18th JAN 2024 - Evening Daily News by Radio NUG


၂၀၂၄ ဇန်နဝါရီလ ၁၈ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ ဂျပန်နိုင်ငံရှိ အင်အားကြီး အလုပ်သမားသမဂ္ဂများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

📌 ၂။ တော်လှန်ရေး ပညာရှင်များထပ်မံပေါ်ပေါက်လာမှာဖြစ်ပြီး ပြည်သူ့ မျက်နှာကြည့်တဲ့ ရဲရင့်သော ပညာရှင်များကိုမျှော်လင့်တယ်လို့ဆို

📌 ၃။ TNLA က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်များတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး စတင်

📌 ၄။ ရခိုင်ပြည်သူများ သတိပေါ့လျော့စွာမနေရန် AA တိုက်တွန်း

📌 ၅။ မူဆယ်နှင့် ၁ဝ၅ မိုင် အနီးတဝိုက်ရှိ စစ်ဘေးရှောင်များကို AA ဆန်ရိက္ခာ ထောက်ပံ့

📌 ၆။ နွေဦးတော်လှန်ရေး () နှစ်မြောက် နှစ်ပတ်လည်နေ့ကို အမေရိကန်ပြည်ထောင်စု Washigton DC တွင်မြန်မာအင်အားစုများ ကျင်းပမယ်


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်ကောင်စီက မြို့၊ရွာများကို ဦးတည်တိုက်ခိုက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကို အောက်တန်းကျစွာ လုပ်ဆောင်နေဟု ညီနောင် ဖွဲ့ထုတ်ပြန်

🚩 ၂။ မြိုင် ပကဖနှင့်ကာကွယ်ရေးတပ်များရေလာလေးစခန်းကို မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့

🚩 ၃။ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာရဲစခန်းမှစကစတပ်များဂမုန်းဆည်တွင် တပ်စွဲထားရာကာကွယ်ရေးတပ်များ ချေမှုန်းတိုက်ခိုက်၍()ဦးသေဆုံး၊ (၁၁)ဦး ဒဏ်ရာရပြီး ဝိုင်းရွာရဲစခန်းအထိ ထွက်ပြေး

🚩 ၄။ စစ်ကောင်စီ စစ်ကြောင်းကို မိုင်းကွင်းထဲ မျှားခေါ်ကာ စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ဦး သေဆုံးပြီး ၁၁ ဦး ဒါဏ်ရာရ

🚩 ၅။ စကစတပ်သားသုံးဦးလက်နက်နှင့်တကွ တမူးPDFတပ်ရင်း၄ထံ ခိုလှုံ

🚩 ၆။ "ဒေါင်းမင်းစစ်ကြောင်းတွင် တာဝန်ထမ်းဆောင်ရန် ရဲဘော်များ ခေါ်ယူ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ ဂျပန်နိုင်ငံရှိ အင်အားကြီး အလုပ်သမားသမဂ္ဂများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး


ဇန်နဝါရီ၁၈ရက်


ဇန်နဝါရီ၁၇ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဟာ  Japanese Association of Metal,Machinery , and Manufacturing Worker (JAM) မှ ဥက္ကဋ္ဌ Mr.Katahiro Yasukochi အား သွားရောက် တွေ့ဆုံခဲ့ပြီး၊ ညနေပိုင်းတွင် အခြားအင်အားကြီး အလုပ်သမားသမဂ္ဂတခုဖြစ်သည့် Japanese Trade Union Confederation (JTUC-RENGO) မှ နိုင်ငံတကာရေးရာပေါ်လစီ စီမံခန့်ခွဲမှုဆိုင်ရာ ညွှန်ကြားမှူး Mr. Ryo Saito အပါအဝင် အလုပ်သမားသမဂ္ဂမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


တွေ့ဆုံဆွေးနွေးမှုတွင် ပြည်ထောင်စုဝန်ကြီးက လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများ၊ စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ စစ်ဘေးရှောင် ဒုက္ခသည်များ မြင့်တက်လာသည့် အခြေအနေများ၊ အဆိုပါဒုက္ခသည်များအတွက် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်နေသည့်အခြေအနေများ၊ ထိရောက်သောအကူအညီများပေးအပ်ရန်နည်းလမ်းများ စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ပါတယ်။


ထို့နောက်  မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အစဉ်တစိုက် အားပေးကူညီပေးလျက်ရှိသည့် အလုပ်သမားသမဂ္ဂတာဝန်ရှိသူများအား ကျေးဇူးတင်ကြောင်း၊ ဆက်လက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရနှင့် အလုပ်သမားရေးရာကဏ္ဍရပ်များတွင် ချိတ်ဆက်ဆောင်ရွက်ကာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများ၏ အခွင့်အရေးရပိုင်ခွင့်များအား ကူညီကာကွယ်ပေးနိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၂။ တော်လှန်ရေး ပညာရှင်များထပ်မံပေါ်ပေါက်လာမှာဖြစ်ပြီး ပြည်သူ့ မျက်နှာကြည့်တဲ့ ရဲရင့်သော ပညာရှင်များကိုမျှော်လင့်တယ်လို့ဆို


ဇန်နဝါရီ၁၇ရက်တွင် ဒုတိယဝန်ကြီးဦးမော်ထွန်းအောင်က ၎င်း၏ဆိုရှယ်မီဒီယာမှတစ်ဆင့် အခုလိုသုံးသပ်ပြောဆိုလိုက်ပါတယ်။


"ရှစ်လေးလုံး အရေးတော်ပုံ အပြီး မှ စကော်လားရှစ် တွေကြောင့် ဒေါက်တာ ဘွဲ့ ရသွားပြီး ထိပ်ကနေ သွေးဆောင်ပြီး ပြောင်းလဲရမယ်ဆိုပြီး ၂၀၀၀ ကျော် နှစ်များကနေပြီးGovernance and Capacity Building အစီအစဉ်တွေ ချပြီး တစိုက်တမက် လုပ်ခဲ့ကြသူတွေရှိတယ်။ဒီ လို အစီအစဉ်ကနေ ပြီး ပညာ သင်ခွင့်ရပြီး လက်ရှိတော်လှန်ရေး မှာ တက်တက်ကြွကြွ ပါဝင်နေသူတွေ လက်ညိုးထိုးမလွဲပဲ။ဦးဆောင်သူတွေက တော့ အခုထိ ဖုတ်ကောင် ကိုလူဖြစ်လာမယ်အထင် နဲ့ Governance and Peace Advisors တွေ အဖြစ်နေပြည်တော် မှာ ကျန်ခဲ့ တုန်း။အခုလည်း တခါ နွေဦး နဲ့ အတူ မွေးဖွားလာမယ့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေ၊ peace and development , conflict management တွေ အပြိုင်းအရိုင်းထွက်လာကြဦးမှာပဲ။အကျိုးလည်း မုချ ရှိမယ် ဆိုတာ ယုံတယ်။ တခုလေးပဲ၊ ပြည်သူ့ မျက်နှာကြည့်ပြီး ရဲရင့်တဲ့ ပညာရှင်များ ဖြစ်လာတာ ကိုပဲ မြင်ချင်မိတာပဲ"လို့ဆိုပါတယ်။


လက်ရှိနွေဦးတော်လှန်ရေးဟာ လူကိုပြောင်းနေတာ မဟုတ်ပဲ စနစ်ကို ပြောင်းချင်ကြတာမို့ဟုတ်တိုင်းမှန်ရာ မထောက်မညှာ စနစ်ပြောင်းအောင် ဝိုင်းဝန်းကျမယ့်သူများ ဖြစ်လာဖို့ မျှော်လင့်မိတယ်လို့လည်း ဒုဝန်ကြီးဦးမော်ထွန်းအောင်ကဆိုပါတယ်။


