14th JAN 2024 - Evening Daily News by Radio NUG

 

၂၀၂၄ ဇန်နဝါရီလ ၁၄ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေးအနေနဲ့မကြာခင်မှာပြည်သူလူထုဟာ အောင်ပွဲရရှိတော့မှာဖြစ်တယ်လို့ပြောကြား

📌 ၂။ ဧရာဝတီတိုင်းဒေသကြီးတွင် မြို့နယ်ပကဖများကို အတည်ပြုခန့်အပ်ပြီးဖြစ်၍ ကာကွယ်ရေးဝန်ကြီးဌာန နှင့်တာဝန်ခံများတွေ့ဆုံဆွေးနွေး

📌 ၃။ အကြမ်းဖက်စစ်တပ်ထဲ အရှုံးဟာ ကူးစက်ရောဂါလိုဖြစ်နေပြီလို့ ဦးမင်းကိုနိူင်ဆို

📌 ၄။ စစ်တောင်းမြစ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်ကျေးရွာများက စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များ အပေါ်  ဆန္ဒထုတ်ဖော်


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပလက်ဝဒေသ"ခန်ခတောင်ဗျူဟာစခန်း"နှင့်မီးဝဗျူဟာကုန်းတစ်ခုလုံးအား ရက္ခိုင့်တပ်တော် (AA) မှ အပြီးသတ်သိမ်းပိုက်

🚩 ၂။ မတ္တရာမြို့နယ်တွင် စစ်ကားတစီးကို မိုင်းဆွဲတိုက်ခိုက်၊ အရာရှိအပါအဝင် ယာဉ်ပေါ်ပါသူများ ဒဏ်ရာရ

🚩 ၃။ ယင်းမာပင်ရဲစခန်းနှင့်ထွေအုပ်ရုံးအပါအဝင် စစ်ကောင်စီတပ်အထိုင်ချနေသော ရုံးများကို ပစ်ခတ်တိုက်ခိုက်

🚩 ၄။ သထုံမြို့နယ်မှာ စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့်ကျေးရွာများမှ ဒေသခံ (၃၀၀)ကျော် တိမ်းရှောင်နေရ

🚩 ၅။ အင်းတော်စစ်ဆေးရေးဂိတ်တွင် ပြည်သူ အမျိုးသားနှစ်ဦးအား စစ်ကောင်စီတပ်များမှ မျက်နှာများကို အိတ်စွပ်ကာဖမ်းဆီးထားပြီးစစ်ကြောရေးတွင်စစ်ဆေးနေ

🚩 ၆။ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့စည်းမှ တပ်သားအသစ်တွေ ထပ်မံခေါ်ယူ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေးအနေနဲ့မကြာခင်မှာပြည်သူလူထုဟာ အောင်ပွဲရရှိတော့မှာဖြစ်တယ်လို့ပြောကြား


ဇန်နဝါရီ၁၄ရက်


နွေဦးတော်လှန်ရေးအနေနဲ့မကြာခင်မှာပြည်သူလူထုဟာ အောင်ပွဲရရှိတော့မှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက စစ်ကိုင်းတိုင်းကျန်းမာရေးညီလာခံတွင် ပြောကြားခဲ့ပါတယ်။


"ဒီတော်လှန်ရေးအနေနဲ့မကြာခင်မှာပြည်သူလူထုဟာ အောင်ပွဲရရှိတော့မှာဖြစ်ပါတယ်။ ဒီအောင်ပွဲ ရရှိလာတဲ့အခါမှာ စစ်အာဏာရှင်ကိုဖယ်ရှားနိူင်တော့မှာ ဖြစ်ပါတယ်။စစ်အာဏာရှင် ဖယ်ရှားပြီးတဲ့အခါမှာ ဖက်ဒရယ်ဒီမိုကရေစီတည်ထောင်ဖို့ ပြင်ဆင်နေကြတာဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


၂၀၂၃ ခုနှစ်မှာတော့ တစ်နှစ်တာမဟာဗျူဟာများရေးဆွဲစီမံဆောင်ရွက်ခဲ့ပြီး စစ်ရေးအရှိန်မြှင့်တင်ကာ မြို့များသိမ်းပိုက်နိူင်ခဲ့ပါတယ်။


========================


📌📌 ၂။ ဧရာဝတီတိုင်းဒေသကြီးတွင် မြို့နယ်ပကဖများကို အတည်ပြုခန့်အပ်ပြီးဖြစ်၍ ကာကွယ်ရေးဝန်ကြီးဌာန နှင့်တာဝန်ခံများတွေ့ဆုံဆွေးနွေး


ဇန်နဝါရီ၁၄ရက်


ဧရာဝတီတိုင်းဒေသကြီးတွင် မြို့နယ် ပကဖများကို အတည်ပြုခန့်အပ်ပြီးဖြစ်၍ ကာကွယ်ရေးဝန်ကြီးဌာန နှင့် ချိတ်ဆက်ဆောင်ရွက်ရန်ပုသိမ်ခရိုင် ပကဖ တာဝန်ရှိသူများနှင့်  မြို့နယ်ပကဖတာဝန်ခံများတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ပကဖ တာဝန်ရှိသူများနှင့်  မြို့နယ်ပကဖတာဝန်ခံ / သတင်းထောက်လှမ်းရေးတာဝန်ခံ များ၂၀၂၄ ခုနှစ် ဇန္နဝါရီလ(၁၃)ရက် နေ့လည် (၁၂.၃၀)နာရီ မှ (.၅၆ ) နာရီထိ တွေ့ဆုံဆွေးနွေးမှုကို online မှတစ်ဆင့် ကျင်းပခဲ့ပါတယ်။


တွေ့ဆုံမှုကို ခရိုင်ပကဖ တာဝန်ခံ၊ ဒုတာဝန်ခံစစ်ရေး ဒုတာဝန်ခံစည်းရုံး‌ရေးနှင့်  မြို့နယ်ပကဖတာဝန်ခံ၊သတင်းထောက်လှမ်းရေးတာဝန်ခံ အသီးသီးတို့တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။


ဆွေးနွေးပွဲတွင် ပကဖများ၏ ရှေ့လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်၊ မြို့နယ် ပကဖများကို အတည်ပြုခန့်အပ်ပြီးဖြစ်၍ MOD နှင့် ချိတ်ဆက်ဆောင်ရွက်ရန်   သတင်းထောက်လှမ်းရေးတာဝန်ခံများကို MOD သတင်းထောက်လှမ်းရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ရန် စသည့် မြို့နယ်အလိုက်အခြားအထွေထွေ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ အကြမ်းဖက်စစ်တပ်ထဲ အရှုံးဟာ ကူးစက်ရောဂါလိုဖြစ်နေပြီလို့ ဦးမင်းကိုနိူင်ဆို


ဇန်နဝါရီ၁၄ရက်


ဇန်နဝါရီလအတွင်း မေးမြန်းခန်းတစ်ခုမှာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိူင်က အခုလိုပြောကြားလိုက်ပါတယ်။


" သူတို့ရဲ့ စစ်တပ်မှာ ရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးတယ်၊ စိတ်ပိုင်း ဆိုင်ရာ ဆုံးရှုံးတယ်။ ရုပ်ပိုင်းဆိုင်ရာ လက်နက်တွေ အများကြီး ဆုံးရှုံးလိုက်ပြီ။ ဒါပြန်ဝယ်လို့ရတယ် ထားလိုက်အုံး၊ နယ်မြေဆုံးရှုံးတာနဲ့  စစ်သားတွေ ဆုံးရှုံးသွားတာ၊ ယုံကြည်မှု ဆုံးရှုံးသွားတာ ဒါ ပြန်ကုစားလို့မရတော့ဘူး။ ကျနော်တို့ဘက်က ကိုယ့်အလုပ်ကို ဆက်ပြီးတော့ လုပ်ဖို့သာလျှင် ရှိပါတယ်။ စစ်တပ်ထဲမှာတော့ အရှုံးဟာ ကူးစက်ရောဂါကြီးလို ဖြစ်သွားပြီ။ covid လို ကူးစက်ရောဂါဖြစ်သွားပြီ။ အဲအချိိန်မှာ အနိုင်တိုက်ဖို့ပဲ"လို့ ဆိုပါတယ်။


လက်ရှိမှာ စကစတပ်များဟာ တပ်ရင်းတစ်ရင်းလုံးလက်နက်ချမှုများ၊ စခန်းကိုစွန့်ခွာထွက်ပြေးမှုများပေါ်ပေါက်လျက်ရှိပါတယ်။


========================


📌📌 ၄။ စစ်တောင်းမြစ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်ကျေးရွာများက စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များ အပေါ်  ဆန္ဒထုတ်ဖော်


ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေထဲက စစ်တောင်းမြစ်အနောက်ဘက်ခြမ်းမှာရှိ တဲ့ ကျေးရွာ ရွာက ဒေသခံတွေဟာ စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ် ဆန္ဒထုတ်ဖော် တောင်းဆိုမှုတွေ လုပ်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။


စစ်တောင်းမြစ်အနောက်ဘက်ခြမ်းမှာရှိပြီး စစ်ဘေးရှောင်ရွာတွေဖြစ်တဲ့ ကျေးရွာတွေက စစ်ဘေးရှောင် တွေ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့တာလို့ သိရပါတယ်။ 


စစ်တောင်းမြစ်အနောက်ဘက်ခြမ်းမှာရှိတဲ့ ဘုရားငုတ်တို၊ တောင်ခင်၊ကြိတ်ကွင်း၊ အလှိုင်၊ လေးအိမ်စု၊ နွားရေချောင်း၊ သမင်အင်းကုန်း၊ နံဇ၊တလိုင်းခင်၊ ဖိုးတ၊ချောင်းဝ၊ တဲစု၊ ပေါက်ကုန်း၊ ကျောင်းဆုန်း၊ ရွာသာယာ၊ ငဖယ်အင်း၊ ဘာဘူကုန်း၊ ရေတွင်းကုန်း၊ ဖျံတလင်း စတဲ့ကျေးရွာတွေဟာ အကြမ်းဖက် စစ်တပ် ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် စစ်ဘေးရှောင်နေရတယ်လို့ အသိပေးထားပါတယ်။ 


အကြမ်းဖက်စစ်တပ်ဟာ ၎င်းတို့အာဏာတည်မြဲရေးနဲ့ နယ်မြေထိန်းချုပ်နိုင်ရေးအတွက် ပြည်သူလူထုကို ပစ်မှတ်ထားပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေတာကြောင့် ခလယ်လွီထူးခရိုင်အတွင်းက ဒေသခံ ပြည်သူ သိန်းခွဲခန့် နေရပ်စွန်ခွာခဲ့ရတယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဒီစာရင်းဟာ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းယူချိန်ကစပြီး ၂ဝ၂၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ ကောက်ယူ ရရှိထားတဲ့စာရင်းဖြစ်ပြီး စစ်ဘေးရှောင်တွေ ဆက်လက်တိုးမြင့်နေတယ်တယ်လို့ KNU ဗဟိုက အသိပေးထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ ပလက်ဝဒေသ"ခန်ခတောင်ဗျူဟာစခန်း"နှင့်မီးဝဗျူဟာကုန်းတစ်ခုလုံးအား ရက္ခိုင့်တပ်တော် (AA) မှ အပြီးသတ်သိမ်းပိုက်


ဇန်နဝါရီ၁၄ရက်


ပလက်ဝဒေသ"ခန်ခတောင်ဗျူဟာစခန်း"နှင့်မီးဝဗျူဟာကုန်းတစ်ခုလုံးအား ရက္ခိုင့်တပ်တော် (AA) မှ အပြီးသတ်သိမ်းပိုက်ခဲ့ပါတယ်။


ပလက်ဝဒေသအတွင်း စစ်ကောင်စီ၏  လက်ကျန်ဗျူဟာစခန်းတစ်ခုဖြစ်သော "ခန်ခတောင်ဗျူဟာစခန်း" ကို ရက္ခိုင့် တပ်‌တော် (AA) မှ အပြီးသတ်ထပ်မံသိမ်းပိုက်ရယူနိုင်ခဲ့ပြီး စစ်လက်နက်ပစ္စည်း အပါအဝင် လက်နက်ခဲယမ်း အမြောက်အမြားတို့အား သိမ်းဆည်းရမိခဲ့တယ်လို့ ဇန်နဝါရီ၁၃ရက်စစ်ဆင်ရေးသတင်းကို ရက္ခိုင့် တပ်‌တော်AAကအတည်ပြုပါတယ်။


အလားတူ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့၊ ညနေ () နာရီခန့်အချိန်ကလည်း ပလက်ဝ-ကျောက်တော်အစပ်တွင်ရှိသောမီးဝဗျူဟာကုန်းတစ်ခုလုံးအား ရက္ခိုင့်တပ်တော် (AA) မှ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ရယူထားနိုင်ခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။ 


========================


🚩🚩 ၂။ မတ္တရာမြို့နယ်တွင် စစ်ကားတစီးကို မိုင်းဆွဲတိုက်ခိုက်၊ အရာရှိအပါအဝင် ယာဉ်ပေါ်ပါသူများ ဒဏ်ရာရ


မန္တလေးတိုင်း မတ္တရာမြို့နယ် ကျောက်တံတားကျေးရွာနဲ့ ငါးလုံးပြွန်ရွာကြားမှာ အကြမ်းဖက်စစ်ကောင်စီ ကားတစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အရာရှိအပါအဝင် ကားပေါ်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိသွားတယ် လို့ မတ္တရာမျိုးမှန်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။


ဇန်နဝါရီလ ၁၃ ရက်မနက် ၁ဝ နာရီခွဲဝန်ကျင်အချိန်မှာ ကျောက်တံတားကျေးရွာကနေ ငါးလုံးပြွန်ကျေးရွာ ဘက်ကိုထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များပါသောကားကို ချောင်းမကြီးချောင်းအနောက်ဘက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 


မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတဲ့အတွက် အဆိုပါကားဟာ ရှေ့ဆက်မသွားနိုင်တော့ဘူးလို့ ဆိုပါတယ်။ 


မိုင်းဆွဲခံရပြီးနောက် ချက်ခြင်းဆိုသလို ကျောက်တံတားကျေးရွာဘက်ကနေ စစ်ကောင်စီတပ်ဖွဲ့တွေ ဒိုင်နာ ကားတစီးနဲ့ရောက်လာသလို မီးဖွင့်မောင်းလာတဲ့ လူနာတင်ယာဉ်တစီးလဲ ရောက်လာတယ်လို့ အသိပေးထား ပါတယ်။ 


မတ္တရာမြို့နယ် ကျောက်တံတားကျေးရွာမှာ အကြမ်းဖက်စစ်တပ်က အင်အားအများအပြားနဲ့ တပ်စွဲထားတာ လခန့်ရှိနေပြီး ပြည်သူပိုင်ကားတစီးကို ချောဆွဲပြီး စျေးဝယ်ထွက်လာချိန်မှာ မိုင်းဆွဲခံလိုက်ရတာလို့လည်း သိရပါတယ်။ 


မတ္တရာမျိုးမှန်တပ်ဖွဲ့အနေနဲ့ လက်ရှိအချိန်အထိ စစ်ဆင်ရေးပေါင်း ၉၆ ခု ဖော်ဆောင်နိုင်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၄၇ ဦးကို ရှင်းလင်းနိုင်ခဲ့သလို စစ်တင်ရေးတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း စနစ်တကျ မှတ်တမ်းတင် ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ယင်းမာပင်ရဲစခန်းနှင့်ထွေအုပ်ရုံးအပါအဝင် စစ်ကောင်စီတပ်အထိုင်ချနေသော ရုံးများကို ပစ်ခတ်တိုက်ခိုက်


စစ်ကိုင်းတိုင်း ယင်းမာပင်မြို့မှာရှိတဲ့ ရဲစခန်းနဲ့ထွေအုပ်ရုံးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ အခြေချနေတဲ့ ရုံးတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Toe Na Yar PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။ 


ယင်းမာပင်မြို့မှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေ အထိုင်ချနေတဲ့ ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ သစ်တောရုံးနဲ့ ဆေးရုံကို ဇန်နဝါရီလ ၁၃ ရက်နေ့ ၁ဝ နာရီအချိန်ကစပြီး ၁၁ နာအထိ  ၆ဝ မမ၊ ၈ဝ မမ၊ ၉ဝ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 


လက်နက်ကြီးတွေနဲ့ အလုံး ၅ဝ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် ညအချိန်ဖြစ်တာကြောင့် စစ်ကောင်စီဘက် က ထိခိုက်ကျဆုံးမှုအခြေအနေ မသိခဲ့ရဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုများ က အသိပေးထားပါတယ်။ 


အဆိုပါစစ်ဆင်ရေးကို ယင်းမာပင်ခရိုင်ထဲက မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ Chindwin Toe Na Yar PDF ယင်းမာပင်ခရိုင် တပ်ရင်း ၂၉ တပ်ခွဲ ၂၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂၆ တပ်ခွဲ ၂၊ ဒေါင်းညို၊ မိုးညိုမမ၊ မင်းလက်ဝါး အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 


========================


🚩🚩 ၄။ သထုံမြို့နယ်မှာ စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့်ကျေးရွာများမှ ဒေသခံ (၃၀၀)ကျော် တိမ်းရှောင်နေရ


ဇန်နဝါရီလ၁၄ရက်


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်နေ့ မနက် ()နာရီမှ ()နာရီအထိ အာဏာသိမ်းစစ်ကောင်စီတပ် အမှတ် (၄၀၂) အမြှောက်တပ်ရင်းမှ ကေအဲန်ယူ-ဒူးသထူခရိုင်၊ သထုံမြို့နယ်၊ ဆူးအင်းကျေးရွာထဲသို့ လက်နက်ကြီး ()လုံး ပစ်ခတ်ခဲ့ရာ ဆူးအင်းရွာတွင်း လက်နက်ကြီး ()လုံး ကျရောက်ပေါက်ကွဲပြီး ရွာနေ အသက် (၃၅)နှစ်ရှိ စောဖိုးလေးနှင့်  အသက် (၃၅)နှစ်ရှိ စောရာဇာ အိမ်တို့အား လက်နက်ကြီးကျည်စ ထိမှန်ပျက်စီးခဲ့တယ်လို့

ဇန်နဝါရီ၁၄ရက် KNUဗဟိုက စကစတပ်ရဲ့လုပ်ရပ်များကိုဖော်ပြပါတယ်။


ထို့နေ့ ညနေ ()နာရီတွင်ပင် စစ်ကောင်စီတပ် အင်းရှည် (အမတ-၄၀၂)တပ်ရင်း တပ်စခန်းမှ လက်နက်ကြီး ()လုံး ပစ်ခတ်ခဲ့ရာ ကေအဲန်ယူ-သထုံမြို့နယ်၊ ကော့လှိုင်းရွာလေးကုန်းထဲသို့ လက်နက်ကြီး ()လုံး ကျရောက်ပေါက်ကွဲကာ ရွာနေ  အသက် (၄၀)နှစ်ရှိ စောရွှေလှဝင်းနှင့် အသက် (၄၅)နှစ်ရှိ စောမောင်ကျန်ရစ် အိမ်တို့ကို လက်နက်ကြီးကျည်စ ထိမှန်ပျက်စီးခဲ့ရပါတယ်။


၎င်းစစ်ကောင်စီတပ်စခန်းများမှ ကေအဲန်ယူ-သထုံမြို့နယ် အုပ်ချုပ်မှုနယ်မြေရှိ အရပ်သားလူထုနေရာများထဲသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး မကြာခဏ ပစ်ခတ်မှုများကြောင့် ယခုတွင် ကျုံမိန်နှင့် ကော့လှိုင်းရွာလေးကုန်း ကျေးရွာများရှိ အိမ်ခြေ (၈၂)အိမ်မှ လူဦးရေ စုစုပေါင်း (၃၈၂)ဦး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။


ထို့အပြင် ဇန်နဝါရီလ ()ရက်နေ့ ညနေ ()နာရီ  (၂၅)မိနစ်ခန့်တွင် စစ်ကောင်စီ (အမတ-၂၀၆)တပ်ရင်း တပ်စခန်းမှ လက်နက်ကြီး ()လုံး ပစ်ခတ်ခဲ့ပြီး ဇန်နဝါရီလ ()ရက်နေ့ နံနက် ()နာရီမှ မနက် ()နာရီအထိ စစ်ကောင်စီ (အမတ-၄၀၂)တပ်ရင်းနှင့် (အမတ-၄၀၄)တပ်ရင်း တပ်စခန်းတို့မှ လက်နက်ကြီး (၁၂)လုံး ပစ်ခတ်ခဲ့ပါတယ်။


========================


🚩🚩 ၅။ အင်းတော်စစ်ဆေးရေးဂိတ်တွင် ပြည်သူ အမျိုးသားနှစ်ဦးအား စစ်ကောင်စီတပ်များမှ မျက်နှာများကို အိတ်စွပ်ကာဖမ်းဆီးထားပြီးစစ်ကြောရေးတွင်စစ်ဆေးနေ


ဇန်နဝါရီ၁၄ရက်


ဇန်နဝါရီ၁၃ရက်မနက်ပိုင်း အင်းတော်စစ်ဆေးရေးဂိတ်တွင် ပြည်သူ အမျိုးသားနှစ်ဦးအား စစ်ကောင်စီတပ်များမှ မျက်နှာများကို အိတ်စွပ်ကာ စစ်တပ်ကုန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဇန်နဝါရီ၁၃ရက် အင်းတော်IR Teamကအတည်ပြုဆိုပါတယ်။


၎င်းပြည်သူနှစ်ဦးမှာ တစ်နေ့လုံး စစ်ကြောရေးတွင်ရှိနေကြောင်းလည်း သိရပြီးမျက်နှာအိတ်စွပ်ထားသည့်အတွက် မည်သည့်ဒေသမှဖြစ်ပြီး မည်သူမည်ဝါမှန်းလည်း ယခုထိ မသိရှိရသေးဘူးလို့ဆိုပါတယ်။


========================


🚩🚩 ၆။ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့စည်းမှ တပ်သားအသစ်တွေ ထပ်မံခေါ်ယူ


ဇန်နဝါရီ၁၄ရက်


မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့စည်းမှ တပ်သားအသစ်တွေ ထပ်မံခေါ်ယူနေပြီဖြစ်ပါတယ်။တပ်သားအသစ်များကို အမျိုးသားသီးသန့်သာ ခေါ်ယူမှာဖြစ်ပါတယ်လို့ ဇန်နဝါရီလအတွင်း မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့MSROကဆိုပါတယ်။


တပ်သားအသစ်များဟာ အသက်၁၈ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ပြီးအာဏာရှင်စနစ် နှင့် မဟာလူမျိုးကြီးဝါဒကို ဆန့်ကျင်သူ၊ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့စည်း၏ ပေးအပ်သောတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်သူဖြစ်ရမယ်လို့ဆိုပါတယ်။


ထို့အပြင် ကျန်းမားရေးကောင်းမွန်သူဖြစ်ရမည်ဖြစ်ပြီးတော်လှန်ရေးရည်းမှန်းချက် ပြီးမြောက်သည်အထိ (သို့) အနည်းဆုံး () နှစ်တာဝန်ထမ်းဆောင်ရမယ်လို့ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့် ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment