22nd JAN 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဇန်နဝါရီလ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းနိုင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းဟာ စုပေါင်းအားနဲ့ တိုက်ထုတ်ဖို့သာ ဖြစ်တယ်လို့ ယာယီသမ္မတ သတင်းစကားပါး

📌 ၂။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်

📌 ၃။ ကြားကာလပြည်သူ့ပညာရေး ကျောင်းတွေ၊ အသိအမှတ်ပြုရ အွန်လိုင်းကျောင်းတွေအနေနဲ့ လုံခြုံရေးမကျိုးပေါက်စေရေး စောင့်ထိန်းခြင်းကို  မျှတအောင် ကြိုးစားဆောင်ရွက်တတ်ရမှာဖြစ်တယ်လို့ ပညာရေးဒုဝန်ကြီး ဆို

📌 ၄။ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသော ဂန့်ဂေါမြို့နယ်မှ "မောတံတား" ပြန်လည်ပြုပြင်ရန် MoEE က  ပထမအကြိမ် ငွေကျပ် သိန်း ၂၀၀ ပေးအပ်

📌 ၅။ ချင်းပြည်ကာကွယ်ရေးတပ်ဦး (ဒိုင်ရ်) CDF-Daai အမှတ်စဥ် () N.C.O စစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ KIA နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များ မဘိမ်းမြို့ကို သိမ်းပိုက်

🚩 ၂။ မန်စီမြို့နယ်ရှိ မန်ဝိန်းကြီး စစ်ကောင်စီစခန်းကို KIA ထပ်မံသိမ်းပိုက်

🚩 ၃။ မန်ဝိန်းကြီး ကောင်းခံစခန်းက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝဝ ခန့်ကို KIA ဖမ်းဆီးရရှိ

🚩 ၄။ ရွှေဘိုနယ် သလုံးရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်သိမ်းပိုက်

🚩 ၅။ ဒေါနစစ်ကြောင်းနှင့် မဟာမိတ်အဖွဲ့တို့၏ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် အရာရှိနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ဝ ကျော်ထပ်မံသေဆုံး

🚩 ၆။ သထုံမြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား () ဦးသေဆုံးကာ လူနေအိမ်နှင့် စာသင်ဆောင်များ ပျက်စီး

🚩 ၇။ ထီးလင်းမြို့အထိုင်တပ်မှမြို့အနောက်မြောက်ဘက်အရပ်သို့ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခဲ့ရာ  စစ်ဘေးရှောင်ရင်းနေထိုင်နေသည့်တောင်ယာတဲသို့ လက်နက်ကြီး ထိမှန် ပေါက်ကွဲခဲ့သဖြင့် အရပ်သားနှစ်ဦး နေရာတင်သေဆုံး

🚩 ၈။ ဒီပဲယင်းမြို့တွင်းရှိ စစ်ကောင်စီတပ်များအား ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ မြို့တွင်းရိက္ခာများ ဖြတ်တောက်ထား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းနိုင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းဟာ စုပေါင်းအားနဲ့ တိုက်ထုတ်ဖို့သာ ဖြစ်တယ်လို့ ယာယီသမ္မတ သတင်းစကားပါး


ဇန်နဝါရီလ ၂၁ရက်။

ဇန်နဝါရီလ (၂၁) ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ ပြည်သူများထံသို့ အခုလို သတင်းစကားပါး လိုက်ပါတယ်။

ကျွန်တော်တို့အားလုံးရဲ့ အန္တိမ ရည်မှန်းချက်ဖြစ်တဲ့ အကြမ်းဖက်စစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းနိုင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်များရဲ့ စုပေါင်းအားနဲ့ တိုက်ထုတ်ဖို့သာ ဖြစ်တယ်။ ဒါကြောင့်လည်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေကို လုပ်ဆောင်လျက်ရှိပါတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် စစ်ရေး၊ နိုင်ငံရေးများကို အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဖက်ဒရယ်ချာတာအတိုင်း လျှောက်လှမ်းလျက်ရှိပါတယ်။


========================


📌📌 ၂။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်


ဇန်နဝါရီလ ၂၁ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့မှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲ အစည်းအဝေး (/၂၀၂၄)ကို ဇန်နဝါရီ (၂၁) ရက်က ကျင်းပခဲ့တယ်လို့ သတင်းရရှိပါတယ်။

အဆိုပါအစည်းအဝေးမှာ  ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏလည်း တက်ရောက်အမှာစကား‌ ပြောကြားခဲ့ပါတယ်။

အဲ့ဒီနောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာနအသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့မှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ ကြားကာလပြည်သူ့ပညာရေး ကျောင်းတွေ၊ အသိအမှတ်ပြုရ အွန်လိုင်းကျောင်းတွေအနေနဲ့ လုံခြုံရေးမကျိုးပေါက်စေရေး စောင့်ထိန်းခြင်းကို  မျှတအောင် ကြိုးစားဆောင်ရွက်တတ်ရမှာဖြစ်တယ်လို့ ပညာရေးဒုဝန်ကြီး ဆို


ဇန်နဝါရီလ ၂၁ရက်။

ဇန်နဝါရီ (၂၁) ရက်နေ့မှာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဂျာထွယ်ပန်က ဆိုရှယ်မီဒီယာမှာ အခုလိုဆိုပါတယ်။

"တော်လှန်ရေးဘက်တော်သားတွေအတွက် အရေးအကြီးဆုံးလိုက်နာစောင့်ထိန်းရမယ့် အရာကတော့ OpSec လို့ခေါ်တဲ့ operation security လုံခြုံရေးမကျိုးပေါက်စေရေး စောင့်ထိန်းခြင်းပါ။ တဖက်မှာလည်း သိသင့်သိထိုက်သူတွေကို အသိပေးသင့်တဲ့ သတင်းအချက်အလက်တွေ၊ ကိုယ့်အထဲမှာပဲ ပွင့်လင်းမြင်သာစွာဆောင်ရွက်သင့်တဲ့အရာတွေလည်း ရှိနေပြန်ရော။ ဒီနှစ်ဖက်ကြားမှာ မျှတအောင် ကြိုးစားဆောင်ရွက်တတ်ရမှာ ဖြစ်ပါတယ်။ ကြားကာလပြည်သူ့ပညာရေး ကျောင်းတွေ၊ အသိအမှတ်ပြုရ အွန်လိုင်းကျောင်းတွေအနေနဲ့ ဒီကိစ္စကိုအထူးလိုက်နာဆောင်ရွက်ဖို့ လမ်းညွှန်စာအုပ်တွေ ထုတ်ပြန်ပြီး ညွှန်ကြားထားပြီးသားဖြစ်ပါတယ်။ ရှေ့မှာ အတွေအကြုံတွေကနေလည်း သင်ယူရရှိပြီးသား lesson learned ရှိပါတယ်။ ဒါကြောင့် အသိအမှတ်ပြုခံရပြီးကျောင်းတွေက ဒီ OpSec ကိစ္စ နားလည်ပြီးသားဖြစ်ပြီး လုံခြုံရေးကောင်းအောင် အဘက်ဘက်က ကြိုးစားဆောင်ရွက်ကြပါတယ်" လို့ ဆိုပါတယ်။

ဒါ့အပြင်အသိအမှတ်ပြုမဟုတ်တဲ့ MOE ရဲ့ မူဝါဒပြင်ပမှာရှိတဲ့ ကျောင်းတွေအနေနဲ့လည်း ကျောင်းသားပြည်သူလုံခြုံရေးအတွက် OpSec ကိုနားလည်သဘောပေါက်စွာနဲ့ ခြေသံလုံလုံနဲ့ ပါးပါးနပ်နပ်လုပ်ဆောင်ပေးကြဖို့လည်း ပညာရေးဒုဝန်ကြီးက တိုက်တွန်းထားပါတယ်။


========================


📌📌 ၄။ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသော ဂန့်ဂေါမြို့နယ်မှ "မောတံတား" ပြန်လည်ပြုပြင်ရန် MoEE က  ပထမအကြိမ် ငွေကျပ် သိန်း ၂၀၀ ပေးအပ်


ဇန်နဝါရီလ ၂၁ရက်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသော "မောတံတား" ပြန်လည်ပြုပြင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ MoEE က ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှတဆင့် တံတားပြန်လည်ပြုပြင်ရေး ဆပ်ကော်မတီထံ ရပ်ကျေး ပအဖ တာဝန်ခံများရှေ့မှောက်တွင် ပထမအကြိမ် ငွေကျပ်သိန်း ၂၀၀ ပေးအပ်ခဲ့တယ်လို့ ဇန်နဝါရီ (၂၁) ရက်မှာ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က အသိပေးဆိုပါတယ်။

မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသော အရာများအား အမျိုးသားညီညွတ်ရေးအစိုးရက ကူညီထောက်ပံ့မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိနေတယ်လို့ သိရှိရပါတယ်။


========================


📌📌 ၅။ ချင်းပြည်ကာကွယ်ရေးတပ်ဦး (ဒိုင်ရ်) CDF-Daai အမှတ်စဥ် () N.C.O စစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့


ဇန်နဝါရီလ ၂၁ရက်။

ချင်းပြည်ကာကွယ်ရေးတပ်ဦး(ဒိုင်ရ်) CDF-Daai အမှတ်စဥ်() N.C.O စစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း ဇန်နဝါရီ (၂၁) ရက်မှာ CDF - Daai က အသိပေးဆိုပါတယ်။

"အမှတ်စဥ်() N.C.O စစ်ပညာသင်တန်းဆင်းပွဲကို ဒိုင်ရ်ဒေသအုပ်ချုပ်ရေးအဖွဲ့များ CDF - Daai ကာကွယ်ရေးအကြီးအကဲများ နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါတယ်။ အမှတ်စဥ် () N.C.O စစ်ပညာသင်တန်းကို သင်တန်းကာလ () ပြုလုပ်ခဲ့ပြီး သင်တန်းသားဦးရေ (၁၀၀) ကျော် တက်ရောက်သင်တန်းပြီးစီးခဲ့ကြပါတယ်" လို့ ဆိုပါတယ်။

 CDF - Daai အနေဖြင့် ချင်းပြည်ကို ကာကွယ်ရေး၊ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းများတွင် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ KIA နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များ မဘိမ်းမြို့ကို သိမ်းပိုက်


ဇန်နဝါရီလ ၂၁ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်းမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဇန်နဝါရီလ (၂၁) ရက်နေ့ မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဇန်နဝါရီလ (၂ဝ) ရက်နေ့ကစပြီး မဘိမ်းမြို့ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေကြား ဇန်နဝါရီ ၂ဝ ရက်နေ့က တနေ့ကုန် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံး အလုံး (၃ဝ) ထက်မနည်း ကြဲချခဲ့တယ်လို့ သိရပါတယ်။ 

မဘိမ်းမြို့ကို သိမ်းပိုက်ခဲ့ပြီးတဲ့နောက် KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ နယ်မြေရှင်းလင်းရေးလုပ်ရာမှာ စစ်ကောင်စီဘက် သေဆုံးနေတဲ့အလောင်းများစွာ တွေ့ရှိရတယ်လို့လည်း ပြောပါတယ်။ 

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် မဘိမ်းမြို့က ဒေသခံ ပြည်သူအချို့ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။  

မဘိမ်းမြို့နယ်ဟာ ရှမ်းပြည်နယ် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းတို့နဲ့ထိစပ်နေတာကြောင့် စစ်ရေးအရ အရေးပါတဲ့ မြို့တမြို့ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ မန်စီမြို့နယ်ရှိ မန်ဝိန်းကြီး စစ်ကောင်စီစခန်းကို KIA ထပ်မံသိမ်းပိုက်


ဇန်နဝါရီလ ၂၁ရက်။

ကချင်ပြည်နယ်က မန်စီမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ မန်ဝိန်းကြီး အထိုင်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဇန်နဝါရီလ (၂၁) ရက်နေ့ မနက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

မန်စီမြို့နယ် မန်ဝိန်းကြီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ကောင်းခန်အထိုင်စခန်းကို ကချင်လွတ်လပ်ရေး တပ်မတော် KIA နဲ့ မဟာမိတ် တော်လှန်ရေးပူးပေါင်းတပ်တွေက ထပ်မံသိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။ 

မန်စီမြို့နယ် ကောင်းမှုယန်ကျေးရွာမှာ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ ခမရ - ၄၂၄ စခန်းတခုကို ဇန်နဝါရီလ (၁၉) ရက်နေ့မနက်မှာ KIA တပ်မဟာ () က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် () ရက်အကြာ ဇန်နဝါရီ  (၂၁) ရက်မှာ အဓိက တပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့တာလို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။ 

ခမရ - ၄၂၄ ဟာ ရှမ်းပြည်နယ် နမ့်ခမ်းမြို့အနီးမှာရှိပြီး နမ့်ခမ်းနဲ့ မန်စီကြားက မန်ဝိန်းကြီးဒေသမှာ တည်ရှိတာကြောင့် ဒေသခံတွေက မန်ဝိန်းကြီးစခန်းလို့ ခေါ်ဆိုနေတာဖြစ်ပါတယ်။ 

KIA နဲ့ KPDF ပူးပေါင်းတပ်တွေဟာ ဇန်နဝါရီ (၂ဝ) ရက်နေ့ကလည်း ဖားကန့်မြို့နယ်မှာရှိတဲ့ ဝှေခါစစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။ 

KIA နဲ့ KPDF ပူးပေါင်းတပ်တွေဟာ ဇန်နဝါရီလဆန်းကစပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ သိရပါတယ်။


========================


🚩🚩 ၃။ မန်ဝိန်းကြီး ကောင်းခံစခန်းက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝဝ ခန့်ကို KIA ဖမ်းဆီးရရှိ


ဇန်နဝါရီလ ၂၁ရက်။

ကချင်ပြည်နယ်က မန်စီမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ မန်ဝိန်းကြီး ကောင်းခံစခန်းက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝဝ ခန့်ကို KIA က ဖမ်းဆီးရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မန်ဝိန်းကြီး ကောင်းခံစခန်းက ထွက်ပြေးလွတ်မြောက်သွားတဲ့ ခမရ - ၄၂၄ က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝဝ ခန့်ကို ဇန်နဝါရီလ (၂၁) ရက်နေ့ ညနေ () နာရီအချိန်မှာ နယ်စပ်ချောင်းအနီး နောင်မွန်ရွာမှာ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။ 

မန်ဝိန်းကြီး စစ်ကောင်စီစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မဟာမိတ်တော်လှန်ရေး ပူးပေါင်း အဖွဲ့တွေ ဇန်နဝါရီလ ၂၁ ရက် မနက်ပိုင်းက သိမ်းပိုက်နိုင်ခဲ့ရာမှာ လက်နက်မျိုးစုံ ၂ဝဝ ကျော်ရရှိခဲ့တယ်လို့ လည်း သိရပါတယ်။ 

ထို့အပြင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မဟာမိတ်တော်လှန်ရေး ပူးပေါင်းအဖွဲ့ဟာ ပန်ခမ်း နယ်စပ်ဂိတ်ကိုလည်း ဆက်လက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

မန်ဝန်းကြီးစခန်းဟာ ကချင်ပြည်နယ် ဗန်းမော်ခရိုင်ထဲမှာပါဝင်ပြီး ရှမ်းပြည်နယ် နမ့်ခမ်းမြို့အနီးမှာ တည်ရှိပါတယ်။ 

 KIA နဲ့ KPDF ABSDF နှင့် PDF မဟာမိတ်တော်လှန်ရေး ပူးပေါင်းအဖွဲ့တို့ဟာလည်း ဇန်နဝါရီလ (၂၁) ရက်နေ့က ရှမ်းမြောက်ဒေသမှာရှိတဲ့ မဘိမ်းမြို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။


========================


🚩🚩 ၄။ ရွှေဘိုနယ် သလုံးရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်သိမ်းပိုက်


ဇန်နဝါရီလ ၂၁ရက်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သလုံးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ အထိုင်ချ တပ်စွဲနေတဲ့စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ GBS Ayadaw Drone Force က ဇန်နဝါရီ (၂၁) နေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။ 

ရွှေဘိုနယ်နဲ့ ဒီပဲယင်းနယ်မှာရှိတဲ့ မဟာမိတ်ရဲဘော်တွေရဲ့ ဖိတ်ကြားချက်အရ GBS Ayadaw Drone Force က ဦးဆောင်ပြီး အရာတော်မြို့နယ် တိုက်နယ် - က ရဲဘော်များ၊ မိုင်းမင်းသား ပြောက်ကျားတပ်ဖွဲ့နဲ့ မုံရွာခရိုင် တပ်ရင်း (၁၉) တို့ ပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဆိုပါပူးပေါင်းအဖွဲ့က တင့်ကားဖျက် RPG ဗုံးသီးတလုံးနဲ့ (၆ဝ) မမ ဗုံးသီးတလုံးအပါအဝင် ဒရုန်းဗုံးသီးများစွာနဲ့ ပါဝင်တိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

တိုက်ပွဲအတွင်းမှာ ရွှေဘိုမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် () လေ့ကျင့်ရေးတပ်နဲ့ ဖုတ်ကန်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကနေ တာဝေးပစ်လက်နက်ကြီး ဟောင်ဝှစ်ဇာတွေနဲ့ တော်လှန်ရေးရဲဘော်တွေကို ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ထို့အပြင် ရွှေဘိုနယ် ပန်းရံရွာနဲ့ လိပ်ချင်းရွာမှာရှိတဲ့ ပျူစောထီးစခန်းတွေကနေပြီး (၈၁) မမ လက်နက်ကြီးတွေ နဲ့ အကြိမ် (၂ဝ) ထက်မနည်း တော်လှန်ရေးရဲဘော်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။ 

အဆိုပါတိုက်ပွဲမှာ GBS Ayadaw Drone Force အဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက် နှစ်ဘက် ထိခိုက်မှုသတင်းနဲ့ ပူးပေါင်းပါဝင်တိုက်ခိုက်တဲ့ တပ်ရင်းတပ်ဖွဲ့ အမည်စာရင်းတွေကို မသိရသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ ဒေါနစစ်ကြောင်းနှင့် မဟာမိတ်အဖွဲ့တို့၏ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် အရာရှိနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ဝ ကျော်ထပ်မံသေဆုံး


ဇန်နဝါရီလ ၂၁ရက်။

မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ခမရ (၅၈၈) နှင့် ခလရ (၁ဝ၆) အတွင်းသို့ ဒေါနစစ်ကြောင်းနှင့် မဟာမိတ်အဖွဲ့တို့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိတဦးနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် (၂ဝ) ခန့် ထပ်မံသေဆုံးသွားတယ်လို့ ဒေါနစစ်ကြောင်းက ဇန်နဝါရီ (၂၁) ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ 

ရေးနဲ့ သံဖြူဇရပ်ကိုဆက်သွယ်ထားတဲ့လမ်းပေါ်က ရေးတံတားဂိတ်ကို ဒေါနစစ်ကြောင်းနှင့်မဟာမိတ်အဖွဲ့ တွေ ဇန်နဝါရီလ (၂ဝ) ရက်နေ့က တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က (၁ဝ) ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း အသိပေးထားပါတယ်။ 

ရေးတံတားဂိတ်ကို တိုက်ခိုက်ခဲ့ပြီးနောက် ဒေါနစစ်ကြောင်း လက်နက်ကြီးတပ်စုက ခမရ (၅၈၈) နဲ့ ခလရ (၁၀၆) အတွင်းကို လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုမှာ ခမရ (၅၈၈) တပ်က စစ်ကောင်စီတပ်ဖွဲ့ဝင် (၂ဝ) ဦးခန့် သေဆုံးခဲ့သလို ခလရ (၁ဝ၆) က ဗိုလ်ကြီးကျော်မြင့်လွင် သေဆုံးသွားကြောင်း စုံစမ်းသိရှိရတယ်လို့ ဒေါနစစ်ကြောင်းက အသိပေးထားပါတယ်။ 

ဘုန်းကြီးကျောင်းကို အကာအကွယ်ယူတပ်စွဲထားတဲ့ ရေးတံတားစစ်ဆေးရေးဂိတ်ဟာ ငွေကြေးကောက်ခံမှု အပြင် အနီးအနားမှာရှိတဲ့ ပြည်သူလူထုကို အနိုင်အထက်ပြုကျင့်မှုတွေရှိခဲ့တာကြောင့် ဒေါနစစ်ကြောင်းနဲ့ ပူးပေါင်းအဖွဲ့တွေဖြစ်တဲ့ MSRF ABSDf တပ်ရင်း- ဒေါနစစ်ကြောင်း တပ်ခွဲ - YGF ဒေါနစစ်ကြောင်း တပ်ခွဲ- MSRO YDF နဲ့ ရေးသိမ်းငှက်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၆။ သထုံမြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား () ဦးသေဆုံးကာ လူနေအိမ်နှင့် စာသင်ဆောင်များ ပျက်စီး


ဇန်နဝါရီလ ၂၁ရက်။

မွန်ပြည်နယ် သထုံမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့် အရပ်သား () ဦး သေဆုံးကာ () ဦးဒဏ်ရာရသွားပြီး လူနေအိမ်နဲ့ စာသင်ကျောင်းက အဆောင်တွေ ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ 

သထုံမြို့နယ်မှာရှိတဲ့ အမှတ် (၃၁၄) အမြောက်တပ်က ဇန်ဝါရီလ (၁၉) ရက်နေ့မှာ တက်တူကုန်းရွာထဲကို လက်နက်ကြီး () လုံးပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရသလို အိမ် () လုံးနဲ့ မူလတန်းကျောင်း အဆောက်အအုံ () လုံး၊ ရေစဉ်တလုံးနဲ့ နတ်စင်တခု ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ 

လက်နက်ကြီးစထိမှန်သေဆုံးသူတွေဟာ အသက် (၂၂) နှစ်ကနေ (၄၉) နှစ်ကြားအရွယ်ရှိ အမျိုးသမီးတွေဖြစ်ပြီး စစ်ဘေးရှောင်လာသူ တဦးလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ 

ထိခိုက်ဒဏ်ရာရသူ () ဦးထဲက အသက် () နှစ်အရွယ်ကလေးငယ်အပါအဝင် () ဦးဟာ ပြင်းထန်ဒဏ်ရာရခဲ့ တာဖြစ်ပြီး () ဦးကတော့ မစိုးရိမ်ရတဲ့ဒဏ်ရာရခဲ့တာလို့လည်း KNU ဗဟိုက အသိပေးထားပါတယ်။ 

အလားတူ ဇန်နဝါရီလ (၁၈) ရက်နေ့ကလည်း သထုံမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ - တပ်စခန်းက လက်နက်ကြီး () လုံးပစ်ခတ်ခဲ့ရာမှာ ကော့လှိုင်းကြီးရွာက အသက် (၆ဝ) ဝန်းကျင်အရွယ် လင်မယား () ဦး ဒဏ်ရာရသွားတယ်လို့  KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၇။ ထီးလင်းမြို့အထိုင်တပ်မှမြို့အနောက်မြောက်ဘက်အရပ်သို့ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခဲ့ရာ  စစ်ဘေးရှောင်ရင်းနေထိုင်နေသည့်တောင်ယာတဲသို့ လက်နက်ကြီး ထိမှန် ပေါက်ကွဲခဲ့သဖြင့် အရပ်သားနှစ်ဦး နေရာတင်သေဆုံး


ဇန်နဝါရီလ ၂၁ရက်။

ထီးလင်းမြို့အထိုင်တပ်မှမြို့အနောက်မြောက်ဘက်အရပ်သို့ လက်နက်ကြီးများရမ်းသန်းပစ်ခတ်ခဲ့ရာ  စစ်ဘေးရှောင်ရင်းနေထိုင်နေသည့်တောင်ယာတဲသို့ လက်နက်ကြီးထိမှန်ပေါက်ကွဲခဲ့သဖြင့် အရပ်သားနှစ်ဦးနေရာတင်သေဆုံးခဲ့ပါတယ်။

ဇန်နဝါရီ (၂၁) ရက် () နာရီခန့်တွင် ထီးလင်းမြို့အထိုင်တပ်မှ မြို့အနောက်မြောက်ဘက်အရပ်သို့ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခဲ့ရာ တောရောင်းရွာမှ မိသားစု လေးယောက် စစ်ဘေးရှောင်ရင်း နေထိုင်နေသည့် တောင်ယာတဲသို့ လက်နက်ကြီး ထိမှန်ပေါက်ကွဲခဲ့သဖြင့် ဖခင်ဖြစ်သူ (အသက် ၅၀ ခန့်) နှင့် သားဖြစ်သူ (အသက် ၃၀ ခန့်) ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

ထို့နောက်မိခင်ဖြစ်သူနှင့် ကျောင်းသူအရွယ် သမီးဖြစ်သူ (စိုးရိမ်ရ) ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဂန့်ဂေါခရိုင် တပ်ရင်း (15/16/17) - YRA ထီးလင်းက အတည်ပြုဆိုထားပါတယ်။

အရပ်သားပြည်သူများ နေထိုင်ရာသို့ ဦးတည်ချက်ရှိရှိ လေကြောင်း၊လက်နက်ကြီးများ ပစ်ခတ်၍ စစ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိသည့်အကြမ်းဖက်စစ်ကောင်စီတပ်အား ထိုက်သင့်သော ပြစ်ဒဏ်များကျခံစေနိုင်ရေးအတွက် ဂန့်ဂေါခရိုင်တပ်ရင်း (15/16/17) - YRA ထီးလင်းမှ အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း အသိပေးဆိုထားပါတယ်။


========================


🚩🚩 ၈။ ဒီပဲယင်းမြို့တွင်းရှိ စစ်ကောင်စီတပ်များအား ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ မြို့တွင်းရိက္ခာများ ဖြတ်တောက်ထား


ဇန်နဝါရီလ ၂၁ရက်။

ဒီပဲယင်းမြို့တွင်းရှိ စစ်ကောင်စီတပ်များအား ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ မြို့တွင်းရိက္ခာများ ဖြတ်တောက်ထားတယ်လို့ ဇန်နဝါရီ (၂၁) ရက်မှာ အဖြူရောင် DPY ဒီပဲယင်းအဖွဲ့က အတည်ပြုပါတယ်။

"ဒီပဲယင်းမြို့ရှိ စစ်ကောင်စီလက်အောက်ခံများအား ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ မြို့တွင်းရိက္ခာများ ဖြတ်တောက်၍ မြို့အဝင်အထွက် စစ်ကောင်စီဂိတ်စခန်းများမှစ မြို့တွင်းဂိတ်စခန်းအထိ တိုက်ခိုက်လာနိုင်ခဲ့ပြီး ဒီပဲယင်းမြို့တွင်းရှိ စစ်ကောင်စီတပ်သားများဟာ စစ်ကောင်စီတပ်စခန်းနှင့် တပ်စခန်းအနီးဝန်းကျင်များထိ ဆုတ်ခွာနေရပါတယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မြို့ရဲ့တစ်ဝက်အထိ ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီတပ်စခန်းအနီးထိ ပြောက်ကြားပုံစံဖြင့် တိုက်ခိုက်လာနိုင်နေပါတယ်" လို့ ဆိုပါတယ်။

ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုယ်တိုင် မြို့တွင်းထိန်းချုပ်ထားနိူင်သောနေရာများကို သွားရောက်လေ့လာကာ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန် နှင့် ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment