1st FEB 2024 - Evening Daily News by Radio NUG

 

၂၀၂၄ ဖေဖေါ်ဝါရီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံ အခြေခံဥပဒေ အမြန်ဆုံးရေးဆွဲ ပြဌာန်းရန် ယာယီသမ္မတတိုက်တွန်း

📌 ၂။ စကစဟာအချိန်ဆွဲ၊ သွေးခွဲတဲ့နည်းလမ်းကိုလည်းသုံးမှာဖြစ်ပြီး တော်လှန်ရေးအင်အားစုများအနေနဲ့မတွေဝေဘဲတော်လှန်ရေးကိုချီတက်ကြဖို့ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၃။ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေ ခံဥပဒေကိုလည်း ၂၀၂၄ ခုနှစ်အတွင်း အမြန်ဆုံးပြီးမြောက်အောင် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ NUCCကြေညာ

📌 ၄။ မြန်မာစစ်တပ်တာဝန်ရှိသူများအနေဖြင့် နိုင်ငံရေးဦးတည်ချက် () ရပ်အား လက်ခံလာလျှင်စစ်အာဏာသိမ်းမှု အဆုံးသတ်ခြင်းနှင့် အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ဆွေးနွေးမယ်လို့ ဘုံသဘောထားရပ်တည်ချက်ထုတ်ပြန်

📌 ၅။ အမေရိကန်လွှတ်တော်အမတ် Bill Huizengaနှင့် NUGနိူင်ငံခြားရေးဝန်ကြီးအပါအဝင် ဒုဝန်ကြီးတို့တွေ့ဆုံ

📌 ၆။ နွေဦးတော်လှန်ရေးကြီး () နှစ်ပြည့် Silent Strikeတွင် ရန်ကုန်၊မန္တလေးမြို့ကြီးများနှင့် နေရာစုံဒေသစုံမှ ပြည်သူလူထုများပူးပေါင်းပါဝင်

📌 ၇။ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး ဆက်လက်တိုက်ပွဲဝင်မည်ဟု အိုးဘိုထောင်မှ အမှန်တရားဘက်တော်သား များ ကြေညာ

📌 ၈။ ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ ကုလသမဂ္ဂရုံးရှေ့ မြန်မာနိူင်ငံသားများဆန္ဒပြ


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ၇၅ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အခမ်းအနားပြီးချိန်တွင် စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့

🚩 ၂။ မြောက်ဦးအခြေစိုက် ခမရ ၅၄ဝ တပ်ရင်းကို ရခိုင့်တပ်တော် AA သိမ်းပိုက်

🚩 ၃။ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းတွင် တိုက်ပွဲများစတင်ဖြစ်ပွား၊ စစ်တပ်က ကုန်းကြောင်း၊ ရေကြောင်း လေကြောင်းမှ လက်နက် ကြီးများဖြင့် ပစ်ခတ်

🚩 ၄။ မုံရွာနယ် တောပုရွာရှိ ပျူစောထီးကင်းပုန်းများကို လက်နက်ကြီးများဖြင့်တိုက်ခိုက်

🚩 ၅။ ချင်းပြည်နယ် ဒိုင်ရ်ဒေသအတွင်း အကြမ်းဖက်စစ်တပ်ရဲ့အရာရှိအပါအဝင်စုစုပေါင်း (၁၅) ဦးဖမ်းဆီးရမိကာ ဒဏ်ရာရလာသူများကိုCDF - Daai မှ ဆေးကုသမှုများလုပ်ပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံ အခြေခံဥပဒေ အမြန်ဆုံးရေးဆွဲ ပြဌာန်းရန် ယာယီသမ္မတတိုက်တွန်း


ဖေဖော်ဝါရီ၁ရက်


အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံ အခြေခံဥပဒေ အမြန်ဆုံးရေးဆွဲ ပြဌာန်းရန်ယာယီသမ္မတဒူဝါလရှီးလက ဖေဖော်ဝါရီ၁ရက်နေ့‌မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ဆဌမအကြိမ် အစည်းအဝေးတွင် တိုက်တွန်းပြောပါတယ်။


"နိူင်ငံရေး၊စစ်ရေး ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုတွေဟာ အချိန်နဲ့အမျှ တိုးတက်ဖြစ်တည်နေတာကိုအားလုံးသိကြပြီးဖြစ်ပါတယ်။ဒီလိုအခြေအနေမျိုးမှာ နိူင်ငံရေးအရ အရေးတကြီးကြိုတင်ပြင်ဆင်ထားရမယ့်ကိစ္စတွေထဲမှာ အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဌာန်းခြင်း လုပ်ငန်းဟာအထူးအရေးကြီးတဲ့လုပ်ငန်းတရပ်ဖြစ်ပါတယ်။ဒါဟာ နိူင်ငံရေးအရလည်းအရေးကြီးသလို၊အနာဂါတ်တိုင်းပြည် တည်ဆောက်ရေးအတွက်လည်းအရေးကြီးပါတယ်။ဒါ့အပြင် ကျယ်ပြန့်သော တော်လှန်ရေးအင်အားစုတွေကို တညီတညွတ်တည်းဆွဲစုနိူင်ဖို့အတွက်အရေးကြီးတဲ့ လူထုတာဝန်တရပ်လည်းဖြစ်ပါတယ်။အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဌာန်းခြင်း လုပ်ငန်းဟာတော်လှန်ရေးအောင်မြင်ရေးအတွက်အရေးတကြီးဆောင်ရွက်ရမယ့်လုပ်ငန်း ဖြစ်တာကြောင့် သက်ဆိုင်ရာအဖွဲ့စည်းများပူးပေါင်းပြီး အမြန်ဆုံးရေးဆွဲ ပြဌာန်းနိူင်ရန်အတွက် အလေးအနက်ထားတိုက်တွန်းလိုပါတယ်"လို့ယာယီသမ္မတကဆိုပါတယ်။


လက်ရှိမှာအမျိုးသားညီညွတ်ရေးအစိုးရဟာ ဖက်ဒရယ်ချာတာအရ လျှောက်လှမ်းနေပြီး တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်နိူင်ငံရေး၊စစ်ရေးများကိုပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၂။ စကစဟာအချိန်ဆွဲ၊ သွေးခွဲတဲ့နည်းလမ်းကိုလည်းသုံးမှာဖြစ်ပြီး တော်လှန်ရေးအင်အားစုများအနေနဲ့မတွေဝေဘဲတော်လှန်ရေးကိုချီတက်ကြဖို့ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


ဖေဖော်ဝါရီ၁ရက်


စကစဟာအချိန်ဆွဲ၊ သွေးခွဲတဲ့နည်းလမ်းကိုလည်းသုံးမှာဖြစ်ပြီး တော်လှန်ရေးအင်အားစုများအနေနဲ့မတွေဝေဘဲတော်လှန်ရေးကိုချီတက်ကြဖို့ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းဖေဖော်ဝါရီ၁ရက်နေ့မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ဆဌမအကြိမ် အစည်းအဝေးတွင် ဝန်ကြီးချုပ်ကပြောကြားပါတယ်။


"စကစဟာအချိန်ဆွဲတဲ့နည်းလမ်းကိုသုံးမှာဖြစ်ပါတယ်။သွေးခွဲတဲ့နည်းလမ်းကိုလည်းသုံးမှာဖြစ်ပါတယ်။အရေးကြီးတာ ကျနော်တို့တွေမတွေဝေဘဲချီတက်ကြဖို့ဖြစ်ပါတယ်။ဒါကြောင့်၂၀၂၄ ခုနှစ် စစ်ကောင်စီကိုအပြီးတိုင်ချေမှုန်းမယ့်နှစ်မှာ ကျနော်တို့ ကျစ်လစ်ပြီ မဟာမိတ်များပိုမိုအင်အားကောင်းလာရေး၊တော်လှန်ရေးအတွက်ရင်ဘတ်ချင်းတူ၊ရည်ရွယ်ချက်ခြင်းတူတဲ့အင်အားစုတွေနဲ့ချိတ်ဆက်ဆောင်ရွက်နိူင်ရေး၊စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် အခြေခံ အုတ်မြစ်များတည်ဆောက်နိူင်ရေး၊အသွင်ကူးပြောင်းရေးကာလကိုချောမွေ့စွာရောက်ရှိပြီးကျူးလွန်သူများကို တရားမျှတမှုအတွက်ပြန်လည်ကုစားနိူင်ရေးတရားစီရင်နိူင်ရေးတို့ကို ကြိုးစားဆောင်ရွက်သွားမယ်ဆိုတာလည်းကတိပြုပြောကြားလိုပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် နွေဦးတော်လှန်ရေးဟာ အောင်ပွဲနဲ့နီးကပ်နေပြီး စကစဟာ နောက်ဆုံးထွက်သက်ကိုရောက်ရှိနေပြီလို့လည်း ဝန်ကြီးချုပ်ကထပ်လောင်းပြောပါတယ်။


========================


📌📌 ၃။ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေ ခံဥပဒေကိုလည်း ၂၀၂၄ ခုနှစ်အတွင်း အမြန်ဆုံးပြီးမြောက်အောင် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ NUCCကြေညာ


ဖေဖော်ဝါရီ၁ရက်


အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေ ခံဥပဒေကိုလည်း ၂၀၂၄ ခုနှစ်အတွင်း အမြန်ဆုံးပြီးမြောက်အောင် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ NUCCကြေညာလိုက်ပါတယ်။


ဖေဖော်ဝါရီ၁ရက် နွေဦးတော်လှန်ရေး () နှစ်ပြည့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နိုင်ငံရေးသဘောထားကြေညာချက်တွင်ဖော်ပြပါရှိပါတယ်။


အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) သည် ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း ကျင်းပရန် လျာထားပြီး၊ နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်နိုင် ရန်မူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များကိုဆွေးနွေးအတည်ပြုကြမှာစြ်တယ်လို့ဖော်ပြပါတယ်။


ထို့အပြင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အနေဖြင့် တော်လှန်ရေးအရှိန်အဟုန်နှင့် အတူ တော်လှန်ရေး အင်အားစု အသီးသီးနှင့် ပိုမို ခိုင်မာသော ဘုံနိုင်ငံရေး သဘောတူညီချက်တရပ် ရရှိရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ပြီးအသွင်ကူးပြောင်းရေးကာလဆိုင်ရာ အစီအမံများနှင့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေ ခံဥပဒေကိုလည်း ၂၀၂၄ ခုနှစ်အတွင်း အမြန်ဆုံးပြီးမြောက်အောင် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။


အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ တရုတ်၊ ထိုင်းနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများနှင့် နိုင်ငံတကာ အစိုးရများအနေဖြင့် လက်ရှိစစ်ရေး၊ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများကို ပြန်လည်သုံး သပ်ပြီး၊ မြန်မာ့အရေး ချဉ်းကပ်မှုများတွင် မူဝါဒများပြောင်းလဲကြရန် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က အလေးအနက် တိုက်တွန်းထားပါတယ်။


========================


📌📌 ၄။ မြန်မာစစ်တပ်တာဝန်ရှိသူများအနေဖြင့် နိုင်ငံရေးဦးတည်ချက် () ရပ်အား လက်ခံလာလျှင်စစ်အာဏာသိမ်းမှု အဆုံးသတ်ခြင်းနှင့် အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ဆွေးနွေးမယ်လို့ ဘုံသဘောထားရပ်တည်ချက်ထုတ်ပြန်


ဇန်နဝါရီ၃၁ရက်မှာ "စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များနှင့် NUGအစိုးရမှဘုံသဘောထားရပ်တည်ချက်အား ထုတ်ပြန်ကြေညာပါတယ်။


ထုတ်ပြန်ချက်အရ ဦးတည်ချက်၆ရပ်တွင် 


(က) စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်

() လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက် ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်

() ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်

() သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရန် 

() ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ်အား တည်ဆောက်ရန်

() ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေး နှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်ဖော်ဆောင်ရန်တို့ပါဝင်ပါတယ်။


အဆိုပါ ဦးတည်ချက်များကိုလက်ခံပါက စစ်အာဏာသိမ်းမှု အဆုံးသတ်ခြင်းနှင့် အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ဆွေးနွေးခြင်းတို့ကိုလုပ်ဆောင်မယ်လို့ လုပ်ငန်းစဉ် အဆင့်ဆင့်မှာဖော်ပြထားပါတယ်။


========================


📌📌 ၅။ အမေရိကန်လွှတ်တော်အမတ် Bill Huizengaနှင့် NUGနိူင်ငံခြားရေးဝန်ကြီးအပါအဝင် ဒုဝန်ကြီးတို့တွေ့ဆုံ


ဖေဖော်ဝါရီ၁ရက်


အမေရိကန်လွှတ်တော်အမတ် Bill Huizengaနှင့် NUGနိူင်ငံခြားရေးဝန်ကြီးအပါအဝင် ဒုတိယဝန်ကြီးတို့တွေ့ဆုံခဲ့တယ်လို့ ဇန်နဝါရီ၃၁ရက်မှာ NUGနိူင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကဆိုရှယ်မီဒီယာမှာအသိပေးဆိုထားပါတယ်။


"ကျွန်ုပ်တို့၏အသံ၊ ပြည်သူ့အသံ၊ လွတ်လပ်မှု၏အသံ၊ အမေရိကန်ကွန်ဂရက်တွင် မျှော်လင့်ချက်၏အသံကို မြှင့်တင်ရန်နှင့် ကိုယ်စားပြုရန် ချန်ပီယံများ လိုအပ်ပါတယ်။ အောက်လွှတ်တော်အမတ် မစ္စတာ Bill Huizenga ကြိုပြီး ကျေးဇူးအများကြီးတင်ပါတယ်"လို့ဆိုထားပါတယ်။


မြန်မာနိူင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အမေရိကန်ပြည်ထောင်စုသည် မိတ်ဖက်နိူင်ငံအဖြစ်ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိနေပါတယ်။


========================


📌📌 ၆။ နွေဦးတော်လှန်ရေးကြီး () နှစ်ပြည့် Silent Strikeတွင် ရန်ကုန်၊မန္တလေးမြို့ကြီးများနှင့် နေရာစုံဒေသစုံမှ ပြည်သူလူထုများပူးပေါင်းပါဝင်


ဖေဖော်ဝါရီ၁ရက်


နွေဦးတော်လှန်ရေးကြီး () နှစ်ပြည့် Silent Strike ကို ရန်ကုန်၊မန္တလေးမြို့ကြီးများနှင့် နေရာစုံဒေသစုံမှ ပြည်သူလူထုများ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


ဖေဖော်ဝါရီ၁ရက်မနက်၈နာရီအချိန်ကစလို့ရန်ကုန်မြို့လယ်ခေါင် မြို့တော်ခန်းမရှေ့နှင့် ဆူးလေဘုရားအနီးတဝိုက်လူသွားလူလာမရှိတော့ဘဲ ရန်ကုန်တိုင်းထဲကမြို့နယ်အများစုမှာလည်း လူသွားလူလာမရှိဘူးလို့ ဒေသခံများအတည်ပြုပါတယ်။


"အငှားယာဥ်မောင်းတွေလည်းနားကြတယ်။တချို့ဝမ်းစာရေးအတွက်မဖြစ်မနေ ထွက်ရှာရမယ့်လူတောင် ဒီနေ့မထွက်ကြဘူး"လို့ ရန်ကုန်မြို့ခံတစ်ဦးကအတည်ပြုဆိုပါတယ်။


အပြင်မထွက်၊ အသံတိတ်သပိတ် (Silent Strike) ကိုမန္တလေးမြို့တွင်လည်း ဒေသခံများကပူးပေါင်းပါဝင်ခဲ့ပြီးအလားတူပဲခူးမြို့တွင်လည်း မြို့အတွင်းလူသွားလူလာမရှိကြောင်းစုံစမ်းသိရှိရပါတယ်။


ထို့အတူ စစ်ကိုင်းတိုင်းကနီမြို့နယ်အပါအဝင် ရှမ်းပြည်နယ်ရွာငံတို့တွင်လည်း မြို့တွင်းလမ်းမပေါ်လူမရှိခဲ့ဘူးလို့သိရပါတယ်။


========================


📌📌 ၇။ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး ဆက်လက်တိုက်ပွဲဝင်မည်ဟု အိုးဘိုထောင်မှ အမှန်တရားဘက်တော်သား များ ကြေညာ


စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် ပြည်သူလူထုတရပ်လုံးနဲ့အတူ ခိုင်မာသောစိတ်ဓာတ်ဖြင့် မဆုတ် မနစ် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ အိုးဘိုအကျဉ်းထောင် အမှန်တရားဘက်တော်သားများက ယနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

စစ်တပ်က အာဏာသိမ်းယူခဲ့မှု နှစ်ပြည့်မြောက်တဲ့ ဖေဖော်ဝါရီလ ရက်နေ့မှာ အိုးဘိုအကျဉ်းထောင် အမှန်တရားဘက်တော်သားများက အိုးဘိုကြေညာစာတမ်းထုတ်ပြန်ပြီး ကြေညာလိုက်တာဖြစ်ပါတယ်။

အိုးဘိုကြေညာစာတမ်းမှာ စစ်တပ်က ၎င်းတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် မြန်မာပြည်သူတရပ်လုံးရဲ့ သဘောထား ဆန္ဒကို ဆန့်ကျင်ပြီး အတင်းအဓမ္မ အာဏာသိမ်းယူခဲ့မှု နှစ် ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ပြန်လိုက်တာလို့ ဖော်ပြထားပါတယ်။ 

မြန်မာပြည်သူလူထုတရပ်လုံးအပေါ် နည်းမျိုးစုံနဲ့ ဖိနှိပ်ချုပ်ချယ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို အကြိမ် ကြိမ် ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်နဲ့ ၎င်းတို့ လက်ပါးစေများ၊ လက်ဝေခံများကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကွက်လိုက်ကြောင်းလည်း အသိပေးထားပါတယ်။ 

ထို့ကြောင့် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် ပြည်သူလူထုတရပ်လုံးနဲ့အတူ ခိုင်ကျည်သောစိတ်ဓာတ် ဖြင့် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ အိုးဘိုအကျဉ်းထောင် အမှန်တရားဘက်တော်သား များက ဆိုပါတယ်။ 

ထို့အပြင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီးနောက် မြန်မာပြည်သူလူထုတရပ်လုံးရဲ့ သဘောထားဆန္ဒနဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီအရေး အာမခံချက်ပေးနိုင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်တရပ် ရေးဆွဲ အတည်ပြု ပြဌာန်းပြီး ငြိမ်းချမ်းသာယာဖွံ့ဖြိုးသည့် နိုင်ငံတော်ကြီး တည်ဆောက်နိုင်ရေး အမြောအမြင်ရှိရှိ၊ သဘောထားကြီးကြီး၊ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် လက်တွဲဖော်ဆောင်ကြဖို့ သက်ဆိုင်သူအားလုံးကို တိုက်တွန်းထားပါတယ်။


========================


📌📌 ၈။ ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ ကုလသမဂ္ဂရုံးရှေ့ မြန်မာနိူင်ငံသားများဆန္ဒပြ


ဖေဖော်ဝါရီ၁ရက်


ဖေဖော်ဝါရီ၁ရက်နေ့မနက်ပိုင်းမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် မြန်မာနိူင်ငံသားများက စစ်အာဏာသိမ်းမှု နှစ်ပြည့် မြန်မာစစ်အာဏာရှင် စနစ် ချေမှုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


အဆိုပါဆန္ဒထုတ်ဖော်ပွဲသို့ ထိုင်းရောက်မြန်မာအင်အားရာနဲ့ချီတက်ရောက်ခဲ့ကြပါတယ်။


ထို့နောက် အကြမ်းဖက်စစ်တပ်ကိုဆန့်ကျင်ကြောင်းဟောပြောကြွေးကြော်ခဲ့ကြပြီး မြန်မာနိူင်ငံသားများစည်းလုံးညီညွတ်ရန်ပြောကြားခဲ့ကြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ ၇၅ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အခမ်းအနားပြီးချိန်တွင် စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့


၇၅ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး ခလယ်လွီထူးခရိုင်အတွင်း နေရာအနှံ့ကျင်းပခဲ့ပြီး အခမ်းအနားပြီးချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အခမ်းအနားကို ခလယ်လွီထူး ခရိုင်မှာ နေရာအနှံ့ကျင်းပခဲ့ရာမှာ ခရိုင်၊ မြို့နယ်၊ တပ်ရင်း၊တပ်ဖွဲ့တွေက ခေါင်းဆောင်တွေအပါအဝင် ကျေးရွာ ဒေသခံ ပြည်သူလူထုလည်း တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ 

အခမ်းအနားပြီးချိန် မွန်းလွဲ ၁နာရီခွဲခန့်အချိန်မှာ အကြမ်းဖက်စစ်တပ်က လယ်ဒိုမြို့နယ်က ကွီးလားကျေးရွာ၊ ဆောထိမြို့နယ်က ထီးဝါးထာကျေးရွာကို ဂျက်ဖိုက်တာ စင်းနဲ့ လာရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

အဲဒီလိုတိုက်ခိုက်ခဲ့ရာမှာ ဂျက်ဖိုက်တာတစင်းက အောလီဂန်းနဲ့ လှည့်ပတ်ပစ်ခတ်ခဲ့ပြီး တစင်းက ဗုံးတွေကြဲချ ခဲ့တာလို့ ပြောပါတယ်။

ထိုသို့ပစ်ခတ်မှုကြောင့် ကွီးလားကျေးရွာက ဆေးခန်း၊ ဆေးခန်းက ထမင်းစားရုံတခုနဲ့ သန့်စင်ခန်းတခု ပျက်စီးခဲ့ ပြီး ထီးဝါးထားကျေးရွာက အိမ် လုံး ပျက်စီးကာ ဝက်တကောင်သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထား ပါတယ်။


========================


🚩🚩 ၂။ မြောက်ဦးအခြေစိုက် ခမရ ၅၄ဝ တပ်ရင်းကို ရခိုင့်တပ်တော် AA သိမ်းပိုက်


ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာအခြေစိုက်တဲ့ စစ်ကောင်စီလက်အောက်ခံ ခမရ ၅၄ဝ တပ်ရင်းတခုလုံးကို တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီလို့ ရခိုင့်တပ်တော် AA က ဖေဖော်ဝါရီလ ရက်နေ့မနက်အစောပိုင်းမှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ 

မြောက်ဦးမြို့မှာအခြေစိုက်တဲ့ စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတွေထဲက ခမရ ၅၄ဝ တပ်ရင်းတခုလုံးကို ဇန်နဝါရီလ ၃ဝ ရက်နေ့ ၁၁ နာရီ ၄၅ မိနစ်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။

ခမရ ၅၄ဝ တပ်ရင်းမကျစေရေးအတွက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အပြင်းအထန်ခုခံကာကွယ်နေ တဲ့ကြားကနေ ရခိုင့်တပ်တော် AA က အပြတ်အသတ်ချေမှုန်းပြီး အလုံးစုံသိမ်းပိုက်နိုင်ခဲ့တာလို့ ထုတ်ပြန်ထား ပေမယ့် ထိခိုက်ကျဆုံးမှုနဲ့စစ်လက်နက်ပစ္စည်းသိမ်းဆည်းရရှိမှုအခြေအနေကိုတော့ အသိပေးတာမရှိသေးပါဘူး။ 

မြောက်ဦးမြို့မှာရှိတဲ့ ခမရ ၅၄ဝ တပ်ရင်းအပါအဝင် ခမရ ၃၇၇ နဲ့ ၃၇၈ တပ်ရင်းတွေကိုလည်း တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက် ကျန်ရှိနေသေးတဲ့တပ်ရင်းတွေကို အပြီးသတ်သိမ်းယူနိုင်ဖို့ ဆက်လက် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ 

အဆိုပါတပ်တွေဟာ ကမ္ဘာ့အမွေအနှစ်၊ ရခိုင့်အမွေအနှစ်တွေကို နှစ်ရှည်လများ ခိုးယူလုယက်ဖျက်ဆီးခဲ့ပြီး လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ကာ မြောက်ဦးမြို့ မီးလောင်ပြာကျအောင် လုပ်ဆောင် နေတဲ့တယ်တွေလို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းတွင် တိုက်ပွဲများစတင်ဖြစ်ပွား၊ စစ်တပ်က ကုန်းကြောင်း၊ ရေကြောင်း လေကြောင်းမှ လက်နက် ကြီးများဖြင့် ပစ်ခတ်


ရခိုင်ပြည်နယ်ထဲက ပုဏ္ဏားကျွန်းမြို့နယ်မှာ ဇန်နဝါရီလ ၃၁ ရက်နေ့ မနက်ပိုင်းကစပြီး တိုက်ပွဲများဖြစ်ခဲ့ရာ စစ်တပ်က ကုန်းကြောင်း၊ရေကြောင်း လေကြောင်းကနေ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ညီနောင်မဟာမိတ် ဖွဲ့က ထုတ်ပြန်ပါတယ်။ 

၁၀၂၇ စစ်ဆင်ရေး ၉၇ ရက်မြောက်တိုက်ပွဲသတင်းများထုတ်ပြန်ရာမှာ ညီနောင် မဟာမိတ် ဖွဲ့က အသိပေး လိုက်တာ ဖြစ်ပါတယ်။ 

ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၉နာရီခွဲခန့်အချိန်က ရခိုင်ပြည် ပုဏ္ဏားကျွန်းမြိုနယ် အောင်ဇေယျရွာနဲ့ အောင်မြေကုန်းရွာ ကြားမှာ ရခိုင့်တပ်တော် AA နဲ့ အကြမ်းဖက်စစ်ကောင်စီတို့ တနာရီခန့် နှစ်ဖက်အပြန်အလှန်ထိတွေ့တိုက်ခိုက်မှု ဖြစ်ခဲ့တယ် လို့ သိရပါတယ်။ 

အဆိုပါ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်တပ်က လေကြောင်း၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားကိုသုံးပြီး နောက်ဆုတ်သွားသောတာကြောင့် တိုက်ပွဲဆက်မဖြစ်ဘဲ ရပ်တန့်နေခဲ့တယ်လို့ ပြောပါတယ်။ 

အဆိုပါတိုက်ပွဲမှာ ရခိုင့်တပ်တော်ဘက်က အလတ်စားဒဏ်ရာရသူတဦးရှိခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုကို မသိရသေးဘူးလို့ အသိပေးထားပါတယ်။

ထို့အပြင် မင်းဂံချောင်းမှာရှိနေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ နေဗီသင်္ဘောမှတပ်ဖွဲ့ဝင်တွေကလည်း ပုဏ္ဏားကျွန်းမြိုနယ် ဆားကုန်ဘုတ်ကျေးရွာကို နံနက် နာရီခန့် အချိန်မှာ ဝင်ရောက်လာခဲ့ပြီး ရည်ရွယ်ချက်ရှိရှိဖြင့် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး ခဲ့ကြတယ်လို့ဆိုပါတယ်။

အလားတူ စစ်ကောင်စီရဲ့ စစ်တွေအခြေစိုက် အမှတ် ၁၂ ရဲတပ်ရင်းနဲ့ နေဗီတို့ကလည်း ဆားကုန်ဘုတ်ကျေးရွာ အနီးတဝိုက် ကို မွန်းတည့် ၁၂ နာရီအချိန်ခန့်ထိ လက်နက်ကြီး အလုံးရေ ၁၀၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေရာ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်နဲ့ ရမ်းဗြဲမြို့နယ်တို့မှာ လည်း စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် -AA တို့ကြား တိုက်ပွဲများဆက်ရှိနေဆဲဖြစ်တယ်လို့ ညီနောင်မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ မုံရွာနယ် တောပုရွာရှိ ပျူစောထီးကင်းပုန်းများကို လက်နက်ကြီးများဖြင့်တိုက်ခိုက်


စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ထဲက ပျူစောထီးအားကောင်းရာ ရွာတရွာဖြစ်တဲ့ တောပုရွာအတွင်းနဲ့ ကင်းပုန်းတွေရှိ ရာနေရာတွေကို ရှော့တိုက်ရော့ကတ်တွေအပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Area 71 PDF Monywa က ဖေဖော်ဝါရီ ရက်မှာ ထုတ်ပြန်ပါတယ်။ 

ဇန်နဝါရီလ ၃၁ ရက်နေ့ နာရီချန့်အချိန်မှာ တော်လှန်ရေးအင်အားစုတွေပူးပေါင်းပြီး တောပုရွာအတွင်းနဲ့ တောပုရွာက ကင်းပုန်းတွေရှိရာ နေရာတွေကို ရှော့တိုက်ရော့ကတ် အလုံး ၂ဝ လက်လုပ် တာဝေးပစ် ၆ဝ မမ ၂၄ လုံး အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

တိုက်ခိုက်ချိန်အတွင်းမှာ တောပုရွာမှာရှိတဲ့ ကင်းပုန်းဝပ်နေသူတွေဘက်ကလည်း ၆ဝ မမ အပါအဝင် လက်နက် ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

ကင်းပုန်ဝပ်ပျူတွေက ပြန်လည်ပစ်ခတ်တာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ အပြန်အလှန်ပစ်ခတ်တဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့သိရပါတယ်။ 

တော်လှန်ရေးအင်အားစုတွေဘက်က တရစပ်ပစ်ခတ်မှုကြောင့် ဆုတ်ခွာသွားတဲ့ ကင်းပုန်းဝပ်ပျူစောထီးတွေကို တာဝေးပစ်လက်နက်ကြီးတွေနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာ အချိန် နာရီဝန်းကျင်ကြာတယ်လို့ သိရပါတယ်။


အဆိုပါတိုက်ခိုက်မှုကို Area 71 PDF Monywa အဖွဲ့နဲ့အတူ Brave heart Army- BHA Monywa Special ဒိတ်ဒိတ်ကြဲ၊ Black Hero Local PDF Youth Vigor Revolution Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးအင်အားစုဘက်ကရဲဘော်တွေ အထိအခိုက်မရှိဘဲ သက်ဆိုင်ရာနေရာတွေကို ပြန်လည်ရောက်ရှိ လာတယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ချင်းပြည်နယ် ဒိုင်ရ်ဒေသအတွင်း အကြမ်းဖက်စစ်တပ်ရဲ့အရာရှိအပါအဝင်စုစုပေါင်း (၁၅) ဦးဖမ်းဆီးရမိကာ ဒဏ်ရာရလာသူများကိုCDF - Daai မှ ဆေးကုသမှုများလုပ်ပေး


ဖေဖော်ဝါရီလ ()ရက်


ချင်းပြည်နယ် ဒိုင်ရ်ဒေသအတွင်း အကြမ်းဖက်စစ်တပ်ရဲ့အရာရှိအပါအဝင်စုစုပေါင်း (၁၅) ဦးဖမ်းဆီးရမိကာ ဒဏ်ရာရလာသူများကိုCDF - Daai မှ ဆေးကုသမှုများလုပ်ပေးခဲ့ပါတယ်။


အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၁၁ - ခမရ၂၁၇၊ ခမရ ၃၇၆၊ ခမရ ၅၃၈၊ ခမရ ၂၂၀၊ ခမရ ၂၁၉၊ ခမရ ၃၈ ခမရ ၅၈၇ နှင့် ခမရ ၉၀၈ တို့မှ ထွက်ပြေးလာ သုံးပွင့်ဗိုလ်ကြီးအဆင့် () ဉီး နှစ်ပွင့် ဗိုလ်အဆင့် () ဉီးနှင့်  ထောက်လှန်းရေးအရာရှိ (IO) တစ်ဉီးအပါအဝင် အကြပ်ရဲဘော် စုစုပေါင်း (၁၅) ဦးကို  ဇန်နဝါရီ၃၀ ရက်နေ့တွင် CDF-Daai မှ ဒိုင်ရ်ဒေသအတွင်း၌ ဖမ်းဆီးရမိခဲ့တယ်လို့အတည်ပြုပါတယ်။


ဖမ်းဆီးရမိသော အကြမ်းဖက်စစ်ကောင်စီတပ်သားများတွင် ပြင်းထန်ဒဏ်ရာ () ဦးနှင့် သာမာန်ဒဏ်ရာ () ဦး တို့ကို CDF - Daai မှ ဆေးကုသမှုများ ပြုလုပ်ပေးကာကောင်းမွန်စွာ ထိန်းသိမ်းထားပြီးနိုင်ငံတကာ စစ်ဖက်ဆိုင်ရာ ဥပဒေ Geneva Convention နှင့်အညီ ဆက်လက်ဆောင်ရွက်နေလျှက်ရှိတယ်လို့ဆိုပါတယ်။


CDF - Daai အနေဖြင့် ဒိုင်ရ်ဒေသအတွင်း နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် ရေကြောင်းဖြင့်သွားလာခြင်းနှင့် ကုန်စည်ရောင်းဝယ်မှုများကို ဖေဖော်ဝါရီ၁ရက်နေ့မှ (၄ရက်နေ့အထိ လုံးဝ မပြုလုပ်ကြရန် အသိပေး ထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment