22nd JAN 2024 - Evening Daily News by Radio NUG

 

၂၀၂၄ ဇန်နဝါရီလ ၂၂ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမေရိကန်နိူင်ငံ ဆန်ဖရန်ဘေးဧရိယာရှိ မြန်မာလူထုနှင့် NUGနိူင်ငံခြားရေးဝန်ကြီး၊ ဒုဝန်ကြီးတို့တွေ့ဆုံပွဲ လူနှစ်ရာနီးပါးတက်ရောက်

📌 ၂။ စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် ၊မဲအိုးရွာ အရပ်သားပြည်သူ()ဦးအား အကြမ်းဖက်စစ်တပ်က နှိပ်စက်သတ်ဖြတ်ခြင်း၊ ဖြစ်စဉ် အချက်အလက်များကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်

📌 ၃။ မန်ဝိန်းကြီးစခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးရမိသူများကို စစ်သုံ့ပန်းအဖြစ်သတ်မှတ်၊ နိုင်ငံတကာဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်မည်

📌 ၄။ နွေဦးဘဏ် နှင့် နွေဦးထီ 2.0တို့ တရားဝင် မိတ်ဖက်အဖွဲ့အစည်း အဖြစ် ပူးပေါင်းဆောင်ရွက်သွားမည်

📌 ၅။ မအောင်မြင်သော အာဏာလုယူမှု  ()နှစ်ပြည့် ကန့်ကွက် ရှုတ်ချပွဲ စစ်ကောင်စီရဲ့ ဂျပန်သံရုံးရှေ့ကျင်းပမည်


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကျောက်တော်အခြေစိုက် စကခ မှ ဗျူဟာမှူးကို ဖမ်းဆီးရမိပြီး ဆေးကုသပေးနေဟု AA ထုတ်ပြန်

🚩 ၂။ ကေအဲန်ယူ-ဒူးသထူခရိုင်ထံသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ()ဦး လက်နက်အပ်နှံခိုလှုံ

🚩 ၃။ ပလက်ဝဒေသတိုက်ပွဲများမှ အိန္ဒိယနိုင်ငံအတွင်းသို့ ထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီတပ်သား (၄၀၀) ကျော်ထဲမှ အများစုရက္ခိုင်ဒေသစစ်မျက်နှာမှာ ပြန်လည်တိုက်ပွဲဝင်နေကြရတယ်လို့ ညီနောင်သုံးဖွဲ့အသိပေးဆို

🚩 ၄။ ပြင်ဦးလွင် မြို့နယ် ပကဖ မှ အရန်စစ်သည်အင်အား အတွက်ခေါ်ယူ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမေရိကန်နိူင်ငံ ဆန်ဖရန်ဘေးဧရိယာရှိ မြန်မာလူထုနှင့် NUGနိူင်ငံခြားရေးဝန်ကြီး၊ ဒုဝန်ကြီးတို့တွေ့ဆုံပွဲ လူနှစ်ရာနီးပါးတက်ရောက်


ဇန်နဝါရီ၂၂ရက်


အမေရိကန်နိူင်ငံ ဆန်ဖရန်ဘေးဧရိယာရှိ မြန်မာလူထုနှင့် NUGနိူင်ငံခြားရေးဝန်ကြီး၊ ဒုဝန်ကြီးတို့တွေ့ဆုံပွဲ လူနှစ်ရာနီးပါးတက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


ဇန်နဝါရီ၂၁ရက်တွင် အမေရိကန်နိူင်ငံ ဆန်ဖရန်ဘေးဧရိယာရှိ မြန်မာလူထုတွေ့ဆုံပွဲသို့ နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့က တော်လှန်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါတယ်။


အဆိုပါတွေ့ဆုံပွဲသို့ မြန်မာအင်အားစု လူနှစ်ရာနီးပါးရောက်ရှိလာပြီး ဝန်ကြီးနှင့်ဒုဝန်ကြီးတို့က တက်ရောက်လာသည့်လူထုအား နိုင်ငံခြားရေး မဟာမိတ်ဆက်ဆံရေး စစ်ရေး မေးမြန်းချက်တွေ ရင်းနှီးပွင့်လင်းစွာဖြေကြားခဲ့ပါတယ်။


ဖြေကြားမှုများအား တက်ရောက်လာသည့်ပရိသတ်မှအားရကြေနပ်မှုရရှိကြောင်းလည်းစုံစမ်းသိရှိရပါတယ်။


========================


📌📌 ၂။ စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် ၊မဲအိုးရွာ အရပ်သားပြည်သူ()ဦးအား အကြမ်းဖက်စစ်တပ်က နှိပ်စက်သတ်ဖြတ်ခြင်း၊ ဖြစ်စဉ် အချက်အလက်များကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်


ဇန်နဝါရီ၂၂ရက်


စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် ၊မဲအိုးရွာ အရပ်သားပြည်သူ()ဦးအား အကြမ်းဖက်စစ်တပ်က နှိပ်စက်သတ်ဖြတ်ခြင်း၊ ဖြစ်စဉ် အချက်အလက်များကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ဖော်ပြလိုက်ပါတယ်။


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ အမှတ် () စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်၊ အမှတ် (၇၀၈) ခြေလျင်တပ်ရင်း အင်အား(၁၀၀)ခန့်ရှိပူးပေါင်းတပ်ဖွဲ့သည် ဒီပဲယင်းမြို့နယ်၊ မဲအိုးရွာ၏  အမျိုးသမီး၊ ကလေးအပါအဝင် ဒေသခံ (၁၄)ဦးအား လက်ယက်ကုန်းရွာဆီသို့ လူသားဒိုင်း အဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။


ထို့နောက် မြို့နယ် ဥပဒေတာဝန်ခံ အမျိုးသမီး ()ဦးအပါအဝင် အရပ်သားပြည်သူ ()ဦးအား နှိပ်စက် သတ်ဖြတ်ခြင်း၊ ခန္ဓာကိုယ်အပိုင်းပိုင်း ခုတ်ထစ်ခြင်းနှင့် မီးရှို့သတ်ဖြတ်ခြင်းများအားပြုလုပ်ခဲ့ပြီး လက်ယက်ကုန်းရွာမှ (၁၉) ရက်နေ့တွင် စစ်ကြောင်းထွက်ခွါသွားခဲ့တယ်လို့ဖော်ပြပါတယ်။ 


လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့သတင်းထုတ်ပြန်အသိပေးကြေညာပါတယ်။


========================


📌📌 ၃။ မန်ဝိန်းကြီးစခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးရမိသူများကို စစ်သုံ့ပန်းအဖြစ်သတ်မှတ်၊ နိုင်ငံတကာဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်မည်


ကချင်ပြည်နယ် မံစီမြို့နယ်မှာရှိတဲ့ မန်ဝိန်းကြီးစခန်းသိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကို စစ်သုံ့ပန်းအဖြစ်သတ်မှတ်ပြီး နိုင်ငံတကာဥပဒေနဲ့အညီ ဆက်လက်လုပ်ဆောင်မှာဖြစ်တယ်လို့ KIA ဘက် က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 


မနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့မနက်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းအဖွဲ့က မန်ဝိန်းကြီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ 


အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဟာ မတက်သာတဲ့အဆုံးမှ လက်နက်ချအညံ့ခံခဲ့တာနဲ့ ထွက်ပြေးသွားတဲ့ စစ်ကောင်စီအဖွဲ့ကို လိုက်လံတိုက်ခိုက်စဉ်မှာ လက်နက်ချအညံ့ခံခဲ့ကြတာဖြစ်တဲ့အတွက် KIA ဘက်က စစ်သုံ့ပန်းအဖြစ် သတ်မှတ်လိုက်တာဖြစ်ပါတယ်။ 


အဆိုပါစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဝဝ ခန့်ကို တပြိုင်တည်း ဖမ်းမိတာမဟုတ်ဘဲ တိုက်ပွဲ အတွင်း ဖမ်းမိခဲ့တာနဲ့ နယ်စပ်ဘက်ထွက်ပြေးရာမှာ ပူးပေါင်းအဖွဲ့ရဲ့ ပိတ်ဆို့ဖမ်းဆီးခံလိုက်ရတာမျိုးဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 


စစ်သုံ့ပမ်းအဖြစ်ဖမ်းဆီးခံရသူတွေဆီက လက်နက်ကြီး၊လက်နက်ငယ်မျိုးစုံ ၂ဝဝ ကျော်နဲ့ ခဲယမ်း အမြောက် အများသိမ်းဆည်းရရှိထားပြီး လက်ရှိမှာ နယ်မြေရှင်းလင်းရေးနဲ့ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင် နေတယ်လို့ သိရပါတယ်။


========================


📌📌 ၄။ နွေဦးဘဏ် နှင့် နွေဦးထီ 2.0တို့ တရားဝင် မိတ်ဖက်အဖွဲ့အစည်း အဖြစ် ပူးပေါင်းဆောင်ရွက်သွားမည်


ဇန်နဝါရီ၂၂ရက်


နွေဦးဘဏ် နှင့် နွေဦးထီ 2.0တို့ တရားဝင် မိတ်ဖက်အဖွဲ့အစည်း အဖြစ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီလအတွင်း SpringDevelopmentBankက တရားဝင်အသိပေးဖော်ပြပါတယ်။


နွေဦးဘဏ် နှင့် နွေဦးထီ 2.0မကြာမီ အချိန်အတွင်း ပုံစံအသစ်နှင့် ထွက်ရှိလာတော့မည့် နွေဦးထီ version 2.0 အတွက် နွေဦးဘဏ်သည် အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလ ဗဟိုဘဏ် စည်းမျဉ်း စည်းကမ်းများနှင့် အညီ ပိုမိုလွယ်ကူ ကောင်းမွန်သော ငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် တရားဝင် မိတ်ဖက်အဖွဲ့အစည်း အဖြစ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။


ပြည်သူများအတွက် အကျိုးကျေးဇူးများစွာ သယ်ဆောင်လာပေးမည့် နွေဦးထီ version အသစ်ကို မကြာမီ ဖွင့်လှစ်မည့် နွေဦးထီ အွန်လိုင်းစာမျက်နှာ web application မှတဆင့် သာ ပါဝင်ကံစမ်းနိုင်မှာ ဖြစ်ပါတယ်။


စိတ်ကူး ရင်ခုန်စရာ ကောင်းလှသော နွေဦးထီ 2.0 အစီအစဥ်အသစ်များတွင် မလွတ်တမ်း ပါဝင် ကံစမ်းနိုင်ရန် နွေဦးဘဏ် အကောင့်မရှိသေးသူများလည်း အကောင့်များဖွင့်ပြီး ငွေဖြည့်ထားကြဖို့ ထပ်မံ တိုက်တွန်း နှိုး‌ဆော်ထားပါတယ်။


========================


📌📌 ၅။ မအောင်မြင်သော အာဏာလုယူမှု  ()နှစ်ပြည့် ကန့်ကွက် ရှုတ်ချပွဲ စစ်ကောင်စီရဲ့ ဂျပန်သံရုံးရှေ့ကျင်းပမည်


ဇန်နဝါရီ၂၂ရက်


မအောင်မြင်သော အာဏာလုယူမှု  ()နှစ်ပြည့် ကန့်ကွက် ရှုတ်ချပွဲ စစ်ကောင်စီရဲ့ ဂျပန်သံရုံးရှေ့ကျင်းပမယ်လို့ သတင်းရရှိပါတယ်။ဖေဖော်ဝါရီ၁ရက်နေ့ ဂျပန်နိူင်ငံ တိုကျိုရှိ စကစသံရုံးရှေ့မှာ စုဝေးမှာဖြစ်ပါတယ်။


"ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ ရဲ့ စည်းလုံးညီညွတ်မှုကို ပြသရမယ့် အချိန်ရောက်လာပါပြီ ၊ဖေဖော်ဝါရီလ ရက်နေ့ဟာ 

ကျုပ်တို့အားလုံးရဲ့ အနာဂတ်တွေ အမှောင်ကျခဲ့ရတဲ့နေ့ပါ"လို့ NUGSupportTeam ဂျပန်ကဆိုထားပါတယ်။


အဆိုပါနေ့တွင် ပိုစတာများကြိုတင် ပြင်ဆင်ထားပေးမည် ဖြစ်ပြီး မိမိတို့နှစ်သက်ရာ ပိုစတာများ ၊စာတန်းများလည်း လွတ်လပ်စွာ ကိုင်ဆောင်နိုင်တယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီးဟန်နှင့် ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ ကျောက်တော်အခြေစိုက် စကခ မှ ဗျူဟာမှူးကို ဖမ်းဆီးရမိပြီး ဆေးကုသပေးနေဟု AA ထုတ်ပြန်


ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာအခြေစိုက်တဲ့ အမှတ် - စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် စကခ- ရဲ့ နည်းဗျူဟာ- က ဗျူဟာမှူးကို ဒဏ်ရာတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာကြောင့် ဆေးကုသပေးနေတယ်လို့ ရခိုင့်တပ်တော် AA က ဇန်နဝါရီ ၂၁ ရက်မှာ ဓာတ်ပုံမှတ်တမ်းနဲ့တကွ အသိပေးထုတ်ပြန်ပါတယ်။ 


ဖမ်းဆီးရမိသူဟာ အမှတ် - စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် စကခ- ရဲ့ နည်းဗျူဟာ- က ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ညီညီဝင်းဖြစ်တယ်လို့ သိရပါတယ်။ 


AA ရဲ့ထုတ်ပြန်ချက်မှာ အမှတ် ၃၇၇ အမြောက်တပ်ရင်းကို ဇန်နဝါလ ၁၄ ရက်နေ့၊ ခမရ ၅၃၉ တပ်ရင်းကို  ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ရခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံး အဆောင်ပစ္စည်းတွေ အမြောက်အများရရှိခဲ့တာကိုလည်း ဖော်ပြထားပါတယ်။ 


အခုလိုထုတ်ပြန်ရာမှာ ကျောက်တော်မြို့နယ်အခြေစိုက် အမှတ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ- ရဲ့ နည်းဗျူဟာ မှ ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ညီညီဝင်းကို ဒဏ်ရာများဖြင့်ဖမ်းဆီးရရှိထားပြီး AA က ဆေးဝါးကုသပေးနေကြောင်း ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပါတယ်။ 


အဆိုပါစခန်းတွေကနေ သိမ်းဆည်းရမိတဲ့လက်နက်တွေကို ဖော်ပြရာမှာလည်း လက်နက်ကြီးမျိုးစုံနဲ့ အမြောက်တွေ များစွားပါဝင်‌ပြီး လက်နက်ငယ်တွေနဲ့ခဲယမ်းများစွာကို ရခိုင့်တပ်တော် AA က ထုတ်ဖော် ပြသခဲ့ပါတယ်။


========================


🚩🚩 ၂။ ကေအဲန်ယူ-ဒူးသထူခရိုင်ထံသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ()ဦး လက်နက်အပ်နှံခိုလှုံ


ဇန်နဝါရီလ (၂၂) ရက်


ကေအဲန်ယူ-ဒူးသထူခရိုင်ထံသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ()ဦး လက်နက်အပ်နှံခိုလှုံခဲ့တယ်လို့ ဇန်နဝါရီ၂၂ရက်မှာ ကေအဲန်ယူဗဟိုကအသိပေးဆိုပါတယ်။


အကြမ်းဖက်စစ်ကောင်စီတပ် (စကခ-)လက်အောက်ခံ တပ်ရင်းများဖြစ်သော အမှတ် (၄၁၀) ခြေမြန်တပ်ရင်း ဝင်းတာပန်တပ်စခန်းမှ တပ်သား ()ဦး၊ လေးကေတပ်စခန်းမှ တပ်သား ()ဦး သည် ကေအဲန်ယူ-ဒူးသထူခရိုင်ရှိ KNLA/KNDOနှင့် ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့ထံသို့ လက်နက် အပ်နှံကာခိုလှုံခဲ့တယ်လို့ဆိုပါတယ်။


ကေအဲန်ယူ-ဒူးသထူခရိုင် တာဝန်ရှိခေါင်းဆောင်များမှ ၎င်းတို့ ()ဦးအား လက်နက်အပ်နှံကာ ခိုလှုံဝင်ရောက်လာသည့် အချိန်မှစ၍ လက်နက်ခဲယမ်းယူဆောင်လာသူများကို ထိုက်သင့်သည့် ဆုငွေ များ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။


ထို့နောက်၄င်းတို့အားကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကာ အာဏာသိမ်းစစ်ကောင်စီအား ပြန်လည် တော်လှန်လိုပါက ခွင့်ပြုပေးပြီး၊ မိမိနှင့် မိသားစုအရေးတွက်သာ လုပ်လိုပါက လိုအပ်သည့် အလုပ်ကိုင် အခွင့်အလမ်းနှင့် နေစရာနေရာများကို စီစဥ်ပေးသည်ဟု ကေအဲန်ယူ-ဒူးသထူခရိုင်၊  ခရိုင်ဥဣဌ-ပဒိုစောစိုးမြင့် မှပြောပါတယ်။


========================


🚩🚩 ၃။ ပလက်ဝဒေသတိုက်ပွဲများမှ အိန္ဒိယနိုင်ငံအတွင်းသို့ ထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီတပ်သား (၄၀၀) ကျော်ထဲမှ အများစုရက္ခိုင်ဒေသစစ်မျက်နှာမှာ ပြန်လည်တိုက်ပွဲဝင်နေကြရတယ်လို့ ညီနောင်သုံးဖွဲ့အသိပေးဆို


ဇန်နဝါရီ၂၂ရက်


ပလက်ဝဒေသတိုက်ပွဲများမှ အိန္ဒိယနိုင်ငံအတွင်းသို့ ထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီတပ်သား (၄၀၀) ကျော်ထဲမှ အများစုရက္ခိုင်ဒေသစစ်မျက်နှာမှာ ပြန်လည်တိုက်ပွဲဝင်နေကြရတယ်လို့ ညီနောင်သုံးဖွဲ့အသိပေးဆိုပါတယ်။


ပလက်ဝဒေသတိုက်ပွဲများမှ အိန္ဒိယနိုင်ငံအတွင်းသို့ ထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီတပ်သား (၄၀၀) ကျော်ထဲမှ အများစုတို့သည်လည်း ရက္ခိုင်ဒေသစစ်မျက်နှာ၌ တိုက်ပွဲဝင်နေကြပြီဖြစ်တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ကအတည်ပြုပါတယ်။


ထို့အတူ စစ်ကောင်စီသည် ရေလမ်းမှလည်း စစ်သင်္ဘောကြီးများဖြင့် လက်နက်ခဲယမ်း၊ လူအင်အားများကို ရက္ခိုင်ဒေသအတွင်း ဆက်လက်ဖြည့်တင်းနေသောကြောင့် တိုက်ပွဲများမှာ နောက်ရက်များတွင် ယခုထက်ပိုမိုတိုက်ပွဲပြင်းထန်လာဖွယ်ရှိတယ်လို့ဆိုပါတယ်။


ဇန်နဝါရီ၂၁ရက်ည () နာရီ (၄၈) မိနစ်အချိန်ခန့်က ရက္ခိုင်ပြည်၊ မင်းပြားမြို့အား စစ်ကောင်စီ၏ Y-12 လေယာဉ်သည် လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် မင်းပြားမြို့၊ ပြည်တော်လှရပ်ကွက်၊ ရွှေပြည်စိုးရပ်ရှိ လူနေအိမ်အချို့မှာ မီးဟုန်းဟုန်းတောက်လောင်ပြာကျခဲ့ရတယ်လို့သတင်းရရှိပါတယ်။


========================


🚩🚩 ၄။ ပြင်ဦးလွင် မြို့နယ် ပကဖ မှ အရန်စစ်သည်အင်အား အတွက်ခေါ်ယူ


ဇန်နဝါရီ၂၂ရက်


ပြင်ဦးလွင် မြို့နယ် ပကဖ မှ အရန်စစ်သည်အင်အား အတွက်ခေါ်ယူနေတယ်လို့ဇန်နဝါရီ၂၂ရက် ပြင်ဦးလွင် မြို့နယ် ပကဖ မှ တရားဝင်အသိပေးဆိုပါတယ်။


"ပြင်ဦးလွင် မြို့နယ် ပကဖ မှ အရန်စစ်သည်အင်အား အတွက် သင့်အား ကြိုဆိုပါတယ်။ အာဏာရှင်ကိုတိုက်ထုတ်ဖို့အတွက်အားအင်တွေစုဆောင်းထားလား။ ကျွန်တော်တို့တပ်ဖွဲ့ကိုအရောက်လာခဲ့ပါ။လေ့ကျင့်မှု့အားကောင်းကောင်းနဲ့ အာဏာရှင်ကိုအမြစ်လှန်ဖို့အတွက် ပြည့်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ကသင့်ကို ကြိုဆိုနေပါတယ်"လို့ဆိုထားပါတယ်။


အရန်စစ်သည်အင်အား အတွက်လျှောက်ထားလိုပါက ပြင်ဦးလွင် မြို့နယ် ပကဖ၏ဆိုရှယ်မီဒီယာတွင် လာရောက်စုံစမ်းလျှောက်ထားနိူင်ကြောင်းသိရပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက်  မင်းသီဟန်နှင့်ကိုခန့်တို့က ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment