13th JAN 2024 - Morning Daily News by Radio NUG


၂၀၂၄ ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်တပ်ရဲ့မီးရှို့ဖျက်ဆီးမှုကြောင့် တနိုင်ငံလုံးတွင် ပုဂ္ဂလိကပိုင် နေအိမ်အလုံးပေါင်း ၉၀,၀၀၀ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး မတရားသတ်ဖြတ်မှုများကြောင့် သေဆုံးရသူ စုစုပေါင်း ,၀၀၀ကျော် ရှိလာတယ်လို့ NUGဖော်ပြ

📌 ၂။ အကြမ်းဖက် စစ်ကောင်စီက နည်းလမ်းပေါင်းစုံသုံး၍ ကန့်သတ်ထိန်းချုပ်မှုများကြောင့် စစ်ရှောင်ပြည်သူများကို ထောက်ပံ့ပေးနိုင်ခြင်းမရှိဘဲ နိင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာဥပဒေကို ချိုးဖောက်ခံ နေကြရတယ်လို့ NUGထုတ်ပြန်

📌 ၃။ အကြမ်းဖက်စစ်တပ်ကအရပ်သားပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိဦးတည်တိုက်ခိုက်နေတာ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူများ၊ တော်လှန်ရေးတပ်ဖွဲ့များနဲ့တာဝန်ရှိသူများအားလုံး သတိကြီးစွာထားကြဖို့တိုက်တွန်း

📌 ၄။ စစ်ကောင်စီ တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရန် တော်လှန်ရေး အင်အားစုများ ဝိုင်းဝန်းလက်တွဲ တွန်းလှန်ရမယ့် အချိန်ဖြစ်တယ်လို့ TNLA ဥက္ကဋ္ဌပြော 

📌 ၅။ လက်ရှိ အနေအထားအတိုင်း အပြန်အလှန် စစ်ဆင်ရေး ဆက်မလုပ်ဘဲ အပစ်ရပ်ရန် စစ်ကောင်စီနှင့်ညီနောင်သုံးဖွဲ့ သဘောတူ

📌 ၆။ နိုင်ငံအနှံ့နေရပ်စွန့်ခွာသူဦးရေ ဒသမ သန်းကျော်ရှိလာ


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ခင်ဦးမြို့နယ်တွင် စစ်တပ်က သက်ကြီးရွယ်အို နှစ်ဦးအပါအဝင် ပြည်သူငါးဦးကို သတ်ဖြတ်ခဲ့

🚩 ၂။ ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင်ဗျူဟာစခန်းသိမ်းတိုက်ပွဲတွင်ယောကာကွယ်ရေးတပ် - YDF ပါဝင်တိုက်ခိုက်ခဲ့တယ်လို့အသိပေး

🚩 ၃။ မြိတ်မြို့မှ ချေလျင်တက်လာပြီး အနီးအနားရှိ ကျေးရွာများအား လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေသော  "အင်အားထပ်တိုး" ( ၁၀၀ ) ကျော်ပါ ရောက်ရှိလာသော" စစ်ကောင်စီစစ်ကြောင်းအား ထပ်မံ မိုင်းဆွဲတိုက်ခိုက်

🚩 ၄။ ကျိုက်ထို အင်းဝဘဏ်ခွဲမှာ လုံခြုံရေး ယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံရ၊ ပြည်သူ့စစ်တစ်ဦးသေဆုံးပြီး အရပ်သား အမျိုးသမီး ဦး ထိခိုက်ဒဏ်ရာရ

🚩 ၅။ ပလက်ဝမြို့ပေါ်ကို ဆုတ်ခွာနေစဉ်အမှတ် ၁၉ စစ်ဆင်ရေးကွပ် ကဲမှုဌာနချုပ်ရဲ့ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဇင်မျိုးဆွေကို  ရက္ခိုင့်တပ်တော်-AA က ဖမ်းဆီးရမိထားတယ်လို့ဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်တပ်ရဲ့မီးရှို့ဖျက်ဆီးမှုကြောင့် တနိုင်ငံလုံးတွင် ပုဂ္ဂလိကပိုင် နေအိမ်အလုံးပေါင်း ၉၀,၀၀၀ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး မတရားသတ်ဖြတ်မှုများကြောင့် သေဆုံးရသူ စုစုပေါင်း ,၀၀၀ကျော် ရှိလာတယ်လို့ NUGဖော်ပြ


ဇန်နဝါရီလ ၁၂ရက်။

အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် တနိုင်ငံလုံးတွင် ပုဂ္ဂလိကပိုင် နေအိမ်အလုံးပေါင်း ၉၀,၀၀၀ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး မတရားသတ်ဖြတ်မှုများကြောင့် သေဆုံးရသူ စုစုပေါင်း ,၀၀၀ကျော် ရှိလာတယ်လို့ ဇန်နဝါရီလ (၁၂)ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရက အသိပေးဖော်ပြပါတယ်။


 ခုခံတော်လှန်စစ်ဆင်နွှဲနေသည့် ကာလအတွင်း အရပ်သားပြည်သူများကို ထိခိုက်နစ်နာမှု မရှိစေရန် အကာအကွယ် ပေးနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တော်လှန်ရေး အင်အားစုအားလုံးက ကြိုးပမ်းဆောင်ရွက်နေချိန်တွင် စစ်လက်နက်မျိုးစုံဖြင့် အကြမ်းဖက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးသုံး တိုက်ခိုက်မှုတို့ကိုပါ အသုံးပြု၍ အရပ်သားပြည်သူများကို သေကြေပျက်စီးအောင် လုပ်ဆောင်လျှက်ရှိတယ်လို့ဆိုပါတယ်။


ထို့အပြင် အရပ်သားများ နေထိုင်သည့် ရပ်ကွက်နှင့် ကျေးရွာများကိုပါ မီးရှို့ဖျက်ဆီးမှုကြောင့် တနိုင်ငံလုံးတွင် ပုဂ္ဂလိကပိုင် နေအိမ်အလုံးပေါင်း ၉၀,၀၀၀ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။


အကြမ်းဖက်စစ်တပ်၏ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခြင်းနှင့် လက်နက်ကြီး ပစ်ခတ်ခြင်း အပါအဝင် မတရားသတ်ဖြတ်မှုများကြောင့် သေဆုံးရသူ စုစုပေါင်း ,၀၀၀ကျော် ရှိပြီး ဒဏ်ရာရသူဦးရေမှာ ,၀၀၀ကျော်ခန့်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ထောက်ပံ့မှုစာရင်းများ အရ သိရှိရတယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၂။ အကြမ်းဖက် စစ်ကောင်စီက နည်းလမ်းပေါင်းစုံသုံး၍ ကန့်သတ်ထိန်းချုပ်မှုများကြောင့် စစ်ရှောင်ပြည်သူများကို ထောက်ပံ့ပေးနိုင်ခြင်းမရှိဘဲ နိင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာဥပဒေကို ချိုးဖောက်ခံ နေကြရတယ်လို့ NUGထုတ်ပြန်


ဇန်နဝါရီလ ၁၂ရက်။

အကြမ်းဖက် စစ်ကောင်စီက နည်းလမ်းပေါင်းစုံသုံး၍ ကန့်သတ်ထိန်းချုပ်မှုများကြောင့် စစ်ရှောင်ပြည်သူများကို ထောက်ပံ့ပေးနိုင်ခြင်းမရှိဘဲ နိင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာဥပဒေကို ချိုးဖောက်ခံ နေကြရတယ်လို့ NUGအစိုးရက ထုတ်ပြန်လိုက်ပါတယ်။


ဇန်နဝါရီလ ၁၂ရက်မှာ ဖော်ပြတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းအတွက် ပြည်တွင်း၊ ပြည်ပမှ အကူအညီပေးရေးအဖွဲ့များနှင့် အလှူရှင်နိုင်ငံများသို့ တိုက်တွန်းနှိုးဆော်ချက်မှာ ပါရှိတာဖြစ်ပါတယ်။


အကြမ်းဖက်စစ်တပ်၏ အရပ်သားပစ်မှတ်များကို ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် စစ်ကိုင်းတိုင်းတွင် စစ်ရှောင်ဦးရေ ၉၅၀,၀၀၀ ကျော်၊ KNU နယ်မြေများတွင် စစ်ရှောင်ဦးရေ ၇၀၀,၀၀၀ကျော်၊ ရခိုင်ပြည်နယ်တွင် စစ်ရှောင်ဦးရေ ၃၅၀,၀၀၀ခန့်နှင့် ကရင်နီပြည်နယ်တွင် စစ်ရှောင်ဦးရေ ၃၅၀,၀၀၀ ခန့်ဖြင့် စစ်ရှောင်အများဆုံးရှိနေပြီး အခြားသော စစ်ရှောင်ဦးရေ သိန်းဂဏန်းနီးပါးထိ တိုးမြင့်လာသည့် ပြည်နယ်နှင့်တိုင်းများလည်း ရှိကြတယ်လို့ဆိုပါတယ်။


အကြမ်းဖက် စစ်ကောင်စီသည် ပြည်တွင်း၊ ပြည်ပ လူသားချင်းစာနာကူညီမှု အဖွဲ့အစည်းများ၏ လုပ်ငန်း ဆောင်ရွက်မှုများကို နည်းလမ်းပေါင်းစုံသုံး၍ ကန့်သတ်ထိန်းချုပ်မှုများကြောင့် စစ်ရှောင်ပြည်သူများ၏ အသက်ကယ်ဆယ်ရေးအတွက် လိုအပ်နေသည့် အစားအစာ၊ ဆေးဝါးနှင့် အမိုးအကာများကို ထောက်ပံ့ပေးနိုင်ခြင်းမရှိဘဲ နိင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာဥပဒေကို ချိုးဖောက်ခံနေကြရတယ်လို့ဖော်ပြပါတယ်။


ယင်းကဲ့သို့ အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်မှုများ လုပ်ဆောင်နေသည့် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်း၏လူသားချင်းစာနာကူညီမှုလုပ်ငန်းများ ပိတ်ပင်တားမြစ်မှု အပေါ်တွင်  ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်ရန် ပြည်တွင်း၊ ပြည်ပရှိ မြန်မာပြည်သူလူထု အပါအဝင် တော်လှန်ရေးအင်အားစုများအားလုံးက တိုက်တွန်းအပ်တယ်လို့ဆိုပါတယ်။


နိုင်ငံတကာအဖွဲ့အစည်းများ၏ စီမံကိန်းများမှတဆင့် အကြမ်းဖက်စစ်ကောင်စီထံသို့ စီးဝင်နေသည့် ဘဏ္ဍာငွေကြေးများကို ပြန်လည်သုံးသပ်၍ လျှော့ချခြင်းနှင့် လေယာဉ်ဆီ တင်သွင်းခြင်းများကို ရပ်တန့်ရန် နိုင်ငံရေးအရ ဖိအားပေးခြင်းများကို ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတကာ အသိုက်အဝန်းက မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းပါဝင်ကြပါရန် ပြည်သူလူထု တရပ်လုံးနှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအားလုံး၏ သဘောဆန္ဒကို အခြေခံ၍ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


📌📌 ၃။ အကြမ်းဖက်စစ်တပ်ကအရပ်သားပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိဦးတည်တိုက်ခိုက်နေတာ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူများ၊ တော်လှန်ရေးတပ်ဖွဲ့များနဲ့တာဝန်ရှိသူများအားလုံး သတိကြီးစွာထားကြဖို့တိုက်တွန်း


ဇန်နဝါရီလ ၁၂ရက်။

အကြမ်းဖက်စစ်တပ်ကအရပ်သားပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိဦးတည်တိုက်ခိုက်နေတာ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူများ၊တော်လှန်ရေးတပ်ဖွဲ့များနဲ့တာဝန်ရှိသူများအားလုံး သတိကြီးစွာထားကြဖို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကပြောကြားပါတယ်။


ဇန်နဝါရီလ ၁၂ရက် ကနန်ကျေးရွာလေကြောင်းတိုက်ခိုက်မှု ဖြစ်စဥ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က အခုလိုပြောပါတယ်။


"အကြမ်းဖက်စစ်အုပ်သည်အဖက်ဖက်မှ ကျရှုံးနေပြီး ရှုံးမဲမဲကာ အရပ်သားပြည်သူလူထုသေကြေပျက်စီးမှု များနိုင်သမျှများအောင် လုပ်ကိုင်လာကြသည်ကို သူတို့ရဲ့လုပ်ရပ်တွေက ထင်ထင်ရှားရှား ပြသနေကြပါတယ်။ ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရဟာ အရပ်သားပြည်သူတွေကို တတ်နိုင်သမျှ ကာကွယ်ပေးဖို့ ကြိုတင်သတိပေးတာ၊ ကြိုတင်ကာကွယ်မှုများ၊ ပညာပေးမှုများ လုပ်ကိုင်ပေးနေသော်လည်း အကြမ်းဖက်စစ်တပ်က အရပ်သားပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်နေတာ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူများ၊ တော်လှန်ရေးတပ်ဖွဲ့များနဲ့ တာဝန်ရှိသူများအားလုံး သတိကြီးစွာထားကြဖို့လေးစားစွာနဲ့တိုက်တွန်းသတိပေးအပ်ပါတယ်"လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်  ၂၀၂၃ ဒီဇင်ဘာ ၃၁ရက်အထိ ရရှိထားသော အထောက်အထားများနှင့် စာရင်းများအရ မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်တပ်က မတရားအာဏာသိမ်းယူရန် ကြိုးစားခဲ့သည့်နေ့မှစ၍ ကျူးလွန်လျက်ရှိသော အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အသက် ၁၈ နှစ်အောက်ကလေးသူငယ် (၆၂၇) ဦး၊ အမျိုးသမီး (၁၀၁၇) ဦး သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။


လေကြောင်းအသုံးပြု၍ အပြစ်မဲ့ပြည်သူများရှိရာ ရပ်ရွာများအား တိုက်ခိုက်မှုပေါင်း (၅၈၃) ကြိမ် ကျူးလွန်ခဲ့ပြီး သေဆုံးသူအရပ်သား (၈၉၇) ဦး၊ ဘာသာရေးအဆောက်အဦးပေါင်း (၇၆) ခုနှင့် စာသင်ကျောင်းပေါင်း (၅၂) ကျောင်း ပျက်စီးဆုံးရှုံးခဲ့ပြီးဖြစ်တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီ တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရန် တော်လှန်ရေး အင်အားစုများ ဝိုင်းဝန်းလက်တွဲ တွန်းလှန်ရမယ့် အချိန်ဖြစ်တယ်လို့ TNLA ဥက္ကဋ္ဌပြော 


ဇန်နဝါရီလ ၁၂ရက်။

စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုများကို တနေ့ပြန်လည်ပြီး တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရန် တော်လှန်ရေး အင်အားစုများ ဝိုင်းဝန်းလက်တွဲ တွန်းလှန်ရမယ့် အချိန်ဖြစ်တယ်လို့ TNLA ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောဆိုလိုက်ပါတယ်။


ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ (၆၁) နှစ်မြောက် တအောင်းအမျိုးသား တော်လှန်ရေး နေ့အတွက် မိန့်ခွန်းပြောကြားရာမှာ PSLF/TNLA ဥက္ကဋ္ဌက အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။


ပြည်ပရန်ကို ကာကွယ်ဖို့ ဝယ်ယူထားတဲ့ လေကြောင်းတိုက်ခိုက်ရေး လက်နက်ပစ္စည်းတွေ တွင်တွင် အသုံးချပြီး ပြည်သူလူထုရဲ့ အိုးအိမ်တွေကို နေ့စဉ်နဲ့အမျှ ဗုံးကြဲဖျက်ဆီးနေတဲ့ စစ်ရာဇဝတ်မှုတွေကို တာဝန်ယူမှု ရှိလာစေအောင် တော်လှန်ရေး အင်အားစုများအနေနဲ့ ဝိုင်းဝန်းလက်တွဲပြီးတော့ တွန်းလှန်ရမယ့် အချိန်ဖြစ်တယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း က ပြောဆိုခဲ့တာပါ။


တိုင်းပြည်ဘဏ္ဍာကို စစ်ခေါင်းဆောင်များက လိုသလို အသုံးပြုခွင့် ရနေသေးသမျှ ပြည်သူ လူထုမှာ ဆင်းရဲသထက် ပိုဆင်းရဲသွားတာက လွဲလို့ တိုင်းပြည်တိုးတက်တာ မတွေ့ရဘူးလို့လည်း ၎င်းက ဆိုပါတယ်။


ထို့အပြင် ပြည်သူလူထုထံမှ ကောက်ခံရရှိတဲ့ အခွန်ဘဏ္ဍာငွေများဖြင့် စစ်လက်နက် ပစ္စည်းများ ဝယ်ယူပြီး ပြည်သူကို ပြန်လည်တိုက်ခိုက်နေတဲ့ နိုင်ငံတပ်မတော်မှာ မြန်မာစစ်တပ် တစ်ခုထဲသာ ရှိတယ်လို့ TNLA ဥက္ကဋ္ဌက ပြောပါတယ်။


စစ်တပ်ရဲ့ ဖိနှိပ်တိုက်ခိုက်မှုနဲ့ အခက်အခဲ ပေါင်းစုံကြားက လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေကို တည်ဆောက်ထားကြတဲ့ ဘဝတူ တော်လှန်ရေး တပ်ဖွဲ့များ အနေဖြင့် စစ်ကောင်စီရဲ့ လက်ရှိ ပကတိ အခြေအနေ များကို ရှုမြင်သုံးသပ်ပြီး မိမိတို့ လှုပ်ရှားနယ်မြေ အတွင်းရှိ စစ်တပ်စခန်းများကို တိုက်ခိုက်ရှင်းလင်း သိမ်းပိုက်ရမယ့် အချိန်ဖြစ်တယ်လို့လည်း ဒုတိယ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း က အသိပေး ပြောကြားထားပါတယ်။


တအောင်းတပ်မတော် TNLA အနေဖြင့်  ၁၀၂၇ စစ်ဆင်ရေးရက်ပေါင်း ၈၀ နီးပါးအတွင်း တအောင်းဒေသရှိ မြို့ () မြို့နဲ့ စစ်ကောင်စီ အခြေစိုက် တပ်စခန်း ရာနဲ့ချီကို တိုက်ခိုက်သိမ်းပိုက် ထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


========================


📌📌 ၅။ လက်ရှိ အနေအထားအတိုင်း အပြန်အလှန် စစ်ဆင်ရေး ဆက်မလုပ်ဘဲ အပစ်ရပ်ရန် စစ်ကောင်စီနှင့်ညီနောင်သုံးဖွဲ့ သဘောတူ


ဇန်နဝါရီလ ၁၂ရက်။

မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ လက်ရှိအနေထားအတိုင်း အပြန်အလှန် စစ်ဆင်ရေးဖော်ဆောင်မှု ဆက်လုပ်ဘဲ အပစ်ရပ်ရန် သဘောတူညီခဲ့တယ်လို့ တိုင်းရင်းသား တပ်ဖွဲ့တွေနဲ့ နီးစပ်သူ တစ်ဦးထံမှ သိရပါတယ်။


တရုတ်နိုင်ငံ ကူးမင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ တတိယအကြိမ် ဆွေးနွေးပွဲမှာ ဇန်နဝါရီလ ၁၁ ရက်နေ့ ညပိုင်းက အခုလို အပစ်ရပ်ဖို့ သဘောတူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


နှစ်ဖက်တပ်များ ရောက်ရာနေရာက ရှေ့ဆက်မတိုးရန်၊ မြောက်ပိုင်း () ဖွဲ့က စစ်တပ်စခန်းများနဲ့ မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဖော်ဆောင်ခြင်း မပြုရန်၊ စစ်ကောင်စီဘက်က လေ‌ကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ မလုပ်ရန်၊ စစ်ဆင်ရေး အပြန်အလှန် မလုပ်ရန်စတဲ့ အချက်တွေကို သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။


သို့သော် အဆိုပါ အပစ်ရပ်မှုမှာ ရှမ်းပြည်နယ် မြောက်ပိုင်းတွင်ပဲလား ရခိုင်ပြည်နယမှာကော ပါလား ဆိုတာကိုတော့ ရှင်းလင်းစွာ မသိရသေးဘူးလို့ ဆိုပါတယ်။


အဆိုပါ ဆွေးနွေးပွဲကို MNDAA မှ ဖုန်ခွန်း၊ ကျင်းရှင် နှင့်အဖွဲ့ဝင် () ဦး၊ PSLF/TNLA မှ ဗိုလ်မှူးချုပ် တားဘုန်းကျော် နှင့်အဖွဲ့ဝင် () ဦး၊ ULA/AA မှ ဒေါက်တာညိုထွန်းအောင်နှင့် အဖွဲ့ဝင် () ဦး တက်ရောက်ခဲ့ပြီး စစ်ကောင်စီဘက်က ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်ဦးဆောင်တဲ့ အဖွဲ့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ဆွေးနွေးပွဲကို ကြားဝင်စေ့စပ်မှု ပြုလုပ်နေတဲ့ တရုတ်အစိုးရ ကိုယ်စားလှယ်အဖွဲ့ လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တတိယအကြိမ် ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ် နိုင်ရန် သဘောတူညီခဲ့ကြသော်လည်း အမှန်တကယ် အပစ်ရပ်နိုင်မှာ လက်တွေ့ အကောင်အထည် ဖော်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။


၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုဖြင့် မြောက်ပိုင်းညီနောင် သုံးဖွဲ့နဲ့ စစ်ကောင်စီကြား ဆွေးနွေးပွဲ သုံးကြိမ်တိုင် ပြုလုပ်ခဲ့ကြပြီး ပထမအကြိမ် ဆွေးနွေးခဲ့စဉ်က ဒီဇင်ဘာ လကုန်ထိ အပစ်ရပ်ရန် သဘောတူညီ ခဲ့ကြသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွား ခဲ့ကြပါတယ်။


ယခုတစ်ကြိမ်တွင်လည်း ဇန်နဝါရီလ ၁၁ ရက်နေ့မှာ အပစ်ရပ် သဘောတူညီခဲ့ကြတယ်လို့ ဆိုပေမယ့် ၁၂ ရက်နေ့အထိ တိုက်ပွဲများ ဆက်ရှိနေသေးတယ်လို့ ရှမ်းမြောက်ဒေသခံ တွေဆီက သိရပါတယ်။


၁၀၂၇ စစ်ဆင်ရေးရက်ပေါင်း ၈၀ နီးပါးအတွင်း ရှမ်းမြောက်ဒေသမှ တပ်စခန်း ၃၀၀ ဝန်းကျင် နဲ့ တအောင်းဒေသရှိ မြို့ပေါင်း မြို့နဲ့ ကိုးကန့်ဒေသရှိ မြို့ပေါင်း မြို့ထက် မနည်းကို သိမ်းပိုက်ထား နိုင်ခဲ့တာ ဖြစ်ပါတယ်။


အခုလို အပစ်ရပ်ခဲ့သော်လည်း စစ်အာဏာရှင်စနစ် အမြစ်မပြတ်သရွေ့ မြန်မာပြည်သူများ နှင့်အတူ တသားတည်းရှိနေမယ်လို့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ တအာင်းအမျိုးသား တော်လှန်ရေးနေ့ကို MNDAA နဲ့ AA က သဝဏ်လွှာပေးပို့ရာမှာ အသိပေး ဖော်ပြထားပါတယ်။


========================


📌📌 ၆။ နိုင်ငံအနှံ့နေရပ်စွန့်ခွာသူဦးရေ ဒသမ သန်းကျော်ရှိလာ


နိုင်ငံအနှံ့နေရပ်စွန့်ခွာသူဦးရေ ဒသမ သန်းကျော်ရှိလာတယ်လို့ ဇန်နဝါရီလ ၁၀ရက်မှာ UN OCHA Myanmarက အသိပေးဖော်ပြပါတယ်။


အောက်တိုဘာလနှောင်းပိုင်းကစပြီး ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်များစွာတို့မှာ နေရပ်စွန့်ခွာရသူဦးရေတိုးလာနေပြီး အရပ်သားပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုတွေများလာနေတယ်လို့ဆိုပါတယ်။


အောက်တိုဘာလ ၂၆ ရက်နေ့ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးမှာ နေရပ်စွန့်ခွာသူဦးရေ ၆၆၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ဆိုပါတယ်။


ဒီလိုတိုးလာတဲ့အတွက် နိုင်ငံအနှံ့နေရပ်စွန့်ခွာသူဦးရေ ဒသမ သန်းကျော်ရှိလာပြီဖြစ်တယ်လို့ဖော်ပြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩 ၁။ ခင်ဦးမြို့နယ်တွင် စစ်တပ်က သက်ကြီးရွယ်အို နှစ်ဦးအပါအဝင် ပြည်သူငါးဦးကို သတ်ဖြတ်ခဲ့


ဇန်နဝါရီလ ၁၂ရက်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းက သက်ကြီးရွယ်အို နှစ်ဦးအပါအဝင် ဒေသခံပြည်သူ ဦးကို သတ်ဖြတ်သွားခဲ့တယ်လို့  ခင်ဦးမြိုနယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။


ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းက ခင်ဦးမြိုနယ် အနောက်ခြမ်းမှာ စစ်ကြောင်းထိုးနေတဲ့ အင်အား ၈၀ ကျော်ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းက မြင်းကျကျေးရွာမှ အသက် (၆၀) အရွယ် အဘိုးအို ဦး၊ ကျွန်းတောကြီး ကျေးရွာမှ အမျိုးသမီး ဦး၊ သက်သာပန်းတောင်း (ကားဆိပ် ကျေးရွာ) ကျေးရွာမှ အမျိုးသား ဦးနှင့် အမျိုးသမီး ဦး စုစုပေါင်း ဦးကို သတ်ဖြတ်သွားတာ ဖြစ်ပါတယ်။


ထို့အပြင် ကျွန်းတောကြီး ကျေးရွာရှိ နေအိမ် ၁၀ လုံးကိုလည်း အဆိုပါ စစ်ကြောင်းက မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံများက ဆိုပါတယ်။


ဇန်နဝါရီလ ၁၂ ရက်နေ့ မနက် နာရီ ခွဲခန့်မှ စတင်ပြီး အဆိုပါ စစ်ကြောင်းနဲ့ နယ်မြေခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ၄၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက် သေဆုံးမှု ရှိတယ်လို့ တော်လှန်ရေး အင်အားစုများက ပြောပါတယ်။


 ထိုနေ့ ညနေပိုင်းတွင် အဆိုပါ စစ်ကြောင်းဟာ မူးမြစ်ကို ဖြတ်ကူးပြီး ရေဦးမြို့အတွင်း ထမ်းစဉ် များဖြင့် ဝင်ရောက်သွားတယ်လို့ သတင်းရရှိပါတယ်။


PDF စစ်ရုံးချုပ်ရဲ့ ထုတ်ပြန်ချက်အရ ဇန်နဝါရီ ၁၀ ရက်နေ့က ခင်ဦးမြိုနယ်၊ အင်တိုင်းကြီး ကျေးရွာ အနောက်ဘက်တွင် စစ်ကောင်စီ စစ်ကြောင်းကို ရွှေဘိုခရိုင် PDF တပ်ရင်း () က တိုက်ခိုက် ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးသေဆုံးကာ ၁၀ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင်ဗျူဟာစခန်းသိမ်းတိုက်ပွဲတွင်ယောကာကွယ်ရေးတပ် - YDF ပါဝင်တိုက်ခိုက်ခဲ့တယ်လို့အသိပေး


ဇန်နဝါရီလ ၁၂ရက်။

ဇန်နဝါရီလ ၁၂ရက် စစ်ရေးအောင်မြင်ကြောင်း သတင်းကြေညာချက်ကို ယောကာကွယ်ရေးတပ် - YDFကအသိပေးပါတယ်။


၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယအပတ်တွင်ရက္ခိုင်ပြည်၊ ကျောက်တော်မြိုနယ်၊ တောင်ရှည်တောင်ဗျူဟာစခန်းအား ယောကာကွယ်ရေးတပ် - YDF သည်  မဟာမိတ်တပ်များနှင့်အတူ စစ်ရေးအတွေ့အကြုံယူရင်း ရဲရင့်တက်ကြွစွာ ပူးပေါင်း ပါဝင်၍ တိုက်ပွဲဆင်နွှဲခဲ့ကြပါတယ်။ ဤကဲ့သို့ စစ်ရေးအတွေ့အကြုံနှင့် တိုက်ပွဲဝင်ခွင့်ပေးသော ရက္ခိုင့်တပ်တော်ကို YDF မှ ကျေးဇူးများစွာတင်ရှိပါတယ်လို့ဆိုပါတယ်။


တောင်ရှည်တောင်ဗျူဟာကုန်းသိမ်းတိုက်ပွဲသည် ကာလအားဖြင့် () ပတ်ကြာမြင့်ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ () ရက်နေ့တွင် တောင်ရှည်တောင်ဗျူဟာစခန်းအား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ခဲ့ရာတွင် YDF တပ်ဖွဲ့မှ ဗျူဟာကုန်းတစ်ခုလုံးအား သိမ်းပိုက်လိုက်သည့်အချိန်အထိ တက်ကြွစွာပါဝင်ခဲ့ပါတယ်။


========================


🚩🚩 ၃။ မြိတ်မြို့မှ ချေလျင်တက်လာပြီး အနီးအနားရှိ ကျေးရွာများအား လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေသော  "အင်အားထပ်တိုး" ( ၁၀၀ ) ကျော်ပါ ရောက်ရှိလာသော" စစ်ကောင်စီစစ်ကြောင်းအား ထပ်မံ မိုင်းဆွဲတိုက်ခိုက်


ဇန်နဝါရီလ၁၂ရက်။

မြိတ်မြို့မှ ချေလျင်တက်လာပြီး အနီးအနားရှိ ကျေးရွာများအား လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေသော  "အင်အားထပ်တိုး" ( ၁၀၀ ) ကျော်ပါ ရောက်ရှိလာသော" စစ်ကောင်စီစစ်ကြောင်းအားထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။


ဇန်နဝါရီလ ၁၂ရက် မှာ စစ်ဆင်ရေးကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖကအတည်ပြုဆိုပါတယ်။


"ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ တပ်ဖွဲ့ဝင်များ၊ တောပုံးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့(တနင်္သာရီ-ပကဖ) ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ၊ တနင်္သာရီတိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြိတ်မြို့နယ် တဂံတောင်ပုကျေးရွာနှင့် ဝိုင်း‌တောင်ကျေးရွာကြား မြိတ်မြို့မှ ချေလျင်တက်လာပြီး အနီးအနားရှိ ကျေးရွာများအား လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေသော  "အင်အားထပ်တိုး" ( ၁၀၀ ) ကျော်ပါ ရောက်ရှိလာသော" စစ်ကောင်စီစစ်ကြောင်းအား ဇန်နဝါရီ  ၁၂ရက်နေ့  ၀၁ :၀၀  PM နာရီ  အချိန်တွင် "ထပ်မံမိုင်းဆွဲ" တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အထိခိုက်အကျဆုံး စုံစမ်းလျှက်ရှိပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ အောင်မြင်စွာပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


🚩🚩 ၄။ ကျိုက်ထို အင်းဝဘဏ်ခွဲမှာ လုံခြုံရေး ယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံရ၊ ပြည်သူ့စစ်တစ်ဦးသေဆုံးပြီး အရပ်သား အမျိုးသမီး ဦး ထိခိုက်ဒဏ်ရာရ


ကျိုက်ထို၊ ဇန်နဝါရီ ၁၂။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အင်းဝဘဏ်ခွဲမှာ လုံခြုံရေး ရယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တစ်ဦး သေဆုံးခဲ့တယ်လို့ စစ်ဆင်ရေးဖော်ဆောင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၇၈၀၅ တပ်ခွဲ က ပြောပါတယ်။


ဇန်နဝါရီလ ၁၂ ရက် နေ့လယ် ၁၂ နာရီ ၂၆ မိနစ် အချိန်က ကျိုက်ထိုမြို့နယ်၊ ကံ့ကော်ရပ်ကွက် မြို့နယ်ဘောလုံးကွင်း ဘေးမှာရှိတဲ့ အင်းဝဘဏ်‌ရှေ့မှာ လုံခြုံရေး စောင့်နေတဲ့ စစ်ကောင်စီ တပ်သား တွေကို ပြည်သူ့ကာကွယ်ရေးတပ် ရဲဘော်များက ကားဖြင့်ရောက်လာပြီး ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


ကျွန်တော်တို့ ပစ်ခတ်ခဲ့တာက အင်းဝဘဏ်ရှေ့ လုံခြုံရေး ယူပေးနေတဲ့ ပြည်သူ့စစ်တွေကို ပစ်ခတ်ခဲ့တာဗျ၊ ကျွန်တော်တို့ ပစ်တဲ့အချိန်မှာ ပြည်သူ့စစ် တစ်ဦးပဲ ရှိနေပါတယ်၊ ဘဏ်ရှေ့မှာ စစ်သား တစ်ဦးက ထမင်းစားနေတယ်ဗျလို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၇၈၀၅ တပ်ခွဲ က ရဲဘော် တစ်ဦးက ပြောပြပါတယ်။


အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ့စစ်တစ်ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဘဏ်ထဲက စစ်သားတစ်ဦးက ပြန်လည်ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး ပေါင်ရှပ်ထိခဲ့တယ်လို့ ၎င်း PDF ရဲဘော်က ဆက်ပြောပါတယ်။


ဒေသခံတွေရဲ့ ပြောပြချက်အရ အပြန်အလှန် ပစ်ခတ်မှု ဖြစ်စဉ်အတွင်း ပြည်သူ့စစ် အဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။


ထိုအပြင် ပစ်ခတ်မှု ဖြစ်ပွားပြီး ၁၀ မိနစ်အကြာမှာ အနီးနားမှ ဈေးဆိုင်များ ပိတ်သိမ်းခဲ့ကြပြီး စစ်ကောင်စီတပ်မှ တစ်မြို့လုံး လမ်းကြောင်းများကို ပိတ်ဆို့ စစ်ဆေးခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။

အခုလို မြို့တွင်းမှာ အကြပ်အတည်းကြားက မစ်ရှင်ဖော်ဆောင်ရတာကြောင့် သေချာအချိန်ယူ စီစဉ်ခဲ့ရပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ တပ်ရင်း ၇၈၀၅ တပ်ခွဲ က အသိပေး ထားပါတယ်။


ပစ်ခတ်မှုအတွင်း ပြည်သူထိခိုက်မှုရှိခဲ့တဲအတွက် စိတ်မကောင်းဖြစ်ရတယ်လို့ တပ်ရင်း ၇၈၀၅ တပ်ခွဲ က ဆိုပြီး နောက်ထပ်လည်း အကောင်းဆုံး မစ်ရှင်တွေကို ထပ်မံဖော်ဆောင် သွားမှာ ဖြစ်လို့ ပြည်သူလူထု အနေနဲ့ စစ်ကောင်စီ တပ်နဲ့ ဝေးဝေးနေပေး ကြဖို့ကိုလည်း တောင်းဆို ထားပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာ ၂၆ ရက်နေ့ကလည်း ရေးမြို့နယ်။ ရန်ကြီးအောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြဝတီဘဏ်မှာ လုံခြုံရေး ယူနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ရေးဘီးလူး အဖွဲ့က ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးနဲ့ ဘဏ်လုံခြုံရေး ဝန်ထမ်းတစ်ဦး သေဆုံးခဲ့ပါတယ်။


========================


🚩🚩 ၅။ ပလက်ဝမြို့ပေါ်ကို ဆုတ်ခွာနေစဉ်အမှတ် ၁၉ စစ်ဆင်ရေးကွပ် ကဲမှုဌာနချုပ်ရဲ့ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဇင်မျိုးဆွေကို  ရက္ခိုင့်တပ်တော်-AA က ဖမ်းဆီးရမိထားတယ်လို့ဆို


ဇန်နဝါရီလ ၁၂ရက်။

ပလက်ဝမြို့ပေါ်ကို ဆုတ်ခွာနေစဉ်အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရဲ့ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေကို  ရက္ခိုင့်တပ်တော်-AA က ဖမ်းဆီးရမိထားတယ်လို့ ဇန်နဝါရီလ ၁၂ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာဗျူဟာလေ့လာရေးမှတ်တမ်းဌာနက ကိုထွန်းထွန်းကဖော်ပြပါတယ်။


ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အနောက်ဘက် ရေတံခွန်တောင်ကုန်းမှာ ဇန်နဝါရီ ၁၂ ရက် ဒီကနေ့ မနက်ပိုင်း တိုက်ပွဲများအတွင်းအမှတ် ၁၉ စစ်ဆင်ရေးကွပ် ကဲမှုဌာနချုပ်ရဲ့ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေကို  ရက္ခိုင့်တပ်တော်-AA က ဖမ်းဆီးရမိထားတယ်လို့ သိရတယ်လို့ဆိုပါတယ်။


ဗိုလ်မှူးချုပ်ဇင်မျိုးဆွေဟာ အလုပ်သင်ဗိုလ်အပတ်စဉ် ၂၃ ဆင်းဖြစ်ပြီး ပလက်ဝမြို့နယ်အတွင်းက ဗျူဟာကုန်းတွေကို AA တပ်တွေရဲ့ တိုက်ခိုက်သိမ်းပိုက်ခံရမှုကြောင့် ပလက်ဝမြို့ပေါ်ကို ဆုတ်ခွာနေစဉ် ဖမ်းဆီးခံရတာလို့လည်းသိရတယ်။


ဗိုလ်မှူးချုပ်ဇင်မျိုးဆွေဟာ စကခ ၁၉ စကခမှူးမဖြစ်မီက လက်ရှိမြောက်ပိုင်း ဖွဲ့ သိမ်းပိုက်ထားတဲ့ ကွတ်ခိုင်အခြေချစစ်ဗျူဟာရဲ့ ဗျူဟာမှူး ဖြစ်ပြီး ၂၀၂၂ အတွင်းက စကခ ၁၉ ကို ပြောင်းရွှေ့ရောက်ရှိလာတာလို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution


 

Share:

No comments:

Post a Comment