17th JAN 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဇန်နဝါရီလ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တက်ကြွပြီး လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသလို လက်တွေ့ကျတဲ့ နိုင်ငံခြားရေးသဘောထားကိုလည်း ချမှတ်ထားတယ်လို့ NUG ယာယီသမ္မတပြော

📌 ၂။ ဗီဇာနှင့် နေထိုင်ခွင့်ကိစ္စများဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီသတိပြုလိုက်နာကြရန် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်လှယ်ရုံး တိုက်တွန်း

📌 ၃။ ဆေးဝါးကုသခွင့် လုံလောက်စွာ မရရှိတာကြောင့် ကျိုက်မရော အကျဉ်းထောင်တွင် ရက်အတွင်း နိုင်ငံရေး အကျဉ်းသား () ဦး သေဆုံး


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မင်းတပ်မြို့တွင် ကျောင်းသားများ စာမေးပွဲ ဖြေနေစဉ် လေကြောင်း တိုက်ခိုက်ခံရ 

🚩 ၂။ ရှမ်းမြောက်ဒေသတွင် စစ်ကောင်စီ တိုက်လေယာဉ်တစ်စီးကို KIA ပစ်ချ

🚩 ၃။ ကျောက်တော် ခြေစိုက် ခမရ (၅၃၉) တပ်ရင်းမှူး ဦးဆောင်ပြီး တစ်ရင်းလုံး AA ထံ အလံဖြူထောင် လက်နက်ချ

🚩 ၄။ Unbroken Generation (Gangaw) တပ်ဖွဲ့ CDF-Senthang နှင့် တရားဝင်ပူးပေါင်း

🚩 ၅။ မြိုင်ပကဖ ရဲဘော်များ စုဖွဲ့လေ့ကျင့်မှု သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း အခမ်းအနား ကျင်းပ 

🚩 ၆။ ဝေါမြို့နယ်တွင် ပျူစောထီးများ လုံခြုံရေးယူထားသည့် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု တဦးသေဆုံးပြီး ဦးက်ု လက်နက်နှင့်တကွဖမ်းမိ

🚩 ၇။ သိန္ဒီမြို့သိမ်းတိုက်ပွဲတွင် ကျဆုံးသွားသော ရဲဘော် ၁၂ ဦးကို သိန္နီတိုက်ပွဲ အာဇာနည်များအဖြစ် PLA ဂုဏ်ပြု




ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တက်ကြွပြီး လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသလို လက်တွေ့ကျတဲ့ နိုင်ငံခြားရေးသဘောထားကိုလည်း ချမှတ်ထားတယ်လို့ NUG ယာယီသမ္မတပြော


ဇန်နဝါရီလ ၁၆ရက်။

အမျိုးသားညီညွတ်ရေး အစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ဇန်နဝါရီလ ၁၆ ရက်နေ့ကပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ အစိုးရအဖွဲ့အစည်းဝေးမှာ အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။


အခုဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုတာ နိုင်ငံခြားရေးမူဝါဒ သဘော ထားတွေဟာ ပြည်တွင်းရေးအခြေအနေတွေအပေါ် လွှမ်းမိုးမှုရှိတာတွေ့ရပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တက်ကြွပြီး လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသလို၊ လက်တွေ့ကျတဲ့ နိုင်ငံခြားရေးသဘောထားကိုလည်း ချမှတ်ထားပါတယ်။  ကျွန်တော်တို့ဟာ ဒေသတွင်း နိုင်ငံကြီးတွေရဲ့ နောက်မြီးဆွဲဖြစ်လို့လည်း မရသလို ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ နောက်လိုက်လည်း ဖြစ်လို့ မရပါဘူး။ ကိုယ့်မူ ကိုယ့်ဟန်နဲ့ ခိုင်ခိုင်ကြည်ကြည် ရပ်တည်လျှောက်လှမ်းဖို့လိုပါတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ 