========================


📌📌 ၃။ TNLA က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်များတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး စတင်


ဇန်နဝါရီ ၁၈။


ရှမ်းမြောက်ဒေသရှိ တအောင်းတပ်မတော် (TNLA) က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့များတွင် ၎င်းတို့ရဲ အုပ်ချုပ်ရေး လုပ်ငန်းများ စတင်နေပြီဖြစ်ကာ နမ့်ခမ်းမြို့ကို (PSLF/TNLA) ခေါင်းဆောင် ပိုင်းများ သွားရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး တားအိုမ်တမာဝ်း နဲ့ အုပ်ချုပ်ရေး ဌာနမှူး ဗိုလ်မှူးကြီး တားဂူဇားတို့က ဇန်နဝါရီလ ၁၇ ရက်နေ့ တွင် နမ့်ခမ်းမြို့နယ် အတွင်းသို့ သွားရောက်ကြည့်ရှု ကြီးကြပ်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားပါတယ်။


ရှမ်းမြောက်တွင် TNLA က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ကြီး မြို့ရှိပြီး အဆိုပါ မြို့များမှာ စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တယားများကို ပယ်ဖျက်ပြီး ၎င်းတို့ရဲ့ အုပ်ချုပ်ရေး ယန္တယားအသစ်များကို ဖော်ဆောင်နိုင်ရန် ဆောင်ရွက်လျှက်ရှိနေတာ ဖြစ်ပါတယ်။


တအောင်းတပ်မတော် (TNLA) အနေနဲ့ ၎င်းတို့သိမ်းယူထားတဲ့ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့တို့တွင် ၎င်းတို့ရဲ့ အုပ်ချုပ်ရေး လုပ်ငန်းများ စတင်ဆောင်ရွက် နေပြီး- ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ဦးစားပေးဆောင်နေတယ်လို့ ဆိုထားပါတယ်၊။


အလားတူ ကိုးကန့်တပ်မတော် (MNDAA) ကလည်း ၎င်းတို့ထိန်းချုပ်ထားတဲ့ ကိုးကန့် အထူး ဒေသတွင် စစ်ကောင်စီ ထုတ်ပြန်ထားတဲ့ ဥပဒေများနဲ့ အုပ်ချုပ်ရေး လုပ်ငန်းများကို ပယ်ဖျက်လိုက်ပြီး ၎င်းတို့ အုပ်ချုပ်ရေး စနစ်များဖြင့် လည်ပတ်နိုင်ရန် ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ ရခိုင်ပြည်သူများ သတိပေါ့လျော့စွာမနေရန် AA တိုက်တွန်း


ရက်စက်ကြမ်းကြုတ်တဲ့ စစ်ကောင်စီရဲ့ လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီးအန္တရယ်ကို ကာကွယ် နိုင်ဖို့ ရခိုင်ပြည်နယ်အတွင်းက ဒေသခံပြည်သူတွေအနေနဲ့ သတိပေါ့လျော့စွာနဲ့မနေကြဖို့ ရခိုင့်တပ်တော် AA က သတိပေးတိုက်တွန်းလိုက်ပါတယ်။ 


ရခိုင်ပြည်နယ်အတွင်း ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကပြီး ရခိုင်တပ်တော် AA ရဲ့ထိုးစစ်ကို အကြမ်းဖက် စစ်ကောင်စီတပ်တွေဟာ ကြည်း၊ရေ၊လေ တပ်တွေနဲ့ အပြင်းအထန်ခုခံနေပေမယ့် ခုခံနိုင်စွမ်းမရှိတာကြောင့် နှစ်ပေါင်းများစွာ အခိုင်အမာခြေကုတ်ယူတည်ဆောက်ထားတဲ့ တပ်စခန်းတွေ တခုပြီးတခု လက်လွှတ်ဆုံးရှုံး နေတဲ့အပြင် မြို့ရွာတွေလည်း ဆုံးရှုံးနေတယ်လို့ AA က ပြောပါတယ်။


အခုလိုဆုံးရှုံးနေတာနဲ့အမျှ အကြမ်းဖက်စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်တွေ လက်နက်ချအလင်းဝင်မှုတွေ လည်း တရက်ထက်တရက် ပိုများလာတယ်လို့ ဆိုပါတယ်။


ထို့အပြင် စစ်ကောင်စီရဲ့ တပ်အုပ်ချုပ်ရေးယန္တယားလည်ပတ်မှုများ တဖြည်းဖြည်းပျက်စီးယုတ်လျော့နေ တယ်လို့ ပြောပါတယ်။ 


အခုလို စစ်ရေး၊နိုင်ငံရေး သံတမန်ရေးအပါအဝင် အဖက်ဖက်က ရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်ဟာ ရင်ဆိုင် တိုက်ပွဲတွေမှာ အရေးနိမ့်တိုင်း အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု၊ မြို့ရွာတွေကို ဗုံးကြဲတာ၊ မီးရှို့ဖျက်ဆီးတာ၊ သမိုင်းဝင်အမွေအနှစ်တွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတာ စတဲ့ စစ်ရာဇဝတ်မှု၊ လူသား မျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တရက်ထက် တရက် လက်ရဲဇာတ်ရဲ ပေါ်ပေါ်တင်တင် လုပ်ဆောင်လာတယ်လို့ AA အသိပေးထားပါတယ်။ 


ရခိုင်ပြည်သူတွေအနေနဲ့ မိမိတို့ကိုယ်တိုင်ကာကွယ်နိုင်ဖို့အတွက် အဆောက်အအုံတခုတည်းမှာ အစုလိုက် အပြုံလိုက် သတိပေါ့လျော့စွာနေထိုင်တာ၊ လူစုလူဝေးပြုလုပ်တာတွေကို အတက်နိုင်ဆုံးရှောင်ကျဉ်ပြီး ဖြန့်ကြပ်နေထိုင်ကြဖို့ ရခိုင်အမျိုးသားအဖွဲ့ချုပ်က သတိပေးထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ မူဆယ်နှင့် ၁ဝ၅ မိုင် အနီးတဝိုက်ရှိ စစ်ဘေးရှောင်များကို AA ဆန်ရိက္ခာ ထောက်ပံ့


ရှမ်းမြောက်ဒေသ မူဆယ်နဲ့ ၁ဝ၅ မိုင် အနီးတဝိုက်က စစ်ဘေးရှောင်ပြည်သူလူထုကို ဆန်ရိက္ခာတွေ တပိုင်တနိုင် ကူညီထောက်ပံ့ခဲ့တယ်လို့ ရခိုင့်တပ်တော် AA က ဇန်နဝါရီ ၁၈ မှာ ထုတ်ပြန်ပါတယ်။ 


ညီနောင်မဟာမိတ် ဖွဲ့မှာ ပါဝင်နေတဲ့ ရခိုင့်တပ်တော် AA က ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ နာရီခွဲခန့် အချိန်ကနေ ညနေ နာရီဝန်းကျင်အထိ စစ်ဘေးရှောင်ပြည်သူတွေကို ဆန်ရိက္ခာ ကူညီထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။ 


စစ်ပွဲတွေကြောင့် ပြည်သူလူထုအနေနဲ့ လူမှုစီးပွားဒုက္ခတွေနဲ့ အခက်အခဲမျိုးစုံ ကြုံတွေ့နေရတာမှန်ပေမယ့် ကောင်းမွန်တဲ့ အနာဂတ်ကိုရောက်ရှိအောင် ဒီအခက်အခဲတွေကို အားလုံးစုပေါင်းရင်ဆိုင်ကျော်လွှားကြဖို့ ရခိုင့်တပ်တော် AA က တိုက်တွန်းထားပါတယ်။ 


မိမိတို့အနေနဲ့ မည်သည့်နေရာ မည်သည့်ဒေသကိုရောက်နေပါစေ လူမျိုးမရွေး၊ ဘာသာမရွေးမရွေး ခွဲခြားစိတ်မရှိဘဲ အတူတကွ ရပ်တည်နေတယ်လို့ ဆိုပါတယ်။ 


ရခိုင့်တပ်တော် AA အနေနဲ့ စာနာစိတ်အပြည့်နဲ့ တက်နိုင်တဲ့ဘက်ကနေ တဖွဲ့ချင်းအလိုက်သော်လည်ကောင်း၊ ညီနောင်မဟာမိတ် ဖွဲ့အနေနဲ့သော်လည်ကောင်း ပံ့ပိုးကူညီးပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ နွေဦးတော်လှန်ရေး () နှစ်မြောက် နှစ်ပတ်လည်နေ့ကို အမေရိကန်ပြည်ထောင်စု Washigton DC တွင်မြန်မာအင်အားစုများ ကျင်းပမယ်


ဇန်နဝါရီ၁၈ရက်


 နွေဦးတော်လှန်ရေး () နှစ်မြောက် နှစ်ပတ်လည်နေ့ကို Washigton DC တွင် ကျင်းပမည်ဖြစ်ပြီး ဖေဖော်ဝါရီ၃ရက်စနေ့နေ့တွင်ရည်ရွယ်ထားတယ်လို့ ဇန်နဝါရီလအတွင်း အမေရိကန်နိူင်ငံရောက် မြန်မာအင်အားစုများက အသိပေးဆိုထားပါတယ်။


 စုဝေးမည့်နေရာမှာ အိမ်ဖြူတော် (Lafayette ပန်းခြံ) ဖြစ်ပြီး သမ္မတ ဘိုင်ဒင်ရဲ့ စီမံအုပ်ချုပ်မှုမြန်မာနိုင်ငံ ဥပဒေ ဘယ်မှာလဲနဲ့ မြန်မာနိုင်ငံအတွက် ပိုပြီး ထိရောက်ပြီး လက်တွေ့ကျတဲ့ ပံ့ပိုးကူညီမှုတွေကို နှိုးဆော်တိုက်တွန်းသွားမှာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီးဟန် ကိုခန့်နှင့် မင်းစစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ စစ်ကောင်စီက မြို့၊ရွာများကို ဦးတည်တိုက်ခိုက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကို အောက်တန်းကျစွာ လုပ်ဆောင်နေဟု ညီနောင် ဖွဲ့ထုတ်ပြန်


စစ်ရေးအရ အရှုံးနဲ့ရင်ဆိုင်နေရတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ အရပ်သားပြည်သူတွေနေထိုင်ရာ မြို့ ရွာ တွေကို ဦးတည်တိုက်ခိုက်ခြင်းနဲ့ မီးရှို့ဖျက်ဆီးခြင်းတွေကို အောက်တန်းကျစွာ လုပ်ဆောင်တယ်လို့ ညီနောင် မဟာမိတ် ဖွဲ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။


ဟိုင်ဂင်ဆွေးနွေးပွဲ တတိယအကြိမ် ပြီးဆုံးချိန်ကစပြီး ရှမ်းမြောက်မှာရှိတဲ့ ကိုးကန့်နဲ့ တအာင်းဒေသအချို့မှာ တိုက်ပွဲတွေ သိသာစွာလျော့ကျသွားပေမယ့် စစ်ကောင်စီဘက်က မြို့၊ရွာများကို လေကြောင်းအပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုများမှာ ၁၀၂၇ စစ်ဆင်ရေး ၈၃ ရက်မြောက်နေ့ ရောက်ရှိလာသည့် တိုင် ဆက်ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ 


ရှမ်းမြောက်မှာ ညီနောင် ဖွဲ့နဲ့ စစ်ကောင်စီတို့ကြား ထိတွေတိုက်ပွဲတွေနဲ့ ထိုးစစ်တွေ လျော့နည်းသွား ပေမယ့် ရခိုင်ဒေသမှာ စစ်ရေးအရှိန် ပြင်းထန်နေတာနဲ့ပတ်သတ်လို့ ညီနောင် ဖွဲ့က အခုလို ပြောဆို လိုက်တာဖြစ်ပါတယ်။ 


ရခိုင့်တပ်တော်က စစ်ကောင်စီစခန်းများကို တခုပြီးတခု သိမ်းယူနေတာနဲ့အမျှ ရခိုင့်တပ်တော်ရဲ့ ဗျူဟာမြောက်ထိုးစစ်နဲ့ ဝိုင်းဝန်းပိတ်ဆိုမှုဒဏ်ကို အလူးအလဲခံနေရတဲ့ စစ်ကောင်စီဟာ မြို့၊ ရပ်ရွာများကို ဦးတည်တိုက်ခိုက်ခြင်းနဲ့ မီးရှိဖျက်ဆီးခြင်းအလုပ်ကို အောက်တန်းကျစွာ ပြုလုပ်နေတော့တယ်လို့လည်း အသိပေးထားပါတယ်။ 


ရှမ်းမြောက်မှာ လေကြောင်းတိုက်ခိုက်မှုလျော့နည်းသွားချိန်မှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုဟာ ရခိုင်ဒေသမှာ ပိုးများလာခဲ့ပြီး ဇန်နဝါရီလ ၁၇ ရက်နေ့မှာ စံချိန်တင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ် လို့ ညီနောင် မဟာမိတ် ဖွဲ့က ထုတ်ပြန်ထားပါတယ်။ 


========================


🚩🚩 ၂။ မြိုင် ပကဖနှင့်ကာကွယ်ရေးတပ်များရေလာလေးစခန်းကို မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့


မြိုင် ပကဖနှင့်ကာကွယ်ရေးတပ်များရေလာလေးစခန်းကို မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပါတယ်။


ဇန်နဝါရီ၁၇ရက် စစ်ရေးသတင်းကို မြိုင်ပကဖကအတည်ပြုပါတယ်။


၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ   (၁၅) ရက်နေ့၊(၁၂)နာရီ အချိန်ရေလာလေးစခန်းကိုအီနာဂါ()လုံး မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


ယင်းတိုက်ခိုက်မူတွင်Middle Revolution Task Force(MRTF)၊မြိုင်(ပကဖ)Thu Rain(TR)Young Forceမဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။


ပစ်မှတ်နေရာများသို့ တိကျစွာ ဗုံးသီးချ တိုက်ခိုက်နိုင်ခဲ့ပြီး ရန်သူ့တပ်၏ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲ ဖြစ်ကာ ဒရုန်းတပ်သားများ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။


========================


🚩🚩 ၃။ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာရဲစခန်းမှစကစတပ်များဂမုန်းဆည်တွင် တပ်စွဲထားရာကာကွယ်ရေးတပ်များ ချေမှုန်းတိုက်ခိုက်၍()ဦးသေဆုံး၊ (၁၁)ဦး ဒဏ်ရာရပြီး ဝိုင်းရွာရဲစခန်းအထိ ထွက်ပြေး


ဇန်နဝါရီ ၁၈ရက်


ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၅၀)ခန့်သည် ဂမုန်းဆည်ပေါ်ရှိ ရှင်းလင်းဆောင်တွင် လာရောက်တပ်စွဲနေကြောင်း သတင်းရရှိ၍ ဇန်နဝါရီ (၁၆) ရက်နေ့၊ နံနက်(:၀၀)နာရီခန့်တွင် သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ တပ်ခွဲ ( မြေအောက်ပြောက်ကျား တပ်ဖွဲ့ - အုတ်ဖို) ကျားကြီးစစ်ကြောင်းက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ဇန်နဝါရီ၁၈ရက်စစ်ရေးသတင်းကို ပဲခူးတိုင်းစစ်ဒေသခွဲက အတည်ပြုဖော်ပြပါတယ်။


ထိုတိုက်ခိုက်မှုမှာ (၄၅)မိနစ်ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကာတာဝါတိုင်ကုန်းအနီး လယ်ကွင်းမှ မိုင်းကွင်းအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မျှားခေါ်ရန် တော်လှန်ရေးရဲဘော်များက ပရိယာယ်ဖြင့် ဆုတ်ခွာခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အနောက်မှလိုက်လာကြသဖြင့် မိုင်းကွင်းအရောက်တွင် ပဒေသာမိုင်းများဖြင့် စောင့်ကြို‌ တိုက်ခိုက်ခဲ့ပါတယ်။


ထို့အပြင် ၄၀ မမ၊ လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ အထိနာသွားပြီး သေဆုံးဒဏ်ရာရသူများကို  အရသယ်ကာ ဖရိုဖရဲဖြင့် တပ်ဆုတ်ပြေးသွားခဲ့ပါတယ်။


အဆိုပါ ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးရဲဘော်များက ဇီးခင်း၊ ငှက်ပျောတော၊ ဝိုင်းရွာရဲစခန်း အထိတိုင် လိုက်လံတိုက်ခိုက်ခဲ့သည်။ ၎င်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ()ဦးသေဆုံး၍ (၁၁)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။


 ထို့ပြင် ၎င်းတို့ထံမှ ကျည်ဘောက်၂ခု၊ ကျည်ဆန် ၄၀တောင့်၊ လေးခွ၁လက်နှင့် စစ်အသုံးအဆောင်တချို့ သိမ်းဆည်းရရှိခဲ့ပါတယ်။


========================


🚩🚩 ၄။ စစ်ကောင်စီ စစ်ကြောင်းကို မိုင်းကွင်းထဲ မျှားခေါ်ကာ စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ဦး သေဆုံးပြီး ၁၁ ဦး ဒါဏ်ရာရ


ဇန်နဝါရီ ၁၈။


ပဲခူးတိုင်း၊ အုပ်ဖိုမြို့နယ်၊ ဂမုန်းဆည်ပေါ် ရှင်းလင်းဆောင်တွင် လာရောက်တပ်စွဲ နေထိုင်နေတဲ့ စစ်ကောင်စီတပ်ကို သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး မိုင်းကွင်းကို မျှားခေါ်ကာ ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ဦးသေဆုံးပြီး ၁၁ ဦး ထိခိုက်ဒါဏ်ရာ ရရှိခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း - ၃၈၀၂ က ထုတ်ပြန်ထားပါတယ်။


ဝိုင်းကျေးရွာရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ကျော်ဟာ ဇန်နဝါရီလ ၁၅ ရက်တွင် ဂမုန်းဆည်မှာ လာရောက်တပ်စွဲ ခဲ့တာကြောင့် ၁၆ ရက်နေ့ မနက် နာရီခန့်က သွားရောက်တိုက်ခိုက် ခဲ့ပြီး မိုင်းကွင်းကို မျှားခေါ်ကာ ပဒေသာမိုင်းများဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း - ၃၈၀၂  တပ်ခွဲ မြေအောက်‌ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ဆိုပါတယ်။


အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီ တပ်သားများထံမှ ကျည်ဘောက် ခု၊ ကျည်ဆံ အတောင့် ၄၀ လေးခွ လက်နှင့် စစ်အသုံးအဆောင် အချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ မြေအောက်‌ပြောက်ကျား တပ်ဖွဲ့ တာဝန်ခံ ဗိုလ်တောက်တဲ့က ဆိုပါတယ်။


ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့ကလည်း ဆင်တဲကုန်း ကျေးရွာရှိ ပြည်သူများကို ပြည်သူ့စစ် သင်တန်းတက်ရောက်ရန် အဓမ္မလူစုဆောင်းနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သင်တန်းတက်ရောက်ရမယ့် ပြည်သူ ၃၀ ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ သာယာဝတီ ခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ Black Dragon (GBK-PDF) က သတင်းထုတ်ပြန် ခဲ့ပါတယ်။


========================


🚩🚩 ၅။ စကစတပ်သားသုံးဦးလက်နက်နှင့်တကွ တမူးPDFတပ်ရင်း၄ထံ ခိုလှုံ


စကစတပ်သားသုံးဦးလက်နက်နှင့်တကွ တမူးPDFတပ်ရင်း၄ထံ ခိုလှုံခဲ့တယ်လို့ဇန်နဝါရီ၁၇ရက်မှာ တမူးPDFတပ်ရင်း ကတရားဝင်အသိပေးဖော်ပြပါတယ်။


"MA1 သုံးလက်နဲ့ ပြည့်သူ့ရင်ခွင်သို့ ခိုလှုံလာကြတဲ့ ရဲဘော်သုံးယောက်။ ပြည်သူ့ရင်ခွင်မှ နွေးထွေးစွာ ကြိုဆိုပါတယ်"လို့ဆိုပါတယ်။


လတ်တလောမှာ စကစတပ်ဖွဲ့ဝင်များမှာ လက်နက်နဲ့တကွခိုလှုံသူများပြားလာလျက်ရှိပြီးတော့ ဆုကြေးများကို ကာကွယ်ရေးတပ်ဖွဲ့များကလည်း ပြန်လည်ချီးမြှင့်ပေးအပ်နေပါတယ်။


========================


🚩🚩 ၆။ "ဒေါင်းမင်းစစ်ကြောင်းတွင် တာဝန်ထမ်းဆောင်ရန် ရဲဘော်များ ခေါ်ယူ


ဇန်နဝါရီ၁၈ရက်


"မြန်မာပြည်သူလူထုအား ဖိနှိပ်ရက်စက်နေသည့် စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်တိုက်ထုတ်နိုင်ရန် ဖွဲ့စည်းတည်ထောင်ထားသော 'ဒေါင်းမင်းစစ်ကြောင်း' တွင် ပြည်သူ့ကာကွယ်ရေးတာဝန်များ ထမ်းဆောင်ရန် တပ်ဖွဲ့ဝင်ရဲဘော်များအဖြစ် ဆက်သွယ်ပါဝင်နိုင်ပါတယ်"လို့ ဇန်နဝါရီ၁၈ရက် ဒေါင်းမင်းစစ်ကြောင်းကတရားဝင်အသိပေးဆိုပါတယ်။


ဆက်သွယ်ပါဝင်လိုသော ရဲဘော်များအနေဖြင့်ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဒေါင်းမင်းစစ်ကြောင်းမှ ထုတ်ပြန်ထားသော ပြည်သူ့ကာကွယ်ရေး (PDF) ရဲဘော်များ၏ စစ်သည်တော်ကျင့်ဝတ်များကို လိုက်နာရမည်ဖြစ်ပြီး PDF ရဲဘော်အဖြစ် ဒေါင်းမင်းစစ်ကြောင်းတွင် အနည်းဆုံး()နှစ် တာဝန်ထမ်းဆောင်နိူင်သူ၊တပ်ဖွဲ့တွင် ပါဝင်ထမ်းဆောင်လိုသူများအနေဖြင့် တော်လှန်ရေးနှင့် နိုင်ငံရေးအဝန်းအဝိုင်းထဲမှ တဦးဦး၏ ထောက်ခံကြောင်း အသိအမှတ်ပြုမှုတို့ လိုအပ်မှာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက်  မင်းသီဟန်၊ကိုခန့်နှင့်မင်းစစ်‌သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment