စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပျက်စီးထိခိုက်သွားတဲ့ မြန်မာ့စိုက်ပျိုးရေး လုပ်ငန်း မကြေးမုံ၊ Radio NUG Feature News, Jan 17th 2024

၂၀၂၁ခုနှစ် စစ်တပ်က အာဏာသိမ်းတာကိုလက်မခံခဲ့ကြတဲ့ မြန်မာတောင်သူတွေအပါအဝင်တစ်နိုင်ငံလုံးကပြည်သူတွေကို အကြမ်းဖက်နှိမ်နင်းကြတဲ့အတွက် မြန်မာ့လယ်ယာ လုပ်ငန်းဟာ စ၊ လယ်၊ ဆုံး ထိခိုက်ပျက်စီးခဲ့ရပါတယ်။


မြန်မာ့လယ်ယာဖွံ့ဖြိုးမှုရဲ့အစ သုတေသနလုပ်ငန်းများ ထိခိုက်ရ

 မြန်မာ့စိုက်ပျိုး စီးပွားလုပ်ငန်းမှာ သီးနှံစိုက်ပျိုးထုတ်လုပ်မှုနဲ့ ဈေးကွက်ကောင်းမွန်ဖို့က အဓိကကျသလို ဈေးကွက်နဲ့လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲစိုက်ပျိုးနိုင်မယ့် သီးနှံမျိုးသစ် ထုတ်လုပ်တဲ့ သုတေသနလုပ်ငန်းတွေကလည်း စိုက်ပျိုးရေးလုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့အတွက် အဓိကကျတဲ့ အရင်းမြစ်လုပ်ငန်းတွေဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသ ကြီးအတွင်းက ဂျုံနဲ့ကုလားပဲသီးနှံ သုတေသနလုပ်ငန်းတွေကို အဓိကလုပ်ကိုင်ခဲ့တဲ့ ပေါက် အင်း လို့ခေါ်ကြတဲ့ ဧက နှစ်ထောင်ရှိတဲ့ သုတေသနနဲ့ မျိုးထုတ်လုပ် တဲ့ စိုက်ကွင်းကြီးက ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလမှာ လုယက်ခံခဲ့ရလို့ သုတေသနစမ်းသပ် ထားတဲ့ ဂျုံ၊ ကုလားပဲ မျိုးတွေပျက်စီးပျောက်ဆုံးသွားပြီး  ခြံအတွင်းမှာလည်း စစ်တပ်ကလာရောက်စခန်းချ ထားတဲ့အတွက် သုတေသနစိုက်ခင်းတွေ လက်ရှိအချိန်ထိ ပြည်လည်စိုက်ပျိုး နိုင်တာမရှိ သေးပါဘူး။ 


မြန်မာနိုင်ငံမှာ ဂျုံစိုက်ဧက တစ်သိန်း လေးသောင်း ကျော်ရှိပြီး တန်ချိန် တစ်သိန်းကျော် ထွက်ရှိနေပေမယ့် မလုံလောက်လို့ ပြည်ပကနေ တင်သွင်းနေ ရတာဖြစ်ပါတယ်။ ပြည်တွင်းမှာ ဂျုံမလုံလောက်လို့ အမေရိကန်ဒေါ်လာ သုံးသန်း ကျော်ဖိုးနှစ်စဥ် တင်သွင်း နေရတဲ့ ဂျုံမှုန့်တွေနေရာမှာ သွင်းကုန် အစားထိုးအသုံးပြုနိုင်ဖို့အတွက် ဂျုံသုတေသန လုပ်ငန်းတွေက အရည်အသွေးနဲ့အထွက်နှုန်းကောင်းအောင် စမ်းသပ် စိုက်ပျိုးနေ တာပဲဖြစ်ပါတယ်။


သုတေသနပြု ရွေးချယ်ထားတဲ့ ဂျုံမျိုးသစ် ရေဆင်း - ၁၂ ရဲ့ကံကြမ္မာ 

အပင်မျိုးမွေးမြူသူပညာရှင်တွေက ရေဆင်း ၁၂ လို့အမည်ရတဲ့ အရည်အသွေးနဲ့အထွက် နှုန်းကောင်းတဲ့ ဂျုံမျိုးသစ်ကို ထုတ်လုပ်နိုင်ခဲ့ပြီး တစ်ဧကကို တင်း၆၀လောက် ထွက်ရှိလာ ပါတယ်။ ဒီပမာဏက အရင်အထွက်နှုန်းအများဆုံးဖြစ်တဲ့ ဂျုံမျိုးထက် တင်း၂၀လောက် ပို ထွက်လာ တာဖြစ်ပါတယ်။ ဂျုံတစ်ဧက တင်း ၆၀ ထွက်လာတဲ့အတွက် တစ်ဧက အကျိုး မြတ်က သိန်း သုံးဆယ်လောက်ရရှိလာလို့ အခြားပဲမျိုးစုံ၊ ဆီထွက်သီးနှံစ တဲ့ဆောင်း သီးနှံ တွေထဲမှာ ဂျုံက အကျိုးမြတ်အရဆုံး သီးနှံဖြစ်လာပါတယ်။  အရည်အသွေးနဲ့အထွက်နှုန်း ကောင်းမွန်တဲ့ ရေ ဆင်း - ၁၂ ဂျုံမျိုးသစ်ကို တောင်သူတွေကိုဖြန့်ပေးဖို့အတွက် ဧက ၇၀၀ မျိုးထုတ်လုပ်တဲ့ ၂၀၂၂ ဆောင်းရာသီမှာပဲ ပေါက်အင်းခြံ လုယက်ခံခဲ့ရတာပဲဖြစ်ပါတယ်။ ဂျုံမျိုးသစ် အထွက် တိုးလာပုံနဲ့ ပေါက်အင်း သုတေသနခြံ လုယက်ဖျတ်ဆီး ခံရပြီးတဲ့ နောက် ရေဆင်း ၁၂ ဂျုံမျိုး ရဲ့အခြေအနေကို သုတေသန ပညာရှင်တစ်ဦး ကအခုလို ရှင်းပြ ပါတယ်။


“ ရေဆင်း ၁၂ ကျတော့ တင်း၄၀ကျော်ကနေ တင်း၆၀ ကျော်လောက်ဖြစ်လာတယ်။ တင်း၆၀လောက်ဖြစ် လာတော့ အထွက်က ခုန်လာတာက သာမာန်တောင်သူတစ်ယောက် ၂၅တင်းကနေ ပြီးမှ ၄၅တင်း၊  ၅၅၊ တင်း၆၀ လောက်အထိ ခုန်သွား တယ် ဆိုတာက တစ်ဧက ဝင်ငွေကဘယ်လောက်တက် လာလည်း စဥ်းစားကြည့်။ ဂျုံဈေးတွေ ကလည်း လိုက်လာတော့၊ ၁၂ ကတော့ အခုလည်း ရှိပါတယ်၊ ဒါပေမယ့် မျိုးသန့် ရနိုင်တဲ့အင်အား ကတော့ ခဲယဥ်းသွားတယ်” 


မပြည့်စုံသေးတဲ့ စိုက်ပျိုးရေး သုတေသနလုပ်ငန်းများ ပြိုလဲသွားတော့မလား


ပေါက်အင်းလိုပဲ ကြမ္မာငင်ရ တဲ့ အခြားသုတေသနခြံတွေလည်း စစ်ကိုင်းတိုင်းအတွင်းမှာ အများအပြားရှိပြီး ရွှေဘိုပေါ်ဆန်းအပါအဝင် စပါးအဓိကသုတေသနခြံဖြစ်တဲ့ ချီပါခြံ၊ ဝက်တိုး(၁)၊ ဝက်တိုး(၂)၊ ကန့်ဘလူ စတဲ့ စစ်ကိုင်းတိုင်းအတွင်းက သုတေသနနဲ့ မျိုးစေ့ ထုတ်လုပ်တဲ့ခြံ များအပါအဝင် ကယားပြည်နယ်က ငွေတောင် ဆန်စပါးသုတေသနခြံ တွေလည်း ထိခိုက်ပျက်စီးခဲ့ပြီး သုတေသနနဲ့ မျိုးစေ့ထုတ်လုပ်ရေးလုပ်ငန်းများ ရပ်တန့် သွားပြီး သုတေသနခြံတွေရဲ့ အပျက်အစီးဆုံးရှုံးမှုစာရင်းကို ကောက်ယူနိုင် တာမရှိသေးဘူးလို့ သိရပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ စိုက်ပျိုးရေးသုတေသနခြံပေါင်း ၃၅ ခြံနဲ့ စတင်ဖွဲ့စည်းထူထောင်ခဲ့ကြတာဖြစ်ပါတယ်။ DAR လို့ခေါ်ကြတဲ့ စိုက်ပျိုးရေးသုတေသနနဲ့ DOA လို့ခေါ်ကြ တဲ့ စိုက်ပျိုးရေးဦးစီးဌာန လက်အောက်ရှိ သုတေသနနဲ့ မျိုးစေ့ထုတ်ခြံ များရဲ့အခြေနေနဲ့ ပတ်သက်ပြီး နီးစပ်သူတစ်ဦးကအခုလိုပြောပါတယ်။


“ သိရတာကတော့ DAR ကတော့မရှိဘူး။ DOA ကတော့ ခြံအနေနဲ့က ဝက်တိုး ၁၊ ၂ ဆိုရင် မလုပ်နိုင်တော့ဘူးပေါ့နော်။ သူကတော့ ပျက်စီးတာတော့မရှိဘူး၊ စိုက်ဖို့ပျိုးဖို့က မဖြစ်နိုင်တော့ဘူး၊ ဝက်တိုး ၁၊ ၂။ နောက် ချီပါခြံ၊ နောက် ကန့်ဘလူခြံတို့ ဘာတို့က လုပ်ရ ကိုင်ရတာ အဆင်မပြေတော့ဘူး။ ပေါက်အင်းကတော့ သိသာတယ်။ စစ်တပ်ကကို စခန်းချထားတော့ သူကတော့ လုံးဝကို ဆုံးရှုံးသွားတာပေါ့။ ချီပါခြံဆိုရင် ခြံမန်နေဂျာက လာလာ ကြည့်ရတာ၊ ချီပါခြံ မန်နေဂျာတောင်မှ ဟိုတနေ့ကဖမ်းသွားတယ်ဆိုပြီးအသံကြားတယ်၊ ကွန် ဖန်း လုပ်တာ လုပ်လို့မရသေးဘူး။ ဘယ်လိုခေါ်မလဲ ဝက်တိုး ၁၊ ၂ ဆိုရင် စစ်ကိုင်းတိုင်း က ခြံတော်တော်များများ လုပ်လို့မရတော့ဘူး၊ ကယားမှာဆိုရင် ငွေတောင်ခြံတို့ဘာ တို့ဆို ရင် အဲ့ခြံတွေဆိုရင်သူတို့က အထဲမှာ ထွန်စက်တွေကို မောင်းယူသွားကြတာဆိုတော့ ဘယ်လိုမှ ကို တွက်လို့ ချက်လို့မရတော့ဘူး၊ စပါးအိတ်တွေတွေ့ရင်အကုန်ယူသွား၊ ဒီလို မျိုးတွေဖြစ်တော့ နည်းနည်းခက်တယ်။ ဈေးသင့်ဖို့က ခက်တာပေါ့” 


စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာတစ်နိုင်ငံလုံးမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့အထိ တိုက်ပွဲပေါင်း တစ်သောင်း နှစ်ထောင်ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကိုင်း တိုင်းရှိ မြို့နယ် ၃ခုက လွဲလို့ကျန်မြို့နယ်ပေါင်း ၃၄ ခုမှာ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လောရေး အင်စတီ ကျု(ISP Myanmar) ကထုတ် ပြန် ထားပါတယ်။ တိုက်ပွဲတွေရဲ့နောက်ဆက်တွဲ မျိုးသစ်ရှာဖွေတဲ့ သုတေသနခြံတွေ လုယက် ဖျတ်ဆီးခံရသလို တောင်သူတွေရဲ့ သီးနှံထုတ်လုပ်တဲ့လုပ်ငန်းတွေမှာလည်း သွင်းအားစုနဲ့ လောင် စာဆီဈေးနှုန်းကြီးမြင့်တဲ့ အခက်အခဲကြားက စိုက်ပျိုးထုတ်လုပ် နေရပါတယ်။ စစ်အာဏာရှင်ရဲ့ထိုးစစ်တွေနဲ့ အာဏာရှင်ကိုတော်လှန်ရတဲ့ တိုက်ပွဲ တွေက ကုန်သွယ်ရေး လမ်းကြောင်းပေါ် ရောက်လာတဲ့အခါ စိုက်ပျိုးထားတဲ့ တောင်သူ့သီးနှံတွေအတွက် ဈေး ကွက်တင်ပို့တဲ့ လမ်းကြောင်းတွေ အပြောင်းလဲမှာ ပျက်စီးဆုံးရှုံး တာတွေ ဖြစ်လာ ပါ တယ်။ 


တောင်သူ့ဝင်ငွေရ သီးနှံလုပ်ငန်းတွေလည်း ပျက်စီးဆုံးရှုံးရ

လတ်တလောမှာ မြန်မာ့ ကောက်ပဲသီးနှံဈေးကွက်အားထားရာ တရုတ် - မြန်မာ နယ်စပ် က မူဆယ် ၁၀၅ မိုင်ဈေး ကွက်ကိုအောက်တိုဘာလ ၂၇ရက်နေ့ကထဲက မတင်ပို့ နိုင်တော့ တဲ့အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလား - တာလော့ ကုန်သွယ်ရေးစခန်း ကို တင်ပို့ နေရပါတယ်။ အခုလို ဖရဲ သခွား ရာသီ ချိန်မှာ မန်းလေး - မူဆယ် ၆နာရီ မောင်း ရတဲ့ ခရီးကို ၃ရက်ကြာမောင်းရတဲ့ မိုင်းလား ဈေးကွက်က ခရီးပိုဝေးတဲ့ အတွက် လမ်းခရီး ကြာချိန်နဲ့ အသီးခူး ဆွတ်ရမယ့် သက်တမ်းကို တောင်သူတွေ မခန့်မှန်း တတ် တော့ပဲ ပျက်စီးဆုံးရှုံးတာ တွေကြုံ နေရပါတယ်။ ဒါကြောင့် ချောင်းဦးမြို့နယ်ထဲက ဧက ၇၀၀ စိုက်ပျိုးထားတဲ့သခွားခင်းမှာ လတ်တလောအခြေနေတွေကြောင့်ကျပ်ငွေ ဘီလီယံ ၁၃၀ လောက်ဆုံးရှုံးခဲ့ရပါတယ်။ ဒါ့အပြင် အမေရိကန်ဒေါ်လာ သန်း ၈၀လောက်ရရှိခဲ့တဲ့ ဖရဲစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းကလည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ဒီအခြေနေကို ဖရဲ သခွား တောင်သူလည်း ဖြစ်ပြီး မိုင်းလားဈေးကွက်ကို ကိုယ်တိုင်တင်ပို့ ရောင်း ချနေသူ တစ်ဦးက အခုလို ပြောပါ တယ်။ 


“ မူဆယ်ကတော့ လမ်းခရီးကောင်းတာကိုး။ လမ်းခရီးကောင်းတော့ မောင်းရ တာဖြည်းဖြည်းမောင်းပြီး ရပ်လိုက် သွားလိုက်ဆိုတော့ အသီးက မထိခိုက်ဘူး။ မိုင်းလားတို့ ဗန်းမော်တို့ကျတော့ ခရီးကြမ်းတယ်လေ၊ လမ်းခရီးကြမ်းတော့ အသီးတွေက နစ်နာတာ ပေါ့။ အသီးတွေက နုတာကိုး။ ခုန်တယ်၊ လှုပ်တယ်ဆိုတော့ အသီးကနစ်နာတယ်၊ လမ်းခရီးက ကြာတယ်၊ မိုးရွာလိုက်၊ နှင်းကျလိုက်ဆိုတော့အသီးက ဒဏ်မခံနိုင်ဘူး။ ရောက်သွား တော့အသီးတွေကပုပ်၊ ရောဂါတွေ ကလည်း လိုက်တယ်။ ဖရဲကတစ်လုံးပုပ်ပြီဆိုရင် ပုပ်တဲ့အရည်ကနေ အကုန်လုံး လိုက် လိုက်ပြီးတော့ကျန်တဲ့ဟာတွေအကုန်ပုပ်တယ် ” 


စစ်မဖြစ်တဲ့ဒေသတွေက တောင်သူတွေရဲ့ဒုက္ခ

စစ်ကောင်စီရဲ့ထိုးစစ်တွေကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့နယ်တွေရဲ့ ၆၇ ရာခိုင်နှုန်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ISP Myanmar ကထုတ်ပြန်ထားပါတယ်။ ကျန်တဲ့ ၃၃ရာ ခိုင်နှုန်းထဲမှာပါဝင်နေသေးတဲ့ မြန်မာပြည်ရဲ့ စားဖိုဆောင်လို့ ခေါ်ကြတဲ့ ရှမ်းပြည် တောင် ပိုင်းက အောင်ပန်း၊ ကလော၊ တောင်ကြီး၊ ဟဲဟိုးဒေသတွေကတော့ စစ်ပွဲတွေဖြစ်ပွားလာ တာမရှိသေးပါဘူး။ စစ်ပွဲတွေကြောင့် အဲ့ဒီဒေသရဲ့အစေ့ထုတ်ပြောင်းအပါအဝင် ဂေါ်ဖီ၊ အာလူး၊ မုန်ညင်းနဲ့ ကြက်သွန်ဖြူ၊ ထောပတ်၊ လိမ္မော် စတဲ့ သီးနှံစိုက်ပျိုးထုတ်လုပ်တဲ့လုပ်ငန်းကို တိုက်ရိုက် မထိခိုက်ပေမယ့် တစ်ပြည်လုံးကိုတင်ပို့ရာမှာတော့ တိုက်ပွဲတွေကြောင့် လမ်းပိတ်ဆို့မှုတွေက စိုက်ပျိုးသမျှမရောင်းရတဲ့အခြေနေကိုရောက်လာပါတယ်။ အောင် ပန်းကနေ ကုန်းလမ်း၊ ရေလမ်းခရီးပိတ်ဆို့ထားတဲ့ ရခိုင်ပြည်နယ်ကို တင်ပို့ ရာမှာ ကြုံတွေ့ ရတဲ့အခက်အခဲတွေကို အောင်ပန်းကုန်စည်ဒိုင်က တာဝန်ခံတစ်ဦးကအခုလိုပြောပါတယ်။


“ ရခိုင်ပြည်နယ်က ပြသနာအတက်ဆုံးပဲ။ ကုန်းလမ်း၊ ရေလမ်းပိတ်ထားတယ်။ လေကြောင်းလမ်းတစ်ခုပဲ သွားလို့ရတယ်။ လေကြောင်းလိုင်းကိုတင်တော့လည်း ကုန်က ပါချင်မှ ပါတယ်။ နောက်ရက်တွေလည်း ထွက်ချင်မှ ထွက်တယ်ဆိုတော့ အရမ်းအ ခက်အခဲဖြစ်တယ်။ ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ ပွဲရုံတွေကလည်း သက်ဆိုင်ရာ မြို့နယ် လမ်းကြောင်းဝယ်လိုအားရှိတဲ့ မြို့နယ်တွေက ပိတ်လိုက်တဲ့အခါကျတော့ ဒီမှာ ရှိတဲ့ကုန်တွေ က ဖောချင်းသောချင်းဖြစ်ပြီး ဈေးတွေ ထိုးကျကုန်တာတွေ ရှိတယ်။ ဈေးကျကုန်တော့ တောင်သူက အရှုံးပေါ်တယ်။ ပွဲရုံ၊ ပွဲစား အလုပ်မဖြစ်ဘူး ” 


တရားဝင်သီးနှံဈေးကွက်ပျက်စီးရာမှ တရားမဝင် သီးနှံ ခေါင်းထောင်လာ

စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း တစစ ကျယ်ပြန့်လာတဲ့ တိုက်ပွဲတွေ၊ လမ်းပိတ် ဆို့မှုတွေက တစ်ဖြည်းဖြည်းတိုးလာတဲ့အခါ ကောက်ပဲသီးနှံထုတ်လုပ်တဲ့ လုပ်ငန်းတွေကို ထိ ခိုက်လာပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၁၂ရက်နေ့မှာ ကုလသမဂ္ဂမူးယစ် ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး UNODC ကကြေငြာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး အဲ့ဒီကြေ ငြာချက်မှာ ကမ္ဘာ့ ဘိန်းဖြူထုတ်လုပ်မှုရဲ့အဓိကအရင်းအမြစ်ဖြစ်တဲ့ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုမှာ မြန်မာက အာဖဂန်နစ္စတန်နိုင်ငံကိုကျော်လွန်ပြီး ထိပ်တန်း စိုက်ပျိုးသူ နိုင်ငံဖြစ် လာပါတယ်။ 


အဲ့ဒီ ထုတ်ပြန်ချက်မှာ ရှမ်းပြည်နယ်ရဲ့ဘိန်းစိုက်ပျိုးထုတ် လုပ်မှုကဧက ၁၇,၅၀၀ ကနေ လတ်တလော ဘိန်းစိုက်ရာသီတွေမှာပဲဧက နှစ်သောင်းတစ်ထောင်ထိရှိလာတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ ဘိန်းခင်းတွေက ပြည်နယ်အတွင်း ချိတ်ဆက်ထားတဲ့ အဓိက လမ်းမကြီးတွေရဲ့ လမ်း ဘေးဝဲယာက အစေ့ထုတ်ပြောင်းခင်း တွေနေရာ မှာအစားထိုးပြီး ပေါ်ပေါ်ထင်ထင် စိုက် ပျိုးလာကြပါတယ်။ ဒါ့အပြင် ဘိန်းခင်းတွေကို အခြားသီးနှံစိုက်ပျိုးသလိုပဲ ရေပန်းတွေနဲ့ စနစ်တကျ စိုက်ပျိုး နိုင်တဲ့အထိ အထွက်နှုန်းကောင်းအောင် စနစ်တကျ စိုက်ပျိုးလာကြ ပါတယ်။ ဒါ့ကြောင့် UNODC ရဲ့ထုတ်ပြန်ချက်မှာလည်း မြန်မာ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုက စိုက်ဧကတွေ လည်းတိုးလာသလို တစ်ဧကအထွက်နှုန်းကလည်း ဘိန်းစိမ်း ပိသာချိန် လေး ပိသာ အထိ တိုးထွက်လာတယ်လို့ ထုတ်ပြန်ထားပါတယ်။ ကောက်ပဲသီး နှံခင်းတွေ နေရာ မှာ တရားမဝင်ဘိန်းခင်းတွေက ရှက်စရာ ကောင်းလောက်အောင် ဘာ့ကြောင့်တိုး တက် လာတာပါလဲ။ ရှမ်းပြည် တောင်ပိုင်းရဲ့ ကောက်ပဲသီးနှံ ဈေးကွက်အဓိကအခြေတည်ရာ အောင်ပန်းပွဲရုံက တာဝန်ခံတစ်ဦး ကတော့ အခုလိုသုံး သပ်ပါတယ်။ 


“ ခေတ်စနစ်မကောင်းဘူး၊ ပုံမှန် စားသုံးတဲ့ ဥပဒေဘောင်နဲ့ ညီမျှတဲ့သီး နှံစိုက်ပျိုးလို့မရတဲ့အခါကျရင် သူတို့နဲ့ ကိုက်တဲ့ သီးနှံကိုစိုက်တော့တာပဲ။ ဒါကတော့ ကျွန်တော် တို့နိုင်ငံရဲ့ အပြောင်းလဲ ကံကြမ္မာအပေါ် မူတည်တာပဲ။ ခေါင်းဆောင် ကောင်းရင် ကောင်း သလို ဒီဟာတွေက လျော့သွားမှာပဲ။ ခေါင်းဆောင်မကောင်းရင်မ ကောင်းသလို မကိုက်ရင် ကိုက်တဲ့ သီးနှံစိုက်ကြမှာပဲ။ ဒါကတော့။ မူးယစ်ဆေးဝါးမှန်သမျှ ကတော့ လူသားမျိုး နွယ် အတွက် မကောင်းဘူး။ ဒါမယ့် စီးပွားရေးတွက်ခြေကိုက်ရင် မလုပ်တဲ့သူက လုပ်ကို မလုပ် ဘူး၊ လုပ်တဲ့သူက လုပ်ကို လုပ်တယ်။ တောင်သူပေါ် မှာလည်း ဒါ ပုံမှန်သီးနှံလေးတွေက သူတို့ ဘဝအတွက် စားဝတ်နေရေးအတွက် မလုံလောက်တော့ဘူး ဆိုရင် အရင်တုန်းက ဘိန်းအစားထိုးသီးနှံစိုက်တယ်၊ အခု ဘိန်းဘက် ပြန်လှည့်လာတာလည်း ဖြစ်သွားနိုင် တယ်။ အဲ့ဒါက ကျွန်တော်တို့နိုင်ငံရေးရဲ့ခေတ်စနစ်နဲ့ ကံကြမ္မာပေါာမှာလည်းမူတည် နေတယ် ” 


တရားမဝင်တဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု တိုးလာပေမယ့် လယ်ယာထွက်ကုန် တင်ပို့မှုကရ တဲ့ ဝင်ငွေကတော့ မနှစ်က ၂၀၂၂ - ၂၀၂၃ ကာလတူ တင်ပို့မှုထက် အမရိကန်ဒေါ်လာ သန်းလေးရာနီးပါး လျော့နည်းလာပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ တာဝန်ယူခဲ့ကြတဲ့ စစ်ကောင်စီအပါအဝင် အစိုးရအဖွဲ့အစည်းအများစုက နိုင်ငံ့စီးပွားရေးကို စိုက်ပျိုးရေးက အခြေခံ တည်ဆောက် သွားမယ်လို့ ကြွေးကြော်ခဲ့ကြပေမယ့် ထူးထူးခြားခြားတိုးတက်လာ တာမရှိတဲ့ အပြင် လက်ရှိအာဏာသိမ်းစစ်ကောင်စီလက်ထက် မှာတော့ မြန်မာ့စိုက်ပျိုးစီး ပွားဟာ သိသိသာသာကို ပျက်စီးဆုတ်ယုတ်လာပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့မဆုံးနိုင်တဲ့ စစ်ရေးပဋိပက္ခတွေက ကျေးလက်နေပြည်သူအများစုမှီခိုနေကြတဲ့ အဓိက အ သက်မွေး လုပ်ငန်းဖြစ်တဲ့ ကောက်ပဲသီးနှံ စိုက်ပျိုးထုတ်လုပ်တဲ့လုပ်ငန်းကို အစ၊ အလယ်၊ အဆုံး ထိခိုက်စေပြီး ကမ္ဘာ့လူ့အဖွဲ့အစည်းမှာပါ မျက်နှာပန်းမလှ ဖြစ်စေတဲ့ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုကတော့ ဆက်ပြီးတိုးလာအုန်းမှာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ် နေကြပါတယ်။



Share:

No comments:

Post a Comment