ခေတ်သစ်နိုင်ငံတကာ နိုင်ငံရေးဇာတ်ခုံမှာ တကိုယ်တည်း တထီးတည်း နေလို့မရပါဘူး။ အားလုံးဟာ အပြန်အလှန် အမှီသဟဲပြုပြီး ရှင်သန်ပေါင်းစည်းနေကြရတာဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာ နိုင်ငံရေးဇာတ်ခုံမှာ နိုင်ငံရေးအစွန်းတွေကို သတိထား ရှောင်ကြဉ်ဖို့လိုတယ်လို့ ပြောချင်ပါတယ်။ တဖက်မှာလည်း ပြည်တွင်းက ပြည်သူလူထုရဲ့ သဘောထားနဲ့ ဆန့်ကျင်ဘက် မဖြစ်တဲ့ အမြင်သဘောထားတွေကို ကိုင်ဆွဲကျင့်သုံးဖို့လိုပါတယ်။ ပြည်တွင်းက တော်လှန်ရေးဒီရေဟာ ကမ္ဘာ့နိုင်ငံရေး ချိန်ခွင်လျှာ အလှည့်အပြောင်းတွေကြားမှာ အနိမ့်အမြင့် အတက်အကျရှိတတ်ပါတယ်။ ဘယ်လိုပဲ ရှိသည်ဖြစ်စေ၊ ကျွန်တော်တို့ဟာ ဦးတည်ချက်ကို မျက်ခြေပြတ်လို့မရပါဘူး။ ကျစ်လစ်သော မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစု စိတ်ဓာတ်နဲ့ ပေါင်းစည်းလုပ်ဆောင်ဖို့ အစဉ်တစိုက် ကြိုးစားရမှာ ဖြစ်ပါတယ်လို့လည်း ၎င်းက ဆက်လက်ပြောဆိုခဲ့ပါတယ်။ 


၂၀၂၄ ခုနှစ်မှာလည်း တိုင်းရင်းသားမဟာမိတ်တွေနဲ့ ပိုမိုခိုင်မြဲတဲ့ နိုင်ငံရေးဘုံသဘောတူညီချက်တွေ ဆက်လက်ရရှိနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အစဉ်တစိုက် ကြိုးစားနေရမှာဖြစ်ပြီး မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုတည်ဆောက်ရာမှာ အကဲဆတ်တဲ့ နိုင်ငံရေးမိုင်းဗုံးတွေကို သတိထားရှောင်ကြဉ်ကြဖို့နဲ့ အမျိုးသားညီညွတ်ရေးမူကို ထိပါးစေတဲ့ နိုင်ငံရေးထောင်ချောက်တွေကို သတိထား ရှောင်ရှားကြဖို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက အလေးအနက်ထား ပြောကြားခဲ့ပါတယ်။ 


နွေဦးတော်လှန်ရေးမှာရရှိထားတဲ့ ဘုံရည်မှန်းချက်ပန်းတိုင်ဟာ သက်ဆိုင်ရာ တိုင်းရင်းသားတော်လှန်ရေး အင်အားစု အသီးသီးရဲ့ ဆုံချက်တခုဖြစ်တာကြောင့်ခွင့်သာခိုက်မှာ အတူတကွ ရုန်းကြဖို့နဲ့ တွန်းတွန်း တိုက်တိုက် လုပ်ဆောင်ကြဖို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားထားပါတယ်။


========================


📌📌 ၂။ ဗီဇာနှင့် နေထိုင်ခွင့်ကိစ္စများဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီသတိပြုလိုက်နာကြရန် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်လှယ်ရုံး တိုက်တွန်း


ဇန်နဝါရီလ ၁၆ရက်။

တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မိမိတို့ရဲ့ ဗီဇာနဲ့ နေထိုင်ခွင့်ကိစ္စတွေ ဆောင်ရွက်တဲ့အခါမှာ လွဲချော်မှုတွေနဲ့ ဆုံးရှုံးမှုတွေမဖြစ်စေရေးအတွက် ဥပဒေနဲ့အညီ အထူးသတိပြု လိုက်နာကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ  NUG ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်လှယ်ရုံးက တိုက်တွန်း လိုက်ပါတယ်။


တောင်ကိုရီးယားနိုင်ငံကိုရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေ ဗီဇာနဲ့ နေထိုင်ခွင့်ကိစ္စတွေ ဆောင်ရွက်တဲ့ အခါမှာ ခက်ခဲမှုများ၊ အဆင်မပြေမှုများ၊ လွဲချော်မှုများနဲ့ ဆုံးရှုံးမှုများ ခပ်စိတ်စိတ်ဖြစ်လာနေတာကြောင့်  NUG ရဲ့ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်လှယ်ရုံးက ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ချက်တစောင်နဲ့ တိုက်တွန်းပြောဆိုလိုက်တာဖြစ်ပါတယ်။


တောင်ကိုရီးယားအစိုးရက မြန်မာနိုင်ငံသားတွေကို အထူးနေထိုင်ခွင့်ပြုထားတဲ့အမိန့်ကို ၂ဝ၂၁ ခုနှစ် မတ်လ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားတာရှိပါတယ်။


အဲဒီအမိန့် ဗီဇာတမျိုးမျိုးကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတဦးဟာ မြန်မာနိုင်ငံသို့ပြန်ဖို့ မဖြစ်နိုင်သေးရင် လူသားချင်းစာနာသောဗီဇာ G-1-99 ကို ပြောင်းလဲကိုင်ဆောင်ပြီး ဆက်လက်နေထိုင်နိုင်တယ်လို့ NUG က အသိပေးထားပါတယ်။ 


G-1-99 ဗီဇာအမျိုးအစားဟာ လူသားချင်းစာနာတဲ့အနေနဲ့ ယာယီနေထိုင်ခွင့်ပေးထားတဲ့ဗီဇာလို့ သိရပါတယ်။ 


G-1- 5 ဗီဇာအမျိုးအစားကတော့ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားသူကို စိစစ်နေဆဲကာလအတွင်း ယာယီပေး ထားတဲ့ ဗီဇာဖြစ်တယ်လို့ အသိပေးထားပါတယ်။ 


မြန်မာပြည်ကို ပြန်၍ မရပါ၊ မြန်မာပြည် မပြန်နိုင်ပါဘူးလို့ ကတိပြုထားတဲ့သူအနေနဲ့ မြန်မာပြည်ကို ပြန်ခဲ့မယ်ဆိုရင် ဗီဇာကို ပြန်လည်ရုပ်သိမ်းပြီး ပြည်နှင်ဒဏ်ခံရမှာဖြစ်တယ်လို့လည်း သတိပေးထားပါတယ်။


G-1-99 နဲ့ G-1- 5 တို့ဟာ ပတ်စပို့သက်တမ်း ရှိရှိ မရှိရှိ ဗီဇာသက်တမ်းတိုးနိုင်ပေမယ့် လဝကကို အိမ်လိပ်စာ မှန်မှန်ကန်တင်ပြရမှာဖြစ်ပြီး အလုပ်စာချုပ် ချုပ်ဆိုပြီး လဝကကို အကြောင်းကြားရမှာ ဖြစ်ပါတယ်။


နေရာ အလုပ် အပြောင်းအလဲရှိတိုင်း ပတ်အတွင်း လဝကကို အကြောင်းကြားရမှာဖြစ်တယ်လို့ သိရပါတယ်။


တောင်ကိုရီးယားအစိုးရရဲ့ ၂ဝ၂၁ ခုနှစ် မတ်လ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်အရ အိုဗာစတေးဖြစ်နေသူ တွေကို အတင်းအကြပ်ပြန်မပို့ဖို့ ညွှန်ကြားထားပေမယ့် မူလဥပဒေများကို ပယ်ဖျက်ထားတာမရှိတဲ့အတွက်  အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးရဲ့ ယခုထုတ်ပြန်ချက်ကို လေ့လာမှတ်သားထားဖို့လည်း တိုက်တွန်းထားပါတယ်။ 


လက်ရှိကာလဟာ နွေဦးတော်လှန်ရေးအတွက် အရေးကြီးတဲ့အချိန်ကာလဖြစ်ပြီး ပြည်ပရောက်မြန်မာနိုင်ငံ သားတွေရဲ့ ထောက်ပံ့မှုအရှိန်အဟုန် ခါးဆက်မပြတ်အောင် မြှင့်တင်နေချိန်ဖြစ်တာကြောင့် ကိုရီးယားနိုင်ငံရဲ့ ဖေးမကူညီမှု ပျက်ပြယ်မသွားဖို့ အရေးကြီးတယ်လို့လည်း အသိပေးထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ  NUG ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးအနေနဲ့ ကိုရီးယားရောက် မြန်မာနိုင်ငံသားများ ရင်ဆိုင်နေရတဲ့အခက်အခဲများကို ကြိုးစားဖြေရှင်းပေးနေပြီး ကိုယ်စားလှယ်ရုံးရဲ့ ညွှန်ပြချက်တွေကို အလေးထားလိုက်နာကြဖို့ အသိပေးထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ ဆေးဝါးကုသခွင့် လုံလောက်စွာ မရရှိတာကြောင့် ကျိုက်မရော အကျဉ်းထောင်တွင် ရက်အတွင်း နိုင်ငံရေး အကျဉ်းသား () ဦး သေဆုံး


ဇန်နဝါရီလ ၁၆ရက်။

မွန်ပြည်နယ်၊ ကျိုက်မရော အကျဉ်းထောင်တွင် ဆေးဝါးကုသခွင့် လုံလောက်စွာ မရရှိခဲ့တာကြောင့် နိုင်ငံရေး အကျဉ်းသားတစ်ဦး ထပ်မံသေဆုံးခဲ့ပြီး ငါးရက်အတွင်း  နိုင်ငံရေးအကျဉ်းသား () ဦး အထိ သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။


ဇန်နဝါရီလ ၁၆ ရက် မနက်အစောပိုင်းက ပုဒ်မ ၅၂ (က) ဖြင့် ကျိုက်မရော အကျဉ်းထောင်မှာ ထောင်ဒဏ် ()နှစ် ချမှတ်ခံထားရတဲ့ အသက် (၃၁)နှစ်အရွယ် ကိုပြည့်ဖြိုးအောင် () ဦးကြည်အောင် ဟာ ဆေးဝါးကုသခွင့် လုံလောက်စွာ မရရှိခဲ့ဘဲ အရေးပေါ် အခြေအနေမှာပင် ပြင်ပဆေးရုံသို့ အချိန်မှီ ပို့ဆောင်ပေးခဲ့ခြင်း မရှိခဲ့တာကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။


ကိုပြည့်ဖြိုးအောင်ဟာ ဇန်နဝါရီလ ၁၅ ရက် ၁၀ နာရီခန့်မှာ လေထိုးလေအောင့်တဲ့ရောဂါ မသက်သာတဲ့အတွက် ထောင်ဆေးရုံကို ဆေးကုသမှု ခံယူရန် ခေါ်ဆောင်သွားပြီး ထောင်ဆေးရုံအုပ် အနားယူနေတဲ့အတွက်ဆိုကာ တာဝန်ကျ သွားဆရာဝန်မှ ကြည့်ရှုပြီး ဆေးတစ်လုံး ထိုးပေးခဲ့တယ်လို့ သိရပါတယ်။


ဆေးထိုးပြီးစမှာ အနည်းငယ် သက်သာသလို ခံစားခဲ့ရပေမယ့် တစ်နာရီခန့်အကြာမှာ ပါးစပ်မှ အမြုပ်များ ထွက်လာပြီး မေ့လဲသွားခဲ့ရာ အသက်ကယ်ဆေး နှစ်လုံးထိုးပေးခဲ့ပြီး အောက်စီဂျင်တပ်ပြီး ပြင်ပဆေးရုံးကို ပို့ဆောင်ခဲ့ရာ လမ်းမှာပဲ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း ကျိုက်မရော အကျဉ်းထောင်မှာ နိုင်ငံရေး အကျဉ်းသား တစ်ဦးဖြစ်တဲ့ အသက် (၄၃) နှစ်အရွယ် ကိုရာရှင် () ယာရှင်ဟာ ဆေးဝါးကုသခွင့် လုံလောက်စွာ မရရှိ ခဲ့တာကြောင့် သေဆုံးခဲ့ရ ပါသေးတယ်။


လက်ရှိမှာတော့ ကျိုက်မရောထောင်ရဲ့ ဆေးဝါးကုသမှု အခြေအနေက အဆိုးဝါးဆုံး အခြေအနေမှာလို့ ပြောလို့ရတယ်။ တစ်ပတ်မပြည့်ခင် ရက်အတွင်းမှာ အကျဉ်းသား နှစ်ယောက် ရှိနေပြီး နောက်ထပ် လည်း အကျဉ်းထောင်ရဲ့ ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကျော်လောက် ရှိနေတယ်လို့် PPNM မှ ကိုသိုက်ထွန်းဦးက ပြောပါတယ်။


အကျဉ်းဦးစီးဌာနနဲ့ ထောင်အာဏာပိုင်တွေ အနေနဲ့ လုံလောက်သော ဆေးဝါးစောင့်ရှောက်မှု မပေးတာ ဆေးဝါးပေးပို့ခွင့်တွေ ကန့်သတ်ထားတာကို ဆက်လုပ်နေရင် သေဆုံးမှုတွေက ဒီထက်ပိုမို များပြားတဲ့ အရေအတွက်တွေ ထပ်ဖြစ်နိုင်တာကြောင့် အကျဉ်းထောင် လက်စွဲ ဥပဒေများနဲ့ အညီ လုံလောက်တဲ့ ဆေးဝါးကုသခွင့်တွေ ပေးဖို့လိုတယ်လို့ ကိုသိုက်ထွန်းဦးက ဆက်ပြောပါတယ်။


မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) မှ ကောက်ယူထားတဲ့ အချက်အလက် တွေအရ နိုင်ငံတစ်ဝှမ်း အကျဉ်းထောင်များမှာ ဆေးဝါးကုသခွင့် လုံလောက်စွာ မရရှိ တာကြောင့် ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်း နိုင်ငံ‌ရေး အကျဉ်းသား/သူ ၁၇ ဦးအထိ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ မင်းတပ်မြို့တွင် ကျောင်းသားများ စာမေးပွဲ ဖြေနေစဉ် လေကြောင်း တိုက်ခိုက်ခံရ 


ဇန်နဝါရီလ ၁၆ရက်။

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ တိုက်နယ်အမှတ် () ရှိ၊ ဝမ္မသူးကျေးရွာ စာသင်ကျောင်းအတွင်း စာမေးပွဲဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူများ ရောက်ရှိနေချိန်မှာ စစ်ကောင်စီက စာသင်ကျောင်းကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။


ဇန်နဝါရီလ ၁၅ ရက်၊ မွန်းလွဲ နာရီခွဲခန့်က ဝမ္မသူးကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီ လေတပ်က ဗုံးကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျောင်းဘေးနေအိမ်က အမျိုးသမီးတစ်ဦး ဗုံးထိမှန် သေဆုံးခဲ့တာ ဖြစ်ပါတယ်။


စာသင်ကျောင်းပေါ် ဗုံးမကျတော့ ကလေးတွေ ကံကောင်းသွားတယ် ပြောရမယ်။ ကျောင်းနားက အရပ်သားပြည်သူအိမ် ထိခိုက်ပြီး အသက် ၇၀ နားနီး အမျိုးသမီးတစ်ဦး ခေါင်းထိဒဏ်ရာနဲ့ သေဆုံးသွားပါတယ်လို့ CDF မင်းတပ် ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။


စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် () လုံးတွဲဗုံး () ကြိမ်ကြဲချခဲ့ပြီး စက်သေနတ်ဖြင့် ကျေးရွာအတွင်း ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ မင်းတပ်ဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။


တိုက်ပွဲမရှိပါဘူး၊ အကြောင်းမဲ့ကို လာပစ်သွားတာ၊ အရင်ကလည်း ခဏခဏလာပစ်နေတာပဲ။ ပြည်သူတွေကို အညှိုးနဲ့ လာသတ်နေတယ်ပဲ ထင်တယ်လို့ ၎င်းဒေသခံက MPA ကိုပြောထားပါတယ်။


စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အပြီး ညနေ နာရီ အချိန်ခန့်တွင်လည်း မင်းတပ်မြို့၊ ခလရ (၂၇၄) တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးများဖြင့် ကြိမ် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


စစ်ကောင်စီက အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး အစုလိုက် အပြုံလိုက် (သို့) လူမျိုးတုံးသတ်ဖြတ်မှု စတဲ့ စစ်ရာဇဝတ်မှုများကို ကျူးလွန်နေတာကြောင့် ပြည်သူများအနေနဲ့ လုံခြုံရေး သတိရှိကြဖို့ CDF မင်းတပ်က သတိပေး ပြောကြားထားပါတယ်။


========================


🚩🚩 ၂။ ရှမ်းမြောက်ဒေသတွင် စစ်ကောင်စီ တိုက်လေယာဉ်တစ်စီးကို KIA ပစ်ချ


ဇန်နဝါရီလ ၁၆ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွက်ခိုင်မြို့နယ်၊ နမ့်ဖက်ကာတွင် တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ Jet Fighter တိုက်လေယာဉ်တစ်စီးကို KIA က ပစ်ချလိုက်တယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ်ထံက သိရပါတယ်။


ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ကချင်လွတ်မြောက်ရေးတပ်မတော် ရှေ့တန်း တပ်ဖွဲ့တွေက နမ့်ဖက်ကာမှာ ဂျက်ဖိုက်တာ တစ်စီးကို ပစ်ချခဲ့တယ်လို့ ကနဦးသတင်း ရရှိထားကြောင်းနဲ့ အသေးစိတ်ကို အတည်ပြုနေတယ်လို့ KIA သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။


"ကျွန်တော်တို့လည်း နမ့်ဖတ်ကာ မှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ တစ်စီးကို ပစ်ချလိုက်တယ် ဆိုတဲ့သတင်းလောက်ပဲ ကြားပါတယ်။ ဘယ်ပုံစံ ဘယ်သေနတ် အမျိုးအစားနဲ့ ပစ်တယ်ဆိုတာတွေနောက်လေယာဥ် အမျိုးအစားတွေ အချက်အလက်တွေ​​တော့ ပြည်ပြည့်စုံစုံဘာမှ မကြားရဘူး။ အဲဘက်မှာ ဖုန်းလိုင်းအဆက်အသွယ် အခက်အခဲတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့လည်း ကြိုးတော့ကြိုးစားနေပါတယ်။ ဒါပေမယ့် အခုထက်ထိတော့ ထူးခြားတဲ့ သတင်းတွေဘာမှ မကြားရသေးဘူး" ဟု ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။


နမ့်ဖတ်ကာအ‌ခြေစိုက် စစ်ကောင်စီ ခလရ ၁၂၃ တပ်ရင်းကို KIA က ၁၈ ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ပြီး ဇန်နဝါရီလ ၁၅ ရက်နေ့ မနက်အစောပိုင်းမှာ သိမ်းယူနိုင်ခဲ့ပြီးနောက် စစ်ကောင်စီ တပ်က လေကြောင်းမှ ဆက်တိုက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။


========================


🚩🚩 ၃။ ကျောက်တော် ခြေစိုက် ခမရ (၅၃၉) တပ်ရင်းမှူး ဦးဆောင်ပြီး တစ်ရင်းလုံး AA ထံ အလံဖြူထောင် လက်နက်ချ


ဇန်နဝါရီလ ၁၆ရက်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၅၃၉) က တပ်ရင်းမှူးမှ ဦးဆောင်ပြီး တစ်ရင်းတစ်ရင်းလုံး ရက္ခိုင့်တပ်တော် AA ထံမှာ လက်နက်ချခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ ခမရ (၅၃၉) တပ်စခန်းကို ဇန်နဝါရီလ ၁၅ ရက်နေ့ထဲက ဝိုင်းပိတ်ထားခဲ့တာဖြစ်ပြီး ၁၆ ရက်နေ့ မနက် ၁၁ နာရီခန့်က စတင်တိုက်ခိုက်ခဲ့ရာ အလံဖြူထောင်ကာ လက်နက်ချခဲ့တာ ဖြစ်တယ်လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်း ရင်းမြစ်က ပြောပါတယ်။


၎င်း ခမရ (၅၃၉) တပ်ရင်းမှူးမှ ဦးဆောင်ပြီး မိသားစုဝင်များ အပါအဝင် စစ်ကောင်စီ တပ်သား အများအပြား လက်နက်ချခဲ့တာကို ပြန့်နှံလာတဲ့ Video ဖိုင်အရ သိရှိရပြီး အရေအတွက် အတိအကျ ကိုတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။


အခြား AA နဲ့နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ် တစ်ခုကလည်း "ခမရ ၅၃၉ တပ်၊ တပ်ရင်းမှူး အပါအဝင် တစ်တပ်လုံး အလံဖြူထောင် လက်နက်ချပါတယ်" လို့ People Spring ကို အတည်ပြု ပြောဆိုထားပါတယ်။


စစ်ကောင်စီ တပ်သားများ အနေဖြင့် အသက်မသေလိုပါက စောစောစီးစီး အလံဖြူထောင်ပြီး လက်နက်ချရန် ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဇန်နဝါရီလ ၁၅ ရက်က သတိပေး ပြောကြားခဲ့တာ ရှိပါတယ်။


========================


🚩🚩 ၄။ Unbroken Generation (Gangaw) တပ်ဖွဲ့ CDF-Senthang နှင့် တရားဝင်ပူးပေါင်း


ဇန်နဝါရီလ ၁၆ရက်။

အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့ ဖွဲ့စည်းထားတဲ့ Unbroken Generation (Gangaw) တပ်ဖွဲ့ဟာ CDF-Senthang နဲ့ ပူးပေါင်းလိုက်ပြီလို့ Chinland Defence Force-Senthang (CDF-Senthang) က ဇန်နဝါရီလ ၁၆ မှာ ထုတ်ပြန်ပါတယ်။ 


Unbroken Generation (Gangaw) တပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ တရားဝင် လာရောက်ပူးပေါင်းခဲ့တာကို အများပြည်သူသိရှိနိုင်ဖို့ CDF-Senthang က အသိပေးလိုက်တာဖြစ်ပါတယ်။ 


လာရောက်ပူးပေါင်းတဲ့ Unbroken Generation (Gangaw) တပ်ဖွဲ့ဟာ CDF-Senthang ရဲ့ တပ်မဟာ - အဖြစ် ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။


CDF – Senthang ဟာ ညီနောင်အဖွဲ့တွေဖြစ်တဲ့  Zotung Zophei Lautu Mara တို့နဲ့အတူ  ZZLMS အမည်နဲ့ စစ်ဆင်ရေးတွေဖော်ဆောင်နေပြီး ၂ဝ၂၃ ခုနှစ် နိုဝင်ဘာ ၂၉ ရက်မှာ ပူးပေါင်းအဖွဲ့နဲ့အတူ ရေဇွာမြို့သိမ်းတိုက်ပွဲမှာပါဝင်ခဲ့သလို ဒီဇင်ဘာ ၂၂ ရက်က ဂန့်ဂေါမြို့ပေါ်က မြစ်သာဆည် စခန်းသိမ်းတိုက်ပွဲမှာလည်း ပါဝင်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။


========================


🚩🚩 ၅။ မြိုင်ပကဖ ရဲဘော်များ စုဖွဲ့လေ့ကျင့်မှု သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း အခမ်းအနား ကျင်းပ 


ဇန်နဝါရီလ ၁၆ရက်။

မကွေးတိုင်း၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင်-ပကဖ) ရဲဘော်များရဲ့ စုဖွဲ့လေ့ကျင့်မှု သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ အခမ်းအနားကို ဇန်နဝါရီလ ၁၆ ရက်နေ့က မြိုင်မြို့နယ်အတွင်းရှိ လွတ်မြောက်နယ်မြေ တစ်နေရာမှာ သင်တန်းဆင်းရဲဘော် ၄၀ ကျော်ဖြင့် ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


သင်တန်းဆင်းပွဲမှာ မြိုင် ပကဖ တာဝန်ခံ ကိုလက်ယာကရဲဘော်များကို လက်နက်တပ်ဆင်နိုင်သဖြင့် ပြည်သူလူထုကို ကျေးဇူးတင်ရမှာ ဖြစ်ကြောင်း၊ ဒါ့ကြောင့် လူထုထောက်ခံမှုကို လေးစား တန်ဖိုးထားရမှာ ဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။


ထို့အပြင် ရဲဘော်များအနေနဲ့ လက်နက်ကိုင် ကျင့်ဝတ်များကို တင်းတင်းကျပ်ကျပ် လိုက်နာရမှာ ဖြစ်ပြီး  လူထုကို ပြောင်းဝမလှည့်မိစေရန် အထူးသတိထားရမှာဖြစ်တယ်လို့လည်း ပကဖ တာဝန်ခံက ပြောကြားခဲ့ပါ်တယ်။


မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင်-ပကဖ) ဟာ မြို့နယ်တွင်း စစ်ကောင်စီကို မြေပြင် တိုက်ပွဲများမှာ အထိနာအောင် တိုက်ခိုက်နေတဲ့ အဖွဲ့တစ်ခုဖြစ်ပြီး ဝေဟင်စစ်ဆင်ရေး များကိုလည်း မဟာမိတ်တပ်များနဲ့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။


========================


🚩🚩 ၆။ ဝေါမြို့နယ်တွင် ပျူစောထီးများ လုံခြုံရေးယူထားသည့် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု တဦးသေဆုံးပြီး ဦးက်ု လက်နက်နှင့်တကွဖမ်းမိ


ဇန်နဝါရီလ ၁၆ရက်။

ပဲခူးတိုင်း ဝေါမြို့နယ် အုတ်ဖို - ကျေးရွာအထွက်က ပျူစောထီးများ လုံခြုံရေးယူထားတဲ့ စစ်ဆေးရေးဂိတ် ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ဇန်နဝါရီလ ၁၅ ရက် နာရီခန့်မှာ တိုက်ခိုက်ခဲ့ရာ တဦးသေဆုံးပြီး ဦးကို လက်နက်နဲ့တကွ ဖမ်းဆီးရ မိခဲ့တယ်လို့ ပဲခူးတိုင်း စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။


ဝေါ၊ ကဝ၊ ဒိုက်ဦး၊ သနပ်ပင်၊ အင်းတကော် စတဲ့ ပဲခူးခရိုင် ပကဖ မြို့နယ် ပူးပေါင်းအဖွဲ့ရဲ့ တိုက်ခိုက်မှု ကြောင့် ပျူစောထီးခေါင်းဆောင်သေဆုံးခဲ့ပြီး သင်တန်းဆင်းပျူစောထီး ဦးကို သေနတ်  လက်နဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တာလို့ Bago Region PDF က အသိပေးထားပါတယ်။


အဆိုပါတိုက်ခိုက်မှုမှာ စစ်ကောင်စီထောက်တိုင် ပျူစောထီးတွေဘက်က ပြန်လည်ပစ်ခတ်နိုင်တာမရှိဘဲ ထိခိုက်သေဆုံးမှုတွေရှိခဲ့တာကြောင့် အခြားပျူစောထီးတွေ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။


လက်ရှိမှာ ဖမ်းဆီးရမိတဲ့ ပျူစောထီးတွေကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေ ဆက်လုပ်နေတယ်လို့ ပဲခူးတိုင်း စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၇။ သိန္ဒီမြို့သိမ်းတိုက်ပွဲတွင် ကျဆုံးသွားသော ရဲဘော် ၁၂ ဦးကို သိန္နီတိုက်ပွဲ အာဇာနည်များအဖြစ် PLA ဂုဏ်ပြု


ဇန်နဝါရီလ ၁၆ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္ဒီမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးသွားတဲ့ ရဲဘော် ၁၂ ဦးကို သိန္နီတိုက်ပွဲ အာဇာနည်များ အဖြစ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA က ဂုဏ်ပြုထုတ်ပြန်ထားပါတယ်။


ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ မဟာမိတ်တပ်တွေနဲ့အတူ သိန္ဒီမြို့သိမ်းတိုက်ပွဲမှာ အောင်ပွဲရတဲ့အထိ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။


သိန္ဒီမြို့သိမ်းတိုက်ပွဲအောင်မြင်မှုဟာ ရဲဘော်တွေ အသက်စွန့်ဆောင်ရွက်ခဲ့တာကြောင့် ဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။


အဆိုပါမြို့သိမ်းတိုက်ပွဲမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA က ရဲဘော်တွေဖြစ်တဲ့ သခွား၊ ဇနက္က၊ ဂျစ်ဂျစ်၊ သုခ၊ မိုးအောင်၊ ကောင်းကင်၊ သူရ၊ ဝက်သိန်း၊ စိန်လွင်၊ ဝကြီး၊ ကျားလေး၊ အောင်ဆန်း တို့ အာဇာနည်ပီသစွာ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။


နောက်ဆုံးထွက်သက်အထိ ရဲရင့်စွာတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်တို့ရဲ့ စံပြအာဇာနည်စိတ်ဓာတ်ကို ဆက်လက် ကိုင်စွဲပြီး ပြည်သူ့ဒီမိုကရေစီ လက်နက်ကိုင်တော်လှန်ရေး ဆုံးခန်းတိုင်တဲ့အထိ ဆင်နွှဲသွားမှာဖြစ်တယ်လို့  PLA က အဓိဌာန်ပြုထားပါတယ်။


ထို့ပြင် ကျဆုံးသွားတဲ့ရဲဘော်တွေအတွက် ဂုဏ်ယူစွာနဲ့ အလေးနီပြု ဦးညွှတ်ပြီး ရဲဘော်များရဲ့ မိသားစုနဲ့ ထပ်တူ ဝမ်းနည်းရပါကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA က ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment