပါ သိုလှောင်စာရင်းပေးပို့သွားဖို့ ဒီကနေ့ ဇန်နဝါရီလ ၁၂ရက်နေ့ ရက်စွဲနဲ့ ဆန်စပါးအသင်း ချုပ်က ထုတ်ပြန်လာတာဖြစ်ပါတယ်။ 


ဆန်စပါးအသင်းချုပ်အနေနဲ့ စပါးပေါ်ချိန်မှာ ဆန်ဈေး၊ စပါးဈေးတွေကို ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူခွင့်မပြုဘဲ၊ ကန့်သတ်ထားတဲ့နှုန်းထားတွေကို ထုတ်ပြန်ပြီး အဲ့ဒီထုတ်ပြန်ချက်အတိုင်း ဝယ်ယူကြဖို့ ကုန်သည်တွေကို တိုက်တွန်းတာအပြင် အခုလိုသိုလှောင်မှုစာရင်းဇယားတွေကိုလည်း လက်လီဆိုင်များပါမကျန် ကောက်ယူလာပြီး ဆန်စပါးလုပ်ငန်းတစ်ခုလုံးကို ထိန်းချုပ်လာတာပဲ ဖြစ်ပါတယ်။ 


အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်တွေကြောင့် တစ်ပြည်လုံးစပါးစိုက်ဧက ၁၇သန်းပြည့်မှီဖို့ မလွယ်ကူတော့တဲ့အခြေနေမှာ ဓာတ်မြေဩဇာကစ သွင်းအားစုတွေဈေးကြီးလို့ မိုးစပါး တစ်ဧကကို တင်းတစ်ရာထွက်ရှိရမယ့် ရည်မှန်းချက်ကိုလည်း စစ်ကောင်စီက လက်လျော့ထားရပါတယ်။ ဒါကြောင့် ပြည်တွင်းဝမ်းစာဖူလုံဖို့ထက် နိုင်ငံခြားငွေလိုအပ်ချက်ကြောင့် ကောက်ပဲသီးနှံတင်ပို့မှုက ရရှိလာမယ့် နိုင်ငံခြားငွေကို အရေးတကြီးလိုအပ်လာတဲ့ ကြမ်းဖက်စစ်တပ်ဟာ ဆန်စပါးကို လွတ်လပ်စွာသိုလှောင်ခွင့်မပေးပဲ လက်လီဆိုင် သိုလှောင်ပမာဏတွေကိုပါ တင်းကြပ်လာတာဖြစ်ပါတယ်။


ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း  ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မန္တလေး၊ နေပြည်တော်နဲ့ ရခိုင်ပြည် နယ်တို့မှ ဆန်စပါးသိုလှောင်ရုံပေါင်း ၁၇၄ လုံးတို့က သိုလှောင်မှုမှတ်တမ်းများကို ပေးပို့ထားပြီး ရန်ကုန်တိုင်းဒေသကြီးမှ စုစုပေါင်းဂိုဒေါင်အလုံးရေ ၈၇လုံးဖြင့် အများဆုံးမှတ်ပုံ တင်ထားတယ်လို့ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်မင်းစစ်‌သွေးတို့မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ မိုးမိတ်မြို့နယ် မန်ဖွယ်ရွာဟောင်း စေတီကုန်းအနီးတွင်  မိုးမိတ်ဗျူဟာ  လက်အောက်ခံ  ခလရ  ၂၂၃  စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကချင်လွတ်‌မြောက်ရေးတပ်မတော် (K.I.A)အပါအဝင်PDFပူးပေါင်းတပ်တို့ထိတွေ့တိုက်ပွဲ ဖြစ်ပွား


ဇန်နဝါရီ၁၃ရက်


မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် မန်ဖွယ်ရွာဟောင်း စေတီကုန်းအနီးတွင်  မိုးမိတ်ဗျူဟာ  လက်အောက်ခံ  ခလရ  (223)  စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကချင်လွတ်‌မြောက်ရေးတပ်မတော် (K.I.A) အမှတ် (34) တပ်ရင်း၊မဟာမိတ် ရှမ်းမြောက် (A.B.S.D.F) ကျောင်းသားတပ်မတော်၊ မဟာမိတ် အမှတ် (34) K - PDF တပ်ရင်း ပူးပေါင်းတပ်ဖွဲ့တို့ဇန်နဝါရီ၉ရက် နှစ်ဖက် ထိပ်တိုက်ထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့မိုးမိတ်KPDFကအတည်ပြုဆိုပါတယ်။


ထိပ်တိုက်ထိတွေ့မှုဖြစ်ပွားရာတွင်  စစ်ကောင်စီဘက်မှ လေ‌ကြောင်းပစ်ကူဖြင့် နှစ်ကြိမ်တိုင်တိုင် ပစ်ခတ်ခဲ့သော်လည်း  ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ထိခိုက်ကျဆုံးမှု မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။


ထိုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှထိခိုက်ဒဏ်ရာရရှိမှုအလွန်များပြားကြောင်းမြေပြင်သတင်းရင်းမြစ်များမှသိရှိရပါတယ်။


========================


🚩🚩 ၂။ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာ၂ ရွာအား စစ်ကောင်စီတပ်မှ ထပ်မံမီးရှို့၊ပြည်သူပိုင်နေအိမ် ၇၂ လုံးမီးလောင်ပျက်ဆီး


ဇန်နဝါရီ၁၃ရက်


"ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ထန်းကုန်းတိုက်နယ်အတွင်းရှိ မင်းကုန်း(က)ရွာ နှင့် ညောင်ဇင်ကြီးရွာတို့အား စစ်ကောင်စီတပ်နှင့် ပျူစောထီးစုပေါင်းအင်အား ၁၀၀ ကျော်မှ လက်နက်ကြီးများဖြင့်အကြမ်းဖက်ပစ်ခတ်ဝင်ရောက်ကာ ထပ်မံမီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ကျေးရွာနှစ်ရွာပေါင်း နေအိမ် ၇၂ လုံး မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့တယ်"လို့ ဇန်နဝါရီ၁၃ရက် ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် ကအတည်ပြုပါတယ်။


ထိုစစ်ကောင်စီတပ်နှင့် ပျူစောထီးစစ်ကြောင်းသည် ဇန်နဝါရီလ ၁၁ ရက်နေ့တွင်လည်း ထန်းကုန်းတိုက်နယ်အတွင်းရှိ တောင့်တည်းကုန်း၊ကိုးမြို့နှင့် သရက်ခေါင်းရွာ ရွာတို့အား အကြမ်းဖက်မီးရှို့ဖျက်ဆီးခဲ့ရာ တောင့်တည်းကုန်းရွာမှ ပြည်သူပိုင်နေအိမ် ၁၂ လုံးနှင့် သရက်ခေါင်းရွာမှနေအိမ် ၃၁ လုံးပျက်ဆီးဆုံးရှုံးခဲ့ပါတယ်။


========================


🚩🚩 ၃။ အပစ်ရပ်သဘောတူပြီး တစ်ရက်မပြည့်မှီ တအောင်းဒေသ မြို့နယ်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးသုံး တိုက်ခိုက် ခဲ့တယ်လို့ ညီနောင်သုံးဖွဲ့ အသိပေး


ဇန်နဝါရီ ၁၃။


မြောက်ပိုင်းညီနောင် မဟာမိတ် သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ အပစ်ရပ်စဲ ဇန်နဝါရီလ ၁၁ ရက်နေ့က ကူးမင်း ဆွေးနွေးပွဲမှာ သဘောတူညီ ခဲ့ကျသော်လည်း ဇန်နဝါရီလ ၁၂ ရက်နေ့တွင် တအောင်းဒေသရှိ မြို့နယ် ခုကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့တယ်လို့ ညီနောင်သုံးဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။


အပစ်ရပ် သဘောတူညီချက်အရ ညီနောင်သုံးဖွဲ့၏ ယခင်နှင့်၁၀၂၇ စစ်ဆင်ရေးကာလအတွင်း သိမ်းပိုက်ထားတဲ့ ရှမ်းမြောက်ဒေသ နယ်မြေများမှာ နှစ်ဖက်တိုက်ပွဲ ဖော်ဆောင်ခြင်း မပြုလုပ်ရန်နှင့် စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုများ မပြုလုပ်ရန်တို့ကို သဘောတူညီ ထားတာ ဖြစ်ပါတယ်။


တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနဲ့ MNDAA TNLA နှင့် AA တို့ကြား ဇန်နဝါရီလ (၁၁) ရက်၊ ညနေ () နာရီခန့်မှ စတင်ပြီး နှစ်ဖက်တပ်များ ချက်ချင်းအပစ်ရပ်စဲရန် သဘောတူခဲ့ကြတယ်လို့ သိရ ပါတယ်။


ထို့အပြင် ညီနောင်မဟာမိတ် သုံးဖွဲ့က ရှမ်းမြောက်ရှိ စစ်ကောင်စီ၏ စခန်းများ၊ ဗျူဟာကုန်း များအား ထိုးစစ်ဆင် တိုက်ခိုက်မှုများကို စတင်မပြုလုပ်ရန် သဘောတူခဲ့ပြီး စစ်ကောင်စီ ဘက်မှလည်း ရှမ်းမြောက် ဒေသရှိ ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်၊ သိမ်းပိုက်ထားသော နေရာများအားလုံးကို လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု မလုပ်ရန် သဘောတူခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။


ထိုသို့ သဘောတူညီခဲ့ကြပြီး တစ်ရက်မပြည့်ခင်မှာပင် စစ်ကောင်စီက အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့တယ်လို့ ညီနောင်မဟာမိတ် သုံးဖွဲ့က အသိပေး ထားပါတယ်။


========================


🚩🚩 ၄။ ပုလဲနယ် ဇီးဖြူကုန်း ပျူစောထီးရွာမှ ရွာသား ဦး ထွက်ပြေးလွတ်မြောက်လာ


ဇန်နဝါရီ ၁၃။


စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ဇီးဖြူကုန်းပျူစောထီးရွာမှ အမျိုးသမီး ဦး၊ အမျိုးသား ဦးနဲ့ ကလေး ဦးတို့ ထွက်ပြေးလွတ်မြောက် လာခဲ့ပြီးနောက် ခိုလှုံခွင့် တောင်းခံခဲ့လာကြောင်း ပုလဲမြို့နယ်(ပအဖ) အဖွဲ့က ဇန်နဝါရီ ၁၃ ရက်နေ့မှာ အသိပေး ထားပါတယ်။


"အဓိကကတော့ အစားအသောက် ပြဿနာတွေ၊ လူ့အခွင့်အရေး ပိတ်ပင်ခံရတာတွေ၊ မလွတ်လပ် တာတွေ၊ လုပ်ကိုင်စားသောက်ခွင့် မရတာတွေ၊ အထွေထွေ အကျပ်အတည်းတွေကြောင့် ထွက်လာကြတာ တွေပါ။" လို့ ပုလဲမြို့နယ် (ပအဖ) လူသားစာနာ တာဝန်ခံက ပြောပါတယ်။


ထွက်ပြေးလွတ်မြောက်လာသူ ဦးကို လိုအပ်တားများ စစ်ဆေးမေးမြန်းခဲ့ပြီးနောက် အေးချမ်းစွာ နေထိုင်ရန် စစ်တပ်၊ ပျူ၊ သူလျှို၊ ဒလန်များနဲ့ လုံးဝ ပတ်သက်ဆက်သွယ်ခြင်း မပြုရန်၊ နွေဦးတော်လှန်ရေးနှင့် ပြည်သူလူထုကို ထိခိုက်စေသော အပြောအဆို၊ အပြုအမူများနှင့် သူလျှိုဒလန်ကဲ့သို့ လုပ်ရပ်များ မပြုလုပ်ရန်နဲ့ ပြုလုပ်မိပါက ပြင်းထန်တဲ့ အပြစ်ပေးအရေးယူခြင်းကို ခံရမှာဖြစ်တယ်လို့ ခံဝန်လက်မှတ် ရေးထိုးစေခဲ့တယ်လို့ ပုလဲမြို့နယ် (ပအဖ) လူသားစာနာ တာဝန်ခံက ဆက်ပြောပါတယ်။


အဆိုပါ ပျူရွာမှ ထွက်ပြေးလွတ်မြောက်လာသူ တို့ကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ မိုးကာ ချပ် နှင့် ငွေကျပ် တစ်သိန်း ကူညီထောက်ပံ ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့် မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment