19th JAN 2024 - Morning Daily News by Radio NUG


၂၀၂၄ ဇန်နဝါရီလ ၁၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ မြို့သိမ်းတိုက်ပွဲတွေဆက်လက် ဆင်နွှဲနိုင်ဖို့ လိုမှာဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးသော ဂျပန်လွှတ်တော်အမတ်များသမဂ္ဂ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအား တွေ့ဆုံနှုတ်ဆက်

📌 ၃။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီ ပုံမှန် အစည်းအဝေးကျင်းပ

📌 ၄။ ဒိုက်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအားလုံးအမြန်ဆုံးနှုတ်ထွက်ရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဒိုက်ဦးမြို့နယ်ကအသိပေးကြေညာ

📌 ၅။ ဒီပဲယင်းမြို့နယ်အတွင်း စကစတပ်များ အကြမ်းဖက် ဝင်ရောက်သောင်းကျန်း၍ ကျေးရွာအများစုမှ လူထုထွက်ပြေးတိမ်းရှောင်

📌 ၆။ KNU ထိန်းချုပ်နယ်မြေတွင် အကြမ်းဖက်စစ်တပ်ကြောင့် အရပ်သား ၂ဝဝ နိးပါးသေဆုံး

📌 ၇။ Project Armor မှ ထောက်ပို့ပြည်သူများ" ကနေ Federal Wings ရဲ့ Armor ထုတ်လုပ်ရေးမှာအသုံးပြုဖို့အတွက် ထိုင်းဘတ်ငွေ () သိန်း လက်ခံရရှိထား


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပလက်ဝဒေသအခြေစိုက် စစ်ကောင်စီရှေ့တန်ဌာနချုပ်မှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ AA ထုတ်ပြ

🚩 ၂။ ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၌ ၂၀၂၃ ခုနှစ်အတွင်း တိုက်ပွဲပေါင်း လေးထောင့်ခြောက်ရာကျော်ဖြစ်ပွားခဲ့ပြီး စကစအရာရှိအရာခံအပါအဝင် တပ်သား စုစုပေါင်းငါးထောင်သေဆုံး

🚩 ၃။ ကရင်ပြည်နယ် မြဝတီမြို့ လက်ခတ်တောင်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေထပ်မံဗုံးကြဲချ

🚩 ၄။ မိုးမိတ်မြို့၊ အုန်ကျော်၊ ရွှေဆာလီရွာအနီးတဝိုက်ကို စကစတပ်ကလေကြောင်းတိုက်ခိုက်မှု ၁၆ကြိမ် လာရောက်တိုက်ခိုက်

🚩 ၅။ မိုးမိတ်မြို့ ရဲစခန်းနှင့် ဌာနဆိုင်ရာ ရုံးများကို KIA , PDF ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

🚩 ၆။ ရေစကြိုမြို့ရှိ ထွေအုပ်ရုံးနှင့် စစ်မှုထမ်းဟောင်းရုံးကို တိုက်ခိုက်မှု စစ်သား ဦးသေဆုံးကာ ဦးဒဏ်ရာရ

🚩 ၇။ ရေစကြိုဒေသခံ ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် စစ်ကောင်စီတပ် ဖမ်းဆီးထား

🚩 ၈။ လွိုင်ကော်အကျဉ်းထောင်အတွင်းရှိ စစ်ကောင်စီတပ်သားတွေ ပြည်သူနဲ့ ပူးပေါင်းဖို့ ဗိုလ်ကြီး နေမျိုးဇင် ဖိတ်ခေါ်မှုကို လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး တုန့်ပြန် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြို့သိမ်းတိုက်ပွဲတွေဆက်လက် ဆင်နွှဲနိုင်ဖို့ လိုမှာဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


ဇန်နဝါရီလ ၁၈ရက်။

မြို့သိမ်းတိုက်ပွဲတွေဆက်လက် ဆင်နွှဲနိုင်ဖို့ လိုမှာဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဇန်နဝါရီလ ၁၈ ရက်မှာ ကျင်းပတဲ့ ကြားကာလဒေသန္တရ  ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာပြောကြားလိုက်ပါတယ်။


"တိုင်းရင်းသားမဟာမိတ်ဒေသတွေမှာ မြို့တွေ တစ်မြို့ ပြီး တစ်မြို့ အရှိန်ကောင်းကောင်းနဲ့ ဆက်တိုက် ထိန်းချုပ်လာနိုင်တာဟာ တော်လှန်ရေးအတွက် အင်မတန်အားရကျေနပ်ဖွယ်ဖြစ်ရသလို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း နယ်မြေထိန်းချုပ်နိုင်မှုတွေကို ဒီထက်ပိုမို အားကောင်းစွာနဲ့ မြို့သိမ်းတိုက်ပွဲ ဆက်လက် ဆင်နွှဲနိုင်ဖို့ လိုမှာဖြစ်ပါကြောင်း၊ စစ်ရေးအရ ဖိအား များများပေးနိုင်လေလေ နယ်မြေ စိုးမိုးထိန်းချုပ်မှု ပိုရလေလေ ဖြစ်တယ်ဆိုတာတော့ အားလုံးသိပြီးသား ဖြစ်ပါကြောင်း၊ စစ်ရေးဖိအားဆိုတဲ့ နေရာမှာလည်း တိုက်စစ်တွေ ဖော်ဆောင်ရတာမျိုးအပြင် စိတ်ဓာတ်ရေးရာ စစ်ဆင်မှုကိုလည်း ပေါင်းစပ်ကျင့်သုံးဖော်ဆောင်သွားကြဖို့ လိုအပ်မှာဖြစ်ပါကြောင်း"ဝန်ကြီးချုပ်ကပြောပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ (/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးသော ဂျပန်လွှတ်တော်အမတ်များသမဂ္ဂ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအား တွေ့ဆုံနှုတ်ဆက်


ဇန်နဝါရီလ ၁၈ရက်။

ဇန်နဝါရီလ ၁၇ရက်မှာ အမျိုးသား ညီညွတ်ရေး အစိုးရ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးကအသိပေးဆိုပါတယ်။


ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးသော လွှတ်တော်အမတ်များသမဂ္ဂ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့အား ဇန်နဝါရီလ ၁၇(ဗုဒ္ဓဟူးနေ့) နေ့လယ်ပိုင်းတွင် Mr.Nakagawa Masharu ​ ရုံးခန်းသို့ သွားရောက် တွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။


တွေ့ဆုံရာမှာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်ပေးမှုများအား ကျေးဇူးတင်ကြောင်းနှင့် ဆက်လက်ပြီး မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ မြေပြင်သို့ ထိရောက်သော ကူညီမှုများရရှိနိုင်ရန် ညှိနှိုင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီ ပုံမှန် အစည်းအဝေးကျင်းပ


ဇန်နဝါရီလ ၁၈ရက်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီ ပုံမှန် အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။


၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ(၁၈)ရက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ (CWC)ပုံမှန်အစည်းအဝေး(/၂၀၂၄)ကို ကျင်းပခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါအစည်းအဝေးသို့ ဗဟိုအလုပ်ကော်မတီဝင်များစုံညီစွာတက်ရောက်ခဲ့ကြတယ်လို့ ရန်ကုန်တိုင်းပြန်ကြားရေးကော်မတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကဖော်ပြပါတယ်။


========================


📌📌 ၄။ ဒိုက်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအားလုံးအမြန်ဆုံးနှုတ်ထွက်ရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဒိုက်ဦးမြို့နယ်ကအသိပေးကြေညာ


ဇန်နဝါရီလ ၁၈ရက်။

ဒိုက်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအားလုံးအမြန်ဆုံးနှုတ်ထွက်ရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဒိုက်ဦးမြို့နယ်က ဇန်နဝါရီလ ၁၈ ရက်မှာ အသိပေးကြေညာလိုက်ပါတယ်။

၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ ()ရက်နေ့ အာဏာသိမ်းပြီးချိန်မှစ၍ ဒိုက်ဦးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများသည် ပြည်သူ့ဘက်ရပ်တည်မှုမရှိဘဲ စစ်ကောင်စီဘက်ရပ်တည်၍ စစ်ကောင်စီအလိုကျ ပြည်သူ့စစ်များ ဖွဲ့စည်းပေးခြင်း၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ ပြည်သူများအား စစ်သင်တန်းများတက်ရောက်ရန် မဲနှိုက်ရွေးချယ်၍ အမည်စာရင်းပေးခြင်း၊ ခြိမ်းခြောက်ခြင်းများပြုလုပ်ကာ အုပ်ချုပ်ရေးတာဝန်များထမ်းဆောင်နေသည်ကိုသိရှိပြီးဖြစ်တယ်လို့ဆိုပါတယ်။


ထိုသို့ စစ်ကောင်စီအလိုကျထောက်တိုင်အဖြစ်ဆောင်ရွက်မှုများအား မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ( )  အနေဖြင့်ပြင်းထန်စွာရှုံ့ချပြီး ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အားလုံး ပြည်သူ့ဘက် ရပ်တည်၍ အမြန်ဆုံးနှုတ်ထွက်ကြပါရန် တိုက်တွန်းအပ်တယ်လို့ဆိုပါတယ်။


ထို့အပြင်နှုတ်ထွက်မှုမရှိဘဲ စစ်ကောင်စီအလိုကျ ဆက်လက်၍တာဝန်ထမ်းဆောင်နေပါက  ပြင်းထန်စွာအပြစ်ပေး အရေးယူသွားမည်ဖြစ်ကြောင်း သတိပေး ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ ဒီပဲယင်းမြို့နယ်အတွင်း စကစတပ်များ အကြမ်းဖက် ဝင်ရောက်သောင်းကျန်း၍ ကျေးရွာအများစုမှ လူထုထွက်ပြေးတိမ်းရှောင်


ဇန်နဝါရီလ ၁၈ရက်။

ဒီပဲယင်းမြို့နယ်အတွင်း စကစတပ်များ အကြမ်းဖက် ဝင်ရောက်သောင်းကျန်း၍ ကျေးရွာအများစုမှ လူထုထွက်ပြေးတိမ်းရှောင်လျက်ရှိတယ်လို့သတင်းရရှိပါတယ်။


ဇန်နဝါရီလ ၁၈ရက်မှာ စကစတပ်များစစ်ကြောင်းထိုးဝင်ရောက်မှုကို ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ကအသိပေးဆိုပါတယ်။


"ဒီပဲယင်းမြို့နယ်အတွင်း ပြည်သူများအိပ်နေသည့်အချိန် ဒီပဲယင်းရောက်ရှိနေသော စစ်ရာဇဝတ်အကြမ်းဖက်များ..စစ်ကြောင်းထိုးဝင်ရောက်လျှက်ရှိပါတယ်။ ဒီပဲယင်းမြို့နယ် မဲအိုးကျေးရွာကို ဝင်ရောက်ခဲ့ပြီး ပြည်သူတချို့ဖမ်းဆီးခံရကြောင်းလည်း သတင်းများထွက်ပေါ်နေပြီးအတည်ပြုဖို့ကြိုးစားနေပါတယ်"လို့ဆိုပါတယ်။


အကြမ်းဖက်စကစတပ်များဟာ မဲအိုး /မူးခံတွင်း/လက်ယက်ကုန်းကျေးရွာများဘက်တွင်ရောက်ရှိနေပြီး အောင်ချမ်းသာ/ ရွာရှည် /မဲအိုး/မူးခံတွင်း/လက်ယက်ကုန်း ညောင်လှ /သရက်တော စသည့်ကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေကြရပါတယ်။


========================


📌📌 ၆။ KNU ထိန်းချုပ်နယ်မြေတွင် အကြမ်းဖက်စစ်တပ်ကြောင့် အရပ်သား ၂ဝဝ နိးပါးသေဆုံး


ဇန်နဝါရီလ ၁၈ ရက်။

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေမှာ အကြမ်းဖက်စစ်တပ်ကြောင့် အရပ်သားပြည်သူ ၂ဝဝ နိးပါး သေဆုံးကာ ၆၆ဝ ကျော် ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုက ဇန်နဝါရီလ ၁၈ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ 


၂ဝ၂၃ ခုနှစ် တနှစ်တာအတွင်း အကြမ်းဖက်စစ်ကောင်ဟာ ၎င်းတို့ အာဏာဆက်လက်တည်မြဲရေးနဲ့ နယ်မြေ ထိန်းချုပ်နိုင်ရေးအတွက် လူအခွင့်အရေးချိုးဖောက်မှု အမျိုးအစား ၁၈ မျိုးရှိခဲ့ပြီး အကြိမ်ရေ ၃၁၂၅ ကြိမ် ထက်မနည်း ကျူးလွန်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။ 


အဲဒီလိုလူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ဒေသခံအရပ်သား ၁၉၅ ဦး ဖမ်းဆီးခံခဲ့ရပြီး ၁၉၅ ဦး အသက် ဆုံးရှုံးခဲ့ရကာ ၆၆၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 


ထို့အပြင် အကြမ်းဖက်စစ်တပ်ကြောင့် ဘုရားကျောင်း ၁၈ ကျောင်း၊ ဘုန်းကြီးကျောင်း ၂၅ ကျောင်း၊ ဗလီ တခု၊ စာသင်ကျောင်း ၁၆ ကျောင်း၊ ဆေးပေးခန်း ခု၊ ဆေးရုံ ခု၊ ပြည်သူပိုင်အဆောက်အအုံ ၉၁ လုံး စိုက်ပျိုးရေးခြံ ၁၁ ခြံ နဲ့ အိမ် ၁၈၆၉ လုံး ပျက်ဆီးဆုံးရှုံးခဲ့ရတယ်လို့လည်း အသိပေးထားပါတယ်။ 


ဒီစာရင်းတွေဟာ ကောက်ခံရရှိထားတဲ့ အချက်အလက်တွေဖြစ်ပြီး ကောက်ခံလို့မရတဲ့ အချက်အလက်တွေ ရှိနေသေးတဲ့အတွက် အမှန်တကယ်ထိခိုက်ပျက်စီးမှုဟာ လက်ရှိစာရင်းထက် ပိုများနိုင်တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ Project Armor မှ ထောက်ပို့ပြည်သူများ" ကနေ Federal Wings ရဲ့ Armor ထုတ်လုပ်ရေးမှာအသုံးပြုဖို့အတွက် ထိုင်းဘတ်ငွေ () သိန်း လက်ခံရရှိထား


ဇန်နဝါရီလ ၁၈ရက်။

Project Armor မှ ထောက်ပို့ပြည်သူများ" ကနေ Federal Wings ရဲ့ Armor ထုတ်လုပ်ရေးမှာအသုံးပြုဖို့အတွက် ထိုင်းဘတ်ငွေ () သိန်း လက်ခံရရှိထားတယ်လို့ ဇန်နဝါရီလ ၁၈ရက်မှာ Federal Wingsက အသိပေးဆိုပါတယ်။


" Project Armor မှ ထောက်ပို့ပြည်သူများ" ကနေ Federal Wings ရဲ့ Armor ထုတ်လုပ်ရေးမှာအသုံးပြုဖို့အတွက် ထိုင်းဘတ်ငွေ () သိန်း လက်ခံရရှိထားပြီး ထုတ်လုပ်ရေးလုပ်ငန်းတွေကို အရှိန်မြှင့်တင်နိုင်နေပြီဖြစ်ပါတယ်။ Project Armor မှာ ပါဝင်ခဲ့ကြတဲ့ ထောက်ပို့ပြည်သူတစ်ယောက်ချင်းစီနဲ့ စုစည်းပေးခဲ့ကြတဲ့  Fundraiser အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်"လို့ဆိုပါတယ်။


ဒီဇင်ဘာလအတွင်းမှာလည်း Project Armor မှရရှိငွေများနဲ့ ကျည်ကာဦးထုပ်နှင့်ဝတ်စုံများကာကွယ်ရေးတပ်ဖွဲ့ထံစီးဆင်းခဲ့ပါသေးတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ပလက်ဝဒေသအခြေစိုက် စစ်ကောင်စီရှေ့တန်ဌာနချုပ်မှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ AA ထုတ်ပြ


ဇန်နဝါရီလ ၁၈ရက်။

ချင်းပြည်နယ် ပလက်ဝဒေသမှာ အခြေစိုက်တဲ့ စစ်ကောင်စီရှေ့တန်းစခန်းက သိမ်းဆည်းရမိတဲ့ လက်နက် ခဲယမ်းနဲ့ စစ်သုံးယာဉ်တွေကို ရခိုင့်တပ်တော် AA က ဇန်နဝါရီလ ၁၈ ရက်မှာ ထုတ်ဖော်ပြသလိုက်ပါတယ်။ 


ပလက်ဝဒေသအခြေစိုက် အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီတပ်၏ ရှေ့တန်းတပ်မဌာနချုပ်ဖြစ်သော ခလရ ၂၈၉ စကခ -၁၉ တို့အား ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများဆိုပြီး ဓာတ်ပုံမှတ်တမ်းနဲ့တကွ ထုတ်ဖော်ပြသလိုက် တာဖြစ်ပါတယ်။ 


ပလက်ဝမြို့ပတ်ဝန်းကျင်မှာရှိတဲ့ ခလရ ၂၈၉ တပ်ရင်းဌာနချုပ်၊ စကခ -၁၉ ရှေ့တန်းတပ်မဌာနချုပ်နဲ့ တပ်မ ၁၁ လက်အောက်ခံတပ်ရင်းတွေဟာ ပလက်ဝမြို့ကို ဗဟိုပြုပြီး တပ်ဖြန့်ထားတာဖြစ်တယ်လို့ သိရပါတယ်။ 


ခလရ ၂၈၉ တပ်ရင်းဌာနချုပ်ဟာ ပလက်ဝဒေသတခုလုံးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးကွပ်ကဲနေတဲ့ အဓိကတပ်မဌာနချုပ်တခုဖြစ်ပြီး တပ်မမှူးများ ပူးတွဲကြီးကြပ်ကွပ်ကဲနေတဲ့ စစ်ဗျူဟာကုန်းကြီးဖြစ်တယ်လို့လည်း AA က အသိပေးထားပါတယ်။ 


ပလက်ဝမြို့နယ်တခုလုံးမှာရှိတဲ့ စစ်ကောင်စီစတပ်ခန်းအားလုံးကို ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ရခိုင့်တပ်တော် AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ 


ချင်းပြည်နယ် ပလက်ဝမြို့နယ်တခုလုံးမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်အားလုံးကို တိုက်ခိုက်သိမ်းပိုက် ခဲ့ပြီးတဲ့နောက် ပလက်ဝမြို့နယ်တခုလုံး စစ်တပ်ကင်းစင်နယ်မြေဖြစ်ခဲ့ပြီ ရခိုင့်တပ်တော် AA ကဇန်နဝါရီ၁၄ရက်မှာ ကြေညာ ထားပါတယ်။


========================


🚩🚩 ၂။ ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၌ ၂၀၂၃ ခုနှစ်အတွင်း တိုက်ပွဲပေါင်း လေးထောင့်ခြောက်ရာကျော်ဖြစ်ပွားခဲ့ပြီး စကစအရာရှိအရာခံအပါအဝင် တပ်သား စုစုပေါင်းငါးထောင်သေဆုံး


ဇန်နဝါရီလ (၁၈) ရက်။

ဇန်နဝါရီလ ၁၈ရက်မှာ စစ်ရေးအနှစ်ချုပ်ကို ကေအဲန်ယူဗဟိုကအသိပေးဆိုပါတယ်။


ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေများ၌ ၂၀၂၃ ခုနှစ် အတွင်း မိမိတို့၏ နယ်မြေအတွင်းသို့ ဝင်ရောက်ကျူးကျော်တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့၏ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲကြီးတိုက်ပွဲငယ် (စခန်းသိမ်းတိုက်ပွဲ၊ ရင်ဆိုင်တိုက်ပွဲ၊ ပျောက်ကြားတိုက်ပွဲနှင့် ဒရုန်းစစ်ဆင်ရေး) စုစုပေါင်း (,၆၂၃) ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။


ထိုတိုက်ပွဲ (,၆၂၃) ကြိမ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှာ အရာရှိအရာခံအပါ အဝင် တပ်သား စုစုပေါင်း ((,၀၀၅) သေဆုံးပြီး (,၃၄၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့၏ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များဘက်မှ တိုင်းပြည်နှင့်လူမျိုးအတွက် (၁၅၄) ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး (၅၉၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


တိုက်ပွဲများအတွင်း အဘက်ဘက်မှ ရှုံးနိမ့်လာရသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ လည်း ပြည်သူလူထုများအား အညှိုးကြီးစွာ ရန်သူသဖွယ် ပစ်မှတ်ထားပြီး လက်နက်ကြီး ပစ်ခတ်တိုက် ခိုက်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် အမျိုးမျိုးသော အကြမ်းဖက် လုပ်ရပ်များကို တစ်နေ့ တစ်ခြား တိုးမြှင့်လုပ်ဆောင်လာသည့်အတွက် ကော်သူးလေအုပ်ချုပ် နယ်မြေအတွင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူ (၇၅၁,၆၆၉) ဦးအထိရှိလာပြီဖြစ်ပါတယ်။


========================


🚩🚩 ၃။ ကရင်ပြည်နယ် မြဝတီမြို့ လက်ခတ်တောင်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေထပ်မံဗုံးကြဲချ


ဇန်နဝါရီလ ၁၈ရက်။

ဇန်နဝါရီလ ၁၈ရက်ညပိုင်းမှာ စကစဘက်က ကရင်ပြည်နယ် မြဝတီမြို့ လက်ခတ်တောင်ကို လေယာဥ်နဲ့ဗုံးကြဲချခဲ့ရာ မြေကြီးတုန်ခါမှုပင်ရှိကြောင်းဒေသခံ သတင်းအရင်းအမြစ်များထံကသိရပါတယ်။

အဆိုပါဗုံးကြဲမှု၏ အသံကို ခံစားရကြောင်း ထိုင်းနိုင်ငံဘက်ခြမ်း လူမှုရေးအဖွဲ့လှုပ်ရှားသူများကလည်း လူမှုကွန်ရက်မှာရေးသားထားပါတယ်။


ယခင်ရက်များကလည်း လက်ခတ်တောင်အနီး စကစတပ်မှလေကြောင်းတိုက်ခိုက်မှုများ ရက်ဆက်လာရောက်တိုက်ခိုက်ခဲ့ပါတယ်။


လက်ခတ်တောင်ပေါ်ရှိ စခန်းကုန်းကို ကရင်အမျိုးသားအစည်းရုံး (KNU) လက်အောက်ခံတပ်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ပူးပေါင်းကာ ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်ပိုင်းတွင် သိမ်းပိုက်ထားခြင်းဖြစ်ပါတယ်။


========================


🚩🚩 ၄။ မိုးမိတ်မြို့၊ အုန်ကျော်၊ ရွှေဆာလီရွာအနီးတဝိုက်ကို စကစတပ်ကလေကြောင်းတိုက်ခိုက်မှု ၁၆ကြိမ် လာရောက်တိုက်ခိုက်


ဇန်နဝါရီလ ၁၈ ရက်

တအာင်းပြည်နယ်၊ တပ်မဟာ()စစ်ဒေသ၊ မိုးမိတ်မြို့နယ် စစ်ကောင်စီတပ်မှ ဇန်နဝါရီလ ၁၈ရက် တစ်ရက်အတွင်း နံနက် (၈း၄၉)နာရီမှ နေ့လည် (၁၂း၂၈)နာရီအချိန်ထိ မိုးမိတ်မြို့၊ အုန်ကျော်၊ ရွှေဆာလီရွာအနီးတဝိုက်တွင် Jet Fighter ဖြင့် ()ကြိမ်၊ ART-72 ဖြင့် ()ကြိမ်၊ Y12 ဖြင့် ()ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


ပြီးခဲ့တဲ့ ဇန်နဝါလရီလ ၁၁ ရက်နေ့တွင် အပစ်ခတ်ရပ်စဲရေးလက်မှတ် ထိုးခဲ့ပြီးနောက်၊ ဇန်နဝါရီလ ၁၈ ရက်နေ့အထိ စစ်ကောင်စီတပ်မှ မိုးမိတ်၊ ကျောက်မဲ၊ မိုးကုတ်၊ လားရှိုးမြို့နယ်သို့ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လျက်ရှိပါတယ်။


စစ်ကောင်စီ၏ လုပ်ရပ်သည် အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို အကြိမ်ကြိမ်ချိုးဖောက်ခြင်းဖြစ်တယ်လို့PSLF/TNLAကဆိုထားပါတယ်။


========================


🚩🚩 ၅။ မိုးမိတ်မြို့ ရဲစခန်းနှင့် ဌာနဆိုင်ရာ ရုံးများကို KIA , PDF ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်


ဇန်နဝါရီ ၁၈။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ရှိ ရဲစခန်းကို KIA , PDF ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီလ ၁၈ ရက် နေ့လယ် ၁၂ နာရီအချိန်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။


ဇန်နဝါရီလ ၁၈ ရက် မနက် နာရီခန့်က စတင်ပြီး မိုးမိတ်မြို့အနီးရှိ အာသံ၊ ရွှေဇာလီနှင့် အုန်းကြောရွာတို့မှာ စစ်ကောင်စီတပ်နဲ့ KIA , PDF တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။


အခုလောလောဆယ်က ရဲစခန်းကို ပူပေါင်းတပ်ဖွဲ့က ထိန်းချုပ်လိုက်ပြီ။ ကျန်တဲ့ ဌာနဆိုင်ရာ အားလုံးလည်းပါတယ်။ စစ်တပ်ရဲ့ တပ်စခန်း ခလရ ၂၂၃၊ ၂၇၆၊ ၃၄၈ တပ်စခန်းကို ဆက်တိုက်နေ‌တယ်လို့ ပူးပေါင်းတပ်နဲ့ နီးစပ်သူတစ်ဦးက ၁၈ ရက်နေ့ နေ့လယ် က MPN Media ကို ဖြေဆိုထားပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းအသုံးပြုပြီး ဗုံး လုံး ကြဲချ တိုက်ခိုက်ခဲ့ တာကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့ပြီး လက်နက်ကြီး ပစ်ခတ်မှုများကြောင့် နေအိမ်တစ်လုံးနဲ့ ရုပ်ရှင်ရုံ အဟောင်းတစ်ခု မီးလောင်ခဲ့တယ်လို့လည်း ဒေသခံတွေ ထံက သိရပါတယ်။


စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံ အရပ်သား ပြည်သူများ ထိခိုက်ဒါဏ်ရာ ရရှိမှု အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။


========================


🚩🚩 ၆။ ရေစကြိုမြို့ရှိ ထွေအုပ်ရုံးနှင့် စစ်မှုထမ်းဟောင်းရုံးကို တိုက်ခိုက်မှု စစ်သား ဦးသေဆုံးကာ ဦးဒဏ်ရာရ


ဇန်နဝါရီလ ၁၈ရက်။

မကွေးတိုင်း ရေစကြိုမြို့မှာရှိတဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ စစ်မှုထမ်းဟောင်းရုံးကို ပြည်သူ့ ကာကွယ်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးသေဆုံးပြီး ဦး ဒဏ်ရာရရှိ သွားတယ်လို့ Myingyan Black Tiger -MBT က ထုတ်ပြန်ပါတယ်။ 


စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲရာနေရာတွေဖြစ်တဲ့ ရုံးပေါင်းစုံ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ ငြိမ်းဇာနည် အမည်ရှိတဲ့ စစ်မှုထမ်းဟောင်းရုံးကို ဇန်နဝါရီလ ၁၇ ရက်နေ့ မနက် နာရီအချိန်မှာ တပြိုင်တည်း တိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။ 


အဆိုပါတိုက်ခိုက်မှုမှာ တော်လှန်ရေးအင်အားစုများဘက်က စစ်ရေးအရ အသာစီးရပြီး ငြိမ်းဇာနည်တပ် စခန်းသိမ်းပိုက်နိုင်တော့မယ့်အချိန်မှာ စစ်တပ်ဘက်က အင်အားဖြည့်စစ်ကြောင်းနဲ့ တပ်မံတိုက်ပွဲဖြစ်ခဲ့ တာကြောင့် တိုက်ပွဲကြာချိန် နာရီခန့် ကြာမြင့်ခဲ့တယ်လို့ ပြောပါတယ်။ 


စစ်ကောင်စီတပ်ဘက်က အထိအခိုက်များပေမယ့် ခံစစ်အနေအထားကောင်းခြင်းနဲ့ အခိုင်အမာဆောက်ထား တဲ့ ဘန်ကာတွေကနေ တိုက်ခိုက်နေတာကြောင့် တိုက်ပွဲချိန်ကြာမြင့်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ 


အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ဦးသေဆုံးပြီး ဦးဒဏ်ရာရသွားသလို MBT တပ်ဖွဲ့ဘက်က စစ်ကြောင်းမှူး ဆရာကရင်နဲ့ ထိန်းသိမ်းရေးခေါင်းဆောင် ရဲဘော် သုံးသုံးတို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။ 


အဆိုပါစစ်ဆင်ရေးကို MBTတပ်ဖွဲ့၊ LY- PDF ဗိုလ်ခြောက်ဆယ်၊ Bright Stars Group (LPDF) Royal Eagle People Defence Force ဗိုလ်ခြောက်ဆယ် ပြောက်ကျားတပ်၊ N-YSO ရွှေညာမြေ အထူးကွန်မန် ဒိုတပ်ဖွဲ့၊ TPG ပြောက်ကျားတပ်ဖွဲ၊့ သွေးသောက်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၇။ ရေစကြိုဒေသခံ ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် စစ်ကောင်စီတပ် ဖမ်းဆီးထား


ဇန်နဝါရီလ ၁၈ရက်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှ ဒေသခံပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီတပ်က လူသားဒိုင်း အဖြစ် ဖမ်းဆီးထားတယ်လို့ ရေစကြို ပကဖ သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။


စစ်ကောင်စီတပ်က မြိုင်မြို့နယ်၊ လင်းကတော ရဲစခန်းသို့ သွားရန်အတွက် ဇန်နဝါရီ ၁၂ ရက်နေ့ ရေစကြို ခလရ -၂၅၆ ရှေ့မှ ဖြတ်သန်းသွားလာနေတဲ့ ပြည်သူများနဲ့ ဇီးတောပျူရွာအနီးရှိ ဆည်တော ရွာမှ ပြည်သူများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးချနေတယ်လို့ ၎င်းက ဆိုပါတယ်။

ဇန်နဝါရီလ ၁၄ ရက်နေ့ မနက် နာရီခန့်က အဆိုပါ ဖမ်းဆီးထားတဲ့ ဒေသခံများကို လူသားဒိုင်း အဖြစ်သုံးပြီး မြိုင်၊ လင်းကတော ရဲစခန်းကို တက်လာတဲ့ အင်အား ၄၀ ပါ စစ်ကောင်စီ စစ်ကြောင်းကို ရဲစခန်းသို့ မရောက်ခင် ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ PDF ရဲဘော်တစ်ဦးက ပြောပါတယ်။


၎င်းစစ်ကြောင်းကို လက်နက်ကြီး လက်နက်ငယ် ဒရုန်းတို့ဖြင့် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပျူ ဦး သေဆုံးက ငါးဦး ဒါဏ်ရာပြင်းထန် ရရှိခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။


၎င်းစစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးထားတဲ့ ပြည်သူများနဲ့အတူ လင်းကတော ရဲစခန်းအတွင်း ဝင်သွားခဲ့ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့အထိ ရဲစခန်းထဲမှာ ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုမှာ ဖမ်းဆီးခံပြည်သူများ ထိခိုက်မှု မရှိခဲ့ပေမယ့် ဒီနေ့အထိ ပြည်သူတွေကို ပြန်မလွှတ်သေးဘူးလို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ရေစကြို ပကဖ၊ ပခုက္ကူခရိုင် တပ်ရင်း () တို့ ပူးပေါင်းဆင်နွှဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၈။ လွိုင်ကော်အကျဉ်းထောင်အတွင်းရှိ စစ်ကောင်စီတပ်သားတွေ ပြည်သူနဲ့ ပူးပေါင်းဖို့ ဗိုလ်ကြီး နေမျိုးဇင် ဖိတ်ခေါ်မှုကို လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး တုန့်ပြန် 


ဇန်နဝါရီလ ၁၈ရက်။

ကရင်နီပြည်နယ် လွိုင်ကော်အကျဉ်းထောင်အတွင်းရှိ စစ်ကောင်စီတပ်သားတွေ ပြည်သူနဲ့ ပူးပေါင်းဖို့ ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက စစ်တပ်အရာရှိဟောင်း ဗိုလ်ကြီး နေမျိုးဇင်က ဖိတ်ခေါ်ကမ်းလှမ်းခဲ့ရာ အကြမ်းဖက်စစ်သားတွေက လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး တုန့်ပြန်ခဲ့ပါတယ်။

"ခင်ဗျားတို့ ပစ်တာ ကျွန်တော်တို့ရဲ့ ကမ်းလှမ်းလှမ်းကိုတော့ ရောက်ပါတယ်။ ဒါပေမယ့် အဝေး ကြီးပါ။ ကျေးဇူးတင်ပါတယ် ရဲဘော်တို့ ခင်ဗျားတို့ ခုလို ကျွန်တော်တို့ရဲ့ တောင်းဆိုချက်ကို ပြတ်သားစွာ တုန့်ပြန့်တဲ့အတွက်ကြောင့် ကျွန်တော်တို့ စိတ်မကောင်းဝမ်းနည်းရပါတယ် ကျွန် တော်တို့ ကမ်းလှမ်းနေတာဟာ ခင်ဗျားတို့ အသက်ရှင်ဖို့နဲ့ မိသားစုနဲ့ ဆက်လက်နေထိုင်ခွင့်ရ သွားအောင် ကျွန်တော်တို့ ကြိုးစားနေတာဖြစ်ပါတယ်''လို့ စစ်တပ်အရာရှိဟောင်း ဗိုလ်ကြီး နေမျိုးဇင်က အကျည်းထောင်အတွင်းရှိ စစ်ကောင်စီတပ်သားတွေကို ပြောကြားခဲ့ပါတယ်။


စစ်တပ်အရာရှိဟောင်း ဗိုလ်ကြီး နေမျိုးဇင်ဟာ လွိုင်ကော်အကျည်းထောင်အနီးဝန်းကျင်ရှိ ဆောက်အအုံအတွင်းမှာ အသံချဲ့စက်နဲ့ စစ်ကောင်စီတပ်သားတွေကို ကမ်းလှမ်းခဲ့ရာမှာ အနီး ပတ်ဝန်းကျင်ကို လက်နက်ကြီးကျည်ပေါက်ကွဲပြီး အဆောက်အအုံအပိုင်းအစအချို့ ဗိုလ်ကြီး နေမျိုးဇင်ကို ထိမှန်သွားတာကို ဗီဒီယိုထဲမှာ တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment