15th JAN 2024 - Evening Daily News by Radio NUG


၂၀၂၄ ဇန်နဝါရီလ ၁၅ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဂျပန်နိူင်ငံ တိုကျိုနှင့်အိုဆာကာမြို့များတွင်ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများတွေ့ဆုံမည်

📌 ၂။ ဂျာမဏီနိုင်ငံ ဖရန့်ဖေါ့လူငယ်ဘောလုံးအသင်းကဦးဆောင်တဲ့ တော်လှန်ရေးရန်ပုံငွေဖလား ဘောလုံးပွဲနဲ့စျေးရောင်းပွဲသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးတက်ရောက်

📌 ၃။ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပင်လည်ဘူးမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကြည့်ရှုစစ်ဆေးပြီး၊ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ စစ်တပ်ထုတ်ကုန်များအားသိမ်းဆည်းဖျက်ဆီး


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပလက်ဝမြို့နယ်တခုလုံး စစ်တပ်ကင်းစင်နယ်မြေဖြစ်ခဲ့ပြီဟု AA ကြေညာ၊ တင့်ကားနှင့်လက်နက်ကြီးများ သိမ်းဆည်းရရှိ

🚩 ၂။ မုန်းမြို့တိုက်ပွဲတွင် ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို နိုင်ငံတကာဥပဒေနှင့်အညီ စောင့်ရှောက်ထားဟု KNU အသိပေး

🚩 ၃။ စစ်ကိုင်းမြို့နယ် ပေါက္ကား ရွာသား ၂ဦးကို စစ်တပ်က သတ်ဖြတ်ပြီး နေအိမ် ၆ဝ ကျော် မီးရှို့ဖျက်ဆီး 

🚩 ၄။ Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှစစ်ကြောင်းမှူးဗိုလ်အယ်စေးဝါးနှင့် S.O.F(အထူးစစ်ဆင်ရေးတပ်ဖွဲ့)မှ တပ်မှူးကိုအောင်စံရှားတို့မြေပြင်တွင် စစ်ရေးအရပူးပေါင်းဆောင်ရွက်မည်

🚩 ၅။ ကလေးတက္ကသိုလ်တွင် လုံခြုံရေးတာဝန်ယူနေသည့် ရဲတပ်ဖွဲ့ဝင် ဦးကို ဖမ်းဆီးရမိ

🚩 ၆။ ဝန်းသိုမြို့နယ်မှ ခမရ ၁၂၀၊၁၁၁တပ်များမှ ဝန်းသိုမြို့မြိုင်ဇေယျာ ကျေးရွားအားမီးရှို့ဖျက်ဆီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဂျပန်နိူင်ငံ တိုကျိုနှင့်အိုဆာကာမြို့များတွင်ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများတွေ့ဆုံမည်


ဇန်နဝါရီ၁၅ရက်


ဇန်နဝါရီ၁၅ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်ကိုယ်စားလှယ်ရုံးက အခုလို အသိပေးဆိုထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ ၊လူသားချင်းစာနာထောက်ထားရေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဂျပန်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသွားနိုင်ရန်အတွက် တိုကျိုမြို့နှင့် အိုဆာကာမြို့များတွင် အစီအစဉ်အတိုင်း လူထုတွေ့ဆုံပွဲများ ကျင်းပ သွားမှာဖြစ်တယ်လို့ဆိုပါတယ်။


တိုကျိုတွင်ဇန်နဝါရီလ၊၂၁ ရက် (တနင်္ဂနွေနေ့) ညနေ :၃၀ မှ :၀၀ နာရီ အထိတွေ့ဆုံပွဲ ကျင်းပမှာဖြစ်ပြီး အိုဆာကာတွင် ဇန်နဝါရီလ၊၂၈ရက် (တနင်္ဂနွေနေ့)နေ့လယ် :၃၀ မှ :၃၀ နာရီ အထိ ကျင်းပမှာဖြစ်ပါတယ်။


========================


📌📌 ၂။ ဂျာမဏီနိုင်ငံ ဖရန့်ဖေါ့လူငယ်ဘောလုံးအသင်းကဦးဆောင်တဲ့ တော်လှန်ရေးရန်ပုံငွေဖလား ဘောလုံးပွဲနဲ့စျေးရောင်းပွဲသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးတက်ရောက်


ဇန်နဝါရီ၁၅ရက် 


ဂျာမဏီနိုင်ငံ ဖရန့်ဖေါ့လူငယ်ဘောလုံးအသင်းကဦးဆောင်ပြီး တော်လှန်ရေးရန်ပုံငွေဖလား ဘောလုံးပွဲနဲ့စျေးရောင်းပွဲကို ဇန္နဝါရီ ၁၄ရက် နေ့ မနက် ၁၀ နာရီမှ နာရီထိ ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


ဘောလုံးပွဲမှာ နယ်သာလန်နိုင်ငံကတစ်သင်း၊ ဘာယန်မြူးနစ်ကနှစ်သင်း၊ ကိုလုံးမြို့ကနှစ်သင်း၊ ဖရန့်ဖေါ့ကနှစ်သင်းနဲ့ မြန်မာအများစုလုပ်ကိုင်နေကြတဲ့ EatHappy Sushi Company ဘွန်းမြို့ကတစ်သင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဧည့်သည် နယ်သာလန်နိုင်ငံက ပန်နတီအဆုံးအဖြတ်နဲ့ EatHappy အသင်းကိုအနိုင်ရဗိုလ်စွဲသွားခဲ့ပါတယ်။


လာရောက်အားပေးသူ၂၅၀ ခန့်ရှိခဲ့ကြပြီး အစားအသောက်တွေကို ဖရန့်ဖော့မြို့ အိမ်ရှင်မများအဖွဲ့ကချက်ပြုတ်ရောင်းချခဲ့ကြပါတယ်။


အခမ်းအနားကို  အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးနှင့်ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး တက်ရောက်ဖွင့်လှစ်ပေးခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပင်လည်ဘူးမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကြည့်ရှုစစ်ဆေးပြီး၊ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ စစ်တပ်ထုတ်ကုန်များအားသိမ်းဆည်းဖျက်ဆီး


ဇန်နဝါရီ ၁၅ ရက်


စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်၌ ခရိုင်ပြည်သူအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် မှ ဇန်နဝါရီ၁၄ရက်နေ့တွင်  ပင်လည်ဘူးမြို့နယ်အတွင်း ဒေသဖွံဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်မှ လိုအပ်ချက်များကို ပြောကြားဆောင်ရွက်ခဲ့ပါတယ်။


ထို့နောက် ပင်လည်ဘူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ မြို့နယ်စည်ပင်သာယာရေး တာဝန်ခံနှင့် မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှ မော်တော်ယာဉ်များအား စစ်ဆေးဆောင်ရွက်နေစဉ်စစ်ဆေးဆောင်ရွက်နေစဉ် စစ်တပ်ထုတ်ကုန် အဖျော်ယမကာများဖြစ်သည့် တားမြစ်ကုန်ပစ္စည်းတွင်ပါဝင်သော ANDAMAN GOLD BEER (၃၇)ဖာ အား စစ်ဆေးတွေ့ရှိရပြီး သိမ်းဆည်း၍ ၎င်း Beer များအား အများပြည်သူများရှေ့တွင် ဖျက်ဆီးကာ သတိပေးမှုများကို ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။


ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်အသုံးစရိတ်အတွက် အထောက်အပံ့ပြုသော စစ်တပ်၊ စစ်ခေါင်းဆောင်နှင့်မိသားစုများ၊ ၎င်းတို့နှင့်အကျိုးစီးပွားပတ်သက်ဆက်နွယ် သူများပိုင်ဆိုင်သော ထုတ်ကုန်ပစ္စည်းများကို ရောင်းဝယ် ဖောက်ကားခြင်းများမပြုလုပ်ဘဲ လုံးဝ(လုံးဝ)မသုံးစွဲကြရန်နှင့် စစ်အာဏာရှင်ကို အမြစ်ပြတ်ရေး ပြည်သူတစ်ရပ်လုံးမှ ဘက်ပေါင်းစုံ၊ နည်းနာစုံ

ဖြင့် ဆန့်ကျင်တွန်းလှန်ကြရန်အသိပေးနှိုးဆော်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ပလက်ဝမြို့နယ်တခုလုံး စစ်တပ်ကင်းစင်နယ်မြေဖြစ်ခဲ့ပြီဟု AA ကြေညာ၊ တင့်ကားနှင့်လက်နက်ကြီးများ သိမ်းဆည်းရရှိ


ချင်းပြည်နယ် ပလက်ဝမြို့နယ်တခုလုံး အကြမ်းဖက်စစ်တပ် ကင်းစင်တဲ့နယ်မြေဖြစ်ခဲ့ပြီလို့ ရခိုင့်တပ်တော် AA က ကြေညာလိုက်ပါတယ်။


ပလက်ဝမြို့နယ်တခုလုံးမှာရှိတဲ့ စစ်ကောင်စီစတပ်ခန်းအားလုံးကို ဇန်နဝါရီလ ၁၄ ရက်နေ့မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တာကြောင့် အခုလို ကြေညာလိုက်တာဖြစ်ပါတယ်။


ပလက်ဝဒေသတွင်း စစ်ဆင်ရေးကို ၂ဝ၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကစတင်ခဲ့တာဖြစ်ပါတယ်။  


စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီစခန်းတွေဖြစ်တဲ့ စခန်း ၁၊ ၂၊၃၊၄၊၅၊၆ အစရှိတဲ့ စခန်းတွေကို ခက်ခက်ခဲခဲ တိုက်ခိုက်သိမ်းယူခဲ့ရတာဖြစ်တယ်လို့ AA က ဆိုပါတယ်။


ပလက်ဝမြို့ပတ်ဝန်းကျင်မှာရှိတဲ့ ခလရ ၂၈၉ တပ်ရင်းဌာနချုပ်၊ စကခ -၁၉ ရှေ့တန်းတပ်မဌာနချုပ်နဲ့ တပ်မ ၁၁ လက်အောက်ခံတပ်ရင်းတွေဟာ ပလက်ဝမြို့ကို ဗဟိုပြုပြီး အရှေ့ အနောက် တောင် မြောက် တပ်ဖြန့် ထားတာဖြစ်တယ်လို့ သိရပါတယ်။ 


ခလရ ၂၈၉ တပ်ရင်းဌာနချုပ်ဟာ ပလက်ဝဒေသတခုလုံးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးကွပ်ကဲနေတဲ့ အဓိကတပ်မဌာနချုပ်တခုဖြစ်ပြီး တပ်မမှူးများ ပူးတွဲကြီးကြပ်ကွပ်ကဲ နေတဲ့ စစ်ဗျူဟာကုန်းကြီးဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။ 


ခလရ ၂၈၉ တပ်ရင်းဌာနချုပ်ဟာ ပလက်ဝဒေသမှာ နောက်ဆုံးကျန်နေတဲ့ စခန်းကြီးတခုဖြစ်ပြီး ပလက်ဝ ဒေသတခုလုံးကို စီမံခန့်ခွဲညွှန်ကြားနေတဲ့ ဌာနချုပ်စခန်းဖြစ်တဲ့အပြင် အိန္ဒိ-ဘင်္ဂလားဒေ့ရှ်- မြန်မာ(ပလက်ဝ) နိုင်ငံနယ်စပ်မှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို ထောက်ပို့နေတဲ့ ထောက်ပို့ဗျူဟာကုန်းလည်း ဖြစ်တယ်လို့ သိရပါတယ်။ 


ပလက်ဝဒေသအတွင်း စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် နှမဒါဗျူဟာနဲ့ ခန်ခတောင်ဗျူဟာ စခန်း ၂ခုထဲမှ ခန်ခတောင်ဗျူဟာစခန်းကို ဇန်နဝါရီလ ၁၃ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီး လက်ဝဒေသ အတွင်း တခုတည်းသာကျန်ရှိနေတဲ့ နှမဒါဗျူဟာစခန်းကိုလည်း ဇန်နဝါရီ ၁၄ ရက်နေ့ မွန်းလွဲ နာရီမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာကြောင့် ပလက်ဝဒေသတခုလုံး စစ်ကောင်စီလုံးဝကင်းစင်သောဒေသ ဖြစ်လာ ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ 



အဆိုပါတိုက်ပွဲတွေမှာ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ တယောက်ချင်း ဒါမှမဟုတ် အုပ်စုငယ်တွေရှိနေပြီး လက်နက်မဲ့ သို့မဟုတ် လက်နက်နဲ့အတူရှိနေတာကြောင့် ပလက်ဝ ဒေသခံပြည်သူလူထုအနေနဲ့ အထူးသတိထားသွားလာကြဖို့လည်း သတိပေးထားပါတယ်။


တစ်ဆက်တည်းမှာပဲ ဇန်နဝါရီ၁၅ရက်မှာ ရက္ခိုင့် တပ်တော်AAမှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိူင်က ၎င်း၏ Twitterစာမျက်နှာမှာ

အကြမ်းဖက်စစ်တပ်မှ တပ်သားများ 

"မသေ၊မနာချင်ရင်စောစောစီးစီးအလံဖြူထောင်၊ထွက်ပြေးချင်တယ်လမ်းဖွင့်ပေးပါ ဘာညာခွင့်တောင်းပေါ့။ခြံစည်းရိုး၃ထပ်လုံးပေါက် ကတုပ်ကျင်းထဲမှာဂေါင်းပေါ်-ပြောင်းတည့်ထားပြီးမှလမ်းဖွင့်ပေးပါတော့မလုပ်နဲ့ အာ့ဒါကို အရှင်ဖမ်းမိတာလို့သတ်မှတ်တယ်"လို့ဆိုထားပါတယ်။


လက်ရှိမှာ ပလက်ဝဒေသတစ်ခုလုံးရှိ စစ်ကောင်စီတပ်စခန်းများ တစ်ခုမကျန်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တစ်ယောက်မှမရှိရလေ အောင် ရက္ခိုင့် တပ်တော်AAမှထိုးစစ်ဆင်တိုက်ခိုက်ပြီးသည့်နောက် ပလက်ဝဒေသကို ထိန်းချုပ်လိုက်ပြီဖြစ်ပါတယ်။


========================


🚩🚩 ၂။ မုန်းမြို့တိုက်ပွဲတွင် ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို နိုင်ငံတကာဥပဒေနှင့်အညီ စောင့်ရှောက်ထားဟု KNU အသိပေး


ညောင်လေးပင်ခရိုင် မုန်းမြို့တိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေကို နိုင်ငံတကာဥပဒေနဲ့အညီ ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဇန်နဝါရီ ၁၅ မှာ အသိပေးထုတ်ပြန်ထားပါတယ်။ 


ညောင်လေးပင်ခရိုင်မှာရှိတဲ့ KNU တပ်မဟာ နယ်မြေ မုန်းမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်း ဌာနချုပ်နဲ့ တပ်စခန်းတွေကို ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းမှာ KNU ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင် ၁၉ ဦး လက်နက်ချအညံ့ခံခဲ့တာနဲ့ပတ်သက်လို့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ 


တိုက်ပွဲဖြစ်နေစဉ်မှာလည်း တပ်ဝင်းအတွင်းမှာရှိနေတဲ့ ပ်မိသားစုဝင် ၄၂ ဦးကို စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ကူများကြားကနေ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပြီး စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ပြောပါတယ်။ 


လက်ရှိအချိန်မှာ လက်နက်ချအညံ့ခံခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ၎င်းတို့ရဲ့မိသားစုတွေကို အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ အခွင့်အရေးများအတိုင်း လူသားတဦးမှာရှိရမယ့် ဂုဏ်သိက္ခာနဲ့ အညီ ရှင်သန်ရပ်တည်နိုင်အောင် ကူညီစောင့်ရှောက်ပေးထားတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။ 


အာဏာသိမ်းစစ်ကောင်စီဟာ အဖက်ဖက်က ဆုတ်ယုတ်လာတာနဲ့အမျှ ၎င်းတို့အာဏာတည်မြဲရေးအတွက် ဝါဒဖြန့်ချီရေးယာန္တယားကိုသုံးပြီး ဘာသာရေးမှိုင်း၊ လူမျိုးရေးမှိုင်းနဲ့ သတင်းအမှားတွေသုံးကာ တော်လှန်ရေးအဖွဲအစည်းများအပေါ်  ပြည်သူလူထုက အထင်အမြင်လွဲမှားအောင်လုပ်ဆောင်နေတာတွေ ရှိနေတယ်လို့လည်း အသိပေးထားပါတယ်။


========================


🚩🚩 ၃။ စစ်ကိုင်းမြို့နယ် ပေါက္ကား ရွာသား ၂ဦးကို စစ်တပ်က သတ်ဖြတ်ပြီး နေအိမ် ၆ဝ ကျော် မီးရှို့ဖျက်ဆီး 


စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းကျေးရွာမှာ အထိုင်ချနေတဲ့ အကြမ်းဖက်စစကောင်စီတပ်ဖွဲ့ဟာ ဇန်နဝါရီလ ၁၃ ရက်နေ့က ပေါက္ကားရွာကို ပစ်ခတ်ဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။ 


မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်အလုံး ၆ဝ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပြီး ထွက်မပြေးနိုင်တာကြောင့် အိမ်မှာ ကျန်နေခဲ့တဲ့ အဘွားအိုတဦး မီးလောင်ဆေသုံးခဲ့ရတယ်လို့ Sagaing District Medical Team က ပြောပါ တယ်။ 


ထို့အပြင် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတဲ့ အမျိုးသားတဦးကိုလည်း သတ်ဖြတ်သွားတဲ့အပြင် စစ်တပ်က ပစ်ခတ်မှုကြောင့် အမျိုးသမီးတဦးလည်း လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ အသိပေးထား ပါတယ်။ 


ပေါက္ကားရွာကိုမီးရှို့ဖျက်ဆီးပြီး ညောင်ပင်ဝန်းရဲစခန်းကိုပြန်လာတဲ့ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုကို ဆက်လက်စုံစမ်းနေတယ်လို့ Black Eagle Defence Force-MMU တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှစစ်ကြောင်းမှူးဗိုလ်အယ်စေးဝါးနှင့် S.O.F(အထူးစစ်ဆင်ရေးတပ်ဖွဲ့)မှ တပ်မှူးကိုအောင်စံရှားတို့မြေပြင်တွင် စစ်ရေးအရပူးပေါင်းဆောင်ရွက်မည်


ဇန်နဝါရီ၁၅ရက်


"Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှစစ်ကြောင်းမှူးဗိုလ်အယ်စေးဝါးနှင့် S.O.F(အထူးစစ်ဆင်ရေးတပ်ဖွဲ့)မှ တပ်မှူးကိုအောင်စံရှားတို့မြေပြင်တွင် ပူးပေါင်းလုပ်ဆောင်သွားမည့်ကိစ္စရပ်များနှင့် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဇန်နဝါရီ၁၅ရက်မှာ Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ အသိပေးဖော်ပြပါတယ်။


နွေဦးတော်လှန်ရေးတိုက်ပွဲများတွင်  ဗိုလ်အယ်စေးဝါးဦးဆောင်သော Lion Battalion Commando-ဗျူဟာစစ်ကြောင်းဟာ စကစတပ်များကို အထိနာကျရှုံးမှုများဖြစ်ပေါ်စေခဲ့ပါတယ်။


========================


🚩🚩 ၅။ ကလေးတက္ကသိုလ်တွင် လုံခြုံရေးတာဝန်ယူနေသည့် ရဲတပ်ဖွဲ့ဝင် ဦးကို ဖမ်းဆီးရမိ


စစ်ကိုင်းတိုင်း ကလေးမြို့မှာရှိတဲ့ ကလေးတက္ကသိုလ်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ဦး ကင်းထောက်ထွက်လာချိန်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 


အဆိုပါရဲတပ်သား ဦးဟာ ဇန်နဝါရီလ ၁၄ ရက်နေ့က အရပ်ဝတ်တွေနဲ့ ကင်းထောက်ဖို့ ကလေးတက္ကသိုလ် ကနေ ထွက်လာချိန်မှာ မြို့ပြပြောက်ကျား (UG Kalay) အဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေကို ဖော်ပြနေတဲ့ Zelan မှာ ဖော်ပြထားပါတယ်။


လက်ရှိမှာ ဖမ်းဆီးရမိတဲ့ ရဲတပ်ဖွဲ့ဝင် ဦးကို သက်ဆိုင်ရာစစ်ဒေသလက်အောက်သို့ အပ်နှံထားပြီး လုံခြုံရေး အခြေအနေအရ ကိုယ်ရေးအချက်အလက်တွေကိုတော့ ဖော်ပြလို့မရသေးဘူးလို့ မြို့ပြပြောက်ကျား (UG Kalay) အဖွဲ့ဝင် တဦးက ပြောထားပါတယ်။ 


စစ်ကောင်စီတပ်ဖွဲ့ဟာ ၂ဝ၂၁ ခုနှစ်ကစပြီး ကလေးတက္ကသိုလ်ကို အပိုင်စီးတပ်စွဲကာ ချင်းတောင်ဒေသနဲ့ ကလေးမြို့အနီးတဝိုက်ကို တက္ကသိုလ်ဝင်းအတွင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ လုပ်ဆောင်လေ့ ရှိတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။


========================


🚩🚩 ၆။ ဝန်းသိုမြို့နယ်မှ ခမရ ၁၂၀၊၁၁၁တပ်များမှ ဝန်းသိုမြို့မြိုင်ဇေယျာ ကျေးရွားအားမီးရှို့ဖျက်ဆီး


ဇန်နဝါရီ၁၅ရက်

 

"ဇန်နဝါရီ၁၅ရက် မနက်ပိုင်းဝန်းသိုမြို့နယ်မှ ခမရ ၁၂၀၊၁၁၁တပ်များမှ ဝန်းသိုမြို့မြိုင်ဇေယျာ ကျေးရွားအားမီးရှို့ဖျက်ဆီးခဲ့တယ်"လို့ ဇန်နဝါရီ၁၅ရက် မှာ ဖြစ်စဥ်အား ကောလင်းKR Teamကအတည်ပြုဆိုပါတယ်။


အကြမ်းဖက်စစ်တပ်ဟာ အရပ်သားများ နေထိုင်သည့် ရပ်ကွက်နှင့် ကျေးရွာများကိုပါ မီးရှို့ဖျက်ဆီးမှုကြောင့် တနိုင်ငံလုံးတွင် ပုဂ္ဂလိကပိုင် နေအိမ်အလုံးပေါင်း ၉၀,၀၀၀ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီးဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့် ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment