17th JAN 2024 - Evening Daily News by Radio NUG


၂၀၂၄ ဇန်နဝါရီလ ၁၇ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နမ့်ခမ်းမြို့တွင် တအာင်းအနုပညာအကယ်ဒမီကျောင်းဖွင့်

📌 ၂။ ၂၀၂၄ နှစ်စ ၁၆ ရက်တာအတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၇၀ ကျော် သေဆုံး


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ခန္တီးဒေသ နှစ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်း သေဆုံးကြောင်းထုတ်ပြန်

🚩 ၂။ မတ္တရာမြိုနယ်ရှိ သဖန်းဒေါင့်ရွာကို စစ်ကောင်စီတပ် မီးရှိဖျက်ဆီး

🚩 ၃။ စစ်တပ်က ရှမ်းမြောက်ဒေသကို ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး စစ်ရေးလှုပ်ရှားမှုမရှိသည့် ကိုးကန့်ဒေသတွင် တိုက်ပွဲဖြစ် 

🚩 ၄။ သိုင်းငင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သော ချင်းတော်လှန်ရေးတပ်ဖွဲ့ကို ဒေသခံများ ကြိုဆို

🚩 ၅။ ဟုမ္မလင်းမြို့နယ်ရှိ ကျေးရွာအများအပြားမှာ SNA အဖွဲ့မှ အဓမ္မ လူသစ်စုဆောင်းနေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နမ့်ခမ်းမြို့တွင် တအာင်းအနုပညာအကယ်ဒမီကျောင်းဖွင့်


ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းပြည်နယ် တပ်မဟာ - စစ်ဒေသ မန်အောင်ခရိုင် နမ့်ခမ်းမြို့နယ်မှာ တအာင်းအနုပညာအကယ်ဒမီကျောင်း အပတ်စဉ် - ဖွင့်ခဲ့တယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။ 


အဆိုပါသင်တန်းမှာ အသက် ၁၈ နှစ်ကနေ အသက် ၃ဝ ကြားရှိတဲ့ တအာင်းလူငယ်တွေအပါအဝင် ကျောင်းသူ ကျောင်းသား စုစုပေါင်း ၃၁ ဦး တက်ရောက်နေတယ်လို့ သိရပါတယ်။ 


သင်တန်းကာလ နှစ် ကြာမြင့်မှာဖြစ်ပြီး သုတ်ခွဲပြီး သင်ကြားပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ 


အဆိုပါသင်တန်းမှာ ဘာသာရပ် ၁၅ ခုရှိပြီး တအာင်းလူမျိုးတို့ရဲ့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းသွားနိုင်ဖို့အတွက် တအာင်းယဉ်ကျေးမငဆိုင်ရာ အဆို၊အက၊ အရေး အတီး တွေကိုပါ သင်ကြား ပေးမှာဖြစ်တယ်လို့ သိရပါတယ်။


 တအာင်းအနုပညာအကယ်ဒမီကျောင်းကို တအာင်းဂိတနဲ့ ရုပ်ရှင်အစည်းအရုံး TMFA က ဦးဆောင်ပြီး ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ 


ကျောင်းဖွင့်ပွဲကို PSLF/TNLA ဒုတိယဥက္ကဋ္ဌ- ဗိုလ်ချုပ် တားဂျုတ်ဂျား၊ တွဲဖက်အတွင်းရေးမှူး- ဗိုလ်မှူးကြီး တားအိုက်မောဝ်း၊ အုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးကြီး တာဂူးဇား၊ တအာင်းစာပေနှင့်ယဉ်ကျေးမှု ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် ကျောင်းသူ ကျောင်းသား စုစုပေါင်း လူဦးရေ ၁ဝဝ နီးပါး တက်ရောက်ခဲ့ တယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ ၂၀၂၄ နှစ်စ ၁၆ ရက်တာအတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၇၀ ကျော် သေဆုံး


ဇန်နဝါရီ ၁၇။


နိုင်ငံတစ်ဝှမ်း အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂၀၂၄ ဇန်နဝါရီလ ရက် ကနေ ၁၆ ရက်နေ့ အတွင်း ပြည်သူ ၇၀ ကျော် သေဆုံးခဲ့ရတယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။


အကြမ်းဖက် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၆ ရက်တာအတွင်း နိုင်ငံတစ်ဝှမ်းက အရပ်သား ပြည်သူ အမျိုးသမီး ၁၇ ဦးနဲ့ အမျိုးသား ၂၂ ဦး စုစုပေါင်း ၃၉ ဦး သေဆုံးခဲ့ရတယ်လို့ AAPP က ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွင် စစ်ကိုင်းတိုင်းက အများဆုံး ဖြစ်ခဲ့ပြီး ၂၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။


အလားတူ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နိုင်ငံတစ်ဝှမ်းက အရပ်သား ပြည်သူ အမျိုးသမီး ၁၅ ဦးနဲ့ အမျိုးသား ၂၃ ဦး စုစုပေါင်း ၃၈ ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။


အဆိုပါ သေဆုံးသူများထဲတွင် ရခိုင်ပြည်နယ်က အများဆုံးဖြစ်ပြီး ၁၈ ဦးအထိ သေဆုံးထား တာ ဖြစ်ပါတယ်။


၂၀၂၄ နှစ်အစ ၁၆ ရက်တာ ကာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးသုံး အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ စုစုပေါင်း ၇၇ ဦးအထိ သေဆုံးခဲ့ရပါတယ်။


ပြီးခဲ့တဲ့ ဇန်နဝါရီလ ရက်နေ့မှာ စစ်ကိုင်းတိုင်း တမူးမြို့နယ် ကာနန်ကျေးရွာကို လေကြောင်း ကနေ ဗုံးကြဲခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေးသူငယ် ဦး အပါအဝင် ၁၇ ဦး သေဆုံးပြီး ၁၉ ဦး ဒါဏ်ရာရရှိခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့် မင်းစစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ ခန္တီးဒေသ နှစ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်း သေဆုံးကြောင်းထုတ်ပြန်


ဇန်နဝါရီ ၁၇။


စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသတွင် စစ်ကောင်စီတပ်ကို နှစ်ရက်တာ စောင့်ဆိုင်း တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ နာဂပြည်သူ့ကာကွယ်ရေးတပ်မတော် – NPDF Battalion က သတင်းထုတ်ပြန် ထားပါတယ်။


ဇန်နဝါရီလ ၁၅ ရက်နေ့၊ နံနက် နာရီ ဝန်းကျင်ခန့်က နန်စီပွန်ဒေသရှိ စစ်ကောင်စီတပ်နှင့် စစ်တပ်လက်အောက်ခံ ရှမ်းနီတပ် (SNA) တို့ တပ်စွဲထားရာ ချောင်းသုံးခွ စခန်းအနီးမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။


ဇန်နဝါရီလ ၁၃ ရက်ကလည်း ငှက်ပျောတော ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို သတင်းရရှိတာကြောင့် စောင့်ဆိုင်းတိုက်ခိုက်ခဲ့ပြီး ၃နာရီ မိနစ်မှ ၃နာရီ ၃၅ မိနစ်အထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။


အဆိုပါ တိုက်ပွဲ နှစ်ရက်တာ အတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒါဏ်ရာ ရသူများလည်း ရှိတယ်လို့ NPDF Battalion တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ရဲဘော်မိန့်သံ က ပြောပြပါတယ်။


စစ်ကောင်စီတပ်က လက်နက်ကြီးသုံးပြီး ပစ်ခတ်တာမျိုးတွေ လုပ်နေတာကြောင့် လက်နက် သွားကောက်တာမျိုးကို မလုပ်ခဲ့ဘူးလို့ ၎င်းတာဝန်ရှိသူက ဆက်ပြောပါတယ်။ 

တိုက်ပွဲအတွင်း နာဂပြည်သူ့ကာကွယ်ရေး တပ်မတော်မှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒါဏ်ရာရရှိ ခဲ့တယ်လို့လည်း သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို နာဂပြည်သူ့ကာကွယ်ရေး တပ်မတော် - NPDF အရှေ့နာဂ အမျိုးသား ကာကွယ်ရေးတပ်မတော် – ENDA နှင့် ကချင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် - KIA တို့ ပူးပေါင်းဆင်နွှဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ မတ္တရာမြိုနယ်ရှိ သဖန်းဒေါင့်ရွာကို စစ်ကောင်စီတပ် မီးရှိဖျက်ဆီး


ဇန်နဝါရီ ၁၇။


မန္တလေးတိုင်း၊ မတ္တရာမြိုနယ်၊ သဖန်းဒေါင့်ကျေးရွာကို စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်မီးရှိ ဖျက်ဆီးခဲ့ရာ နေအိမ်များနဲ့ ကြက်ခြံတစ်ခြံ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။


ဇန်နဝါရီလ ၁၆ ရက် နေ့လယ် ၁၂ နာရီခန့်က မတ္တရာမြိုနယ်၊ သုံးဆယ်ပေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ကားလေးစီး အင်အား ၇၀ ခန့်ဖြင့် ဧရာဝတီမြစ်ဘေးရှိ သဖန်းဒေါင့်ကျေးရွာအား စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။


၎င်းစစ်ကောင်စီ စစ်ကြောင်းဟာ သဖန်းဒေါင့်ရွာကိ စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ် လုံးနှင့် ကြက်ခြံတစ်ခြံအား မီးရှိဖျက်ဆီးသွားတယ်လို့ မတ္တရာ (ပကဖ) အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။


ထိုသို့စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၅၀၀ လောက်က နေရပ်စွန့်ခွာ တိန်းရှောင်နေရတယ်လို့ ၎င်းက ဆက်ပြောပါတယ်။


ဇန်နဝါရီလ ၁၇ ရက်နေ့ (ယနေ့) တွင်လည်း မတ္တရာမြို့နယ်အတွင်းမှာ စစ်ကောင်စီ စစ်ကြောင်း လှုပ်ရှားမှုအချို့ ရှိနေသေးတယ်လို့လည်း သိရပါတယ်။


ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း မတ္တရာမြိုနယ်၊ အုန်းကုန်းကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့တာကြောင့် အဘွားအိုတစ်ဦး သေဆုံးခဲ့ကာ ငါးဦး ထိခိုက်ဒါဏ်ရာ ရရှိခဲ့ပါသေးတယ်။


========================


🚩🚩 ၃။ စစ်တပ်က ရှမ်းမြောက်ဒေသကို ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး စစ်ရေးလှုပ်ရှားမှုမရှိသည့် ကိုးကန့်ဒေသတွင် တိုက်ပွဲဖြစ် 


ရှမ်းပြည်နယ်မြောက်ပိုင်းကို အကြမ်းဖက်စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ ပြီး စစ်ရေးလှုပ်ရှားမှုမရှိတဲ့ ကိုးကန့်ဒေသမှာလည်း တိုက်ပွဲဖြစ်ခဲ့တယ်လို့ ညီနောင်မဟာမိတ် ဖွဲ့က ထုတ်ပြန်ပါတယ်။


ရှမ်းမြောက်ဒေသမှာရှိတဲ့ နယ်မြေတွေကို ဇန်နဝါရီလ ၁၃ ရက်နေ့ကစပြီး စစ်ကောင်စီက ထိုးစစ်ဆင် တိုက်ခိုက်နေတာလို့ ၁၀၂၇ စစ်ဆင်ရေး ၈၂ ရက်မြောက် တိုက်ပွဲသတင်းတွေထုတ်ပြန်ရာမှာ ညီနောင် ဖွဲ့ က ပြောဆိုလိုက်တာဖြစ်ပါတယ်။


ညီနောင်မဟာမိတ်တပ်တွေဘက်က စပြီး ထိုးစစ်ဆင်တာမရှိသေးတဲ့အတွက် ယခုရက်ပိုင်းတွေမှာ ထိတွေ့ တိုက်ပွဲတွေ ကြီးကြီးမားမားမရှိပေမယ့် ဇန်နဝါရီ ၁၃ ရက် နောက်ပိုင်းမှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ အသိပေးထားပါတယ်။ 


ထို့အတူ စစ်ကောင်စီတပ်စခန်းတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုအပါအဝင် လေကြောင်း တိုက်ခိုက်မှုတွေလည်း ယခင်အတိုင်းရှိနေတယ်လို့ ဆိုပါတယ်။ 


ကိုးကန့်တပ်မတော် MNDAA စစ်ရေးလှုပ်ရှားရာ ကိုးကန့်ဒေသမှာ လတ်တလော စစ်ရေးလှုပ်ရှား မှုမရှိပေမယ့် ဇန်နဝါရီလ ၁၆ ရက်မှာ တိုက်ပွဲဖြစ်ခဲ့တာရှိတယ်လို့ သိရပါတယ်။


ကိုးကန့်ဒေသတွင်းက စစ်ကောင်စီလက်ကျန် တပ်ဖွဲ့ဝင်အချို့ဟာ ကိုးကန့်တပ်ဖွဲ့ဝင်တွေအခြေချတပ်စွဲရာ ကချင်တောင်ဘက် မီတာ ၃ဝ အကွာသို့ဝင်ရောက်လာပြီး လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် မိနစ် ၂ဝ ကျော်ကြာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


စစ်ကောင်စီတပ်ဖွဲ့ကို ပြန်လည်တိုက်ခိုက်ခဲ့ရာမှာ မိမိတို့ရဲ့ ပြန်လှန်ထိုးစစ်ကို မခံနိုင်ဘဲ ဆုတ်ခွာထွက်ပြေး သွားတဲ့နောက်မှာလည်း ၆ဝ မမ လက်နက်ကြီးနဲ့ ကြိမ် ပစ်ခတ်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။


အလားတူ ရှမ်းမြောက်ဒေသတွင်းက မိုးမိတ်၊ ကွတ်ခိုင်နဲ့ ကျောက်မဲမြို့နယ်တွေကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ညီနောင်မဟာမိတ် ဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ သိုင်းငင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သော ချင်းတော်လှန်ရေးတပ်ဖွဲ့ကို ဒေသခံများ ကြိုဆို


ချင်းပြည်နယ် တီးတိန်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ သိုင်းငင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ အောင်ပွဲရ ချင်းတော်လှန်ရေးရဲဘော်များကို ဒေသခံပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြတယ် လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 


သိုင်းငင်း စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့တဲ့ ချင်းပြည်ကောင်စီ Chinland Council အဖွဲ့ဝင် တော်လှန်ရေးတပ်ဖွဲ့များက ရဲဘော်တွေကို ဒေသခံပြည်သူတွေက ပန်းကုံးတွေနဲ့ ကြိုဆိုခဲ့ကြပြီး လူထုတွေ့ဆုံပွဲတရပ် ဇန်နဝါရီလ ၁၆ ရက်နေ့မှာပဲ ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေ ကို ဖော်ပြနေတဲ့ The Chin Journal က ဖော်ပြထားပါတယ်။ 


ချင်းအမျိုးသားတပ်မတော် CNA ဦးဆောင်တဲ့ ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့ဟာ ဇန်နဝါရီလ ၁၆ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ သိုင်းငင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။


အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦးသေဆုံးပြီး သေနတ် အလက် ၃ဝ ကျော်နဲ့ လက်နက်ခဲယမ်း တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 


သိုင်းငင်းစစ်ကောင်စီစခန်းကို ချင်းတော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ CNA CNDF CDM (Siyin) CDF KKG CDF Thantlang CDF Hakha PDA နဲ့ CDF Hualngoram တို့က ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေက စပြီး တိုက်ခိုက်ခဲ့တာဖြစ်ပြီး ချင်းတော်လှန်ပူးပေါင်းအဖွဲ့ဘက်က ရဲဘော် ဦးကျဆုံးခဲ့ကာ ဒဏ်ရာရသူတွေ လည်း ရှိခဲ့ပါတယ်။


========================


🚩🚩 ၅။ ဟုမ္မလင်းမြို့နယ်ရှိ ကျေးရွာအများအပြားမှာ SNA အဖွဲ့မှ အဓမ္မ လူသစ်စုဆောင်းနေ


ဇန်နဝါရီ ၁၇။


စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင် စံပြကျေးရွာအပါဝင် ကျေးရွာအများအပြားမှာ စစ်ကောင်စီနဲ့ ပူးပေါင်းထားတဲ့ SNA ရှမ်းနီအဖွဲ့က အဓမ္မ လူသစ်စုဆောင်းနေတယ်လို့ သိရပါတယ်။


ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်စံပြကျေးရွာ၊ နန်တောစံပြရွာ၊ ခေါက်ငိုး၊ ဝေဖလာ၊ စတဲ့ အနီးရှိ ကျေးရွာများ အားလုံးကနေ ဆယ်အိမ်တစ်စုလျှင် လူသစ် ယောက်စီ ပေးရမယ်လို့ SNA အဖွဲ့က ကောက်ခံနေကြောင်း ဒေသခံ တစ်ဦးက ပြောပါတယ်။


သူတို့တောင်းဆိုတာကို ပျက်ကွက်ခဲ့လျှင် လူတစ်ဦးစာလျှင် သိန်း ၂၀ နှုန်းဖြင့် ဆယ်အိမ်စုကနေ သိန်း ၁၀၀ ပေးဆောင်ရမယ်လို့လည်း အမိန့်ထုတ်ထားတယ်လို့ ၎င်းက ပြောပြပါတယ်။


ထို့အပြင် ဟုမ္မလင်းမြို့နယ်အတွင်း SNA တပ်များ ထိန်းချုပ်ထားတဲ့ ဒေသရှိ ကျေးရွာများမှာ အိမ်ထောင်စုစာရင်း လိုက်ကောက်နေကြပြီး ဒေသခံ တစ်ဦးလျှင် ငွေ ,၀၀၀ နှုန်းနဲ့ အတင်းအဓမ္မ ကောက်ခံနေကြတယ်လို့ ဟုမ္မလင်းမြို့ခံတစ်ဦးထံက သိရပါတယ်။


နောင်ပိုအောင် စံပြကျေးရွာနဲ့ နန်တော စံပြကျေးရွာဟာ ဟုမ္မလင်းမြို့ အရှေ့ဖက် ၁၀ မိုင်ကျော် အကွာမှာ တည်ရှိနေပြီး ရှမ်းနီတိုင်းရင်းသား အများစုနေထိုင်တဲ့ ကျေးရွာတစ်ခုလည်း ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက်  ကိုခန့်နှင့်မင်းစစ်‌ သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment