၂၀၂၅ အောက်တိုဘာလ ၁၄ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ အောက်တိုဘာလ ၁၄ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨ စစ်အုပ်စုရဲ့ မဆင်မခြင် ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် စိတ်ဒဏ်ရာရနေတဲ့ မြန်မာကလေးငယ်များအပေါ် အခုထက်ပိုတဲ့ ပံ့ပိုးမှုတွေပေးဖို့ နိုင်ငံတကာအသိုင်းအဝန်းကို မြန်မာသံအမတ်ကြီး တိုက်တွန်း

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကြောင့် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက် လာနိုင်တယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး သတိပေး 

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဟားခါးမြို့နယ်အတွင်းမှာရှိတဲ့ ပြည်သူ့ကျောင်းတွေအားလုံး ခေတ္တပိတ်ထား 

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ မြန်မာ့နွေဦးတက္ကသိုလ်က ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲရေးသင်တန်းဖွင့်မယ်


========================


၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။နမ့်ဆန်မြို့နယ်ကို စစ်တပ်က ဗုံးထပ်ကြဲတာကြောင့် ကျောင်းသူတဦးသေဆုံးပြီး တဦးဒဏ်ရာရ

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ KNDF အမှတ် ၁၄ တပ်ရင်း အပတ်စဥ် အခြေခံစစ်သင်တန်းဆင်းပွဲနဲ့ တပ်ရင်းတည်ထောင်ခြင်း နှစ်ပြည့် အခမ်းအနား ကျင်းပ

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။⁨⁨⁨⁨⁨⁨⁨⁨ မဲဇလီ ဆည်တော်တံတား စစ်ဆေးရေးဂိတ်တိုက်ပွဲမှာ သေဆုံးသွားတဲ့ စစ်သားအလောင်းတွေ ထပ်တွေ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨ စစ်အုပ်စုရဲ့ မဆင်မခြင် ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် စိတ်ဒဏ်ရာရနေတဲ့ မြန်မာကလေးငယ်များအပေါ် အခုထက်ပိုတဲ့ ပံ့ပိုးမှုတွေပေးဖို့ နိုင်ငံတကာအသိုင်းအဝန်းကို မြန်မာသံအမတ်ကြီး တိုက်တွန်း


အောက်တိုဘာလ (၁၄)ရက်


စစ်အုပ်စုရဲ့ မဆင်မခြင် ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် စိတ်ဒဏ်ရာရနေတဲ့ မြန်မာကလေးငယ်များအပေါ် အခုထက်ပိုတဲ့ ပံ့ပိုးမှုတွေပေးဖို့ နိုင်ငံတကာအသိုင်းအဝန်းကို ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြား လိုက်ပါတယ်။ 

ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီမှာ ကလေးသူငယ်များရဲ့ အခွင့် အရေးများအား တိုးမြှင့်ပေးရေးနှင့် ကာကွယ်ပေးရေးဆိုတဲ့ခေါင်းစဉ်နဲ့ အပြန်အလှန်ဆွေးနွေးမှု အစီအစဉ်ကို မနေ့ အောက်တိုဘာ ၁၃ က ပြုလုပ်ခဲ့ရာမှာ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးက အခုလို တိုက်တွန်း ပြောကြားလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မတရား စစ်အာဏာသိမ်းပြီးချိန်ကစပြီး ကလေးသူငယ်တွေရသင့်တဲ့ အခွင့်အရေးတွေဟာ စစ်အုပ်စုက ပြောင်ပြောင်တင်းတင်းနဲ့ စနစ်တကျ ချိုးဖောက်တာကိုခံနေရပြီး စစ်တပ်ရဲ့ လက်ချက်ကြောင့် ကလေးငယ် ၁၂ဝဝ ကျော် သေဆုံးခဲ့ရတယ်လို့ သံအမတ်ကြီးက ရှင်းပြခဲ့ပါတယ်။

စစ်အုပ်စုက အရပ်သားပြည်သူတွေအပေါ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုပြီး ကျူးလွန်လာတာနဲ့အမျှ မြန်မာကလေးငယ်ရဲ့ ပညာရေးကဏ္ဍဟာ ကြီးလေးတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း အသိပေးခဲ့ပါတယ်။  

နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် ပြောင်းရွှေ့တဲတွေနဲ့ဗုံးခိုကျင်းတွေမှာ ပညာသင်ကြားနေရတဲ့ ကလေး ငယ်တွေဟာ အကြောက်တရားနဲ့ ပညာသင်ယူနေရတယ်လို့လည်း အစည်းအဝေးတက်ရောက်လာသူတွေကို မြန်မာ သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ်လိုအပ်ချက်တွေ မြင့်မားလာချိန်မှာ စစ်အုပ်စုအနေနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေတွေနဲ့ နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှု ဥပဒေတွေအပြင် ကလေးသူငယ်များအပေါ် ကျူးလွန်တဲ့ ကြီးလေးတဲ့ ချိုးဖောက်မှု ခုကိုပါ ချိုးဖောက်နေတယ်လို့လည်း တဆက်တည်း အသိပေးခဲ့ပါသေးတယ်။

ဒါ့ကြောင့် စစ်အုပ်စုဘက်က ရက်စက်ကြမ်းကြုတ်မှုတွေ ထပ်မလုပ်နိုင်အောင် ပိုပြီး အားထည့် ပါဝင်ပေးဖို့နဲ့ အမျိုးသား ညီညွတ်ရေးအစိုးရက‌ ဖော်ဆောင်နေတဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းစေရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေးခရီးမှာ ပါဝင် ထောက်ပံ့ပေးဖို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အရေးပေါ် လိုအပ်နေတဲ့ ၂၂ သန်းသော ပြည်သူတွေထဲက ဒသမ သန်းဟာ ကလေးသူငယ်တွေဖြစ်နေတယ်လို့ UNICEF က သတိပေးထားပြီး ဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကြောင့် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက် လာနိုင်တယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး သတိပေး 


အောက်တိုဘာလ (၁၄)ရက်


အကြမ်းဖက်စစ်အုပ်စုကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကနေ ဖြစ်ပေါ်လာမယ့် အကြမ်းဖက်မှုတွေနဲ့ မတည်ငြိမ်မှု တွေဟာ ဒေသတခုလုံး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်လာနိုင်တယ်လို့ ကုလဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေး ပြောကြားလိုက်ပါတယ်။ 


အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှု ခေါင်းစဉ်နဲ့ကျင်းပတဲ့ အထွေထွေဆွေးနွေးမှုအစီအစဉ်မှာ မြန်မာ သံအမတ်ကြီးက အခုလို သတိပေး ပြောကြား လိုက်တာဖြစ်ပါတယ်။ 


အကြမ်းဖက်စစ်အုပ်စုက တရားဥပဒေစိုးမိုးရေးကို ဖျက်ဆီးနေပြီး ရာဇဝတ်သားတွေ၊ စစ်တပ်နဲ့ပူးပေါင်းနေတဲ့ နယ်ခြား စောင့်တပ်ဖွဲ့တွေအတွက် လုံခြုံတဲ့ ပုန်းခိုရာနေရာတွေ ဖန်တီးပေးနေတာကြောင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ တိုးမြင့်လာတယ်လို့ အစည်းအဝေးတက်ရောက်လာသူတွေကို မြန်မာ သံအမတ်ကြီးက ရှင်းပြခဲ့ပါတယ်။ 


အကြမ်းဖက်စစ်တပ်က တရားမဝင် စစ်အာဏာသိမ်းဖို့ ကြိုးပမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံဟာ အရင်ကရရှိထားတဲ့ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာအောင်မြင်မှုတွေ သိသိသာသာ ဆုတ်ယုတ်သွားခဲ့တာကြောင့် မြန်မာနိုင်ငံနဲ့ ဒေသတွင်းနိုင်ငံတွေ ကြား ဖွံ့ဖြိုးတိုးတက်မှုကွာဟချက် ကြီးမားလာတာဟာလည်း ဒေသတခုလုံး ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့လမ်းကြောင်းကနေ ဆွဲချသွားနိုင်တယ်လို့လည်း ထပ်ပြီး သတိပေး ပြောကြားခဲ့ပါတယ်။  


ဒီလိုအအခြေအနေမျိုးမှာ အဖွဲ့ဝင်နိုင်ငံအချို့က အကြမ်းဖက်စစ်အုပ်စုက စီစဉ်နေတဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် ကူညီပေးနေတာဟာ မြန်မာပြည်သူတွေခံစားနေရတဲ့ ဒုက္ခကို ပိုပြီးဖြစ်စေတယ်လို့လည်း အသိပေးခဲ့ပါတယ်။


ဒါကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကြမ်းဖက်စစ်အုပ်စုက စီစဉ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားပယ်ချဖို့ ကုလဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အလေးအနက် တိုက်တွန်းပြောကြားခဲ့ပါတယ်။


ဒါ့အပြင် စစ်အာဏာရှင်စနစ် အဆုံးသတ်ပြီး ငြိမ်းချမ်းတည်ငြိမ်စွာနဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မယ့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ဖို့ ဆုံးဖြတ်ထားတဲ့ မြန်မာပြည်သူတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ထောက်ခံ အားပေးကြဖို့လည်း မြန်မာသံအမတ်ကြီးက နိုင်ငံတကာအသိုက်အဝန်းကို မေတ္တာရပ်ခံခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဟားခါးမြို့နယ်အတွင်းမှာရှိတဲ့ ပြည်သူ့ကျောင်းတွေအားလုံး ခေတ္တပိတ်ထား 


အောက်တိုဘာလ (၁၄)ရက်


အကြမ်းဖက်စစ်တပ်က ပညာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေတိုက်ခိုက်နေတာကြောင့် ဟားခါးမြို့နယ်အတွင်းမှာရှိတဲ့ CDF – Hakha ဗဟိုကောင်စီ ပညာရေးဌာန လက်အောက်က ကျောင်းတွေအားလုံး အောက်တိုဘာ ၁၃ ရက်ကစလို့ ခေတ္တပိတ်ထားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။


ဟားခါးမြို့နယ် ဗန်ဟားကျေးရွာမှာရှိတဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က ဂျက်လေယာဉ်နဲ့ မနေ့ အောက်တိုဘာ ၁၃ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်အပြီးမှာ CDF – Hakha ဗဟိုကောင်စီ အခုလို ထုတ်ပြန် လိုက်တာဖြစ်ပါတယ်။


ဗန်ဟားကျေးရွာက စာသင်ကျောင်းကို စစ်အုပ်စုက ဂျက်လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မှု ကြိမ်ပြုလုပ်ခဲ့တာကြောင့် စာသင်နေတဲ့ နှစ်အရွယ်ကလေးငယ်တဦးနဲ့ ၁၂ နှစ်အရွယ် ကလေးငယ်တဦး သေဆုံးခဲ့ပြီး ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေ ထိခိုက်ဒဏ်ရာရခဲ့တာတွေ ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။


ပြီးခဲ့တဲ့ အောက်တိုဘာ ရက်နေ့တုန်းကလည်း မင်းတပ်မြို့နယ်အတွင်းမှာရှိတဲ့ ဝမ္မသူးရွာနဲ့ ထင်ချောင်းရွာက စာသင်ကျောင်းတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသား ဦးနဲ့ မသန်စွမ်း အမျိုးသမီးတဦး သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တဲ့အတွက် မင်းတပ်မြို့နယ်အတွင်းမှာရှိတဲ့ ကြားကာလ ပြည်သူ့အခြေပြုကျောင်းတွေလည်း အောက်တိုဘာ ၁၀ ရက်နေ့ကစပြီး ခေတ္တပိတ်ထားလိုက်ရတယ်လို့ ဒေသတွင်း သတင်းဌာနအချို့မှာ ဖော်ပြထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ မြန်မာ့နွေဦးတက္ကသိုလ်က ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲရေးသင်တန်းဖွင့်မယ်


အောက်တိုဘာလ (၁၄)ရက်


မြန်မာ့နွေဦးတက္ကသိုလ်က ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲရေးသင်တန်းဖွင့်ဖို့ရှိတယ်လို့ ဒီနေ့ အောက်တိုဘာ ၁၄ မှာ ထုတ်ပြန်လာပါတယ်။ 

ကျောင်းစာကြည့်တိုက်တခုကို ဘယ်လိုစီမံခန့်ခွဲရတယ်ဆိုတာ သိစေဖို့နဲ့ စာကြည့်တိုက်အရင်းအမြစ်တွေကို စနစ်တကျ စီမံပြီး သင်ကြားရေးနဲ့ စာကြည့်တိုက်ရဲ့ ဝန်ဆောင်မှုတွေကို သိမြင်နိုင်စေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ 

ကျောင်းစာကြည့်တိုက်တွေဟာ ကျောင်းသား ကျောင်းသူတွေ သင်ကြားရေးပိုင်းမှာ အထောက်အကူပြုပြီး ဗဟုသုတ တိုးပွားစေဖို့နဲ့ အချက်အလက်တွေ အလွယ်တကူရှာဖွေနိုင်စေဖို့ လုပ်ဆောင်ပေးနေတယ်ဆိုတာ သိနိုင်စေဖို့ ရည်ရွယ်တယ် လို့လည်း အသိပေးပါတယ်။ 

စာကြည့်တိုက်တခုကို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာ စိတ်ဝင်စားသူတွေနဲ့ စာကြည့်တိုက်မှူးလုပ်ချင်သူတွေ စာကြည့်တိုက် ကို လက်ရှိ စီမံခန့်ခွဲနေသူတွေ တက်သင့်သော သင်တန်းတခုဖြစ်ပါတယ်။

အခုသင်ကြားပေးမယ့် ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲရေးသင်တန်းဟာ မြန်မာ့နွေဦးတက္ကသိုလ်က အပတ်စဉ် ပြုလုပ်နေ တဲ့ ၁၃ ခုမြောက် ပညာဒါန အစီအစဉ်ဖြစ်ပါတယ်။ 

အဲဒီသင်တန်းကို အောက်တိုဘာ ၁၆ ရက် ကြာသာပတေးနေ့ နာရီမှာ သင်ကြားပေးမှာဖြစ်ပြီး သင်တန်းတက်လိုသူ တွေအတွက် zoom link ကို သင်တန်းမစမီ နာရီခန့်အလိုမှာ HRD ဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာနဲ့ MNOU telegram channel တို့ကနေ ချပေးထားမယ်လို့ အသိပေးထားပါတယ်။


⁨⁨⁨အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================



🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။နမ့်ဆန်မြို့နယ်ကို စစ်တပ်က ဗုံးထပ်ကြဲတာကြောင့် ကျောင်းသူတဦးသေဆုံးပြီး တဦးဒဏ်ရာရ


အောက်တိုဘာလ (၁၄)ရက်

 

ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်ကို  စစ်တပ်က ဗုံးထပ်ကြဲတာကြောင့် ကျောင်းသူတဦးသေဆုံးပြီး တဦး ဒဏ်ရာရထားတယ်လို့ တအာင်းအမျိုးသမီး အဖွဲ့အစည်း - TWO က ထုတ်ပြန်ထားပါတယ်။

 

ဒီနေ့ အောက်တိုဘာလ ၁၄ ရက် မနက် နာရီခွဲအချိန်မှာ နမ့်ဆန်မြို့နယ်ထဲက အုန်းစွမ်ရွာကို အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ ဗုံး လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 


ဒီ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် အုန်းစွမ်ကျေးရွာအတွင်းက ၅တန်းကျောင်းသူနဲ့ တန်းကျောင်းသူ ညီအမ ၂ယောက် ထိခိုက်ဒဏ်ရာရခဲ့ရာမှာ ဒဏ်ရာပြင်းထန်တဲ့ အမဖြစ်သူ သေဆုံးသွားတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာ ခံရတာကြောင့် အိမ် လုံးပျက်စီးခဲ့ရပြီး ဆိုင်ကယ်တွေ ပျက်စီး ခဲ့တယ်လို့ အသိပေးထားပါတယ်။ 


အကြမ်းဖက်စစ်တပ်ဟာ မနေ့ အောက်တိုဘာ ၁၃ ရက်နေ့တုန်းကလည်း နမ့်ဆန်မြိုနယ်ထဲက ကယားကြီးရွာ စာသင်ကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၁၉ နှစ်အရွယ် ကျောင်းသားတဦး ဒဏ်ရာရ ခဲ့ပြီး စာသင်ကျောင်းဆောင် ဆောင်နဲ့ အိမ် လုံး ပျက်စီးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။ 


အကြမ်းဖက်စစ်တပ်ဟာ အောက်တိုဘာ ရက်နေ့ကလည်း နမ့်ဆန်မြိုနယ်ထဲက ဇယ်တုန်ဟုန်းကျေးရွာ စာသင်ကျောင်း အနီးတဝိုက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ဦးသေဆုံးခဲ့ရပြီး ကလေး ဦးအပါအဝင် ဦး ဒဏ်ရာရရှိကာ အိမ် ၁၆ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ TNLA မှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ KNDF အမှတ် ၁၄ တပ်ရင်း အပတ်စဥ် အခြေခံစစ်သင်တန်းဆင်းပွဲနဲ့ တပ်ရင်းတည်ထောင်ခြင်း နှစ်ပြည့် အခမ်းအနား ကျင်းပ


အောက်တိုဘာလ (၁၄)ရက်


ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ် ၁၄ တပ်ရင်း အပတ်စဥ် အခြေခံစစ်သင်တန်းဆင်းပွဲနဲ့ တပ်ရင်းတည်ထောင်ခြင်း နှစ်ပြည့် အခမ်းအနားကို အောက်တိုဘာ ၁၂ ရက်နေ့က ကျင်းပခဲ့တယ်လို့ အဲဒီတပ်ရင်းက ဒီနေ့ အောက်တိုဘာ ၁၄ မှာ ထုတ်ပြန်လာပါတယ်။ 


KNDF တပ်ရင်းအမှတ် ၁၄ တပ်ရင်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ခုခံတော်လှန်ရာမှာ ပါဝင်ခဲ့ပြီး တပ်ရင်း တည်ထောင်ခဲ့တာ အခုဆိုရင် နှစ် ပြည့်မြောက်ခဲ့ပြီလို ဆိုပါတယ်။ 


အခမ်းအနားမှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ရဲ့ စစ်ချီသီချင်းနဲ့ ချီတက်အလေးပြုတာ၊ တပ်ဦးအလံကို အလေးပြုတာ၊ ဖက်ဒရယ်ဒီမိုကရေစီ တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ အာဇာနည်သူရဲကောင်းတွေကို အလေးပြုတာနဲ့ သစ္စာ အဓိဌာန်သီဆိုတာတွေ ပြုလုပ်ခဲ့တယ်လို့ အသိပေးပါတယ်။

 

အဲဒီနောက် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်းအမှတ် ၁၄ တပ်ရင်းမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒု-တပ်ရင်းမှူးက အားပေးအမှာစကားပြောကြားခဲ့သလို တက်ရောက်လာတဲ့ တပ်ဗိုလ် တပ်မှူးတွေနဲ့ ဧည့်သည်တော်တွေထဲ က တာဝန်ရှိသူတွေလည်း အားပေးစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။


ဒါ့အပြင် အပတ်စဉ် အခြေခံစစ်သင်တန်းကာလမှာ အမိန့်နာခံမှုအကောင်းဆုံးဆုရသူနဲ့ သင်တန်းသား စံပြဆုရသူတွေကို ဆုပေးပြီး သစ္စာရေသောက်တာတွေပြုလုပ်ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့တယ်လို့ KNDF တပ်ရင်းအမှတ် ၁၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။


နှစ်တာကာလအတွင်း KNDF တပ်ရင်း အမှတ် ၁၄ က အာဇာနည်သူရဲကောင်း ၁၃ ဦးကျဆုံးခဲ့ပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားတယ် ရဲဘော် ဦးအထိရှိခဲ့တယ်လို့ တပ်ရင်း မှတ်တမ်းတွေအရ သိရပါတယ်။ 


တပ်ရင်းမှာရှိတဲ့ ရဲဘော်ရဲမေတွေဟာ မိဘပြည်သူတွေနဲ့ တသားတည်းရပ်တည်ပြီး မိမိတို့ခံယူထားတဲ့ သစ္စာအဓိဌာန် ချက်နဲ့အတူ အာဏာရှင်တွေကို ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ကတိပြုထားပါတယ်။


တပ်ရင်း တည်ထောင်ခြင်း နှစ်ပြည့်အခမ်းအနားကျင်းပနေချိန်မှာ ရှေ့တန်းရောက်ရဲဘော်တွေ မတက်ရောက်နိုင်ပေမယ့် တပ်ရင်းမှာ ရှိနေတဲ့ ရဲဘော်တွေအပါအဝင် ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေနဲ့ ဒေသခံပြည်သူ စုစုပေါင်း လူ ၅၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။⁨⁨⁨⁨⁨⁨⁨⁨ မဲဇလီ ဆည်တော်တံတား စစ်ဆေးရေးဂိတ်တိုက်ပွဲမှာ သေဆုံးသွားတဲ့ စစ်သားအလောင်းတွေ ထပ်တွေ့


အောက်တိုဘာလ (၁၄)ရက်


မကွေးတိုင်း ပွင့်ဖြူမြို့နယ် ပုသိမ် - မုံရွာ လမ်းပိုင်းမှာရှိတဲ့ မဲဇလီ ဆည်တော်ကြိုးတံတားစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ ချိန်မှာ သေဆုံးသွားတဲ့ စစ်သားအလောင်းတွေ ထပ်တွေ့ထားတယ်လို့ မင်းဘူးခရိုင် တပ်ရင်း - က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲပြီးတဲ့နောက် နယ်မြေရှင်းလင်းရေးလုပ်ခဲ့တဲ့ အောက်တိုဘာ ၁၁ နဲ့ ၁၂ မှာ စစ်သား ၂ဦးရဲ့ ရုပ်အလောင်းတွေ ထပ်တွေ့ တာလို့ ဆိုပါတယ်။

ပုသိမ် - မုံရွာလမ်းပိုင်းမှာ စစ်တပ်အထိုင်ချနေတဲ့ မဲဇလီ ဆည်တော်ကြိုးတံတား စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေ အောက်တိုဘာ ရက်နေက တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဥ်နဲ့ပတ်သက်တဲ့ နောက်ဆက်တွဲအခြေအနေကို  အသိပေးထုတ်ပြန်လာတာ ဖြစ်ပါတယ်။

တိုက်ခိုက်ခဲ့တဲ့ အောက်တိုဘာ နေ့ဖြစ်စဉ်မှာ စစ်သား ဦးအလောင်းနဲ့ လက်နက်ခဲယမ်းတွေရရှိတယ်လို့ သိရပါတယ်။ 


အင်အား ၁ဝ ဦးခန့်နဲ့ တပ်စွဲနေတဲ့ မဲဇလီ - ဆည်တော်စစ်ဆေးရေးဂိတ်ကို ပွင့်ဖြူပကဖ ၊မင်းဘူးခရိုင် ပကဖ၊ မင်းဘူးခရိုင် တပ်ရင်း နဲ့ တပ်ရင်း တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီ စစ်ရေးဂိတ် တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်တပ်က ပွင့်ဖြူမြို့နယ်ထဲကို လေကြောင်းကနေ ဗုံးကြဲတာ မြေပြင်ကနေ စစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင်နေတာကြောင့် ပုံသိမ် - မုံရွာလမ်းပိုင်းပေါ်က မဲဇလီ ဆည်တော်ကြိုးတံတားကို အသုံးမပြုဖို့ ပွင့်ဖြူ ပကဖ က တိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment