1st FEB 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဖေဖေါ်ဝါရီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်အာဏာရှင်ကို အသက်ရှုပေါက်ပိတ်အောင် အစွမ်းကုန် ကြိုးစားနေတယ်လို့ ယာယီသမ္မတသတင်းစကားပါး

📌 ၂။ မြေပြင်မှာ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ လျော့ရဲနေမှုကို သက်ဆိုင်ရာများ ဖိဖိစီးစီး ဖြေရှင်းကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် တိုက်တွန်း

📌 ၃။ (၇၅) နှစ်မြောက် (စိန်ရတု) ကရင့်တော်လှန်ရေး နေ့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန သဝဏ်လွှာ ပေးပို့

📌 ၄။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် နှင့်  ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းတို့ တွေ့ဆုံဆွေးနွေး

📌 ၅။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး၊ နိုင်သုဝဏ္ဏတက်ရောက်

📌 ၆။ အကြမ်းဖက်စစ်တပ်၏ လူနည်းစုဘာသာဝင်များအပေါ် ပစ်မှတ်ထားကာ ကျူးလွန်မှုများအား အပြစ်ပေးအရေးယူနိုင်ရန်အတွက် International Religious Freedom Summitတွင် လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီးဆွေးနွေး

📌 ၇။ "မြို့သိမ်းရွာသိမ်း တိုက်ပွဲတွေမှာတတ်နိုင်တဲ့ ဘက်ကနေ စိတ်ပိုင်း၊ ရုပ်ပိုင်း ထောက်ပံ့ကြဖို့" ဒုဝန်ကြီး ဦးမော်ထွန်းအောင်တိုက်တွန်း

📌 ၈။ အာဏာသိမ်းကာလ သုံးနှစ်ပြည့်ချိန်မှာ စစ်ကောင်စီသက်တမ်း ထပ်တိုး

📌 ၉။ နွေဦးထီ version 2.0 မှာ အမြင့်ဆုံး ဆုကြေးများနှင့်အတူ ဆုမဲပေါင်းနှစ်သောင်းကျော်အထိ စီစဥ်ထား


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကရင့်လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ပြန်ပေါင်းကြရန် KNU ဥက္ကဋ္ဌ ဖိတ်ခေါ်

🚩 ၂။ ဆီဆိုင်မြို့နယ်တွင် လုံခြုံရေးဆိုင်ရာကိစ္စကို ဆောင်ရွက်စဉ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့်စကစတပ်တို့ မြို့မြောက်ဘက် တနေရာတွင် တိုက်ပွဲထပ်မံဖြစ်ပွားပြီးစစ်ကောင်စီအလောင်း ၅၀ခန့်နှင့်လက်နက် ၅၀ ခန့်ကိုလည်း သိမ်းပိုက်ရရှိခဲ့

🚩 ၃။ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကုလားရှင်ကျေးရွာမှ စစ်သား နှင့် ရဲ အင်အား (၃၀) ကျော်ရှိ စစ်ဆေးရေးဂိတ်အား တော်လှန်ရေးရဲဘော်များပစ်ခတ်တိုက်ခိုက်

🚩 ၄။ ကော့ကရိတ်မြို့နယ် ၈တိုင်နှင့် ၉တိုင်ကြားတွင် နယ်မြေရှင်းလင်းရေး ပြုလုပ်နေစဉ် လာရောက်ထောက်လှမ်းသော ရဲတပ်ဖွဲ့ဝင် () ဦးနှင့် စကခ   (၁၂) မှ စစ်သား () ဦးအား ဖမ်းဆီးရမိခဲ့

🚩 ၅။ ခင်ဦးမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးနေသည့်အတွက် လမ်းပိုင်း ခု ယာယီပိတ်ထား

🚩 ၆။ ချင်းပြည်နယ် ဟားခါးမြို့ မှ ရဲတပ်သား တစ်ဦးCDF - KKG ထံသို့ခိုလှုံ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်အာဏာရှင်ကို အသက်ရှုပေါက်ပိတ်အောင် အစွမ်းကုန် ကြိုးစားနေတယ်လို့ ယာယီသမ္မတသတင်းစကားပါး


ဇန်နဝါရီလ ၃၁ရက်။

ဇန်နဝါရီလ ၃၁ရက် နွေဦးတော်လှန်ရေး () နှစ်ပြည့်ခြင်းနေ့၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ၏ နိုင်ငံတော် အခြေပြမိန့်ခွန်းမှာထည့်သွင်းပြောပါတယ်။


"ကျွန်တော်တို့ဟာ နိုင်ငံရေးအရ မဟာဗျူဟာခြေလှမ်းတွေကို မတွန့်မဆုတ် တက်လှမ်းအကောင်အထည်ဖော်နေသလို စစ်ရေးအရ ခုခံတော်လှန်စစ်ကို အရှိန်အဟုန်မြင့်အောင် ထပ်တိုးလုပ်ဆောင်နေပါတယ်။ ဒါ့အပြင်ကျယ်ပြန့်သော လူထုလှုပ်ရှားမှုနှင့်အတူ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖိအားနဲ့ စစ်အာဏာရှင်ကို အသက်ရှုပေါက်ပိတ်အောင်အစွမ်းကုန် ကြိုးစားနေကြပါတယ်"လို့ဆိုပါတယ်။


ထို့အပြင် မြောက်ပိုင်းမဟာမိတ် ညီနောင်များရဲ့စစ်ဆင်ရေးအောင်ပွဲနဲ့နွေဦးတော်လှန်ရေးအောင်ပွဲဟာ အပြန်အလှန်ဆက်စပ်နေကြတယ်လို့လည်း ယာယီသမ္မတကပြောပါတယ်။


========================


📌📌 ၂။ မြေပြင်မှာ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ လျော့ရဲနေမှုကို သက်ဆိုင်ရာများ ဖိဖိစီးစီး ဖြေရှင်းကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် တိုက်တွန်း


ဇန်နဝါရီလ ၃၁ရက်။

မြေပြင်တွင် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ လျော့ရဲနေမှု ပြဿနာများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ သေသေချာချာ ပူးပေါင်းလုပ်ဆောင်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက  တိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့က ကျင်းပပြုလုပ်တဲ့ NUG အစိုးရအဖွဲ့ အစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာမှာ အခုလို တိုက်တွန်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။


စစ်ရေးအရှိန်အဟုန်နဲ့ တွဲလျက်ပါလာမယ့် အုပ်ချုပ်ရေးဖော်ဆောင်နေတဲ့ မြို့နယ်များမှာ တရား ဥပဒေစိုးမိုးရေး ကိစ္စမှာ အရေးကြီးကြောင်း၊ ပြည်သူ့ရဲတပ်ဖွဲ့၊ ပလဖ၊ ပကဖ၊ ပအဖတို့ အပါအဝင် သစ်တောဌာန၊ သတ္တုဌာန၊ မြေစာရင်းဌာနစတဲ့ အဖွဲ့စုံမှာ တာဝန်ရှိကြောင်းနဲ့ မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ တရားဥပဒေစိုးမိုးရေး လျော့ရဲနေတဲ့ ပြဿနာများအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ သေသေချာချာ ပူးပေါင်းလုပ်ဆောင်ကြဖို့ လိုအပ်ကြောင်းကို ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။


နိုင်ငံတကာက တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို စောင့်ကြည့်နေတဲ့အတွက် တရားဥပဒေ စိုးမိုးမှု အားကောင်းလာလျှင် အစိုးရအပေါ် ပြည်သူများက ယုံကြည်ကိုးစားမှု တိုးတက်လာမှာ ဖြစ်ပြီး ပုံမှန် ကာလတွင်ပင် တရားဥပဒေ စိုးမိုးရေး ကဏ္ဍမှာ ကိုင်တွယ်ရ မလွယ်ကူတာကြောင့် တော်လှန်ရေး ကာလတွင် ပိုမိုခက်ခဲမှာ ဖြစ်ပေမယ့် လုပ်ဆောင်လို့ ရနိုင်သမျှ နည်းလမ်းများကို ရှာဖွေပြီး ဖိဖိစီးစီး စီမံ ဆောင်ရွက် ရမှာ ဖြစ်တယ်လို့ ပြည်ထောင်စု ဝန်ကြီးချုပ်က တိုက်တွန်းပြောကြား ခဲ့ပါတယ်။


========================


📌📌 ၃။ (၇၅) နှစ်မြောက် (စိန်ရတု) ကရင့်တော်လှန်ရေး နေ့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန သဝဏ်လွှာ ပေးပို့


ဇန်နဝါရီလ ၃၁ရက်။

ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကျရောက်တဲ့ (၇၅) နှစ်မြောက် (စိန်ရတု) ကရင့်တော်လှန်ရေးနေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ အထူးဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။


ကရင့်တော်လှန်ရေးအတွက် ဘဝနဲ့ အသက်ကို ရင်းနှီးပေးဆပ်ခဲ့တဲ့ ကရင့်အာဇာနည် ညီအကို၊ မောင်နှမများကို မှတ်တမ်းတင် အလေးပြု ဦးညွတ်အပ်ပါကြောင်း သဝဏ်လွှာမှာ ဦးစွာ ဖော်ပြထား ပါတယ်။


ယနေ့ မြန်မာ့နွေဦး တော်လှန်ရေးတွင် ကရင့်အမျိုးသား အစည်းအရုံး (KNU) ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တို့ဟာ ဘဝတူ တော်လှန်ရေး အဖွဲ့အစည်းများနဲ့ လက်တွဲညီစွာ ရှေ့တန်းမှ ဦးဆောင်ပါဝင်နေတာကိုလည်း NUG ကာကွယ်ရေးဝန်ကြီးဌာနမှ လေးစားအသိအမှတ် ပြုတယ်လို့  ဆိုထားပါတယ်။


ထို့ပြင် ကရင့်ညီကို မောင်နှမများနဲ့ သွေးစည်းညီညွတ်စွာဖြင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းများတွင် လက်တွဲညီညီ ပူးပေါင်း လုပ်ဆောင်သွားမယ်လို့  ကာကွယ်ရေးဝန်ကြီးဌာနမှ ကတိသစ္စာ ပြုထားပါတယ်။


========================


📌📌 ၄။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် နှင့်  ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းတို့ တွေ့ဆုံဆွေးနွေး


ဇန်နဝါရီလ ၃၁ရက်။

ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တို့ ဇန်နဝါရီလ ၃၁ရက်  ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


တွေ့ဆုံဆွေးနွေးပွဲတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ၊လွှတ်တော်ရေးရာကော်မတီများမှ တာဝန်ရှိသောလွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီးဝန်ကြီးဌာနဘက်မှလည်း အမြဲတမ်းအတွင်းဝန်များပါတက်ရောက်ခဲ့ကြပါတယ်။


ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌတို့မှ နှုတ်ခွန်းဆက်စကားများပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ ဝန်ကြီးဌာန၏ ဆက်လက်ဆောင်ရွက်မည့် ဖက်ဒရယ်ရေးရာကိစ္စရပ်များနှင့် ရှေ့လုပ်ငန်းစဥ်များကိုရှင်းလင်းပြောကြားခဲ့ပါတယ်။


၎င်းနောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဘက်မှလည်း ဖက်ဒရယ်ယူနစ်ဆိုင်ရာကိစ္စရပ်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ရှေ့လုပ်ငန်းစဥ်များကို ဆွေးနွေးပြောကြားခဲ့ပြီးနောက် တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များနှင့်ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ အပြန်အလှန်ဆွေးနွေး ညှိနှိုင်းခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၅။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး၊ နိုင်သုဝဏ္ဏတက်ရောက်


ဇန်နဝါရီလ ၃၁ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (/၂၀၂၄)ကို ဇန်နဝါရီလ ၃၁ရက်မှာ ကျင်းပခဲ့ပါတယ်။

အစည်းအဝေးသို့ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊  အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ နိုင်သုဝဏ္ဏမှ တက်ရောက် အဖွင့်အမှာစကား‌ပြောကြားခဲ့ပါတယ်။


ထို့နောက်တက်ရောက်လာသောမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်‌ဖြေကြားခဲ့ပါတယ်။


အဆိုပါတွေ့ဆုံပွဲသို့  ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၆။ အကြမ်းဖက်စစ်တပ်၏ လူနည်းစုဘာသာဝင်များအပေါ် ပစ်မှတ်ထားကာ ကျူးလွန်မှုများအား အပြစ်ပေးအရေးယူနိုင်ရန်အတွက် International Religious Freedom Summitတွင် လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီးဆွေးနွေး


ဇန်နဝါရီလ ၃၁ရက်။

ဇန်နဝါရီ - ၃၁တွင် ကျင်းပတဲ့ အာရှတခွင်တွင်ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ အမေရိကန်၌ ပြုလုပ်သော International Religious Freedom Summit သို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးမှ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။


ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးမှ မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်၏ လူနည်းစုဘာသာဝင်များအပေါ် ပစ်မှတ်ထားကာ ၎င်းလူနည်းစုဘာသာဝင်များ၏ ဘာသာရေးအဆောက်အဦများ၊ ယဉ်ကျေးမှုဆိုင်ရာ အဆောက်အဦများကို ပစ်မှတ်ထား တိုက်ခိုက်ကာ ဘာသာရေးခေါင်းဆောင်များအား ပစ်ခတ်ဖမ်းဆီးခြင်းများကို အပြစ်ပေးအရေးယူနိုင်ရန်အတွက် ဆွေးနွေးခဲ့ပါတယ်။

 

ထို့အပြင် အမေရိကန်ပြည်ထောင်စုအနေဖြင့် လူနည်းစုဘာသာဝင်များအကြမ်းဖက်ခံရမှုအပေါ် လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှု (Crime Against Humanity) အနေနဲ့သတ်မှတ်ပေးဖို့တောင်းဆိုခဲ့ပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လူနည်းစုဘာသာဝင်များအရေးကိစ္စနှင့် ပတ်သက်၍ မူဝါဒများ ချမှတ်ပြီး၊ ၎င်းတို့အတွက် တန်းတူညီတူအခွင့်အရေးရရှိစေရန် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၇။ "မြို့သိမ်းရွာသိမ်း တိုက်ပွဲတွေမှာတတ်နိုင်တဲ့ ဘက်ကနေ စိတ်ပိုင်း၊ ရုပ်ပိုင်း ထောက်ပံ့ကြဖို့" ဒုဝန်ကြီး ဦးမော်ထွန်းအောင်တိုက်တွန်း


ဇန်နဝါရီလ ၃၁ရက်။

"မြို့သိမ်းရွာသိမ်း တိုက်ပွဲတွေမှာ တတ်နိုင်တဲ့ ဘက်ကနေ စိတ်ပိုင်း၊ ရုပ်ပိုင်း ထောက်ပံ့ကြဖို့" ဒုဝန်ကြီး ဦးမော်ထွန်းအောင်က ဇန်နဝါရီလ ၃၁ရက်မှာ ဆိုရှယ်မီဒီယာမှတဆင့်ပြောကြားထားပါတယ်။


"မြို့သိမ်းရွာသိမ်း တိုင်းမှာ လွယ်လွယ်နဲ့ ဆို့အောက်ကျတာ မဟုတ်ဘူး၊ ပျော်လို့လုပ်ကြတာလည်း မဟုတ်ဘူး။ လုပ်သင့် လုပ်ထိုက်လို့ ကိုလုပ်ရတဲ့ ကာလဖြစ်တယ်။ တတ်နိုင်တဲ့ ဘက်ကနေ စိတ်ပိုင်း၊ ရုပ်ပိုင်း ထောက်ပံ့ ကြရပါမယ်"လို့ဆိုပါတယ်။


လက်ရှိမှာ PRFထောက်ပို့တပ်သားအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုလစဥ်ထောက်ပို့ရင်း ပါဝင်နိုင်သလို မိမိနှစ်သက်ရာတိုင်းနှင့်ပြည်နယ်အလိုက်ကို ဦးစားပေးရွေးချယ်ထောက်ပို့နိုင်ပါတယ်။


========================


📌📌 ၈။ အာဏာသိမ်းကာလ သုံးနှစ်ပြည့်ချိန်မှာ စစ်ကောင်စီသက်တမ်း ထပ်တိုး


ဇန်နဝါရီ ၃၁ရက်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်မှာ သက်တမ်းကုန်ဆုံးတော့မယ့် စစ်ကောင်စီက အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေး ခေါ်ယူပြီး ၎င်းတို့ရဲ့ သက်တမ်းကို () ထက်မံတိုးမြှင့်ခဲ့တယ်လို့ စစ်တပ် ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် မီဒီယာများမှတဆင့် ထုတ်ပြန်ကြေညာခဲ့ပါတယ်။


နိုင်ငံအား တည်ငြိမ်အေးချမ်းတဲ့ ပုံမှန်အနေအထားသို့ရောက်အောင် ဆက်လက်ဆောင်ရွက်ရန် လိုအပ်တဲ့အတွက်ဟုဆိုကာ သက်တမ်း ထပ်တိုးပေးရန် အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က တင်ပြခဲ့တာ ဖြစ်ပါတယ်။


ရွေးကောက်ခံ အရပ်သားခေါင်းဆောင်တွေကို ဖမ်းဆီးထားပြီး ကျင်းပတဲ့ ကာလုံ အစည်းအဝေး ကလည်း စစ်ခေါင်းဆောင်ရဲ့ တင်ပြချက်ကို ကန့်ကွက်သူမရှိဘဲ အတည်ပြုပေးခဲ့ကြပါတယ်။


၎င်း ကာလုံ အစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုး၀င်း၊ ယာယီသမ္မတဆိုသူ ဦးမြင့်ဆွေတို့အပြင် NLD အစိုးရလက်ထက် ဒုတိယသမ္မတ တာ၀န်ယူခဲ့တဲ့ ဦးဟင်နရီဗန်ထီးယူနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့လည်း တက်ရောက်ခဲ့ပါတယ်။


ထို့ပြင် စစ်ကောင်စီက ခန့်အပ်ထားတဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီးတွေလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


စစ်ကောင်စီက ကိုင်စွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပုဒ်မ - ၄၁၇ အရ နိုင်ငံတော် အရေးပေါ် အခြေအနေတွင် ကာကွယ်ရေး ဦးစီးချုပ်က တစ်နှစ်တိတိ နိုင်ငံတော် အာဏာကို ရယူခွင့် ရှိပြီး အဲ့ဒီနောက် တိုင်းပြည်မတည်ငြိမ်သေးဘူးလို့ ကာကွယ်ရေး ဦးစီးချုပ်က တင်ပြပြီး ပုဒ်မ - ၄၂၅ အရ နောက်ထပ် နှစ်ကြိမ်သာ သက်တမ်းတိုးခွင့် ရှိတယ်လို့ ဖော်ပြထားပါတယ်။


ဒါပေမယ့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အကြောင်းပြချက်တွေ အမျိုးမျိုး ပေးပြီး စစ်ကောင်စီကို သက်တမ်းတိုးလာတာ ဒီတစ်ကြိမ်နဲ့ဆိုလျှင် ငါးကြိမ်အထိ ရှိနေပြီ ဖြစ်ပါတယ်။


========================


📌📌 ၉။ နွေဦးထီ version 2.0 မှာ အမြင့်ဆုံး ဆုကြေးများနှင့်အတူ ဆုမဲပေါင်းနှစ်သောင်းကျော်အထိ စီစဥ်ထား


ဇန်နဝါရီလ၃၁ရက်။

နွေဦးထီ version 2.0 မှာ အမြင့်ဆုံး ဆုကြေးများ နှင့်အတူ ဆုမဲပေါင်းနှစ်သောင်းကျော်အထိ စီစဥ်ထားတယ်လို့ ဇန်နဝါရီလ၃၁ရက်မှာ အောင်လံလွှင့်ချီနွေဦးထီမိသားစုကအသိပေးဆိုပါတယ်။


"မကြာမီ ဖွင့်လှစ်မည့် နွေဦးထီ version 2.0 မှာ အမြင့်ဆုံး ဆုကြေးများနှင့်အတူ နိုင်ငံ့ဂုဏ်ဆောင် အခွင့်အလမ်းများစွာ ဆွတ်ခူးနိုင်ဖို့  ထီဆုမဲစုစုပေါင်း ၂၂,၂၃၈  အထိ စီစဥ်တင်ဆက်သွားမှာ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ ထီဆုမဲ အမျိုးအစားနှင့် ဆုကြေး ပမာဏ အသေးစိတ်ကိုလည်း ရက်ပိုင်းအတွင်း အချိန်နှင့်တပြေးညီ ကြေညာပေးသွားမှာပါ"လို့ဆိုပါတယ်။


လစဥ်မှန်မှန် ထီထိုးနိုင်ဖို့လည်း Spring Development Bank အကောင့်မှာ ငွေသွင်းထားပြီး နွေဦးထီ platform အသစ် ထွက်ရှိတာနဲ့အသင့်ထီထိုးနိုင်မှာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================
========================

🚩🚩 ၁။ ကရင့်လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ပြန်ပေါင်းကြရန် KNU ဥက္ကဋ္ဌ ဖိတ်ခေါ်


ဇန်နဝါရီလ ၃၁ရက်။

ကရင့်လက်နက်ကိုင် အဖွဲ့များအားလုံး ပြန်လည်ပေါင်းစည်းကြဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဇန်နဝါရီလ ၃၁ ရက်မှာ ကျရောက်တဲ့ (၇၅) နှစ်မြောက် ကရင့် တော်လှန်ရေးနေ့ မိန့်ခွန်းပြောကြားရာမှာ တိုက်တွန်းပြောဆိုခဲ့ပါတယ်။


ကရင်အမျိုးသားရေးအတွက် ဆောင်ရွက်နေတယ်လို့ မိမိကိုယ်ကိုယ် သတ်မှတ်ထားတဲ့ ကရင့် အဖွဲ့အစည်းတိုင်း၊ ကရင့်လက်နက်ကိုင် အဖွဲ့အစည်းတိုင်း၊ ၁၉၄၉ ခုနှစ် ကလိုပဲ ပြန်လည်ပေါင်းစည်း ညီညွတ်ဖို့ လိုအပ်ပါတယ်လို့ ပဒိုစောကွယ်ထူးဝင်းက ပြောကြားခဲ့ပါတယ်။


ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ကော်သူးလေကိုတည်ထောင်ပြီး တစ်ချိန်ထဲမှာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ကို တည်ဆောက်ရန် ရည်မှန်းထားတယ်လို့ ဆိုပါတယ်။


ထို့အပြင်ကရင့်ကံကြမ္မာဟာ ကရင့်လက်ထဲမှာပဲ ရှိပါတယ်။ ကရင့်အမျိုးသားတို့ရဲ့ စည်းလုံး ညီညွတ်မှုဟာ ကရင့်ကံကြမ္မာကို အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်လို့လည်း  ပဒိုစောကွယ်ထူးဝင်းက သတိပေး တိုက်တွန်းခဲ့ပါတယ်။


လက်ရှိမှာတော့ KNU မှ ခွဲထွက်ခဲ့တဲ့ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) DKBA မှ ထပ်မံခွဲထွက်ခဲ့တဲ့ နယ်ခြားစောင့်တပ် (BGF) တို့အပြင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNLA PC နဲ့ နွေဦးတော်လှန်ရေး ကာလမှာ ဗိုလ်ချုပ်နယ်ဒါးမြ တည်ထောင်ထားတဲ့ ကော်သူးလေအာမီ (KTLA) တို့ဟာ ကရင့်လက်နက်ကိုင် အဖွဲ့အစည်းများ အဖြင့် ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။


အခုလို ကွဲပြားလျက် ရှိနေကြတဲ့ ကရင့်လက်နက်ကိုင်အဖွဲ့အစည်းများ  ပြန်လည်ပေါင်းစည်းပြီး အကြမ်းဖက် စစ်တပ်ကို ပြန်တိုက်ခိုက်ရန် ကရင်လူထုက စဉ်ဆက်မပြတ် တောင်းဆိုနေခဲ့သလို ကရင်လက်နက်ကိုင် အဖွဲ့များကလည်း အချင်းချင်း တိုက်ခိုက်မှုများ မဖြစ်ကြစေရန် ၂၀၂၁ ကတည်းက တွေ့ဆုံဆွေးနွေး ခဲ့ကြတာတွေ ရှိခဲ့ပါတယ်။


========================


🚩🚩 ၂။ ဆီဆိုင်မြို့နယ်တွင် လုံခြုံရေးဆိုင်ရာကိစ္စကို ဆောင်ရွက်စဉ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့်စကစတပ်တို့ မြို့မြောက်ဘက် တနေရာတွင် တိုက်ပွဲထပ်မံဖြစ်ပွားပြီးစစ်ကောင်စီအလောင်း ၅၀ခန့်နှင့်လက်နက် ၅၀ ခန့်ကိုလည်း သိမ်းပိုက်ရရှိခဲ့


ဇန်နဝါရီလ ၃၁ရက်။

ဇန်နဝါရီလ ၃၁ရက်မှာ စစ်ရေးသတင်းကို PNLAကတရားဝင်အသိပေးဆိုပါတယ်။


"ဇန်နဝါရီလ ၃၀ ရက်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဆီဆိုင်မြို့နယ်တွင် လုံခြုံရေးဆိုင်ရာ ကိစ္စကို ဆောင်ရွက်စဉ် စစ်ကောင်စီတပ်နှင့် မြို့မြောက်ဘက် တနေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့တယ်"လို့ဆိုပါတယ်။


တိုက်ပွဲဖြစ်ပွားသည့်နေရာတွင် နယ်မြေရှင်းလင်းရာ စစ်ကောင်စီအလောင်း ၅၀ခန့် ကျန်ရှိပြီး လက်နက် ၅၀ ခန့်ကိုလည်း သိမ်းပိုက်ရရှိခဲ့ပါတယ်။


စစ်ကောင်စီနှင့်လက်အောက်ခံ ပြည်သူ့စစ်တို့သည် ပအိုဝ်းဒေသ ပအိုဝ်းကျေးရွာများအား လက်နက်ကြီးများ လေယာဉ်များ အသုံးပြုပစ်ခတ်ပြီး ဖျက်စီးနေလျက်ရှိပြီး ယမန်နေ့ညတွင် တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)လည်း မရှိဘဲ ဆီဆိုင်မြို့နယ် လွယ်ထွဲကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင်း ပအိုဝ်းတို့အထွဋ်အမြတ်ထားရာဖြစ်သည့် လွယ်ထွဲဘုန်းတော်ကြီးကျောင်း ပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။


========================


🚩🚩 ၃။ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကုလားရှင်ကျေးရွာမှ စစ်သား နှင့် ရဲ အင်အား (၃၀) ကျော်ရှိ စစ်ဆေးရေးဂိတ်အား တော်လှန်ရေးရဲဘော်များပစ်ခတ်တိုက်ခိုက်


ဇန်နဝါရီလ ၃၁ရက်။

ဇန်နဝါရီလ (၃၁) ရက်၊ ညနေ (: ၂၇) အချိန်တွင် မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကုလားရှင်ကျေးရွာမှ စစ်သားနှင့် ရဲအင်အား (၃၀) ကျော်ရှိ စစ်ဆေးရေးဂိတ်အား OPRF - PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစုမှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


OPRF - PLAတပ်ဖွဲ့မှ အဆိုပါ စစ်ဆေးရေးဂိတ်အား မီတာ (၁၀၀) အကွာမှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရန်သူ စစ်အုပ်စုမှလည်း ပြန်လည်ပစ်ခတ်ခဲ့တယ်လို့အတည်ပြုပါတယ်။ 


အပြန်အလှန်ပစ်ခတ်ပြီးနောက် OPRF - PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုမှ ရဲဘော်များ အထိအခိုက် လုံးဝမရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပြီး ရန်သူ စစ်အုပ်စုဘက်မှ အထိအခိုက် အကျအဆုံး အတိအကျ စုံစမ်းနေဆဲ ဖြစ်ပါတယ်။


========================


🚩🚩 ၄။ ကော့ကရိတ်မြို့နယ် ၈တိုင်နှင့် ၉တိုင်ကြားတွင် နယ်မြေရှင်းလင်းရေး ပြုလုပ်နေစဉ် လာရောက်ထောက်လှမ်းသော ရဲတပ်ဖွဲ့ဝင် () ဦးနှင့် စကခ   (၁၂) မှ စစ်သား () ဦးအား ဖမ်းဆီးရမိခဲ့


ဇန်နဝါရီလ ၃၁ရက်။

ဇန်နဝါရီလ ၃၁ရက်မှာ ဖြစ်စဥ်ကို ကျားဖြူစစ်ကြောင်းကအသိပေးဆိုပါတယ်။


"ဇန်နဝါရီ၂၇ရက်နေ့ နံနက် (၁၁:၀၀) နာရီ အချိန်ခန့်တွင် ကျားဖြူတပ်ခွဲ ()နှင့် ပူးပေါင်းမဟာမိတ် စစ်ကြောင်းများမှ ချောင်းတောင်မြို့မ ဘုရားတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံတပ်များအား ဝင်ရောက်ပစ်ခတ်ခဲ့တယ်"လို့ဆိုပါတယ်။


ထပ်မံ၍ ကျားဖြူစစ်ကြောင်း တပ်ခွဲ () တပ်ခွဲ () နှင့် နယ်မြေခံ ပူးပေါင်းစ၊စ်ကြောင်းမှ ကော့ကရိတ်မြို့ အလက() တောင်ပေါ်ရပ်လမ်းဆုံတွင် နယ်မြေရှင်းလင်းရေး ပြုလုပ်ရာ ရန်သူနှင့် ထိတွေ့မှု ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။


ယင်းဖြစ်စဉ်တွင် ရန်သူ့ဘက်မှ အနည်းဆုံး၈ဦးသေဆုံးပြီး ဦး ဒဏ်ရာရကြောင်း သိရှိရပါတယ်။


ဇန်နဝါရီ၃၀ ရက်နေ့တွင် ကျားဖြူစစ်ကြောင်း တပ်ခွဲ () ဂဠုန်စစ်ကြောင်းနှင့် ပူးပေါင်းအဖွဲ့များမှ ကော့ကရိတ်မြို့နယ် ၈တိုင်နှင့် ၉တိုင် ကြားတွင် နယ်မြေရှင်းလင်းရေး ပြုလုပ်နေစဉ် လာရောက်ထောက်လှမ်းသော ရဲတပ်ဖွဲ့ဝင် () ဦးနှင့် စကခ   (၁၂) မှ စစ်သား () ဦးအား ဖမ်းဆီးမိခဲ့ရာ KNDO တပ်ရင်း () သို့ သုံ့ပန်းဥပဒေနှင့်အညီ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။


========================


🚩🚩 ၅။ ခင်ဦးမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးနေသည့်အတွက် လမ်းပိုင်း ခု ယာယီပိတ်ထား


ဇန်နဝါရီလ ၃၁ရက်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်းကို စစ်တပ်က တကျော့ပြန် စစ်ကြောင်းထိုးလာတဲ့အတွက် လမ်းပိုင်း ခု ယာယီပိတ်ထားတယ်လို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။ 

ဇန်နဝါရီလ ၃၁ ရက်နေ့မနက်ပိုင်းက ရေဦးနယ် ကြာပန်းညိုကျေးရွာကတဆင့် ခင်ဦးနယ်ဘက်ကို ခြေလျင် စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၅ဝ ခန့် ရှိ စစ်ကြောင်းဟာ ခင်ဦးနယ်အနောက်မြောက်ခြမ်းက မြင်းကျ ကျေးရွာမှာ တပ်စွဲနေတယ်လို့ Khin U Special Force Organization – KSO က ပြောပါတယ်။

ဒါကြောင့် မုံလှ-မြင်းဒေါင်း ကွန်ကရစ်လမ်းပိုင်း နဲ့ ရေဦး-ခင်ဦးလမ်းပိုင်းကို တော်လှန်ရေးအဖွဲတွေက ယာယီပိတ်ထားမယ်လို့ အသိပေးထားပါတယ်။

အဆိုပါစစ်ကြောင်းမှာ ရွှေဘိုလေ့ကျင့်ရေး က စစ်သား ၁ဝဝ ခန့်နဲ့ ဘုန်းကုန်းပျူရွာမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅ဝ ခန့် ပါဝင်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ 

ထို့ကြောင့် ဒေသတွင်းမှာရှိတဲ့ ဒေသခံပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေ အထူးဂရုစိုက်ကြဖို့ Khin U People Defence Force -KUPDF ကလည်း သတိပေးထားပါတယ်။

စစ်တပ်က ခင်ဦးနယ်ထဲကို တကျော့ပြန်စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာ ရွာထက်မနည်းက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဇန်နဝါရီလ ရက်နေ့ ၁၂ ရက်နေ့အထိ ခင်ဦးနယ်အနောက်ခြမ်းကို ကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့ရာမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ဒေသခံပြည်သူ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။


========================


🚩🚩 ၆။ ချင်းပြည်နယ် ဟားခါးမြို့ မှ ရဲတပ်သား တစ်ဦးCDF - KKG ထံသို့ခိုလှုံ


ဇန်နဝါရီလ ၃၁ရက်။

ချင်းပြည်နယ် ဟားခါးမြို့ မှ ရဲတပ်သား တစ်ဦးCDF - KKG ထံသို့ခိုလှုံခဲ့တယ်လို့ Chinland Defense Force - Kalay Kabaw Gangawကအတည်ပြုဆိုပါတယ်။


"ဇန်နဝါရီ ၂၈ရက်မှာ ချင်းပြည်နယ် ဟားခါးမြို့ မှ ရဲတပ်သား တစ်ဦး G3 လက်နက် အမျိုးစား လက် နှင့် ကျည်ဆံ အတောင့် ၂၃၂   ဖြင့် CDF - KKG အဖွဲ့အစည်းထံသို့ လာရောက်ခိုလှုံခဲ့တယ်"လို့ဆိုပါတယ်။


အဆိုပါရဲတပ်သားအားအဖွဲ့အစည်းမှ ဆုကြေးငွေအဖြင့် ကျပ်သိန်း ၅၀ ဆု ချီးမြင့်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ခဲ့ပြီး ဖြစ်ကြောင်း သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment