15th JAN 2024 - Morning Daily News by Radio NUG


၂၀၂၄ ဇန်နဝါရီလ ၁၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ အကြံပေးအဖွဲ့ ဖွဲ့စည်းမှုအခြေအနေအား ထုတ်ပြန်

📌 ၂။ အကြမ်းဖက်စစ်တပ်ဆီက သိမ်းဆည်းရမိတဲ့ ဟောင်ဝစ်ဇာလိုအမြှောက်များနဲ့ စစ်ဆင်ရေးမှာ ပြန်လည်အသုံးပြုလာနိုင်

📌 ၃။ မင်းလှမြို့နယ်အတွင်း ပြည်သူ့စစ်များဖွဲ့စည်းနိုင်ရန် ကူညီပေးသူများကို ထိရောက်စွာ အရေးယူမည်ဟု ပကဖ သတိပေး

📌 ၄။ငါတို့ရဲ့ ယုံကြည်မှုကို မီးရှို့ဖျက်ဆီးလို့မရ" ဘန်နာကိုင်စွဲကာ လောင်းလုံးမြို့နယ်ထဲ လူထုသပိတ်လှုပ်ရှား


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အုတ်ဖိုမြို့နယ်တွင် ပြည်သူ့စစ်သင်တန်းတက်ရန် လူစုနေသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ပြီး ပြည်သူ ၃ဝ ကျော်ကို ကယ်ထုတ်

🚩 ၂။ မိုးကုတ်နှင့် လားရှိုးရှိ စစ်ကောင်စီတပ်များက လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ဟု TNLA ထုတ်ပြန်

🚩 ၃။ မိုးမိတ်မြို့နယ်အတွင်းရှိ စကစတပ်များရှိနေရာ ရေအားလျှပ်စစ်ခွဲရုံးအား ကာကွယ်ရေးတပ်နှင့် ပူးပေါင်းတပ်များဝင်ရောက်တိုက်ခိုက်ရာ စကစဘက်ကခုနစ်ဦးသေဆုံး

🚩 ၄။ ပခုက္ကူခရိုင်ရဲစခန်းနှင့်ချည်မျှင်ဂိတ်ကို Drone နှင့် Fix Wings များ အသုံးပြု၍တိုက်ခိုက်

🚩 ၅။ စစ်ကိုင်းမြို့နယ် ပေါက္ကားကျေးရွာကို စကစတပ်များဝင်ရောက်သောင်းကျန်းကာ လူနေအိမ်များကို မီးရှို့ဖျက်ဆီး

🚩 ၆။ ပခုက္ကူမြို့နယ် ပကဖတပ်ခွဲ()မှ ရဲဘော်များ မွမ်းမံသင်တန်းဆင်းပွဲ  ရဲဘော်များထံသို့ လက်နက်ပစ္စည်းများတပ်ဆင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ အကြံပေးအဖွဲ့ ဖွဲ့စည်းမှုအခြေအနေအား ထုတ်ပြန်


ဇန်နဝါရီလ၁၄ရက်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ အကြံပေးအဖွဲ့ ဖွဲ့စည်းမှုအခြေအနေအား ထုတ်ပြန်လိုက်ပါတယ်။


ဇန်နဝါရီလ ၁၄ရက်မှာ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အကြံပေးအဖွဲ့အားဖော်ပြပါတယ်။


"အကြံပေးအဖွဲ့ဝင်များ၏ စုံလင်ကွဲပြားသည့် ကျွမ်းကျင်မှုများနှင့် လူ့အခွင့်အရေးအပေါ် သန္နိဌာန် ခိုင်မာမှုများသည် ဝန်ကြီးဌာန၏ လုပ်ငန်းများကို သိသာထင်ရှားစွာ အထောက်အကူပြုနိုင်မည်ဟု လေးနက်စွာ ယုံကြည်ကြောင်း"ဆိုထားပါတယ်။


လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ အကြံပေးဘုတ်အဖွဲ့အား ပြင်ဆင်ဖွဲ့စည်းရာတွင် ဒေါ်ခင်လေး၊ ခေါ်န်နွေဦး၊ ဒေါ်မေပုလဲသွယ်၊ ဒေါ်ဟေမာန်၊ ဂျာဗဲဒ်အာလောမ် တို့ပါဝင်ပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်တပ်ဆီက သိမ်းဆည်းရမိတဲ့ ဟောင်ဝစ်ဇာလိုအမြှောက်များနဲ့ စစ်ဆင်ရေးမှာ ပြန်လည်အသုံးပြုလာနိုင်


ဇန်နဝါရီလ ၁၄ရက်။

အကြမ်းဖက်စစ်တပ်ဆီက သိမ်းဆည်းရမိတဲ့ ဟောင်ဝစ်ဇာလိုအမြှောက်များနဲ့ စစ်ဆင်ရေးမှာ ပြန်လည်အသုံးပြုလာနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောပါတယ်။


ဇန်နဝါရီလအတွင်း "နွေဦးမှန်ကူကွက်များ" အစီအစဉ် အပိုင်း (၁၁)ဆွေးနွေးသုံးသပ်ချက်မှာအမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောကြားထားပါတယ်။


"သိမ်းမိတဲ့ဟောင်ဝစ်ဇာတွေနဲ့ပြန်ပစ်လို့ရလားဆိုရတာပေါ့။ အဲဒါတွေနဲ့ပြန်ပစ်လို့ရတာပေါ့။ တစ်ခုတော့ရှိတာပေါ့။ အကြမ်းဖက်စစ်တပ်ဘက်က ကျင့်သုံးသလို မကောင်းသူထိပ်ကောင်းသူထိပ်လို့ တော်လှန်ရေး အင်အားစုဘက်က ကျင့်သုံးလို့မရဘူး။ ဟောင်ဝစ်ဇာလိုအမြှောက်မျိုးက သေချာတွက်ချက်ပြီး ပစ်ရတာမျိုးပါ။ အဲဒီတော့ ဒါကိုပစ်နိုင်၊ခတ်နိုင်၊ ပြင်နိုင်၊ ဆင်နိုင်တဲ့လူကရှိပြီးသားပါ။ လုပ်ပေးမယ့် ပညာရှင်တွေလည်းအများကြီးရှိပါတယ်။ ငါးကြင်းဆီနဲ့ငါးကြင်းပြန်ကြော်မယ့်ဟာ မကြာမီလာမည်မျှော်လို့ပဲ ပြောရမှာပေါ့"လို့ဆိုပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်များဟာ မဟာမိတ်ညီနောင်များနဲ့လက်တွဲတိုက်ပွဲဝင်နေမှုများလည်းရှိနေပါတယ်။


========================


📌📌 ၃။ မင်းလှမြို့နယ်အတွင်း ပြည်သူ့စစ်များဖွဲ့စည်းနိုင်ရန် ကူညီပေးသူများကို ထိရောက်စွာ အရေးယူမည်ဟု ပကဖ သတိပေး


ဇန်နဝါရီလ ၁၄ရက်။

ပဲခူးတိုင်း သာယာဝတီခရိုင် မင်းလှမြို့နယ်အတွင်းမှာရှိတဲ့ ရပ်ကွက်ကျေးရွာတွေမှာ ပြည်သူ့စစ်များဖွဲ့စည်း နိုင်ဖို့ ကူညီပေးသူတွေကို ထိရောက်တဲ့အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ မြို့နယ်ပကဖ က ဇန်နဝါရီလ ၁၄ ရက်မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။ 


မင်းလှမြို့နယ်အတွင်း ပြည်သူ့စစ်အမည်ဖြင့် အတင်းအကြပ် လူစုပေးနေတဲ့သူတွေကို ရည်ရွယ်ပြီး မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးချက်တစောင် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။


အကြမ်းဖက်စစ်ကောင်စီဟာ ရပ်ကွက်ကျေးရွာတွေမှာ မိမိတို့ရပ်ရွာကို ကာကွယ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ပြည်သူ့စစ်အမည်တပ်ပြီး လူအင်အားစုဆောင်းနေတာလို့ ဆိုပါတယ်။


အခုလိုလူအင်အားစုဆောင်းနေတာဟာ ပြည်သူလူထုကို ကာကွယ်ဖို့မဟုတ်ဘဲ အကြမ်းဖက်စစ်ကောင်စီတပ် မှာ စစ်မှုထမ်းခိုင်းဖို့ လူစုဆောင်းတာဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ ဒါကို လက်မခံကြဖို့လည်း မြို့နယ် ပကဖ က အသိပေးထားပါတယ်။ 


ဒေသခံပြည်သူလူထုကို ဖိအားပေးပြီး စစ်ကောင်စီအတွက် လူစုပေးနေတဲ့သူတွေအနေနဲ့ မိမိတို့အသက်ကို တန်ဖိုးထားတယ်ဆိုရင် ဆက်မလုပ်ဖို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားပြီး မလိုက်နာသူတွေကို အရေးယူသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ 


ထို့အပြင် မင်းလှမြို့နယ်အပိုင် ရိုးမပေါ်ကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာတွေရှိတာကြောင့် ထိတွေ့တိုက်ပွဲတွေဖြစ်လာနိုင်တဲ့အတွက် ပြည်သူလူထုအနေနဲ့ စစ်ကောင်စီတပ်တွေအနီး သွားလာနေထိုင် တာတွေမလုပ်ဖို့လည်း အသိပေးထားပါတယ်။


========================


📌📌 ၄။ငါတို့ရဲ့ ယုံကြည်မှုကို မီးရှို့ဖျက်ဆီးလို့မရ" ဘန်နာကိုင်စွဲကာ လောင်းလုံးမြို့နယ်ထဲ လူထုသပိတ်လှုပ်ရှား


ဇန်နဝါရီလ ၁၄ ရက်

"ငါတို့ရဲ့ ယုံကြည်မှုကို မီးရှို့ဖျက်ဆီးလို့မရ" ဘန်နာကိုင်စွဲကာ လောင်းလုံးမြို့နယ်ထဲ လူထုသပိတ်လှုပ်ရှားခဲ့ပါတယ်။


ဇန်နဝါရီလ ၁၄ရက်မှာ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး 'ငါတို့ရဲ့ယုံကြည်မှုကို မီးရှို့ဖျက်ဆီးလို့မရ' ခေါင်းစဥ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု လုပ်ဆောင်ခဲ့ပါတယ်။


အဲဒီလှုပ်ရှားမှုကို  လောင်းလုံးမြို့နယ်ထဲမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒေသခံအမျိုးသမီး လူငယ်တွေအပါအဝင် ပြည်သူလူထု ပူးပေါင်းပါဝင်မှုနဲ့အတူ လုပ်ဆောင်ခဲ့ပါတယ်။


ကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ဒီဇင်ဘာလ ၂၇ ရက်နေ့ကနေ ဇန်နဝါရီလ ၁၃ ရက်နေ့အထိ ၁၈ ရက်ကြာ စစ်ကြောင်းထိုးဝင်လာပြီး လောင်းလုံးမြို့နယ်ထဲက ကျေးရွာတချို့မှာ နေအိမ် ၁၄၀ ခန့် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ အုတ်ဖိုမြို့နယ်တွင် ပြည်သူ့စစ်သင်တန်းတက်ရန် လူစုနေသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ပြီး ပြည်သူ ၃ဝ ကျော်ကို ကယ်ထုတ်


ဇန်နဝါရီလ ၁၄ရက်။

ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်မှာ ပြည်သူ့စစ်သင်တန်းတက်ဖို့ လူစုနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ကာ ဒေသခံပြည်သူ ၃ဝ ကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ Black Dragon GBK-PDF က ထုတ်ပြန်ပါတယ်။ 


အုတ်ဖိုမြို့နယ်ထဲက ဝိုင်းကျေးရွာအုပ်စုအပိုင် ကမ်းနီကျေးရွာနဲ့ဆင်တဲကုန်းကျေးရွာက ဒေသခံပြည်သူတွေ ကို ပြည်သူ့စစ်သင်တန်းတက်ဖို့ အဓမ္မလူစုနေချိန် ဇန်နဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ နာရီခန့်မှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


ကမ်းနီကျေးရွာနဲ့ ဆင်တဲကုန်းကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများက ပြည်သူ့စစ်အတွက် လူစုမပေးတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုယ်တိုင် အဓမ္မလူစုနေချိန်မှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ Black Dragon (GBK-PDF) နဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ ၊တပ်ခွဲ YOMA ((GBK-PDF) တို့က ၄ဝ မမ တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ အသိပေးထားပါတယ်။ 


အလစ်အငိုက်တိုက်ခိုက်ခံလိုက်ရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိတ်တလန့်ဖြစ်သွားတာကို အခွင့်ကောင်းယူပြီး ပြည်သူ့စစ်သင်တန်းအတွက် စုထားတဲ့ ဒေသခံပြည်သူ ၃ဝ ကျော်ကို ကယ်ထုတ်နိုင်ခဲ့ တာလို့ Black Dragon GBK-PDF အဖွဲ့က ရိုးမနဂါးက ပြောပါတယ်။ 


အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား အပြန်အလှန်ပစ်ခတ် မှု အချိန် နာရီခန့်ရှိခဲ့တယ်လို့လည်း သိရပါတယ်။ 


အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေကို အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရဲဘော်တဦး လက်ဖျံမှာ ဒဏ်ရာရခဲ့တယ်လို့ Black Dragon (GBK-PDF) က ထုတ်ပြန်ထားပါတယ်။ 


========================


🚩🚩 ၂။ မိုးကုတ်နှင့် လားရှိုးရှိ စစ်ကောင်စီတပ်များက လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ဟု TNLA ထုတ်ပြန်


ဇန်နဝါရီလ ၁၄ရက်။

မန္တလေးတိုင်း မိုးကုတ်နဲ့ ရှမ်းမြောက်ဒေသ လားရှိုးမှာရှိတဲ့ စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ တအာင်းတပ်မတော် (TNLA) က ဇန်နဝါရီလ ၁၄ ရက်ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။


ဇန်နဝါရီ ၁၁ရက်နေ့က တအာင်း၊ ကိုးကန့်၊ ရခိုင်တပ်တွေနဲ့ စစ်ကောင်စီတို့ ရှမ်းမြောက်ဒေသမှာ အပစ်ရပ်စဲခဲ့ ပေမယ့် စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေ တာနဲ့ပတ်သက်ပြီး ထပ်မံအသိပေးလိုက်တာဖြစ်ပါတယ်။   


TNLA တပ်မဟာ - စစ်ဒေသ မိုးကုတ်မြို့နယ် ဖြူရောင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၄ ရက်နေ့မနက်ပိုင်းမှာ အထက်ညောင်ကုန်းနဲ့ ကုန်စံကျေးရွာကြားကို လက်နက်ကြီးနဲ့ တကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


ထို့ပြင် TNLA တပ်မဟာ - စစ်ဒေသ လားရှိုးမြို့နယ် စစ်ကောင်စီတပ်ကလည်း  တအာင်းတပ်မတော် TNLA တည်ရှိရာ နာကွန့်ကျေးရွာအနီးတဝိုက်ကို လက်နက်ကြီးနဲ့ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


အလားတူ TNLA တပ်မဟာ - စစ်ဒေသဖြစ်တဲ့ မူဆယ်မြို့မှာလည်း စစ်ကောင်စီတပ်က ထောက်ပို့ယာဥ်နဲ့ တကြိမ် စစ်ကူလူအင်အားနဲ့ လက်နက်ခဲယမ်းတွေ ထပ်မံလာရောက်ဖြည့်တင်းထားတယ်လို့ အသိပေးထားပါတယ်။


========================


🚩🚩 ၃။ မိုးမိတ်မြို့နယ်အတွင်းရှိ စကစတပ်များရှိနေရာ ရေအားလျှပ်စစ်ခွဲရုံးအား ကာကွယ်ရေးတပ်နှင့် ပူးပေါင်းတပ်များဝင်ရောက်တိုက်ခိုက်ရာ စကစဘက်ကခုနစ်ဦးသေဆုံး


ဇန်နဝါရီလ ၁၄ရက်။

မိုးမိတ်မြို့နယ်အတွင်းရှိ စကစတပ်များရှိနေရာ ရေအားလျှပ်စစ်ခွဲရုံးအား ကာကွယ်ရေးတပ်နှင့်ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ရာ စကစဘက်က ခုနစ်ဦးသေဆုံးခဲ့တယ်လို့ ဇန်နဝါရီလ ၁၄ရက်မှာ မိုးမိတ် KPDFကအတည်ပြုဆိုပါတယ်။


"ကချင်လွတ်မြောက်ရေးတပ်မတော် (K.I.A) အမှတ် (34) တပ်ရင်း၊ မဟာမိတ် ရှမ်းမြောက် (A.B.S.D.F) ကျောင်းသားတပ်မတော်၊ မဟာမိတ် အမှတ်(34) K - PDF တပ်ရင်း ပူးပေါင်းတပ်ဖွဲ့မှ ဇန်နဝါရီလ ၁၁ရက် မိုးမိတ်မြို့နယ် အုန်းချောရွာသစ် ရေအားလျှပ်စစ်ခွဲရုံးအား စတင်တိုက်ခိုက်ခဲ့ပြီး ၉နာရီ၂၀အချိန် သိမ်းပိုက်ရရှိခဲ့တယ်"လို့ဆိုပါတယ်။


စစ်ကောင်စီတပ်စခန်းအား ၀င်ရောက် စီးနင်းတိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီဘက်မှ ခုနစ်ဦးသေဆုံးကာ ခုနစ်ဦးဒဏ်ရာရ၊ ငါးဦးထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်။


========================


🚩🚩 ၄။ ပခုက္ကူခရိုင်ရဲစခန်းနှင့်ချည်မျှင်ဂိတ်ကို Drone နှင့် Fix Wings များ အသုံးပြု၍တိုက်ခိုက်


ဇန်နဝါရီလ ၁၄ရက်။

ပခုက္ကူခရိုင်ရဲစခန်းနှင့်ချည်မျှင်ဂိတ်ကို Drone နှင့် Fix Wings များ အသုံးပြု၍တိုက်ခိုက်ခဲ့တယ်လို့ ဇန်နဝါရီလ ၁၄ရက်မှာ Pakokku Special Guerrilla Force ကအတည်ပြုပါတယ်။


ဇန်နဝါရီ၁၁ရက်နှင့် ၁၃ရက်တို့တွင် ပခုက္ကူခရိုင်ရဲစခန်းနှင့် ပခုက္ကူအရှေ့ဘက်ခြမ်းရှိ စကစများအထိုင်ချ သောင်းကျန်းနေတဲ့ ချည်မျှင်ဂိတ်တို့ကိုDrone နှင့် Fix Wings များ အသုံးပြု၍ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


တိုက်ခိုက်မှုတွင် ဗုံးသီးများဟာ စကစများ၏ ဘန်ကာများ လိုင်းခန်းအဆောင်များပေါ်သို့ တည့်တည့်ကျ၍ စကစနှင့်ပျူများအထိအခိုက်ရှိခဲ့တယ်လို့သိရပါတယ်။


စစ်ဆင်ရေးကို ပခုက္ကူမြို့နယ်ပကဖ တပ်ခွဲ-၁၊ Pakokku Special Guerrilla Force-PSGF (ပကဖ) Pakokku - Special Task Force (ပကဖ)နှင့် မဟာမိတ်တပ်ဖွဲ့များဖြစ်သော မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့-MRG ပခုက္ကူခရိုင်တပ်ရင်း - ၃၊ ပခုက္ကူခရိုင်တပ်ရင်း - ၁၀၊ ပခုက္ကူခရိုင်တပ်ရင်း - ၁၄၊ ညီနောင်သုံးဖော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Bagan - Nyaung U Special Task Force Kingsman UG Force တို့ပါဝင်ခဲ့ပါတယ်။


========================


🚩🚩 ၅။ စစ်ကိုင်းမြို့နယ် ပေါက္ကားကျေးရွာကို စကစတပ်များဝင်ရောက်သောင်းကျန်းကာ လူနေအိမ်များကို မီးရှို့ဖျက်ဆီး


ဇန်နဝါရီလ ၁၄ရက်။

ဇန်နဝါရီလ ၁၃ရက်မှာ စစ်ကိုင်းSDMTကမြေပြင်အခြေအနေကိုအသိပေးဆိုပါတယ်။


"ဇန်နဝါရီ၁၃ရက် စစ်ကိုင်းမြို့နယ် ပေါက္ကားကျေးရွာသို့ စကစများပစ်ခတ်ဝင်ရောက်လာမှုကြောင့် အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့ပြီးပြည်သူ့နေအိမ်များကို မီးရှို့မှုကြောင့်နေအိမ်၆၀ ကျော် မီးလောင်ဆုံးရှုံး ခဲ့ရာမပြေးနိုင်၍ နေအိမ်အတွင်းကျန်ခဲ့သော အဖွားတစ်ဦး မီးလောင်သေဆုံးခဲ့တယ်"လို့ဆိုပါတယ်။


ထို့အပြင်ဓားစာခံအဖြစ် ဖမ်းဆီးခံရသော အမျိုးသားတစ်ဦးကိုလည်း သတ်ဖြတ်သွားကြောင်းသိရပါတယ်။


========================


🚩🚩 ၆။ ပခုက္ကူမြို့နယ် ပကဖတပ်ခွဲ()မှ ရဲဘော်များ မွမ်းမံသင်တန်းဆင်းပွဲ  ရဲဘော်များထံသို့ လက်နက်ပစ္စည်းများတပ်ဆင်


ဇန်နဝါရီလ ၁၄ရက်

ပခုက္ကူမြို့နယ် ပကဖတပ်ခွဲ()မှ ရဲဘော်များ မွမ်းမံသင်တန်းဆင်းပွဲ  ရဲဘော်များထံသို့ လက်နက်ပစ္စည်းများတပ်ဆင်ခဲ့တယ်လို့ ဇန်နဝါရီလ ၁၄ရက်မှာ Young Force - UGကတရားဝင်အသိပေးဆိုပါတယ်။


"ဇန်နဝါရီလ ၁၃ရက်နေ့တွင် ပခုက္ကူမြို့နယ် ပကဖတပ်ခွဲ()မှ ရဲဘော်များ မွမ်းမံသင်တန်းဆင်းပုံရိပ်များဖြစ်ပါတယ်။ Local များအဖြစ်မှ Mod လမ်းညွှန်မှုအောက်ကို ပြောင်းလဲတာဝန်ထမ်းဆောင်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ယခုအချိန်မှ ပြည်သူလူထုထံသို့ ချပြခြင်းဖြစ်တယ်"လို့ဆိုပါတယ်။


တပ်ခွဲ()တွင် တပ်ဖွဲ့ပေါင်း ()ဖွဲ့အထိပါဝင်ပြီး သင်တန်းဆင်းပွဲတွင် ရဲဘော်များထံသို့ စစ်လက်နက်ပစ္စည်းများကို တရားဝင်လွှဲပြောင်း ပေးအပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment