19th JAN 2024 - Evening Daily News by Radio NUG

 

၂၀၂၄ ဇန်နဝါရီလ ၁၉ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကာကွယ်ရေးဝန်ကြီးဌာနမှ(၁၉)ကြိမ်မြောက် ပို့ပေးသော ထောက်ပံ့ငွေ သိန်း ၈၀ကျပ်ကို တမူးPDFတပ်ရင်း၄လက်ခံရရှိ

📌 ၂။ အကြမ်းဖက်စစ်ကောင်စီဟာ "နေရာပြောင်းအကွက်ရွေ့ရင်လည်း စနစ်ပြောင်းဖို့တိုက်ပွဲဝင်နေတဲ့သူတွေကတော့ သဘောပေါက်ပြီးသား"ဖြစ်တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြား

📌 ၃။ သိမ်းပိုက်ထားတဲ့မြို့များကို TNLAခေါင်းဆောင်များဆက်တိုက် ကွင်းဆင်းကြည့်ရှု၍ ကြီးကြပ်

📌 ၄။ မန္တလေးမြို့၊မန်းမြို့ဈေးက ဆယ်သန်းရွှေဆိုင် ကို သေနတ်ပြ၍ အမျိုးသားသုံးဦးကသိန်းခြောက်ထောင်ဖိုးရှိ ရွှေထည်ပစ္စည်းများလုယူသွား


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပလက်ဝဒေသအခြေစိုက် စစ်ကောင်စီရှေ့တန်ဌာနချုပ်မှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ AA ထုတ်ပြ

🚩 ၂။ ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၌ ၂၀၂၃ ခုနှစ်အတွင်း တိုက်ပွဲပေါင်း လေးထောင့်ခြောက်ရာကျော်ဖြစ်ပွားခဲ့ပြီး စကစအရာရှိအရာခံအပါအဝင် တပ်သား စုစုပေါင်းငါးထောင်သေဆုံး

🚩 ၃။ ကရင်ပြည်နယ် မြဝတီမြို့ လက်ခတ်တောင်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေထပ်မံဗုံးကြဲချ

🚩 ၄။ မိုးမိတ်မြို့၊ အုန်ကျော်၊ ရွှေဆာလီရွာအနီးတဝိုက်ကို စကစတပ်ကလေကြောင်းတိုက်ခိုက်မှု ၁၆ကြိမ် လာရောက်တိုက်ခိုက်

🚩 ၅။ မိုးမိတ်မြို့ ရဲစခန်းနှင့် ဌာနဆိုင်ရာ ရုံးများကို KIA , PDF ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

🚩 ၆။ ရေစကြိုမြို့ရှိ ထွေအုပ်ရုံးနှင့် စစ်မှုထမ်းဟောင်းရုံးကို တိုက်ခိုက်မှု စစ်သား ဦးသေဆုံးကာ ဦးဒဏ်ရာရ

🚩 ၇။ ရေစကြိုဒေသခံ ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် စစ်ကောင်စီတပ် ဖမ်းဆီးထား

🚩 ၈။ လွိုင်ကော်အကျဉ်းထောင်အတွင်းရှိ စစ်ကောင်စီတပ်သားတွေ ပြည်သူနဲ့ ပူးပေါင်းဖို့ ဗိုလ်ကြီး နေမျိုးဇင် ဖိတ်ခေါ်မှုကို လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး တုန့်ပြန် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကာကွယ်ရေးဝန်ကြီးဌာနမှ(၁၉)ကြိမ်မြောက် ပို့ပေးသော ထောက်ပံ့ငွေ သိန်း ၈၀ကျပ်ကို တမူးPDFတပ်ရင်း၄လက်ခံရရှိ


ဇန်နဝါရီ၁၉ရက်


ကာကွယ်ရေးဝန်ကြီးဌာနမှ(၁၉)ကြိမ်မြောက် ပို့ပေးသော ထောက်ပံ့ငွေ သိန်း ၈၀ကျပ်ကို တမူးPDFတပ်ရင်း၄လက်ခံရရှိခဲ့ပါတယ်။


ဇန်နဝါရီလအတွင်း တမူးPDFတပ်ရင်း၄ကတရားဝင်အသိပေးဆိုပါတယ်။


"MOD မှ (၁၉)ကြိမ်မြောက် ပို့ပေးသော ထောက်ပံ့ငွေ သိန်း ၈၀ တိတိအား လက်ခံရရှိပါတယ်"လို့ဖော်ပြပါတယ်။


၂၀၂၃ဒီဇင်ဘာလအတွင်း ထောက်ပို့တာဝန်ထမ်းဆောင်ခြင်း အနှစ်ချုပ်ကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF ကထုတ်ပြန်ရာမှာ တစ်နိူင်ငံလုံး ထောက်ပို့တပ်သား၁၁၀၉၈ဦးမှ ခန့်မှန်းအမေရိကန်ဒေါ်လာ၄၁၁၀၁၈ဒေါ်လာ ထည့်ဝင်ခဲ့ကြပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်ကောင်စီဟာ "နေရာပြောင်းအကွက်ရွေ့ရင်လည်း စနစ်ပြောင်းဖို့တိုက်ပွဲဝင်နေတဲ့သူတွေကတော့ သဘောပေါက်ပြီးသား"ဖြစ်တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြား


ဇန်နဝါရီ၁၉ရက်


အကြမ်းဖက်စစ်ကောင်စီဟာ "နေရာပြောင်းအကွက်ရွေ့ရင်လည်း စနစ်ပြောင်းဖို့တိုက်ပွဲဝင်နေတဲ့သူတွေကတော့ သဘောပေါက်ပြီးသား"ဖြစ်တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းက ဇန်နဝါရီ၁၉ရက် နေ့မှာ ဆိုရှယ်မီဒီယာမှ တစ်ဆင့်  ပြောကြားလိုက်ပါတယ်။


"နေရာပြောင်းအကွက်ရွေ့ရင်လည်း စနစ်ပြောင်းဖို့တိုက်ပွဲဝင်နေတဲ့သူတွေကတော့ သဘောပေါက်ပြီးသား"လို့ဝန်ကြီးကဆိုပါတယ်။


လတ်တလောမှာ ဇန်နဝါရီလအတွင်းတပ်ထောက်ခံပွဲတချို့တွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အစား ဒုခေါင်းဆောင်ကို နေရာလွှဲရန် မဘသဘုန်းကြီးတချို့ကတောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။


========================


📌📌 ၃။ သိမ်းပိုက်ထားတဲ့မြို့များကို TNLAခေါင်းဆောင်များဆက်တိုက် ကွင်းဆင်းကြည့်ရှု၍ ကြီးကြပ်


ဇန်နဝါရီ၁၉ရက်


သိမ်းပိုက်ထားတဲ့မြို့များကို TNLAခေါင်းဆောင်များဆက်တိုက် ကွင်းဆင်းကြည့်ရှု၍ ကြီးကြပ်ခဲ့ပါတယ်။


ဇန်နဝါရီ၁၉ရက်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAကတရားဝင်အသိပေးဖော်ပြပါတယ်။

 

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး() ဗိုလ်မှူးကြီး တားအိုမ်တမာဝ်းနှင့် အုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးကြီး တားဂူဇားတို့ နမ္မတူမြို့နယ်အတွင်းသွားရောက်ကြည့်ရှု့ကြီးကြပ်ခဲ့တယ်လို့ ဓာတ်ပုံနဲ့တကွဖော်ပြပါတယ်။


ပြီးခဲ့သည့်ရက်ပိုင်းကလည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်၊ တွဲဖက်အတွင်းရေးမှူး() ဗိုလ်မှူးကြီး တားအိုမ်တမာဝ်းနှင့် အုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးကြီး တားဂူဇားတို့ ကွတ်ခိုင်မြို့နယ်အတွင်းသွားရောက်ကြည့်ရှု့ကြီးကြပ်ခဲ့ပါတယ်။


========================


📌📌 ၄။ မန္တလေးမြို့၊မန်းမြို့ဈေးက ဆယ်သန်းရွှေဆိုင် ကို သေနတ်ပြ၍ အမျိုးသားသုံးဦးကသိန်းခြောက်ထောင်ဖိုးရှိ ရွှေထည်ပစ္စည်းများလုယူသွား


မန္တလေးမြို့၊မန်းမြို့ဈေးက ဆယ်သန်းရွှေဆိုင် ကို သေနတ်ပြ၍ အမျိုးသားသုံးဦးကသိန်းခြောက်ထောင်ဖိုးရှိ ရွှေထည်ပစ္စည်းများလုယူသွားတယ်လို့သတင်းရရှိပါတယ်။


ဇန်နဝါရီ၁၉ရက် မနက်၈နာရီ ဆိုင်ကယ်စီးလာတဲ့အမျိုးသား ဦးက ဆိုင်ထဲကိုဝင်ရောက်လုယက်သွားတာလို့ ဒေသခံ သတင်းအရင်းအမြစ်များကအတည်ပြုဆိုပါတယ်။


၄င်းသုံးဦးစလုံးဟာအမျိုးသားများဖြစ်ကြပြီးမျက်နှာတွင် နှာခေါင်းစည်းများတပ်ဆင်ထားကြပါတယ်။


တစ်ဦးတွင် ပစ္စတိုသေနတ်တစ်လက်ကိုင်ဆောင်ထားကာ သေနတ်ပြ၍ ရွှေထည်များကို ယူဆောင်သွားတာလို့ဆိုပါတယ်။


ရွှေဆိုင်အတွင်းမှ  ရွှေလက်ကောက်၅၀၂ကွင်း၊ ရွှေဆွဲပြား ၃၆၅ပြား စုစုပေါင်းအလေးချိန် ရွှေ ၂ပိဿခန့်  ကာလတန်ဖိုး သိန်း ၆၀၀၀ ကျပ်ခန့်နဲ့ ငွေသား သိန်း ၂၀၀ ပါသွားတယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီးဟန်နှင့်မင်းစစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


🚩🚩 ၁။ ပလက်ဝဒေသအခြေစိုက် စစ်ကောင်စီရှေ့တန်ဌာနချုပ်မှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ AA ထုတ်ပြ


ဇန်နဝါရီလ ၁၈ရက်။

ချင်းပြည်နယ် ပလက်ဝဒေသမှာ အခြေစိုက်တဲ့ စစ်ကောင်စီရှေ့တန်းစခန်းက သိမ်းဆည်းရမိတဲ့ လက်နက် ခဲယမ်းနဲ့ စစ်သုံးယာဉ်တွေကို ရခိုင့်တပ်တော် AA က ဇန်နဝါရီလ ၁၈ ရက်မှာ ထုတ်ဖော်ပြသလိုက်ပါတယ်။ 


ပလက်ဝဒေသအခြေစိုက် အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီတပ်၏ ရှေ့တန်းတပ်မဌာနချုပ်ဖြစ်သော ခလရ ၂၈၉ စကခ -၁၉ တို့အား ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများဆိုပြီး ဓာတ်ပုံမှတ်တမ်းနဲ့တကွ ထုတ်ဖော်ပြသလိုက် တာဖြစ်ပါတယ်။ 


ပလက်ဝမြို့ပတ်ဝန်းကျင်မှာရှိတဲ့ ခလရ ၂၈၉ တပ်ရင်းဌာနချုပ်၊ စကခ -၁၉ ရှေ့တန်းတပ်မဌာနချုပ်နဲ့ တပ်မ ၁၁ လက်အောက်ခံတပ်ရင်းတွေဟာ ပလက်ဝမြို့ကို ဗဟိုပြုပြီး တပ်ဖြန့်ထားတာဖြစ်တယ်လို့ သိရပါတယ်။ 


ခလရ ၂၈၉ တပ်ရင်းဌာနချုပ်ဟာ ပလက်ဝဒေသတခုလုံးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးကွပ်ကဲနေတဲ့ အဓိကတပ်မဌာနချုပ်တခုဖြစ်ပြီး တပ်မမှူးများ ပူးတွဲကြီးကြပ်ကွပ်ကဲနေတဲ့ စစ်ဗျူဟာကုန်းကြီးဖြစ်တယ်လို့လည်း AA က အသိပေးထားပါတယ်။ 


ပလက်ဝမြို့နယ်တခုလုံးမှာရှိတဲ့ စစ်ကောင်စီစတပ်ခန်းအားလုံးကို ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ရခိုင့်တပ်တော် AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ 


ချင်းပြည်နယ် ပလက်ဝမြို့နယ်တခုလုံးမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်အားလုံးကို တိုက်ခိုက်သိမ်းပိုက် ခဲ့ပြီးတဲ့နောက် ပလက်ဝမြို့နယ်တခုလုံး စစ်တပ်ကင်းစင်နယ်မြေဖြစ်ခဲ့ပြီ ရခိုင့်တပ်တော် AA ကဇန်နဝါရီ၁၄ရက်မှာ ကြေညာ ထားပါတယ်။


========================


🚩🚩 ၂။ ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၌ ၂၀၂၃ ခုနှစ်အတွင်း တိုက်ပွဲပေါင်း လေးထောင့်ခြောက်ရာကျော်ဖြစ်ပွားခဲ့ပြီး စကစအရာရှိအရာခံအပါအဝင် တပ်သား စုစုပေါင်းငါးထောင်သေဆုံး


ဇန်နဝါရီလ (၁၈) ရက်။

ဇန်နဝါရီလ ၁၈ရက်မှာ စစ်ရေးအနှစ်ချုပ်ကို ကေအဲန်ယူဗဟိုကအသိပေးဆိုပါတယ်။


ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေများ၌ ၂၀၂၃ ခုနှစ် အတွင်း မိမိတို့၏ နယ်မြေအတွင်းသို့ ဝင်ရောက်ကျူးကျော်တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့၏ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲကြီးတိုက်ပွဲငယ် (စခန်းသိမ်းတိုက်ပွဲ၊ ရင်ဆိုင်တိုက်ပွဲ၊ ပျောက်ကြားတိုက်ပွဲနှင့် ဒရုန်းစစ်ဆင်ရေး) စုစုပေါင်း (,၆၂၃) ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။


ထိုတိုက်ပွဲ (,၆၂၃) ကြိမ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှာ အရာရှိအရာခံအပါ အဝင် တပ်သား စုစုပေါင်း ((,၀၀၅) သေဆုံးပြီး (,၃၄၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့၏ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များဘက်မှ တိုင်းပြည်နှင့်လူမျိုးအတွက် (၁၅၄) ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး (၅၉၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


တိုက်ပွဲများအတွင်း အဘက်ဘက်မှ ရှုံးနိမ့်လာရသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ လည်း ပြည်သူလူထုများအား အညှိုးကြီးစွာ ရန်သူသဖွယ် ပစ်မှတ်ထားပြီး လက်နက်ကြီး ပစ်ခတ်တိုက် ခိုက်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် အမျိုးမျိုးသော အကြမ်းဖက် လုပ်ရပ်များကို တစ်နေ့ တစ်ခြား တိုးမြှင့်လုပ်ဆောင်လာသည့်အတွက် ကော်သူးလေအုပ်ချုပ် နယ်မြေအတွင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူ (၇၅၁,၆၆၉) ဦးအထိရှိလာပြီဖြစ်ပါတယ်။


========================


🚩🚩 ၃။ ကရင်ပြည်နယ် မြဝတီမြို့ လက်ခတ်တောင်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေထပ်မံဗုံးကြဲချ


ဇန်နဝါရီလ ၁၈ရက်။

ဇန်နဝါရီလ ၁၈ရက်ညပိုင်းမှာ စကစဘက်က ကရင်ပြည်နယ် မြဝတီမြို့ လက်ခတ်တောင်ကို လေယာဥ်နဲ့ဗုံးကြဲချခဲ့ရာ မြေကြီးတုန်ခါမှုပင်ရှိကြောင်းဒေသခံ သတင်းအရင်းအမြစ်များထံကသိရပါတယ်။

အဆိုပါဗုံးကြဲမှု၏ အသံကို ခံစားရကြောင်း ထိုင်းနိုင်ငံဘက်ခြမ်း လူမှုရေးအဖွဲ့လှုပ်ရှားသူများကလည်း လူမှုကွန်ရက်မှာရေးသားထားပါတယ်။


ယခင်ရက်များကလည်း လက်ခတ်တောင်အနီး စကစတပ်မှလေကြောင်းတိုက်ခိုက်မှုများ ရက်ဆက်လာရောက်တိုက်ခိုက်ခဲ့ပါတယ်။


လက်ခတ်တောင်ပေါ်ရှိ စခန်းကုန်းကို ကရင်အမျိုးသားအစည်းရုံး (KNU) လက်အောက်ခံတပ်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ပူးပေါင်းကာ ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်ပိုင်းတွင် သိမ်းပိုက်ထားခြင်းဖြစ်ပါတယ်။


========================


🚩🚩 ၄။ မိုးမိတ်မြို့၊ အုန်ကျော်၊ ရွှေဆာလီရွာအနီးတဝိုက်ကို စကစတပ်ကလေကြောင်းတိုက်ခိုက်မှု ၁၆ကြိမ် လာရောက်တိုက်ခိုက်


ဇန်နဝါရီလ ၁၈ ရက်

တအာင်းပြည်နယ်၊ တပ်မဟာ()စစ်ဒေသ၊ မိုးမိတ်မြို့နယ် စစ်ကောင်စီတပ်မှ ဇန်နဝါရီလ ၁၈ရက် တစ်ရက်အတွင်း နံနက် (၈း၄၉)နာရီမှ နေ့လည် (၁၂း၂၈)နာရီအချိန်ထိ မိုးမိတ်မြို့၊ အုန်ကျော်၊ ရွှေဆာလီရွာအနီးတဝိုက်တွင် Jet Fighter ဖြင့် ()ကြိမ်၊ ART-72 ဖြင့် ()ကြိမ်၊ Y12 ဖြင့် ()ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


ပြီးခဲ့တဲ့ ဇန်နဝါလရီလ ၁၁ ရက်နေ့တွင် အပစ်ခတ်ရပ်စဲရေးလက်မှတ် ထိုးခဲ့ပြီးနောက်၊ ဇန်နဝါရီလ ၁၈ ရက်နေ့အထိ စစ်ကောင်စီတပ်မှ မိုးမိတ်၊ ကျောက်မဲ၊ မိုးကုတ်၊ လားရှိုးမြို့နယ်သို့ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လျက်ရှိပါတယ်။


စစ်ကောင်စီ၏ လုပ်ရပ်သည် အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို အကြိမ်ကြိမ်ချိုးဖောက်ခြင်းဖြစ်တယ်လို့PSLF/TNLAကဆိုထားပါတယ်။


========================


🚩🚩 ၅။ မိုးမိတ်မြို့ ရဲစခန်းနှင့် ဌာနဆိုင်ရာ ရုံးများကို KIA , PDF ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်


ဇန်နဝါရီ ၁၈။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ရှိ ရဲစခန်းကို KIA , PDF ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီလ ၁၈ ရက် နေ့လယ် ၁၂ နာရီအချိန်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။


ဇန်နဝါရီလ ၁၈ ရက် မနက် နာရီခန့်က စတင်ပြီး မိုးမိတ်မြို့အနီးရှိ အာသံ၊ ရွှေဇာလီနှင့် အုန်းကြောရွာတို့မှာ စစ်ကောင်စီတပ်နဲ့ KIA , PDF တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။


အခုလောလောဆယ်က ရဲစခန်းကို ပူပေါင်းတပ်ဖွဲ့က ထိန်းချုပ်လိုက်ပြီ။ ကျန်တဲ့ ဌာနဆိုင်ရာ အားလုံးလည်းပါတယ်။ စစ်တပ်ရဲ့ တပ်စခန်း ခလရ ၂၂၃၊ ၂၇၆၊ ၃၄၈ တပ်စခန်းကို ဆက်တိုက်နေ‌တယ်လို့ ပူးပေါင်းတပ်နဲ့ နီးစပ်သူတစ်ဦးက ၁၈ ရက်နေ့ နေ့လယ် က MPN Media ကို ဖြေဆိုထားပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းအသုံးပြုပြီး ဗုံး လုံး ကြဲချ တိုက်ခိုက်ခဲ့ တာကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့ပြီး လက်နက်ကြီး ပစ်ခတ်မှုများကြောင့် နေအိမ်တစ်လုံးနဲ့ ရုပ်ရှင်ရုံ အဟောင်းတစ်ခု မီးလောင်ခဲ့တယ်လို့လည်း ဒေသခံတွေ ထံက သိရပါတယ်။


စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံ အရပ်သား ပြည်သူများ ထိခိုက်ဒါဏ်ရာ ရရှိမှု အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။


========================


🚩🚩 ၆။ ရေစကြိုမြို့ရှိ ထွေအုပ်ရုံးနှင့် စစ်မှုထမ်းဟောင်းရုံးကို တိုက်ခိုက်မှု စစ်သား ဦးသေဆုံးကာ ဦးဒဏ်ရာရ


ဇန်နဝါရီလ ၁၈ရက်။

မကွေးတိုင်း ရေစကြိုမြို့မှာရှိတဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ စစ်မှုထမ်းဟောင်းရုံးကို ပြည်သူ့ ကာကွယ်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးသေဆုံးပြီး ဦး ဒဏ်ရာရရှိ သွားတယ်လို့ Myingyan Black Tiger -MBT က ထုတ်ပြန်ပါတယ်။ 


စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲရာနေရာတွေဖြစ်တဲ့ ရုံးပေါင်းစုံ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ ငြိမ်းဇာနည် အမည်ရှိတဲ့ စစ်မှုထမ်းဟောင်းရုံးကို ဇန်နဝါရီလ ၁၇ ရက်နေ့ မနက် နာရီအချိန်မှာ တပြိုင်တည်း တိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။ 


အဆိုပါတိုက်ခိုက်မှုမှာ တော်လှန်ရေးအင်အားစုများဘက်က စစ်ရေးအရ အသာစီးရပြီး ငြိမ်းဇာနည်တပ် စခန်းသိမ်းပိုက်နိုင်တော့မယ့်အချိန်မှာ စစ်တပ်ဘက်က အင်အားဖြည့်စစ်ကြောင်းနဲ့ တပ်မံတိုက်ပွဲဖြစ်ခဲ့ တာကြောင့် တိုက်ပွဲကြာချိန် နာရီခန့် ကြာမြင့်ခဲ့တယ်လို့ ပြောပါတယ်။ 


စစ်ကောင်စီတပ်ဘက်က အထိအခိုက်များပေမယ့် ခံစစ်အနေအထားကောင်းခြင်းနဲ့ အခိုင်အမာဆောက်ထား တဲ့ ဘန်ကာတွေကနေ တိုက်ခိုက်နေတာကြောင့် တိုက်ပွဲချိန်ကြာမြင့်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ 


အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ဦးသေဆုံးပြီး ဦးဒဏ်ရာရသွားသလို MBT တပ်ဖွဲ့ဘက်က စစ်ကြောင်းမှူး ဆရာကရင်နဲ့ ထိန်းသိမ်းရေးခေါင်းဆောင် ရဲဘော် သုံးသုံးတို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။ 


အဆိုပါစစ်ဆင်ရေးကို MBTတပ်ဖွဲ့၊ LY- PDF ဗိုလ်ခြောက်ဆယ်၊ Bright Stars Group (LPDF) Royal Eagle People Defence Force ဗိုလ်ခြောက်ဆယ် ပြောက်ကျားတပ်၊ N-YSO ရွှေညာမြေ အထူးကွန်မန် ဒိုတပ်ဖွဲ့၊ TPG ပြောက်ကျားတပ်ဖွဲ၊့ သွေးသောက်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၇။ ရေစကြိုဒေသခံ ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် စစ်ကောင်စီတပ် ဖမ်းဆီးထား


ဇန်နဝါရီလ ၁၈ရက်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှ ဒေသခံပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီတပ်က လူသားဒိုင်း အဖြစ် ဖမ်းဆီးထားတယ်လို့ ရေစကြို ပကဖ သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။


စစ်ကောင်စီတပ်က မြိုင်မြို့နယ်၊ လင်းကတော ရဲစခန်းသို့ သွားရန်အတွက် ဇန်နဝါရီ ၁၂ ရက်နေ့ ရေစကြို ခလရ -၂၅၆ ရှေ့မှ ဖြတ်သန်းသွားလာနေတဲ့ ပြည်သူများနဲ့ ဇီးတောပျူရွာအနီးရှိ ဆည်တော ရွာမှ ပြည်သူများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးချနေတယ်လို့ ၎င်းက ဆိုပါတယ်။

ဇန်နဝါရီလ ၁၄ ရက်နေ့ မနက် နာရီခန့်က အဆိုပါ ဖမ်းဆီးထားတဲ့ ဒေသခံများကို လူသားဒိုင်း အဖြစ်သုံးပြီး မြိုင်၊ လင်းကတော ရဲစခန်းကို တက်လာတဲ့ အင်အား ၄၀ ပါ စစ်ကောင်စီ စစ်ကြောင်းကို ရဲစခန်းသို့ မရောက်ခင် ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ PDF ရဲဘော်တစ်ဦးက ပြောပါတယ်။


၎င်းစစ်ကြောင်းကို လက်နက်ကြီး လက်နက်ငယ် ဒရုန်းတို့ဖြင့် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပျူ ဦး သေဆုံးက ငါးဦး ဒါဏ်ရာပြင်းထန် ရရှိခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။


၎င်းစစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးထားတဲ့ ပြည်သူများနဲ့အတူ လင်းကတော ရဲစခန်းအတွင်း ဝင်သွားခဲ့ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့အထိ ရဲစခန်းထဲမှာ ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုမှာ ဖမ်းဆီးခံပြည်သူများ ထိခိုက်မှု မရှိခဲ့ပေမယ့် ဒီနေ့အထိ ပြည်သူတွေကို ပြန်မလွှတ်သေးဘူးလို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ရေစကြို ပကဖ၊ ပခုက္ကူခရိုင် တပ်ရင်း () တို့ ပူးပေါင်းဆင်နွှဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၈။ လွိုင်ကော်အကျဉ်းထောင်အတွင်းရှိ စစ်ကောင်စီတပ်သားတွေ ပြည်သူနဲ့ ပူးပေါင်းဖို့ ဗိုလ်ကြီး နေမျိုးဇင် ဖိတ်ခေါ်မှုကို လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး တုန့်ပြန် 


ဇန်နဝါရီလ ၁၈ရက်။

ကရင်နီပြည်နယ် လွိုင်ကော်အကျဉ်းထောင်အတွင်းရှိ စစ်ကောင်စီတပ်သားတွေ ပြည်သူနဲ့ ပူးပေါင်းဖို့ ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက စစ်တပ်အရာရှိဟောင်း ဗိုလ်ကြီး နေမျိုးဇင်က ဖိတ်ခေါ်ကမ်းလှမ်းခဲ့ရာ အကြမ်းဖက်စစ်သားတွေက လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး တုန့်ပြန်ခဲ့ပါတယ်။

"ခင်ဗျားတို့ ပစ်တာ ကျွန်တော်တို့ရဲ့ ကမ်းလှမ်းလှမ်းကိုတော့ ရောက်ပါတယ်။ ဒါပေမယ့် အဝေး ကြီးပါ။ ကျေးဇူးတင်ပါတယ် ရဲဘော်တို့ ခင်ဗျားတို့ ခုလို ကျွန်တော်တို့ရဲ့ တောင်းဆိုချက်ကို ပြတ်သားစွာ တုန့်ပြန့်တဲ့အတွက်ကြောင့် ကျွန်တော်တို့ စိတ်မကောင်းဝမ်းနည်းရပါတယ် ကျွန် တော်တို့ ကမ်းလှမ်းနေတာဟာ ခင်ဗျားတို့ အသက်ရှင်ဖို့နဲ့ မိသားစုနဲ့ ဆက်လက်နေထိုင်ခွင့်ရ သွားအောင် ကျွန်တော်တို့ ကြိုးစားနေတာဖြစ်ပါတယ်''လို့ စစ်တပ်အရာရှိဟောင်း ဗိုလ်ကြီး နေမျိုးဇင်က အကျည်းထောင်အတွင်းရှိ စစ်ကောင်စီတပ်သားတွေကို ပြောကြားခဲ့ပါတယ်။


စစ်တပ်အရာရှိဟောင်း ဗိုလ်ကြီး နေမျိုးဇင်ဟာ လွိုင်ကော်အကျည်းထောင်အနီးဝန်းကျင်ရှိ ဆောက်အအုံအတွင်းမှာ အသံချဲ့စက်နဲ့ စစ်ကောင်စီတပ်သားတွေကို ကမ်းလှမ်းခဲ့ရာမှာ အနီး ပတ်ဝန်းကျင်ကို လက်နက်ကြီးကျည်ပေါက်ကွဲပြီး အဆောက်အအုံအပိုင်းအစအချို့ ဗိုလ်ကြီး နေမျိုးဇင်ကို ထိမှန်သွားတာကို ဗီဒီယိုထဲမှာ တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment