18th JAN 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဇန်နဝါရီလ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ သယံဇာတ မူဝါဒတွေကို စဉ်းစားချမှတ်ဖို့ လိုလာပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြော

📌 ၂။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

📌 ၃။ CRPH ပြည်သူ့ရေးရာ ကော်မတီနှင့် CDM Success Committee တို့နဲ့ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON)တို့ တွေ့ဆုံဆွေးနွေး


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဝဝ ခန့် အိန္ဒိယနိုင်ငံ မီးဇိုရမ်ပြည်နယ်သို့ ထပ်မံရောက်ရှိ

🚩 ၂။ နတ်သံကွင်းသို့ စစ်ကူလာသော တင့်ကား စီးနှင့် သံချပ်ကာ ကားကို ဖျက်ဆီးနိုင်ခဲ့ဟု KNU ကြေညာ

🚩 ၃။ အုတ်ဖိုမြို့နယ် ဂမုန်းဆည်ပေါ် လာရောက်တပ်စွဲသည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ဦး သေဆုံး

🚩 ၄။ လမိုင်းမြို့ရှိ စစ်ကောင်စီ တပ်စခန်းနှင့် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်သား ဦး သေဆုံး

🚩 ၅။ ဘီးလင်းမြို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုရားတဆူနှင့် သာသနာအဆောက်အအုံ နှင့် အိမ် လုံး ပျက်စီး

🚩 ၆။ လောင်းလုံးမြို့တွင် စစ်တပ်က ဒေသခံ ဦးကို သတ်ဖြတ်ကာ နေအိမ် တရာကျော်ကို မီးရှို့ဖျက်ဆီး

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ သယံဇာတ မူဝါဒတွေကို စဉ်းစားချမှတ်ဖို့ လိုလာပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြော


ဇန်နဝါရီလ ၁၇ရက်။

သယံဇာတ မူဝါဒတွေကို စဉ်းစားချမှတ်ကြဖို့ လိုလာပြီဖြစ်တယ်လို့ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှု အဖွဲ့ အစည်းအဝေးမှာ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။


ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှု အဖွဲ့ရဲ့ (/၂၀၂၄) အစည်းအဝေးမှာ အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။


"တော်လှန်ရေး ကာလအတွင်း ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲ အကျပ်အတည်းများကြောင့် ပြည်သူများအနေဖြင့် သယံဇာတအပေါ် ပိုမိုအမှီပြုလာကြသည်ကို အားလုံးသိပြီး ဖြစ်တဲ့အားလျော်စွာ သယံဇာတ ကဏ္ဍတွေဖြစ်တဲ့ သစ်တော/ ပတ်ဝန်းကျင် ကဏ္ဍ၊ ရေနံ/သဘာဝဓာတ်ငွေ့ ကဏ္ဍနဲ့ သတ္တု/ ကျောက်မျက် ကဏ္ဍတွေမှာ မူဝါဒနဲ့ မြေပြင်အခြေအနေ ကိုက်ညီဖို့ လိုအပ်ပါကြောင်း၊ လက်ရှိကာလ အုပ်ချုပ်ရေးယန္တရားနဲ့ လိုက်လျောညီထွေဖြစ်စေဖို့ စီမံခန့်ခွဲရေး နည်းလမ်းအသစ်တွေ တီထွင်ကြံဆပြီး ချမှတ်အကောင်အထည်ဖော် ရတော့မှာဖြစ်ပါကြောင်း၊ ပြည်ထောင်စုအဆင့်က စီမံခန့်ခွဲရမယ့် သယံဇာတ ကိစ္စရပ်တွေနဲ့ တိုင်းအဆင့်က စီမံခန့်ခွဲရမယ့် သယံဇာတ ကိစ္စရပ်တွေကို သေချာ စိစစ်ခွဲခြား သတ်မှတ်ကြပြီး သယံဇာတများ လေလွင့်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင်၊ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားကြရမှာ ဖြစ်သလို ပြည်သူတွေကို တာဝန်ယူမှု /တာဝန်ခံမှုရှိသူများ ဖြစ်စေဖို့  သယံဇာတ မူဝါဒတွေကို စဉ်းစားချမှတ်ကြဖို့ လိုအပ်လာပြီ ဖြစ်ပါကြောင်း" ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။


အစည်းအဝေးကို ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ ဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အတွင်းဝန်များ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့များ၊ ပြည်ထောင်စု အဆင့် သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့၊ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ တယ်လို့ သိရပါတယ်။


========================


📌📌 ၂။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်


ဇန်နဝါရီလ ၁၇ရက်။

အမျိုးသားညီညွတ်ရေး အစိုးရ၊ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟို ကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (/၂၀၂၄) ကို ဇန်နဝါရီ ၁၇ ရက်နေ့ နေ့လယ် နာရီ အချိန်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကား ပြောကြားခဲ့ ပါတယ်။


ထို့နောက် တက်ရောက်လာတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနဲ့ ပတ်သက်လို့ သိရှိလိုတဲ့ အချက်များကို မေးမြန်းခဲ့ကြရာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြား ခဲ့ကြပါတယ်။


အဆိုပါ တွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနဲ့ မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး နေ့လည် နာရီအချိန်မှာ အစည်းဝေးကို ရပ်နားခဲ့ကြပါတယ်။


========================


📌📌 ၃။ CRPH ပြည်သူ့ရေးရာ ကော်မတီနှင့် CDM Success Committee တို့နဲ့ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON)တို့ တွေ့ဆုံဆွေးနွေး


ဇန်နဝါရီလ ၁၇ရက်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ပြည်သူ့ရေးရာကော်မတီနှင့် CDM Success Committee တို့နဲ့ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON) တို့  ဗီဒီယိုကွန်ဖရင့်မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့လယ် ၁၂ နာရီ ခွဲအချိန်က ပြုလုပ်ခဲ့တဲ့ အဆိုပါ တွေ့ဆုံဆွေးနွေးမှုမှာ  မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများ ကောင်စီ (CCSC-MON) က ရှေးဦးစွာ ကောင်စီ ဖွဲ့စည်းထားရှိမှု၊ ရည်ရွယ်ချက်၊ မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့် အစီအမံများကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။


ထို့နောက် ပြည်သူ့ရေးရာကော်မတီနှင့် CDM Success Committee မှ တာဝန်ရှိသူများကကဏ္ဍများအလိုက် လိုအပ်ချက်များအား ပူးပေါင်းဆောင်ရွက်သွားရန်၊ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးဆိုင်ရာ သင်တန်းများကိုလည်း အတတ်နိုင်ဆုံး ချိတ်ဆက်ဆောင်ရွက်သွားရန်၊ CDM ပြုလုပ်မှုသည် နွေဦးတော်လှန်ရေးအတွက် အလွန်အရေးကြီးပြီး အနာဂတ် ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်ရေး အတွက်လည်း အဓိကအင်အားများ ဖြစ်ပါသောကြောင့် တော်လှန်ရေး အောင်မြင်သည် အထိ ဆက်လက်တိုက်ပွဲ ဝင်သွားကြပါရန်အကြံပြုပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး အစည်းအဝေး တက်ရောက်လာကြသူများက အနာဂတ်တွင် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းစဉ်များအား ဆွေးနွေးချမှတ်ခဲ့ကြပါတယ်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း၊ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ CDM Success Committee အတွင်းရေးမှူး ဒေါက်တာဇော်ဝေစိုး၊ တွဲဖက်-အတွင်းရေးမှူး ဒေါက်တာဥက္ကာနှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON) မှ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ကောင်စီဝင်များ တက်ရောက်ခဲ့ ကြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဝဝ ခန့် အိန္ဒိယနိုင်ငံ မီးဇိုရမ်ပြည်နယ်သို့ ထပ်မံရောက်ရှိ


ဇန်နဝါရီလ ၁၇ရက်။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြန်မာစစ်သား ၃ဝဝ ခန့် အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ကို ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေပိုင်းမှာ ထပ်မံရောက်ရှိလာတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။ 


စစ်ကောင်စီလက်အောက်ခံ မြန်မာစစ်သား ၂၇၈ ဦးဟာ မြန်မာနိုင်ငံဘက်မှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် မီဇိုရမ်ပြည်နယ် လောင်တခရိုင် ဘန်ဒို့ဘာန်းကျေးရွာကို ထွက်ပြေးလာခဲ့ပြီး အာသံရိုင်ဖယ်တပ်ဖွဲ့ထံမှာ လက်နက်ချ ခိုလှုံခဲ့ကြတယ်လို့ ဒေသတွင်းသင်းဌာန The Lawngtlai Post မှာ ဖော်ပြထားပါတယ်။ 


 အိန္ဒိယဘက်ထွက်ပြေးလာတဲ့ မြန်မာစစ်သား ၂၇၈ ဦးဟာ လက်ရှိအချိန်မှာ အိန္ဒိယနယ်စပ်လုံခြုံရေးတပ်ဖွဲ့ တွေရဲ့ကြီးကြပ်မှုအောက်မှာရှိနေပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ မီဇိုရမ်ပြည်နယ်အခြေစိုက် Changhma Times သတင်းဌာနကလည်း ဇန်နဝါရီလ ၁၇ ရက်နေ့ နာရီခန့်မှာ ရုပ်သံနဲ့တကွ အသိပေး ထားပါတယ်။ 


ချင်းပြည်နယ်အတွင်းမှာ ဖြစ်ခဲ့တဲ့တိုက်ပွဲတွေကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရာချီပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ဘက် ထွက်ပြေးခဲ့ဘူးပါတယ်။ 


၂ဝ၂၃ ခုနှစ် နိုဝင်ဘာလကနေ ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလအစောပိုင်းအထိ အိန္ဒိယနိုင်ငံဘက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဝဝ ကျော်ရှိခဲ့ပြီး အိန္ဒိယအစိုးရက မြန်မာစစ်တပ်ထံ ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ နတ်သံကွင်းသို့ စစ်ကူလာသော တင့်ကား စီးနှင့် သံချပ်ကာ ကားကို ဖျက်ဆီးနိုင်ခဲ့ဟု KNU ကြေညာ


ဇန်နဝါရီလ ၁၇ရက်။

ပဲခူးတိုင်း ပဲနွယ်ကုန်းမြို့ကနေ နတ်သံကွင်းဘက်ကို စစ်ကူလာတဲ့ တင့်ကား စီးနဲ့ သံချပ်ကာ ကားတစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဇန်နဝါရီလ ၁၇ ရက်မှာ ကြေညာလိုက်ပါ တယ်။


ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် ပဲနွယ်ကုန်းမြို့ကနေ နတ်သံကွင်းမြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ တင့်ကား နဲ့ သံချပ်ကာကား ယာဉ်တန်းကို ဇန်နဝါရီလ ရက်၊ ရက်နဲ့ ရက်နေ့တို့မှာ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်နဲ့ တောင်လှန်ရေးပူးပေါင်းအဖွဲ့တွေက တင့်ဖျက်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ အသိပေးထားပါတယ်။


KNU နဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ မိုင်းခွဲတိုက်ခိုက်မှုကြောင့် တင့်ကားတစီး ပက်လက်လန်သွားကာ သံချပ်ကာ ကားမှာ ရှေ့ပိုင်းတခုလုံး ပျက်စီးသွားတဲ့အတွက် ပဲနွယ်ကုန်းမြိုအတွင်းကို ကရိန်းကားနဲ့ဆွဲသွားခဲ့တယ်လို့ဆိုပါတယ်။


ထို့အပြင် နတ်သံကွင်းမြို့အနီးမှာလည်း တင့်ကားပျက်တစီးရောက်နေတယ်လို့လည်း KNU ထုတ်ပြန်ချက် အရ သိရပါတယ်။ 


ရှမ်းမြောက်ဒေသတိုက်ပွဲတွေမှာ ညီနောင်မဟာမိတ် ဖွဲ့က တင့်ကားနဲ့ သံချပ်ကာ ကား ၁ဝ စီးထက်မနည်း တိုက်ခိုက်သိမ်းပိုက်ထားသလို ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း ရခိုင့်တပ်တော် AA က ပလက်ဝဒေသမှာရှိတဲ့ စစ်ကောင်စီစခန်းတခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာလည်း စစ်ကောင်စီရဲ့ သံချပ်ကာ ကားတစီးကို သိမ်းပိုက်ရရှိထားပါတယ်။


========================


🚩🚩 ၃။ အုတ်ဖိုမြို့နယ် ဂမုန်းဆည်ပေါ် လာရောက်တပ်စွဲသည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ဦး သေဆုံး


ဇန်နဝါရီလ ၁၇ရက်။

ပဲခူးတိုင်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် ဂမုန်းဆည်ပေါ်မှာ လာရောက်တပ်စွဲတဲ့ စစ်ကောင်စီတပ်ကို မျှားခေါ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦး သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း - ၃၈၀၂ က ထုတ်ပြန်ထားပါတယ်။ 


အုတ်ဖိုမြို့နယ် ဝိုင်းကျေးရွာရဲစခန်းက အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅ဝ ခန့်ဟာ ဇန်နဝါရီလ ၁၆ ရက်နေ့မနက်ပိုင်းက ဂမုန်းဆည်ပေါ် ကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရှင်းလင်းဆောင်မှာတပ်စွဲ နေတဲ့အတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါနေရာမှာ အပြန်အလှန် တိုက်ခိုက်မှုဟာ ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး မိုင်းကွင်းတွေရှိရာနေရာကို  အကြမ်းဖက်စစ်ကောင်စီတပ် မြှားခေါ်ခဲ့တယ်လို့ ဆိုပါတယ်။


အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ဆုတ်ခွာသွားပြီအထင်နဲ့ လိုက်လံ ပစ်ခတ်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းကွင်းထဲရောက်လာချိန် ပဒေသာမိုင်းများကိုဖောက်ခွဲ‌ပြီး ၄ဝ မမ၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ အထိနာပြီး ကစဉ့်ကလျား ဆုတ်ခွာသွားကြတယ်လို့ သိရပါတယ်။


ဖရိုဖရဲဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဇီးခင်း၊ ငှက်ပျောတောနဲ့ ဝိုင်းရဲစခန်းအထိ ပြည်သူ့ကာကွယ် ရေး ရဲဘော်တွေ လိုက်လံတိုက်ခိုက်ခဲ့ရာမှာ စစ်သား ဦးသေဆုံးပြီး ၁၁ ဦး ပြင်းထန်ဒဏ်ရာရရှိကာ ထွက်ပြေးသွားတဲ့ စစ်သားတွေဆီက ကျည်ဘောက် ခု၊ ကျည် အတောင့် ၄ဝ လေးခွတလက်နဲ့ စစ်အသုံး အဆောင်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။


အဆိုပါတိုက်ခိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ မြေအောက်ပြောက်ကျားတပ်ဖွဲ့ အုတ်ဖိုရဲ့ ကျားကြီးစစ်ကြောင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။


========================


🚩🚩 ၄။ လမိုင်းမြို့ရှိ စစ်ကောင်စီ တပ်စခန်းနှင့် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်သား ဦး သေဆုံး


ဇန်နဝါရီလ ၁၇ရက်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ရှိ စစ်ကောင်စီ တပ်စခန်းနဲ့ စစ်ဆေးရေးဂိတ်တို့ တိုက်ခိုက် ခံရပြီး စစ်ကောင်စီ တပ်သား ဦးသေဆုံးခဲ့တယ်လို့ ရေးဘီလူး အဖွဲ့ထံက သိရပါတယ်။


ဇန်နဝါရီလ ၁၇ ရက်နေ့ မနက် နာရီခန့်က လမိုင်းမြို့ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ - ၁၀၆) စခန်းကို သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ဦး သေဆုံးခဲ့တယ်လို့ ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။


ထို့အပြင် အဆိုပါ (ခလရ - ၁၀၆) တပ်ရင်းကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် ရေး၊ မော့ကနင် လမ်းမပေါ်ရှိ စစ်ဆေးမှုများနဲ့ ငွေကြေးတောင်းခံမှုများ ပြုလုပ်နေတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် ကိုလည်း ဝင်ရောက်တိုက်ခိုက်ပြီး မီးရှို့ရှင်းလင်းခဲ့တယ်လို့ ရေးဘီလူးက ဆက်ပြောပါတယ်။


ဒီမနက် နာရီအကျော်မှာ ၁၀၆ တပ်ထဲကို ဝင်ပစ်တယ်။ တပ်ဖွင့်ချိန် ဝင်ပစ်ပြီး တပ်သား ဦးကျတယ်။ ဒဏ်ရာရသွားတဲ့ သူတွေလည်း ရှိတယ်။ ကျနော်တို့ ဘက်ကတော့ အထိအခိုက်မရှိဘဲ ဆုတ်လာနိုင်ခဲ့တယ်၊ ပြန်ဆုတ်လာပြီးတော့ မော့ကနင်မြို့ထိပ်မှာရှိတဲ့ စကစက ပိုက်ဆံတွေ ကောက်ပြီး စစ်ဆေးနေတဲ့ ဂိတ်ကိုလည်း ကျနော်တို့ မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ဆိုပါတယ်။


အဆိုပါ ပစ်ခတ်ခံခဲ့ရတဲ့ တပ်စခန်း အတွင်းရှိ စစ်ကောင်စီ တပ်သားများ အနေဖြင့် တပ်ပြင် မထွက်ရဲသလို စစ်ဆေးရေး စခန်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှာလည်း ဂိတ်စခန်းကို စွန့်ခွာထွက်ပြေး သွားကြတယ်လို့ သိရပါတယ်။


ရေးဘီလူးအဖွဲ့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က စတင်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ အထူးစစ်ဆင်ရေး တပ်ဖွဲ့ - SOF တပ်ခွဲတစ်ခု အဖြစ် စတင်တာဝန် ထမ်းဆောင်နေတဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။


========================


🚩🚩 ၅။ ဘီးလင်းမြို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုရားတဆူနှင့် သာသနာအဆောက်အအုံ နှင့် အိမ် လုံး ပျက်စီး


ဇန်နဝါရီလ ၁၇ရက်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာအတွင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက် မှုနဲ့ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့် ဘုရားတဆူ၊ သာ့သနာ့အဆောက်အအုံတလုံးနဲ့ အိမ် လုံး ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။ 


ဇန်နဝါရီလ ၁၅ ရက်နေ့ နာရီကျော်အချိန်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် ခြေမြန်တပ်ရင်းက ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာကို လက်နက်ကြီး တလုံးပစ်ခတ်ခဲ့ရာ ဒေသအခေါ် သာလည်ထ နေရာ မှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဘုန်းကြီးကျောင်းနဲ့စေတီ ကျည်စထိမှန် ပျက်စီးခဲ့တယ်လို့ အသိပေး ထားပါတယ်။ 


ထို့အတူ ဒီဇင်ဘာလ ၃၁ ရက်နေ့မနက်ပိုင်းကလည်း စစ်ကောင်စီရဲ့ Mi-35P အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ်တစင်းက ဝင်းတာပန်စခန်းအနီးတဝိုက်ကို တနာရီကြာ စက်သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ဝင်းတာပန်ကျေးရွာက အိမ် လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။


အလားတူ ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်းမှာလည်း ဝင်းတာပန်စခန်းကနေ ပစ်ခတ်တဲ့လက်နက်ကြီး ကျည် တလုံး ဝင်းတာပန်ကျေးရွာမှာ ပေါက်ကွဲခဲ့တာကြေင့် နေအိမ်တလုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


လက်ရှိအချိန်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တို့ကြား တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဖြစ်နေတာကြောင့် စစ်ရေးဆိုင်ရာသတင်းတွေကို လုံခြုံရေးအခြေအနေကြောင့် အချိန်နဲ့ တပြေးညီမထုတ်ပြန်နိုင်တဲ့အကြောင်းလည်း  KNU ဗဟိုက အသိပေးထားပါတယ်။


========================


🚩🚩 ၆။ လောင်းလုံးမြို့တွင် စစ်တပ်က ဒေသခံ ဦးကို သတ်ဖြတ်ကာ နေအိမ် တရာကျော်ကို မီးရှို့ဖျက်ဆီး


ဇန်နဝါရီလ ၁၇ရက်။

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ဒေသခံပြည်သူ ဦးကို သတ်ဖြတ်ကာ ကျေးရွာ ရွာမှ နေအိမ် ၁၃၂ လုံးကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF က ထုတ်ပြန်ထားပါတယ်။ 


လောင်းလုံးမြို့ပေါ်မှာ ဒီဇင်ဘာလ ၂ဝ ရက်နေ့က တိုက်ပွဲဖြစ်ပြီးတဲ့နောက် အကြမ်းဖက်စစ်တပ်က ကုန်းကြောင်း ရေကြောင်းကနေ လောင်းလုံးမြို့နယ်အောက်ပိုင်းမှာရှိတဲ့ရွာတွေကို ပါတ်ခန့် စစ်ကြောင်းထိုး ခဲ့တယ်လို့ သိရပါတယ်။


အဲဒီလို စစ်ကြောင်းထိုးရာမှာ ကျေးရွာတွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ ရိုက်နှက်ဖျက်ဆီးတာတွေ လုပ်ခဲ့ပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုပြီး ဇန်နဝါရီလ ၁၄ ရက်မှာ ရေကြောင်းကနေ ပြန်လည်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။


စစ်ကောင်စီတပ် စစ်ကြောင်းထိုးခဲ့မှုကြောင့် စစ်ပြဲကျေးရွာမှ အိမ် လုံး၊ လေးသွန်ခံရွာမှအိမ် ၁၃ လုံး၊ သပြေရှောင်ရွာမှ အိမ်တလုံး၊ ဟင်းချိုတောရွာမှ အိမ် လုံး၊ သန်လျင်ရွာမှ အိမ် လုံး၊ သကျက်တော ရွာမှ အိမ် လုံး၊ ညောပြင်ရွာမှ အိမ် ၉၈ လုံးနဲ့ အောက်ကျောက်ဝပ်ရွာမှ အိမ် လုံးကို မီးရှိဖျက်ဆီးခဲ့တယ်လို့ LLPDF က အသိပေးထားပါတယ်။


ထို့အပြင် စစ်ပြဲရွာ၊ လေးသွန်ခံရွာနဲ့ အောက်ကျောက်ဝပ်ရွာတို့က ဒေသခံပြည်သူ ၃ဦးကိုလည်း အကြောင်းမဲ့ သတ်ဖြတ်သွားတယ်လို့ ပြောပါတယ်။ 


အဆိုပါစစ်ကြောင်းကြောင့် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပိုင် စခန်းတခုလည်း ဆုံးရှုံးခဲ့ရ တယ်လို့ သိရပါတယ်။


မီးရှို့ဖျက်ဆီးခံရတဲ့ အိုးအိမ်တွေနဲ့ အသက်ဆုံးရှုံးခဲ့ရတဲ့ ဒေသခံပြည်သူ ဦးအတွက် ၎င်းတို့ မိသားဝင်များနဲ့ ထပ်တူ ဝမ်းနည်းရပါတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF က ထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment