အင်အားကြီးနိူင်ငံများမြန်မာ့အရေးကို သံခင်း၊ တမန်ခင်းအရ ကျယ်ကျယ်လောင်လောင် ထုတ်ဖော်ပေးမှုများရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် ပြော





 အင်အားကြီးနိူင်ငံများမြန်မာ့အရေးကို သံခင်း၊ တမန်ခင်းအရ ကျယ်ကျယ်လောင်လောင် ထုတ်ဖော်ပေးမှုများရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် ပြော

မင်းသီဟန်၊ Radio NUG  ဇန်နဝါရီ ၂၂ ရက်

အင်အားကြီးနိုင်ငံများ မြန်မာ့အရေးကို သံခင်း၊ တမာန်ခင်းအရ ကျယ်ကျယ်လောင်လောင် ထုတ်ဖော်ပေးမှုများရှိတယ်လို့ ဇန်နဝါရီလအတွင်း အမေရိကန်နိုင်ငံ ဆန်ဖရန်ဘေးဧရိယာတွင် ကျင်းပသော လူထုတွေ့ဆုံပွဲတွင် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောပါတယ်။

"မြန်မာ့အရေးမှာလည်း ကျွန်မတို့အင်မတန်မှ မျှော်လင့်ရတဲ့ ဒီမိုကရေစီနိုင်ငံကြီးတွေရှိပါတယ်။အမေရိကန်ပြည်ထောင်စုလိုအပါအဝင် အစဥ်အလာအားဖြင့် ကျယ်ကျယ်လောင်လောင်နဲ့ သံခင်း၊တမာန်ခင်းကိုထုတ်ဖော်ပေးနေကြတာလည်းရှိပါတယ်"လို့ဆိုပါတယ်။

မြန်မာ့အရေးတွင် အမေရိကန်ပြည်ထောင်စုသည်လည်းအရေးကြီးအင်အားကြီးသကဲ့သို့ အိမ်နီးချင်းနိူင်ငံများရပ်တည်ချက်သည်လည်း အရေးကြီးပြီးအင်အားကြီးကြောင်း၊ လက်ရှိမှာ နွေဦးတော်လှန်ရေး ရပ်တန့်သွားခြင်းမရှိဘဲ လူထုပါဝင်နေမှုကို နိူင်ငံတကာမှလည်းစိတ်ဝင်စားမှုရှိနေကြောင်း နိူင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကထပ်လောင်းပြောပါတယ်။









Share:

No comments:

Post a Comment