အကြမ်းဖက်စစ်ကောင်စီက ပြည်တွင်းဆန်စျေးကွက်ကို ထိန်းချုပ်မှု တိုးမြင့် မကြေးမုံ၊ Radio NUG, Jan 13th 2024


အကြမ်းဖက်စစ်တပ်ရဲ့သိုလှောင်ရုံကြီးတွေအပါအဝင် လက်လီဆန်သိုလှောင်လုပ်ငန်းတွေကိုပါ အတင်းကြပ်စစ်ဆေးမှုတွေ ပြုလုပ်လာပါတယ်။ 

ပြီးခဲ့တဲ့ဇွန်လ ၂၆ရက်နေ့ကစပြီး ဆန်တန်ချိန် ၅၀နဲ့ စပါးတင်း ငါးထောင်နဲ့အထက် သိုလှောင်ပါက စာရင်းပေးပို့သွားဖို့ ဆန်စပါးအသင်းချုပ်ကစတင်ကြေငြာခဲ့ပြီးတဲ့နောက် အခုအခါမှာ စူပါမားကက်အရောင်းစင်တာများပါမကျန် ဆိုင်တင်ရောင်းချထားတဲ့ ပြည်တွင်းသုံး ကီလိုဆန်အထုတ်ငယ်တွေကိုပါ သိုလှောင်စာရင်းပေးပို့သွားဖို့ ဒီကနေ့ ဇန်နဝါရီလ ၁၂ရက်နေ့ ရက်စွဲနဲ့ ဆန်စပါးအသင်း ချုပ်က ထုတ်ပြန်လာတာဖြစ်ပါတယ်။ 

ဆန်စပါးအသင်းချုပ်အနေနဲ့ စပါးပေါ်ချိန်မှာ ဆန်ဈေး၊ စပါးဈေးတွေကို ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူခွင့်မပြုဘဲ၊ ကန့်သတ်ထားတဲ့နှုန်းထားတွေကို ထုတ်ပြန်ပြီး အဲ့ဒီထုတ်ပြန်ချက်အတိုင်း ဝယ်ယူကြဖို့ ကုန်သည်တွေကို တိုက်တွန်းတာအပြင် အခုလိုသိုလှောင်မှုစာရင်းဇယားတွေကိုလည်း လက်လီဆိုင်များပါမကျန် ကောက်ယူလာပြီး ဆန်စပါးလုပ်ငန်းတစ်ခုလုံးကို ထိန်းချုပ်လာတာပဲ ဖြစ်ပါတယ်။ 

အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်တွေကြောင့် တစ်ပြည်လုံးစပါးစိုက်ဧက ၁၇သန်းပြည့်မှီဖို့ မလွယ်ကူတော့တဲ့အခြေနေမှာ ဓာတ်မြေဩဇာကစ သွင်းအားစုတွေဈေးကြီးလို့ မိုးစပါး တစ်ဧကကို တင်းတစ်ရာထွက်ရှိရမယ့် ရည်မှန်းချက်ကိုလည်း စစ်ကောင်စီက လက်လျော့ထားရပါတယ်။ ဒါကြောင့် ပြည်တွင်းဝမ်းစာဖူလုံဖို့ထက် နိုင်ငံခြားငွေလိုအပ်ချက်ကြောင့် ကောက်ပဲသီးနှံတင်ပို့မှုက ရရှိလာမယ့် နိုင်ငံခြားငွေကို အရေးတကြီးလိုအပ်လာတဲ့ အ ကြမ်းဖက်စစ်တပ်ဟာ ဆန်စပါးကို လွတ်လပ်စွာသိုလှောင်ခွင့်မပေးပဲ လက်လီဆိုင် သိုလှောင်ပမာဏတွေကိုပါ တင်းကြပ်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း  ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မန္တလေး၊ နေပြည်တော်နဲ့ ရခိုင်ပြည် နယ်တို့မှ ဆန်စပါးသိုလှောင်ရုံပေါင်း ၁၇၄ လုံးတို့က သိုလှောင်မှုမှတ်တမ်းများကို ပေးပို့ထားပြီး ရန်ကုန်တိုင်းဒေသကြီးမှ စုစုပေါင်းဂိုဒေါင်အလုံးရေ ၈၇လုံးဖြင့် အများဆုံးမှတ်ပုံ တင်ထားတယ်လို့ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားပါတယ်။



Share:

No comments:

Post a Comment